no

Font
Theme

🔥 Chapter 18

ချင်လိသည် သူ့ရှေ့တွင်အိပ်ပျော်နေသော ချစ်စဖွယ်ကြောင်လေးကို ငေးကြည့်နေမိသည်။ ထိုကြောင်လေးသည် ပြင်ပကမ္ဘာမှ လှုပ်ရှားနေသော လေထုကို လုံးဝဂရုမစိုက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ထူထဲသောအမွေးများနှင့်ထွားကျိုင်း သော ခန္ဓာကိုယ်လေးသည် အသက်ရှုသံအတိုင်းနိမ့်ချည် မြင့်ချည်ဖြင့် လှုပ်ရှားနေပြီး အိပ်မောကျနေသော ကြောင်လေးအား နှောင့်ယှက်ရန် ဝန်လေးစေခဲ့သည်။

ကြောင်လေးသည် လုံးဝန်းနေသော‌ အလုံးလေးကဲ့သို ကွေးညွတ်ကာ အိပ်ပျော်နေသည်။ ပန်းနုရောင်ခြေဖဝါးလေးများကို ကျင်လိအား ဖိကပ်ထားပြီး ဖောင်းအိနေသော ရှေ့ခြေလေးများဖြင့် ဝဖြိုးသောသော သူ့ခေါင်းလေးကို ဖက်ထားသည်။ ချောမွေ့သော ချောကလက်ရောင် အမြီးလေးသည်လည်း ခွေလျက် ငြိမ်သက်စွာရှိနေသည်။

သူ၏အသွင်မှာ ကြောင်ရုပ်‌လေး တစ်ရုပ်နှင့်ဆင်တူသည်။

ချင်လိမျက်လုံးများသည် ကြောင်လေး၏ ဝိုင်းစက်နေသော မျက်နှာ၊ ချစ်စဖွယ်ထောင်မတ်နေသည့် နားရွက်လေးများ၊ ပန်းနုရောင် နှာခေါင်းလေးနှင့် ပါးပြင်နှစ်ဖက်မှ ထောင်တက်နေသော အမွှေးနုလေးတို့ကို စိုက်ကြည့်နေမိသည်။သေးငယ်သောပါးစပ်တွင် နီရဲသော လျှာဖျားနှင့်ရှည်လျားနူးညံ့သောအမွေးများကြောင့် ချစ်စဖွယ်ကောင်းသော သတ္တဝါငယ်လေးအဖြစ် ပေါ်လွင်နေသည်။

ဒီကြောင်လေး ဘယ်ကရောက်လာတာလဲ? ချင်လိ ဆယ်စက္ကန့်ကျော်ကြာအောင် ငေးငိုင်းသွားသည်။

သူသည် လက်နှစ်ဖက်ဖြင့် ကိုယ်ကိုထောက်မကာ ခေါင်းကို အနည်းငယ်ညွှတ်လိုက်ပြီး ရင်ဘတ်ပေါ်တွင် ကွေးညွှတ်ကာ အိပ်ပျော်နေသော ကြောင်လေးကို စိုက်ကြည့်နေရင်း မယုံနိုင်စွာ စဉ်းစားနေမိသည် ။

ဒီကြောင်လေးက ရွမ်ထျန်းတို့ အသစ်မွေးထားတဲ့ ကြောင်လေးလား ?

ဒါ့အပြင် အိပ်ခန်းတံခါးကို ပိတ်ထားပါလျက်နဲ့ ဤကြောင်လေးက ကိုယ်တိုင်တံခါးဖွင့်ပြီး အိပ်ရာထဲဝင်လာနိုင်တာလား?

ပြီးတော့... ရွမ်ထျန်းရော သူဘယ်မှာလဲ ?

ချင်လိသည် ကြောင်လေးကိုကြည့်ရင်း ဗလာဖြစ်နေသော အိပ်ခန်းကို လှည့်ပတ်ကြည့်မိသည်။ ရုတ်တ ရက် သူ့စိတ်ထဲမှာ ထူးဆန်းသော အတွေးတစ်ခုပေါ်လာသည်။ သူ့ ရှေ့ရှိ ကြောင်လေးကို စိုက်ကြည့်လိုက်သည်။ ကြည့်လေလေ ရွမ်ထျန်းနှင့်ဆင်တူလေဟု သူခံစားရလေဖြစ်သည်။

သို့ဆိုလျှင် ရွမ်ထျန်း အိပ်ပျော်နေစဉ် ရုတ်တရက် ကြောင်တစ်ကောင်လို ပြောင်းလဲသွားတာများဖြစ်နေလေမလား?

ဒဏ္ဍာရီလာပုံပြင်အရဆိုလျှင် အနမ်းပေးခြင်းဖြင့် လူသားအဖြစ်သို့ ပြန်ရောက်နိုင်သည်ဟု ဆိုသည်။

ချင်လိ သံသယဖြင့် ကောက်ချက်ချလိုက်သော် လည်း ဤအတွေးမှာ မှားယွင်းနေသည်ဟုသာ ထင်မြင်မိသည်။ သာမန်လူတစ်ယောက်သည်ကြောင်အဖြစ်သို့ ပြောင်းလဲနိုင်ခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။ ဤကြောင်လေးသည် ယခင်ကတည်းက အိပ်ခန်းထဲသို့ အရင် ဝင်ရောက်လာခြင်းဖြစ်နိုင်ပြီး မည်သူမှမတွေ့အောင် ပုန်းအောင်းနေကာ၊ နောက်ပိုင်း အေးလာသဖြင့် အိပ်ရာထဲသို့ တိတ်တဆိတ် ဝင်ရောက်လာခြင်းသာ ဖြစ်နိုင် သည်။

သို့သော် ဤကြောင်လေးသည် အလွန်လှပပြီး ချစ်စရာကောင်းနေသည်။

ဤကြောင်လေးသည် ragdoll ကြောင်နှင့် အလွန်ဆင်တူသော်လည်း အလုံးစုံ တူညီနေခြင်းတော့ မရှိချေ။ သူ၏ကိုယ်ဟန်မှာ ကြော့ရှင်းနေပြီး အဆင့်အမြင့်သော အသွင်အပြင်ကို ဖော်ညွှန်းနေသည်။ အမွှေးများမှာ သာမန်ကြောင်များထက် ပိုနူးညံ့ပြီး ပွေ့ဖက်ချင်စဖွယ် ပျော့ပျောင်းနေသည်။

ချင်လိသည် ကြောင်လေး၏ဆွဲဆောင်မှုကို မခံနိုင်ဘဲ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ချစ်စနိုးဖြင့် ကြောင်လေး၏အမွှေးကို နှစ်ချက်ပွတ်သပ်လိုက်သည်။ သူ့အမွှေးများမှာ မီးဖိုမှ ထွတ်လာသည့် ပူပူနွေးနွေး ပေါင်မုန့်လုံးလေးကဲ့သို့ နူးညံ့ပျော့ပျောင်းနေသည်။

သူ နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားပြီး လျှပ်စီးလက်သကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသို့ ပျံ့နှံ့သွားကာ ချစ်ခြင်းမေတ္တာကို ထိန်းချုပ်ရန်ခဲယဉ်းလာသည်။

ချင်လိသည် မနေနိုင်ပဲ ကြောင်လေး၏နူးညံအိစက်နေသော ပန်းနုရောင်လက်ဖဝါးဖူးလေးကို ထပ်မံထိတွေ့မိသည်။ ချွန်ထက်သော လက်သည်းလေးများမှာ ဖဝါးအတွင်းသို့ ဝှက်ထားပြီး သူ၏လက်ဝါးထဲတွင် နူးညံ့စွာ ရှိနေပြီး ငှက်မွှေးသဖွယ် နူးညံ့လွန်းသဖြင့် သူ့နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သည်။

ချင်လိသည် ထိုကြောင်လေးကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သောအခါ တစ်နေရာတွင် မြင်ဖူးနေသကဲ့သို့ ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ချင်လိသည် ကြောင်လေး၏ နူးညံသော လက်ဖဝါးဖူးလေးကို ဆုပ်ကိုင်ရင်း စဉ်းစားနေစဉ် ကြောင်နားရွက်များရုတ်တရက်ထောင်လာပြီး မှိတ်ထားသော မျက်ခွံများပွင့်လာကာ နဂါးငွေ့ တန်းကဲ့သို့ တောက်ပသောအပြာရောင်မျက်ဝန်းများ ပေါ်ထွက်လာသည်။

ရွမ်ထျန်းသည် ယားယံသော ခံစားချက်ကြောင့်နိုးလာခြင်းဖြစ်ပြီး သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ ချင်လိ၏ သံသယဖြင့်ကြည့်နေသော မျက်နှာနှင့်ပက်ပင်းတိုးသွားသည်။

သူခေါင်းထဲတွင် လျှပ်တစ်ပြက် ပေါက်ကွဲသကဲ့သို့ ဒိန်းခနဲ မြည်ဟီးသွားပြီး အတွေးပေါင်းများစွာရှုပ်ထွေးသွားသည်။သူ ထိတ်လန့်စွာ ခုန်တက်လိုက်ပြီး လက်သည်းများဖြင့် ဝိုင်းစက်နေသော သူ့မျက်နှာကို ထိမိသည့်အခါ မည်သည့်အချိန်ကမှန်းမသိပဲ မူလပုံစံသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ပို၍အရေးကြီးသည်မှာ သူ့မူလပုံစံကို ချင်လိ မြင်သွားခြင်းဖြစ်သည်။

ကြောင်နတ်ဆိုးအဖြစ် ဖယ်ထုတ်ခံရတော့မည်ကို ကြောက်လန့်နေမိသည်။

ရွမ်ထျန်း၏ထူထဲသောအမွှေးများ ထောင်မတ်သွားပြီးဝိုင်း စက်နေသောမျက်လုံးများ ကျဥ်းမြောင်းသွားကာ ချင်လိထံမှ အလျင်အမြန် ခွာလိုက်သည်။ ထို့နောက် သူ ချင်လိအား ရန်သူတစ်ယောက်လို ကြည့်လိုက်ပြီး ချွန်ထက်နေသော လက်သည်းများကို လက်ဖဝါးမှ ထုတ်ကာ အိပ်ရာခင်းကို ကုတ်ခြစ်လိုက်သည်။

"မြောင်. မြောင်. မြောင်!"

ရွမ်ထျန်း ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

- အနား မလာနဲ့။

"မင်း ဘယ်သူလဲ"

ချင်လိသည် ကြောင်လေးကို စိတ်ဝင်တစားကြည့်ရင်းပြောလိုက်သည်။ သူ့မျက်နှာပေါ်ရှိ ခံစားချက်များ မထင်ရှားဘဲ နက်ရှိုင်းသော မျက်လုံးထဲတွင် ရှိသမျှ အခြေအနေအားလုံး ဝှက်ထားသည်။

ထိုအခိုက်တွင် ရွမ်ထျန်း၏ ဦးနှောက်သည် အရှိန်ပြင်းစွာလည် ပတ်နေသည်။ ချင်လိသည် သူ ရွမ်ထျန်းဖြစ်ကြောင်းမသိသေး တာလား?သို့တည်းမဟုတ် မသေချာသေးလို့လား? သူ ထိုအ ချက်ကို စဉ်းစားမိသည်။ ယခုခေတ် လူနေမှုအဆင့်အတန်းသည် သိပ္ပံပညာကိုသာ ယုံကြည်ကြပြီး ဝိညာဉ်များနှင့် တစ္ဆေသရဲများ နတ်ဘုရားများရှိနေကြောင်းကို အယုံအကြည်မရှိကြတော့ပေ။

ချင်လိ သတိမထားမိခင် သူ အမြန်ထွက်ပြေးရမည်ဖြစ်သည်။ရွမ်ထျန်း ချက်ချင်းဆုံးဖြတ်လိုက်သည်။

ထို့နောက် ချင်လိသည် ကြောင်တစ်ကောင် တံခါးလက်ကိုင်အား ဖွင့်နေသောမယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မျက်ဝထင်ထင်တွေ့လိုက်ရသည်။

ရွမ်ထျန်းသည် အိပ်ရာပေါ်မှခုန်ဆင်းကာ တံခါးဘလက်ကိုင်ပေါ်သို့ ပေါ့ပါးစွာခုန်တက်လိုက်ပြီး ရှေ့ခြေထောက်နှစ်ချောင်းဖြင့် လက်ကိုင်ကိုဖက်ကာ ၉၀ ဒီဂရီလှည့်လိုက်သည်။ သူသည် ကြောင်တစ်ကောင်ကဲ့သို့ တံခါးလက်ကိုင်တွင် တွဲလောင်းကျနေပြီး အမြီးလေးမှာ ညင်သာစွာယိမ်းနွဲ့နေ သည်။ ဝိုင်းစက်နေသော ခေါင်းလေးဖြင့် တံခါးအကြားရှိ နေရာလွတ်ကို စိုက်ကြည့်နေရာ အက် ကြောင်းပေါ်လာသည်နှင့် ချင်လိဘက်သို့ သတိထားကာ တစ်ချက်လှမ်းကြည့်လိုက်ပြီး မြေပြင်သို့ခုန်ဆင်းကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

ချင်လိသည် ကြောင်လေးပျောက်ကွယ်သွားသည့်နေရာကို စိုက်ကြည့်ရင်း မျက်လုံးထဲတွင် နူးညံ့သော အရိပ်အယောင်များနှင့်အတူ မျက်နှာမှာအနည်းငယ်ပြုံးရိပ်ပေါ်လာသည်။

ရွမ်ထျန်းသည် ရေချိုးခန်းထဲသို့ ခုန်ဝင်ကာ တံခါးကိုအလျင် အမြန်ပိတ်လိုက်သည်။ ထို့နောက် ရင် ဘတ်ထဲမှ ခုန်ထွက်လုနီးပါးဖြစ်နေသော နှလုံးသားကို သူ့လက်ဖဝါးဖြင့် ဖိထားရင်း အားအင်ကုန်ခမ်းကာပြိုလဲသွားသည်။

သူ အလန့်တကြားဖြစ်ကာ ဝိညာဉ်ပါလွင့်ထွက်လုမတတ်ဖြစ်ခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ချင်လိသည် သူ့ပုံစံအမှန်ကို မရိပ်မိခဲ့ပေ။ ရွမ်ထျန်းသည် ဘေစင်ပေါ် ခုန်တက်ကာလက်ဖ ဝါးဖြင့် ဘုံဘိုင်ခေါင်းကို လှည့်ဖွင့်လိုက်ပြီး ပန်းနုရောင်လက်ဖဝါးလေးကို ရေထဲနှစ်လိုက်သည်။ထို့နောက် နောက်ခြေထောက်နှစ်ချောင်းဖြင့် မတ်တပ်ရပ်လိုက်ပြီး ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းကာ မျက်နှာကို ရေဖြင့် ပြင်းပြင်းထန်ထန် ပွတ်တိုက်လိုက်သည်။ အမွှေးများ စိုစွတ်လာသည်အထိ ဆေးကြောပြီးနောက် ခန္ဓာကိုယ်ကိုလှုပ်ခါကာ ပိုလျှံနေသော ရေစက်များ ခါထုတ်လိုက်သည်။

"ရွမ်ထျန်း ?"

ထိုစဉ် ရုတ်တရက် ရေချိုးခန်းတံခါးကို အပြင်မှ ခေါက်နေသံကြားလိုက်ရပြီး ထိုအချိန်တွင် ချင်လိအသံသည် ရွမ်ထျန်း အတွက် နတ်ဆိုးတစ်ကောင်လိုဖြစ်နေသည်။

ရွမ်ထျန်းသည် ကြောက်လန့်တကြား ဘေစင် ကြွေပြားပေါ်ရှိ တင်ထားသော ရှေ့ခြေထောက်များ ချော်ထွက်သွားကာ သတိလက်လွတ်ဖြင့် ဒေါင်လိုက်အနေထားဖြင့် ပြုတ်ကြသွားသည်။ သူ အလျင်အမြန် ဟန်ချက်ညီအောင် ပြန်ထိန်းလိုက်နိုင်ပြီး နောက်ဆုံးတွင် မတ်မတ်ရပ်နိုင်သွားသည်။

အထဲမှ ဆူညံသံကြောင် ချင်လိစိုးရိမ်သွားသည်။ ရွမ်ထျန်း တစ်စုံတစ်ခုဖြစ်နေလောက်ကြောင်း တွေးပြီး သူ အားပိုထည့်ကာ တံခါးကို ခပ်ကြမ်းကြမ်းခေါက်လိုက်သည်။

“ရွမ်ထျန်း ဘာဖြစ်တာလဲ? မင်း အဆင်ပြေရဲ့လား?”

ခဏအကြာတွင် တံခါးခေါက်နေရာမှ ရပ်တန့်လိုက်ပြီး ရေချိုးခန်းတွင်းမှ မည်သည့်တုံ့ပြန်မှုကိုမှ မကြားရသည့်အခါတံခါး လက်ကိုင်ကို ဆုပ်ကိုင်၍ ဖြေးဖြေးချင်းလှည့်လိုက်ပြီး "ငါဝင်လာပြီနော်”ဟု ပြောလိုက်သည်။

သူပြောပြီးသည်နှင့် တံခါးကို တွန်းဖွင့်လိုက်သော်လည်း မျှော် လင့်ထားသော ထူးဆန်းသည့်ကြောင်လေးကို မတွေ့လးရချေ။

ထို့အစား ရွမ်ထျန်းသည် အေးစက်နေသော ကြွေပြားနံရံကို မှီလျက်၊ ခြေဗလာနှင့် ထိတ်လန့်သောအမူအရာဖြစ်နေသော် လည်း ကျင်လီဘက်သို့ အေးဆေးတည်ငြိမ်ဟန်ဆောင်ကာ ကြည့်လာသည်။ သူခန္ဓာကိုယ်သည် မျဉ်းဖြောင့်သဖွယ်တင်း တင်းကြပ်ကြပ် ဆန့်တန့်ထားသည်။

ချင်လိ မီးဖွင့်လိုက်ပြီး ရွမ်ထျန်းကိုကြည့်လိုက်ပြီး လွတ်နေသော ရေချိုးခန်းကို ပတ်ပတ်လည် ကြည့်လိုက်သည်။

"မင်းဘာလို့ဒီကိုရောက်နေတာလဲ ?" ချင်လိ မေးသည်။

ရွမ်ထျန်းသည် အိပ်ရာမဝင်မီ ချင်လိနှင့်ရန်ဖြစ်ခဲ့သည်ကို ပြန်စဥ်းစားလိုက်ပြီး ချင်လိ သူ့လျှို့ဝှက်ချက်ကို သိသွားမည်ကို စိုးရိမ်ပြီး လည်ပင်းကိုမော့ကာ အားနည်းသော အသံဖြင့်

"ငါ ဒီမှာ အိပ်ချင်လို့ပါ၊ မင်း ဘာဖြစ်လို့လဲ" ဟု ပြန်ဖြေလိုက်သည်။

ချင်လိမျက်လုံးများသည် စူးရှပြင်းထန်နေပြီး ရွမ်ထျန်း၏ မျက်ဝန်းများကို တည့်တည့်ကြည့်ကာနှလုံးသားအတွင်းပိုင်းအထိ ထိုးဖောက်မြင်နေရသကဲ့သို့ ခံစားရသည်။

ရွမ်ထျန်း ပို၍ထိတ်လန့်လာကာ ချင်လိ သူ့လျှို့ဝှက်ချက်ကို သိသွားပြီး လည်ပင်းကိုညှစ်ကာ လသာဘဆောင်မှပစ်ချတော့မည်ဟု ခံစားနေရသည်။

"မင်း အရုပ်ကြောင်လေးတွေ့လိုက်သေးလား ?"

ချင်လီ တည်ငြိမ်စွာမေးလိုက်သည်။

"မတွေ့မိပါဘူး"

ရွမ်ထျန်း ထိုမေးခွန်းကို စဉ်းစားဟန်မပြပဲ ချက်ချင်းတုန့်ပြန်လိုက်သည်။

သူ ထိုစကားပြောပြီးနောက် သူစိတ်ထဲတွင် မင်းက ragdoll ကြောင်၊ မင်းတို့ တစ်မိသားစုတစ်ခုလုံးက ragdoll ကြောင်တွေပဲဟု သူ့ကိုယ်သူတွေးလိုက်သည်။

ချင်လိသည် ရွမ်ထျန်းစကားများ၏ဟာကွက်ကို သတိမပြုမိဟန်ဖြင့်ဆက်မေးသည်။

“မင်း အိမ်မှာ ragdoll ကြောင်မွေးထားလား ?”

"မမွေးထားပါဘူး!"

“အင်း...ဒါနဲ့ မင်း ဒီမှာ ဘာလုပ်နေတာလဲ ? အခန်းထဲမှာ အိပ်မပျော်လို့ ညသန်းခေါင်ကြီး ရေချိုးခန်းထဲ လာအိပ်တာလား?"

ချင်လိသည် ရွမ်ထျန်း၏ပုံမှန်မဟုတ်သော အပြုအမူအတွက် အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားသည်။

ရှုမ်တီ လှေကားဆင်းသကဲ့သို့ ဆက်ပြောသည် -

"မဟုတ်ပါဘူး၊ ဒီတိုင်း မတော်တဆ အိပ်ပျော်သွားတာ"

"မင်း အိပ်ခန်းထဲ သွားအိပ်စမ်းပါ၊ ဒီမှာအိပ်ရင် အအေးမိလိမ့်မယ်”ချင်လိတည်ငြိမ်စွာပြောသည်။

"အွန်း"

ရွမ်ထျန်းသည် ချင်လိ၏အမူအရာကို တိတ်တဆိတ်စောင့်ကြည့်ရင်း နာခံစွာဖြင့်ပြန်ဖြေလိုက်သည်။

ရွမ်ထျန်းသည် သူ၏အထောက်အထားများကို ချင်လိသတိမထားမိစေရန် အမြန်ထလိုက်ပြီး အိပ်ခန်းထဲသို့ ပြန်ဝင်သွားသည်။ ချင်လိသည် ရွမ်ထျန်းနောက်ကျောကို မျက်စိတစ်ဆုံး လိုက်ကြည့်နေပြီး ခဏအကြာတွင် စိတ်ရှုပ်ထွေးစွာဖြင့် ရေချိုးခန်းဘက်သို့ အကြည့်ပြန်လွဲလိုက်သည်။ သူ အထဲသို့ဝင်ကာ ကြမ်းပြင်၏နေရာတိုင်းကိုသေချာကြည့်ရှုလိုက်သည်။

ရေချိုးခန်းကြမ်းပြင်တွင် အဖြူရောင်ကြွေပြားများခင်းထားပြီး ကပ်ညှိနေသောအရာများကို အလွယ် တကူမြင်နိုင်သည်။ ခဏအကြာတွင် ချင်လိသည် ကြမ်းပြင်ပေါ်မှ ကြောင်မွှေးအနည်းငယ်ကို ကောက် ယူလိုက်သည်။ အရှည်ကိုကြည့်ပြီး မကြာသေးမီက သူဝမ်းဗိုက်ပေါ် အိပ်ပျော်နေခဲ့သောကြောင်လေး၏အမွှေးများ ကျကျန်ခဲ့ဟန်ရှိသည်။

ချင်လိသည် ကြောင်မွှေးများကို အလင်းရောင်ထဲတွင် မြှောက်ကြည့်လိုက်ပြီး သေချာ ဂရုတစိုက် ကြည့်လိုက်သည်။ သူ အနည်းငယ်မျက်မှောင် ကြုတ်လိုက်ပြီး မျက်နှာတွင် နက်နဲ သောအမူအရာပေါ်လာသည်။

အိပ်ခန်းသို့ပြန်ရောက်သောအခါ ရွမ်ထျန်းကျောပေးကာ အိပ်ပျော်နေသည်ကို တွေ့ရသည်။ သူ့အသက်ရှူသံမှာ ပေါ့ပါးနေပြီး ထူးခြားသောလက္ခဏာ မတွေ့ရချေ။

ချင်လိသည် ရွမ်ထျန်း ကို မနှိုးဘဲ စောင့်ကြည့်နေခဲ့သည်။ထို့နောက် စောင်ကို ညင်သာစွာ ခြုံပေးလိုက်ပြီး လေအေးပေးစက်မှ အပူချိန်ကို အနည်းငယ်မြှင့်ပေးလိုက်ပြီး အိပ်ရာထဲဝင်လိုက်သည်။

အခန်းအမှောင်ကျသွားပြီးနော် အိပ်ချင်ဟန်ဆောင်နေသော ရွမ်ထျန်’ မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။ သူ အရင်ဆုံး မျက်လုံးကိုမှေးပြီး ချင်လိကို ကြည့်လိုက်ရာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သို့မှသာ သူ စိတ်သက်သာစွာဖြင့် မျက် လုံးကို ကျယ်ကျယ်ဖွင့်လိုက်သည်။ သူ့ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ကျန်ရှိနေဆဲဖြစ်သည်။ သူ့လက်သည်းများကို အပြစ်တင်သကဲ့သို့ ကြည့်နေမိသည်။ သူ့မူလပုံစံသို့ ပြောင်းလဲခြင်းကို အဘယ်ကြောင့် တင်းမခံနိုင်ခဲ့သနည်း။ မူလ ပုံစံ ပြောင်းလဲလျှင်တာ အဘယ်ကြောင့် ချင်လိဝမ်းဗိုက်ပေါ်တွင် အိပ်စက်မိနေရသနည်း၊ ထိုနေရာမှာ နွေးထွေးပျော့ပျောင်းပါသော်လည်း သူ အိပ်သင့်သောနေရာမဟုတ်ချေ။

အမှန်တိုင်း ဆိုရလျှင် ချင်လိ၏ ရင်ဘတ်နှင့်ဝမ်းဗိုက်ကြွက် သားများကို ထိတွေ့ရခြင်းသည် တကယ့်ကို သက်တောင့်သက်သာဖြစ်စေသည်။

ရွမ်ထျန်း စိတ်ပျက်လက်ပျက်ဖြင့် မိမိ၏ ပျော့ ပျောင်းသောဝမ်းဗိုက်ကို ဖိကြည့်ရင်း နောက်ထပ်မည်သည့်အချိန်၌ ထိုသို့ထိကြရမည်ကို မသိချေ။

ဤဖြစ်ရပ်ပြီးနောက် ရွမ်ထျန်းသည် သန်းခေါင်ယံအချိန်တွင် ထပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဲတော့ပေ။ သူ အိပ်ရာထဲတွင် ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နှင့် လက်ချောင်းများဖြင့် သိုးများရေတွက်နေရင်း အိပ်ပျော်နေသော ချင်လိကို လျှို့ဝှက်စောင့်ကြည့်နေသည်။ တစ်ဖက်တွင်လည်း သူ့အိပ်ချိန်ကို ထိခိုက်စေသော တရားခံအားတီးတိုး အပြစ်တင်နေမိသည်။

ထိုသို့ အပြစ်တင်မိပြီးနောက် ရွမ်ထျန်းစိတ်ထဲတွင် အပြစ်ရှိသလို ခံစားရပြီး ချင်လိဘက်သို့ သေချာ မကြည့်ရဲတော့ပေ။

နောက်တစ်နေ့ မနက် ၁၀ နာရီအချိန် ရွမ်ထျန်း အိပ်ခန်းတံခါး ပိတ်လျက်ရှိနေပြီး နှစ်ယောက်သားအိပ်ယာမှ ထလာသည့် အရိပ်အယောင်မတွေ့ရချေ။

မနက်စာစားပြီးနောက် ရွမ်ချီသည် ခွေးနှင့် လမ်းလျှောက်ထွက်ရင်း အချိန်ဖြုန်းနေရာ ပျင်းရိလာပြီး ဦးခေါင်းပေါ်မှိုပေါက်လုနီးပါး ဖြစ်နေသည်။ ရွမ်ထျန်း ထမည့်အချိန်ကိုသာ လည်တဆန့်ဆန့် စောင့်မျော်နေသည်။ သူသည် အထူးသဖြင့် ရွမ်ထျန်းနှင့် အတူကစားရန် ပြန်လာခဲ့သော်လည်း ပျင်းရိမှုကြောင့် သေလုနီးပါး ဖြစ်နေသည်။

သူ ဆိုဖာပေါ်တွင် ထိုင်နေရင်း ရွမ်ထျန်း၏အိပ်ခန်းတံခါးကို စိုက်ကြည့်ကာ နှစ်စက္ကန့်ကြာ တုံ့ဆိုင်းသွားပြီးနောက် အစ်ကိုဖြစ်သူအား နှိုးရန် ဆုံးဖြတ်လိုက်သည်။နောက်ကျမှအိပ်ရာထခြင်းသည် အချိန်ကောင်းများကို ဖြုန်းတီးရာရောက်သည် မဟူတ်ပါလား။

ထို့အပြင် ထူးဆန်းနေသည်မှာ ချင်လိသည် ပုံမှန်အားဖြင့် အိပ်ရာထနောက်ကျတက်သူမဟုတ်ပဲယနေ့မှ ဤမျှကြာရှည်စွာ အိပ်စက်နေခြင်းမှာ ပုံမှန်မဟုတ်ပေ။

ပုံမှန်မဟုတ်သော အကြောင်းရင်း တစ်စုံတစ်ရာရှိ၍သာဖြစ်နိုင်သည်။

ရွမ်ချီသည် တံခါးကို နှစ်ချက်ခေါက်လိုက်သည်နှင့် တပြိုင် နက် ဟူရှစ်သည် အလျင်အမြန် ပြေးလာကာ ရွမ်ချီ၏လက် ကောက်ဝတ်ကို ဆွဲကာ တစ်ဖက်သို့ဆွဲယူသွားပြီး ထူးဆန်း သော မျက်နှာအမူအရာဖြင့်

“သမီး အစ်ကို အိပ်နေတုန်းလေ၊ သူ့ကို သွားမနှောင့်ယှက်နဲ့၊အိပ်ပါစေ၊ ကိုယ့်ဘာသာ သွားကစားစမ်းပါ"

"ဘယ်နှနာရီရှိလို့ အခုထိ အိပ်နေသေးတာလဲ?” ရွမ်ချီ မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"ညက ပင်ပန်းသွားလို့ နေမှာပေါ့"

ဟူရှစ် ရှက်ရှက်ဖြင့်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူတို့ကိုမနှောင့်ယှက်နဲ့၊ သမီးပျင်းရင် အခန်းထဲမှာ ကွန်ပျူတာနဲ့ သွားကစားချည်"

"ကွန်ပျူတာက သမီးအစ်ကိုနဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ? ဒါနဲ့ မား ပြောတဲ့စကားကို အဓိပ္ပါယ်မရှိသလိုပဲ၊ အိပ်ရာထဲမှာ ဘယ် လိုပင်ပန်းနိုင်မှာလဲ? မားစကားက အံ့ဩစရာပဲ" ဟု ဆိုကာ ရွမ်ချီ မိခင်စကားကို လက်မခံပဲ တံခါးထပ်ခေါက်ရန် ပြင်လိုက်သည်။

ဟူရှစ်သည် ရွမ်ချီစကားကို ကြားသောအခါ ခေါင်းထဲပိုရှုပ် ထွေးလာသည်။

ရွမ်ချီ‌ပြောချင်သည်မှာ အစ်ကိုဖြစ်သူသည် သူ့အတွက် ကွန်ပျူတာထပ် ပိုအရေးကြီးသည်ကိုပင်။ ရွမ်ချီသည် ပုံမှန်အားဖြင့် ဂိမ်းကစားရတာ အကြိုက်ဆုံးဖြစ်ပါလျက် ဂိမ်းထက် ရွမ်ထျန်းကို ဦးစားပေးနိုင်သည်မှာ သူ၏ရွမ်ထျန်းအပေါ် ထားရှိသည့် နက်ရှိုင်းသော ခံစားချက်ကို သက်သေပြနေသည်။

ဟူရှစ် ချက်ချင်းပင် စိတ်ထဲတွင် လျှို့ ဝှက် အချစ်ဒရာမာတစ်ခုကို ဖန်တီးလိုက်သည်။ သူမသည် အကွက်မြင်သူဖြစ်သည်။ အကယ်၍ ရွမ်ထျန်းသာ ချင်လိနှင့် ဤသို့မဖြစ်ခဲ့ပါက ရွမ်ချီ အမှန်တကယ် ရွမ်ထျန်းကို နှစ်သက်ပါက သူ ကူညီပေးရန် စဉ်းစားထားပြီးဖြစ်သည်။သို့သော် ၎င်းတို့သည် ကလေးပင် ရနေပြီဖြစ်၍ သူအနေဖြင့် မည်သို့မှမတက်နိုင်တော့ချေ။

ဤကိစ္စကို ရွမ်ချီ သိသွားပါက လက်ခံနိုင်မည်လား ? စိတ်ထိ ခိုက်ပြီး မိုက်မဲသောအရာတစ်ခုခုကို ပြုလုပ်နေမည်လား?

ဟူရှစ် မတက်နိုင်ပဲ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းသာချလိုက်သည်။ သူသည် အစ်ကိုဖြစ်သူအပေါ် ခံစားချက်ရှိနေသည့် ရွမ်ချီအား နာကျင်စွာ ကြည့်နေခဲ့သည်။

စာရေးသူမှာ ပြောစရာရှိတယ်

မေးခွန်း- မကြာခင်မှာ မင်း ကြောင်လေးတစ်ကောင် ပိုင်ဆိုင်ရတော့မယ်၊ အဲ့အတွက် ဘယ်လိုခံစားရလဲ ?

ချင်လိ: ကြောင်... ?

ရွမ်ရှောင်ထျန်း : ပျော်တယ်~(≧▽≦)/~ကြောင်အမွေးတွေကို လျှာနဲ့ လျက်ချင်တယ်~(≧▽≦)/~

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment