no

Font
Theme

🔥 Chapter 8

ရွမ်ရှောင်ထျန်း ကျသင့်ငွေပေးဆောင်ပြီးနောက် တက္ကစီပေါ်မှ ဆင်းလာသည်။ သူ မျက်စိရှေ့ရှိ တောက်ပပြီး ကြီးမားလှသော အဆောက်အဦးကြီးကို မော့ကြည့်လိုက်သည်။ ခဏအကြာတွင် သူ့စိတ်ထဲ ရည်မှန်းချက်များ ပြည့်လာပြီး Guangyao Entertainment Media Company ထဲသို့ ဝင်နိုင်ရမည်ဟု စိတ်ပိုင်းဖြတ်ကာ အထဲကို ဝင်လာသည်။

သူ Guangyao Media အကြောင်း ကြားဖူးသည်။ ဤကုမ္ပဏီသည် ပြည်တွင်းဖျော်ဖြေရေးလောကတွင် သြဇာအရှိဆုံး ကုမ္ပဏီဖြစ်ပြီး ပထမအဆင့် အနုပညာရှင်များစွာနှင့် စာချုပ်ချုပ်ဆိုထားသည်။ နှစ်စဉ်နှစ်တိုင်းအနုပညာရှင်သစ်များစွာကို မြှင့်တင်ပေးလေ့ရှိသည်။ ထိုအထဲတွင် သူ့အား မြေတောင် မြှောက်ပေးရန် ဆက်သွယ်လာခြင်းမှာ အောင်မြင်ကျော်ကြားလာမည်ဟု သေချာပေါက် ကောက်ချက်ချထားသောကြောင့်ပင် ဖြစ်နိုင်သည်။

Guangyao Media နှင့် စာချုပ်ချုပ်နိုင်ခြင်းသည် အောင်မြင်မှုနှင့် နီးစပ်လာသည်ဟုဆိုနိုင်သည်။ သို့ဖြစ်ရာ ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်လိုသော အနုပညာရှင်အများအပြားသည် Guangyao Media နှင့် စာချုပ်ချုပ်လိုကြသည်။သို့ သော် Guangyao Company သို့ ဝင်ခွင့်ရရန် လိုအပ်ချက် များပြားလှသောကြောင့် နောက်ခံအင်အား၊ ရုပ်ရည်၊ စွမ်းဆောင်ရည် အလုံးစုံ အပြည့်အဝမရှိပါက ဝင်ရောက်နိုင်ဖို့မဖြစ်နိုင်ပေ။

Guangyao ပိုင်ရှင်မှ သူ့အားသဘောကျကာ စာချုပ်ညှိနှိုင်းရန် တွေ့ဆုံမည်ဟု ချိန်းဆိုလာခြင်းသည် ရွမ်ရှောင်ထျန်းအတွက် ကံကောင်းသည်ဟုဆိုနိုင်သည်။

ကော်ဖန့်သည် ဧည့်ကြိုကောင်တာကို အလိုအလျောက်ညွှန်ကြားထားဟန်ရှိသည်။

သူအဆောက်အအုံအတွင်းသို့ဝင်လာသောအခါ ဧည့်ကြိုကောင်တာမှ တာဝန်ခံမိန်းကလေးသည်ပြုံးရွှင်စွာဖြင့် နှုတ် ဆက်လာသည်။

“ခွင့်ပြုပါရှင့်၊ ဒီဘက်က ယန်‌ရွမ်ရှောင်ထျန်းလားရှင့်?”

"ဟုတ်ပါတယ်၊ ကျွန်တော့်ကို သိလို့လား?”

ရွမ်ရှောင်ထျန်းသည် သူ့ကိုယ်သူ မိတ်ဆက်ရန်ပြင်လိုက်စဉ် ထိုစကားကိုကြားလိုက်ရသဖြင့် အံ့အားသင့်သွားသည်။

ယန်လိသည် ဖျော်ဖြေရေးကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ရာ ပုံမှန်အားဖြင့် ချောမောလှပသော ကြယ်ပွင့်များ၏ အလှများကို မြင်နေကြဖြစ်ကာ ရွမ်ရှောင်ထျန်း၏ ထူးခြား သော ရုပ်ရည်အသွင်အပြင်ကို အနီးကပ်မြင်လိုက်ရချိန်တွင် သူ အံ့ဩသွားရသည်။ သူ မျက်နှာတစ်ခုလုံး အနီရောင်မျက် နှာဖုံး တင်ဆင်ထားသကဲ့သို့ နီရဲသွားသည်။

“သူဌေးက ရှင့်ကို မြင်တာနဲ့ ချက်ချင်းသိနိုင်တယ်လို့ ပြောထားပါတယ်”

ဒါ ဘယ်မျိုး အကြောင်းပြချက်လဲ ?"

ရွမ်ရှောင်ထျန်း သူ့မျက်နှာကို လက်ဖြင့်ပွတ်သပ်ရင်း "ကျွန်တော့်မျက်နှာက ထူးဆန်းနေလို့လား ?”

"မဟူတ်ပါဘူး၊ ရှင်က အရမ်းချောတာပဲ၊ ရှင်လောက်ချောတဲ့သူ ကျွန်မ ဘယ်တုန်းကမှမမြင်ဖူးဘူး” ဟု ယန်လိ ပြန်ဖြေလိုက်သည်။

"ကျွန်မ ဥက္ကဌရုံးခန်းကို လိုက်ပို့ပေးပါမယ်”

"မင်း နာမည်ဘယ်လိုခေါ်လဲ ?"

“ကျွန်မနာမည် ယန်လိပါ" ဟု ဓာတ်လှေကားထဲဝင်ရင်း ဖြေလိုက်သည်။

"ယန်လိ မင်းလည်း ကြည့်ကောင်းတာပဲ” သူ လေးလေးနက်နက် ချီးကျူးလိုက်သည်။

လူသားများ၏သဘောသဘာဝသည် ချီးကျူးပြောဆိုခံရခြင်းကို နှစ်သက်ကြသဖြင့် သူ ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယန်လိ မျက်နှာထူပူလာကာစိတ်လှုပ်ရှားစွာဖြင့် လက်နှင့်မျက် နှာကို အုပ်လိုက်သည်။

ဥက္ကဌရုံးခန်းသည် Guangyao အဆောက်အအုံ၏ခြောက်ထပ်တွင်တည်ရှိသည်။အခန်းကို ဇိမ်ခံပစ္စည်းများဖြင့် ခမ်းနားထည်ဝါစွာအလှဆင်ထားသည်။ လျှောက်လမ်း၏မျက်နှာကျက်တွင် သလင်းကျောက်မီးချောင်းများဖြင့် အလှဆင်ထားပြီးကြမ်း ပြင်ကို နူးညံ့သော ကော်ဇောများခင်းထားသည်။

ယန်လိသည် သူ့အား ဥက္ကဌရုံးခန်းသို့ ခေါ်ဆောင်ရာလမ်းတွင် ရုတ်တရက် ရပ်တန့်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်သော် လည်း တုံ့ဆိုင်းနေပုံရသည်။နောက်ဆုံး ရွမ်ရှောင်ထျန်းမျက်နှာကိုမော့ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။

“ရှင်က Guangyao စာချုပ်ချုပ်ဖို့လာတာလား?”

“ဟုတ်တယ်"

သူ ရုံးခန်းဘက်ကို ညွှန်ပြလိုက်ပြီး

"ကျွန်တော်နဲ့ စာချုပ်ချုပ်ချင်တယ်လို့ သူဆက်သွယ်လို့ ရောက်လာတာ”

"ဒါဆို ရှင့်ကို သတိထားဖို့ ပြောချင်တယ်၊ ကျွန်မတို့ ဥက္ကဌက ရှင့်လို အလှလေးတွေဆိုသိပ်သဘောကျတာ၊ သူအရင်တုန်းကလည်း ဒီလိုမျိုး ရှာနေကြပဲ၊ ကျွန်မက သတိပေးတာပါ။ ဘယ် လိုပဲဖြစ်ဖြစ် ရှင့်ကိုယ် ရှင် သတိထားပြီး နေတော့ ကောင်းတာပေါ့”

ရွမ်ရှောင်ထျန်းလိုမျိုး ချစ်စရာကောင်းလွန်းပြီး အပြစ်ကင်းစင်သည့် ကောင်လေးသည် သူဌေးဖြစ်သူ၏လက်ထဲတွင် ပျက်စီးသွားမည်ကို မြင်ရပါက သူတကယ်ကို ဝမ်းနည်းနေလိမ့်မည်ဖြစ်သည်။

ရွမ်ရှောင်ထျန်း သဘောပေါက်ကာ ချိုမြိန်စွာပြုံးလိုက်ပြီး "ဟုတ်ကဲ့၊ ကျွန်တော် သတိထားပါ့မယ်၊ ကျေးဇူးတင်ပါတယ် ကျဲ"

သူ၏အပြုံးသည် ယန်လိနှလုံးသားကို ဆုပ်ကိုင်လိုက်သကဲ့သို့ အရည်ပျော်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ ဖုန်းကို ထုတ်ယူကာ "မင်းနဲ့ ဓာတ်ပုံရိုက်လို့ရမလား ?”ဟု မေးလိုက်သည်။

“အွန်း၊ ရိုက်လေ”

ရွမ်ရှောင်ထျန်း မတွန့်ဆုတ်ဘဲဖြေလိုက်သည်။

"ဒါဆို ပေါ့ပေါ့ပါးပါး အနေထားပဲ လုပ်လိုက်မယ်”

ရွမ်ရှောင်ထျန်း ကင်မရာဘက်သို့ မျက်နှာမူကာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်လိုက်ပြီး နှလုံးသားပုံစံ ဖန်တီးကာ "ကျဲ ၊ ကျွန်တော့်ကို လှလှလေးရိုက်ပေးနော်”ဟု သတိပေးလိုက်သည်။

ယန်လိ ခလုတ်ကိုနှိပ်လိုက်သောအခါ ဓာတ်ပုံအစား ဗီဒီယိုမုဒ်သို့ ပြောင်းသွားကြောင်းသတိထားမိလိုက်သည်။ မူလက ဓာတ် ပုံရိုက်ရန်ရည်ရွယ်ထားသော်လည်း ဗီဒီယိုဖိုင်အဖြစ်သိမ်း ဆည်းသွားခဲ့သည်။ သို့ဖြစ်ရာ နောက်ထပ် ဓာတ်ပုံထပ်ရိုက်ပြီး ရလာဒ်ကို ရွမ်ရှောင်ထျန်းအားပြလိုက်သည်။

“လှတယ်မဟုတ်လား ?"

"အွန်း"

သူ ထောက်ခံလိုက်သော်လည်း ပုံမှန်ရိုက်လေ့ရှိသည့် ဓာတ်ပုံများလောက် မလှဟု စိတ်ထဲတွေးလိုက်သည်။

ယန်လိ ဓာတ်ပုံရိုက်ပြီးနောက် ရွမ်ရှောင်ထျန်းအတွက် ဥက္ကဌရုံးခန်းတံခါးကို ခေါက်လိုက်သည်

“ဝင်ခဲ့ပါ”

ယန်လိသည် သူ့အား နောက်ဆုံးတစ်ကြိမ်ထပ်ပြီး သတိ‌ပေးပြီး ဝံပုလွေလှောင်အိမ်ထဲတိုးဝင်သွားသော သိုးငယ်လေးအား စိုးရိမ်စွာကြည့်နေခဲ့သည်။

ရွမ်ရှောင်ထျန်းသည် ယန်လိ၏ စိုးရိမ်မှုကို အလေးမထားဘဲ စိတ်လှုပ်ရှားနေမိသည်။ သူသည် လျို့ဝှက်စည်းမျဉ်များအ ကြောင်းကို ကြားဖူးသော်လည်း ကိုယ်တိုင်မကြုံဖူးသေးချေ။ အမှန်ပြောရလျှင် ဤသည်ကို သူ့အပေါင်းအသင်းများလည်းယုံကြည်ခြင်းမရှိကြသလို ရွမ်ရှောင်ထျန်းလို အလှလေးသည် ထိုသို့သော လျှို့ဝှက်စည်းမျဉ်းများကို မကြုံဖူးသေးသည်မှာ မဖြစ်နိုင်ဟု ပြောဆိုနေကြသည်။

အကယ်၍ သူအနေနှင့် ယခုချိန်တွင် ထိုလျို့ဝှက်စည်းမျဉ်းများကို ကြုံတွေ့ရမည်ဆိုလျှင်တောင် သူ့အတွက် စိတ်ဝင်စားဖွယ် အရာတစ်ခု ဖြစ်ပြီး သူ သိချင်နေသောအရာကိုလည်း ကြုံတွေ့နိုင်မည်ဖြစ်သည်။

သူ တံခါးကို တွန်းဖွင့်ပြီး ဝင်လာသောအခါ စားပွဲပေါ်ရှိကွန်ပျူ တာနှင့်ကွယ်နေသော ခေါင်းကြီးကြီးတစ်ခုကို မြင်လိုက်ရသည်။ ဆံပင်ကို သေသေသပ်သပ် ဖြီးလိမ်းထားသော်လည်း နဖူးပေါ်တွင် ဝက်ခြံအများအပြားရှိနေပြီး မျက်နှာအသွင်အ ပြင်ကို ဖျက်ဆီးနေသည်ကိုတွေ့ရသည်။

ရွမ်ရှောင်ထျန်းသည် အလှအပကိုချစ်မြတ်နိုးသူဖြစ်ရာ သူကိုယ်တိုင်လည်း အလှတရားနှင့်ပြည့်စုံသူဖြစ်ပြီး မျက်နှာအလှကို အထူးအလေးထားသူလည်း ဖြစ်သည်။ တန့်ရူလို အလှမျိုးသည် သူအသက်ကယ်တင်ခဲ့သည်ဟူသော အကြောင်းပြချက်ကြောင့်သာ အပိုအမှတ်ရကာသူ့မျက်လုံးထဲတွင် လက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအပိုအမှတ်သာမရှိပါက ချင်လိအလှကသာ သူ့စံနှုန်းများနှင့်ကိုက်ညီသည်။

သူ ချင်လီကို အကြိမ်ကြိမ်စိတ်ဆိုးခဲ့သော်လည်း သူ့အလှကြောင့် ခွင့်လွှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ချင်လီရှေ့တွင်တော့ ချောမောလှပသည်ဟု ဘယ် တော့မှ အသိအမှတ်မပြုခဲ့ပေ။

"နီဟောင်၊ ကျွန်တော်က ရွမ်ရှောင်ထျန်းပါ”

သူ့ဘက်မှ စတင်ပြီး နှုတ်ဆက်လိုက်သည်။

"အော် မင်းရောက်လာပြီးလား? အေး အေး၊ ခဏထိုင်စောင့်ဦး"

ကော်ဖန့် ပြောရင်း ကွန်ပျူတာဖန်သားပြင်ကိုသာ ငုံ့ကြည့်နေပြီး သူ့လက်ချောင်းများ မြန်မြန်ဆန်ဆန်လှုပ်ရှားနေသည်။

သူ ရုံးခန်းပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်ပြီး အသန့် ရှင်းဆုံးနှင့် အနူးညံဆုံး ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။ ကော်ဖန့်သည် သူ့အား အချိန်အတော်ကြာ လျစ်လျူရှုထားသော ကြောင့် သူ့လက်ကိုင်ဖုန်းကိုထုတ်ပြီး ဖုန်းသုံးရန် ပြင်လိုက်စဉ် ချင်လီထံမှ မက်ဆေ့ချ်အသစ်ရောက်နေသည်ကို တွေ့လိုက်ရသည်။

ချင်လီ : ဒီအချိန်ကြီး ဘယ်လိုအလုပ်မျိုး ရှာနေတာလဲ?

သူ ခဏစဉ်းစားလိုက်ပြီး ရလဒ်ထွက်မှ သူ့ကိုပြောပြရန်ဆုံး ဖြတ်လိုက်သည်။ ထို့ကြောင့် စာမပြန်တော့ပဲ ဂိမ်းဖွင့်ပြီး အာရုံစိုက်ကာ ကစားလိုက်သည်။

သူ ဂိမ်းကစားနေရင်း ဆက်တိုက်အနိုင်ရနေပြီး အနိုင်ရဖို့ အခွင့်အလမ်းအလွန်မြင့်မားသည်။ သူ ဂိမ်းကို ထိုအတိုင်းသာ ထိန်းထားနိုင်ပါက ပထမနေရာကို ရယူနိုင်ပြီး သူလိုချင်နေသော ကင်မရာကိုရရှိရန် လက်တစ်ကမ်းသာလိုတော့သည်။

ထိုဂိမ်းမှာ Landlord Software မှ စတင်လိုက်သော ပြိုင်ပွဲအသစ်တစ်ခုဖြစ်ပြီး ဂိမ်းတစ်ခုစီတွင် ပါဝင်သူ ၁၀,၀၀၀ ရှိသည်။ အနိုင်ရသူများသည် ဆုကဒ်ပြားရရှိပြီး ထိုဆုကဒ်ဖြင့် ဆုလက်ဆောင်များ လဲလှယ်နိုင်သည်။

သူ ထိုကင်မရာကို တောင့်တနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ပြိုင်ပွဲမှတစ်ဆင့် ရယူရန် မျှော်လင့်နေခဲ့သည်။ ယခုချိန်တွင် အကောင်းဆုံးအခြေအနေရှိနေပြီး အနိုင်ရရန် လက်တစ်ကမ်းအကွာတွင် ရှိနေပြီဖြစ်သည်။

ရွမ်ရှောင်ထျန်းသည် မှတ်ဉာဏ်အလွန်ကောင်းသည်။ သူ အား စိုက်ထုတ်ပါက အသုံးပြုပြီးသားဖဲချပ်များနှင့် ဖဲချပ်များအား လုံးကိုမှတ်မိနိုင်ပြီး လက်ကျန်ဖဲချပ်များကိုတွက်ချက်နိုင် သည်။

ဤဂိမ်းတွင် လက်ကျန်ဖဲချပ်များအရ သူလက်ထဲတွင် ဘုရင်ကဒ်နှစ်ကဒ်ရှိနေပြီး ထိုကဒ်များကိုအရင်ထုတ်ပြီး သုံးတွဲဆက်ထုတ်နိုင်ပါက အနိုင်ရမည်ဖြစ်သည်။

သို့သော် ဘုရင်ကဒ်နှစ်ကဒ်ကို ပစ်ထုတ်ပြီးနောက် တတိယတစ်ခုကိုထုတ်ရန် ပြင်နေစဉ်ဘေးမှ ကျယ်လောင်သောအသံကို ရုတ်တရက်ကြားလိုက်ရသည်။

“Fuck၊ ရှုံးသွားပြီ”

သူ့လက်တုန်ခါသွားပြီး ကတ်ပြားတစ်ချပ်ကိုထုတ်လွှတ်လိုက်သည်။

"အိုး"

ကော်ဖန့် ရွမ်ရှောင်ထျန်းကို မြင်ပြီးနောက် သတိပြန်ဝင်လာပြီး

“ဆောရီး၊ ငါ အလုပ်နည်းနည်းရှုပ်နေလို့၊ မင်းကို စောင့်ခိုင်းမိသလိုဖြစ်သွားတာ စိတ်မရှိပါနဲ့”

သူ မျက်စိဖြင့်လှည့်ဖြားရာတွင် ကျွမ်းကျင်သူဖြစ်သည်မှာ ထင်ရှားသည်။

ရွမ်ရှောင်ထျန်းသည် ဘေးရှိ ငါးလုံးဂဏန်းများ၏အဆများကိုကြည့်ပြီး လက်ထဲတွင် ကျန်ရှိနေသော သုံးဂဏန်းတစ်ချပ်ကို ကြည့်လိုက်သည်။ ဤဖဲချပ်သည် သူ ဆက်မထုတ်နိုင်တော့ပေ။

"မင်း ဘာဂိမ်းကစားနေတာလဲ?"

ကော်ဖန့် သူ့ ဖုန်းဖန်သားပြင်ကို ကြည့်လိုက်သည်။

"အိုး၊ မင်းရှုံးတော့မယ်၊ မင်းလက်ထဲက သုံးချပ်ကို မထုတ်ရသေးဘူးပဲ၊” ဟု သူထောက်ပြလိုက်သည်။

ကော်ဖန့် ဘေးမှ စိုက်ကြည့်နေသဖြင့် သူ့ မျက်လုံးထဲတွင် မနှစ်မြို့ဖွယ်အရောင်များ စုဝေးလာကာ နှုတ်ခမ်းထောင့်များ အောက်ဘက်သို့ တွန့်ကွေးသွားသည်။

"ကျွန်တော် ထုတ်တော့မလို့ပဲ၊ ခင်ဗျား ရုတ်တရတ်အော်လိုက်လို့ လန့်ပြီးတစ်ချပ်တည်းထွက်သွားတာ။ ကျစ်.... ဒီဂိမ်းအနိုင် ရရင် ကင်မရာရမှာကို" ဟု မကျေမနပ်ဖြင့် ပြောလိုက်သည်။

ကော်ဖန့်သည် သူ့အား တစ်စုံတစ်ယောက်မှ ထိုသို့ပြောလာပါက ဆဲရေးတိုင်းထွာမိမည်ဖြစ်သော်လည်း မျက်စိရှေ့ရှိ အလှလေး၏မျက်နှာကိုကြည့်ပြီး ကြမ်းတမ်းသောစကားများပင် ပြောမထွက်တော့ပေ။

"ဒါက ကင်မရာလေးပဲမဟုတ်လား? မင်း Guangyao နဲ့စာချုပ်ချုပ်ရင် ငါ မင်းအတွက် ဝယ်ပြီးတိုက်ရိုက်ပေးလိုက်မယ်" ကော်ဖန့် မြန်မြန်ပြောလိုက်သည်။

"ဘာလို့လဲ? ကျွန်တော် ခင်ဗျားအတွက် ပိုက်ဆံမရှာရသေးဘူးလေ၊ ဒီလိုသာပေးနေရင် ခင်ဗျားအတွက် အရှုုံးမပေါ်သွားနိုင်ဘူးလား?”

"အလှလေးအတွက် ကင်မရာတစ်လုံးလောက်ပေးရုံနဲ့ အရှုံး ပေါ်မယ်လို့ ဘယ်ပြောလို့ရမလဲ?” ဟု ဆိုရင်း ကော်ဖန့် သူထိုင်နေသော ဆိုဖာဘက်သို့ ချဉ်းကပ်လာသည်။

ရွမ်ရှောင်ထျန်းသည် နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ထိုင်နေခြင်းဖြစ်ရာ ကော်ဖန့်၏ကြီးမားသောခန္ဓာကိုယ်ဖြင့်သာ ထိုင်လိုက်ပါက နှစ်ယောက်သား ပူးကပ်စွာထိုင်နေရမည်ဖြစ်သည်။

ကော်ဖန့်၏ အဆီဖုံးနေသော လည်ပင်းနှင့် လက်မောင်းများ၊ ကိုယ်ဝန်ဆောင်သည်အလားပူထွက်နေသော ဗိုက်ခေါက်၊နဖူးပေါ်က ဝက်ခြံများနှင့် အဆီပြန်နေသော မျက်နှာကိုကြည့်ရင်း သူ မအီမသာဖြစ်လာသည်။

ကော်ဖန့် မထိုင်မီ သူ လျင်မြန်စွာ ရှောင်တိမ်းကာဆန့်ကျင် ဘက် ဆိုဖာဆီသို့ လျင်မြန်စွာခုန်ကူးလိုက်သည်။

ကော်ဖန့်သည် ရွမ်ရှောင်ထျန်း၏အပြုအမူကြောင့် မကျေမနပ်ဖြစ်သွားသော်လည်း ပြုံးနေသော မျက်နှာမှာချက်ချင်းပင် တည်သွားသည်။ သူ ဘေးနားရှိ ကော်ဖီစားပွဲကို တံတောင်နှင့်ထောက်ပြီး

"မင်းမှာ ပိုက်ဆံမရှိဘူးမဟုတ်လား?” ဟု အဓိပ္ပါယ်ရှိရှိပြောလိုက်သည်။

"အင်း" သူ ပြန်ဖြေသည်။

"ငါ ဖုန်းဆက်တုန်းက ပြောခဲ့သလိုပဲ၊ ငါပြောတဲ့လစာက ပထမတန်းအနုပညာရှင်တွေရဲ့ လစာပမာဏပဲ။ မင်း ဒါကိုကောင်း ကောင်းနားလည်ရင် ငါမင်းကို ထောက်ပံ့ပေးမယ်။ မဟုတ်ရင် မင်းကိုယ်မင်း အလကားပေးရင်တောင် ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး”

“ကောင်းကောင်းနားလည်အောင် ဘယ်လိုလုပ်ရမလဲ?"

ရွမ်ရှောင်ထျန်း ထိုသို့ပြောရင်းဒဏ္ဍာရီထဲကလျှို့ဝှက်စည်းမျဥ်းအကြောင်း စတင်တော့မည်ကို သတိထားမိလိုက်သည်။ သူသည် ဤအရာကို အလွန်စိတ်ဝင်စားပြီး မျှော်လင့်ချက်ပြည့်သော အမူအရာဖြင့်ကြည့်လိုက်သည်။

ကော်ဖန့်သည် သူအလွန်စိတ်အားထက်သန်နေသည်ဟု မှား ယွင်းယူဆပြီး ယုံကြည်မှုရှိသောအပြုံးဖြင့်

"မင်း လျှို့ဝှက်စည်းမျဉ်းအကြောင်း ကြားဖူးလား?"

ရွမ်ရှောင်ထျန်း မျက်လုံးများ တောက်ပလာသည်။

“ကြားဖူးတယ်”

"ဖျော်ဖြေရေးလောကက အားကျဖို့ကောင်းပြီး လှပတယ်ထင်ရပေမယ့် တကယ်တော့ ဘယ်သူမှ ဒီစည်းမျဉ်းတွေကို မလွန် ဆန်နိုင်ဘူး။ ဒီလျှို့ဝှက်စည်းမျဥ်းတွေတွေမရှိရင် မင်းအခွင့်လမ်းကောင်းတွေ ရနိုင်မှာမဟုတ်ဘူး၊ ဒီလောကထဲဝင်ချင်ရင် နောက်ခံမရှိရင် ဒီစည်းမျဉ်းတွေကို လက်ခံရမယ်။ မင်းမှာ နောက်ခံရှိလား"

ရွမ်ရှောင်ထျန်း တုံ့ဆိုင်းသွားပြီး စဉ်းစားလိုက်သည်။

ချင်လိကို နောက်ခံလို မှတ်ယူလို့ရမလား ?

အာ...မဖြစ်‌သေးပါဘူး

သူသည် ကြောင်ပေါက်လေး၏အဖေဆိုသော်ငြားလည်း နို့မှုန့်ဖိုးပင် ပေးဆောင်ရန်ဆန္ဒမရှိပေ။

"မရှိဘူး" ရွမ်ရှောင်ထျန်း ခေါင်းခါလိုက်သည်။

ကော်ဖန့် လက်သီးဆုပ်ကို ဖြန့်လိုက်ပြီး

"ဒါဆို မင်းမှာ နောက်ခံမရှိရင် ဒီလျှို့ဝှက်စည်းမျဉ်းတွေကို လက်ခံရမယ်။ တကယ်တော့ ဒီလျှို့ဝှက်စည်းမျဉ်းတွေက ရိုးရှင်းပြီး သက်တောင့်သက်သာရှိတယ်လို့ ပြောလို့ရတယ်၊ မင်း ငါနဲ့ အတူအိပ်ပေးရုံနဲ့ အခွင့်အလမ်းကောင်းတွေ အလွယ်တ ကူရနိုင်မယ်။ မင်းလို အလှလေးဆို ပိုတောင်လွယ်ကူသေးတယ်၊ အလုပ်ကြိုးစားစရာမလိုပဲ အလှနဲ့ပဲ လုပ်စားလို့ရတယ်”

"အမ်"

ရွမ်ရှောင်ထျန်း အံ့ဩသွားပြီး လေးလေးနက်နက်ပြောလိုက်သည်။

“စိတ်မရှိပါနဲ့၊ ကျွန်တော့် ဒီစည်းမျဉ်းတွေ မလိုချင်ဘူး"

ကော်ဖန့် ရုတ်တရက် အံ့အားသင့်သွားပြီး ဒေါသထွက်ကာ စားပွဲကို လက်ဖြင့်ဆောင့်ရိုက်လိုက်သည် -

“မင်း ငါ့ကို လာကစားနေတာလား ?”

"ကျွန်တော် ခင်ဗျားကို ကစားတာမဟုတ်ဘူး၊ ခင်ဗျားပြောတဲ့ စည်းမျဉ်းတွေက ပျော်စရာမကောင်းဘူး"

ရွမ်ရှောင်ထျန်းသည် ချင်လီနှင့်အိပ်ခဲ့သော ထိုညက အဖြစ်အ ပျက်ကို ပြန်သတိရသွားသည်။

သူ ထိုအကြောင်းအရာများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ကာ ရုံးခန်းမှ ထွက်သွားရန်ပြင်လိုက်သည်။

ကော်ဖန့် ခြိမ်းခြောက်လိုက်သည်။

"မင်း ဒီတံခါးကနေ ထွက်သွားပြီး အနှေးနဲ့အမြန် ငါ့ဆီပြန်လာရမှာပဲ၊ငါ့ခွင့်ပြုချက်မရှိဘဲ မင်း ဘယ်ကုမ္ပဏီနဲ့မှ စာချုပ်ချုပ်လို့မရဘူး၊ငါ့အကူအညီမပါပဲ မင်း ဒီတစ်သက်လုံးဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး"

ကော်ဖန့် ရုတ်တရက် လေသံပြောင်းလဲသွားပြီး

"တကယ်လို့ စိတ်ပြောင်းသွားရင် ငါ မင်းကိုဘယ်အချိန်မဆို ကြိုဆိုနေမယ်" ဟု မရိုးသားသောအဓိပ္ပါယ်ဖြင့် ပြောလိုက်သည်။

ရွမ်ရှောင်ထျန်းလို အလှလေးကို စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းရမည်ဆိုလျှင်တောင် သူ့အတွက် ထိုက်တန်ပေသည်။

ဤသားကောင်သည် အနှေးနှင့်အမြန်ဆိုသလို သူ့ထောင် ချောက်ထဲသို့ ပြန်ရောက်လာမည်သာ...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment