no

Font
Theme

🔥 Chapter 75

ကြောင်မျိုးနွယ်စုများ၏ထုံးတမ်းအစဉ်လာအရ "သော့"အား ဘုရားကျောင်းသို့ ပို့ဆောင်ရန် အခမ်းအနားကို ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်ရသည်။ ထို့ ကြောင့် ၎င်းတို့ ရောက်ရှိသည့်နေ့တွင် “သော့” ကို ဘုရားကျောင်းသို့ ချက်ချင်းမပို့ပဲ နောက်တစ်နေ့မှသာ ပို့ဆောင်ရမည်ဖြစ်သည်။ ထိုကန့်သတ်ချက်များ သည် စိတ်ရှုပ်ဖွယ်ကောင်းသော်လည်း ထုံးတမ်းအစဉ်အလာများကို တိုက်ရိုက်ချိုးဖောက်ရန်မလွယ်ကူလှပေ။ အဓိကအ ကြောင်းအရာဖြစ်သော “သော့”ကို နန်းတော်သို့ ပြန်လည်ယူ ဆောင်လာနိုင်ခဲ့ပြီဖြစ်၍ တခြားကြီးကြီးမားမားအန္တရာယ်များ ရှိလာတော့မည်မဟုတ်ချေ။

ကြောင်မျိုးနွယ်စုများ၏နေရာသည် လူသားများနေထိုင်ရာနေရာနှင့်ကွာခြား မှုရှိသည်။ချင်လိရောက်ရှိရာနေရာ သည် ကျဉ်းမြောင်းသောအခန်းများနှင့် ရိုးရှင်းသောပရိဘောဂများပါဝင်သည့် သာမာန်နေအိမ်တစ်လုံးသာဖြစ်သည်။ သူနှင့်ရွမ်ထျန်းနေထိုင်ရန် နေရာချပေးထားသောအိပ်ခန်းသည် ထိုနေရာတွင် အကြီးဆုံးအိပ်ခန်းဟု ဆိုနိုင်သော်ငြားလည်း ချင်လိ ထိုအခန်းကို စိုက်ကြည့်ရင်းတောတောင်ထဲတွင် အိပ်ပျော်ရန် မလွယ်ကူနိုင်ဟု တွေးမိလုနီးပါးဖြစ်သွားရသည်။သူ အခန်းတွင်းရှိအိပ်ရာကို အပြင်သို့ဖယ်ထုတ်လိုက်သည်။ သို့မှသာ အနည်းငယ်နေရာပိုထွက်လာမည်ဖြစ်သည်။ အခန်းမှာ ကျဉ်းလွန်းလှသဖြင့် ထိုအိပ်ရာပေါ်လုံးဝအိပ်လို့ရနိုင်မည်မဟုတ်ပေ။ သူနှင့်ရွမ်ထျန်း ဝင်အိပ်လိုက်သည့်အခါ အခန်းထဲကျပ်သိပ်သွားပြီး နေရာလွတ်ပင်မကျန်တော့ချေ။ တဲတစ်လုံးထဲ ရောက်နေသလိုခံစားရသည်။ နောက်ပိုင်းတွင် အလွန်ပူးကပ်လွန်းသဖြင့် ရွမ်ထျန်းသည် သူ့မူလကြောင်အသွင်ကိုပြောင်းလဲကာ ချင်လိပေါ်လှဲအိပ်လိုက်မှသာ အနည်းငယ် သက်တောင့်သက် သာရှိသလို ခံစားရသည်။

ချင်လိသည် အိပ်ချိန်မှလွဲ၍ ထိုအခန်းထဲသို့ လုံးဝမဝင်ချင်ပေ။

ထို့အပြင် ချင်လိအတွက်အစားအသောက်နှင့်သွားလာလှုပ်ရှား မှုများတွင် အဆင်မပြေမှုများရှိနေခဲ့သည်။ ကျဉ်းမြောင်းသောအခန်း၊သေးငယ်သော အစားအသောက်များနှင့် သူ စီးနိုင်သည့် တိရစ္ဆာန်များမရှိပဲ Lilliput သို့ ခရီးထွက်နေသကဲ့သို့ ခံစားရသည်။ ဤတိုက်ကြီးရှိ သတ္တဝါအားလုံးသည် အလွန်သေးငယ်ကြပြီး ယုန်အရွယ်အစားသည် ၎င်းတို့ဒေသအတွက် ဧရာမသတ္တဝါဖြစ်နေသည်။

(T/N – Lilliput ဟူသည် စိတ်ကူးယဉ်ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး လူပုလေးများ နေထိုင်ရာနေရာဖြစ်သည်။)

သို့ဖြစ်ရာ ချင်လိကဲ့သို့ကြီးမားသော ဧရာမလူသားတစ်ဦး ရောက်ရှိလာပြီးနောက်တွင် သူ့အား မကြာခဏစောင့်ကြည့်ခြင်းကို ခံနေရသည်။

သူအစားစားနေချိန်တွင် ကြောင်အုပ်စုမှ ပုန်းအောင်းကား တီးတိုးပြောဆိုနေကြသည်။

"လူသားတွေက အစားအရမ်းစားနိုင်တာပဲနော်”

"အဲ့လောက်စားနေတာ သူ့ဗိုက်ပေါက်မထွက်ဘူးလား ?”

"လူတွေက ငါးစားရင် အဲ့လိုပဲ အရိုးတွေ ထွေးထုတ်ပစ်တာလား ?”

"သူ့အတွက် ထပ်ချက်ပေးရဦးမှာပေါ့၊ ကြည့်ရတာ ရွံစရာကောင်းလိုက်တာ"

"..."

သူ ရေချိုးနေစဉ် ကြောင်အုပ်စုမှပုန်းအောင်းပြီး တီးတိုးပြော ဆိုကြပြန်သည်။

"လူသားတွေ ဘာလို ရေချိုးကြတာလဲ ? သူတို့မှာ အမွှေးမရှိလို့လား ?”

"သူကြည့်ရတာ အရမ်းသက်တောင့်သက်သာရှိနေတဲ့ပုံပဲ၊ ငါတော့ ရေချိုးရတာ အမုန်းဆုံးပဲ”

"ကြည့်၊ ကြည့်၊ လူသားတွေရဲ့ ခန္ဓာကိုယ်က ဘာမှမရှိပဲပြောင်ရှင်းနေလိုက်တာ”

"ဝိုး...အဲ့ လူသားခန္ဓာကိုယ်ပေါ်မှာ ငါမြင်လိုက်တဲ့အရာက အရမ်းထူးဆန်းနေတယ်..."

"..."

ရွမ်ထျန်း ထိုအချိန်တွင် ရေချိုးရန် ချင်လိနှင့်ကမ်းစပ်တွင်ရှိနေခြင်းဖြစ်ရာ ထိုစကားများကို ကြားလိုက်ရချိန်တွင် သူ ဒေါသထွက်လုနီးပါးဖြစ်သွားခဲ့သည်။ ထို နှာဗူးမတစ်သိုက်အ ကြောက်အလန့်မရှိ သူ့ ခင်ပွန်းရေချိုးနေသည်ကိုချောင်းကြည်ရဲကြသည်လော ?

ရွမ်ထျန်း ချက်ချင်းပင် သူ့မူလပုံစံပြောင်းလိုက်ပြီး ထိုကြောင်အုပ်စုဆီသို့ ပြေးဝင်သွားကာ မောင်းထုတ်ရင်းနောက်တစ်ကြိမ် ပြန်လာဝံ့ပါက မျက်လုံးများကို ဖောက်ထုတ်ပစ်မည်ဟု ပြင်း ပြင်းထန်ထန် ခြိမ်းခြောက်ခဲ့သည်။

ရွမ်ထျန်းသည် ကြောင်အုပ်စုကိုမောင်းထုတ်ပြီးနောက်ပတ်ဝန်း ကျင်ကို စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ပွဲကြည့်ရန် ချီတက်လာကြသောယုန်တစ်သိုက်၊ ဘဲအုပ်စုနှင့်ဟန်းစတားအုပ်စုကိုပါ ထပ်မံမောင်းထုတ်လိုက်သည်။

ချင်လိသည် သူ့အဝတ်အစားကိုဝတ်လိုက်ပြီးနောက် ရွမ်ထျန်း ဒေါသတကြီး ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။သူ လူသားအသွင်ပြန်ပြောင်းပြီးနောက် ချင်လိရင်ခွင်ထဲသို့ လျင်။မြန်စွာခုန်ဝင်ကာ ဒေါသတကြီးပြောလိုက်သည်။

"သူတို့ မင်းကို ချောင်းကြည့်နေကြတယ်!"

ချင်လိသည် ရွမ်ထျန်း ဦးခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း နူးညံစွာပြောလိုက်သည်။

"ဒီကိုရောက်ပြီး ချောင်းကြည့်ခံရတာ အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင်ပဲ၊ သူတို့ကို ဂရုစိုက်မနေနဲ့"

"ဒါပေမယ့် သူတို့က မင်းရေချိုးနေတာကို ချောင်းကြည့်နေကြတာ”

ထိုကြောင်အုပ်စုသည် ချင်လိ၏ဗလာကျင်းနေသော ခန္ဓာကိုယ်ကို ချောင်းကြည့်ခဲ့ကြသည်။

"ဒီမှာ ရေချိုးဖို့ သင့်တော်တဲ့နေရာမရှိဘူး၊ နောက်ရက်နည်းနည်းကြာသွားရင် သူတို့ရဲ့စူးစမ်းချင်စိတ်တွေ ပျောက်သွားလိမ့်မယ်”

ချင်လိ ထိုသည်ကို ခေါင်းထဲသိပ်မထည့်ထားပေ။သူ့အတွက် ၎င်းတို့သည် တိရိစ္ဆာန်များသာ ဖြစ်၏။ တိရိစ္ဆာန်အုပ်ကြီး ချောင်းကြည့်နေသည်ကို မည်သူကဂရုစိုက်နေမည်နည်း?

ရွမ်ထျန်းသည် ချင်လိအား ပွေ့ဖက်ထားရင်းမကျေမနပ်ဖြင့် ပွတ်သပ်နေခဲ့သည်။ ထိုအချက်ကိုကြည့်လျှင် သူတွင် ချင်လိနှင့်ပတ်သတ်သည့် အသေးအဖွဲကိစ္စများကိုပင် အလွယ်တကူ မနာလိုစိတ်ဝင်နေမိကြောင်း သတိထားမိခဲ့သည်။

ထိုနေ့တွင် ၎င်းတို့ နေ့လည်ခင်း တစ်ရေးတစ်မောအိပ်စက်ခဲ့ကြသောကြောင့် တစ်ညလုံးကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ကြပေ။ အခန်းသည် ကျဉ်းလွန်းလှပြီး ဘေးဘက်ရှိပြတင်း ပေါက်မှတစ်ဆင့် အပြင်ဘက် ကောင်းကင်ရှိ လမင်းကြီးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ လမင်းကြီးသည် တောက်ပလွန်းနေပြီး အလင်းရောင်ကို ကမ္ဘာမြေ ပြင်ပေါ်သို့ ဖြန့်ကျက်ထားသည်။ နူးညံပြီး မိန်းမောဖွယ်ကောင်းသော အလင်းရောင်များက တိုက်ကြီးတစ်ခုလုံးကိုဖုံးအုပ်ထားသည်။

ရွမ်ထျန်းသည် ချင်လိ၏လက်မောင်းပေါ်တွင် ခေါင်းကို မှီထားရင်း ချင်လိအား တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ကျစ် ကျစ်အတွက် ၎င်းတို့ဘေးအခန်းတွင် စီစဉ်ပေးထားသည်။ ဤနေရာရှိလုံခြုံရေးအဆင့်သည် အလွန်မြင့်မားပြီး ပုံမှန်အားဖြင့်မည်သည့်အန္တရာယ်မှမရှိနိုင်ပေ။

"ဒီနေရာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်နော်၊ ထူးဆန်းတဲ့ တိရိစ္ဆာန်တွေအများကြီးရှိတယ်၊ တော်တော်များများက ဉာဏ်ရည်ထက်မြက်ပြီး ဆက်သွယ်ပြောဆိုနိုင်တယ်"

ရွမ်ထျန်းစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ငါတို့သွားစရာနေရာတွေ အများကြီးကျန်သေးတယ်၊ သုံးရက်က အရမ်းမြန်လွန်းနေသလိုခံစားရတယ်၊ဆည်းဆာငှက်တွေကိုလည်း မတွေ့ရသေးဘူး၊ အချိန်နည်းနည်းထပ်ရရင် သိပ်ကောင်းမှာပဲ”

ရွမ်ထျန်း မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

ချင်လိသည် ရွမ်ထျန်းအား ပွေ့ဖက်ထားရင်း ရွမ်ထျန်းပျော်ရွှင်မှုကို ခံစားမိသဖြင့် ခဏစကားမပြောဘဲ ငြိမ်နေလိုက်သည်။

ခဏအကြာတွင် ရွမ်ထျန်း တစ်ခုခုကို သတိရသွားသကဲ့သို့ ခေါင်းကိုအနည်းငယ်မော့ကာ ချင်လင်အား မျှော်လင့်တကြီး ပြောလာသည်။

"ချင်လိ၊ ငါ့မိဘတွေက ဒီမှာ ငါတို့အတွက် မင်္ဂလာပွဲလုပ်ပေးချင်တယ်တဲ့၊ မင်းရောဘယ်လိုထင်လဲ? ကောင်းလား?”

သူ့မျက်လုံးများတောက်ပနေပြီး ချင်လိအဖြေကို စိတ်လှုပ်ရှားစွာဖြင့် စောင့် မျှော်နေခဲ့သည်။

ချင်လိသည် ရွမ်ထျန်းဖြစ်ချင်သည့်အရာကို မည်သို့ငြင်းဆန်ရက်မည်နည်း?

"ကောင်းပြီလေ၊ မင်း ဘယ်လိုမင်္ဂလာဆောင်ချင်လဲ ?"

ရွမ်ထျန်း ထိုကိစ္စကို စိတ်လှုပ်ရှားစွာဖြင့် စတင်ပြောဆိုလာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်၊ အဓိကက မင်းနဲ့လက် ထက်ရဖို့ပဲ၊ မင်္ဂလာဆောင်အတွက်လိုအပ်တဲ့ အခြေခံလောက်ကို ငါတို့စီစဉ်ပြီး ဒီကဓလေ့ထုံးတမ်းတစ်ချို့ကို အလေးပေးပြီး နှစ်ခုပေါင်းစပ်ရမယ်၊ ဒါပေမယ့် အချိန်ကသုံးရက်ပဲရှိတော့ အားလုံး ရိုးရိုးရှင်းရှင်းနဲ့လုပ်လိုက်တာ ပိုကောင်းတယ်၊ ငါတို့ ဒီကိစ္စိကို မနက်ဖြန်ကျမှ ငါတို့ မိဘတွေနဲ့ တိုင်ပင်ပြီး အသေးစိတ်ဆွေးနွေးကြရအောင်”

"အင်းပါ၊ မင်း သဘော၊ကိုယ် မင်းပြောတဲ့အတိုင်း လုပ်မယ်” ချင်လိ ချစ်စနိုးဖြင့်ပြန်ပြောလိုက်သည်။

ရွမ်ထျန်းသည် ချင်လိအားထပ်မံတင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး ချင်လိလက်မောင်းပေါ် ခေါင်းတင်ကာ နှုတ်ခမ်းထောင့်ကို မြှင့်တင်လျက် သက်ပြင်းချလိုက်သည်။

"ဟိုဘက်ကမ္ဘာမှာကျန်ခဲ့တဲ့ ငါတို့ မိဘတွေလည်း ငါတို့မင်္ဂလာ ဆောင်မှာ ရှိနေရင်း အရမ်းကောင်းမှာပဲ၊ ဒါဆို ငါတို့အတွက်အရေးကြီးတဲ့သူတွေရဲ့ကောင်းချီးတွေကို တစ်ခါတည်းရသွားမှာ"

ချင်လိ ခဏတာငေးငိုင်သွားပြီး ရွမ်ထျန်းအား ပိုမိုပွေ့ဖက်လိုက်ပြီး သူ့ခေါင်းလေးကိုနမ်းလိုက်သည်။ ရွမ်ထျန်း၏ နူးညံအိစက်နေသော ဆံပင်များကို နမ်းရှိုက်ရခြင်းသည် အလွန်သက်တောင့်သက်သာရှိစေသည်။

ချင်လိ နမ်းလိုက်ချိန်တွင် ရွမ်ထျန်းအပြုံးက ပိုပြီးနက်ရှိုင်းလာသည်။ သူ ရှက်ရွံ့စွာဖြင့် ချင်လိရင်ခွင်ထဲတိုးဝင်လိုက်ပြီး ချင်လိနှင့် ပြုလုပ်မည့် မင်္ဂလာပွဲအတွက် မျှော်လင့်ချက်အပြည့်နှင့် စောင့်မျှော်နေခဲ့သည်။

ထိုညက ချင်လိမည်မျှကြာအောင် အိပ်ပျော်သွားမှန်းမသိပေမယ့်အိမ်မက်ဆိုးတစ်ခုကြောင့် ရုတ်တရက်လန့်နိုးလာခဲ့သည်။ သူ အိပ်နေရာမှာ ကမန်းကတန်းထထိုင်လိုက်ပြီး ဘေးကိုကြည့်လိုက်သောအခါ ရွမ်ထျန်းမရှိတော့ကြောင်းသိလိုက်ရသည်။

ချင်လိလန့်နိုးလာပြီး ခန္ဓာကိုယ်ကို ကွေးညွတ်ကာ အခန်းထဲမှထွက်လိုက်သည်။ သူ့စိတ်ထဲ နားမလည်နိုင်သည့်ခံစားချက်တစ်ခု ရှိနေသကဲ့သို့ သူ့အားတစ်နေရာသို့ ဦးတည်ကာ သွားရန် စေခိုင်းနေသည်။

အဝေးမှတောက်ပသော လရောင်သည် အဘယ်ကြောင့် မှိန်ဖျော့သွားမှန်း မသိနိုင်ပေ။ လမ်းတစ်လျှောက်တွင် မြူခိုးများဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်သည်တိတ်ဆိတ်ငြိမ်သက် နေလေသည်။

ချင်လိသည် ထိုလမ်းအတိုင်းလျှောက်သွားရင်း ထောင့်တစ်နေရာအရောက်တွင် ရုတ်တရက် ရွမ်ထျန်းပုံရိပ်ကိုတွေ့လိုက်ရသည်။ သူ ရွမ်ထျန်းထံသွားရန် ခြေလှမ်းပြင်လိုက်စဉ် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မော်ကိမ်းယီသည် ရွမ်ထျန်းဘေးရပ်နေသည်ကိုမြင်လိုက်ရသည်။

မော်ကိမ်းယီ မျက်နှာပေါ်တွင် လေးနက်သောအမူအရာရှိနေပြီး ရွမ်ထျန်းအား စိတ်အားထက်သန်စွာဖြင့်ပြောဆိုနေသည်။ ချင်လိသည် နံရံကို အခွင့်ကောင်းယူကာ နီးစပ်ရာနေရာသို့ အမြန်ရွေ့လိုက်ပြီး ၎င်းတို့ပြောဆိုနေကြသည်များကို သေချာကြားနိုင်ရန် နေရာယူလိုက်သည်။

မော်ကိမ်းယီသည် ရွမ်ထျန်းအား ၎င်းနှင့်ဇီဇီတို့သည် လူ့လော ကတွင် နေထိုင်ရန်မသင့်ကြောင်းနှင့် ဤနေရာသည်သာ ၎င်းတို့ နေထိုင်ရမည့် မူလအရပ်ဒေသဖြစ်ကြောင်း ပြောဆိုနေ သည်ကို ချင်လိကြားလိုက်ရသည်။ ရွမ်ထျန်းသာ ဤနေရာတွင်ဆက်လက်နေထိုင်ပါက ထီးနန်းကိုဆက်ခံနိုင်မည်ဖြစ်ပြီး ဤတိုက်ကြီးရှိမျိုးနွယ်စုအားလုံးကို ဦးဆောင်နိုင်မည်ဖြစ်ကာ လူသားများနေထိုင်ရာကမ္ဘာကြီးထက်ပိုပြီး လွတ်လပ်နိုင်မည်ဟု ဆိုသည်။

“ယီ”သည် ရွမ်ထျန်းအား မည်မျှလွမ်းဆွတ်နေကြောင်းနှင့် အကယ်၍ ရွမ်ထျန်းသာသေဆုံးသွားခဲ့လျှင် သူလည်း အတူလိုက်သေမည်ဟုမကြာခဏတွေးနေခဲ့ကြောင်း ပြောဆိုခဲ့ပြီး ရွမ်ထျန်းအား တင်းကြပ်စွာပွေ့ဖက်ထားသည်။ ၎င်းတို့အား ထားပစ်ခဲ့ပြီးထွက်မသွားရန်နှင့် ထိုအတိုင်းသာဆို ၎င်းနှလုံးသားကို ထုတ်ယူသွားသည်ထက် ပိုနာကျင်စေမည်ဖြစ်ကြောင်းပြောဆိုနေသည်ကို ကြားလိုက်ရသည်။

ချင်လိသည် ထိုစကားများကို ကြား လိုက်ရချိန်တွင် သူ့နှလုံး သားထဲသို့ ရေခဲတုံးများထည့်ထားသော အေးစက်သောရေများ လောင်းချလိုက်သကဲ့သို့အေးစက်တောင့်တင်းသွားသည်။ခဏအကြာတွင် ဒေါသမီးသည် သူ့ခြေဖဝါးမှအစပြုကာ တစ်ကိုယ်လုံးပျံ့နှံပြီး လောင်မြိုက်လာသည်။

ရွမ်ထျန်းသည် ချင်လိအားကျော‌ထားသဖြင့် သူ့မျက်နှာအမူအ ရာကို မြင်တွေ့ခြင်းမရှိပေ။ အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် ရွမ်ထျန်း၏အေးစက်သောအသံထွက်ပေါ်လာသည်။

"ကျွန်တော်လည်း ပါးနဲ့မားကို မထားခဲ့ချင်ပါဘူး၊ ဟိုဘက်ကမ္ဘာမှာ ကျွန်တော်အရမ်းပျော်ခဲ့ပေမယ့် ဒီကိုပြန်ရောက်တော့ ကိုယ့်အိမ်ကို ပြန်ရောက်နေသလို ခံစားရတယ်၊ ဒါပေမယ့် ချင်လိက ကျွန်တော့်ကိုလွှတ်ပေးမှာမဟုတ်ဘူး ? ပြီးတော့ ချင်မီကိုရောပဲ၊ ဒီကလေးက ချင်လိကလေးဆိုတော့ သူ့ကို ဒီမှာ ထားခဲ့ဖို့ ခွင့်ပြုမှာမဟုတ်ဘူး"

"စိတ်မပူပါနဲ့၊ သူ သုံးရက်ပဲနေမှာပါ၊ မင်း ကလေးကိုခေါ်ပြီး အရင်ပုန်းလိုက်လေ၊ သုံးရက်ပြီးရင်တော့ သူ ထွက်သွားမှာသေချာတယ်။"

မော်ကိမ်းယီ နှစ်သိမ့်လိုက်သည်။

"ဘယ်မှာ သွားပုန်းရမှာလဲ ? ပြီးတော့ ချင်လိကိုလည်း

မခွဲနိုင်ဘူး"

ချက်လိ ရွှမ်ထျန်းနှင့် သွားပြောဖို့ရာ လက်သီးဆုပ်လိုက်စဉ် ရုတ်တရက် လေပြင်းတစ်ချက်တိုက်ခတ်လာသည်။ မြေကြီးပေါ်ရှိ ရွှံ့နှင့် သဲများက သူ့မျက်လုံးထဲသို့ဝင်ကုန်သည်။ ချင်လိ မျက်လုံးများကို အကြာကြီးပွတ်ပြီးမှ ဖြည်းဖြည်းချင်း

ဖွင့်ရဲသည်။

သို့သော် မျက်လုံးများ ဖွင့်လိုက်သည်နှင့် ချင်လိ မော် သူ့အား သတိထားမိကြောင်း ရုတ်တရက်တွေ့လိုက်ရသည်။ မော်၏ အမူအရာသည် အလွန်ထူးဆန်းနေသည်။ ဖြည်းဖြည်းချင်း ၎င်းတို့ ပါးစပ်ထောင့်များသည် သူ့အားမကောင်းဆိုးဝါးဆန်သော၊ ထူးဆန်းကာ ကျေနပ်နေသော အပြုံးတစ်ခုပြုံးပြနေ သည်။

ရွှမ်ထျန်းကတော့ ချင်လိအား ကျောပေးထားပြီး လှည့်ကြည့်ခြင်းမရှိပေ။ ချင်လိ ထိတ်လန့်တကြားဖြင့် ရွှမ်ထျန်းဆီသို့ ပြေးသွားလိုက်သည်။

ထိုအချိန်တွင် မော်သည် ရွှမ်ထျန်းလက်တစ်ဖက်အား ရုတ်တ ရက် ဆွဲကိုင်ပြီး ရွှမ်ထျန်းကိုဆွဲကာ ရှေ့သို့ လျင်မြန်စွာပြေးသွားသည်။

ချင်လိသည် ခဏတာလိုက်ပြေးပြီးနောက် မြူခိုးထူထပ်စွာဖြင့် ရစ်ပတ်ခံထားရသည်။ သူသည် မြူခိုးများကိုဖယ်ရှားရန် စိုးရိမ်တကြီးဖြင့် လက်များကို ဝှေ့ယမ်းလိုက်သည်။ ခေါ်သွားခံလိုက်ရသည့် ရွှမ်ထျန်းကို လိုက်ဖို့ ကြိုးစားခဲ့သော်လည်း သူ့ခြေထောက်များက ရွှံ့ထဲနစ်နေသကဲ့သို့ ဖြစ်နေပြီး ဆွဲထုတ်လို့မရတော့ပေ။ ချင်လိသည် ဒေါသထွက်၊ ထိတ်လန့်၊ ကြောက်ရွံ့နေသည်။ သူသည် ထိုလက်ရှိအခြေအနေမှ ရုန်းမထွက်နိုင်ဘဲ ရွှမ်ထျန်းအားဝေးပြီးရင်း ဝေးရာသို့ခေါ်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။

သူ ဘယ်လိုမှ မမီနိုင်လောက်အောင် ဝေးကွာသွားသည်။ ချင်လိနှလုံးသားသည် ထိုခွဲခွာခြင်းအပြီးတွင် ရွှမ်ထျန်းအားပြန် လည်မြင်တွေ့ရတော့မည်မဟုတ်သကဲ့သို့ ကြောက်ရွံ့မှုများဖြင့် ချက်ချင်းဖုံးလွှမ်းသွားသည်။

ရုတ်တရက် သူ့ကို ဝန်းရံထားသော မြူခိုးများ ပျောက်ကွယ်သွားသည်။ ချင်လိ တွေဝေစွာဖြင့် ပတ်ပတ်လည်ကိုကြည့်လိုက်သော်လည်း ရွှမ်ထျန်းကို မမြင်ရတော့ပေ။ သူ ထိုစကားတစ်ခွန်းအား ရုတ်တရက် သတိရလိုက်သည်။ - မင်း ပုန်းနေလိုက်။

ငါ ဘာလုပ်သင့်လဲ ?

ငါ ဘာလုပ်ရမလဲ ?

ရွှမ်ထျန်းကို ဘယ်လို ပြန်ခေါ်ရမလဲ ?

"ဒီဟာတွေအားလုံး 'သော့' ကြောင့် ဖြစ်ရတာ" ဟူသော မရေမ ရာဖြစ်ပြီး သွေးဆောင်ဖြားယောင်းသောအသံတစ်ခု ရုတ်တ ရက် လေဟာနယ်ထဲမှထွက်ပေါ်လာသည်။

"သော့ မရှိရင် ရွှမ်ထျန်း မင်းကိုစွန့်ခွာသွားမှာမဟုတ်ဘူး၊ ကလေးကလည်း မင်းကို စွန့်ခွာသွားမှာမဟုတ်ဘူး။ ဒါတွေအားလုံး 'သော့' ကြောင့် ဖြစ်ရတာ၊ မင်းသာ ငါ့ကို 'သော့' ပေးမယ်ဆိုရင် ရွှမ်ထျန်းနဲ့ ကလေးကို မင်းဆီပြန်ပေးမယ်။"

ထိုအသံသည် ချင်လိ နားထဲဝင်ရောက်လာပြီး နားမှတစ်ဆင့်

သူ့နှလုံးသားထဲသို့ အရှိန်အဟုန်ပြင်းစွာဝင်ရောက်လာပြီး အချိန်အကြာကြီးလှည့်ပတ်နေသည်။

"ချင်လိ၊ ချင်လိ၊ ချင်လိ!"

စိုးရိမ်ပူပန်ပြီး အလျင်လိုနေသော အော်သံများ သူ့နားထဲရုတ် တရက်ထွက်ပေါ်လာသည်။ ချင်လိသည် တစ်စုံတစ်ယောက် သူ့အားလှုပ်နေသည်ဟု ခံစားရပြီး သူ့ခန္ဓာကိုယ်သည် မတည်မငြိမ် ဖြစ်လာသည်။ သူ ရပ်နေသော ကြမ်းပြင်သည်လည်း ပြိုကျသွားပြီး အက်ကွဲကြောင်းများသည် ပိုမိုကြီးမားလာကာ တုန်ခါမှုလည်းပိုမိုပြင်းထန်လာသည်။ ချင်လိ ဆက်လက်ရှောင် တိမ်းနေသော်လည်း ထွက်ပြေးမရတော့ဘဲ လေဟာနယ်ထဲသို့ ခြေချလိုက်မိပြီး အောက်ခြေမရှိသောအေးစက်သည့်ချောက်နက်ထဲသို့ ကျဆင်းသွားသည်။

ကျဉ်းမြောင်းသောအခန်းထဲ ရုတ်တရက်ဆိုသလို ချင်လိမျက် လုံးများဖွင့်လိုက်သည်။

သူ အိပ်မက်ဆိုးထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး အိပ်မက်နှင့် လက်တွေ့ကို ခွဲခြားမရနိုင်ပေ။ သူ ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်ရာ တစ်ချိန်တည်းမှာပင် နေထွက်နေပြီဖြစ် ကြောင်းတွေ့လိုက်ရသည်။ နွေးထွေးသောနေရောင် ခြည်သည် အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ့နှလုံးသားအား ဆုပ်ကိုင်ထားသကဲ့သို့ခံစားနေရသော ကြောက်ရွံ့မှုကိုချက် ချင်းဖယ်ရှားပေးလိုက်သည်။

ရွှမ်ထျန်းသည် ချင်လိအားစိုးရိမ်တကြီးဖြင့် ကြည့်သည်။ "အဆင်ပြေရဲ့လား" ဟု ပြောရင်း ခင်လိ နဖူးအပူချိန်ကိုစမ်းပြီး ချွေးများသုတ်ပေးရန်ပြင်လိုက်သည်။

ချင်လိသည် ရွှမ်ထျန်း၏ထိတွေ့မှုကို အရိပ်အယောင်မျှပင်မကျန်အောင် ခေါင်းလှည့်လိုက်သည်။ သူ ခပ်တည်တည်ဖြင့် ခေါင်းယမ်းပြီး "အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲ" ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အိပ်ပျော်နေရင်း မင်း ဆက်တိုက်စကားတွေပြောနေပြီး ဟို ဖက်လှည့် ဒီဖက်လှည့်နဲ့လှုပ်နေတာလေ၊ ဒါပေမဲ့ နိုးလို့လည်းမရဘူး ဖြစ်နေတာ၊ အိပ်မက်ဆိုး မက်ခဲ့တာလား ?"

"ဟုတ်တယ်၊ အိပ်မက်ဆိုးမက်ခဲ့တာ"

"ဘာအိပ်မက်မက်တာလဲ ?"

"ဘာမှ မဟုတ်ပါဘူး"

ချင်လိ စကားကို လျင်မြန်စွာပြောင်းလိုက်ပြီး "ဒီနေ့ 'သော့' ကို ဘုရားကျောင်းကို သွားပို့ရမှာမဟုတ်ဘူးလား ? အခမ်းအနား စပြီလား"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment