no

Font
Theme

🔥 Chapter 6

ကောင်းကင်တစ်ခုလုံး ကြယ်တာရာများဖြင့် တောက်ပလို့နေပြီး စည်ကားနေသော မြို့ပြကြီးသည် မီးအလင်းရောင်အောက်တွင် လင်းကျင်းလို့နေသည်။

စမ်းချောင်းတစ်ခုတွင် ဖြည်းညှင်းစွာ စီးဆင်းနေသောရေများကဲ့သို့ ညသည် တိတ်ဆိတ်ငြိမ်သက်စွာရွေ့လျားလျက်ရှိသည်။

ချင်လိသည် စတီယာရင်ဘီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် ကားကို အမြန်နှုန်းဖြင့်မောင်းလာသည်။

သူ ဤသို့ ဘေးကြပ်နံကြပ်ဖြစ်နေသော ခံစားချက်မျိုး တစ်ခုမှ မခံစားခဲ့ရဖူးပဲ စက္ကန့်နှင့်အမျှ ရှောင်ထျန်းရှေ့ကိုအမြန်ရောက်ချင်နေမိသည်။

ချင်လိသည် အန်တီဟူစကားများကို သံသယမဝင်ပဲ လက်ခံနိုင်သည်။ ထိုမတိုင်ခင်က အချက်ပြမှုတစ်ခုလည်း ရှိခဲ့သည်။ဆေးရုံတွင် ရွမ်ရှောင်ထျန်း ရုတ်တရက်အော့အန်ခဲ့ပြီး အနည်း ငယ်စိတ်ဆက်နေခဲ့သည်ကိုသူ ပြန်သတိရသွားသည်။

ရွမ်ရှောင်ထျန်း ထိုသို့ စိတ်တိုနေသည်မှာ ရှားရှားပါးပါးဖြစ်ပြီး ယခု အန်တီဟူ၏စကားများနှင့် ဆက်စပ်ကြည့်ပါက ကျိုးကြောင်းဆီလျော်ကာ အကုန်အဓိပ္ပာယ်ရှိသွားသည်။

သူ့နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး သူ့စိတ်ထဲတွင် စိုးရိပ်စိတ်များ တင်းကျပ်လာသည်။

ဤပြဿနာ၏အရင်းအမြစ်သည် သူဖြစ်သောကြောင့် ရှောင် လွှဲဖို့မကြိုးစားပဲ အဆုံးအစွန်ထိ တာဝန်ယူရန်ဆုံးဖြတ်ပြီးသားဖြစ်သည်။

"တင်းတောင်....တင်းတောင်...တင်းတောင်"

"ဒီအချိန်ကြီးမှ ဘယ်သူလာတာလဲ ? ဆူညံနေတာပဲ၊ ဘဲလ်ကို ဆက်မနှိပ်နဲ့တော့၊ လာပြီ!"

မိုးချုပ်မှရောက်လာပြီး ဆက်တိုက်ဆိုသလို မြည်နေသော ဘဲလ်သံကြောင့် ယန်ပိုင်ထျန်း ထိုင်ရာမှ ထပြီး တံခါးကိုအမြန်ဖွင့်လိုက်သည်။

သူ တံခါးကိုဖွင့်ပြီးနောက် သူ့ရှေ့တွင်ရပ်နေသော ချင်လိကို မြင်သောအခါ ရုတ်တရက်အံ့ဩသွားရသည်။

ချင်လိသည် မိမိပုံရိပ်ကို အထူးဂရုစိုက်သူဖြစ်သည်။ သူအပြင်ထွက်လျှင် ဝတ်စုံအပြည့်နှင့် သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးမှ ထွက်လေ့ရှိသည်။ သို့ဖြစ်ရာ ထိုသို့ အိမ်နေအဝတ်အစားများဖြင့် အလျင်စလိုထွက်လာခြင်းသည် သူ့အတွက် ရှားရှားပါးပါးဖြစ်ရပ်ပင်။

"အန်ကယ်ပိုင်”

ချင်လိ ဦးညွှတ်ကာ ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။

ယန်ပိုင်ထန် အံ့ဩနေသောမျက်နှာဖြင့် ကမန်းကတန်းပြန်ဖြေပြီး အိမ်ထဲဝင်ရန် ဖိတ်ခေါ်လိုက်သည်။

“အို၊ ချင်ချင်ပါလား ? လာ လာ အိမ်ထဲဝင် မပြောမဆိုနဲ့ ဘယ် လိုဖြစ်ပြီး ရောက်လာတာလဲ?”

ချင်လိသည် စိတ်လှုပ်ရှားစွာဖြင့် လိုရင်းကိုပြောလိုက်သည်။

“ကျွန်တော် ရှောင်ထျန်းကို လာတွေ့တာပါ”

ထိုသို့ဆိုရင်း သူ့မျက်လုံးများမှ အိမ်ထဲသို့ လှည့်ပတ်ရှာဖွေနေလိုက်သည်။

ဟူရှစ်သည် မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးကြောနေရင်း အသံကြားသဖြင့် အထဲမှထွက်လာသည်။ ထို့နောက် သူ ရှုပ် ထွေးသောအကြည့်ဖြင့် ချင်လိကို ကြည့်လိုက်ပြီး ရှောင်ထျန်းအိပ်ခန်းဆီသို့ညွှန်ပြလိုက်သည်။

“သူ့အခန်းထဲမှာ ရှိနေတယ်၊ ဝင်သွားလေ”

ချင်လိ ဝန်ခံလိုက်သည်။

"အန်တီ မာမီဆီ ဖုန်းဆက်တုန်းက ဘေးမှာ ကျွန်တော်ရှိနေတာမို့ အားလုံးသိပြီးပါပြီ"

ချင်လိသည် တည်ငြိမ်သူဖြစ်ပြီး မလိုအပ်ပဲ အမြဲတစေစကားစပြောလေ့မရှိပေ။သူ ဆက်ပြောရန်မရှိတော့သဖြင့် ဟူရှစ်ထံမှ တုံ့ပြန်လာမှုကိုသာ စောင့်ဆိုင်းနေသည်ဟု ရှင်းလင်းစွာ ဖော်ပြနေသည်။

ရွမ်ရှောင်ထျန်းအခန်းထဲတွင် ချင်လိအတွက် ဤအိပ်ခန်းသည် သူ့ကိုယ်ပိုင်အခန်းထက်ပင် ပိုရင်းနှီးနေသည်။

သူ တံခါးကို နှစ်ကြိမ်ခေါက်လိုက်ပြီး တစ်ဖက်မှ မည်သည့်တုံ့ပြန်မှုမှမရှိသဖြင့် သူစိတ်မရှည်တော့ပဲ တံခါးကို တွန်းဖွင့်လိုက်သည်။

အိပ်ခန်းတစ်ခုလုံးသည် နွေးထွေးသော အငွေ့အသက်ကိုခံစားရစေပြီး အိပ်ရာအား နူးညံသောခပ်ပွပွအရာများ ခင်းထားပြီး အိပ်ရာဘေးတစ်ဝိုက်တွင်လည်း အမွှေးပွအရုပ်အများအပြား ဝိုင်းရံထားပြီး သူ့အား ကာကွယ်ထားသကဲ့သို့ရှိနေသည်။

နံရံတွင် သူယခင်က ရိုက်ကူးထားခဲ့သော ဓာတ်ပုံတချို့ချိတ် ဆွဲထားသည်။ ဓာတ်ပုံထဲတွင် နေကာမျက်မှန်တပ်ထားသော ဆယ်ကျော်သက်လူငယ်တစ်ယောက် ကမ်းခြေတွင် တောက်ပ သောအပြုံးဖြင့်ရပ်နေသည်။ နောက်တစ်ပုံမှာ နေကြာပန်းခင်းထဲတွင်ဖြစ်သည်။ ချောမောလှပသောဆယ်ကျော်သက်လေးသည် နေကြာပန်းကို နူးညံစွာနမ်းရှုံနေပုံမှာ နေကြာပန်းထက်ပင် ပိုတောက်ပနေခဲ့သည်။

ချင်လိသည် ဓာတ်ပုံများကိုကြည့်လိုက်ပြီးနောက် အိပ်ရာပေါ်က လူငယ်လေး ဆီသို့ အကြည့်ရောက်သွားသည်။

ချင်လိသည် ကုတင်ပေါ်တွင် ဘေးတစ်စောင်းအနေထားဖြင့် လဲလျောင်းနေရင်း အမွေးပွကြောင်ရုပ်လေးကို ပွေ့ဖက်လျက် ဖုန်းဖြင့် ဂိမ်းဆော့နေသည်ကိုတွေ့လိုက်ရသည်။

တီရှပ်အဖြူနှင့်ပေါင်အထက်ထိသာ ရှိသောအနက်ရောင် ဘောင်းဘီတိုကိုဝတ်ဆင်ထားပြီး ဖြောင့်တန်းကာ ဖြူဖွေးအုဖက်နေသော ခြေတံရှည်နှစ်ဖက်မှပေါင်အတွင်းသားကို အထင်းသား‌ပေါ်လွင်နေသည်။သူ့ခြေထောက်များသည် အခွံခွာထားသော ကြက်ဥကဲ့သို့ ဖြူဖွေးနေပြီး ခြေချောင်းများမှာ သပ်သပ်ရပ်ရပ်နှင့်လှပပြီး ရှေ့လက်သည်းများမှာ ဖြူဖွေးဝိုင်းစက်လျက်ရှိသည်။ သူ သီချင်းကို ခပ်တိုးတိုးဆိုနေရင်း သူ့ခြေထောက်များကို ဟန်ချက်ညီညီလှုပ်ရှားလျက်ရှိသည်။

ထိုစွဲမက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် ချင်လိစိတ်ကို ထိန်းမနိုင်သိမ်းမနိုင်ဖြစ်စေခဲ့ပြီး အောက်ပိုင်းမှ ထောင်မတ်လာသောအရာကို ငြိမ်းသတ်ရန် စိတ်ကိုတည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားလိုက်သည်။

ရွမ်ရှောင်ထျန်း ဂိမ်းကစားရင်း တစ်စုံတစ်ခုကိုသတိထားမိသွားသကဲ့ ရုတ်တရက်လှည့်ကြည့်လိုက်ရာ ချင်လိ၏စူးရှသောအကြည့်များနှင့်ပက်ပင်းတိုးမိသွားသည်။

သူ့အမူအရာက တစ္ဆေတစ်ကောင်ကို တွေ့လိုက်သကဲ့သို့ လန့်ဖြတ်သွားသည်။

"မင်း ငါ့အခန်းထဲ ဘယ်လိုလုပ်ရောက်နေတာလဲ ?” သူ တုန် လှုပ်စွာ မေးလိုက်သည်။

ချင်လိသည် သူ့စိတ်လှုပ်ရှားမှုကို ထုတ်မပြပဲ သူ့မျက်စိရှေ့ရှိအလှလေးကို ကြည့်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။

“အခုပဲ ရောက်တာ”

ချင်လိ တဖြေးဖြေးနှင့် စိတ်မသက်မသာဖြစ်လာသည်။

"နောက်ကျနေပြီ ဒီချိန်ကြီး ဘာလာလုပ်တာလဲ ?”

"မင်းကို ပြောစရာရှိလို့၊ မျက်နှာချင်းဆိုင်ပြောမှ ဖြစ်မှာ”

"အမ်"

"မင်း ငါ့ကို ပြောစရာတစ်ခုခု မရှိဘူးလား ?"

"..."

"ဟေး...မင်း တကယ်ပဲ ငါ့ကို ဘာမှပြောစရာ မရှိဘူးလားလို့ ?"

ရွမ်ရှောင်ထျန်း နှုတ်ဆိတ်နေခဲ့သည်။ ချင်လိ၏စကားအသွား အလာကိုကြည့်ခြင်းဖြင့် အဖြစ်မှန်ကိုသိပြီး ရောက်လာခြင်းဖြစ်ကြောင်းသူမှန်းဆလိုက်သည်။ သူ ငိုချင်သွားသည်၊ ချင်လိအနေဖြင့် အမှန်ကို ၉၀%ခန့် သိရှိပြီး ကျန် ၁၀%မှာ သူ့စိတ် သက်သာရာကိုရှာဖွေခြင်းဖြစ်သည်ကိုတွေ့ရသည်။

ရှောင်ထျန်းဘက်မှ ထုတ်ပြောလာမည်မဟုတ်ကြောင်းချင်လိသိသောကြောင့် သူ ဆက်ပြောလိုက်သည်။

“မင်းမားဖုန်းဆက်ပြီး မင်းအကြောင်းတွေအကုန်ပြောပြီးပြီ”

ရှောင်ထျန်း စောင်ဖြင့်မျက်နှာကို ဖုံးအုပ်ထားလိုက်သည်။ဘောင်းဘီမှာအလွန်ပါးလွှာသောကြောင့် သူ၏ဝိုင်းစက်ပြီး လှပသော တင်ပါးများကို ဖုံးကွယ်ထားနိုင်ခြင်းမရှိဘဲ အတွင်းပိုင်းရှိ ဖြူဖွေးသောအသားစိုင်များကိုလှစ်ဟပြနေသည်။

ချင်လိ မထိန်းနိုင်ပဲ ထိုညက သူ၏နူးညံ့အိစက်နေသောခန္ဓာကိုယ်ကိုအား ထိတွေ့ခဲ့သည်အချိန်ကို ပြန်တွေးမိသွားသည်။ ထိုစဉ်က နက်ရှိုင်းသောအထိ အတွေ့များသည်သူ့လက်ချောင်းထိပ်တွင် ရစ်ပတ်နေဆဲဖြစ်ပြီးမသိစိတ်ဖြင့် သူ့လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

"ရွမ်ရှောင်ထျန်း”

ချင်လိ ခပ်တိုးတိုး ခေါ်လိုက်သည်။

ရွမ်ရှောင်ထျန်းယုစောင်အောက်တွင် အချိန်အတော်ကြာအောင်ရုန်းကန်ပြီးမှ နောက်ဆုံးခေါင်းထွက်လာသည်။ နူးညံပျော့ပျောင်းသောဆံပင်များ၊ ဝိုင်းစက်နေသောမက်မွန်သီးမျက်လုံးများ၊မျက်လုံးထောင့်ရှိလခြမ်းသဏ္ဍန် ပြီးပြည့်စုံသောအဆုံးသတ်က သူ့အလှအား ပြီးပြည့်စုံအောင် မီးမောင်းထိုးပြနေသကဲ့သို့ ရှိသည်။

"မင်း ရယ်လိုက်စမ်းပါ၊ မင်း ငါ့ကို လှောင်ဖို့ရောက်လာတာမဟုတ်လား?”

သူ မကျေမနပ်ဖြင့် ကိုယ့်ကိုကိုယ် ရွံ့ရှာစက်ဆုပ်နေသကဲ့သို့ ပြောလိုက်သည်။

ဤသည်ကို ကြားတော့ ချင်လိက “ဒါ ဘယ်လို ဟာသလဲ ?"

"မင်း ငါ့ကို ရယ်ဖို့ ရောက်လာမဟုတ်ဘူးလား?”

ချင်လိသက်ပြင်းချလိုက်ပြီး

"ရယ်စရာလား ? ဒီကိစ္စ ဘယ်လိုဆက်လုပ်မယ်ဆိုတာ မသိသေးပေမယ့် ဒီကလေးက ငါနဲ့ပတ်သတ်နေတာဆိုတော့ ငါတာဝန်ယူမယ်”

ထိုမှသာ ရွမ်ရှောင်ထျန်း စိတ်သက်သာရာရသွားခဲ့သည်။

သူ ငါ့ကိုလှောင်ပြောင်ဖို့ ရောက်လာတာ မဟုတ်ဘူးပဲ...

"ငါအန်ကယ်တို့နဲ့ စကားအရင်ပြောလိုက်ဦးမယ်၊ မင်း ဘောင်း ဘီလဲဝတ်ပြီးထွက်လာခဲ့” ချင်လိ ညွှန်ကြားလိုက်သည်။

"ဘာလို့ လဲရမှာလဲ ?”

ချင်လိအနည်းငယ်စောင်းကြည့်ကာ

"မင်း ဘောင်းဘီကိုကြည့်စမ််း၊ ဘယ်လောက် တိုလိုက်လဲ၊ အန်တီက ဘယ်လိုပဲ မင်းအမေဖြစ်နေပါစေမိန်းကလေးနဲ့ ယောင်္ကျားလေးဆိုတာ ကွာခြားမှုတော့ရှိတာပဲ၊ မင်းကိုယ် မင်း လုံလုံခြုံခြုံနေမှပေါ့”

"ငါ့ဘာသာ ဘာဝတ်ဝတ်ပေါ့၊ လာပိတ်ပင်မနေနဲ့"

ရွမ်ရှောင်ထျန်း ပြန်လည်ချေပလိုက်သည်။

သူ အမြဲတမ်းငါ့ကိစ္စတွေကို ဝင်ဝင်ရှုပ်နေတာ

စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!

ချင်လိ အခန်းထဲမှ ထွက်လာပြီးနောက် ယန်ပိုင်ထျန်းသည် စကားပြောရန် ထမင်းစားပွဲဆီသို့ခေါ်လိုက်သည်။ ဟူရှစ်သည် သောက်ရန်အတွက် လက်ဖက်ရည်ပြင်ဆင်ပေးပြီး ၎င်းတို့ ပြောနေသည်ကိုနားထောင်နေခဲ့သည်။

ခဏအကြာတွင် ရွမ်ရှောင်ထျန်းအိပ်ခန်းထဲမှ ထွက်လာသည်။ ဘောင်းဘီတိုအစား ဘောင်းဘီရှည်ကို ပြောင်းဝတ်ထားသည်ကိုတွေ့ရသည်။

သူ့ရုပ်ရည်သည် လှပလွန်းသဖြင့် မည်သည့်အဝတ်အစား ဆံပင်ပုံစံနှင့်မဆိုလိုက်ဖက်သည်။ ဖရိုဖရဲဝတ်စားသည့်တိုင် ကြည့်ကောင်းနေသေးသည်။

ဟူရှစ်သည် သားဖြစ်သူ လက်ဖက်ရည်ငဲ့ပေးလိုက်ပြီး သူ့လက်ကို ဆွဲကိုင်ကာ ချင်လိနှင့် မည်သည့်အကြောင်းအရာများပြောခဲ့သည်ကိုစုံစမ်းမေးမြန်းလေသည်။

ရွမ်ရှောင်ထျန်းသည် မိခင်ဖြစ်သူ၏သစ္စာဖောက်မှုကို သတိရသွားကာ မေးစက်သော မျက်လုံးများဖြင့်စောင်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ "ဟင်း~..." ဟု စိတ်ဆိုးနေသံပြုလိုက်သည်။

ဟူရှစ် သားဖြစ်သူထံမှ မည်သည့်တုံ့ပြန်မှုမှမရသဖြင့် ချင်လိ ပြောလာမည့်စကားကိုသာ စောင့်ဆိုင်းနေခဲ့သည်။

ယန်ပိုင်ထျန်းသည် ချင်လိနှင့်သူ့မိသားစုအကြောင်း စကားစပြောကာ သူ့အဖေ၏ကျန်းမာရေးကို မေးမြန်းပြီးနောက် အဓိကကိစ္စသို့ ခေါင်းစဉ်ပြောင်းလိုက်သည်။

ချင်လိလည်း ရှောင်ထွက်ခြင်းမရှိပဲ စိတ်ရင်းမှန်ဖြင့် ပြတ်ပြတ်သားသားပြောခဲ့သည်။

"ကျွန်တော် ရှောင်ထျန်းကိုတာဝန်ယူပါ့မယ်၊ သူသဘောတူရင် သူ့ကိုတစ်သက်လုံး စောင့်ရှောက်သွားပြီး လူ့လောကထဲ ရောက်မယ့် ကလေးကိုလည်း ပြုစုပျိုးထောင်ပေးမယ်၊ သူတို့ကို အကောင်းဆုံးအုပ်မိုးပေးထားပြီး ဘဝတစ်လျှောက် ဘယ် လိုအနှောင့်အယှက်မျိုးမှမကြုံတွေ့ပဲ ပေါ့ပေါ့ပါးပါးနေနိုင်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားမယ်၊ဒါကျွန်တော့်အမှား ကြောင့် ဖြစ်ရတာပါ၊ ကလေးရဲ့သွေးသားထဲမှာ ကျွန်တော့်အစိတ်အပိုင်းလည်းပါနေတယ်၊ ဒီညပြန်ရောက်ရင် ကျွန် တော်မိဘတွေနဲ့တိုင်ပင်မယ်။ သူတို့သဘောတူလိမ့်မယ်လို့ ယုံကြည်တယ်။ မတူရင်လည်း ကျွန်တော် ဆုံးဖြတ်ထားတဲ့အတိုင်းပဲ ဆက်လုပ်ဖို့စဉ်းစားထားပါတယ်”

ချင်လိ ထိုသို့ ဆိုလိုက်ပြီးနောက် ယန်ပိုင်ထန်နှင့် ဟူရှစ်တို့တစ်ယောက်မျက်နှာတစ်‌ယောက်ကြည့်လိုက်ကြသည်။ ၎င်းတို့ ထိတ်လန့်တုန်လှုပ်သွားကြသည်မှာ ထင်ရှားနေသည်။

ချင်လိသည် "နှစ်ယောက်လုံးကို စောင့်ရှောက်သွားမယ်” ဟူ သော စကားလုံးများကို ဤမျှချောမွေ့အောင် ပြောသွားနိုင်မည်ဟု ၎င်းတို့ မမျှော်လင့်ထားချေ။ ထိုစကားများမှာကြိမ်ဖန်များ စွာအလွတ်ကျက်ထားသကဲ့သို့ သဘာဝကျကျပြောထွက်လာခြင်းဖြစ်သည်။

ဘေးတွင်ထိုင်နေသော ရွမ်ရှောင်ထျန်းသည် အချိုမုန့်ကိုလက် တွင် ကိုင်ပြီး ဝါးနေရင်း ရုတ်တရက်ပြောလိုက်သည်။

"ငါ့ကလေးကို ငါ စောင့်ရှောက်နိုင်တယ်၊ ပြီးတော့... ဒီကလေးက မင်းကလေး ဟုတ်ချင်မှ ဟုတ်မှာ”

ထိုစကားပြောသည်နှင့်တပြိုင်နက် မီးဟုန်းဟုန်းတောက်လောင်နေသော မျက်လုံးသုံးစုံ သူ့ဘက်သို့ရောက်ရှိလာပြီး အထင်သေးစွာ စိုက်ကြည့်နေကြသည်ကို ခံစားလိုက်ရသည်။

ဟူရှစ် ဒေါသတကြီး အော်လိုက်သည်။

“မင်း တခြားသူတွေနဲ့ ရှုပ်ခဲ့သေးတာလား ?"

"မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော် အဲ့လိုပြောချင်တာမဟုတ်ပါဘူး!"

ရွမ်ရှောင်ထျန်း ထိတ်လန့်သွားပြီး သူ့ရင်ဘတ်ကိုဖိရင်း ငြင်း ဆန်လိုက်သည်။

"ကျွန်တော် ဘယ်သူနဲ့မှ မရှုပ်ခဲ့ဘူး၊ ကျွန်တော်ပြောချင်တာ ဒါ တစ္ဆေတွေ၊ နတ်ဆိုးတွေကြောင့်လည်း ဖြစ်နိုင်တာပဲလေ!"

အကယ်၍ သူအမှန်တိုင်းပြောမိပါက ထိုစူးရှသော အကြည့်အောက်တွင် အသက်ခံရနိုင်သည်။

"ဘယ်က တစ္ဆေတွေ၊ နတ်ဆိုးတွေအကြောင်း လာပြောနေတာလဲ? အခုခေတ်မှာအဲ့လိုအယူအဆတွေ မရှိတော့ဘူး!သိပ္ပံခေတ်ကြီးထဲမှာ အဓိပ္ပါယ်မရှိတဲ့ကိစ္စတွေ ဘာလို့လာပြောနေတာလဲ? နောက်တစ်ခါ မင်း ဒီလိုထပ်ပြောလာရင် မာမီ မင်းကို ရိုက်မှာနော်”

ဟူရှစ် ထိတ်လန့်နေရင်း သားဖြစ်သူကိုခြိမ်းခြောက်လိုက်သည်။

ရှောင်ထျန်း နှုတ်ခမ်းကိုစူထုတ်ပြီး အချိုမုန့်ကိုသာ ဆက်ပြီး အာရုံစိုက်ဝါးနေလိုက်တော့သည်။ ၎င်းတို့၏ ငြီးငွေ့ဖွယ်ကောင်းသော စကားဝိုင်းထဲတွင် သူ ဆက်မပါချင်တော့ပေ။

သူသည် သူ့ကိုယ်သူနှင့် သူ့ကြောင်များကို အမှန်တကယ် ထောက်ပံ့ပေးနိုင်စွမ်းရှိသည်။ ထို့အပြင် ဤလောကတွင် နတ်ဆိုးများနှင့် သရဲတစ္ဆေများ အမှန်ပင်ရှိနေကြသည်။

ကျစ်...ဒီမိုက်မဲတဲ့ လူသားတွေ...ငါပြောတာကို မယုံရင်နေပေါ့!

ထိုညတွင် ချင်လိသည် သူ့မိဘများနှင့်သေချာစကားပြောဆိုခဲ့သည်။ ချင်လိ၏ခိုင်မာသော သဘောထားကြောင့် ရွမ်ရှောင်ထျန်းမိဘများ အားရစေခဲ့ပြီး သူ့အားချစ်ခင်လေးစားသော အကြည့်များဖြင့်ကြည့်နေခဲ့ကြသည်။

ရွမ်ရှောင်ထျန်း တိတ်ဆိတ်စွာဖြင့် အချိုမုန့်များကိုတစ်ဝက်နီးပါး ထိုင်စားလိုက်သည်။ ဤသည်ကို ဟူရှစ်သတိထားမိသွားပြီး သူ့လက်ထဲရှိ အချိုမုန့်ကိုအတင်းဆွဲယူလိုက်သည်။

"အချိုတွေ အရမ်းမစားရဘူး"

ထို့နောက် ဟူရှစ်မုန့်ထည့်ထားသော ပန်းကန်ကိုဘေးသို့ရွေ့လိုက်ပြီး

"မစားနဲ့တော့၊ ချင်လိ ပြန်တော့မယ်၊ လိုက်ပို့ပေးလိုက်"

ရွမ်ရှောင်ထျန်းသည် အချိုမုန့်များပေနေသော နှုတ်ခမ်းတစ် ဝိုက်ကို လျှာဖြင့်သပ်ရင်း စိတ်မပါပဲ ထကာ ချင်လိနောက် လိုက်သွားသည်။

၎င်းတို့ ဓာတ်လှေကားသို့ရောက်သောမခါ ချင်လိ ဓာတ်လှေ ကားခလုတ်ကို နှိပ်လိုက်ပြီး "မင်း ဘာစားချင်လဲ ? မနက်ဖြန် ယူလာပေးမယ်"

အစားအသောက်အကြောင်းကိုကြားသည်နှင့် ရွမ်ရှောင်ထျန်း မျက်လုံးများ တောက်ပလာသည်။

"ဆန်လုံးခေါက်ဆွဲ၊ အချိုမုန့်၊ matcha mousse၊ ပြီးရင် ကြက်ဥပူတင်း၊ ခရင်မီပူတင်း စားမယ်"

သူ အလျင်အမြန် ပြောလိုက်သည်။

သူ စားချင်သော အချိုမုန့်ကို တရစပ်ပြောပြီးနောက်တွင် လှည့်ကြည့်လိုက်ရာ ချင်လိ၏အသက်ရှုသံကြားရလောက်အောင်ပင် သူ့အနားသို့ နီးကပ်လာသည်ကို သတိထားမိသွားသည်။

သူ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေရင်း မိမိမျက်နှာနှင့် နီးကပ်စွာရှိနေသော ချင်လိကို နားမလည်နိုင်သော မျက် လုံးများဖြင့် ကြည့်လိုက်သည်။

"မင်း မျက်လုံးတွေက အရမ်းလှတာပဲ"

ချင်လိလေးနက်စွာပြောလိုက်သည်။

ထိုမျက်လုံးသည် အမှန်ပင်လှပသည်။ မျက်တောင်မွှေးများမှာ ရှည်လျားကာ ကော့ညွှတ်နေပြီး မည်သည့်ချို့ယွင်းချက်မှမရှိပဲ မျက်လုံးထောင့်စွန်းတွင် ဆွဲဆောင်မှုရှိသော ပုံစံကို ဖန်တီးရန် အနည်းငယ် တွန့်ကွေးနေသော အစင်းကြောင်းကို ဖန်တီးပေးထားသည်။

ချင်လိသည် သူ့မျက်လုံးထောင့်ရှိ အစင်းကြောင်းများကို ငေးကြည့်ရင်း မေးလိုက်သည်။

"စားချင်တာ ရှိသေးလား ?"

သူ အလျင်အမြန်ပင် အာရုံပြောင်းသွားပြီး သူ့အား စိုက်ကြည့်နေသော ချင်လိကိုပင် ဂရုမစိုက်နိုင်တော့ပဲ စားချင်သမျှကို ဆက်ပြောလာသည်။

"အမ်...ပြီးတော့ Opel၊ ဒိုးနပ်လည်း စားချင်တယ်..."

"အကုန်ချိုတာတွေချည်းပဲလား ?"

ချင်လိ မေးလိုက်သည်။

"အွန်း၊ မင်းပဲ ဝယ်လာပေးမယ်လို့ ပြောတာလေ!"

သူသည် အစာအတွက်အော်နေသော ကြောင်တစ်ကောင်ကဲ့သို့ ချင်လိအား စိုက်ကြည့်နေပြီး သူ့စကားများကို ငြင်းဆန်လိုက်မည်ကို စိုးရိမ်နေသည်။

ချင်လိ မျက်တောင်ပင်မခက်ပဲ သူ့အား စိုက်ကြည့်လျက် ရွမ်ရှောင်ထျန်းနှုတ်ခမ်းနှင့်ထိကပ်လိုက်ပြီး လျှာဖျားဖြင့် သူ၏ ပျော့ပျောင်းချိုမြိန်နေသော နှုတ်ခမ်းကိုလျက်လိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ချိုလွန်းတယ်၊ ဒီတစ်ကြိမ်ပဲ နောက်တစ်ခါမရဘူး"

"ချိုတယ် ?"

ရွမ်ရှောင်ထျန်း သူ့ဝမ်းဗိုက်ပေါ် လက်တင်ကာ ပါးစပ်ကိုလျှာဖြင့်သပ်ရင်းမေးလိုက်သည်။

"မချိုပါဘူး၊ ငါ့ နုတ်ခမ်းကချိုနေတာပါ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment