no

Font
Theme

🔥 Chapter 9

ရွမ်ရှောင်ထျန်း ရပ်တန့်လိုက်ပြီး ခေါင်းစောင်းကာစက္ကန့်အနည်းငယ် စဉ်းစားလိုက်ပြီးမှ ကော်ဖန့်ဘက်သို့ကျောခိုင်း၍ ခိုင်မာစွာပြောလိုက်သည်။

“စိတ်မပြောင်းဘူး၊ နှုတ်ဆက်ပါတယ်”

သူသည် လက်ကိုမြှောက်ကာ ကော်ဖန့်ဘက်သို့လက်များကို ဝှေ့ယမ်းပြလိုက်သည်။

ကော်ဖန့်သည် သွယ်လျဖြူစွတ်ကာ ကျောက်စိမ်းကဲ့သို့သော လက်ကို ပြင်းထန်စွာစိုက်ကြည့်လိုက်ပြီး တံတွေးမမျိုချမိဘဲမနေနိုင်ပေ။

သူသည် ပြုံးစိစိဖြင့်ပြောလိုက်သည်။ မင်း စိတ်ပြောင်း မပြောင်းက မင်းအပေါ် မူတည်တာမဟုတ်ဘူး။ မင်း အကြံကုန်သွားတဲ့အခါ ငါ့ဆီ ဒူးထောက်တောင်းပန်လာလိမ့်မယ်။ အဲဒီအခါ ငါ လုပ်ချင်တာလုပ်လို့ရပြီ။

စိတ်ကူးယဉ်နေရင်း သူ၏ညာလက်ရုံးကိုခေါ်ကာ ရွမ်ရှောင်ထျန်း၏အခြေအနေကို စုံစမ်းရန်နှင့် ရွမ်ရှောင်ထျန်းဖျော်ဖြေရေးလုပ်ငန်းသို့မဝင်ရောက်နိုင်အောင် သူ့အင်အားအပြည့်အစုံဖြင့် နှိပ်ကွပ်ရန်အမိန့်ပေးခဲ့သည်။

“နှိပ်ကွပ်ရုံပဲ၊ ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့” ကော်ဖန့်မှ သေချာ သတိပေးခဲ့သည်။

ရွမ်ရှောင်ထျန်းကဲ့သို့သော အလှပဂေးတစ်ဦး ထိခိုက်ဒဏ်ရာရလျှင် သူ အလွန်စိတ်မကောင်းဖြစ်လိမ့်မည်။

ရွမ်ရှောင်ထျန်းသည် ကော်ဖန့်၏လောဘနှင့် ရည်ရွယ်ချက်များကိုမသိပေ။ တကယ်တမ်း သိခဲ့လျှင်ပင် သူ အလေးထားမည်မဟုတ်ပေ။

ဧည့်ကြိုကောင်တာတွင် ယန်လိသည် စိုးရိမ်တကြီးစောင့်ဆိုင်းနေဆဲဖြစ်ပြီး ဓာတ်လှေကားကို စက္ကန့်အနည်းငယ်တိုင်းကြည့်နေသည်။ ရွမ်ရှောင်ထျန်း အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ပြီး အကျိုးစီးပွားအတွက် ကော်ဖန့်အား လိုက်လျောမည်ကိုလည်း စိုးရိမ်နေမိသည်။

ရွမ်ရှောင်ထျန်း ဓာတ်လှေကားမှထွက်လာသည်နှင့် သူမသည် ရွမ်ရှောင်ထျန်းအား စိတ်လှုပ်ရှားစွာလက်ရမ်းပြလိုက်သည်။

ရွမ်ရှောင်ထျန်း လျှောက်လာကာ စိတ်ဓာတ်ကျသော အမူအရာဖြင့် “ကျဲ၊ ကျွန်တော် ကွမ်းယောင်နဲ့ စာချုပ်ချုပ်လို့မရဘူး”

“အဆင်ပြေပါတယ်၊ ရည်မှန်းချက်တစ်ခုကိုရောက်ဖို့ နည်းလမ်းအမျိုးမျိုးရှိတယ်။ မင်းက ဒီလောက် လှတာ၊ သေချာ ပေါက် ထွန်းတောက်လာမှာပဲ” ယန်လိ အလွန်ဝမ်းသာနသည်။ ၎င်းက ရွမ်ရှောင်ထျန်းသည် သားရဲကောင်ကော်ကို မလိုက် လျောခဲ့ကြောင်းဆိုလိုသည် ။

သူမ ဆက်ပြောလိုက်သည်။ “ကျဲကို ဧည့်ကြိုတစ်ယောက်လို မကြည့်နဲ့။ ဖျော်ဖြေရေးလုပ်ငန်းရဲ့ကိစ္စအားလုံးကို ကျဲ သိတယ်။ ဘယ်သူ နာမည်ကြီးလဲ၊ ဘယ်သူ ပျောက်ကွယ်သွားလဲ၊ ဘယ်သူ ဘာလုပ်ခဲ့လဲ။ မင်းသာ ကျဲကိုယုံကြည်မယ်ဆိုရင် ကူညီပေးဖို့ဆန္ဒရှိတယ်။”

“ဒုက္ခများမှာလား ?”

“ဒုက္ခမရှိပါဘူး” ယန်လိက “မအောင်မြင်ချင်မှ အောင်မြင်မယ်၊ ဒါပေမယ့် မင်းရဲ့ ဆွဲဆောင်မှုကိုတော့ ကျဲ ယုံကြည်မှု အပြည့်ရှိတယ်"

“ဘာလုပ်ရမလဲ”

ယန်လိက “မင်းမှာ Weibo အကောင့် ရှိလား”

“မရှိဘူး”

“ကောင်းပြီ၊ အခုတော့ မဖွင့်ပါနဲ့ဦး။ ကျဲတို့အချင်းချင်း ဆက်သွယ်ရေးအချက်အလက်တွေ ဖလှယ်ထားကြရအောင်”

ထို့နောက် နှစ်ဦးသား သူငယ်ချင်းများအဖြစ် အကောင့်အပ်လိုက်ကြသည်။ ယန်လိသည် ရွမ်ရှောင်ထျန်းအား သူ့ထံမှ သတင်းကောင်းကိုစောင့်ဆိုင်းရန်နှင့် တစ်ခုခုရှိပါက QQ မှတစ်ဆင့် သူ့ကိုဆက်သွယ်မည်ဟုပြောခဲ့သည်။

ရွမ်ရှောင်ထျန်း အဆောက်အအုံမှထွက်သည်နှင့် သူ့ဗိုက်မှ ဆာလောင်စွာ အော်ဟစ်လာသည်။ သူ့ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး နေ့လည်စာစားချိန်နီးနေပြီဖြစ်ကာ တက္ကစီများမှာ အခြေခံအားဖြင့် ပြည့်နေသည်။ ရွမ်ရှောင်ထျန်းသည် အဆောက်အအုံသို့ ကျောခိုင်းကာ နေရာတစ်ခုကိုရွေးချယ်လိုက်ပြီးထိုင်ချကာ သူ့ကျောပိုးအိတ်ထဲမှ သရေစာများနှင့် အချိုပွဲများကိုထုတ်ယူကာ စတင်စားသောက်ခဲ့သည်။

သူ့အတွက် မည်မျှပင်ကြီးမားသော ကိစ္စဖြစ်ပါစေ၊ သူ့ဝမ်းအား ဖြည့်တင်းခြင်းလောက် အရေးမကြီးပေ။

သူ စားနိုင်သမျှ၊ စားနေသမျှ ကာလပတ်လုံး ဖြေရှင်းလို့မရတာ ဘာမှမရှိချေ။

သူ သရေစာများစားနေရင်း သူ့ပို့စ်ကိုတည်းဖြတ်ခဲ့ပြီး ဓာတ်ပုံနှစ်ပုံလည်း ထည့်သွင်းခဲ့ရာ တစ်ပုံမှာ သူ မထွက်ခွာမီက ဓာတ် ပုံဖြစ်ပြီး နောက်တစ်ပုံမှာ မြေပိုင်ရှင်၏ကတ်ဂိမ်းစခရင်ရှော့ ဖြစ်သည်။

ရွမ်ရှောင်ထျန်း တည်းဖြတ်ထားသည်မှာ -

ဒါ ငါ ပထမဆုံးအကြိမ် လျှို့ဝှက်စည်းကမ်းတွေနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရတာပဲ၊ ပျော်စရာမကောင်းဘူး၊ ပြီးတော့ ငါ သေချာ ပေါက်အနိုင်ရမယ့် ကတ်တွေကိုလည်းရှုံးခဲ့သေးတယ်။ ဘယ် တော့မှ ကင်မရာတစ်လုံးအနိုင်ရမှာလဲ ?? မိုဘိုင်းဖုန်းဓာတ်ပုံတွေက အရမ်းရုပ်ဆိုးတယ်၊ ပုံကိုပဲကြည့်။

သူ ပို့စ်တင်ပြီးနောက် သူ့ဖုန်းကိုဘေးတွင်ချထားကာ ဘာမှမဖြစ်ခဲ့သလို သရေစာများဆက်စားနေခဲ့သည်။ ဘေးမှ ဖြတ်သွားသူများသည် သူ့အား အမြဲတမ်းလိုလိုအကြိမ်အနည်းငယ် ကြည့်ရှုလေ့ရှိကြပြီး သူတို့မျက်လုံးများထဲ မဖုံးကွယ်နိုင်သော အံ့အားသင့်မှုနှင့် မနာလိုမှုတို့ပါဝင်နေသည်။

ရွမ်ရှောင်ထျန်း ပို့စ်တင်ပြီးနောက် မကြာမီ အောက်တွင် ကောမန့်များစွာစုပုံလာခဲ့သည်။

“လျှိဝှက်စည်းမျဉ်း ? ဘယ်သူ မင်းကို မြှူဆွယ်ရဲတာလဲ ? မစ္စတာချင်က ၄၀ မီတာရှည်တဲ့ဓားနဲ့ အခင်းဖြစ်ပွားရာနေရာကို ရောက်လာတော့မယ်!”

“ဂိမ်းဆော့ပြီး ကင်မရာအနိုင်ရချင်တယ်၊ မင်းက တကယ်ကို ရွမ်ရှောင်ထျန်းပဲ၊ မင်းမှာ ရည်မှန်းချက်တွေရှိတာပေါ့လေ”

“ဒါကို ရုပ်ဆိုးသေးတယ်၊ ချစ်ရပါသောပါးပါး ရွမ်ရှောင်ထျန်း၊ ကျွန်မတို့အမျိုးသမီးတွေအတွက် လွတ်လမ်းတစ်ခုလောက် ချန်ထားပေးလို့မရဘူးလား ? နင့်ကို တောင်းပန်ပါတယ်!”

“လွတ်လမ်း ?? တောင်းပန်ပါတယ် +1”

“လွတ်လမ်း ?? တောင်းပန်ပါတယ် +2”

“အရှင်းလင်းဆုံး နည်းလမ်းတစ်ခုပြောပြလိုက်မယ်။ မင်းပုံကို မင်းကိုယ်တိုင်ပြောင်းလိုက်၊ ပြိုင်ဘက်ကတော့ မင်းကိုဖျက် ဆီးဖို့ သေချာပေါက် ဆန္ဒရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျန်းစန့်ကို ဆက်ထားရင် ဒီကတ်ဂိမ်းမှာ ဘုရားတွေတောင် မင်းကိုကယ်နိုင်မှာမဟုတ်ဘူး။”

“ရွမ်ရှောင်ထျန်းကို ဆက်ထောက်ပံ့ပေးလို့ရသေးလား ? ငါ ယွမ် ၅၀,၀၀၀ ပေးမယ်။”

“ငါ ယွမ် ၁၀၀,၀၀၀ ပေးမယ်။”

“ငါ ယွမ် ၂၀၀,၀၀၀ ပေးမယ်။”

“…”

အောက်ဖော်ပြပါ မှတ်ချက်များသည် ရွမ်ရှောင်ထျန်းအား လေလံဆွဲရန် ပြောင်းလဲလာပုံရပြီး လေလံစျေးနှုန်းမှာ ပိုမိုမြင့်တက်လာသည်။ ယခုအထိ အမြင့်ဆုံးစျေးနှုန်းမှာ ယွမ် ၅ သန်း ဖြစ်သည်။ ရွမ်ရှောင်ထျန်းသည် မှတ်ချက်ပေးသူအားကြည့်လိုက်ရာ ရှန်းဝမ်ကျင်ဖြစ်နေသည်။

ရွမ်ရှောင်ထျန်း သူ့မေးစေ့ကိုကိုင်ကာတွေးလိုက်သည်။ ငါ ယွမ် ၅ သန်းပဲ တန်တာလား ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ??

ဤအချိန်တွင် သူသည် နောက်ထပ် မက်ဆေ့ချ်အသစ်တစ်ခု ရရှိကြောင်း အသိပေးချက်ရရှိခဲ့သည်။ သူ နှိပ်ကြည့်လိုက်ရာ မက်ဆေ့ချ်အား ချင်လိမှ ပေးပို့ထားကြောင်းတွေ့ရသည်။ အကြောင်းအရာမှာ- ၁ ဘီလီယံပေးမည်ဟူ၍ပင်။

ငွေအများအပြားသုံးစွဲခြင်းနှင့် ပတ်သက်၍ သူ့အား မည်သူမျှ ယှဉ်နိုင်မည်မဟုတ်ဟုထင်သည်။

ရွမ်ရှောင်ထျန်း အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလိုလက် ချောင်းများဖြင့် ရေတွက်လိုက်သည်။ ၁ ဘီလီယံ၊ သုည ဘယ် နှစ်လုံး ရှိမှာလဲ ??

ငါ ဒီလောက်တန်ဖိုးရှိတာပဲ! ရွမ်ရှောင်ထျန်းသည် ၁ ဘီလီယံဟူသောနံပါတ်ကို မနာလိုစွာ စိုက်ကြည့်နေသည်။ ၎င်းတွင် ပန်းတစ်ပွင့်ကို မြင်နေရသည့်နှယ်ပင်။

ဒါမှမဟုတ်… သူ ကိုယ့်ကိုယ်ကိုယ် ရောင်းလိုက်ရမလား ? ဤနည်းဖြင့် ကြောင်ပေါက်လေးများအတွက် နို့မှုန့် ဝယ်ပေးနိုင်ပြီး သူတို့အား လှလှပပပြုစုပျိုးထောင်နိုင်သည်။

ရွမ်ရှောင်ထျန်းသည် သူ့အဆိုပြုချက် ဖြစ်နိုင်ခြေကိုအလေးအနက်စဉ်းစားခဲ့သည်။ ရလဒ်ကို မရရှိသေးမီ သူ၏မိုဘိုင်းဖုန်း ရုတ်တရက် မြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုမှုမှာ ချင်လိထံမှဖြစ်သည်။

သူ ဖုန်းဖြေသည်နှင့် “ငါ ကွမ်းယောင်မှာရှိတယ်၊ မင်း ဘယ်မှာလဲ” ဟု မေးလာသည်။

ရွမ်ရှောင်ထျန်းသည် ဖုန်းကိုကိုင်ကာ လျင်မြန်စွာ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။

“မင်းကို မတွေ့ပါဘူး”

“မင်းရဲ့ တည်နေရာကိုပြော” ချင်လိမှ တိုတိုတုတ်တုတ်ပြောလာသည်။

“အို့” ရွမ်ရှောင်ထျန်းသည် ချင်လိအား သူ၏တည်နေရာကို အသေးစိတ်ပြောပြခဲ့သည်။

ချင်လိ ရှင်းလင်းစွာ ကြားပြီးနောက် ဘာမှမပြောဘဲ ဖုန်းချလိုက်သည်။

ရွမ်ရှောင်ထျန်း ဖုန်းကို ဘေးတွင်ချထားကာ သူ၏အချိုပွဲများနှင့် သရေစာများစားခဲ့သည့် အထောက်အထားများကိုလျင် မြန်စွာရှင်းခဲ့သည်။ ချင်လိမှ ခန္ဓာကိုယ်အတွက် မကောင်းဟု ပြောကာ ဤသရေစာများကိုစားခွင့်မပြုခဲ့ပေ။ ထို့ပြင် သူ ချင်လိကို အများကြီးစားခဲ့ကြောင်း မသိစေချင်ပါ မဟုတ်ရင် ထပ်ပြီး အချိုပွဲများစားခွင့်မပေးတော့မည်ကို သူ မလိုလားပေ။

သူသည် ကျန်ရှိသော အစားအစာထုပ်ပိုးမှုများကို သိမ်းဆည်းကာ အမှိုက်ပုံးထဲသို့ပစ်ချခဲ့သည်။ မစားရသေးသော အစားအ စာများကို ကျောပိုးအိတ်ထဲသို့ထည့်ကာ ဝှက်ထားပြီး အဝတ် အစားများပေါ်ရှိ အစားအစာအစအနများကို ရှင်းလင်းခဲ့သည်။ ရွမ်ရှောင်ထျန်းသည် ထပ်မံစစ်ဆေးရန်ပြင်ဆင်နေစဉ် ချင်လိ သူ့ထံသို့ ရောက်လာကြောင်းတွေ့ရှိခဲ့သည်။

ချင်လိ ခဏ ရပ်တန့်လိုက်ပြီးမှ ရွမ်ရှောင်ထျန်းနားသို့ ပိုမိုနီးကပ်စွာ လျှောက်လာကာ သူ့နှုတ်ခမ်းထောင့်ရှိအာလူးကြော် အစအနများကို သုတ်ပေးခဲ့သည်။

သူသည် ထိုနေ့က အနက်ရောင် ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး သူ့လက်ကောက်ဝတ်ရှိ လက်ဖျံကြယ်သီးများမှ တောက်ပ သော အလင်းရောင်များထွက်ပေါ်နေသည်။ သူ့မျက်ခုံးများ သည် ခန့်ညားပြီး သူ့မျက်လုံးများသည် ဓားအိမ်မှထွက်လာသော ဓားကဲ့သို့ထက်မြ‌နေသည်။

“မင်း အာလူးကြော်ခိုးစားခဲ့တာလား ?” ချင်လိ မေးလိုက်သည်။

ရွမ်ရှောင်ထျန်းသည် ချင်လိ အကြည့်ကို ရှောင်ဖယ်ကာမယုံ ကြည်နိုင်ဖွယ် လိမ်ညာလိုက်သည်။

“ငါ… နည်းနည်းလေးပဲ စားခဲ့တာပါ”

ယာဉ်မောင်းရောက်လာသည်နှင့် ချင်လိသည် ရွမ်ရှောင်ထျန်း ၏ကျောပိုးအိတ်ကို သဘာဝအတိုင်းယူလိုခဲ့သည်။

“အရင် ကားထဲဝင်”

ရွမ်ရှောင်ထျန်းသည် ကျောပိုးအိတ်ကို တင်းတင်းဆုပ်ကိုင်ကာ စိုးရိမ်တကြီး “ငါ ကိုယ်တိုင်ယူသွားနိုင်ပါတယ်”

ချင်လိ အတင်းအကြပ်မလုပ်တော့ဘဲ ရွမ်ရှောင်ထျန်းအတွက် ကားနောက်ခန်းတံခါးကို ဖွင့်ပေးခဲ့သည်။ ရွမ်ရှောင်ထျန်း ဝင်သွားပြီးနောက် သူသည်လည်း နောက်မှလိုက်ဝင်ခဲ့လာခဲ့သည်။

“ရွမ်ရှောင်ထျန်းအိမ်ကို ပြန်မယ်” ချင်လိမှ ယာဉ်မောင်းအား ပြောလိုက်သည်။

ရွမ်ရှောင်ထျန်း ကားထဲရောက်သည်နှင့် ချင်လိ သူ့အချိုပွဲများကို မည်သည့်နေရာတွင် ထားသည်ကို စူးစမ်းစွာ ခိုးကြည့်စစ် ဆေးနေခဲ့သည်။ သူ လောဘကြီးသောအခါ သူ့မျက်ဝန်းများ အနည်းငယ် ကျယ်လာပြီး အရသာရှိသောအစားအစာ၏ သွေးဆောင်မှုအောက်တွင် တံတွေးကျနေသော ကြောင်ပေါက်လေးတစ်ကောင်လိုပင်။

“ငါ့ သကြားလုံးကဘယ်မှာလဲ” ရွမ်ရှောင်ထျန်း ပတ်ပတ်လည် ကြည့်လိုက်ပြီး “အနံ့ရတယ် ဘယ်မှာထားထားတာလဲ ?”

“မင်း နှာခေါင်းကောင်းသားပဲ၊ နောက်ဖုံးထဲမှာ။ အိမ်ရောက်ရင် မင်းကို ပေးမယ်”

ရွမ်ရှောင်ထျန်းသည် ဆန်ကောက်နေသော ကြက်တစ်ကောင်နှယ် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများတောက်ပနေသည်။

ရွမ်ရှောင်ထျန်း နေထိုင်သည့် ရပ်ကွက်သည် နှစ် ၂၀ ကျော်ကြာ ဆောက်လုပ်ထားခဲ့ပြီးဖြစ်သည်။ အဆောက်အအုံ၏ ပုံပန်းသဏ္ဍာန်မှာ အခြားအဆောက်အအုံများကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိသော်လည်း ရှိသင့်ရှိထိုက်သည့် အရာအား လုံး ရှိ၏။ အနီးရှိဆေးရုံများ၊ ကျောင်းများနှင့် သယ်ယူပို့ဆောင်ရေးများမှာလည်း အားလုံးအဆင်ပြေသည်။

ယာဉ်မောင်းသည် ကားကို ရပ်ကွက်ထဲသို့ မောင်းဝင်သွားပြီး နောက်ဖုံးထဲရှိ အချိုပွဲများကို ချင်လိနှင့်အတူ ဓာတ်လှေကားထဲသို့ ပြောင်းရွှေ့ခဲ့သည်။ ရွမ်ရှောင်ထျန်းသည် အနံ့ကို ရှူရှိုက်လိုက်ရာ သူ့နှာခေါင်းများ အနည်းငယ်တုန်ခါသွားသည်။ သူ အချိုပွဲသေတ္တာ အများအပြားကို ပတ်ပတ်လည်လှည့်ပတ်ကြည့်ရှုနေပြီး ၎င်းတို့အပေါ်သို့ ခုန်အုပ်ရန်မစောင့်နိုင်တော့သည့်နှယ်...

အချိုပွဲများအားလုံးကို အိမ်ထဲသို့ပြောင်းရွှေ့ခဲ့သော်လည်း ချင်လိသည် ရွမ်ရှောင်ထျန်းကိုမရွှေ့စေခဲ့ပေ။

“မေးခွန်း မေးမယ်၊ မှန်မှန် ဖြေနိုင်မှပေးမယ်”

ရွမ်ရှောင်ထျန်း သွားများကိုထုတ်ပြခဲ့သော်လည်း ချင်လိ၏ ခေါင်းမာမှုကို မခုခံနိုင်သဖြင့် စိတ်ပျက်စွာဖြင့် “ဒါဆို မြန်မြန် မေး”

ချင်လိသည် ရွမ်ရှောင်ထျန်းအား ဆိုဖာပေါ်တွင် ထိုင်စေပြီး သူ၏နောက်တွင် ခေါင်းအုံးတစ်ခုထားပေးခဲ့သည်။

“ဘာလို့ ရုတ်တရက် အလုပ်ရှာဖို့စဉ်းစားတာလဲ”

“လူတိုင်း အလုပ်ရှာရမှာမဟုတ်ဘူးလား။ ငါ့မားက ငါ့မှာ အလုပ်မရှိသေးဘူးလို့ ထင်နေတုန်းပဲ” ရွမ်ရှောင်ထျန်း ရှောင် လွှဲပြောဆိုလိုက်သည်။

ချင်လိသည် နက်ရှိုင်းသောမျက်လုံးများဖြင့် ရွမ်ရှောင်ထျန်းကို စိုက်ကြည့်နေပြီး ဘာမှမပြောပေ။

ရွမ်ရှောင်ထျန်းသည် သူ့လက်ဖဝါးကိုဖွင့်ပြလိုက်သည်။ “ကျွန်တော့် ဒိုးနတ်”

ချင်လိမှစက္ကူဘူးဖြင့် ထုပ်ထားသော ဒိုးနတ်များကို ထုတ်ယူလိုက်သည်။

“နောက်ထပ် အခွင့်အရေး တစ်ကြိမ်ပေးမယ်” သူသည် ဒိုးနတ်ကို ရွမ်ရှောင်ထျန်း၏နှာခေါင်းအောက်သို့ပင် ဦးစွာ အနံ့ခံခိုင်းခဲ့သည်။

ရွမ်ရှောင်ထျန်းသည် ဒိုးနတ်များ၏ကြီးမားသောသွေးဆောင်မှု ကိုမခံနိုင်တော့ဘဲ ဝမ်းနည်းသောမျက်နှာဖြင့် “ကြောင်ပေါက်လေးတွေအတွက်… ကလေးနို့မှုန့် ဝယ်ဖို့ ပိုက်ဆံရှာချင်လို့ပါ… နို့မှုန့်က အရမ်းစျေးကြီးတယ်လို့ကြားတယ်”

“ငါ နို့မှုန့် မဝယ်နိုင်ဘူးလို့ မင်း ထင်နေတာလား ??” ချင်လိ၏ အမူအရာမှာ ဖော်ပြရန်ခက်လှသည်။

ရွမ်ရှောင်ထျန်း အံ့အားသင့်သွားသည်။

“နို့မှုန့်အတွက် ပိုက်ဆံပေးဖို့ဆန္ဒရှိလို့လား”

“ရွမ်ရှောင်ထျန်း၊ ငါ မင်းနဲ့ ငါတို့ကလေးတွေကိုထောက်ပံ့ဖို့ ဆန္ဒရှိတယ်လို့ပြောခဲ့တယ်လေ” ချင်လိမှ လေးနက်စွာပြောလိုက်သည်။

“အိုး” ရွမ်ရှောင်ထျန်း ချစ်စရာကောင်းစွာဖြင့် “နို့မှုန့်အတွက် ပိုက်ဆံပေးဖို့ ဆန္ဒမရှိဘူးလို့ထင်ခဲ့တာ”

“…”

ချင်လိသည် ဒိုးနတ်ကိုမျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည့် ရွမ်ရှောင်ထျန်းအားပေးလိုက်သည်။ သူ ရွမ်ရှောင်ထျန်းအား ထိုသို့သော ထင်ယောင်ထင်မှားမှုမျိုး မည်သို့ပေးမိခဲ့သည်ကို သူ မစဉ်းစားနိုင်တော့သဖြင့် လက်လျှော့လိုက်ရ၏။

ရွမ်ရှောင်ထျန်းသည် ဒိုးနတ်ကိုယူကာ စက္ကူဘူးကို လျင်မြန်စွာ ဖွင့်လိုက်သည်။ သူသည် လှပပြီး အရသာရှိသော ဒိုးနတ်ကို တံတွေးကျနေသည်။ သူသည် မျှော်လင့်တကြီးဖြင့် ဂရုတစိုက် ကိုက်စားလိုက်၏။

ချင်လိ ဆက်ပြောသည်။

“ဒါ့အပြင် လျှို့ဝှက်စည်းကမ်းတွေကို ငါ့ကိုရှင်းရှင်းလင်းလင်း ရှင်းပြပါဦး။”

“ကျွန်တော့်မှာ လျှို့ဝှက်စည်းကမ်းတွေ မရှိပါဘူး။ ပျော်ဖို့ကောင်းမလိုက်တာ ကျွန်တော် ငြင်းတယ်” ရွမ်ရှောင်ထျန်းသည် ဒိုးနတ်ကို ဝါးနေရင်း ဝိုးတဝါးပြောလိုက်သည်။

ချင်လိသည် မျက်မှောင်ကြုတ်လိုက်ရာ သူ့မျက်နှာမှာ အလွန် ရုပ်ဆိုးနေပြီး စိတ်မချမ်းမသာဖြစ်စွာဖြင့် “ဘယ်သူလဲ”

ရွမ်ရှောင်ထျန်းသည် ဘာမှ မဖုံးကွယ်ထားဘဲ အစမှစကာ

“သူ့နာမည်က ကော်ဖန့်၊ ယန်လိက သူ့ကို မစ္စတာကော်လို့ခေါ်တယ်။ ငါ ဝင်သွားတော့ သူ ဂိမ်းဆော့နေတုန်းပဲ။ ငါလည်း ဘာမှ မလုပ်စရာမရှိတော့ ဂိမ်းဆော့နေလိုက်တယ်။ သူ ငါ့ကို အဲဒီဂိမ်းကို ရှုံးအောင်လုပ်ခဲ့ပြီး ငါ့ရဲ့ ကင်မရာဆုကို အနိုင်ရသွားခဲ့တယ်! ပြီးတော့ သူက ဖျော်ဖြေရေးလုပ်ငန်းမှာလျှို့ဝှက်စည်း ကမ်းတွေက အရမ်းများတယ်လို့ပြောတယ်။ ငါ သူ့ကိုသဘော တူရင် ပိုက်ဆံအများကြီး ရှာပေးမယ်လို့လည်းပြောတယ်။ ငါ ပိုက်ဆံအများကြီး မလိုချင်ဘူး။ ဒါ့အပြင် လျှိဝှက်စည်းမျဉ်းတွေက ပျော်ဖို့လည်းမကောင်းဘူး သူပြောတာကို မသဘောမတူရင် နောင်တရလိမ့်မယ်လို့လည်းပြောသေးတယ်။ ဟွန့်၊ ငါ နောင်တရမှာ မဟုတ်ဘူး”

“ယန်လိက ဘယ်သူလဲ ?”

“အိုး၊ သူက ကွမ်းယောင်ရဲ့ဧည့်ကြိုပါ၊ အရမ်းကောင်းတဲ့ အမျိုးသမီးပဲ၊ သူက ကော်ဖန့် ဆီကအနိုင်ကျင့်မခံရအောင် ငါ့ကို သတိပေးခဲ့သေးတယ်။”

ချင်လိသည် အကြောင်းရင်းနှင့် အကျိုးဆက်ကိုရှင်းရှင်းလင်း လင်း နားလည်သွားပြီး သူ ယူဆောင်လာသော အချိုပွဲများအားလုံးကို ရွမ်ရှောင်ထျန်းအားပေးလိုက်သည်။ ရွမ်ရှောင် ထျန်းသည် အချိုပွဲများ စားရသည်နှင့် အလုပ်များနေသဖြင့် ချင်လိကို ဂရုစိုက်ရန် အချိန်မရှိပေ။

ချင်လိသည် မှောင်မိုက်သော မျက်နှာဖြင့် အမူအရာမရှိဘဲ သူ့မိုဘိုင်းဖုန်းကို ထုတ်ယူလိုက်သည်။

သူသည် လသာဆောင်သို့ တည့်တည့်လျှောက်သွားကာ ရွမ်ရှောင်ထျန်း စကားပြောဆိုမှု အကြောင်းအရာကို မကြားရစေရန် သေချာစေခဲ့သည်။ ထို့နောက် သူ မျက်မှောင်ကြုတ်ကာ အတွင်းရေးမှူး၏ ဖုန်းကိုခေါ်လိုက်သည်။

အတွင်းရေးမှူးမှ ဖုန်းကို လျင်မြန်စွာ ဖြေကြားခဲ့ပြီး

“သူဌေးချင်”

“ကွမ်းယောင်က ကော်ဖန့်အကြောင်း သိသမျှအားလုံးစစ်ဆေး လိုက်။ နောက်ပြီး ကွမ်းယောင်ရဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ငွေကြေးရှင်းတမ်းတွေနဲ့ နှစ်ပတ်လည် လုပ်ငန်းအစီအစဉ်ကို စုစည်းပြီး ငါ့စားပွဲပေါ်မှာ အချက်အလက်တွေတင်ထားလိုက်” ချင်လိမှ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

ချင်အုပ်စုအောက်ရှိ ဖျော်ဖြေရေးမီဒီယာကုမ္ပဏီ၏မန်နေဂျာတစ်ဦးဖြစ်မှ သူပင် ရွမ်ရှောင်ထျန်းအ‌ပေါ်အခွင့်အရေးမယူဝံ့သည်ကို၊ ၎င်းက အဘယ်ကြောင့် ယခုလိုရဲရင့်နိုင်ဝံ့သနည်း။

စာရေးသူ၏ ပြဇာတ်တို-

ရွမ်ရှောင်ထျန်း- ချမ်းသာဖို့ နည်းလမ်းရှာတွေ့ပြီ~(≧▽≦)/~ ပိုက်ဆံမရှိရင် ကိုယ့်ကိုယ်ကိုယ်ရောင်းစားမယ်၊ ယွမ် ၁၀ ဘီလီယံတောင်တန်တယ်! ချင်လိ ချင်လိ၊ ဒီ ၁၀ ဘီလီယံကို ငွေသားအဖြစ်ပြောင်းပေးလို့ရမလား။ အိပ်ချင်လာပြီ~~~~~~~

ချင်လိ- …………

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment