no

Font
Theme

🔥 Chapter 7

ရွမ်ရှောင်ထျန်း သူ့လက်ချောင်းများကို ပါးစပ်ထဲမှ ထုတ်ယူလိုက်ရာကြည်လင်သော တံတွေးအမျှင်များ ထွက်ကျလာသည်။ ထိုအမျှင်များ ပြတ်ကျလာပြီး စိုစွတ်နုနယ်သော သူ့နှုတ်ခမ်းပေါ်သို့ စီးကျသွားသည်။

ချင်လိ၏မျက်လုံးများ မှောင်မိုက်သွားပြီး သူ့ ခေါင်းထဲတွင် မိုးချုန်းသံကဲ့သို့တဒိန်းဒိန်းမြည်ဟီးသွားသည်။ သူ ရွမ်ရှောင်ထျန်းကို စကားပြန်မပြောနိုင်လောက်အောင် အချိန်ကြာမြင့်စွာ ငေးကြည့်နေမိသည်။

"မင်း ကတိမဖျက်နဲ့နော်!"

သူ ချင်လိကို စိုးရိမ်တကြီး စိုက်ကြည့်ရင်းပြောလိုက်သည်။

သူသည် ချင်လိထက် ခေါင်းတစ်လုံးခန့်နိမ့်ပြီး သေးသွယ်သောခန္ဓာကိုယ်ကောက်ကြောင်းနှင့် လက်ချောင်း၊ခြေချောင်းများ သွယ်လျကာ လှပနုနယ်သော ပုံပေါက်နေသည်။ တစ်ယောက် ယောက်က သူ့ကိုပွေ့ဖက်လိုက်ပါလျှင် ရင်ခွင်ထဲအလွယ်တကူ ပါလာမည့် အရွယ်အစားရှိသည်။

ထိုကဲ့သို့ နတ်သမီးတမျှလှပသောသူက တောင်းဆိုလာပါက ချင်လိ မည်သို့ငြင်းနိုင်မည်နည်း။

"အင်းပါ၊ ငါ ကတိမဖျက်ပါဘူး"

ချင်လိသည် အစားအသောက်အကြောင်း ကြားလိုက်သည်နှင့် အရှေ့က မကျေနပ်စရာအားလုံးကို ချက်ချင်းမေ့ပစ်ပြီး ချင်လိကို ပြုံးပြလိုက်သည်။

သူ ပြုံးလိုက်သောအခါ ပါးပြင်ပေါ်တွင် စွဲမက်ဖွယ်ပါးချိုင့် နှစ်ခု အထင်းသားပေါ်လွင်လာပြီး လှပသော မက်မွန်သီးပုံသဏ္ဍန် မျက်လုံးများနှင့် မျက်နှာထောင့်ရှိကွေးတက်လာသော လခြမ်းသဏ္ဍန်အနားသက်တို့သည် အထူး ဆွဲဆောင်မှုရှိနေသည်။

ချင်လိသည် ထိုအပြုံးကြောင့် အသည်းယားလာကာအလျင် အမြန် ဟန့်တားလိုက်သည်။

"မင်း အဲ့လိုမပြုံးနဲ့"

"အမ် ?"

ရွမ်ရှောင်ထျန်း နားမလည်နိုင်ဖြစ်သွားသည်။

"မလှဘူး"

ရွမ်ရှောင်ထျန်း စိတ်တိုသွားပြီး

"မင်းလို ရုပ်ဆိုးတဲ့သူက အလှအပကို ဘယ်ခံစားတက်ပါ့မလဲ?တခြားလူတွေက ငါ့ကို အရမ်းလှတယ်လို့ ပြောကြတယ်"

"..."

ရွမ်ရှောင်ထျန်း စိတ်ဆိုးသွားပြီး

"ရှင်းရှင်းလင်းလင်းပြောစမ်းပါ၊ ငါ ဘယ်နားမလှတာလဲ!"

"ဟုတ်ပါပြီ၊ မင်းက အလှဆုံးပါ၊ ရပြီလား ?"

"မင်း ငါ့ကို လာရွဲ့နေတာပဲ"

သူ ချင်လိကို ကျောပေးလိုက်ပြီး

"ထွက်သွား၊ မင်းနဲ့ စကားမပြောချင်တော့ဘူး"

"..."

ချင်လိမျက်နှာအမူအရာသည် မထိန်းချုပ်နိုင်ပဲ အေးခဲသွားသည်။

"မနက်ဖြန် မင်း စားချင်တာတွေ လာပို့ပေးမယ်"

ချင်လိ အစားအသောက်နှင့်ဖြားယောင်းရန်ကြိုးစားလိုက်သည်။

သို့မှာသာ သူ့မျက်နှာပြေလျော့သွားပြီး မျက်ခုံးကို အနည်းငယ်ပင့်တင်ကာ

"ပါးနဲ့မားပြောတဲ့စကားတွေကို နားမထောင်နဲ့၊ အဲ့ညက ဒီတိုင်းမတော်တဆဖြစ်ခဲ့ကြတာပဲ၊ တာဝန်ယူစရာမလိုဘူး၊ မင်းလည်း သဘောကျတဲ့သူရှိတယ်၊ ငါ့မှာလည်း ရှိတယ်၊ တစ်ယောက်ကိုတစ်ယောက် မနှောင့်နှေးစေချင်ဘူး၊ ပြီးတော့ ဒီကလေးကို မွေးဖို့မဆုံးဖြတ်ရသေးဘူး"

ချင်လိမျက်နှာ ရုတ်တရက်မှောင်ကျသွားပြီး အေးစက်စက် မေးလာသည်။

"မင်း ဘာတွေပြောနေတာလဲ ?"

သူစကားလုံးများသည် လူသတ်လိုသည့် အရိပ်အငွေများဖြင့် ပြည့်နှက်နေသည်။

ချင်လိ၏အေးစက်သော အငွေ့အသက်ကြောင့် ရွမ်ရှောင်ထျန်း တစ်ကိုယ်လုံးတောင့်တင်းသွားသည်။

ငါ ပြောတာ မှားသွားလို့လား ?

အဲ့ညက ချင်လိ ငါ့ကိုတခြားသူနဲ့မှားပြီး အိပ်ခဲ့တာလေ၊ ငါ့ကိုဂရုစိုက်ဖို့အတွက်နဲ့ သူချစ်တဲ့လူကို လက်လွှတ်တော့မှာလား?

ထို့အပြင် သူ တန့်ရူဆီက အချစ်ကိုမရသေးပေ။ သူသည် စိတ် ရှည်သည်းခံတတ်သည့် ကြောင်တစ်ကောင်ဖြစ်ရာ လမ်းတစ် ဝက်မှာတင် လက်မလျှော့သူဖြစ်သည်။ သူ့ အသက်သခင်ကျေးဇူးရှင်ကိုကိုယ်ခန္ဓာဖြင့် အကြွေးပြန်ဆပ်ရန်ဆုံးဖြတ်ထား သည်။

လူသားများအတွက် ကျေးဇူးဆပ်ရန် အကောင်းဆုံးနည်းမှာ ခန္ဓာကိုယ်ကိုအပ်နှံခြင်းဟုဆိုကြောင်း သူကြားဖူးသည်။

"မင်း ကလေး ဖျက်ချဖို့ စဥ်းစားနေတာလား ?"

ချင်လိသည် ရေခဲတမျှ အေးစက်သောလေသံဖြင့် မေးလာသည်။

ထို့အတူ သူ့မျက်လုံးထဲတွင် ရေခဲရိပ်များပါလာပြီး ပါးလွှာ သော နှုတ်ခမ်းကိုတင်းတင်းကြပ်ကြပ်စေ့ထားပြီး တစ်ကိုယ်လုံး အသွားထက်သောဓားတစ်ချောင်းလို ချွန်ထက်နေသည်။

သူ့ခြေထောက်များ ပျော့ခွေသွားပြီး အလန့်တကြား ခေါင်းကိုခါယမ်းရင်း

"မ...မဟုတ်ဘူး...ငါက ဒီတိုင်းပဲ ပြောလိုက်တာပါ"

ချင်လိ မျက်နှာမှာအေးခဲနေဆဲဖြစ်သည်။

"ကလေးကို မင်းတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး"

"..အင်း" သူ တိုးညှင်းစွာ ဖြေလိုက်သည်။

အမှန်တော့ သူကိုယ်တိုင်လည်း ဗိုက်ထဲက ကြောင်လေးကို ဖျက်ချဖို့ဝန်လေးနေသည်။

လူသားများသည် ၎င်းတို့၏သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ရန် ငွေအများကြီးကုန်ကျကြောင်း သူကြားဖူးသည်။

သို့ဖြစ်ရာ သူလည်း ကြောင်လေးကို လူ့အသိုင်းအဝိုင်းအတွင်း ဝင်ဆံ့အောင်၊အသက်အရွယ်တူ လူသားများ၏ ခွဲခြားဆက်ဆံခြင်းကို မခံရအောင် သူ ကြိုးစားပြီး ငွေရှာရမည် ဖြစ်သည်။

ယခင်လို စားစရာရှိရုံနှင့် ကျေနပ်နေသည့် ကြောင်ဘဝဖြင့် ရောင့်ရဲနေ၍ မဖြစ်တော့ချေ။

သူသည် တာဝန်ကျေသော ကြောင်ဖခင်တစ်ဦးဖြစ်ပြီး ကြောင်ပေါက်စလေးကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ရမည်ဖြစ်သည်။

ချင်လိ ရုတ်တရက် တိတ်ဆိတ်သွားသော ရွမ်ရှောင်ထျန်းကို ကြည့်ရင်း အခုချိန်ထိ တန့်ရူအကြောင်းတွေးနေဆဲ ဖြစ်မည်ဟု ခန့်မှန်းလိုက်ပြီး ခဏအတွင်းမှာပဲ သူ့ခန္ဓာကိုယ်က ဖိအားတွေ ပိုများလာသလို ခံစားရသည်။

"အများကြီး စဉ်းစားမနေနဲ့"

ချင်လိ အေးစက်စွာပြောသည်။

"မင်းဗိုက်ထဲက ကလေးအတွက် ငါ့မှာတာဝန်ရှိတယ်။ဒါက ငါလုပ်သင့်တဲ့အရာပဲ၊ မင်းနဲ့မဆိုင်ဘူး"

"အွန်း"

သူ ပခုံးပေါ် ဖိအားပိုများလာသလို ခံစားလိုက်ရသည်။

သူ မူလက ကြောင်ပေါက်စလေးအတွက် နို့မှုန့်ဖိုးတောင်းရန်သာရည်ရွယ်ထားပေမယ့် ယခုတော့ မဖြစ်နိုင်တော့မှန်းနား လည်သွားသည်။

သူ့ကြောင်ပေါက်စလေးကို သူတစ်ယောက်တည်းပြုစုရမည်။

သူ ချမ်းသာဖို့နည်းလမ်းများကိုတွေးတောရင်း ထိုညတွင် အိပ်မပျော်နိုင်ခဲ့ပေ။ တကယ်တော့ သူဟာ နာရီဝက်လောက်သာအိပ်မပျော်ဖြစ်ပြီး မြန်မြန်ပြန်အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မနက်တွင် အမွေးထူသောကြောင်တစ်ကောင်သည် နူးညံ့သောစောင်ထဲမှထွက်ပေါ်လာသည်။

သူ ပါးစပ်ကိုအနည်းငယ်ဟကာသမ်းဝေလိုက်ပြီး သက်တောင့် သက်သာရှိစွာ ခြေလက်များကို ဆန့်တန်းကာ ဖွေးဖွေးနုနယ် သော ခြေလက်များဖြင့် စောင်ကိုကန်ထုတ်လိုက်သည်။

သူ့ ကိုယ်ပေါ်တွင် စောင်မရှိသောအခါ ပန်းနုရောင် ခြေဖဝါးများနှင့် နူးညံ့သော ဝမ်းဗိုက်နေရာပေါ်လွင်လာသည်။

ထို့နောက် ထူထဲသော အမွေးများနှင့် အမြီးကိုခါယမ်းလိုက်ပြီး ရင်ဘတ်မှ အမွေးများကို ပန်းရောင်လျှာဖြင့် လျှက်လိုက်ကာ ဘေးရှိ ကိုယ်လုံးပေါ် မှန်ချပ်ကြီးဆီသို့ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလိုက်သည်။

သူခုန်ဆင်းပုံမှာ အလွန်ပေါ့ပါးလွန်းနေပြီး အသံအနည်းငယ်ပင် မထွက်ချေ။

သူ မှန်ရှေ့တွင်ရပ်ပြီး တခြားကြောင်များနှင့်မတူတဲ့ သူ့၏ ပြိုင်ဘက်ကင်းအလှတရားကိုသဘောကျစွာ ကြည့်နေမိသည်။

သူ၏မူလကြောင်တစ်ကောင်၏အသွင်အပြင်သည် အလွန်လှပပြီး ခေတ်ပေါ် Ragdoll ကြောင်မျိုးစိတ်နှင့်အလွန်ဆင်တူ သည်။သူ ညတိုင်း အမွေးကိုလျှာဖြင့်ယှက်ကာ ဖြီးလိမ်းသည့်အတွက် သူ့ အမွေးများမှာ အလွန်ပြေပြစ်နေပြိး သူ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါးသည် အဖြူရောင်အမွေးများဖြင့် ဖုံးလွမ်းထား သည်။ မျက်နှာသည် V ပုံသဏ္ဍာန်ရှိပြီး မျက်ဆံအနောက်ဘက်ကချောကလက်ရောင်နှင့်ရှေ့ဘက်က အဖြူရောင်ဖြစ်သည်။ ထို့အပြင် လှုပ်ယမ်းနေသော အမြီးတွင် ချောကလက်ရောင်အမွေးများဖြင့် ဖုံးလွှမ်းနေသည်။

သူ မှန်ရှေ့တွင် ခန္ဓာကိုယ်ကိုလှည့်ပတ်ရင်း ကြောင်အသွင်ဖြင့်နေရသည်က ပိုသက်တောင့်သက်သာရှိစေသည်ဟု ခံစားရသည်။

သူ့ ရှေ့ခြေထောက်များကိုလျှာဖြင့်လျက်ပြီး ပန်းရောင်နုနုခြေဖဝါးဖြင့် မျက်နှာကိုပွတ်သပ်လိုက်သည်။

သူ မျက်နှာကိုပွတ်သပ်ရင်း သူ့ခြေဖဝါးအောက်ရှိ အသားစိုင်မှာ အရင်ကထက် ပိုဖောင်းနေသည်ကိုတွေ့လိုက်ရသည်။

သူမှန်ရှေ့တွင် ကိုယ်ကိုကိုင်းကာ လှပသောနက်ပြာရောင်မျက် လုံးများကို ခပ်ကျယ်ကျယ်ဖွင့်လျက် ခြေဖဝါးနှင့် မျက်နှာကိုဖိကြည့်လိုက်သည်။

အရမ်းနူးညံ့တာပဲ...

မြှောက်ထားသော အမြီးသည် ဝမ်းနည်းဖွယ် အောက်သို့ နိမ့်ဆင်းသွားသည်။ သူ အချိန်အနည်းငယ်အတွင်း ပုံမှန်ထက် အဆများစွာပိုဝလာသည်ဟု ထင်ရသည်။

ဝဝကစ်ကစ်ပုံစံသည် ချစ်စရာကောင်းပေမယ့် သူ့အလှအပနှင့်ခန့်ညားမှုကို လျော့နည်းသွားစေသည်မှာ အမှန်ပင်။ ချင်လိ၏ စကားများ ရုတ်တရက် သူ့စိတ်ထဲပေါ်လာသည်။

သူရှေ့လက်များဖြင့် မျက်နှာကိုအုပ်ထားလိုက်ပြီး ဝမ်းနည်းစွာတွေးလိုက်သည် ။ သူတကယ်ပဲဝလာသည်။ ချင်လိ သူ့ကို မလှဘူးလို့ ပြောတာလည်း မှားမနေပေ။ သူက အရင်လိုချောမောလှပသော ကြောင်တစ်ကောင်မဟုတ်တော့ချေ။

ရွမ်ရှောင်ထျန်း ရုတ်တရက်ခေါင်းငိုက်ကျသွားပြီး သူဟာ အခုဆို အသုံးမကျတဲ့ကြောင်တစ်ကောင်ဖြစ်သွားပြီလို့ ခံစားနေရသည်။

ထို့နောက် သူ၏ လှပပြေပြစ်သောအမွေးများကို ရဲရင့်စွာလှုပ် ယမ်းပြီး လူအသွင်ပြန်ပြောင်းကာ ကြောင်ပေါက်လေးအတွက် နို့မှုန့်ဖိုးဘယ်လိုရှာရမလဲဆိုတာ စဉ်းစားလိုက်သည်။

သူ မည်သည့်အခါမှ လုပ်ခလစာမြင့်မားစွာပေးသော အလုပ် များအတွက် ခက်ခက်ခဲခဲလိုက်ရှာနေရန်မလိုပေ။ ကံအား လျော်စွာပဲ ကံကောင်းခြင်းနှင့် အခွင့်အလမ်းများ သူ့အတွက်အမြဲရှိနေသည်။ ကမ်းလှမ်းမှုများကို အမှန်တကယ်ရရှိခဲ့ဖူးပြီးအကြောင်းပြချက်တူညီစွာဖြင့် ငြင်းပယ်ဖူးသည်။

သူသည် လူသားများနှင့် မတူဘဲ၊ သူ့တွင် ရည်မှန်းချက်တွေ၊စိတ်အားထက်သန်မှုတွေ မရှိပေ။သူ့ခေါင်းထဲတွင် တစ်နေ့တနေ့ ဘယ်လိုကစားရမယ် မည်သို့ ကောင်းကောင်းစားသောက်ရအယ် မည်သို့ အိပ်ရမယ်ကလွဲရင် တခြားဘာမှ စိတ်ပူစရာမရှိပေ။

သို့သော် ယခုမူ သူ့ကြောင်ပေါက်လေးကို ပြုစုစောင့်ရှောက်ရမည်ဖြစ်ရာ ယခင်လို ပေါ့ပျက်ပျက်နေလို့မရတော့ပေ။

သူ လေးလေးနက်နက် စဉ်းစားနေရင်း အိပ်ယာဘေးရှိ ဖုန်းမှ သီချင်းသံမြည်လာသည်ကို ကြားလိုက်ရသည်။

Guangyao Entertainment Company ၏ ဥက္ကဋ္ဌ ကောဖန့်မှ ဆက်သွယ်လာခြင်းဖြစ်သည်။

သူ အနည်းငယ်စဉ်းစားပြီးနောက် ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို၊ ရွမ်ရှောင်ထျန်းလား?"

တဖက်မှ မာကျောနက်ရှိုင်းသော အသံတစ်ခုထွက်ပေါ်လာသည်။

ရွမ်ရှောင်ထျန်းသည် သူ့နားရွက်များကို မသက်မသာပွတ်သပ်လိုက်ပြီး၊သူ၏စကားသံမှာ ပုံမှန်အတိုင်း ဖြစ်သွားကာ ယခင်ကကဲ့သို့ နူးညံ့ခြင်းမရှိတော့ပေ။

"ဟုတ်ပါတယ်" သူပြန်ဖြေလိုက်သည်။

ကော်ဖန့် ပြုံးရင်းပြောလိုက်သည်။

"မနေ့ကပြောတာ စဉ်းစားကြည့်ပြီးလား? မင်းမှာ တခြားသူတွေနဲ့မတူတဲ့ အလှတရားရှိတယ်။ Guangyao နဲ့ စာချုပ်ချုပ်ရင် မင်းကို နာမည်ကြီးသရုပ်ဆောင်တစ်ယောက်အဖြစ် အောင်မြင်အောင် လုပ်ပေးမယ်။ Guangyao ရဲ့ powerကို မင်းသိပါတယ်။ ဒီထက်ကောင်းတဲ့ ဖျော်ဖြေရေးကုမ္ပဏီမရှိဘူး။ အခွင့်အလမ်းကောင်းတွေလိုချင်ရင် ဒီမှာ အကုန်ရမယ်။မင်း စာချုပ်ချုပ်ဖို့ စဉ်းစားထားရင် ငါနဲ့ ဆွေးနွေးလို့ရတယ်။ မင်းလိုအလှလေးက ဖျော်ဖြေရေးလောကမဝင်ရင် တစ်သက်လုံးနောင်တရမှာပဲ"

ရွမ်ရှောင်ထျန်း ပြောနေသည့်အရာများကို စိတ်မဝင်စားဘဲ "ပိုက်ဆံအများကြီးရမှာလား" ဟုသာ မေးလိုက်သည်။

ကော်ဖန့် ပြန်ဖြေသည်။

"သေချာတာပေါ့! သရုပ်ဆောင်အလုပ်က အမြတ်အစွန်းအရှိဆုံးအလုပ်ပဲ။ ရုပ်ရှင်တစ်ကားရိုက်ရင် အမြင့်ဆုံးသန်းရာနဲ့ချီရနိုင်တယ်။ ဒါတောင်ကြော်ငြာတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ မပါသေးဘူး၊ ပိုက်ဆံအများကြီးလိုချင်ရင် သရုပ်ဆောင်အလုပ်ကို ရွေးချယ်တာအကောင်းဆုံးပဲ"

သူ အံ့အားသင့်သွားသည်။ သရုပ်ဆောင်တွေက အဲ့လောက်ပိုက်ဆံရနိုင်တာလား? သူမှန်းထားတာထက် ပိုပြီများနေတာအံ့သြစရာပဲ။

"ဒါဆို ကျွန်တော်ဘာလုပ်ရမှာလဲ ?"

သူ့မျက်လုံးများတောက်ပလာပြီး ချက်ချင်းမေးလိုက်သည်။

ကော်ဖန့်ပြောတာမှန်ရင် သူ့ကြောင်ပေါက်စလေးအတွက် နို့မှုန့်ဖိုးလုံလောက်မှာ ဖြစ်သည်။

"အရင်ဆုံးတွေ့ပြီးမှ ဆက်ပြောကြတာပေါ့၊ မင်း ဒီနေ့လာနိုင်မလား? ငါ လိပ်စာပို့ပေးလိုက်မယ်၊ ငါ့ရုံးခန်းကိုလာခဲ့လိုက်"

သူနှင့်ကော်ဖန့် တွေ့ဆုံရန် သဘောတူခဲ့ကြပြီး ဖုန်းခေါ်ဆိုမှုအပြီးတွင် ကော်ဖန့်ထံမှ လိပ်စာကို လက်ခံရရှိခဲ့သည်။

သူ Guangyao Entertainment ကုမ္ပဏီ၏လိပ်စာကို ရှာဖွေကြည့်ရာ ဤလိပ်စာနှင့်တူနေသည်ကို တွေ့ရသည်။

ထို့နောက် Guangyao Entertainment ကုမ္ပဏီတွင် အတောက် ပဆုံး ဖြစ်နေစေရန် သူ့ကိုယ်သူ လှလှပပ ပြင်ဆင်လိုက်သည်။ ထိုကဲ့သို့ဖျော်ဖြေရေးကုမ္ပဏီများတွင် ချောမောလှပသူတွေအများကြီးရှိနေရာ သူသာ သာမန်လူတစ်ယောက်လို ဝတ်စားသွားလျှင် လူပင်ပျောက်သွားနိုင်သည်။ ပိုက်ဆံရှာရန် ဤလမ်းကိုရွေးချယ်ထားရင် သူ့ကိုယ်သူ အမြဲတောက်ပြောင်နေအောင် ဂရုစိုက်ရမယ်ဖြစ်သည်။

ယနေ့သည် ရုံးဖွင့်ရက်ဖြစ်ပြီး သူ့မိဘများအိမ်တွင် မရှိကြပေ။ချင်လိမှ ကြည့်ကောင်းသည်ဟု ပြောဖူးသော အနီရောင်ရှပ် အင်္ကျီတစ်ထည်ကို ဝတ်ဆင်လိုက်သည်။ ရှပ်အင်္ကျီတွင် နူးညံ့လှပသောပုံစံများဖြင့် အလှဆင်ထားကာ သူ့အသားအရည်နှင့် အလွန်လိုက်ဖက်ညီလှသည်။

အပြင်တွင် နေခြစ်ခြစ်တောက်ပူနေပြီဖြစ်၍ သူ ဦးထုပ်ဆောင်းလိုက်သည်။ သူ့နဖူးထပ်ဝယ် ပျော့ပျောင်းသောဆံနွယ်စများ ကျဆင်းနေပြီး ဖြူဖွေးနုဖတ်နေသော သူ့အသွင်အပြင်သည် ချစ်စဖွယ်အရုပ်လေးတစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။

သူသည် အလှအပကိုအထူးဂရုစိုက်သော ကြောင်တစ်ကောင်ဖြစ်ရာ ပြင်ဆင်ပြီးနောက် ကိုယ်လုံး ပေါ်မှန်ရှေ့တွင် သူ့ကိုယ်သူပြန်ကြည့်ပြီး ကျေနပ်စွာဓာတ်ပုံရိုက်ယူလိုက်သည်။

ထို့နောက် သူ့အကြိုက်ဆုံး ကြောင်နားရွက်နှစ်ဖက်ပါသော အဖြူရောင် အမွေးပွကြောင်လွယ်အိတ်ကို ယူလိုက်သည်။ အထဲတွင် မပါမဖြစ်သကြားလုံးများနှင့် အချို့မူန့်များထည့်ထားသည်။

သူ တက္ကစီပေါ်ရောက်တော့ ဓာတ်ပုံနှင့်စာတိုတစ်စောင်ကို QQ မှတစ်ဆင့် ရှန်းဝမ်ကျင်ထံပို့လိုက်သည်။

"လှလား ?"

ယခုအချိန်တွင် တစ်စုံတစ်ယောက်ထံမှ အသိအမှတ်ပြုမှုတစ်ခုခုလိုအပ်နေသည်။

သူ မက်ဆေ့ပို့ပြီး မိနစ်အနည်းငယ်ကြာသည်အထိ ရှန်းဝမ်ကျင် ဘက်မှစာပြန်လာချင်းမရှိသဖြင့် သူ့မက်ဆေ့ကို ပြန်စစ်ဆေးကြည့်လိုက်ရာ ချင်လိဆီ မှားပို့ထားကြောင်းတွေ့လိုက်ရသည်။

သူမက်ဆေ့ကို ပြန်ရုပ်သိမ်းဖို့ကြိုးစားလိုက်သော်လည်း နှစ်မိနစ်ထက်ကျော်သွားသော မက်ဆေ့ချ်ကိုပြန်ရုတ်သိမ်း၍ မရနိုင်ကြောင်း စနစ်မှဖော်ပြနေခဲ့သည်။

သူ့လက်သည်းများကို ကိုက်လိုက်ပြီးငိုချင်လာသည်။ ချင်လိသာဆို သူ့ယုံကြည်မှုကို မည်သို့ချိုးနှိမ်လာမည်ကိုမပြောလည်း ခန့်မှန်း၍ ရနေပြီဖြစ်သည်။

သူ့ဆံပင်ကိုဆုပ်ကိုင်လိုက်ပြီး ချင်လိအား မက်ဆေမှားပို့ခြင်းဖြစ်ကြောင်း ရှင်းပြရန် ပြင်လိုက်စဥ် ချင်လိဘက်မှ "အရမ်းလှတယ်" ဟု စာပြန်လာသည်ကို တွေ့လိုက်ရသည်။

သူ အံ့ဩသွားပြီး မျက်လုံးများဝိုင်းစက်သွားကာ မယုံနိုင်စွာဖြင့် သူ့မျက်နှာကို ထိတွေ့ကြည့်မိသည်။

ချင်လိက ငါ့ကို လှတယ်လို့ တကယ်ပြောလိုက်တာလား ?

သူ အမြင်မှားနေတာလား ?

သူ စာပြန်ပို့လိုက်သည်။

မင်းအကောင့် အဟက်ခံလိုက်ရတာလား ?

ချင်လိ: နိုး!

ရွမ်ရှောင်ထျန်း - ဒါဆို ငါ့ကို လှတယ်လို့ ဘာလို့ပြောတာလဲ? မင်းပဲ မနေ့ညက ငါ့ကို မလှဘူးလို့ပြောခဲ့တာမဟုတ်ဘူး [ဒေါသမျက်လုံး]

ချင်လိ: မင်း အပြင်သွားမလို့လား ?

ရွမ်ရှောင်ထျန်း: မင်းနဲ့မဆိုင်ပါဘူး!

ချင်လိ:...

ချင်လိ: ငါ မင်းကို အချိုမုန့်တွေ လာပို့ပေးမလို့

ရွမ်ရှောင်ထျန်း - ငါအိမ်မှာမရှိဘူး၊ အလုပ်သွားလျှောက်မလို့

ချင်လိ: ဟမ်၊ အလုပ်လျှောက်မယ် ?

ရွမ်ရှောင်ထျန်း - ဟုတ်တယ်၊ ကုမ္ပဏီတစ်ခုက ငါ့ကို အလုပ်လုပ်ဖို့ကမ်းလှမ်းလာတယ်၊ ငါ မင်းနဲ့ဆက်မပြောတော့ဘူး။ ပြီးတော့ မင်း ငါ့ကို ဂရုစိုက်စရာမလိုဘူး၊ ငါ့ဘာသာ ပိုက်ဆံရှာနိုင်တယ်!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment