no

Font
Theme

🔥 Chapter 19

မိခင်ဖြစ်သူ၏ ထူးဆန်းသောအကြည့်ကြောင့် ရွမ်ချီလက်များ လေထဲတွင် ရုတ်တရက်ရပ်တန့်သွားပြီး တစ်ကိုယ်လုံး ယားယံလာသည်။

"မား သမီးကို ဘာလို့ အဲ့လိုကြည့်နေတာလဲ? သမီး ဘာအမှားလုပ်မိလို့လဲ?"

"မဟုတ်ဘူး၊ ဒီ နားလာ၊ သမီး အစ်ကိုအိပ်နေတာကိုသွားမနှောင့်ယှက်နဲ့"

ဟူရှစ်သည် သမီးဖြစ်သူအား ကြမ်းကြမ်းတမ်းတမ်း မပြောလိုသဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

"ဟင့်အင်း မလာဘူး"

ရွမ်ချီ ခေါင်းတစ်ခုလုံး ပေါက်ကွဲလုနီးပါးဖြစ်နေသည်။

"မား၊ မား...ပုံမှန်အတိုင်းပဲ နေပေးလို့ရမလား? သမီး စိတ်ထဲ ဘာလို့မသက်မသာဖြစ်နေရတာလဲ?"

သူမသည် ပိုမိုထင်ရှားစေရန် နှစ်ခါလည်း လှုပ်ပြလိုက်သည်။

ဟူရှစ် စိတ်မသက်မသာဖြင့် ပြောလာသည်။

"မားက ပုံမှန်အတိုင်းပဲ၊ လာ မား သမီးကိုပြောစရာရှိတယ်"

"ဟုတ် ပြောလေ"

"မား ပြောမယ့်ကိစ္စက အရမ်းအရေးကြီးတာမို့ သမီး စိတ်ကိုကြိုပြီး ပြင်ဆင်ထားမှရမယ်၊ သမီး ဒါကို လက်ခံဖို့ခက်ခဲမယ်ဆိုတာ မားသိတယ်၊ ဒါပေမယ့် ဖြစ်ပြီးသွားပြီဆိုတော့ရှောင်လွဲလို့မရဘူး၊ မား ဒါကို အကြိမ်ကြိမ်စဥ်းစားပြီးသွားပြီ၊ သမီးကို ဖုံးကွယ်ထားလို့မဖြစ်လို့ "

ရွမ်ချီ စိတ်မရှည်စွာ ပြောလိုက်သည်။

"အိုး~ မားရယ် ပြောစရာရှိတာ ပြောပါတော့လား ? သမီးကို စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ"

"သမီးအစ်ကိုမှာ ချင်လိကလေးရှိနေပြီ"

"အမ်...?"

ရွမ်ချီ ထိတ်လန့်သွားသည်။

ဟူရှစ်လျန်သည် သူ့အားနှစ်သိမ့်လိုက်သည်။

"စိတ်မလှုပ်ရှားနဲ့၊ ဝမ်းလည်း မနည်းနဲ့၊ ဘာမှမဖြစ်ဘူး၊ အပြင်မှာ ထူးချွန်တဲ့ယောက်ျားလေးတွေမှ တစ်ပုံကြီး၊ သမီး ဘယ်သူကိုပဲ ကြိုက်ကြိုက် မားကန့်ကွက်မှာမဟုတ်"

"မကန့်ကွက်ဘူး ဟုတ်လား ?"

ဟူရှစ် စကားမဆုံးမီ ရွမ်ချီ မျက်လုံးများ ပြောင်းလဲသွားကာ ဖြတ်ပြောလိုက်သည်။

“…”

ဟူရှစ်စိတ်ထဲတွင် အလိုမကျသောခံစားချက်များဖြစ်ပေါ်လာသည်။

ရွမ်ချီသည် ကောက်ကျစ်သော မြေခွေးတစ်ကောင်လို ပြုံးလိုက်ပြီး

"ချင်ကောက အစ်ကိုရွမ်းထျန်းကို သဘောကျနေတယ်လို့ သမီးကို ပြောပြီးပြီ၊ သူ့အတွက် စိတ်ပူနေခဲ့တာ၊ ဒီလိုဖြစ်သွားတော့ အရမ်းကောင်းတာပဲ... မားဘာလို့ အစောကြီးကတည်း က မပြောတာလဲ ?"

ရွမ်ချီ အမူအရာမှာ စိတ်ပျက်ကာ ဒေါသထွက်နေသော အရိပ် အယောင်မျိုး လုံးဝမတွေ့ရချေ။

ဟူရှစ် အံ့ဩသွားသည်။

"သမီး စိတ်မဆိုးဘူးလား?"

"သမီးက ဘာလို့စိတ်ဆိုးရမှာလဲ ? ချင်ကောက အစ်ကိုကို သဘောကြနေတာကြာပြီ၊ နောက်ဆုံးတော့ ဒီအတွဲလေး ပေါင်းဖက်နိုင်တော့မှာလေ ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်လဲ?"

"သမီး ငယ်ငယ်လေးကတည်းက ရွမ်ထျန်းကိုလက်ထပ်ချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? သမီးနဲ့ ရွမ်ထျန်းကအရမ်းရင်းနှီးတော့ သမီး သူ့ကိုသဘောကျနေတယ်လို့ မားထင်နေတာ"

ဟူရှစ်မျက်နှာသည် ဖော်ပြရန် ခက်ခဲသောအမူအရာရှိနေ သည်။

ရွမ်ချီ ခဏတာ တုန်လှုပ်သွားပြီး အတွေးများကို စုစည်းလိုက်သည်။ ထို့နောက် သူ နံရံကို မှီကာ ခန္ဓာကိုယ် ကိုင်းညွတ်သွားသည်အထိ ရယ်မောလိုက်ပြီး

"မားအတွေးတွေက တကယ့်ကို ကြွယ်ဝလွန်းတယ်၊ သမီး ငယ်ငယ်ကပြောခဲ့တဲ့စကားတွေကို အခုချိန်ထိ အလေးအနက်ထားနေတာလား ? သမီးက ရွမ်ကောကို အစ်ကိုတစ်ယောက်လိုပဲ သတ်မှတ်ထားတာ၊ မား ဘာတွေလျှောက်တွေးနေတာလဲ? ပြီးတော့...အစ်ကိုက ချင်ကောရဲ့ကလေးကိုကိုယ်ဝန်ဆောင်ထားရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? တကယ်ကလေးလား၊ ဒါမှမဟုတ် ကလေးအတုလား?"

ဟူရှစ်သည် ရွမ်ချီ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း သေချာသွားမှသာ သူမျက်နှာအမူအရာကို ချက်ချင်းပြေလျော့လိုက်သည်။

"ဘယ်နားက ကလေးအတုကို သွားရှာလာရမှာလဲ? မား တကယ်ပြောနေတာ၊ သမီး ပါးပါးကိုယ်တိုင် စစ်ဆေးပြီးပြီ"

ရွမ်ချီ တုန်လှုပ်သွားပြီး မယုံကြည်နိုင်သော လေသံဖြင့် စောဒကတက်လိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? အစ်ကိုက ယောကျာ်းလေးလေ၊သားအိမ်မရှိပဲ ဘယ်လိုလုပ် ကိုယ်ဝန် ဆောင်နိုင်မှာလဲ?"

ဟူရှစ် သက်ပြင်းချရင်း "ဘယ်သူသိမှာလဲ ? ဒီကိစ္စကို ဘယ်သူမှ ရှင်းပြနိုင်မှာမဟုတ်ဘူး၊ဒီလိုဖြစ်ဖူးတဲ့ မှတ်တမ်းလည်းမရှိဘူး၊မားတို့ ဒီကိစ္စကို မိသားစုအပြင် ဘယ်သူ့ကိုမှ ပေးမသိထားဘူး၊သမီးလည်း လျှို့ဝှက်ထားရမယ်နော်၊ မတော်တဆ ပေါက်ကြားသွားရင် သမီးအစ်ကိုအတွက် အန္တရာယ်ရှိလာနိုင်တယ်"

"စိတ်မပူပါနဲ့ သမီးဘယ်သူ့ကိုမှ ပြန်မပြောဘူး"

ရွမ်ချီသည် ကြီးမားသောထိတ်လန့်မှုမှ မသက်သာသေးပေ။

"ပါးပါးရော ဘာပြောလဲ?"

"သူပြောတာတော့ ရွမ်ထျန်းခန္ဓာကိုယ်ထဲမှာ သားအိမ်အစား ထိုးနိုင်တဲ့ အင်္ဂါတစ်ခုရှိတယ်တဲ့၊ ကလေးက အဲ့ထဲမှာ ကြီးထွားနေတယ်၊ ပြီးတော့ ရွမ်ထျန်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာမန်လူတွေနဲ့ နည်းနည်းကွဲပြားတယ်တဲ့"

"ကွဲပြားတယ်ဆိုတာ ?"

"အင်း... အသေးစိတ်ကိုတော့ သမီး ပါးပါးပဲသွားမေးကြည့်တော့၊ သမီးတို့နှစ်ယောက်လုံးက ဆေးပညာသင်ထားဆိုတော့ နားလည်မှာပဲ၊ မားတော့ အဲ့လိုကိစ္စတွေကို နားမလည်ဘူး"

ဟူရှစ်သည် ထိုကိစ္စကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်သဖြင့် ရွမ်ပိုင်ထျန်းထံသို့ တာဝန်လွှဲပြောင်းလိုက်သည်။

နှစ်ယောက်လုံးသည် ၎င်းတို့၏စကားသံကြောင့် ရွမ်ထျန်း ကြားပြီး နိုးလာမည်စိုး၍ ခပ်လှမ်းလှမ်းတွင် စကားသွားပြောနေကြသည်။သို့သော် ၎င်းတို့စကားမဆုံးမီ ရွမ်ထျန်း၏အိပ် ခန်းတံခါးပွင့်လာသည်ကိုမြင်လိုက်ရသည်။ ချင်လိသည် သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ်နေရာချပြီး အခန်းထဲမှ ထွက်လာကာ နောက်ပြန်လှည့်ပြီး တံခါးကိုညင်ညင်သာသာပိတ်လိုက်သည်။

ထို့နောက်သူ ရေချိုးခန်းထဲသို့ဝင်ကာ သန့်စင်ပြီးနောက် ဟူရှစ်နှင့်ရွမ်ချီတို့ကို နှုတ်ဆက်ကာ မေးလာသည်။

"အန်တီတို့ အိမ်မှာ ragdoll ကြောင် မွေးထားတာလား ?"

"မမွေးထားပါဘူး၊ အိမ်က ကြောင်နှစ်ကောင်၊ ခွေးတစ်ကောင်နဲ့တင် ပင်ပန်းနေပြီ၊ နောက်ထပ် ထပ်မမွေးနိုင်တော့ပါဘူး သားရယ်"

"ဒါဆို ဘေးအိမ်ကဖြစ်ဖြစ် အောက်ထပ်ကဖြစ်ဖြစ် ragdoll ကြောင်မွေးထားတာမျိုးရှိလား?"

ဟူရှစ် ခေါင်းယမ်းကာ "မရှိပါဘူး၊အန်တီတော့ မမြင်မိဘူး၊ ပုံမှန်ဆို အိမ်မွေးကြောင်တွေကို အပြင်မှာ မလွှတ်ထားကြဘူး၊အထူးသဖြင့် ဒီလိုအဖိုးတန်မျိုးစိတ်ဆိုရင်ပေါ့"

"အော်"

ချင်လိသည် သဘောပေါက်ကြောင်းပြသရန် ခေါင်းကိုအနည်း ငယ်ညိတ်ပြလိုက်သည်။

"တကယ်တော့ သမီးလည်း အဲ့ ragdoll ကြောင်ကို မြင်ဖူးတယ်၊ အပြင်မှာ အရမ်းလှတယ်၊ အဲ့တုန်းက ညသန်းခေါင်ကြီး အိပ်ချင်မူးတူးနဲ့နိုးလာတာ၊ အဲ့ကြောင်လေးက သမီးကို စက္ကန့်အတော်ကြာ စိုက်ကြည့်နေခဲ့တာ၊ သူပုံစံက သမီးရဲ့အတွေးတွေကို နားလည်နေသလိုပဲ၊ လူတစ်ယောက်က ကိုယ့်ကို စိုက်ကြည့်နေသလို ခံစားရတာ၊ နောက်နေ့မနက် သမီး အိပ်ရာကနိုးတော့ မားတို့ကို ပြောပြသေးတယ်လေ၊ မားတို့က အိပ်မက် မက်နေတာလို့ ပြောခဲ့ကြတာ၊ ဒါပေမယ့် အဲ့တုန်းက အပြင်မှာတကယ် ဖြစ်ခဲ့တဲ့အတိုင်းအစစ်အမှန်နဲ့တူလွန်းလို့ အိပ်မက်မဖြစ်နိုင်ဘူးလို့ သမီးခံစားရတယ်" ရွမ်ချီ ရှုပ်ထွေးစွာပြောလိုက်သည်။

ဟူရှစ်သည်လည်း ထိုအဖြစ်အပျက်ကို မှတ်မိနေဆဲဖြစ်ရာ သူ ရွမ်ချီကိုကြည့်ကာ ပြောလိုက်သည်။

"သမီး ပြောသလိုဆို အိပ်မက်မက်တာမဟုတ်ရင် တစ္ဆေတွေ့ခဲ့တာ နှစ်ခုထဲက တစ်ခုပဲ၊ ဘယ်ဟာထင်လဲ ? အိမ်မှာ ragdoll ကြောင်မှမရှိတာ၊ အဲ့ညတုန်းက အိမ်တံခါးတွေလည်း အကုန်သေချာပိတ်ထားတယ်၊ ဒီလောက် လုံနေတဲ့အခန်းထဲကို ဘယ် လိုဖြတ်ကျော်ပြီး သမီးရှေ့ ရောက်လာမှာလဲ?"

"ဒါပေမယ့် သမီး အဲ့ကြောင်လေးကို သေချာရှင်းရှင်းလင်း လင်း မြင်လိုက်ရတာ၊ အိပ်မက်မဟုတ်တာ သေချာတယ် သမီးတော့ တစ္ဆေတွေ့ခဲ့တယ်လို့ ပဲ ကောက်ချက်ချလိုက်တယ်" ရွမ်ချီ အခိုင်အမာပြောသည်။

ချင်လိ ၎င်းတို့စကားဝိုင်းထဲ တိတ်တဆိတ်နား ထောင်နေခဲ့ပြီး သူ့ထင်မြင်ချက်ကို ထုတ်ဖော်ပြသခြင်းမရှိသော်လည်း သူ့စိတ်ထဲတွင် အတွေးတစ်ခုရှိနေဆဲဖြစ်ကာ ထိုအပေါ် သူယုံကြည်ချက်တို့ ပိုမိုခိုင်မြဲလာသည်။

ချင်လိသည် မနေ့ညက ရွမ်ထျန်း ကောင်းမှုကြောင့်အလုပ်ရှုပ်နေခဲ့ပြီး အိပ်ရေးမဝပေ။ ညနက်ချိန်တွင်ရွမ်ထျန်းသည် ပျင်းရိဖွယ် သိုးများရေတွက်နေသည်ကိုကြားခဲ့ရပြီး သူ့အား ဘေးတွင်ထားကာ သူ့မကောင်းကြောင်းများကိုလည်း တိတ်တ ဆိတ် လျှို့ဝှက်စွာပြောနေသည်ကိုလည်းကြားခဲ့ရသည်။ ချင်လိသည် ထိုသည်က်ို ရှင်းရှင်းလင်းလင်း ကြားခဲ့သော်လည်း မည်သည့်အရိပ်အယောင်မှမပြပဲ ရွမ်ထျန်း၏လှုပ်ရှားမှုများကိုသာ အာရုံစိုက်နေခဲ့သည်။

မိုးလင်းခါနီးမှ ရွမ်ထျန်း နောက်တစ်ကြိမ်အိပ်ပျော်သွားပြီး ချင်လိလည်း ခဏအနားယူနိုင်ခဲ့သည်။ သို့သော် သက်ရောက်မှုက သူ၏နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

သူ ကုမ္ပဏီသို့ ကားမောင်းလာရင်း ချင်လိသည် မနေ့ညက မြင်ခဲ့ရသည့်မြင်ကွင်းကို စဉ်းစားနေရင်း ပဟေဌိဖြစ်နေဆဲဖြစ် သည်။ချင်လိ ရုံးခန်းသို့ ရောက်သော်အခါ အဖြေကို စဉ်းစားနေရင်း စာရွက်စာတမ်းများ လာရောက်ပေးပို့သော အတွင်း ရေးမှူးအားမေးလိုက်သည်။

"လူတစ်ယောက်က ကြောင်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်မယ်လို့ မင်းထင်လား?"

ထိုမေးခွန်းကြောင့် အတွင်းရေးမှူးသည် အံ့အားသင့်သွားပြီး ဥက္ကဌလီသည် အဘယ်ကြောင့် ဤကဲ့သို့ရှင်းလင်းသောမေးခွန်းမျိုးမေးလာသည်ကို နားမလည်သော်လည်း အမှန်အတိုင်းဖြေလိုက်သည်။

"မဖြစ်နိုင်ဘူး သူဌေး၊ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကြောင်အဖြစ် ပြောင်းနိုင်မှာလဲ?"

"မင်း အဲ့လိုထင်တယ်ပေါ့"

ချင်လိ အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"အိုကေ၊ ရပြီ"

"ဒါဆို ကျွန်တော်ကို သွားခွင့်ပြုပါဦး ဥက္ကဌ"

အတွင်းရေးမှူးသည် ပြုံးပြကာ လှည့်ထွက်လာပြီး ရုံးခန်းတံခါးကို ဂရုတစိုက်ပိတ်လိုက်သည်။

ချင်လိသည် ထိုင်ခုံကိုလှည့်ကာ ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်ရင်း လက်ချောင်းများကို စားပွဲပေါ်တင်ကာ ညင်သာစွာထိတွေ့နေသည်။

လူက ကြောင်အဖြစ် မပြောင်းလဲနိုင်ပေမယ့် ကြောင်က လူအဖြစ် ပြောင်းလဲနိုင်လောက်တယ် မဟုတ်လား ?

သူ့မှတ်ဉာဏ်များသည် ရုတ်တရက် အတိတ်ဆီသို့ ပြန်ရောက်သွားပြီး သူ ငယ်စဉ်ကကယ်တင်ခဲ့ဖူးသော ကြောင်လေးကို တွေးမိသွားသည်။ သေချာပြန်စဥ်းစားကြည့်လျှင် မနေ့ညက တွေ့ခဲ့ရသည့်ကြောင်လေးသည် ယခင်က သူကယ်တင်ခဲ့ဖူးသောကြောင်လေးနှင့် ဆင်တူသလိုလိုရှိသည်။

ကြောင်လေးသည် လှပပြီးမျိုးရိုးမြင့်မားပုံပေါ်ကာ လျှို့ဝှက်ဆန်း ကြယ်မှုများဖြင့်ပြည့်နှက်နေသည်။

ထိုစဥ်က သူကယ်တင်ခဲ့သော ကျေးဇူးမသိတတ်သည့် ကြောင်ပေါက်စလေးအကြောင်းကို နောက်ပိုင်းတွင် မတွေးဖြစ်တော့ပေ။

သူ ထိုကြောင်လေး၏အသက်ကို ကယ်တင်ခဲ့ပြီး ရရှိခဲ့သော ဆုလာဘ်မှာ ဆုံးရှုံးသွားသောသွားတစ်ချောင်းသာဖြစ်သည်။

သို့သော် ထိုကြောင်ပေါက်စလေးသည် လူသားတစ်ယောက်ကဲ့သို့ထင်ရသည်။

သူသာ ဘေးကင်းစွာ ကြီးပြင်းလာနိုင်ပါက မနေ့ညက မြင်ခဲ့ရသော ကြောင်လေးကဲ့သို့လှပနေမည်ဖြစ်သည်။

သူ ထိုကြောင်လေးနှင့် အနာဂတ်တွင် ပြန်တွေ့ခွင့်အခွင့်အ လမ်းရှိနိုင်မလားဟု တွေးမိသည်။

"တန်မင်းဆက်လျှို့ဝှက်အမှုကြီး" ဇာတ်လမ်းတွဲ မိတ်ဆက်အခမ်းအနားတွင် ရှန်းဝမ်ကျင်လည်း ရောက်ရှိနေသည်ကို ရွမ်ထျန်းတွေ့ရှိခဲ့သည် ရှန်းဝမ်ကျင် သည် ဒါရိုက်တာနှင့် စကား ပြောနေပြီး တောက်ပသော အနီရောင် V Shape တီရှပ်ကို ဝတ်ဆင်ထားသည်။ ဦးခေါင်းမှ ခြေဖျားအထိ Limited Edition အမှတ်တံဆိပ်များသာ ဝတ်ဆင်ထားသည်။ သူ့လက်ညိုးပေါ်တွင် သော့တစ်ချောင်းကိုချိတ်ဆွဲထားပြီး မျက်လုံးများကို ကျဥ်းမြောင်းလျက် လူတိုင်းကို ပြုံးပြနေသည်။ရွမ်ထျန်းသည် အဝေးကပင် သူအနံ့ကို ရနိုင်သည်။ မိတ်လိုက်ရာသီတွင် အနံ့ပြင်းပြင်းထုတ်တက်သည့် ဒေါင်းငှက်တစ်ကောင်ကဲ့သို့ အနံ့အသက်မျိုးထွက်နေသည်။

ချင်လိသည် ရွမ်ထျန်းအတွက် ယာဉ်မောင်းတစ်ဦးနှင့်လိုက်ပါစောင့်ရှောက်ရန် လက်ထောက်တစ်ဦးကို တာဝန်ပေးခဲ့သည်။ ရွမ်ထျန်းသည် အများအမြင်တွင် အလွန်အမင်းချဲ့ကားနေသကဲ့သို့မဖြစ်စေရန် ငြင်းဆိုဖို့ ရည်ရွယ်ခဲ့သော်လည်း ချင်လိသည် သူ့လုံခြုံရေးအတွက် စိုးရိမ်သည်ဟုဆိုကာ အတင်းအ ကြပ်စီစဥ်ပေးလာသည်။ရွမ်ထျန်းသည် ချင်လိ၏ကောင်း မွန်သောရည်ရွယ်ချက်ကိုနားလည်ကာ ငြင်းဆန်ခြင်းမပြုခဲ့ပေ။ ထို့အပြင် သူ့စကားနားထောင်ပါကနေ့တိုင်းပေးနေသော Xiao Tiantian (အချိုမုန့်)ပမာဏကိုလည်း တိုးပေးမည်ဟုလည်း ပြောလာသည်။

ရွမ်ထျန်း နှုတ်ခမ်းကိုသပ်ကာ မဆိုင်းမတွပင်သဘောတူလိုက်သည်။

သူ့ဘဝတွင် အချိုမုန့်ထက်အရေးကြီးတာ မည်သည့်အရာမှမရှိချေ။ရှိလာလျှင်လည်း ထိုအချိုမုန့်များ၏ ပမာဏ နှစ်ခုဖြစ်နေရမည်။

လက်ထောက်အမည်မှာ ချိုက်ပင်း ဖြစ်သည်။ သူသည် အလုပ် များကို တိကျမြန်ဆန်စွာလုပ်ဆောင်တက်ပြီး ချင်လိကဲ့သို့ပင် တင်းမာသောမျက်နှာထားရှိကာ လူတိုင်းအား တင်းမာမှုနှင့် လေးနက်မှုများ ခံစားရစေသည်။ ရွမ်ထျန်းသည် ဤသည်ကို သံသယဝင်နေခဲ့ပြီး ချင်လိ သက်သက်ရည်ရွယ်ချက်ရှိရှိလုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး သူ့အား ဂရုစိုက်ဖို့မဟုတ်ပဲ စောင့်ရှောက်ကြည့်ရန် လွှတ်ထားခြင်းဖြစ်ကြောင်း သူ ယူဆလိုက်သည်။

ရွမ်ထျန်း တွေးရင်း ဝမ်းနည်းလာပြီးလက်သည်းကိုက်လိုက်သည်။

သို့သော် သူမည်သို့မှ မတက်နိုင်ပေ။ သူ စွဲလန်းနေသော အချိုမုန့်များအတွက်ဆို လက်လျှော့ရန်သာရွေးချယ်နိုင်ခဲ့သည်။

ရွမ်ထျန်းသည် ထိုနေရာသို့ ရောက်သောအခါ မူလစကားပြောနေကြသော သရုပ်ဆောင်များနှင့်တာဝန်ကျ ဝန်ထမ်းများသည် ချက်ချင်းပင် သူ့ဘက်သို့ အာရုံပြောင်းလာကြသည်။ ၎င်းတို့ သည် ရွမ်ထျန်းအားမြင်သည်နှင့် အံ့အားသင့်မှု၊ သံသယများ နှင့် မခန့်မှန်းနိုင်သော ရှုပ်ထွေးမှုများ မျက်နှာထက်ထင်ဟပ်လာသည်။

ရှန်းဝမ်ကျင်သည် လျစ်လျူရှုရန် ခက်ခဲလွန်းလှသော ရွမ်ထျန်း၏အလှကို မြင်ပြီး ချက်ချင်းသတိထားမိသွားသည်။

ထို့နောက် သူ ခြေတံရှည်ကြီးများကို အသုံးချကာ ရွမ်ထျန်းထံအမြန်လျှောက်လာပြီး ပခုံးကို ဆွဲဖက်လိုက်ကာ မျက်လုံးများကို မှိတ်သွားသည်အထိ ရယ်ပြလိုက်သည်။

"အိုး ရွမ်ရှောင်ထျန်း၊ နောက်ဆုံးတော့ မင်းအိမ်ထဲကထွက်လာပြီပေါ့"

"ဖြစ်ရမယ်၊ မင်းကမှ အခန်းထဲမှာပုန်းနေတာ! မင်းတစ်အိမ်လုံး အခန်းထဲမှာပဲ နေကြတာလေ!"

ရွမ်ထျန်း မကျေမနပ်ဖြင့် တုံ့ပြန်လိုက်သည်။

ရွမ်ထျန်း နောက်မှတောက်လျှောက်လိုက်နေသော လက် ထောက်ချိုက်ပင်းသည် ချက်ချင်းပင် သူ့မှတ်စုစာအုပ်ကို ထုတ်ယူပြီး လေးနက်သောမျက်နှာဖြင့် ရေးမှတ်လိုက်သည်- နံနက် ၁၀ နာရီမှာ ရှန်းဝမ်ကျင်က ရွမ်ထျန်းရဲ့ပခုံးကို တစ်ခါပွေ့ဖက်လိုက်တယ်..

ရှန်းဝမ်ကျင်သည် ချိုက်ပင်းဘက် လှည့်ပြီး မေးလိုက်သည်။

"သူက ဘယ်သူလဲ ?"

ချိုက်ပင်းသည် မှတ်စုစာအုပ်ကို အေးအေးဆေးဆေးပြန်သိမ်းလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ မိတ်ဆက်လိုက်သည်။

"နီဟောင်၊ ကျွန်တော်ကမစ္စတာရွမ်ရဲ့ လက်ထောက် ချိုင်ပင်းပါ"

"လက်ထောက် ?"

ရှန်းဝမ်ကျင် ပြုံးပြကာ ထိုသူနှင့်လက်ဆွဲနှုတ်ဆက်လိုက်ပြီး ရွမ်ထျန်းဘက် လှည့်လာကာတီးတိုးမေးလိုက်သည်။

"ဒါ ချင်လိ ထည့်ပေးလိုက်တာလား ?"

"အင်း"

ရွမ်ထျန်း စူးစမ်းစွာ မေးလိုက်သည်။

"မင်းကရော ဒီကို ဘာလို့ ရောက်နေတာလဲ ?"

"ဖျော်ဖြေဖို့အတွက် လာတာလေ၊ သရုပ်ဆောင်စာရင်းမှာ မမြင်ဘူးလား?"

"မမြင်ဘူး"

ရှမ်းဝမ်ကျင်း သက်ပြင်းချလိုက်ပြီး

"အော်၊ ကောင်းတယ်၊ မင်းက တကယ်စိတ်ချရတဲ့သူပဲ၊ ဘာပဲဖြစ်ဖြစ်လေ မင်းက ဉာဏ်ကောင်းပြီးသားဆိုတော့ ဇာတ်ညွန်းဖတ်ဖတ်မဖတ်ဖတ် ဘာမှမဖြစ်ဘူး"

သူသည် အခြားအရာတစ်ခုခုကိုပြောဖို့စဉ်းစားလိုက်သော် လည်း ချင်လိ ရွမ်ထျန်းအား ပံ့ပိုးပေးနေသည်ကို မြင်ရသဖြင့် အခြားအရာများမှာ အရေးမကြီးလှဟုထင်ကာ စိတ်ပြောင်းသွားခဲ့သည်။

ထို့နောက် ရှန်းဝမ်ကျင်သည် ရွမ်ထျန်းအား ဒါရိုက်တာဆီ ခေါ်သွားသည်။

"ဒါရိုက်တာလျှိူ၊ ဒါ ရှောင်ယန်နေရာမှာ သရုပ်ဆောင်မယ့် အသစ်လေး၊ နာမည်က ရွမ်ထျန်းတဲ့၊ ပြီးတော့ သူကကျွန်တော်ကျောင်းတက်တုန်းက အတန်းဖော်လေ၊ သူက အရမ်းရိုးသားတာ ဒါရိုက်တာကြီးပဲကြည့်ရှုစောင့်ရှောက်ပေးပါဦး"

ရှန်းဝမ်ကျင် ပြုံးပြီးပြောလိုက်သည်။

ဒါရိုက်တာသည် ရွမ်ထျန်းကိုမသိသလို သူ့နောက်ခံကိုလည်းမသိပေ။ ရွမ်ထျန်းသည် ရှန်းဝမ်ကျင်သူငယ်ချင်းဖြစ်သည်ကိုမြင်တော့ သူ ယဉ်ကျေးစွာပြန်ပြောလာသည်။

"အဆင်ပြေသွားမှာပါ၊ အစပိုင်းက ဒီလိုပဲ၊ ဒီမှာ အားလုံးလည်း သဘောကောင်းကြတယ်။ ဖြည်းဖြည်းချင်း ကျင့်သားရသွားလိမ့်မယ်၊ ဘာမှစိတ်မပူနဲ့၊ ဒါနဲ့ မင်းက ရှောင်ယန်နေရာကို သရုပ်ဆောင်မှာလား?"

ဤမျှလှပသူသည် ပရိသတ်အားအလှဖြင့်ဆွဲဆောင်ကာ အံ့အားသင့်စေရမည့် ဇာတ်ကောင်မျိုးတွင် သရုပ်ဆောင်သင့်သည်။ ရှောင်ယန်ကဲ့သို့သော ဇာတ်ကောင်ကို သရုပ်ဆောင်ရန်ရွေးချယ်ခြင်းသည်လက်ဆောင်ကောင်းတစ်ခုတော့ ဟုတ်မနေပေ။

"ဟုတ် ဒါရိုက်တာကြီး"

ရွမ်ထျန်းသည် သူ့ဆုံးဖြတ်ချက်အတွက် အမှားအယွင်းမရှိသကဲ့သို့ ယုံကြည်ချက်ရှိရှိဖြေလိုက်သည်။

ဒါရိုက်တာသည် ရွမ်ထျန်းကို သေချာအကဲခတ်ကြည့်လိုက်ရာ သူ့ရုပ်ရည်သည် အမှန်တကယ်ပင် ထူးခြားနေသည်ကို တွေ့ရသည်။သူ၏ သရုပ်ဆောင်မှုအနည်းငယ်ညံ့ဖျင်းခဲ့ရင်တောင် အဆင်ပြေသည်။သူ ထိုကောင်လေးကို မြှင့်တင်ပေးချင်သည်။

"ရှောင်းမု နေရာဆို ဘယ်လိုလဲ ?"

ဒါရိုက်တာသည် သူဆိုလိုချင်သည်ကို နားလည်လောက်မည်ဟု တွေးပြီး လိုရင်းက်ိုပြောလိုက်သည်။ ထို့ပြင် ရှောင်းမု၏ဇာတ် ကောင်သည် တတိယမြောက်အမျိုးသားဇာတ်ကောင်ဖြစ်ပြီး ရွမ်ထျန်းသရုပ်ဆောင်မည့် အရံဇာတ်ကောင်ထက် လုပ်ကွက်ပိုများသည်။ ထိုနေရာကို မည်သူကမလိုချင်ပဲ နေမည်နည်း?

သို့သော် ရွမ်ထျန်းက "ကျွန်တော်တော့ ရှောင်ယန်နေရာကို ပိုကြိုက်တယ်" ဟု ပြန်ပြောလိုက်သည်။

သူ၏အပြစ်ကင်းသော အသွင်အပြင်ကြောင့် လူတိုင်း သူ့ကို အပြစ်တင်ရန် ဝန်လေးစေခဲ့သည်။

ဖွင့်ပွဲအခမ်းအနားပြီးဆုံးပြီးနောက် အဖွဲ့သားများသည် ဇာတ် ကား၏ပထမဆုံးအပိုင်းကိုစတင်ရိုက်ကူးမည်ဖြစ်သည်။ထိုအပိုင်းသည် ရွမ်ထျန်းနှင့်ရှန်းဝမ်ကျင်တို့နှင့် သက်ဆိုင်မှုမရှိသဖြင့် နှစ်ယောက်သား ဘေးရှိထိုင်ခုံတွင်ထိုင်ကာ စားရင်းသောက်ရင်း ရှူတင်ကို ကြည့်ရှူနေကြသည်။

ရွမ်ထျန်းသည် ယခုမှ ဖျော်ဖြေရေးလောကထဲသို့ ရောက်ရှိလာသော လူသစ်ဖြစ်ရာ ရှန်းဝမ်ကျင်သည် လူတိုင်းကိုလက်ညှိုး ထိုးပြီး တစ်ယောက်ချင်းစီမိတ်ဆက်ပေးခဲ့သည်။

"အနီရောင်အဝတ်အစားနဲ့ ဓားကိုင်ထားတဲ့တစ်ယောက်က အွန်လိုင်းဒရာမာဇာတ်ကားမှာပါဝင်ပြီး နာမည်ကြီးလာတဲ့ စုန်ယီယင်းပဲ၊ သူ့ကို ဒုတိယအဆင့်သရုပ်ဆောင်အဖြစ် သတ်မှတ်လို့ရတယ်၊သူက မဆိုးဘူး၊ အလုပ်လည်း တော်တော်ကြိုးစားပြီး တာဝန်ကျေပွန်တဲ့သူပဲ၊ ဟိုဘက်က ဝတ်ဆုံံအပြည့်ဝတ်ထားတဲ့ တစ်ယောက်က ကျောက်ချန်၊ ဇာတ်လမ်းတွဲရဲ့ အဆင့်အတန်းက သူ့အပေါ်မှီခိုနေရတာ၊ နောက်ပြီး တတိယဇာတ်လိုက်နေရာမှာ သရုပ်ဆောင်မယ့်သူက... ဒါရိုက်တာက မင်းကို အလကားကမ်းလှမ်းခဲ့တာမဟုတ်ဘူး၊ ကြည့်လိုက်၊ အဲ့လူက ဘယ်လိုပုံစံလဲဆိုတာ"

ရွမ်ထျန်းသည် ရှန်းဝမ်ကျင်၏အကြည့်နောက်ကို လိုက်ပြီး တတိယဇာတ်ဆောင် အမျိုးသားနေရာကို ကြည့်လိုက်ရာ ထိုသူသည် အလွန်ကြည့်ကောင်းနေသည်ကိုတွေ့လိုက်ရသည်။ အခြားဇာတ်ကောင်များနှင့် ယှဉ်လျှင် သူသည် အလွန်ပင်ကြည့်ကောင်းနေသည်။

"ကြည့်လို့ကောင်းတယ်ဟုတ်လား ? မင်းနဲ့ယှဥ်ရင်တော့ အဲဒါက ဒါဇင်နဲ့ချီတဲ့ လမ်းတွေပဲရှိသေးတာ။ ရှောင်းမုရဲ့ဇာတ် ကောင်စရိုက်က အရမ်းချစ်စရာကောင်းပြီးလှတယ်။ သူပေါ် လာတဲ့အခါ အံ့မခန်းဖြစ်သင့်တာ။ မင်းက သူ့ထက်ပိုသင့် တော်တယ်။"

ရှန်းဝမ်ကျင်ပြောရင်း ရွမ်ထျန်းနားကပ်လာကာ တီးတိုးပြောလိုက်သည်။

"သူ့နာမည်က လျှိုချင် ၊ မင်း ချင်လိနဲ့ရင်းနှီးတယ်မဟုတ်လား? သူလည်း ချင်လိနဲ့ မရှင်းမရှင်းဆက်ဆံရေးရှိတယ်ဆိုပြီး ကောလဟာလတွေရှိတယ်၊ဘချင်လိက သူ့စပွန်ဆာဆိုပြီး တချို့က ပြောနေကြတယ်၊ ချင်လိဘက်ကလည်း ဘာဖြေရှင်းချက်မှ ထုတ်မလာဘူး၊ စိတ်ဝင်စားစရာကောင်းတယ် မဟုတ်လား?"

ထိုစကားများကိုကြားတော့ ရွမ်ထျန်းနှင့် အကွာအဝေးတစ်ခုတွင် ထိုင်နေသော အတွင်းရေးမှူးက မှတ်စုစာအုပ်ကိုထုတ်ယူပြီး သေချာ မှတ်တမ်းတင်လိုက်သည်။- မနက် 11:40 မှာ ရှန်းဝမ်ကျင်က ရွမ်ထျန်းနားကပ်ပြီး တီးတိုးစကားပြောခဲ့တယ်

ပြီးနောက် စက္ကန့်အနည်းငယ် စောင့်ကြည့်ကာ "တီးတိုးစကား" ကို ဖျက်လိုက်ပြီး ဂရုတစိုက်နဲ့ "ပူးကပ်ပြီး လျှို့ဝှက်ပြောဆိုနေတယ်" ဟု ပြင်ဆင်လိုက်သည်။

စာရေးသူမှာ ပြောစရာရှိတယ်

ချင်လိက ခါးကိုဖြောင့် တန်းစွာတည့်မတ်လိုက်ပြီး - "နားနားကပ်ပြီး တိုးတိုး‌ပြောကြတယ်ပေါ့ ဟမ် ?"

"ဝူး ဝူး ဝူး ဝူး ┭┮﹏┭┮" ရွမ်ထျန်း စကားတစ်ခွန်းမှသေချာမပြောပဲ ငိုယိုနေခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment