no

Font
Theme

🔥 Chapter 14 🔥

ချင်လိသည် ရွမ်ရှောင်ထျန်းတိတ်တဆိတ်တစ်ခုခုလုပ်နေ သည်ကို သတိပြုမိသဖြင့် သူ့ခေါင်းကို အနည်းငယ်မြှောက်ကာ သံသယဖြင့်ကြည့်လိုက်သည်။

“ကျွန်တော်… ကျွန်တော် ဆိုဖာကို ထိမိတာပါ” ရွမ်ရှောင်ထျန်း ထိတ်လန့်တကြားရှင်းပြလိုက်သည်။

“တော်တော်… နူးညံ့တယ်”

ချင်လိသည် ရွမ်ရှောင်ထျန်းကို စစ်ဆေးကြည့်လိုက်သည်။ သူ ငယ်စဉ်ကတည်းက ရွမ်ရှောင်ထျန်းအားစောင့်ကြည့်ခဲ့ခြင်းဖြစ်ရာ သူ့အမူအရာများနှင့် မျက်လုံးများကိုကောင်းစွာနားလည်ထားသည်။

ရွမ်ရှောင်ထျန်းသည် သူ၏နှုတ်ခမ်းများကိုလျှာဖြင့် လျက်လိုက်ရာ ချင်လိသည် သူ တစ်ခုခုတိတ်တဆိတ်စားခဲ့ကြောင်း ပြောနိုင်သည်။

အပူပေးဘူး၏အဖုံးကိုဖွင့်ထားပြီး ဝက်သားဟင်းအနံ့ သင်းပျံ့နေသဖြင့် တောင့်တနေသော အရသာခံအာရုံများကိုနှိုးဆွပေး နေသည်။ သေသေချာချာလှီးထားသော ကြက်သွန်မြိတ်များအားတောက်ပသော အနီရောင်ငရုတ်သီးများဖြင့် အလှဆင်ထားပြီး အရသာရှိဟန်တူသည်။

ချင်လိသည် မျက်မှောင် အနည်းငယ်ကြုတ်ကာ အဖုံးကိုပြန်ဖုံးလိုက်ပြီး အပြစ်ရှိသလိုခံစားနေရသော ရွမ်ရှောင်ထျန်းကိုစိုက်ကြည့်လိုက်သည်။

သူ့မျက်လုံးထောင့်မှ အမွေးမျှသ်တစ်ခုခုဖြတ်ခနဲဖြစ်သွားသည်ကိုမြင်လိုက်ရသဖြင့် ရွမ်ရှောင်ထျန်းကို “ဘာတွေ ဖွက်ထားတာလဲ”

ရွမ်ရှောင်ထျန်းသည် သူ့လက်များကို ဝှေ့ယမ်းပြလိုက်ပြီး “ကျွန်တော် ဘာမှ… မဖွက်ထားပါဘူး!”

သူ ဒီစကားကို ပြောလေလေ၊ ချင်လိသည် ရွမ်ရှောင်ထျန်း တစ်ခုခု ဖွက်ထားသည်မှာသေချာလေလေဖြစ်သည်။ ပြီးတော့ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့နည်းနဲ့ သူ့ဆီမှာ ဝှက်ထားတာပဲ။

“ထ” ချင်လိ ပြောလိုက်သည်။

ရွမ်ရှောင်ထျန်းသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီး “အိုး” ဟု ပြောပြီး ထရပ်ရန် ပြင်ဆင်နေစဉ် ရုတ်တရက်ပြန်ထိုင်ချလိုက်ပြီး ချင်လိကိုစိုက်ကြည့်ကာ မပျော်မရွှင်ဖြင့် “ဘာလဲ၊ မင်း ငါ့ကို ထခိုင်းတိုင်း ငါက ထရမှာလား၊ မထဘူး!” ဟု ညည်းညူလိုက်သည်။

“ဒါဆို မထနဲ့” ချင်လိ ပြောလိုက်သည်။

ရွမ်ရှောင်ထျန်းသည် တကယ်ပင် ထောင်ချောက်ထဲသို့ကျရောက်သွားပြီး လက်များကိုခါးတွင် ထောက်ကာ ပြန်ထရပ်လိုက်ပြီး ချင်လိကို စိန်ခေါ်သလိုလေသံဖြင့်

“မင်းက ငါ့ကို မထခိုင်းရင် ငါ ထမယ်!”

ချင်လိသည် ရွမ်ရှောင်ထျန်း ထိုင်နေသော နေရာကိုကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရသဖြင့် အနည်းငယ် ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်မိသည်။ သူ မျက်စိ မှားတာလား ??

ရွမ်ရှောင်ထျန်း အချိန်အနည်းငယ်ကြာမှသတိဝင်လာပြီး သူ၏ လှပသော မက်မွန်ပွင့်မျက်လုံးများမှ ပြင်းထန်သောမီးတောက်များထွက်ပေါ်လာသကဲ့သို့ ချင်လိကိုပစ်မှတ်ထားလိုက်သည်။

“မင်း ငါ့ကို နောက်နေတာလား၊ ငါ မင်းအတွက် ချက်ပြုတ်ပေးတာကို မင်းက ငါ့ရဲ့ ကြင်နာမှုကို အလွဲသုံးစား လုပ်နေတာပဲ” ရွမ်ရှောင်ထျန်း အပူခံထမင်းဘူးကို ဟန်ဆောင်ကာ ဆွဲယူလိုက်သည်။

“ငါ့ ထမင်းဘူး ပြန်ပေး၊ ငါ မင်းကို မပေးတော့ဘူး ၊ မင်း ကြိုက်တဲ့သူဆီက သွားစားလို့ရတယ်!”

ချင်လိသည် ထမင်းဘူးကို တင်းတင်းဆုပ်ကိုင်ထားသည်။

ရွမ်ရှောင်ထျန်းသည် သူ့မျက်လုံးများကို ပြူးကျယ်ကာ သွားများကိုကြိတ်လျှက် အားအင်အပြည့်ဖြင့် ဆက်လက်ဆွဲယူနေခဲ့သည်။ အမွှေးများထောင်နေသော ကြောင်တစ်ကောင်လိုပင်။

ချင်လိသည် သူ့အမွှေးအမျှင်များကို သပ်ရပ်စွာထားရှိရန်ကြိုး စားနေခဲ့သည်။

“ဒါ ငါ့ဟာ၊ ငါ့ကို ပြန်ပေး!” ရွမ်ရှောင်ထျန်း ကြိမ်းမောင်းပြောလိုက်သည်။

ချင်လိသည် နက်ရှိုင်းသောမျက်လုံးများဖြင့် ရွမ်ရှောင်ထျန်းကို စိုက်ကြည့်နေပြီး တိတ်ဆိတ်နေခဲ့သည်။

ရွမ်ရှောင်ထျန်းသည် ပြင်းထန်စွာဖြင့် “ငါ့ကို ပြန်ပေး၊ မင်း ရှက်စရာကောင်းလိုက်တာ!”

“ငါ့ကို ပေးလိုက်၊ ဒါဆို ဒါ ငါ့ဟာပဲ” ချင်လိသည် လေးနက်စွာ ပြောလိုက်ပြီး သူ့မျက်လုံးများ ရွမ်ရှောင်ထျန်း၏ခါးသို့ဖြည်း ညှင်းစွာ ရွေ့လျားသွားရာ အဖြူရောင် အသားအရေတစ်ပိုင်းကိုပြသနေ၏။

အကြောင်းတစ်ခုခုကြောင့် သူ့ဘောင်းဘီမှာ တစ်ဝက်လောက် လျှောကျနေပြီး နူးညံ့ဖြူဖွေးသော တင်ပါးတစ်ဝက်ကိုမှုန်ဝါးစွာ မြင်နိုင်နေသည်။ ၎င်းတို့သည် ဖြူဖွေးနူးညံ့ကာ ရေညှစ် ထုတ်နိုင်မည့်အတိုင်းပင်။

ချင်လိ၏မျက်လုံးများမှာ မှောင်မိုက်ပြီးရှုပ်ထွေးသောအလင်း ရောင်များ ပြည့်နေကာ သူက အသံတိုးတိုးဖြင့် “မင်း ဘောင်းဘီ ချောင်ကျနေတယ်…”

“အာ?” ရွမ်ရှောင်ထျန်း တစ်ခဏမျှ ကြောင်သွားပြီးမှ တုံ့ပြန်လိုက်သောအခါ ပြန်လည် ထိတ်လန့်သွားသည်။ သူ့ဘောင်းဘီကိုဆွဲတင်လိုက်ရာ သူ့မျက်နှာသည်နီမြန်းနေပြီး နှုတ်ခမ်းနီအလွှာများဖုံးအုပ်ထားသကဲ့သို့ပင်။

ရွမ်ရှောင်ထျန်းသည် အလွန်ရှက်ရွံ့နေသဖြင့် အပူခံထမင်းဘူးအတွက် ချင်လိနှင့် ယှဉ်ပြိုင်လိုခြင်း မရှိတော့ပေ။ သူ ဆိုဖာသို့ ပြန်သွားပြီး သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆိုဖာထဲဝှက် ထားကာ သူ၏လှပသောနောက်ကျောဖြင့်သာ ချင်လိဘက်သို့ မျက်နှာမူထားသည်။

ချင်လိသည် ဝက်သားဟင်းကို ထုတ်ယူပြီး ထမင်းနှင့် တူများကို စီစဉ်ကာ ရွမ်ရှောင်ထျန်းကိုခေါ်လိုက်သည်။

“လာစားဦး”

“မလာရင် အကုန် စားပစ်မယ်”

“မင်း လုပ်ရဲလား!” ရွမ်ရှောင်ထျန်း အော်လိုက်ရာ ဤတစ်ကြိမ်တွင် သူ နောက်ဆုံး တုံ့ပြန်ခဲ့ပြီး အမြောက်ဆံကဲ့သို့ပြေးသွားလိုက်သည်။

ရွမ်ရှောင်ထျန်းသည် ငါးမျိုးစုံကို ထူးခြားစွာ နှစ်သက်သူဖြစ်သဖြင့် ဤငါးဟင်းပွဲသည် အခြေခံအားဖြင့် ရွမ်ရှောင်ထျန်း၏ ဗိုက်ထဲသို့ ရောက်ရှိသွားပြီး ချင်လိသည် ကျန်ရှိသော အစအနများဖြင့် ထမင်းတစ်ပန်းကန်လုံးကို ကုန်စင်အောင် စားခဲ့သည်။ သို့သော် သူသည် ဆန္ဒရှိသည်ဖြစ်ရာ မည်သည့်ညည်းညူမှုမျှ မပြုခဲ့ချေ။

စားနေစဉ် ရွမ်ရှောင်ထျန်းသည် ချင်လိ၏ဦးလေးအကြောင်းလည်း မေးခဲ့သည်။ သူ မည်သူ၊မည်ဝါကို ထုတ်ဖော်လိုခြင်း မရှိသဖြင့် သူ အနံ့ခံမိသော ထူးဆန်းသောအနံ့ကို မပြောခဲ့ပေ။ သူသည် ချင်လိ ဦးလေးအဘယ်ကြောင့် ဤနေရာသို့ လာသည်ကိုသာ မေးခဲ့၏။

ချင်လိက ပေါ့ပေါ့ပါးပါး “စီမံကိန်းအကြောင်း ပြောတာ၊ သူ ငါ့ကို ဘာလာတောင်းဆိုနိုင်သေးလို့လဲ”

“မင်း သူ့ကို မသဘောမတူလိုက်ဘူးလား”

“ငါက ပရဟိတသမား မဟုတ်ဘူး ၊ ငါ ဆုံးဖြတ်ချက်မချခင် အကျိုးအမြတ်တွေကို ထည့်သွင်းစဉ်းစားရမယ်။ သူ့စီမံကိန်းက စတင်ဖို့ မထိုက်တန်ဘူး” ချင်လိက တည်ငြိမ်စွာ ပြောလိုက်သည်။

“သူ အရမ်း ဒေါသထွက်နေပုံရတယ်” ရွမ်ရှောင်ထျန်းသည် သူ၏ကြောင်အရုပ်ကို ရင်ခွင်ထဲ ပွတ်သပ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒုတိယဦးလေးက တချို့အချိန်တွေမှာ ထူးဆန်းတယ်လို့ မထင်ဘူးလား။ သူ… ငါ့ကို တော်တော်လေး ရန်လိုပုံရတယ်”

ချင်လိ၏ အမူအရာမှာ မခန့်မှန်းနိုင်ပေ။ သူသည် ရွမ်ရှောင်ထျန်းခေါင်းကို ပွတ်သပ်ကာ တည်ငြိမ်စွာနှစ်သိမ့်ပေးလိုက်၏။ “သူ ငါ့ကို ရန်လိုတာ၊ မင်းကို မဟုတ်ဘူး။ သူ မင်းကို တစ်ခုခု လုပ်ရဲရင် ငါ့ကို အရင်ဆုံး ပြော”

“အင်း” ရွမ်ရှောင်ထျန်းသည် အရုပ်ကို မြှောက်ကာ ချင်လိ၏ လက်ကို ပုတ်ထုတ်လိုက်သည်။ “ငါ ကလေး မဟုတ်ဘူး၊ ဒီလို မထိနဲ့”

“ငါ မင်းကို ဒီလိုထိတာ ကလေးနဲ့ ဘာမှ မဆိုင်ဘူး”

ရွမ်ရှောင်ထျန်း ကျစ် စုတ်သပ်လိုက်သည်။

“ဒါဆို ဘာနဲ့ ဆိုင်လဲ”

“ဘာမှ မဟုတ်ဘူး” ချင်လိ မေးခွန်းကို ရှောင်လွှဲကာ ရုံးခန်း၏ အတွင်းခန်းကို လက်ညှိုးထိုးပြပြီး “နေ့လည်ခင်း အိပ်ချင်လား ၊ မင်းရဲ့ ညအိပ်ဝတ်စုံတွေ ဗီရိုထဲမှာ၊ သရေစာလိုချင်ရင် ရှောင် ရှားကို သွားရှာ…”

ရွမ်ရှောင်ထျန်းမျက်လုံးများတောက်ပလာပြီး ချင်လိ စကားမဆုံးမီ အပြင်သို့ပြေးထွက်သွားသည်။

“ရှားကျဲ~~” ထို့နောက် သူ၏နူးညံ့သောအသံဖြင့် ရှားယွဲ့ကို ခေါ်နေသည်ကို ကြားလိုက်ရသည်။

ရွမ်ရှောင်ထျန်းသည် ရှားယွဲ့ကို ရှာတွေ့ပြီး သရေစာ အထုပ်ကြီးများစွာကို ကျေနပ်စွာ စားသောက်ခဲ့၏။ ထို့နောက် သူ၏ ဖောင်းပွနေသော ဗိုက်ကိုပွတ်သပ်ကာ ချင်လိအတွင်းရုံးခန်းခန်းသို့လျှောက်သွားကာ အိပ်စက်ခဲ့သည်။

ထိုအခန်းတွင် အိပ်ခြင်းသည် သူ့အတွက်ပထမဆုံးအကြိမ် မဟုတ်ပေ။ သူသည် အရှေ့ရှိ နူးညံ့သော ကုတင်ကြီးကို ကြည့်လိုက်ရာ အလွန် ရင်းနှီးကျွမ်းဝင်နေသည်ဟုခံစားရသည်။ ရွမ်ရှောင်ထျန်း၏အဝတ်အစားများကို သူ့ဘေးရှိ ဗီရိုထဲတွင် ထားရှိသည်။ ကုတင်ဘေးရှိ အရုပ်အနည်းငယ်ကိုလည်း ချင်လိမှ ရွမ်ရှောင်ထျန်းအတွက် ယခင်က ဝယ်ပေးခဲ့ခြင်းဖြစ်ပြီး အနှီကုတင်ကိုပင် ရွမ်ရှောင်ထျန်း၏နှစ်သက်ရာအတိုင်း အလှဆင်ထားပြီး ထိုပေါ်တွင် လဲလျောင်းလိုက်သောအခါ ဝါဂွမ်းထဲကျသွားသကဲ့သို့ နူးညံ့သည်ဟု ခံစားရသည်။

ရွမ်ရှောင်ထျန်း ညအိပ်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကာစောင် ခြုံပြီး အိပ်စက်လိုက်၏။ အရုပ်ကို သူ့ရင်ခွင်ထဲသို့ ဆွဲယူလိုက်ပြီး သူသည် အတိတ်က ကိစ္စများစွာကိုမတွေးဘဲ မနေနိုင်ပေ။

ချင်လိသည် ကုမ္ပဏီကို စီမံခန့်ခွဲစပြုရုံမျှ ရှိသေးပြီး ထိုမျှ ကျယ်ဝန်းလှပသော ရုံးခန်းသို့ မပြောင်းရသေးပေ။ ထိုအချိန်က ရွမ်ရှောင်ထျန်းသည် ချင်လိကို လာရှာခဲ့သည်။ သူ အိပ်ချင်သောအခါ အနည်းငယ် ကျဉ်းမြောင်းသော ကုတင်ပေါ်တွင် ချင်လိနှင့်အတူ အိပ်ခဲ့သည်။ သူသည် အိပ်သောအခါ ဟိုဒီရွေ့ လျားတတ်သဖြင့် ချင်လိသည် ရွမ်ရှောင်ထျန်း ကုတင်အောက်သို့ မကျစေရန် အပြင်ဘက်တွင် အိပ်ခဲ့သည်။

နောက်ပိုင်းတွင် သူ အခြားရုံးခန်းသို့ ပြောင်းရွှေ့သောအခါ ချင်လိသည် ရွမ်ရှောင်ထျန်းနှစ်သက်သည့်အတိုင်း ကုတင်ကို အထူးအလှဆင်ခဲ့သည်။ ရွမ်ရှောင်ထျန်း လာသည့်အကြိမ်အရေအတွက်မှာ လက်တစ်ဖက်ဖြင့်ပင် ရေတွက်နိုင်သော် လည်း သူ သက်တောင့်သက်သာ အိပ်စက်နိုင်စေရန်ဖြစ်သည်။

ရွမ်ရှောင်ထျန်းသည် ချင်လိအပေါ် ရှုပ်ထွေးသော ခံစားချက်များ ရှိသည်။ တခါတရံတွင် ချင်လိသည် အလွန်စိတ်အနှောင့် အယှက် ဖြစ်စေပြီး သူ့ကို မုန်းတီးကာ သူ့ကို ဆန့်ကျင်ရန် နှစ် သက်သည်ဟု ခံစားရ၏။ သို့သော် တခါတရံတွင် သူသည် ကမ္ဘာပေါ်တွင် ချင်လိထက် သူ့ကို ပိုမို ကောင်းမွန်စွာဆက်ဆံနိုင်သူ မရှိကြောင်း ဝန်ခံရမည်။

ထိုညက တခြားသူတစ်ယောက် ဖြစ်ခဲ့ပါက ရွမ်ရှောင်ထျန်းသည် သူ၏ချွန်ထက်သောခြေသည်းများကိုထုတ်ပြကာ ထိုလူ့မျက်နှာအားကုတ်ခြစ်မိလိမ့်မည်။

ရွမ်ရှောင်ထျန်းသည် ဤတစ်ကြိမ်တွင် အလွန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်။ သူ နိုးလာပြီး မျက်လုံးများမဖွင့်သေးစဉ် တစ်စုံတစ်ဦးက သူ့အား စောင့်ကြည့်နေကြောင်းသိရှိခဲ့သည်။

သူ မျက်လုံးဖွင့်လိုက်ရာ ချင်လိဖြစ်နေသည်ကို အံ့အားသင့်စရာမရှိဘဲတွေ့ရှိခဲ့သည်။

“ဘာလို့ ငါ့ကို ကြည့်နေတာလဲ” ရွမ်ရှောင်ထျန်းသည် အိပ်ချင် မူးတူးမျက်လုံးများဖြင့် ခါးဆန့်လိုက်သည်။ သူ့လက်များကို မြှောက်လိုက်သောအခါ သူ၏နူးညံ့သော ခါးတစ်ပိုင်းပေါ်လာခဲ့သည်။

ချင်လိသည် မျက်လုံးများကို လွှဲလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် “သွားဖို့ အချိန်တန်ပြီ”

သူသည် ရွမ်ရှောင်ထျန်း၏ရှုပ်ပွနေသောဆံပင်များကိုသပ်ရပ် စွာ ပြုပြင်ပေးလိုက်ပြီး သူ့နဖူးပေါ်ရှိ ဆံပင်များကိုဖြောင့်စင်းအောင် ပြုပြင်ပေးလိုက်သည်။ သူ့မျက်လုံးများ ရွမ်ရှောင်ထျန်း၏ နူးညံ့သောနှုတ်ခမ်းများပေါ်သို့ ဖြတ်သွားရာ သူ့စိတ်ထဲတွင် မီးရှူးမီးပန်းများကဲ့သို့ ရုတ်တရက်ပေါက်ကွဲသွားသည်။

ရွမ်ရှောင်ထျန်းသည် သူ၏ခန္ဓာကိုယ်ကို ဆန့်ထုတ်ပြီးမှ နူးညံ့စွာ ပြိုလဲကျကာ မှောက်လျက်လဲလျောင်းပြီး ကလေးအသံဖြင့် “အိပ်ချင်လိုက်တာ၊ ထပ်အိပ်ချင်သေးတယ်…” ဟု တတွတ်တွတ် ရေရွတ်လိုက်သည်။

“မင်း ဆက်အိပ်ရင် နောက်ကျနေလိမ့်မယ်” ချင်လိက ကူကယ်ရာမဲ့စွာ “ထပြီး အဝတ်အစား လဲလိုက်ပါ”

ရွမ်ရှောင်ထျန်းသည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မျက်လုံးပင် မဖွင့်ဘဲ “…ငါ့ကို လဲပေး"

ချင်လိသည် အနည်းဆုံး စက္ကန့် ဆယ်ချီမျှ ကြောင်သွားပြီး သူ၏အင်အားအပြည့်အစုံဖြင့် ခုခံကာ “မရဘူး”

“ဘာလို့လဲ” ရွမ်ရှောင်ထျန်းသည် သူ့လေသံကိုဆွဲကာ “မင်း အရင်က ငါ့ကို လဲပေးဖူးတာပဲ”

“အတိတ်က အတိတ်ပဲ၊ အခုနဲ့ မတူဘူး”

“ဘာကွာခြားသွားလို့လဲ မင်း မြင်ဖူးတာပဲကို” ရွမ်ရှောင်ထျန်း မျက်တောင်ခတ်ကာ သံသယဖြင့်မေးလိုက်ပြီး သူ့ကိုယ်သူ လုပ်ရန် ခိုင်မာစွာ ငြင်းဆန်နေခဲ့သည်။

“…” ချင်လိသည် သူနှင့် အရင်က အဖြစ်အပျက်များကြားတွင် အဖြစ်နိုင်ဆုံး တူညီမှုမှာ ရွမ်ရှောင်ထျန်းတောင်းဆိုမှုကို မငြင်း ဆန်နိုင်ခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့သည်။

သူ ရွမ်ရှောင်ထျန်းကို ပထမဆုံး တွေ့ဆုံသည့်အချိန်မှစ၍ သူသည် ရွမ်ရှောင်ထျန်းအတွက်ကျဆုံးရန် ကံကြမ္မာပါလာခဲ့သည်။ သူ့ကို ကောင်းစွာဆက်ဆံရန်၊ ပျော်ရွှင်အောင် လုပ်ပေးရန်၊ စိုးရိမ်ပူပန်မှုကင်းမဲ့စေရန် ဤအရာများသည် သူ့နှလုံး သားတွင် ထွင်းထုထားသော စွဲလမ်းမှုများဖြစ်သည်။ ရွမ်ရှောင်ထျန်း မရှိပါက သူ့ပန်းတိုင်အားလုံးကို ဆုံးရှုံးလိမ့်မည်။

သူသည် ရွမ်ရှောင်ထျန်းကို ဖမ်းဆီးထားသော ဇနီးငယ်လေးအဖြစ် သတ်မှတ်ခဲ့သည်။ အလွန်ငယ်စဉ်ကတည်းက ကြီးမားလာသည်အထိ၊ စိုက်ပျိုးထားသော အသီးတစ်ခုကဲ့သို့ပင် သူ ပေါက်ဖွားကြီးထွားလာသည်၊ ပွင့်လန်းပြီး အသီးသီးသည်ကို ကြည့်နေခဲ့၏။ ထို့နောက် အသီးသည်ရင့်မှည့်လာခဲ့သည်ပင်။

သူသည် ရွမ်ရှောင်ထျန်းကို မည်သည့်အခါမျှ အတင်းအကြပ် မပြုခဲ့ဘဲ သူ့ထံဖြည်းညှင်းစွာရောက်ရှိလာရန်သာစောင့်ဆိုင်းခဲ့သည်။

သူ ရွမ်ရှောင်ထျန်းလိုချင်သမျှ အရာအားလုံးကိုပေးနိုင်သော် လည်း ရွမ်ရှောင်ထျန်းအား ဇနီးတစ်ဦးပေးနိုင်မည်မဟုတ်ပေ။

သူ့ထံမှ ရွမ်ရှောင်ထျန်းအားလုယူရန် ကြိုးစားသူ မည်သူမဆို သူ၏နံပါတ်တစ် ရန်သူအဖြစ်သတ်မှတ်ခံရမည်ဖြစ်ပြီး ထို့ နောက် ထိုသူ့စိတ်ကူးများကို လက်လျှော့စေရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးစားမည်ဖြစ်သည်။

ချင်လိသည် ရွမ်ရှောင်ထျန်းကို အခြားသူတစ်ဦးပိုင်ဆိုင်ခွင့်ကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ပါ။ ရွမ်ရှောင်ထျန်း ၎င်းအတွက် သူ့အားမုန်းတီးလာမည်ဆိုလျှင်တောင်မှပင်...

ချင်လိသည် သူ့စိတ်များ ပြေးလွှားနေခြင်းမှ ပြန်လည်ဆွဲခေါ်လာပြီး သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေသော ရွမ်ရှောင်ထျန်းမျက်လုံးများနှင့် ဆုံဆည်းလိုက်သည်။ နောက်ဆုံး သူ ရွမ်ရှောင်ထျန်းကို မငြင်းဆန်နိုင်တော့ဘဲ ခေါင်းညိတ်ကာ

“ဒီတစ်ခါ နောက်တစ်ခါ မရဘူး”

သူသည် ဤစကားကိုအကြိမ်မည်မျှပြောခဲ့မိသည်ကို မသိပေ။

ရွမ်ရှောင်ထျန်းသည် သူ့ကတိကိုကြားသောအခါ ချက်ချင်းပင် ပျော်ရွှင်စွာခေါင်းညိတ်လိုက်ပြီး စိတ်အေးချမ်းသာစွာဖြင့် ပြန်လည် အိပ်ပျော်သွားသည်။

ရွမ်ရှောင်ထျန်းအား အဝတ်အစားလဲပေးရန်မလွယ်ကူလှပေ။ သူသည် လဲလျောင်းနေသောအခါ လုံးဝပူးပေါင်းဆောင်ရွက်မည် မဟုတ်သလို ချင်လိသည် ၎င်းအတွက် ရွမ်ရှောင်ထျန်းကို ချီးကျူးခဲ့သည်။ သူ့သာဆိုလျှင် သေချာပေါက်အိပ်ပျော်နိုင်မည် မဟုတ်ပေ။

ညအိပ်ဝတ်စုံများမှာ အလွန်ကျယ်ဝန်းပြီး ချွတ်ရန်လွယ်ကူ သည်။ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အဝတ်အစားများကို ချွတ်လိုက်သည်နှင့် ရွမ်ရှောင်ထျန်းသည် အခွံခွာထားသော ကြက်ဥတစ်လုံးပင်။ သူ၏ဖြူစင်နူးညံ့သော အသားအရေကို ပန်းရောင် နုနုရောင် dogwoods နှစ်ခုက ပိုမိုလှပစေပြီး ဆွဲဆောင်မှုရှိသော အရောင်အသွေးဖြင့် တောက်ပနေသည်။ သူ့ဝမ်းဗိုက်တွင် ရှင်းလင်းသော ကွေးကောက်မှုမရှိသေးဘဲ သူ့ခါးအောက်ရှိ နို့နှစ်ရောင် အတွင်းခံဘောင်းဘီမှာ လှပစွာပုံဖော်ထားသော လိင်အင်္ဂါကိုဖုံးအုပ်ထားပြီး ထိတွေ့လိုစိတ် ဖြစ်ပေါ်စေသည်။

ချင်လိ မျက်လုံးများပိုမိုနက်ရှိုင်းလာပြီး သူ့ခန္ဓာကိုယ်မှာ ပူနွေးလာသည်။ သူ နောက်တစ်ကြိမ်တွင် ဤသို့မလုပ်တော့ဟု တွေးလိုက်သည်။ ရွမ်ရှောင်ထျန်း စိတ်သက်သာရာရသွားသော် လည်း သူ ရေအေးဖြင့် ချိုးရဦးမည်ဖြစ်သည်။

သူ့မျက်လုံးများ ထိန်းချုပ်မှုကင်းမဲ့သွားသည့်နှယ် အောက်သို့ ကြည့်လိုက်ပြီး ရွမ်ရှောင်ထျန်း၏သွယ်လျဖြူစင်ကာ အပြစ် အနာအဆာ ကင်းမဲ့သောခြေထောက်များကို ညင်သာစွာပွတ်သပ်လိုက်သည်။ သူ့ခြေထောက်များ အလွန်သန့်ရှင်းပြီး ပိုမိုနီးကပ်မှသာ နူးညံ့ပြီးသေးငယ်သော အမွှေးအမျှင်များကိုမြင်နိုင်၏။

ချင်လိသည် သူ၏လက်ဖဝါးများကို ဖိချေကာ ပထမဆုံး ရွမ်ရှောင်ထျန်း၏ ဘောင်းဘီကို လဲပေးခဲ့သည်။ သူ့မျက်လုံးများ နီမြန်းနေပြီး ဘောင်းဘီမှာ မဖုံးကွယ်နိုင်သော အကွေးအကောက်ဖြင့် ဖောင်းကြွနေသည်။

ရွမ်ရှောင်ထျန်း၏ဘောင်းဘီကို နောက်ဆုံးတွင် လဲပေးပြီးနောက် ချင်လိ၏ လက်ချောင်းထိပ်များ ရွမ်ရှောင်ထျန်း၏ နူးညံ့သောအသားကို မတော်တဆ ထိမိသွားပြီး သူ့ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပိုမို ပူနွေးလာကာ သူ့အောက်ပိုင်းမှာ ပိုမို ပြင်းထန်စွာ တုံ့ပြန်လာသည်။

အဝတ်အစားလဲနေစဉ် ချင်လိ စိတ်ထဲတွင် လုံးဝ ဗလာဖြစ်နေပြီး တည်ငြိမ်မှု ထိန်းထားနိုင်ရန် မျက်လုံးများကိုသာ လွှဲကြည့်နိုင်ခဲ့၏။

“မိစ္ဆာလေး…” ချင်လိသည် နောက်ဆုံးတွင် ရွမ်ရှောင်ထျန်း၏ နူးညံ့လှပသော မျက်နှာကို ကြည့်လိုက်သည်။ သူ၏ရှပ်အင်္ကျီကို ကြယ်သီးတပ်နေစဉ် ချင်လိက “မင်း ငါ့ကို ဒီလိုပဲ အသေသတ်နေမှာလား” ဟုဆိုကာ ညင်သာစွာသက်ပြင်းချလိုက်သည်။

သူ့လက်ချောင်းထိပ်များဖြင့် ရွမ်ရှောင်ထျန်း ပါးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့မျက်လုံးများတွင် နူးညံ့မှုနှင့် ချိုမြိန်မှုများပြည့်နှက်နေပြီး ခဏအကြာတွင် သူ လျင်မြန်စွာထရပ်ကာ အပူတက်နေသော ကိုယ်ဖြင့် ရေအေးဖြင့် ချိုးရန် ရေချိုးခန်းသို့သွားခဲ့သည်။

သူသည် ရွမ်ရှောင်ထျန်းကို ထိခိုက်အောင် မလုပ်လိုသဖြင့် ချင်လေးကိုသာ ထိခိုက်အောင်လုပ်နိုင်သည်။

ရွမ်ရှောင်ထျန်းသည် နေ့လည်စာစားပြီးနောက် တရေးပြန်အိပ်ခဲ့သည်။ သူ ထလာသောအခါ ရေချိုးခန်းထဲမှရေပန်းသံကို ကြားလိုက်ရသည်။ သူ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူ့အဝတ်အစားများ ဝတ်ထားပြီးဖြစ်သည်ကိုမြင်သဖြင့် တုန်တုန် ယင်ယင်ဖြင့် တံခါးဝမှထွက်သွားသည်။

ခဏအကြာတွင် ချင်လိသည်လည်း ဝတ်စုံပြောင်းလဲဝတ်ဆင်ပြီး သူ့ကိုယ်ခန္ဓာတစ်လျှောက်လုံးတွင် ရေအေးငွေ့များ အပြည့်ဖြင့် အနားယူခန်းမှ ထွက်လာသည်။ သူ့မျက်လုံးများအနည်း ငယ်နီမြန်းနေဆဲဖြစ်ပြီး အစာမဝသေးသော ဝံပုလွေကဲ့သို့သောမျက်လုံးများဖြင့် ရွမ်ရှောင်ထျန်းကို ကြည့်လိုက်သည်။

ရွမ်ရှောင်ထျန်းသည် ချင်လိကို လုံးဝမကြောက်ဘဲ စိုးရိမ်တ ကြီး တိုက်တွန်းကာ ညည်းညူလိုက်သည်။

“အမေ ဖုန်းခေါ်ထားတယ်၊ မင်း ဘာလို့ ရေချိုးနေတုန်းလဲ၊ မြန်မြန်သွားလိုက်ဦး”

သူ ပြောနေရင်း ရုံးခန်းထဲမှ ဦးစွာ ထွက်သွားနှင့်ပြီးဖြစ်သည်။

ချင်လိသည် ရွမ်ရှောင်ထျန်းနောက်ကျောကို သူ့မျက်လုံးများဖြင့် လိုက်ကြည့်နေခဲ့သည်။ ဤကျေးဇူးမသိတတ်သော လူလိမ်လေးကို ဖမ်းဆီးကာ သင်ခန်းစာပေးလိုခဲ့သော်လည်း ထိုအတွေးသည် သူ့စိတ်ထဲတွင် တစ်ချက်သာဖြတ်ပြေးသွားခဲ့ပြီး နောက်ဆုံးတွင် သူ ရွမ်ရှောင်ထျန်းနောက်မှ တံခါးဝသို့ လိုက်သွားခဲ့သည်။

စာရေးသူ၏ပြဇာတ်တို မေးခွန်း-

မေး- တစ်ဖက်လူနဲ့ သင့်ဆက်ဆံရေးကို စကားလုံးနှစ်လုံးဖြင့် ဖော်ပြပါ။

ချင်လိ- ဇနီး။

ရွမ်ရှောင်ထျန်း- အချစ်ရေးပြိုင်ဘက် ╭(╯^╰)╮

မေး- တစ်ဖက်လူကို စကားလုံးသုံးလုံးဖြင့် တိုတိုတုတ်တုတ် ဖော်ပြပါ။

ချင်လိ- ဘိုးဘေးလေး။

ရွမ်ရှောင်ထျန်း- ကမ္ဘာမကျေရန်သူ╭(╯^╰)╮

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment