no

Font
Theme

🔥 Chapter 12

ချင်လိသည် ရွမ်ရှောင်ထျန်းအား ကတိပေးထားသည့်အတိုင်း အရာအားလုံးကို မြန်မြန်ဆန်ဆန်နှင့် စနစ်တကျ လုပ်ဆောင်ခဲ့သည်။ ကောဖန့်ပြောခဲ့သလိုပင် Guangyao Media သည် ဖျော်ဖြေရေးလုပ်ငန်းတွင် ဦးဆောင်နေသော ထိပ်တန်းအေ ဂျင်စီတစ်ခုဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲများနှင့် အနုပညာရှင်များအတွက် အကောင်းဆုံးအရင်းအမြစ်များကိုပိုင်ဆိုင်ထား သည်။

ရွမ်ရှောင်ထျန်းအား အခြားကုမ္ပဏီများထက် သူ့ကုမ္ပဏီတွင် ထားရှိခြင်းက ပိုစိတ်ချရမည်ဟု ချင်လိထင်သည်။ ထို့ကြောင့် ချင်လိသည် Guangyao Media ကို အမြန်ဆုံး ပြန်လည်စီမံခဲ့ပြီး သူ့ ဒုတိယဦးလေးချင်ရှန့်အား ကော်ဖန့်၏အမှားကို ထောက်ပြကာတာဝန်ယူစေခဲ့သည်။

ချင်ရှန့်သည် ချင်လီရှေ့တွင် ဒေါသကိုမထိန်းနိုင်ဘဲ ရိုက်နှက်လုနီးပါးပင်ဖြစ်ခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် သူ့စိတ်ပြောင်းလဲသွားပြီး ဟန်ဆောင်အပြုံးကို မျက်နှာထပ်ဝယ်တပ်ဆင်လျက် Guangyao Media ကို ချင်လိထံ လွှဲပြောင်းပေးခဲ့သည်။ သူသည် ချင်လိ၏ပခုံးကို ပုတ်ရင်း “ငါတို့က မိသားစုတွေပဲ၊ ငါ့တူလေးလိုချင်တာ ဦးလေးက ဘာလို့မပေးပဲ နေရမှာလဲ ?” ဟု ပြောခဲ့သည်။

ချင်လိစိတ်ထဲတွင် ထူးဆန်းနေသော်လည်း ထိုကိစ္စကိုအလေးအနက်မထားခဲ့ပေ။

သူအနေဖြင့် ဦးလေးနှင့်ထိပ်တိုက်တွေ့ပြီး Guangyao ကို ရယူရန်မရည်ရွယ်ထားခဲ့ပေ။ သူနှင့်ဒုတိယဦးလေးတို့သည် အမြဲတစေ သဘောထားခြင်းမတိုက်ဆိုင်ခဲ့ကြပဲ သူ ချင် Group အားလက်လွှဲယူခဲ့စဉ်က ဒုတိယဦးလေးသည် အလွန် မကျေမနပ်ဖြစ်နေခဲ့သည်။ သို့ဖြစ်ရာ သူ့ဒေါသများကို ရွမ်ရှောင်ထျန်းအပေါ် ပုံချမည်ကို စိုးရိမ်သောကြောင့် သူ ရက်စက်စွာဖြင့် အတားအဆီးများကိုရှင်းလင်းကာ နောင်တွင်ပြဿနာများမဖြစ်လာစေရန် ဆူးခလုတ်များကို ရှင်းထုတ်ကာကြိုတင်ကာကွယ်ထားခဲ့သည်။

ချင်လိသည် ဒုတိယဦးလေး၏အကျိုးစီးပွားကို အလွဲသုံးစားလုပ်ရန် မရည်ရွယ်ခဲ့ပေ။ ဒုတိယဦးလေး၏ကုမ္ပဏီကိုသိမ်း ယူခဲ့မည်ဆိုလျှင်တောင် ထိုထက်ပိုမိုကောင်းမွန်သော ကုမ္ပဏီတစ်ခုကို ပြန်ပေးရန်စဥ်းစားပြီးသားဖြစ်သည်။ ကုမ္ပဏီနှစ်ခု၏စျေးကွက်တန်ဖိုးနှင့် အနာဂတ်အလားအလာများကို နှိုင်းယှဥ်ပါက ဒုတိယဦးလေးသည်အမြတ်အစွန်းကြီးကြီးမားမားရရှိမည်ဖြစ်သည်။

သူသည် ဤကိစ္စကို ကောင်းမွန်စွာမကိုင်တွယ်နိုင်ခဲ့သဖြင့် ဒုတိယဦးလေးအား လျော်ကြေးပေးရန်သင့်တော်သည်ဟု ယူဆခဲ့သည်။

ချင်လိသည် ရွမ်ရှောင်ထျန်းအား Guangyao Media နှင့် အလုပ်တွဲလုပ်ရန် စီစဉ်နေကြောင်းပြောသောအခါ သူပုံစံသည် သိပ်ပျော်ရွှင်နေဟန်မတူပေ။

"ငါ ကော်ဖန့်ကို မတွေ့ချင်ဘူး"

ရွမ်ရှောင်ထျန်းသည် မိခင်ဖြစ်သူ အိမ်တွင်မရှိချိန်လိမ္မော်ရောင် ကြောင်လေးကိုပွေ့ဖက်ရင်း သူ့အမွှေးများကို ဖြည်းညှင်းစွာပွတ်သပ်ပေးနေသည်။ လိမ္မော်ရောင် ကြောင်လေးသည်ထိတ် လန့်နေသော်လည်း ရွမ်ရှောင်ထျန်း’အား ကြောက်လန့်ကာမလှုပ်ရဲဖြစ်နေသည်။

ချင်လိသည် အနောက်တိုင်းဝတ်စုံနှင့် လည်စည်းကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး ကျောရိုးကို ဖြောင့်တန်းလျက်လေး နက်သော မျက်နှာဖြင့် သူ၏ဩဇာလွှမ်းမိုးမှုကိုဖော်ပြနေ သည်။

သူ မြို့ပြင်သို့ အလုပ်ကိစ္စဖြင့် ထွက်ခွာရမည်ဖြစ်၍ အိမ်ထဲသို့ မဝင်ပဲ ရွမ်ရှောင်ထျန်းကို ကြည့်ကာ ပြောလိုက်သည်။

“မင်း ကော်ဖန့်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ပါဘူး”

ရွမ်ရှောင်ထျန်း ကောက်ညှင်းလုံး၏ဖောင်းကားနေသော ပါးပြင်ကို ပွတ်သပ်ရင်းမေးလိုက်သည်။

"ဘာလို့လဲ ?"

"သူအလုပ်ထွက်သွားပြီ။ မင်းကို ငါရဲ့အေဂျင့်နဲ့ ဆက်သွယ်ခိုင်းလိုက်မယ်၊ မင်း တစ်ခုခုလိုတာရှိရင် သူ့ကိုပြောလိုက်”

"အွန်း"

"နောက်ထပ်ရှိသေးလား ?"

"ဟင့်အင်း...ဟို မင်း ဘယ်တော့ပြန်လာမှာလဲ ?"

"လာမယ့် စနေနေ့"

"အော်၊ ပြီးရောလေ"

ရွှမ်ထျန်း မည်သို့ ပြန်ပြောရမည် မသိသော်လည်း သူစိတ်ထဲတွင် ရုတ်တရက် လစ်ဟာသွားသလိုခံစားလိုက်ရသည်။

ချင်လီသည် ရွှမ်ထျန်းအား နက်ရှိုင်းစွာကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် များပြား လှသော စိတ်ခံစားချက်များကိုအ လွန်အမင်း ထိန်းချုပ်ထားပုံပေါ်သည်။ ဤသည်မှာ မီးတောင်တစ်ခုမှ ပေါက်ကွဲထွက်ရန် အားပြုနေသောချော်ရည်ပူများနှင့် အလားသဏ္ဍန်တူပြီး ကမ္ဘာ့မြေမျက်နှာပြင်ရှိ မြေဆီလွှာများမှ ပိတ်ဆို့ထားသကဲ့သို့ ရုန်းကန်နေသလိုဖြစ်နေသည်။

ထို့နောက် ချင်လိ လှည့်ထွက်သွားသည်။ သူ၏တောက်ပြောင်သော သားရေဖိနပ်မှ ကြမ်းခင်းနှင့်ထိတွေ့သံထွက်လာသည်။သူ့ကိုယ်နေဟန်ထားသည် ထင်းရှူးပင်ကဲ့သို့ဖြောင့်တန်းနေ သည်။

သူ ရုတ်တရက် ရပ်လိုက်ပြီး ပြန်လှည့်လာကာ အေးဆေးစွာ ပြောလိုက်သည်။

"ငါပြန်ရောက်ရင် နှစ်ဖက်မိသားစုဆုံပြီး ညစာစားကြမယ်”

"အွန်း"

ရွမ်ရှောင်ထျန်းသည် ထွက်ပြေးရန်ကြိုးစားနေသော လိမ္မော် ရောင်ကြောင်လေး၏နောက်ခြေထောက်များကို ဆုပ်ကိုင်လိုက်ပြီး ပြန်ဆွဲယူလိုက်သည်။

ချင်လိ ထွက်ခွာသွားပြီး မကြာမီတွင် ရွမ်ရှောင်ထျန်း ရင်ထဲက လစ်ဟာနေသော ခံစားချက်ကိုအဖြေမရှာနိုင်သေးခင်း အေးဂျင့်ထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့သည်။သူ အိမ်အောက်ထပ်သို့ရောက်နေပြီဖြစ်ကြောင်းနှင့် အောက်ဆင်းလာမလား ဒါမှမ ဟုတ် သူကိုယ်တိုင်အပေါ်တက်လာရမလားဟု မေးမြန်းလာသည်။

ရွမ်ရှောင်ထျန်းသည် လက်ထဲရှိနွေးထွေးသော လိမ္မော်ရောင်ကြောင်လေးကို မလွှတ်ချင်သလို၊ အပြင်ဘက်တွင် ရာသီဥတုပူပြင်းလှသဖြင့် အပြင်လည်းမထွက်ချင်သောကြောင့် "တက်လာခဲ့ပါ" ဟု ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

ဖုန်းခေါ်ဆိုမှုအပြီးတွင် ချန်ရှောင်ဝေ့သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ သူသည် Guangyao Media ၏ အထူးအေးဂျင့်တစ်ဦးဖြစ်ပြီး ဒဏ္ဍာရီဆန်ဆန်အောင်မြင်မှုများရရှိခဲ့သော ကြယ်ပွင့်များစွာကို စီမံခဲ့ဖူးသူဖြစ်သည်။ ယခုချိန်တွင်မူ ပထမတန်းစားအနုပညာရှင်များကိုသာ စီမံနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထိုနယ်ပယ်တွင် နှစ်ပေါင်းများစွာကျင် လည်ခဲ့သောသူ အနေဖြင့် အခြေခံမရှိ၊ မည်သို့သရုပ်ဆောင်ရမည်ကိုပင် မသိသော လူသစ်တစ်ယောက်ကို စီမံရန်တာဝန်ပေးခံရသည်မှာ အလွန်စိတ်ပျက်စရာကောင်းလှသည်။

သူ့အဆင့်အတန်းနှင့် ရာထူးနေရာအရ ဖျော်ဖြေရေးလောကတစ်ခုလုံးသည် senior တစ်ယောက်အဖြစ် သတ်မှတ်ကာ ရှောင်ကျဲ့ ဟု လေးလေးစားစား ခေါ်ဝေါ်ကြသည်။သူ့ရှေ့ မှောက်တွင် ဤမျှရင်းရင်းနှီးနှီး ပြောဆိုရဲသည့် အလားအလာရှိ လူသစ်များကို မတွေ့ရတော့သည်မှာနှစ်အတော်ကြာပြီ ဖြစ်သည်။

ထို့အပြင် သူ့အား ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံရန် တောင်းဆိုခဲ့သည်မှာ ၎င်း၏မာနထောင်လွှားသော သဘော ထားကိုပြသနေသည်ဟု သူ ထင်သည်။

ချန်ရှောင်ဝေ့သည် ရွမ်ရှောင်ထျန်းအပေါ် သူ့အမြင်ကို ခန့်မှန်းပြီး ချင်မိသားစု၏ အဆင့်အတန်းကို အခွင့်ကောင်းယူကာ သူ့အာဏာကို ပြသရန် ကြိုးစားနေသည်ဟု ကောက်ချက်ချလိုက်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ချင်လိဘေးတွင်

ထိုသို့သော အနေအထားမျိုး တခါမှမမြင်ဖူးချေ။သို့ဖြစ်ရာ ရွမ်ရှောင်ထျန်းသည် ဤအကြိမ်တွင် မစ္စတာချင် အာရုံစိုက်မှုကို မည်သို့ရရှိခဲ့သနည်း?

အမြဲတရားမျှတစွာ ဆောင်ရွက်တတ်သော ချင်လိသည် ရွမ်ရှောင်ထျန်းအတွက် ဘက်လိုက်မှုပြသနေခြင်းသည် အံ့ဩ စရာကောင်းလှသည်။

သူသည် ရွှမ်ရှောင်ထျန်နှင့် မတွေ့ဆုံရသေးသော်လည်း ၎င်းအပေါ် စူးစမ်းလိုစိတ်နှင့်သတိထားနေမိပြီဖြစ်သည်။

ရွမ်ရှောင်ထျန်းသည် ချင်လိ၏ဘက်လိုက်မှုကို ရယူနိုင်သည်အထိ အစွမ်းရှိပြီး ကိုင်တွယ်ရခက်သော လူတစ်ဦးဖြစ်မည်ဟု ချန်ရှောင်ဝေ့ ယူဆလိုက်သည်။ ထိုကောင်လေးသည် လူများကို ဖြားယောင်းသိမ်းသွင်းရာတွင် အလွန်ကျွမ်းကျင်ပြီးလှည့် ကွက်များကစားတတ်သူဖြစ်နိုင်သည်။

သူ ကားဘေးတွင် ရပ်နေရင်း ရွမ်ရှောင်ထျန်း၏ ပုံရိပ်ကို စိတ်ထဲတွင် ခပ်ကြမ်းကြမ်း ပုံဖော်လိုက်သည်။လှပပြီး ဖျတ် လတ်သော မြေခွေးတစ်ကောင်၊ အပြုံးလက်နက်တပ်ဆင်ထားသော

ကျားတစ်ကောင်၊နက်နဲသော အတွေး အခေါ်များရှိကာ စိတ်ထဲအကြံအစည်များကို မှန်းဆရခက်စေသူ၊ အတိုချုပ်ပြောရလျှင် ထိုကောင်လေးကိုအထူးသတိထားရမည်ဖြစ်ပြီး ပေါ့ပေါ့ တန်တန်တွက်ဆထားလို့ မဖြစ်ပေ။

ထို့နောက် ချန်ရှောင်ဝေ့သည် တိုက်ပွဲဝင်စိတ်ဓာတ်ဖြင့် တံခါးခေါက်လိုက်သည်။ တံခါးပွင့်လာချိန် ရှေ့တွင်ရပ်နေသော လူငယ်လေးနှင့်မျက်နှာချင်းဆိုင်တွေ့ရသည့်အခါ သူအံ့အား သင့်သွားရသည်။

ရွမ်ရှောင်ထျန်းသည် ဝတုတ်နေသော လိမ္မော်ရောင်ကြောင်တစ်ကောင်ကို ရင်ခွင်ထဲတွင်ပွေ့ထားပြီး အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကိုဝတ်ဆင်ထားသည်။ အသားအ ရေမှာ နို့ကဲ့သို့ဖြူဖွေးနုနယ်နေပြီး၊ မက်မွန်သီးသဏ္ဌန် ဝိုင်းစက်သောမျက်လုံးများကို ပိုင်ဆိုင်ထားကာ မျက်လုံးထောင့်တွင် အနက်ရောက်မှဲ့တစ်လုံးပါရှိသည်။ သူ၏ပြုံးရယ်နေသော နှုတ်ခမ်းပါးလေးသည် မည်သည့်မှောင်မိုက်မှုကိုမဆို အလင်းပေးနိုင်သည့်အလား နွေးထွေးသောအပြုံးတစ်ခုကို ပိုင်ဆိုင်ထားသည်။

သူ ခြေဗလာဖြင့်ရပ်နေပြီး ရုတ်တရက် သူ့ရင်ခွင်ထဲမှ လိမ္မော် ရောင်ကြောင်လေးကို ချန်ရှောင်ဝေ့လက်ထဲထည့်ပေးလာပြီး ပြုံးရယ်လျက်

“ရော့၊ ဒါ ကျွန်တော်ကြောင်လေးလေ၊ ကိုင်ကြည့်ပါလား ?”

လိမ္မော်ရောင်ကြောင်လေးသည် ချန်ရှောင်ဝေ့၏လက်ထဲသို့ ရောက်ရှိသွားပြီး ကိုယ်အလေးချိန်မှာ သူမျှော်လင့်ထားသည်ထက်ပင် ပိုလေးလံသောကြောင့် ဟန်ချက်မထိန်းနိုင်ပဲ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။ ချန်ရှောင်ဝေ့သည်လည်း ကြောင်ချစ်တက်သူဖြစ်သောကြောင့် ရွှမ်ရှောင်ထျန်း၏ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ခဲ့ပေ။

ရွှမ်ရှောင်ထျန်းပြုံးရယ်ကာ လိမ္မော်ရောင်ကြောင်၏ နားရွက်ကိုဆွဲညစ်လိုက်ပြီး ခေါင်းကိုလှည့်ကာပုန်းနေသော တီရာမီဆုကိုစတင်ရှာဖွေတော့သည်။

သို့သော် တီရာမီဆုကိုမတွေ့ဘဲ ပုန်းခိုရာတွင် အကျွမ်းကျင်ဆုံးဖြစ်သော အုန်းသီးလုံးကိုရှာတွေ့သွားသည်။

ရွှမ်ရှောင်ထျန်းမထိန်းနိုင်ပဲ ပုန်းအောင်းနေသော အုန်းသီးလုံးကို အပြင်သို့ဆွဲထုတ်လိုက်ရင်း ချန်ရှောင်ဝေ့အား သူအကြိုက်ဆုံး အချိုမုန့်များကိုပေးလိုက်သည်။ ထိုမုန့်များသည် ချင်လိ သူ့အတွက် ဝယ်ပေးထားခြင်းဖြစ်ပြီး သူ အကုန်မစားပစ်ရက်သဖြင့် သိမ်းထားခြင်းဖြစ်သည်။

ရွှမ်ရှောင်ထျန်းသည် သူ့အေးဂျင့်ကို စိတ်ကျေနပ်အောင်ပြု လုပ်ရမည်ဟူသော အခြေခံအချက်ကို နားလည်ထားသည်။

ချန်ရှောင်ဝေ့သည် လူတစ်ယောက် အကဲခတ်ရာတွင်အလွန်ကျွမ်းကျင်သူဖြစ်ပြီး တွေ့သည်နှင့် သူယူဆချက်များ မှားယွင်းနေခဲ့ကြောင်းသိလိုက်ရသည်။ ဒါဆို မစ္စတာချင်က ဒီလိုပုံစံမျိုးကိုကြိုက်တာလား ?

အကယ်၍ ရွှမ်ရှောင်ထျန်း၏အကျင့်စရိုက်သည် သူ မူလခန့် မှန်းချက်နှင့် ကွဲလွဲနေခဲ့လျှင်ပင် ချန်ရှောင်ဝေ့အနေဖြင့် မထီမဲ့ မြင်ပြုဝံ့မည်မဟုတ်ပေ။ မစ္စတာချင်ကိုယ်တိုင် သူ့လက်ထဲ အပ်နှံထားသော ထိုအလှလေးကို သူအနေဖြင့် ရိုသေလေးစားရမည်ဖြစ်သည်။

ယခု ရွှမ်ရှောင်ထျန်း၏စရိုက်လက္ခဏာသည် သူ လိုချင်သည့်အတိုင်းအတိအကျဖြစ်လာသဖြင့် အရာအားလုံး ပုံမှန်အတိုင်း ချောမွေ့စွာဖြစ်လာသည်။

"ဒါ ချင်လိ ပြင်သစ်ကနေ ကျွန်တော့်အတွက် ယူလာပေးတဲ့ သကြားလုံးနဲ့ ဘီစကစ်တွေလေ၊ဒီသစ်ကြားသီးလည်း အရမ်းအရသာရှိတယ်၊ ဝါးလိုက်ရင် တကျွတ်ကျွတ်နဲ့ ကြွပ်ရွနေရောပဲ၊ ကျဲ စမ်းစားကြည့်ပါဦး”

ချန်ရှောင်ဝေ့သည် သူစားဖို့ပင် နှမြောနေသော သူ၏အဖိုးတန်မုန့်များကို ချန်ရှောင်ဝေထံ မျှဝေလိုက်သည်။

“ကလေးကိုမစွန့်ပစ်ဘဲ ဝံပုလွေကိုဖမ်းပါ” ဟူသော စကားပုံရှိသည်မဟုတ်ပါလား ?

သူ ပိုက်ဆံရှာနိုင်တဲ့အခါကျရင် ဒီထက်အဆပေါင်းများစွာ ပိုကောင်းတဲ့ အဆာပြေမုန့်တွေကို ဝယ်နိုင်မှာပဲလေ

ချန်ရှောင်ဝေ့သည် ကြောင်ကိုပွေ့ဖက်ထားရင်း အလှဆင်ထားသော သကြားလုံးအထုပ်ကိုခွာလိုက်သည်။ ထိုစဉ် နာကျင်နေဟန်ရှိသော ရွမ်ရှောင်ထျန်း၏မျက်နှာအမူအရာကို သူ ဘေး တိုက်မြင်လိုက်ရသည်။

သူ သဘောကျစွာပြုံးလိုက်မိပြီး သကြားလုံးကိုပြန်ထည့်ကာ နူးညံ့စွာပြောလိုက်သည်။

“ကျေးဇူးပါပဲ၊ ဒါပေမယ့် ကျွန်မ သကြားလုံးမကြိုက်ဘူး၊ သွားပိုးစားမှာစိုးလို့”

"အို၊ စိတ်မကောင်းစရာပဲ၊ အဲ့ဒါ တကယ်အရသာရှိတာကို”

ရွှမ်ရှောင်ထျန် ထိုသို့ပြောလိုက်သော်လည်း သူ၏အဖိုးတန်မုန့်များကိုကာကွယ်ထားသည်။ သူ့ပုံစံသည် အစာများအား သူ့ဘက်သို့ဆွဲယူကာ ကာကွယ်နေသောပါးဖောင်းဖောင်းနှင့် ချစ် စရာကောင်းသည့် ဟမ်းစကာတစ်ကောင်နှင့်ပင်တူနေသည်။

ချန်ရှောင်ဝေ့သည် ရွှမ်ရှောင်ထျန်း၏အတွေးများကို မှန်းဆနိုင်သော်လည်း ဖော်ထုတ်ပြောဆိုခြင်းမပြုပေ။ ထိုလူငယ်လေးသည် စိတ်နက်ရှိုင်းသူမဟုတ်ဘဲ လောကအကြောင်းမသိသူဖြစ်သည်ဟု သူ ကောက်ချက်ချလိုက်သည်။

ဤသည်မှာ အမှန်ပင် ရှားပါးလှသည်။

ရှုပ်ထွေးပွေလီလှသော လောကကြီးတွင် မည်သည့်ညစ်ညမ်း မှုမရှိပဲ သန့်ရှင်းဖြူစင်သော စိတ်နေစိတ်ထားကိုထိန်းသိမ်းထားနိုင်ခြင်းမှာ အလွန်ရှားပါးလှသည်။ ရွမ်ရှောင်ထျန်းကြီး ပြင်းရာ သက်တမ်းတစ်လျှောက်တွင် သူ့မိဘများနှင့်ပတ်ဝန်း ကျင်ရှိလူများသည် သူ့အား အလွန်ကောင်းမွန်စွာဆက်ဆံပေးခဲ့ပုံရသည်ဟု ချန်ရှောင်ဝေ့ ခန့်မှန်းမိသည်။ ချစ်ခြင်းမေတ္တာကိုအပြည့်အဝခံရပြီး ဒုက္ခဆင်းရဲနှင့် မကြုံတွေ့ရသူများသာ ဤမျှရိုးသားသော စိတ်ထားကိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။

ချန်ရှောင်ဝေ့သည် ရွှမ်ရှောင်ထျန်းအပေါ် အားကျစိတ်များ တဖြည်းဖြည်းတိုးပွားလာခဲ့သည်။

"နီဟောင်၊ ကျဲနာမည်က ချန်ရှောင်ဝေ့ပါ။ ဥက္ကဌချင်က မင်းကိုပြောပြီးသားဖြစ်မှာပါ၊ ကျဲက မင်းရဲ့အေးဂျင့်ဖြစ်လာမှာဖြစ်ပြီး မင်းရဲ့လှုပ်ရှားမှုအားလုံးကို တာဝန်ယူပြီးလုပ်ဆောင်ပေးမှာပါ၊ ဥက္ကဌချင်ကတော့ မင်းဖြစ်ချင်တဲ့အတိုင်း လိုက်လုပ်ပေးဖို့ ကျဲကို မှာထားတယ်၊ မင်း ကြိုက်တဲ့ဇာတ်ရုပ်မျိုးနဲ့ ဇာတ် လမ်းအမျိုးအစားကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ် ကျဲ ဝင် စွက်ဖက်မှာမဟုတ်ဘူး၊ ကျဲ ဒီနေ့ လာရတဲ့အကြောင်းအရင်းက စာချုပ်မှာလက်မှတ်ထိုးဖို့နဲ့ နောက်တစ်ခုက အနာဂတ် Plan ကိုဆွေးနွေးဖို့ပါပဲ၊ မင်း ဘယ်လမ်းကြောင်းမျိုးကို ဦးတည်ချင်လဲ ? ဘယ်လို ဇာတ်လမ်းမျိုးရိုက်ချင်လဲ ?

ရွှမ်ရှောင်ထျန်းသည် သကြားလုံးတစ်လုံးကိုအခွံ့ခွာကာပါးစပ် ထဲထည့်ရန် ကြိုးစားနေစဉ် ချန်ရှောင်ဝေ့ သူ့အား အာရုံစိုက်ပြီးကြည့်နေသည်ကို သတိထားမိသွားပြီး တစ်ယောက်တည်းစားရန်အားနာသွားကာ ထိုသကြားလုံးကို ချန်ရှောင်ဝေ့ထံလှမ်းပေးလိုက်သည်။

"ကျဲ စားချင်လား ? ဒါကျွန်တော် အရမ်းကြိုက်တဲ့ သကြားလုံးလေ”

ချန်ရှောင်ဝေ့ သဘောကျစွာရယ်မောလိုက်သည်။

“တော်ပါပြီ၊ မင်းပဲ စားပါ”

"အွန်း"

ရွှမ်ရှောင်ထျန်းသည် သကြားလုံးကိုလျှာဖြင့်လျက်ကာ အုန်း သီးလုံး၏ကျောပြင်ကိုပွတ်သပ်ရင်း

“ကျွန်တော် ဘယ်ကစရမှန်းမသိသေးဘူး၊ ဇာတ်ကားရိုက်ဖူးတဲ့ အတွေ့အကြုံလည်းမရှိတော့”

"ဒါဆို အရင်ဆုံး ဇာတ်ညွှန်းတချို့ရွေးပေးမယ်၊ မင်း စိတ်ဝင် စားတဲ့ ဇာတ်လမ်းမျိုးရောရှိလား?”

ရွှမ်ရှောင်ထျန်းသည် မည်သည့်အရာကိုမှ သေချာမသိပဲ တကယ့်ကို အဖြူထည်လေး ဖြစ်ပြီး သူ့အား ဂရုစိုက်ရခြင်းသည် ကလေးငယ်တစ်ဦးအား ဂရုစိုက်ရခြင်းနှင့် မခြားနားဟု ချန်ရှောင်ဝေ့ စိတ်ထဲတွင်တွေးလိုက်သည်။

သူက အေးဂျင့်လား ဒါမှမဟုတ် ကလေးထိန်းလား ?

ချန်ရှောင်ဝေ့ ကူကယ်ရာမဲ့ဖြစ်ကာ စိတ်ဓာတ်ကျသွားသည်။

"ဟုတ်၊ ကျေးဇူးပါပဲ၊ ကျဲ”

ရွှမ်ရှောင်ထျန်းသည် ချိုမြိန်ပြီး နူးညံသောလေသံဖြင့်ပြောလိုက်သည်။

ချန်ရှောင်ဝေအား တခြားအမျိုးသားတစ်ယောက်က ထိုလေသံဖြင့် ပြောလာပါက မိန်းကလေးဆန်သည်ဟုသတ်မှတ်လိုက်မည်ဖြစ်သော်လည်း ရွှမ်ရှောင်ထျန်း၏ချိုမြိန်သောအသံသည် သူ့နားထဲတွင် နွေဦးလေပြေများဖြတ်သန်းတိုက်ခက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချန်ရှောင်ဝေ နှလုံးသားသည် နူးညံ့သွားပြီး စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် မကျေနပ်မှုများသည် တဒင်္ဂအတွင်းပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် နှစ်ယောက်သား စာချုပ်လက်မှတ်ထိုးလိုက်ကြပြီးနောက် ချန်ရှောင်ဝေ့သည် ဖျော်ဖြေရေးလောက၏ စည်းကမ်းများစွာကို ရှင်းပြခဲ့သည်။ သူ တတ်နိုင်သမျှ အတိုချုံး၍ မှတ်မိလွယ်အောင် ရှင်းပြခဲ့သည်။ အဆုံးတွင် ဥက္ကဌချီသည် လှေကိုထိန်းကျောင်းပေးနေသည်ဖြစ်ရာ ရွှမ်ရှောင်ထျန်းသည် အန္တရာယ်ကင်းစွာ ရွက်လွှင့်နိုင်မည်ဖြစ်ပြီး မည်သည့်အတိမ်း အစောင်းမှ ရှိလာမည်မဟုတ်ပေ။

ချန်ရှောင်ဝေသည် ရွှမ်ရှောင်ထျန်းနှင့်စကားပြောနေစဉ်တွင် သူ့အတွက် မည်သည့်ပင်ကိုယ် စရိုက်မျိုးကို ဖန်တီးပေးသင့်သည်ကို စဉ်းစားနေမိသည်။ ဖျော်ဖြေရေးလောကထဲဝင်ရောက်လာပြီဆိုလျှင် "ပင်ကိုယ်စရိုက်" ဆိုသည့်စကားလုံးကို မေ့ထားလို့မရပေ။ ဤသည်မှာ အဓိကသော့ချက်ဖြစ်ပြီး ပရိသတ်မှ မိမိကိုအမြဲအမှတ်ရစေကာ သဘောကျအောင်ပြုလုပ်နိုင်သောအရာဖြစ်သည်။

ကောင်းမွန်သော ပင်ကိုယ်စရိုက်တစ်ခုသည် ကြယ်ပွင့်တစ်ယောက်၏ အနာဂတ်ဖွံ့ဖြိုးတိုး တက်မှုအတွက် တန်ဖိုးမဖြတ်နိုင်သော အကျိုးသက်ရောက်မှုများရှိသည်။

သို့သော် ထိုပင်ကိုယ်စရိုက်သည် မူလပိုင်ရှင်၏ စရိုက်လက္ခ ဏာနှင့် ဆန့်ကျင်ဘက်ဖြစ် မနေရပေ။မဟုတ်ပါက အချိန်ပိုင်းအတွင်း ပြိုလဲသွားနိုင်သည်။ ကြယ်ပွင့်တစ်ယောက်၏ပင် ကိုယ်စရိုက် ပျက်စီးသွားပါက ၎င်း၏အလုပ်အကိုင်ပါကြီးမား သော ရိုက်ခက်မှုများရှိလာနိုင်သည်။

စာချုပ်ချုပ်ဆိုပြီးနောက် ချန်ရှောင်ဝေ နှုတ်ဆက်ကာပြန်သွားသည်။ ဇာတ်ညွှန်းကိုနှစ်ရက်အတွင်း သူ့ထံပို့ပေးမည်ဟု ပြောခဲ့သည်။

ရွှမ်ရှောင်ထျန်းသည် " ကလေးကိုမစွန့်ပစ်ဘဲ ဝံပုလွေကိုဖမ်းပါ" ဟူသော စကားပုံကို သတိရသွားပြီး နာကျင်စွာဖြင့် သကြားလုံးတစ်ဆုပ်စာကိုကောက်ယူကာ ချန်ရှောင်ဝေ့လက်ထဲ ထိုးထည့်ပေးလိုက်သည်။

ချန်ရှောင်ဝေ့သည် သူ၏စိတ်ပိုင်းဖြတ်မှုကိုမြင်တွေ့ရသော အခါ ငြင်းဆန်ခြင်းမရှိတော့ပဲ သကြားလုံးများကိုလက်ခံလိုက်ရသည်။

ရွှမ်ရှောင်ထျန်းသည် သူထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ထွက်ပြေးရန်ကြိုးစားနေသော ကောက်ညှင်းလုံးလေးကိုအမြန်ဖမ်းလိုက်သည်။

သူသည် ကောင်ညှင်းလုံး၏ဖောင်းကားနေသော မျက်နှာကို ပွတ်သပ်ပေးရန် အောင်ပွဲခံသည့် အမူအရာလုပ်ပြလိုက်သည်။

ဟုတ်ပြီ၊ အေဂျင်စီကို လာဘ်ထိုးတဲ့ အလုပ်တော့အောင်မြင်သွားပြီ!

စာရေးသူမှာ ပြောစရာရှိတယ်

ရွမ်ရှောင်ထျန်း : လူတွေက သူတို့ရဲ့အထက်လူကို လာဘ်ထိုးရင် ရာထူးတိုးပြီး လစာတိုးနိုင်တယ်လို့ ငါ ကြားဖူးတယ်၊ ချောမောပြီး ကြွယ်ဝတဲ့အမျိုးသမီးနဲ့ လက်ထပ်တဲ့အပြင် ဘဝရဲ့အထွဋ်အထိပ်ကိုရောက်နိုင်တယ် ဆိုတာလည်းကြားဖူးတယ်။ တွေးကြည့်လိုက်တာနဲ့ စိတ်လှုပ်ရှားစရာကောင်းနေပြီ။~(≧▽≦)/~

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment