no

Font
Theme

🔥 Chapter 3

ရွမ်‌ရှောင်ထန်း၏ကျေးဇူးရှင်ဖြစ်သူ တန်ရူသည် ချင်လိအား စွဲစွဲလန်းလန်းနှစ်သက်ခဲ့ပြီး အတန်းဖော်များရှေ့တွင် ချင်လိမှလွဲ၍အခြားမည်သူနှင့်မှ လက်မထပ်ဟုပင်ကြေညာခဲ့သေးသည်။ သို့ဖြစ်ရာ ရွမ်‌ရှောင်ထန်းအနေဖြင့် ချင်လိအား မည်သို့အချစ်ပြိုင်ဘက်အဖြစ် မသတ်မှတ်ဘဲနေနိုင်မည်နည်း။ ထို့ထက်ပိုဆိုးသည်မှာ ရန်သူတော်ကြီးအဖြစ်ပင် သတ်မှတ်ခဲ့၏။ ချင်လိရှေ့တွင် အသံမထွက်ရဲသော်လည်း ချင်လိနောက် ကွယ်တွင် မည်မျှအကြိမ်များစွာ ပြစ်တင်ဝေဖန်ခဲ့သည်ကို မသိချေ။ ချင်လိအား မည်သို့ ပြန်လည်အနိုင်ယူရမည်ကို သူ တိတ်တိတ်ကလေးစဉ်းစားနေခဲ့သည်။

ရွမ်ရှောင်ထျန်းသည် ကောက်ညှင်းလုံးကို ပွေ့ဖက်ရင်းတစ်လိမ့်လိမ့်လှိမ့်နေပြီး ဖောင်းကားနူးညံ့သော ခြေဖဝါးများကို ပွတ်သပ်ရင်း ချင်လိ၌ တိုက်ခိုက်နိုင်သည့် အားနည်းချက်များ ရှိ၊ မရှိ စဉ်းစားနေခဲ့သည်။

“မြောင်~မြောင်~”

လိမ္မော်ရောင်ကြောင်ကလေးသည် တုန်ယင်လျက် ညင်သာစွာ ခေါ်သံပြုရာ တောင်းပန်သံနှင့်အလွန်တူသည်။

ရွမ်ရှောင်ထျန်းသည် လိမ္မော်ရောင်ကြောင်ကလေး၏နူးညံ့သော ရှေ့ခြေနှစ်ဖက်ကို ဆုပ်ကိုင်လျက်၊ စိတ်ဝိညာဉ်များ ကိုယ်ထဲမှ ထွက်ခွာတော့မတတ် ကြောက်လန့်နေပြီး အမွေး အမှင်များ ထောင်ထနေသော လိမ္မော်ရောင်ကြောင်ကလေးကို မြှောက်လိုက်သည်။

သူသည် လိမ္မော်ရောင်ကြောင်ကလေး၏ ရွှေရောင်မျက်စိနက်များကိုစိုက်ကြည့်လျက် “ကြောင်မျိုးနွယ်ရဲ့ တော်ဝင်မျိုးနွယ်ဝင်တွေကပဲ သွေးမျိုးဆက်ကိုဆက်ခံနိုင်ပြီး မွေးဖွားချိန်မှာ စိတ်ဝိညာဉ်ကို ဖွင့်နိုင်တာ၊ မင်းလေးက သွေးသားမသန့်စင်မှန်းအရမ်းသိသာတာပဲ ငါ့ကို ကြောက်နေတာ မထူးဆန်းတော့ဘူး။”

သူသည် လိမ္မော်ရောင်ကြောင်ကလေး၏ခပ်ဝဝသောလည်ပင်းကို ထပ်မံပွတ်သပ်ကာ “လိမ္မာပါတယ်၊ မင်း သွေးမျိုးဆက်ကို မဆက်ခံရတာ၊ စိတ်ဝိညာဉ်မဖွင့်နိုင်တာ၊ လူအသွင်မပြောင်းနိုင်ရင်တောင် ငါ မင်းကို အထင်သေးမှာမဟုတ်ဘူး။”

ကောက်ညှင်းလုံး - “မြောင်~”

နောက်တစ်ခဏတွင် ရွမ်ရှောင်ထျန်း၏လက်မောင်းများ ရုတ် တရက် နာကျင်အားလျော့သွားရာ လိမ္မော်ရောင်ကြောင်က လေးသည် ရုတ်တရက် ဟန်ချက်ပျက်ပြီး ရွမ်ရှောင်ထျန်း၏ မျက်နှာပေါ်သို့ တည့်တည့် ကျလာသည်။

ကောက်ညှင်းလုံး - “မြောင်!”

ငိုသံသည် ရင်ကွဲလောက်ရအောင်ပင်။

ရွမ်ရှောင်ထျန်းသည် နာကျင်မှုကိုခံစားရင်း သူ့မျက်နှာကိုထိမှန်လာသော လိမ္မော်ရောင်ကြောင်ကလေးကို ဘေးသို့ဖက်းလိုက်သည်။ ထိမှန်မှုကြောင့် ပုံပျက်သွားသလို ဖြစ်နေသော မျက်နှာကိုပွတ်သပ်ပြီး ကျောပေးထားသော လိမ္မော်ရောင်ကြောင်ကလေး၏တင်ပါးကို ထိုးလိုက်သည်။

“မင်း အရမ်း... ဝနေပြီ၊ ဝိတ်ချသင့်တယ်” ရွမ်ရှောင်ထျန်းသည် လိမ္မော်ရောင်ကြောင်ကလေး၏တင်ပါးကို ဆက်လက်ခပ်ပေါ့ပေါ့ရိုက်ကာ “ပိုဝလာရင် ငါ မင်းကိုမချီနိုင်တော့ဘူး။”

ကောက်ညှင်းလုံး - “မြောင်…”

ရွမ်ရှောင်ထျန်းသည် ကောက်ညှင်းလုံး၏စကားများကို အနက် ပြန်ရန် အချိန်မရလိုက်မီ ရုတ်တရက် ဗိုက်ထဲလှိမ့်နေသည်ဟု ခံစားရသည်။ သူ အိပ်ရာမှလျင်မြန်စွာ ခုန်ဆင်းကာ အမှိုက်ပုံးကို ဖက်၍အော့အန်တော့သည်။

“ကောက်ညှင်းလုံး၊ ငါ သေတော့မဲ့ ရောဂါဖြစ်နေပြီထင်တယ်” ခဏအကြာတွင် ရွမ်ရှောင်ထျန်းသည် လိမ္မော်ရောင်ကြောင် ကလေးကို ဝမ်းနည်းစွာကြည့်လိုက်သည်။

နောက်ရက်အနည်းငယ်အတွင်းတွင် ရွမ်ရှောင်ထျန်း၏အခြေ အနေမှာ ပိုမိုဆိုးရွားလာသည်။ အစပိုင်း၌ သူ အော့အန်သည်။ ထို့နောက် အစားအသောက်ပျက်လာပြီး အဆီပါသောအစား အစာများကို အနံ့ရလိုက်ရုံနှင့်ပင်အန်ချင်လာ၏။ သူသည် လုံးဝအားအင်မရှိပုံပေါက်ပြီး ကောက်ညှင်းလုံးလေး သင်းကွပ်ပြီးနောက် သူ့ဥများမရှိတော့သည်ကိုသိရှိချိန်က အမူအရာအတိုင်းဖြစ်နေသည်။

သူ အနှစ်သက်ဆုံး ပြည်ပမှတင်သွင်းထားသော ငါးသေတ္တာဘူးများနှင့် အရသာရှိသော အချိုပွဲများသည်ပင် သူ့စားချင်စိတ်ကို မလှုံ့ဆော်နိုင်ချေ။

ဤသည်မှာ သူ သေဆုံးတော့မည့် ရောဂါဖြစ်နေကြောင်း သိသာသော သက်သေပင်။

ရွမ်ရှောင်ထျန်းသည် အိပ်ရာပေါ်လဲလျောင်းရင်းသေတမ်းစာကို စတင်ရေးသားသည်။ ဆာလောင်၍သေလုဆဲဆဲဖြစ်နေသည့် ပထမဆုံးသော ကြောင်တစ်ကောင်အနေဖြင့် သူ့မိဘများ၊ ပိုင်ရှင်နှင့် ချင်လိအား ပြောစရာစကားများစွာရှိသည်။

သူ အချိန်အကြာကြီးစဉ်းစားသော်လည်း မည်သည့်နေရာမှ စတင်ရမည်ကို မသိခဲ့ချေ။ သူ့ပိုင်ရှင်နှင့် ချင်လိအား သူ့၏ အမည်အမှန်ကိုပြောပြသင့်သလား ??

ရွမ်ရှောင်ထျန်းသည် ဘောပင်ထိပ်ကိုကိုက်ထားရာ ဘောပင်အဖုံးပေါ်တွင် သွားရာများစွာကျန်ရစ်ခဲ့သော်လည်း သူ ဆက် လက် စဉ်းစားမရနိုင်ခဲ့ချေ။

သူ ကြိုးစားစဉ်းစားနေဆဲတွင် အိပ်ခန်းပြင်ဘက်မှ တံခါးခေါက်သံကို ကြားရသည်။

ဟူရှစ်လျန်သည် အိမ်နေရင်းအဝတ်အစားများမှ ပြောင်းလဲဝတ်ဆင်ထားပြီး ပခုံးလွယ်အိတ်ကို လွယ်ထားရာ အပြင်ထွက်တော့မည့် ပုံပေါ်သည်။

ရွမ်ရှောင်ထျန်းသည် သူ တကယ်ပင် သေဆုံးတော့မည့် ရောဂါအားရှာတွေ့မည်ကို စိုးရိမ်သဖြင့် ခေါင်းငုံ့လျက်ဖခင်နှင့်တွေ့ဆုံ သည်။

စစ်ဆေးမှုလုပ်ငန်းစဉ်တစ်လျှောက်လုံး ရွမ်ပိုင်ထျန်းသည် အစအဆုံး လိုက်ပါစစ်ဆေးပြီး သူ၏ဘိုဘေးလေးကို ချော့မော့နေရသည်။

ရွမ်ရှောင်ထျန်းသည် သူ့အား မော့ကြည့်ကာ မျက်တောင်ခတ်ပြသည်။

“ရွမ်ရှောင်ထျန်း၊ မင်း ဒီလိုနေလို့ မဖြစ်ဘူး၊ ဆေးရုံကို မဖြစ်မနေသွားမှရမယ် မြန်မြန်ထ၊ မင်းအဖေ ကိုယ်တိုင်စစ်ဆေးဖို့ စီစဉ်ပေးလိမ့်မယ်”

ဟူရှစ်လျန်သည် ကားမောင်းကာ ဆေးရုံသို့ သွားနေသော် လည်း ရွမ်ရှောင်ထျန်းသည် ခါးပတ်အား မြဲမြဲကိုင်ထားဆဲဖြစ်ကာအလွှတ်မပေးဘဲ “ကြောက်တယ်” ဟု ဆိုလာသည်။

ဟူရှစ်လျန်မှ စစ်ဆေးရန်အတွက်သာ သွားမည်ဖြစ်ပြီး ဆေးသောက်ခြင်း၊ ဆေးထိုးခြင်း လုံးဝမပြုလုပ်ပါဟုကတိပြုလိုက်ရသည်။

ဆေးရုံရှိ အခြားလုပ်ဖော်ကိုင်ဖက်များက ရွမ်ရှောင်ထျန်း၏ နာမည်ကို ကြားဖူးကြတာကြာပြီဖြစ်သည်။ သူတို့အားလုံး သိသည်မှာ ရွမ်မိသားစုတွင် လက်ပေါ်တင်၊ ရင်ခွင်ပိုက်ချစ်ရသောကလေးတစ်ယောက်ရှိသည်ဟူ၍ပင်။ ထိုကလေးသည် စည်သွတ်ဘူး၊ ငါးနှင့် သကြားလုံးစားရသည်ကို နှစ်သက်ပြီး ကြောင်နှင့် ခွေးတို့ဖြင့် ဆော့ကစားရသည်ကိုနှစ်သက်ရာ မကြာခဏဆိုသလို ကြောင်နှင့် ခွေးများမှာ အမွှေးအမျှင် ပြောင်သည်အထိ ဆော့ကစားခံရလေ့ရှိသည်။ ထို့ပြင် သူသည် ပန်းပွင့်ကဲ့သို့ချောမောလှပကာ သူ့အသားအရေမှာ ခရင်မ်ကဲ့ သို့ဖြူဖွေးသည်ဟု ကောလာဟလများထွက်ပေါ်နေခဲ့သည်။ သူသာ သင့်အားပြုံးပြခြင်း သို့မဟုတ် ချွဲနွဲ့ခြင်းပြုလုပ်ပါက လမင်းနှင့် ကြယ်များကိုပင် သူ့အတွက် ဆွတ်ခူးပေးလိုစိတ် ပေါ်ပေါက်လာမည်ဖြစ်သည်။

မြင်မှ ယုံသည်ဆိုသောစကားအတိုင်း ယခုအခါ နောက်ဆုံးတွင် သူတို့၏စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းနိုင်ခဲ့ကြပြီဖြစ် သည်။

ရွမ်ထျန်း၏ ဦးလေးနှင့် အန်တီတို့အား ရင်ခုန်စေသည့်ဘွဲ့အမည်မှာ အချည်းနှီးမဟုတ်ပေ။ ဤသူများ၏အကြည့်များကြောင့် သူ စိတ်အနှောင့်အယှက်မဖြစ်ခဲ့ပါ။ သူသည် ကောင်း မွန်စွာနှင့် နာခံမှုရှိရှိပြုမူခဲ့ပြီး သူ့အပြုံးမှာပျားရည်ကဲ့သို့ချိုမြိန်လှရာ ဝမ်မင်၏ညီမနှင့် အန်တီတို့သည် ရွမ်ထျန်းအားခိုးကြည့်ရန်လာရောက်ချိန်တွင် ရုတ်တရက် မိခင်မေတ္တာများလျှံတက်လာခဲ့ရသည်။

ရွမ်ထျန်း၏ဝမ်းဗိုက်အတွင်းအင်္ဂါများကို B-ultrasound ဖြင့် စစ်ဆေးစဉ် ရွမ်ပိုင်ထျန်းမှ လုပ်ဖော်ကိုင်ဖက်အုပ်စုတစ်စုကို နောက်ဆုံးတွင်ဖယ်ရှားခဲ့ပြီး ဟူရှစ်အားဆေးခန်းတံခါးစောင့်ရန်၊ မသက်ဆိုင်သူများ လာရောက်နှောင့်ယှက်ခြင်းမှ တားဆီးရန်တောင်းဆိုခဲ့သည်။

B-ultrasound စစ်ဆေးမှု တာဝန်ခံမိန်းကလေးမှ သူ့ ထိုင်ခုံကို ရွမ်ပိုင်ထျန်းအားပေးလိုက်သည်။

“ဒါရိုက်တာ ရွမ်၊ ဆရာပဲ သူ့ကို ကြည့်လိုက်ပါ”

မိန်းကလေးပြောပြီးနောက် သူ့ဘေးတွင် ထိုင်လိုက်ပြီး ရွမ်ထျန်းအား တိတ်တဆိတ်ဓာတ်ပုံရိုက်ယူခဲ့ရာ သူ့မျက်နှာမှာမဖုံး ကွယ်နိုင်သော စွဲလမ်းမှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့်ပြည့်နှက်နေသည်။

ဤကောင်လေးသည် သူ မြင်ဖူးသမျှထဲ ချစ်စရာအကောင်းဆုံးဖြစ်ပြီး ကလေးကြီးတစ်ဦးလိုပင်ဖြစ်။

သူ့ကို ပွေ့ဖက်ထားပါက အလွန်နူးညံ့လိမ့်မည်ဟု သူမ တိတ်တ ဆိတ်စိတ်ကူးလိုက်မိသည်။

ရွမ်ထျန်းသည် ကုတင်ပေါ်တွင် လှဲအိပ်လိုက်ပြီးနောက် သူ့အ ဝတ်အစားကို မတင်လိုက်ရာ အဆီလုံးဝမရှိသော ဖြူဖွေးနူးညံ့သည့် ဝမ်းဗိုက်သားကိုဖော်ပြလိုက်သည်။

B-ultrasound စစ်ဆေးမှုမှာ အလွန်လျင်မြန်ခဲ့သော်လည်း ရွမ်ပိုင်ထျန်းမှာမူ နှစ်ဆနီးပါး ကြာမြင့်ခဲ့သည်။ သူသည် ထပ်ခါတလဲလဲ စစ်ဆေးအတည်ပြုခဲ့ရာ မျက်မှန်အောက်မှ သူ့မျက် လုံးများမှာထိတ်လန့်အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး သူ့မျက်ခုံးများမှာလည်းတွန့်ချိုးနေကာ မဖြေရှင်းနိုင်သော ကမ္ဘာ့ပြဿနာတစ်ခုနှင့် ကြုံတွေ့ရသည့်နှယ်ဖြစ်နေသည်။

ရွမ်ရှောင်ထျန်း အလွန်စိတ်မချမ်းမသာဖြစ်နေသည်။ သူ့ဖခင် ၏ဝမ်းနည်းပူဆွေးသော အမူအရာမှတဆင့် သူ ကုသ၍မရသော ရောဂါကိုခံစားနေရသည်ဟူသော အချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

တာဝန်ခံမိန်းကလေးမှ ပြေးလာကာ “ဒါရိုက်တာ ရွမ်၊ ပြဿနာ တစ်ခုခု ရှိလို့လား”

“ဘာမှ မရှိပါဘူး” ရွမ်ပိုင်ထျန်းမှ အစီရင်ခံစာကို လျင်မြန်စွာ ပုံနှိပ်ထုတ်ယူပြီး ကွန်ပျူတာရှိဖိုင်ကို ဖျက်လိုက်သည်။

“ရွမ်ရှောင်ထျန်း၊ သွားကြမယ်” ရွမ်ပိုင်ထျန်းမှ ရွမ်ရှောင်ထျန်း၏လက်ကိုဆုပ်ကိုင်ကာ စိတ်တည်ငြိမ်ဟန်ဆောင်လျက် B-ultrasound ခန်းမှ ဆွဲခေါ်ထုတ်သွားခဲ့သည်။

ဟူရှစ်မှ အလျင်အမြန် မေးလိုက်၏။

“ရွမ်ပါးပါး၊ ဘယ်လိုလဲ၊ ရှောင်ထျန်း အဆင်ပြေရဲ့လား ?? တစ်ခုခု ပြောပါဦး၊ ကျွန်မကို သေအောင် စိုးရိမ်အောင်လုပ်တော့မလို့လား၊ အဖေရွမ်!”

“အဲ့ဒါက ပြဿနာပဲ”

ရွမ်ပိုင်ထျန်းမှ လေးနက်သော အမူအရာဖြင့် “ဒီမှာ လူတွေ အရမ်းများတယ်၊ တခြားနေရာ သွားရအောင်” ဟု ပြောလိုက်သည်။

တိတ်ဆိတ်သော စင်္ကြန်သို့ ရောက်သော် ရွမ်ပိုင်ထျန်းမှ B-ultrasound အစီရင်ခံစာကို ဟူရှစ်အား ပေးလိုက်သည်။ “မင်း ကိုယ်တိုင် ကြည့်လိုက်”

“ဒီလောက် နောက်ကျနေပြီ၊ ကျွန်မကို စိတ်လှုပ်ရှားအောင် လုပ်နေတုန်းပဲလား” ဟူရှစ်မှ ညည်းညူလိုက်သည်။ သို့သော်လည်း B-ultrasound ကို ယူကာ ဂရုတစိုက် စစ်ဆေးကြည့်ရှုခဲ့၏။

မကြာမီ သူမသည် B-ultrasound ထဲတွင် ဝှက်ထားသော သဲလွန်စများကို ရှာတွေ့ခဲ့သည်။ ဟူရှစ်မှ အံ့အားသင့်စွာ မျက်လုံးများ ပြူးကျယ်သွားပြီး ရွမ်ထျန်းကိုသံသယဖြင့် ကြည့်လိုက်သည်။

ဤအရာကိုမြင်သော် ရွမ်ရှောင်ထျန်းသည် ဘာဖြစ်နေသည်ကို သိလိုက်သည်။ သူသည် သူ၏စိတ်ဓာတ်ကျနေသော စိတ်ခံစားချက်ကို ထိန်းညှိပြီး ပြတ်သားသောအမူအရာဖြင့် “အဆင်ပြေပါတယ်၊ အမေနဲ့ အဖေ၊ ဒီဘဝမှာ ဂုဏ်မဆောင်နိုင်ခဲ့ပေမယ့် နောက်ဘဝမှာတော့ ကျေးဇူးဆပ်ပါ့မယ်”

ဟူရှစ်မှာ ဒေါသလည်းထွက်ပြီး ရယ်လည်းရယ်ချင်နေသည်။ သူ ရှောင်ထျန်း၏ခေါင်းကိုရိုက်လိုက်ပြီး

"ဒီ ကလေး၊ ဘာတွေ လျှောက်ပြောနေတာလဲ”

“ကျွန်တော် ကုလို့မရတဲ့ ရောဂါဖြစ်နေတာမလား”

“ဘာ ကုလို့မရတဲ့ ရောဂါလဲ၊ မင်းအဖေ ပြောတာတကယ်ဖြစ်လာတာပဲ” ဟူရှစ်မှ ကူကယ်ရာမဲ့စွာပင် မရိုးသားစွာ ပြောလိုက်သည်။

“ဂုဏ်ယူပါတယ်၊ မင်းမှာ ကိုယ်ဝန်ရှိနေပြီ”

ရွမ်ရှောင်ထျန်းမှာ ရှုပ်ထွေးသွားပြီး တုန်တုန်ယင်ယင် ပြောလိုက်သည်။

“ကိုယ်ဝန်… ကိုယ်ဝန်လား ?”

သူ၏နဖူးတွင် “ငတုံး” ဟူသော စကားလုံး ရိုက်နှိပ်ထားသည့်အတိုင်းပင်။

“မင်းမား လိမ်နေတာမဟုတ်ဘူး၊ ကိုယ်တိုင် ကြည့်လိုက်”

ရွမ်ပိုင်ထျန်းမှ အစီရင်ခံစာကို ရွမ်ထျန်းအားပေးလိုက်သည်။

“မင်းရဲ့ လိင်ကို ငါတို့ကိုသေချာပြောပြဦး၊ ပြီးတော့ မင်း ဘယ်သူနဲ့ပေါင်းသင်းခဲ့တာလဲ ? ဒီကလေးရဲ့အဖေက ဘယ်သူလဲ။”

ရွမ်ရှောင်ထျန်းသည် အစီရင်ခံစာကိုထိတ်လန့်တကြား ဖြန့်ကြည့်လိုက်သည်။ သူသည် ပညာရပ်ဆိုင်ရာဝေါဟာရများကို နားမလည်သော်လည်း အဓိပ္ပါယ်ကိုနားလည်ရန်မှာမခက်ခဲပေ။

“ကျွန်တော်... ကျွန်တော် ဘယ်လိုလုပ်ကိုယ်ဝန်ရှိနိုင်မှာလဲ”

သူသည် သူ့ဘဝအပေါ် အလွန်သံသယရှိဟန်ဖြင့် အစီရင်ခံစာကိုအထပ်ထပ်ဖတ်ရှုပြီး သူ့ဝမ်းဗိုက်ကို မယုံနိုင်စွာစိုက်ကြည့်နေခဲ့သည်။

ဟူရှစ်သည်လည်း ရွမ်ထျန်းကို ကြည့်ကာ အံ့အားသင့်စွာမေးလိုက်သည်။

“မင်းက မိန်းကလေးလား ?”

“ကျွန်တော် ယောကျာ်းလေးပါ!”

ရွမ်ထျန်းမှ ခိုင်မာစွာ ရှင်းပြလိုက်သည်။

“ယောကျာ်းလေးက ကိုယ်ဝန်ရနိုင်တာလား ?” ဟူရှစ်၏ မျက်လုံးများမှ “မရှင်းပြနဲ့တော့၊ အမှန်အတိုင်းပြော” ဟူသော အဓိပ္ပါယ်ကို ရှင်းလင်းစွာဖော်ပြနေသည်။

“ကျွန်တော်ကတော့ ယောကျာ်းလေးပါပဲ”

ရွမ်ရှောင်ထျန်းသည် အလွန် စိုးရိမ်သောကြောင့် မျက်ရည်များ ဝဲလာခဲ့သည်။

“ပါး သေချာမမြင်တာဖြစ်ရမယ်၊ ဒါမှမဟုတ် အစီရင်ခံစာ မှားတာပဲ ဖြစ်ရမယ်။”

“မင်းအဖေက နှစ်ပေါင်းများစွာ ဆရာဝန်လုပ်လာတာ တစ်ခါမှ အမှားမလုပ်ဖူးဘူး”

ရွမ်ပိုင်ထျန်းမှ “ စစ်ဆေးကြည့်တော့ မင်းမှာ သာမန်လူနနဲ့ မတူတဲ့ ကိုယ်အင်္ဂါတစ်ခုတွေ့ရတယ်၊ အဲဒါက သန္ဓေသားအိတ်ကိုကြီးထွားစေနိုင်တာပဲ။ သန္ဓေသားအိတ်ရဲ့ အရွယ်အစားကို ကြည့်ပြီး နှစ်လနီးပါးကိုယ်ဝန်ရှိနေပြီလို့ မှတ်ယူလို့ရတယ် ၊ ဘာလို့ လွန်ခဲ့တဲ့နှစ်လက ဘယ်သူနဲ့အတူရှိခဲ့လဲဆိုတာ မပြောပြတာလဲ”

ဟူရှစ်သည် အနည်းငယ်ရှုပ်ထွေးနေသေးသည်။ သူ ရွမ်ရှောင်းထျန်း ရည်းစားရှာတွေ့ရန်မျှော်လင့်နေခဲ့သော်လည်း ရှောင်ထျန်းမှ အမျိုးသားများကိုနှစ်သက်ကြောင်းသိရှိခဲ့ရသည်။ ထိုမျှသာမက၊ သူ အဖွားဖြစ်ရတော့မည်ကို ရုတ်တရက်ဝမ်းသာနေမိသည်။

သူ အံ့အားသင့်ရမည်လား၊ စိတ်လှုပ်ရှားရမည်လား မသေချာပေ။ သို့သော် သူ လုံးဝ စိတ်မလှုပ်ရှားရဲပေ! ဘာ ရှုပ်ထွေးမှုလဲ! သူ ကောင်းမွန်စွာပြုစုပျိုးထောင်ခဲ့သော သူ့သားကို ဝက်တစ်ကောင်က တူးသွားခဲ့ပြီလေ။

ဟူရှစ်မှ သူ့အင်္ကျီလက်များကိုလိပ်တင်လိုက်ပြီး ဒေါသတကြီးဖြင့် “ရှောင်ထျန်း၊ မကြောက်ပါနဲ့၊ မင်း မားကိုပြော၊ ဘယ်သူက သားရဲကောင်လဲ ? မင်း ပါးနဲ့ မားက မင်းအတွက် ဖြေရှင်းပေးမယ် မင်းကိုတခြားသူတွေ အနိုင်ကျင့်တာ လုံးဝလက်မခံဘူး”

“ဟုတ်တယ်၊ မကြောက်နဲ့၊ မင်းက ဒီလောက်အသိဉာဏ်ရှိတာ၊ မင်း အနိုင်ကျင့်ခံရတာသေချာပေါက်ပဲ၊ ပြော၊ မင်းရဲ့မိဘတွေက မင်းအတွက် ဖြေရှင်းပေးပေးမှာပါ!”

ရွမ်ပိုင်ထျန်းသည်လည်း သူ့သဘောထားကို ချက်ချင်းထုတ် ဖော်ခဲ့သည်။

ရွမ်ရှောင်ထျန်း၏ခေါင်းထဲတွင် ရှုပ်ထွေးမှုများပြည့်နှက်နေပြီး သူ တွေးလိုက်သည်။ နှစ်လအကြာက အတန်းပြန်လည်ဆုံစည်းသည့် 'ကာလ' မဟုတ်ပါလာ ??

သူသည် ချင်လိမှလွဲ၍ မည်သူနှင့်မျှအိပ်စက်ခဲ့ခြင်းမရှိပေ။

“ကျွန်တော်...”

“ဘယ်သူကများ ရှောင်ထျန်းကို အနိုင်ကျင့်ရဲတာလဲ”

ရှောင်ထျန်း စကားမဆုံးမီ စွင်းရှန်းချီ၏အသံမှာ စင်္ကြန်လမ်းမှ ထွက်ပေါ်လာသည်။

“ပြော၊ ဦးလေးနှင့် အန်တီအပြင် မင်းအစ်ကိုချင်လိလည်း ရှိတယ်။”

“ချီချီလား၊ ဘာလို့ ဒီရောက်နေတာလဲ ?” ဟူရှစ်မှ စွင်းရှန်းချီကို မြင်သော် အံ့အားသင့်သွားသည်။

စွင်းရှန်းချီ ပြုံးကာ “ကျွန်မ ခင်ပွန်းကိုပြန်လည်ကျန်းမာရေး လုပ်ဖို့ ချင်လိနှင့်အတူ ဒီကိုလာခဲ့တာ၊ ရှင်တို့ကော”

သူ့ဘေးတွင် ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး တည်ငြိမ်ခန့်ညားသော အမူအရာဖြင့် ချင်လိရပ်နေသည်။

ချင်လိသည် ဘီးတပ်ကုလားထိုင်ကိုကိုင်ထားခဲ့သည်။ သူ့ဖခင်သည် လွန်ခဲ့သောအချိန်က ကားမတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး သူ့အောက်ပိုင်း ခြေလက်များ သွက်ချာပါဒဖြစ်ခဲ့ရာ ဘီးတပ်ကုလားထိုင်ဖြင့်သာသွားလာနိုင်သည်။

ကံကောင်းစွာပင် သူ၏အောက်ပိုင်းခြေလက်များ သွက်ချာပါဒ ဖြစ်ခဲ့သော်လည်း စွင်းရှန်းချီသည် ချင်မူကိုတစ်ခါမျှ စွန့်ခွာခြင်းမရှိဘဲ ကောင်းစွာဂရုစိုက်ခဲ့သည်။ ထို့ကြောင့် ချင်မူသည် ဤအရာကြောင့် ဆုတ်ယုတ်ခြင်းမဖြစ်ခဲ့ပေ။ ထိုအစား သူသည် ကုမ္ပဏီကို ချင်လိအားလွှဲပြောင်းပေးခဲ့ပြီး သူနှင့် စွင်းရှန်းချီတို့သည် သက်တောင့်သက်သာနှင့် အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းနေခဲ့ကြသည်။

ရွမ်ရှောင်ထျန်းသည် ကိုယ်ဝန်စစ်ဆေးမှုအကြောင်းကို စဉ်းစားနေဆဲဖြစ်ရာ သူ၏မျက်လုံးများသည် ချင်လိထံသို့ မသိစိတ်မှပင် ရွေ့လျားသွားခဲ့ပြီး ဘီလူးတစ်ကောင်ကိုကြည့်သကဲ့သို့ စိုက်ကြည့်နေခဲ့သည်။

သူ့လူမျိုးစုတွင် ကြောင်အထီးကို ကိုယ်ဝန်ရစေနိုင်သည့် ဒဏ္ဍာရီတစ်ခု အမှန်တကယ်ရှိခဲ့သော်လည်း သူသည် ၎င်းကို ပေါ့ပေါ့တန်တန် တစ်ခါမျှမယုံကြည်ခဲ့ဖူးသည့်အပြင် ကိုယ် တိုင်လည်း တစ်ခါမျှမမြင်ဖူးခဲ့ပေ။

ထို့အပြင် ချင်လိသည် လူသားသက်သက်သာဖြစ်ရာ သူ့အားမည်သို့ ကိုယ်ဝန်ရစေနိုင်မည်နည်း။

ရွမ်ရှောင်ထျန်းသည် ချင်လိကို စူးစမ်းစွာကြည့်လိုက်ရာ ချင်လိသည်လည်း ရွမ်ရှောင်ထျန်းကို အဝေးမှကြည့်နေခဲ့သည်။

သူ့မျက်ဝန်းများသည် အောက်ခြေမသိနိုင်သော နက်ရှိုင်းသည့် ပင်လယ်တစ်ခုနှယ်နက်ရှိုင်းလှသည်။

ရွမ်ရှောင်ထျန်းသည် သူ့အကြည့်အောက်တွင် တည်ငြိမ်စွာ ကြည့်ခံနေရသဖြင့် ရုတ်တရက်အလွန်စိတ်မသက်မသာဖြစ် လာရာ သူသည် “လူယောင်ဆောင်ထားသော သားရဲကောင်” ဟု တိတ်တဆိတ် ညည်းညူပြီး အခြားတစ်နေရာသို့ လှည့်ကြည့်လိုက်သည်။

သူတို့ အချင်းချင်း ကြည့်နေသည်ကိုမြင်သော် စွင်းရှန်းချီက ပြုံးကာ “ချင်လိနဲ့ ရှောင်ထျန်း မတွေ့ရတာကြာပြီမဟုတ်လား ? အန်တီတို့စကားပြောနေရင် မင်းတို့ပျင်းနေမှာပဲ၊ ဘေးနားမှာ သွားပြီးစကားပြောကြ၊ အတိတ်ကို ပြန်အမှတ်ရကြတာ ပိုကောင်းတယ်”

ရွမ်ရှောင်ထျန်းမှ အစီရင်ခံစာကို တိတ်တဆိတ်ချေမွလိုက်ပြီး မထီမဲ့မြင်ပြုစွာ နှာခေါင်းရှုံ့လိုက်သည်။ ဘယ်သူကများ ချင်လိနဲ့ အတိတ်ကိုပြန်အမှတ်ရချင်မှာလဲ၊ သူ ချင်လိအား သူ့မျက် စိရှေ့မှပျောက်ကွယ်သွားစေချင်သည်။

အဲ့ညက သူ ကွန်ဒုံး မသုံးခဲ့ဘူးလား ??

ဤအရာမှ သူ့ကိုကိုယ်ဝန်ရစေနိုင်လျှင် ချင်လိ၏စွမ်းရည်များမှာ သိသိသာသာတိုးတက်ဖို့ လိုအပ်နေသည်။

စာရေးသူ၏ ပြဇာတ်တို-

ချင်လိ- ငါ့စွမ်းရည် မကောင်းဘူးလို့ ပြောရဲတယ်ပေါ့၊ ဒီည တိုက်ပွဲဝင်ကြစို့! ▼_▼

ရွမ်ရှောင်ထျန်း- ကျွန်တော် မတရားခံနေရတယ်လို့ ခံစားနေရတုန်းပဲ ┌(。Д。)┐

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment