no

Font
Theme

🔥 Chapter 17

ရွမ်ထျန်းသည် ချင်လိနှင့် တစ်ခန်းတည်း အတူမအိပ်နိုင်ကြောင်း သူ့ဆန္ဒကို နောက်ဆုံးအကြိမ် ကြိုးစားဖော်ပြကာ မိခင်ဖြစ်သူအား တောင်းဆိုနေခဲ့သည်။နောက်ဆုံးတွင် သူ့ဗိုက်ထဲရှိ ကြောင်ပေါက်လေးကိုပါ လက်နက်အဖြစ်ထုတ်သုံးလာပြီး သူကောင်းကောင်းမအိပ်ရလျှင် ကလေးကိုပါ ထိခိုက်စေနိုင်မည်ဟု ပြောဆိုခဲ့သည်။

ဟူရှစ်သည် ရွမ်ထျန်းအခန်းထဲမှ ထွက်နေသော အလင်းရောင်ကို စောင်းကြည့်လိုက်ပြီး အပြစ်ရှာ နေသော ရွမ်ထျန်းအကြံကိုရှင်းရှင်းလင်းလင်း သိကာလက်မခံပဲ ငြင်းဆန်လိုက်သည်။

"ဘာလို့ အိပ်မပျော်တာလဲ? မင်း ရှေ့မှာ စပီကာနဲ့ သီချင်းအ ကျယ်ကြီး လာဖွင့်ထားရင်တောင် ကောင်းကောင်းအိပ်ပျော်မှာသေချာတယ်၊ မားကို ဆင်ခြေတွေလာပေးမနေနဲ့၊ မင်း ကလေးလည်း မဟုတ်တော့ဘူး၊ ရင့်ကျက်သင့်ပြီ၊ မင်း နောက်ဆို ချင်လိနဲ့ အတူအိပ်ရမှာပဲလေ၊ ဒီတော့ အခုအချိန်မှာ ဒါကို အခွင့် ကောင်းယူပြီး သူ့အကြောင်းပိုနားလည်အောင် မင်းအပေါ် ဘယ်လိုသဘောထားလဲဆိုတာ သေချာသိအောင် လုပ်ထားသင့်တယ်၊ သူကို စိတ်အနှောင်ယှက်မဖြစ်နဲ့”

ရွမ်ထျန်းသည် အတင်းအကြပ် ဖိအားပေးခံရသကဲ့သို့ကူကယ်ရာမဲ့စွာဖြင့်

"ကျွန်တော် နောက်ပိုင်း ချင်လိနဲ့ အိပ်မယ်လို့ မပြောခဲ့ပါဘူး"

"မင်း နောက်ဆို သူနဲ့အတူနေရမှာလေ၊ သူနဲ့မအိပ်ရင် ဘယ်သူနဲ့ အိပ်မှာလဲ?"

ဟူရှစ်သည် သတိပေးသောအကြည့်နှင့် လေးနက်သောလေသံဖြင့် မေးလိုက်သည်။

ရွမ်ထျန်း နှာခေါင်းရှုံပြီး ခပ်တိုးတိုးညည်းတွားလိုက်သည်။

"မား သဘောနဲ့ မားဆုံးဖြတ်ခဲ့တာလေ၊ ကျွန်တော်ြအမြင်ကို မေးခဲ့တာမှ မဟုတ်တာ"

"မင်း..."

ဟူရှစ် မျက်လုံးများသည် ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ စိုးရိမ်စိတ်ဖြင့် လေးလေးနက်နက်ပြောဆိုခဲ့သည်။

“ရွမ်ထျန်း၊ ဒီတစ်ခါတော့ မား စကားကို မဆန့်ကျင်ပါနဲ့၊ မင်း အခု ဒီအခြေအနေထိရောက်နေပြီလေ၊ ချင် မိသားစုဘက်ကလည်း ကလေးကိုတာဝန်ယူဖို့ပြောလိုက်ပြီ၊ ဒီတော့ မင်း ရှေ့လျှောက် ချင်လိနဲ့အတူနေသွားရမှာမဟုတ်ဘူးလား ? ညနေက ချင်လိ ကတိပေးခဲ့တာ မင်းလည်းကြားတာပဲ၊ မားတို့ မင်းအနာ ဂတ်အတွက် သူ့ဆီက ကတိတောင်းခဲ့တယ်၊ မင်း ကောင်း ကောင်းနေနိုင်မယ်ဆိုရင် မားတို့လည်းကျေနပ်တယ်၊ပြီးတော့ ချင်လိဆိုတာ မင်းကို ငယ်ငယ်ကတည်းက အရမ်းအလိုလိုက်ပြီး ကောင်း ကောင်းဆက်ဆံပေးခဲ့တာပဲ မဟုတ်လား? မင်းကိုဂရုစိုက်တဲ့သူလက်ထဲ ထည့်ပေးလိုက်ရတော့ မားတို့လည်း စိတ်ချတယ်၊ မင်း သူ့ကို စိတ်ပျက်အောင် မလုပ်နဲ့၊ မား စကားကို နားထောင်နော်”

"အဲ့ဒါ မား သူ့ကိုဖိအားပေးလို့ အခုလိုတွေပြောလာတာ၊ ချင်လိကြိုက်တဲ့သူရှိနေတယ်၊ ကျွန်တော်လည်း အတူတူပဲ”

"တန့်ရူလား ?"

"ဟုတ်..."

ရွမ်ထျန်းသည် ဘာကြောင့်မှန်းမသိပေမယ့် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

ဟူရှစ် အေးစက်စွာ ဆက်ပြောလာသည်။

“အဲ့ဒါ မင်းဘက်ကပဲ တစ်ဖက်သက်ဖြစ်နေတာ‌လေ၊ သူမင်းကို ဂရုစိုက်လို့လား ? မင်းကို လျစ်လျူရှုထားတဲ့ မိန်းကလေးလို့ ဘာလို့ အဲ့လောက်တောင် သဘောကျနေရတာလဲ ? ပြီးတော့ မင်းသာ သူ့ကို တကယ်သဘောကျရင် ဒီလောက်အကြာကြီး သူနဲ့မဆက်သွယ်ပဲ နေနိုင်တာလဲ? ဒါ အသိသာကြီးပဲလေ၊ မင်းပါးစပ်က သူ့ကို ဘယ်လောက်ပဲ ကြိုက်တယ်ပြောပြော မင်းစိတ်ထဲက သူ့ကိုဆန့်ကျင်နေတယ်"

"မဖြစ်...မဖြစ်နိုင်ဘူး?”

ရွမ်ထျန်း ခေါင်းမာမာဖြင့် ငြင်းဆန်လိုက်သည်။

“ကျွန်တော် သူ့ကို သဘောကျနေတာသေချာတယ်၊ သူက ကြင်နာတတ်တယ်၊ စာနာတက်တယ်၊ ပြီးတော့ တိရိစ္ဆာန်လေးတွေကို အရမ်းချစ်တက်တယ်”

"ရွမ်ထျန်း မားကို ဆက်ပြီးစိတ်ညစ်အောင်မလုပ်ပါနဲ့တော့လား? မား ချင်လိအကြောင်းမသိပဲ နေမလား? သူ့လိုလူက သူ မလုပ်ချင်တဲ့အရာတစ်ခုကို အတင်းအကျပ်လုပ်ခိုင်းတာမျိုး လက်ခံမှာတဲ့လား? မင်း ချင်လိကို စိတ်ပျက်အောင်လုပ်ရင် မားနဲ့ထိပ်တိုက်တွေ့မယ်ဆိုတာ မမေ့နဲ့”

ဟူရှစ်သည် မကျေမနပ်ဖြင့် ရွမ်ထျန်း နဖူးကို လက်ညိုးဖြင့် ထိုးလိုက်သည်။

ရွမ်ထျန်းသည် မိခင်ဖြစ်သူအား စည်းရုံးနိုင်ခြင်းမရှိပဲ ချင်လိနှင့်ဘဝကိုကောင်းမွန်စွာ နေထိုင်ပြီး သူ့အား စိတ်အနှောင့်အယှက်မပေးရန် ဆူပူဆုံးမခြင်းကိုသာ ခံခဲ့ရသည်။ ထို့အပြင် ချင်လိသည် ရွမ်ထျန်းအပေါ် ခံစားချက်များရှိနေကြောင်း ဟူရှစ်မြင်နေရသည်ဟုဆိုသည်။သူ ဖြတ်သန်းရာ သက်တမ်းတစ်လျှောက် တွင် လူပေါင်းများစွာနှင့်ကြုံဖူးပြီး သူ့ခန့်မှန်းချက်များသည် မှားယွင်းခြင်းမရှိနိုင်ဟု အခိုင်အမာ ပြောလာသည်။

ရွမ်ထျန်းသည် မိခင်ဖြစ်သူအား အရှုံးပေးပြီး သူ့စကားကို နာခံစွာ နားထောင်ကာ အခန်းထဲသို့ ပြန်လာခဲ့သည်။ မိခင်ဖြစ်သူ၏ ခန့်မှန်းချက်များမှာ ယခုတစ်ကြိမ်တွင် လုံးဝမှားယွင်းနိုင်သည်ဟု သူ့စိတ်ထဲတွင် သေချာပေါက် ကောက်ချက်ချလိုက်သည်။

မည်သို့ပင် ဆိုစေကာမူ သူ ချင်လိနှင့် အတူအိပ်ရမည့်ကိစ္စကို ရှောင်လွဲ၍ မရနိုင်တော့ပေ။ သို့ဖြစ်ရာ ရွမ်ထျန်းသည် ချင်လိရှေ့တွင် သူ့ပုံစံအမှန် မပေါ်စေရန် နောက်ထပ်နည်းဗျူဟာတစ်ခုကို စဉ်းစားလိုက်သည်။ထို့နောက် သူ ယနေ့ညတွင် အလွန်အ မင်း အိပ်မောမကျပဲ နိုးနိုးကြားကြားရှိနေခြင်းသာ အန္တရာယ်အကင်းဆုံးဖြစ်နိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူ ယနေ့ညကိုကျော်ဖြတ်နိုင်လျှင် ဘေးကင်းမည်ဟု ယူဆသည်။

ရွမ်ထျန်းသည် အအိပ်မက်သူဖြစ်ကြောင်း ဟူရှစ်ပြောခဲ့သည် မှာ မှားယွင်းနေသည်တော့မဟုတ်ပေ။ ရွမ်ထျန်းသည် အိပ်ရာကိုထိလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်တတ်သူ ဖြစ်သည်။ ပတ်ဝန်းကျင်၌ ဆူညံသံများ မည်မျှပင်ကျယ်လောင်နေစေကာမူ သူ့အိပ်စက်မှုအားထိခိုက်နိုင်ခြင်းမရှိပေ။သို့ဖြစ်ရာ နက်နက်ရှိုင်းရှိုင်း မအိပ်မိစေရန် ကြိုးစားရမည်မှာ သူ့အတွက် မလွယ်ကူသောပြဿနာတစ်ခုဖြစ်နေသည်။

ရွမ်ထျန်းသည် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် မေးစေ့ကိုလက်ဖြင့်ထောက်ကာ လေးလေးနက်နက် စဉ်းစားလိုက်ပြီး နောက်ထပ် လှည့်ကွက်တစ်ခုကိုသုံးရန် ဆုံးဖြတ်လိုက်သည်။

သူ ချက်ချင်းပင် မီးဖိုချောင်ထဲသွားကာ စိတ်ကိုလန်းဆန်းစေနိုင်သော လက်ဖက်ရည်ကို ရှာဖွေလိုက်သည်။ ထိုလက်ဖက် ရည်သည် သူ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုစဉ်က ရွမ်ချီဝယ်ပေးခဲ့ခြင်းဖြစ်ပြီး အထဲတွင်ပါရှိသော စိတ်ကိုလန်းဆန်းစေသည့်အာနိသင်မှာ အလွန်ပြင်းထန်သည်။ တစ်ခွက်သောက်ရုံနှင့်ပင် အိပ်ချင်စိတ်ကို ပြေပျောက်စေမည်ဖြစ်သည်။

ရွမ်ထျန်း လက်ဖက်ရည်ဖျော်နေစဉ် မီးဖိုချောင်ထဲဝင်လာသော ရွမ်ချီနှင့်သွားဆုံသည်။ ရွမ်ချီ ခွက်ကိုင်ပြီး စူးစမ်းစွာမေးမြန်းလာသည်။

“ကော ဘာတွေ ဖျော်နေတာလဲ ?”

ရွမ်ထျန်းသည် ညီမဖြစ်သူ၏အကြံပေးမှုကြောင့် ချင်လိနှင့်အတူအိပ်ရန် အကြောင်းဖန်လာခဲ့ပြီး သူ၏အဖိုးတန် ညတစ်ညအား စွန့်လွှတ်ရမည်ကိုစဉ်းစားမိပြီး ရွမ်ချီမေးခွန်းကိုပြန်မဖြေဘဲ သူ့လက်ထဲတွင် ကိုင်ထားသောခွက်ကို ကြည့်ကာ ပြန်မေးလိုက်သည်။

“နင်ရော ဒီမှာ ဘာလုပ်နေတာလဲ ?”

"ချင်ကော အိပ်မပျော်လို့တဲ့၊ အဲ့ဒါ မာမီက သူအိပ်ပျော်အောင် လက်ဖက်ရည် ဖျော်ခိုင်းလိုက်လို့”

ရွမ်ချိ ထိုသို့ပြောရင်း ရွမ်ထျန်းထံချဉ်းကပ်လာပြီး ပခုံးကို ပွေ့ဖက်ကာချော့လိုက်သည်။

"ကော ညီမကို စိတ်ဆိုးနေတာလား။?"

"..."

ရွမ်ထျန်းသည် ရွမ်ချီဘက်သို့ လှည်မကြည့်ဘဲ လက်ဖက်ရည်ကိုသာ အာရုံစိုက်ပြီးဖျော်လိုက်သည်။

ရွမ်ချီသည် ရွမ်ထျန်းထံမှ မည်သည့်တုံ့ပြန်မှုမှမရသဖြင့် ဆက် လက် ချော့မြူနေခဲ့သည်။

"စိတ်မဆိုးနဲ့တော့နော်၊ညီမ မှားသွားပါတယ်၊ နောက် ဒီလိုမလုပ်တော့ဘူး၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်" ဟုဆိုကာ သူ့လက်ညှိုးကိုထောင်လျက် စိတ်အားထက်သန်စွာ ကတိပေးခဲ့သည်။

"ဒီတစ်ခါတည်းပါ...နော်...နော်!"

"တကယ်လား ?" ရွမ်ထျန်း သံသယဖြင့် မေးလိုက်သည်။

ရွမ်ချီ ခေါင်းကို တဆတ်ဆတ် ညိတ်ပြရင်း

"အွန်း၊ နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေဘူး၊ ကတိ"

"ပြီးရော"

ရွမ်ထျန်း အနည်းငယ် စိတ်ပြေသွားသော်လည်း လိမ်ပြောလိုက်သည်။

"ငါလည်း အိပ်ပျော်အောင် လက်ဖက်ရည်သောက်မလို့ ဖျော်နေတာ"

"အိုး၊ ဒါဆိုလည်း တစ်လက်စတည်း ချင်ကောအတွက်ပါ တစ်ခွက်ဖျော်ပေးလိုက်ပါလား ? ညီမ ရေချိုးရဦးမယ်၊နောက်ကျနေပြီ"

ရွမ်ထျန်းသည် သဘာဝအတိုင်း ငြင်းဆန်ရန်အကြောင်းမရှိဘဲ လက်ခံလိုက်သည်။

သူ လက်ဖက်ရည်နှစ်ခွက်ဖျော်လိုက်ပြီး အိပ်ခန်းထဲသို့ ယူလာသည်။ သူ အိပ်ခန်းထဲရောက်ချိန်တွင် ချောင်ချောင်ချိချိ အိမ်နေအဝတ်အစားကို ဝတ်ဆင်ကာအေးစက်တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ကုတင်ခေါင်းရင်းကို မှီလျက် စာအုပ်ဖတ်နေသည့် ချင်လိကို သတိပြုမိလိုက်သည်။

ရွမ်ထျန်းအဝတ်အစားများသည် ချင်လိအတွက် Size သေးနေသဖြင့် ရွမ်ပိုင်ထန်၏ အဝတ်အစားများ ကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ ရွမ်ပိုင်ထန်သည် သူမဝတ်ရသေးသော အသစ်စက် စက် အိမ်နေအဝတ် အစားတစ်စုံကိုရှာပေးလာခဲ့သည်။

အိမ်နေအဝတ်အစား၏ဒီဇိုင်းနှင့် အရောင်မှာသိပ်ကြည့်ကောင်းခြင်း မရှိသော်လည်း ချင်လိ ဝတ်လိုက်သည့်အခါ ဖက်ရှင်ကျပြီး ခေတ်မီခမ်းနားသော အသွင်အပြင်မျိုးပေါ် လွင်နေသည်။ သူ၏ သန်မာ သော ခြေထောက်များကို ချိတ်ကာ သက်တောင့်သက်သာထိုင်နေပြီး အဝတ်အစား၏ပါးလွှာ သော အလွှာအောက်မှ သူ့ကြွက်သားမျှင်များကို ထင်ဟပ်နေသည်။ အိပ်ခန်းအတွင်းရှိ တောက်ပသောအလင်း ရောင်သည် ချင်လိ၏ပြီးပြည့်စုံသော မျက်နှာအနားသတ်ကိုပိုထင် ရှားစေသည်။ နက်ရှိုင်းသော မျက်လုံးများ၊ မြင့်မားဖြောင့်စင်း သော နှာတံနှင့် ခပ်ဖျော့ဖျော့ နှုတ်ခမ်းပါးသည် တည်ငြိမ် သောမျဥ်းဖြောင့်ပုံစံကိုဖော်ပြသည်။ ကြယ်သီးများကို ညီညာစွာ တပ်ဆင်ထားပြီး ကောင်းမွန်စွာချုပ်လုပ်ထားသော အိမ်နေအဝတ်အစားသည် အမျိုးသားတစ်ယောက်၏ကိုယ်ခန္ဓာတောင့်တင်းမှုကိုလျစ်ဟပြနေပြီး သူ့တည်ရှိမှုက လူအများကို ကြောက်ရွံ့ရိုသေစေကာ မည်သူမျှ ရင်းနှီးစွာချဉ်းကပ်ရဲသော အဆင့်အတန်းမြင့်မှုကို ဖော်ပြနေသည်။

ရွမ်ထျန်းသည် ချင်လိ၏ဆွဲမက်ဖွယ်အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် ခဏတာ တုန်လှုပ်သွားပြီး လက်ဖက်ရည်နှစ်ခွက်ကို ဘေးရှိစားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူ ရုတ် တရက် သတိရသွားသည်။ ခွက်နှစ်ခွက်ထဲတွင် မည်သည့်ခွက်က သူ့အတွက်ဖြစ်ပြီး မည်သည့်ခွက်က ချင်လိအတွက်ဖြစ်သည်ကို သူ မသိတော့ပေ။

စာအုပ်အား အာရုံစိုက်နေသော ချင်လိမျက်လုံးများသည် ရွေ့လျားလာပြီး ရွမ်ထျန်းပေါ်သို့ ပေါ့ပါးစွာ ကျရောက်လာသည်။

ရွမ်ရှောင်ထျန်း ရှက်ရွံ့သွားပြီး ချင်လီ သူ့အား ရယ်မပြလာစေရန် စိုးရိမ်တကြီးဖြင့် လက်ဖက်ရည်ခွက်တစ်ခုကို ကျပန်းရွေး ချယ်လိုက်ပြီး ကျန်တစ်ခွက်ကို ချင်လိထံပေးလိုက်သည်။

"ဒါ မင်းအတွက်" ဟု သူ ပြောလိုက်သည်။

ချင်လိ ခွက်ကိုယူပြီး လက်ဖက်ရည်ထဲရှိ လက်ဖက်ရွက်များကို စက္ကန့်အနည်းငယ်စိုက်ကြည့်ပြီးနောက် ရွမ်ထျန်းအား ကျေးဇူး တင်စကားပင်မဆိုပဲ ဖြည်းဖြည်းချင်း သောက်လိုက်သည်။

ရွမ်ထျန်းသည် ချင်လိ၏တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့ရာ သူ့ဘက်မှ မည်သည့်တုံ့ပြန်မှုမှ မရှိတော့မှ သူ ဒေါသထွက်သွားသည်။

"မင်း ငါ့ကို ကျေးဇူးတင်စကားတောင် မပြောရသေးဘူး!"

ရွမ်ထျန်း သတိပေးလိုက်သည်။

ချင်လိ နှုတ်ခမ်းကို စူထုတ်လိုက်ပြီး သူ့မျက်လုံးများတွင် အပူချိန်အနည်းငယ်ကျဆင်းသွားကာ လေးနက်သောအသံဖြင့် ပြောလာသည်။

"မင်း ငါ့ကို မင်းနဲ့မအိပ်စေချင်ဘူး မဟုတ်လား ?"

"ငါ သဘောထားက အရေးပါလို့လား?"

ထိုအကြောင်းပြောလျှင် ရွမ်ထျန်းမတရားသလိုခံစားရသည်။သူသည် အစမှအဆုံးအထိ သူ့သဘောထားကို ထုတ်ဖော်ပြော ဆိုခွင့်မရှိခဲ့ပေ။

“ဘာပဲဖြစ်ဖြစ် မင်း အခု ငါ့အခန်းထဲရောက်နေပြီလေ”

ချင်လိ မျက်နှာအနည်းငယ်ညှိုးသွားပြီး မနှစ်သက်သောအမူ အရာဖြင့် အေးစက်စက်ပြောလိုက်သည်။

"ဒီချိန်ကြီးမှ အပြင်ထွက်လို့လဲ အဆင်မပြေတော့ဘူး၊ ငါ ဒီတိုင်း ညအိပ်ရုံပဲ၊ ငါ့ကို ကြောက်မနေနဲ့၊ ၊ငါ့မှာ စည်းကမ်းရှိတယ်၊ မလုပ်သင့်တာတွေ မလုပ်ဘူး"

သူ ခဏရပ်ပြီးနောက် သူသည် လေးနက်သောအသံဖြင့် ဆက် လက်ပြောကြားခဲ့သည်-

"မင်းမလိုချင်ရင် တိုက်ရိုက်ငြင်းလိုက်လေ၊ မရှင်းမလင်းနဲ့ ငါ့ကိုနားလည်မှုလွဲအောင် လာလုပ်မနေနဲ့”

သူစကားပြောပြီးသည်နှင့် စာအုပ်ကိုဘေးတွင် လေးလံစွာချ ထားလိုက်ပြီး ရွမ်ရှောင်ထျန်းအား ကျောပေးကာလှဲလိုက်သည်။ သူသည် ကုတင်၏အစွန်းနှင့် အလွန်နီးကပ်စွာရှိနေသဖြင့် အနည်းငယ် လှုပ်လိုက်သည်နှင့် ပြုတ်ကျသွားနိုင် သည်။ ရွမ်ထျန်းဘက်တွင်တော့ ကျယ်ပြန့်သော ကွက်လပ်တစ်ခုရှိနေပြီး ရွမ်ထျန်းအားလုံးဝမထိဟူသော သူ့ကတိကို လိုက်နာခဲ့သည်။

ချင်လိ စိတ်ဆိုးသွားပုံရသည်။

ရွမ်ထျန်းသည် ချင်လိ မည်သည်ကို စိတ်ဆိုးသွားမှန်းရှင်းရှင်း လင်းလင်း မသိနိုင်ပဲ ချင်လိပြောခဲ့သော စကားများကို စဉ်းစားရင်း သူ့ခေါင်းထဲရှုပ်ထွေးနေပြီး အတွေးများကိုမစုစည်းနိုင်ခဲ့ပေ။

သာမာန်အားဖြင့် ချင်လီသည် သူနှင့်ငြင်းခုံရန် အလွန်ပျင်းရိသူဖြစ်ရာ ချင်လိ သူ့အ‌ပေါ် ပုံမှန်ဆက််ဆံပုံကိုသာ ပိုအသားကျနေခဲ့သည်။ သို့ဖြစ်ရာ ချင်လိရုတ်တရက် ဒေါသထွက်သော အခါ သူ မည်သို့တုံ့ပြန်ရမှန်းမသိသလို မည်သို့ဆက်ဆံရမှန်းလည်းမသိတော့ချေ။

သို့သော် ချင်လိ၏အပြုအမူကြောင့် သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေသော်လည်း ချင်လိရှေ့တွင် မသိသာစေရန် မည်သည့် ခံစားချက်မှမရှိသလို ဟန်ဆောင်ရန် တွေးလိုက်သည်။

ထို့နောက် သူခေါင်းမာစွာဖြင့် တုံ့ပြန်လိုက်သည်။

"ငါက မိန်းကလေးမှ မဟုတ်တာ၊မင်းကိုဘာလို့ကြောက်ရမှာလဲ? မင်းကသာ ငါ့ကို သတိထားရမှာ!"

သူ ဆက်ပြောလိုက်သည်။

"ငါငြင်းခဲ့တယ်လေ၊ ငါ တခြားသူနဲ့ မအိပ်ချင်ဘူးလို့ မပြောခဲ့ဘူးလား?”

ချင်လိ ရွမ်ထျန်းဘက်သို့ ပြန်လှည့်လာပြီး

"မင်းအရင်က ငါ့ကုမ္ပဏီလာပြီး ငါနဲ့မကြာခဏ အိပ်ခဲ့တယ်လေ”

ငါ အိပ်ရာထဲတော့ မင်း ဝင်အိမ်ပြီး မင်းအိပ်ရာထဲ ငါဝင်အိပ်လို့မရဘူးလား ဟူသော အဓိပ္ပာယ်ဖြင့် ချင်လိပြောလိုက်ခြင်းဖြစ်သည်။

"အဲ့ဒါ...အဲ့ဒါက မတူဘူးလေ"

ရွမ်ထျန်း ခေါင်းကုတ်လိုက်ရင်း သူ့ခေါင်းထဲထွက်လာသောအဖြေကို ချက်ချင်းချေပလိုက်သည်။

"အဲ့တုန်းက နေ့ခင်းဘက်ကြီး အိပ်တာလေ”

"နေ့နဲ့ည ဘာကွာနေလို့လဲ ? စိတ်ချ နောင် မင်းအိပ်ရာထဲ ငါ ဘယ်တော့မှ လာမအိပ်ဘူး၊ မင်းကိုလည်း ငါ့အိပ်ယာထဲမှာ ဘယ်တော့မှ မအိပ်ခိုင်းတော့ဘူး"

ချင်လိ၏အသံသည် ဝေးကွာသွားသကဲ့သို့ ဖြစ်နေသည်။

ရွမ်ရှောင်ထျန်းသည် ချင်လိအား နောက်ဆုတ်ပေးရန် စဉ်းစားထားပေမယ့် ချင်လိဘက်မှ ဆက်ပြီး ရန်လိုနေသေးသည့်အ တွက် သူဒေါသထွက်လာပြီး “ပြီးရောလေ၊ မင်း မအိပ်ချင်ရင် မအိပ်နဲ့၊ ငါလည်း မင်းအိပ်ရာပေါ်မှာဘယ်တော့မှ လာမအိပ်ဘူး”

သူ ပြောရင်း ဒေါသပိုထွက်လာပြီး လှည့်ကာ လက်ဖက်ရည်ခွက်ကို ကုန်အောင်သောက်လိုက်သည်။

သူ လက်ဖက်ရည်သောက်ပြီးနောက် ရဲဆေးတင်လိုက်သကဲ့သို့ ခွက်ကို စားပွဲပေါ်သို့အသံမြည်အောင်ချလိုက်ပြီး ချင်လိဘက်သို့ လှည့်ကာ ဒေါသတကြီးဖြင့်

"ငါ မင်းအတွက် လက်ဖက်ရည်ဖျော်လာတာကို မင်းက ကျေးဇူးတင်စကားတစ်ခွန်းမှ မပြောဘဲ ငါ့ကို ဒီလိုဆိုးဆိုးဝါးဝါးတောင် ဆက်ဆံလိုက်သေးတယ်၊ ဟွန်း! မအိပ်ချင်ရင် မအိပ်နဲ့။ မင်းပေးတဲ့ အချိုမုန့်တွေလည်း ငါ မစားတော့ဘူး၊ ပြန်ယူသွား၊ မင်းနဲ့လည်း အလုပ်တွဲမလုပ်ဘူး၊မင်း ငါ့ကို နောက်ဆို ဂရုစိုက်စရာမလိုတောဘူး”

ရွှမ်ရှောင်ထျန်း၏နှလုံးသားသည် ဒေါသနှင့်ဝမ်းနည်းခြင်းတို့ ရောနှောနေသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူ ချင်လိအား အားနည်းချက်ကိုမပြလိုသော်လည်း သူအကြိုက်ဆုံး အချိုတည်းစရာနှင့် မုန့်များကိုစွန့်လွှတ်ရမည်ကို မနှစ်သက်ချေ။ ထို့အပြင် ဤသို့အချင်းများရာမှတဆင့် ချင်လိ သူ့အား စိတ်ဆိုးပြီး လျစ်လျူရှုလာလိမ့်မည်ကိုစဉ်းစားပြီး ပိုလို့ပင် ဝမ်းနည်းကာစိတ်ပျက်အားငယ်လာသည်။

ချင်လိသည် ရွမ်ထျန်း၏မကျေမနပ်ဖြင့် ပြောလာသောစကားများကို နားထောင်ပြီး သူ့ရှေ့ကပြောခဲ့သော စကားများကိုပြန်တွေးကာ နောင်တရသွားသည်။

သူ မထိန်းနိုင်ပဲ စိတ်ပျော့သွားသည်။ သူ ရွမ်ထျန်းနှင့် အဆင် ပြေအောင် စကားအနည်းငယ်ပြောရန် ပြင်လိုက်စဉ်ရုတ်တ ရက် ပြတင်းပေါက်အပြင်ဘက်မှ ကျယ်လောင်သော မိုးချိန်းသံများ မြည်ဟီးသွားသည်။

ရွမ်ထျန်းအလွန်ထိတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးတုန် လှုပ်သွားကာ တွေးချိန်ပင်မရလိုက်ပဲ ကုတင်ပေါ်သို့ အမြန်ခုန်တက်လိုက်ပြီး စောင်အောက်ထဲ တစ်ကိုယ်လုံးတိုးဝင်လိုက်သည်။

ချင်လိသည် လှုပ်ရှားသံကြားလိုက်ရပြီး ကြောက်ရွံ့မှုကြောင့် ပူနွေးနေသော ရွမ်ထျန်း၏ခန္ဓာကိုယ်လေးသည် သူ့နားသို့ တိတ်တဆိတ် ချဉ်းကပ်လာပြီး သူ့အင်္ကျီအနားစအားညင်သာစွာကိုင်ကာ မည်သည့်စကားမှမဆိုပဲ သူ့ထံမှ လုံခြုံမှုကို တိတ်ဆဆိတ်တောင်းခံနေသကဲ့သို့ ခံစားလိုက်ရသည်။

ချင်လိ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းချကာ လက်ကိုမြှောက်ပြီး အခန်းမီးကိုပိတ်လိုက်သည်။

ချင်လိသည် ရွမ်ထျန်း သူနှင့်မအိပ်ချင်သည်ကို ဒေါသထွက်နေခြင်းမဟုတ်ပဲ အရှေ့ကတန့်ရူအား သဘောကျနေဆဲဖြစ် ကြောင်း သူ့အမေအား ပြောနေခဲ့သည်ကိုကြားသွားသော ကြောင့်ဖြစ်သည်။ ချင်လိ ထိုစကားကိုကြားသောအခါ ရုတ် တရက် သူ့ခေါင်းထဲတွင် ဒေါသများတစ်ဟုန်ထိုးတက်လာပြီး ရွမ်ထျန်းအား စိတ်ဆိုးကာ ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။

သို့သော် ရွမ်ထျန်း၏ မတရားခံစားရသည့် သနားဖွယ်အမူ အရာကို တွေ့ရသည့်အခါတိုင်း သူ့နှလုံးသားသည် မထိန်းနိုင်အောင် ပျော့ပြောင်းသွားတတ်သည်။

ရွမ်ထျန်း ထိုသို့ ခံစားနေရသည်ကို အနည်းငယ်မျှပင် မကြည့်ရက်နိုင်ပဲသူ့အား မည်သို့ ရက်စက်နိုင်မည်နည်း?

မျက်နှာကျက်ရှိတောက်ပနေသော အလင်းရောင်များ ပျောက်ကွယ်သွားပြီး အခန်းထဲတွင် မှောင်မည်းသွားသည်။ ပြတင်း ပေါက်အပြင်ဘက်တွင် လေပြင်းများတိုက်ခတ်နေပြီးကျယ် လောင်သော မိုးကြိုးပစ်သံများနှင့် သည်းထန်စွာရွာနေ‌သောမိုးရေစက်များသည် ပြတင်းပေါက်ဘောက်ကို လာရောက်ရိုက်ခတ်နေပြီး အခန်းထဲရှိ အမှောင်ထုအားပိုလို့ပင်ထိန်းမနိုင်သိမ်းမရဖြစ်စေသည်။

ရွမ်ရှောင်ထျန်း သူ့ဘေးတွင် အိပ်ပျော်နေသောချင်လိကြောင့် မူလပုံစံကို မပြောင်းလဲနိုင်ဘဲ ကြောက်စိတ်တို့ကို သက်သာစေရန် ကြောင်တစ်ကောင်လို ခွေအိပ်လို့မရသလို သူ့အမြီးကို ကိုင်အိပ်လို့လည်းမရသဖြင့် အကျပ်ရိုက်နေခဲ့သည်။

ပြတင်းပေါက်အပြင်ဘက်မှ မိုးချိန်းသံများထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ တစ်ကိုယ်လုံး တုန်လှုပ်လာကာ ချင်လိဘေးသို့ ပိုပိုနီးကပ်လာပြီး သူ ရှေ့ကပြောခဲ့သော ကြီးကြီး ကျယ်ကျယ်စကားများကိုပါ လုံးဝမေ့လျော့သွားခဲ့သည်။

မိုးခြိမ်းသံက ကြောက်စရာကောင်းလွန်းသည်။

ရွမ်ရှောင်ထျန်းသည် လှုပ်ရှားမှုမရှိသော ချင်လိကိုကြည့်ကာ အိပ်ပျော်သွားပြီဟု ထင်လိုက်သည်။ နောက်ဆုံးတွင် သူ ခြေ သည်း လက်သည်းများကို ချင်လိကိုယ်ပေါ် တိတ်တဆိတ်တင်ကာ သူ့ထံမှ လုံခြုံမှုကိုရယူလိုက်သည်။ ဤနည်းဖြင့် ချင်လိအိပ်ပျော်နေစဉ် သူအနားကပ်အိပ်ပြီး နိုးလာချိန်တွင် ခပ်ဝေးဝေးနေလိုက်လျှင် အဆင်ပြေသည်။

ရွမ်ရှောင်ထျန်း၏အကြံမှာ ကောင်းမွန်သော်လည်း သူချင်လိနားသို့ ရောက်သွားပြီးနောက် သူ့ခေါင်းမှာ ပိုပိုပြီးလေးလံလာမည်ဟု သူမထင်ထားခဲ့ပေ။ သူ အလွန်အိပ်ငိုက်လာပြီး အိပ်မပျော်သွားအောင် ကြိုးစားအားထုတ်ခဲ့သော်လည်း ပြင်းထန်သော ငိုက်မျဥ်းမှုကိုသည်းမခံနိုင်တော့ပေ။

သူ အိပ်မပျော်ခင် တစ်စက္ကန့်အလို၌ ချင်လိသောက်လိုက်သောလက် ဖက်ရည်နှင့် သူသောက်ခဲ့သော လက် ဖက်ရည် မှားယွင်းသွားပုံရသည်ကိုသာ ယောင်ဝါးဝါးသတိရလိုက်သည်။

သူ လက်လျော့လိုက်သည်!

ရွမ်ရှောင်ထျန်းသည် ကူကယ်ရာမဲ့စွာဖြင့် မတက်နိုင်တော့ပဲ သူ့စိတ်ကို လွှတ်ချလိုက်သည်။

အရမ်းအိပ်ချင်နေပြီ၊ငါ မရတော့ဘူး၊ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူး၊ ကောင်းကင်ကြီးပြိုကျလာရင်တောင် ငါနိုးမှ ကျန်တာဆက်ရှင်းတော့မယ်

ချင်လိသည် သူ့ပတ်ဝန်းကျင်တွင် အပူဓာတ်ကို ခံစားနေရပြီး အချိန်အတော်ကြာသည်အထိ အိပ်မပျော်ခဲ့ပေ။ သူသည် အ အိပ်စက်သူဖြစ်ပြီး အနည်းငယ်လှုပ်ရှားသည်နှင့် ချက်ချင်းနိုးလာတက်သည်။ ယခုမူ အိပ်ရာပြောင်းသွားသည်နှင့် အိပ်ပျော်ရန်ပိုခက်ခဲလာသည်။ အထူးသဖြင့် သူ့အားစိတ်လှုပ်ရှားစေ သော လူတစ်ယောက် သူ့ဘေးတွင် အိပ်ပျော်နေခြင်းကြောင့်ဖြစ်သည်။

သူ အိပ်ပျော်အောင် ကြိုးစားနေစဉ် ခဏအကြာတွင် ရွမ်ထျန်းသူ့ဘက်သို့ အတင်းတွန်းဝင်နေသလို ခံစားရသည်။ထိုအတိုင်းဆို သူအိပ်ရာမှ ပြုတ်ကျနိုင်ဖွယ်ရှိသောကြောင့် စောင်ကို မလိုက်ပြီး ရွမ်ထျန်းကျောဘက်ရှိ လွတ်နေသော တဖက်ခြမ်းသို့ ပြောင်းလိုက်သည်။

အံ့ဩစရာကောင်းသည်မှာ သူနေရာပြောင်းပြီးသည့်တိုင် ရွမ်ထျန်း သူ့အား အာရုံခံစားနိုင်ဆဲဖြစ်သည်။ ရွမ်ထျန်းအိပ်ပျော် နေသော်လည်း မသိစိတ်ဖြင့် သူ့အားလက်ဖြင့်လိုက်စမ်းနေခဲ့ပြီး လုံခြုံမှုရစေရန် သူ့အားထိတွေ့ဖို့လိုအပ်နေပုံရသည်။အထူးသဖြင့် မိုးကြိုးသံများထွက်ပေါ်လာချိန်တွင် သူ ချင်လီကို ပို၍တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားတတ်သည်။

ချင်လိသည် အတော်ညနက်မှ အိပ်ပျော်သွားကာ အိမ်မက်မက်နေသကဲ့သို့ သူ့ရင်ဘတ်ကို တစ်ခုခုမှ တက်ဖိထားသကဲ့သို့ အသက်ရှူကျပ်လာသလို ခံစားလိုက်ရသည်။

သူ အိပ်ချင်မူးတူးဖြင့် မျက်လုံးအနည်း ငယ်ဖွင့်ကြည့်လိုက်ပြီး သူ့ရင်ဘတ်ကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် ပျော့ပျောင်းနူးညံ့သော အမွေးအမှင်တစ်ခုကို ရုတ်တရက် ထိတွေ့မိသွားသည်။သူ ညှစ်ကြည့်လိုက်သောအခါ ထိုအမှီးသည် လှုပ်ရှားမှုရှိနေပြီး နွေးထွေးနေသည်ဟု ထင်ရသည်။

"!!!"

ချင်လိ ချက်ချင်းနိုးလာပြီး စောင်ကို မကာ မီးခလုတ်ကို လျင်မြန်စွာ ဖွင့်လိုက်သည်။

အခန်းတစ်ခုလုံး မီးလင်းသွားသော အခါ ချင်လိသည် လှပထူထဲပြီး နူးညံအိစက်နေသော အမွှေးပွအလုံးလေး တစ်လုံး ကောက်ကွေးကာ သူရင်ဘတ်ပေါ်တွင် ငြိမ်သက်လျက်အိပ် စက်နေသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

ဒါ..ဒါ ကြောင်တစ်ကောင်လား ? ?

စာရေးဆရာမှာ ပြောစရာရှိတယ်

ချင်လိ- ငါ့ဇနီးက ကြောင်အသွင်ပြောင်းသွားရင် ငါ ဘာလုပ်ရမလဲ ? QAQ

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment