no

Font
Theme

🔥 Chapter 1

နှာခေါင်းထဲတိုးဝင်လာသော ဟင်းအနံ့ကြောင့် ရွမ်ရှောင်ထျန်း ခေါင်းကို ဆတ်ခနဲထောင်လိုက်ပြီး နှာခေါင်းကိုတရှုံရှုံလုပ်ကာ အနံ့ခံရင်း တောက်ပသောမျက်လုံးများဖြင့် မီးဖိုချောင်သို့အပြေးတပိုင်းရောက်သွားသည်။ သူ မီးဖိုချောင်တံခါးအရောက်တွင် ငါးဟင်းထည့်ထားသော ပန်းကန်ကိုကြည့်ပြီး နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ တံတွေးမြိုချလိုက်သည်။

သူ မိခင်ဖြစ်သူအား အမြန်နှုတ်ဆက်လိုက်ပြီး ဟင်းပန်းကန်ရှိရာဆီသို့ဦးတည်ကာ အဆီနည်းသော ငါးတစ်ပိုင်းကိုယူရန်ပြင်လိုက်သည်။

ထိုစဉ် ဟူရှစ်ဘေးတိုက်လှည့်လာပြီး တူများဖြင့် သူ့လက်ကိုဟန့်တားလိုက်သည်။

ရွမ်ရှောင်ထျန်းနှာခေါင်းရှုံလိုက်ပြီး အစင်းကြောင်းနှစ်ခုပေါ်သွားသောလက်ကိုပွတ်သပ်ရင်းနောက်ပြန်ဆုတ်လိုက်သည်။ ဟူရှစ် သူ့အား အကြည့်တစ်ချက်ပေးလာသည်။

သို့တိုင် သားဖြစ်သူကို စနောက်လိုက်သေးသည်။

“နာသွားလား ? လာ၊ မား မှုတ်ပေးမယ်”

ဟူရှစ် သားဖြစ်သူ၏လက်ကို လှမ်းဆွဲကာ ခပ်ဖွဖွမှုတ်ပေးရင်း

“မင်းက မိန်းကလေးထက်တောင် ပိုနူးညံ့နေသေးတယ်၊ဒီတော့ မင်း ကိုယ်မင်း သန်မာအောင်လေ့ကျင့်ထားမှဖြစ်မယ်၊ မဟုတ်ရင် မင်း အနာဂတ်မှာ ချစ်သူရှာရခက်လိမ့်မယ်”

"မား နားမလည်ပါဘူး၊ အခုဆို ကျွန်တော့်အလှကြောင့် သူများပါးစပ်ဖျားမှာ ဘယ်လောက်တောင်နာမည်ကြီးနေလဲဆိုတာ”

မိမွေးဖမွေးတိုင်းထွက်လာတဲ့ ပင်ကိုအလှကို ဖျက်ဆီးလို့မှ မရတာ၊ ဒါကြောင့် ယခုလိုဖြူစွက်ပြီး နုဖတ်နေတဲ့ သူရုပ်ရည်အ သွင်အပြင်နှင့်ပတ်သတ်ပြီး သူလည်း ဘာမှမတက်နိုင်ချေ။

ဟူရှစ် သားဖြစ်သူကို ကြည့်လိုက်သည်။ ထိုကလေးသည် ငယ်စဉ်ကတည်းက မိန်းကလေးတစ်ယောက်ပမာ ချောမောလှပလွန်းကာ မည်သူမှ သူ့နှင့်နှိုင်းမယှဉ်နိုင်ပေ။ အရွယ်ရောက်ပါက အနည်းငယ်မာကျောလာမည်ဟု မျှော်လင့်ထားသော်ငြားး ရလဒ်မှာ ပိုလို့ပင် နူးညံ့ပျော့ပျောင်းလာသည်။

သူ ဒီလိုပုံစံနဲ့ ရည်းစားဘယ်လိုရမှာလဲ ?

ဟူရှစ် သားဖြစ်သူအတွက် အလွန်စိတ်ပူနေမိသည်။ သူဆိုလည်း ကိုယ့်ထက်ပိုချောပြီး နူးညံ့နေသည့်ရည်းစားနှင့် ဘေးချင်းယှဉ်ရပ်ရမည်ဆိုပါက မြေကြီးပေါ် ကိုင်ပေါက်ပစ်မည် မှာအသေချာပင်။

သူပုံစံသည် ယောက်ျားလေးအချင်းချင်းချစ်ကြိုက်သည့်ဘက်ကို ပိုအားသာနေသည်။

ဟူရှစ်စိတ်ထဲ တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

"မင်း ရည်းစားမထားချင်သေးဘူးဆိုရင်လည်း အလုပ်အရင်ရှာပေါ့၊ မင်းဘွဲ့ရတာဖြင့် တစ်နှစ်နီးပါးရှိနေပြီ။ အမြဲအလေ လိုက်နေတယ်၊ ချင်လိကိုပဲကြည့်၊ ဘွဲ့မရခင်ကတည်းက ကုမ္ပဏီကို စီမံခန့်ခွဲနေပြီ၊ သူ့မိဘတွေလည်း စိတ်မပူရတော့ နှစ်ယောက်စလုံးခရီးတွေထွက်လိုက်နဲ့ အေးဆေးပဲ၊ မားနဲ့မင်းပါးလည်း အဲ့လိုမျိုးအေးဆေးနေချင်လှပြီ၊ အဲ့လိုသာဖြစ်လာခဲ့ရင် မား အိပ်ပျော်နေရင်တောင် ထရီနေမိမှာသေချာတယ်"

ရွမ်ရှောင်ထျန်း ချင်လိဟူသောအမည်နာမကိုကြားလိုက်ရချိန်တွင် သူ့ ပါးစပ်ထဲရောက်နေပြီဖြစ်သော ငါးဟင်းပင် ရုတ်တရတ် မြိုမကျနိုင်ပဲဖြစ်သွားရသည်။

ချင်လိ...သူ၏ကမ္ဘာ့ရန်ဘက်၊ ပြိုင်ဘက်ကင်း ရန်သူတော်ဆိုလျှင်လည်း မှားလိမ့်မည်မထင်ပေ။ မိခင်ဖြစ်သူနှင့် ချင်လိ၏ အမေသည် မိတ်ဆွေများဖြစ်ကြပြီး ၎င်းတို့ စကားစမြည်ပြောရန်စုဝေးတိုင်း ချင်လိအကြောင်းသာပြောကြသည်။ ထို့ကြောင့် သူ ငယ်စဉ်ကတည်းက ချင်လိနှင့်မကြာခဏတွေ့ခဲ့ရသည်။

သူ ချင်လိအား ပထမဆုံးစတွေ့ချိန်ကပင် အမုန်းတရားတို့ စတင်ရှိခဲ့ဟန်တူသည်။

သူ့နာမည်ကိုသိခဲ့ရပြီး ချိုမြိန်နူးညံသော အသွင်အပြင်ရှိသည်။သူ့မျက်လုံးများသည် နဂါးငွေ့တန်းကြယ်တာရာများ၏ အလင်းတန်းများကဲ့သို့တောက်ပနေပြီး အပြုံးသည်ချိုမြိန်ကာ ဆွဲဆောင်မှုရှိသည်။

သူ ချင်လိနှင့် ပထမဆုံးတွေ့ခဲ့သည်မှာကိုးနှစ်အရွယ်ကဖြစ် သည်။ ထိုနေ့က ဆီးနှင်းများကျဆင်းနေပြီး သူ ထူထဲသော အင်္ကျီကို၀တ်ဆင်ထားကာ အနီရောင်မာဖလာကိုလည်ပင်းတွင် ပတ်ထားခဲ့သည်။ သူ ပြတင်းပေါက်အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။

ထို့နောက် ဖန်မျက်နှာပြင်အပြင်ဘက်တွင် အေးစက်စက် မျက်နှာအမူအရာနှင့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကောင်‌လေး၏မျက်နှာမှာ ပြေပြစ်ပြီးသပ်သပ်ရပ်ရပ်နှင့် ဆွဲဆောင်မှုရှိနေသည်။ သိုးမွှေးဦးထုပ်နှင့် အနက်ရောင် ဂျာကင်အင်္ကျီကို၀တ်ဆင်ထားပြီး သူ့အား စိုက်ကြည့်နေသည်။သူ့နောက်တွင် ခပ်ချောချော အန်တီတစ်ယောက်ပါလာသည်။

ထိုအန်တီသည် ပြုံးလျက် သူ့အမေနှင့်သူကို နှုတ် ဆက်လာသည်။ ယနေ့တွေ့ဆုံရန် ရောက်လာကြ သူများဖြစ်ကြောင်း သူ သိလိုက်ရသည်။

ထို့နောက် အချင်းချင်းမိတ်ဆက်ပေးလိုက်ကြပြီး သူ့နာမည်က ချင်လိဖြစ်ကြောင်းနှင့် သူထက် အသက်နှစ်လကြီးကြောင်းသိခဲ့ရသည်။ ချင်လိသည် ငယ်စဉ်ကတည်းကပင် တည်ကြည်ကာစကားနည်းပြီး အရယ်အပြုံးမရှိနှုတ်ဆိတ်ပြီးသာနေတက်ပုံရသည်။

သူ ချင်လိနှင့် စတွေ့တော့ အနည်းငယ်ရှိန်နေခဲ့သည်။ သို့ရာ တွင် မိခင်ဖြစ်သူ၏စကားကိုလည်း မဖီဆန်ဝံ့သဖြင့် သူ ခပ်တိုးတိုးစကားစလိုက်သည်။

“ကော”

ချင်လိ သူ့အားစိုက်ကြည့်လာပြီး မျက်ဝန်းထဲပျော်ရွှင်သွားသော အရိပ်အရောင်များထင်ဟပ်လာသည်။ သူ ရုတ်တရက်လက်ကိုဆန့်ကာ သကြားလုံးအနည်းငယ်ပေးလာသည်။

"ရော့..ဒါ မေ့မေ့အတွက်” ဟု နူးနူးညံ့ညံ့တုံ့ပြန်လာသည်။

ထိုအသုံးအနှုန်းကြောင့် သူထိတ်လန့်သွားပြီး ဒေါသလည်းထွက်သွားသည်။ ချက်ချင်းအော်ဟစ်ပစ်လိုက်ကာ အမှားအယွင်းဖြစ်သွားမည်ကိုကြောက်သဖြင့် သူကိုယ်တိုင်မသိလိုက်ပဲ မျက်ရည်များကျလာခဲ့သည်။

မိန်းကလေးဟု သတ်မှတ်ခံရခြင်းသည် သူ့အားအလွန်အရှက် ရစေခဲ့သည်။ ထိုသည်မှာ သူ့အပေါ် ချင်လိ၏ထိုးနှက်ချက်တို့ အစပျိုးခဲ့ရုံသာရှိသေးသည်ကို သူ မသိခဲ့ခြင်းပင်။

ငယ်စဉ်ကတည်းက ချင်လိသည် တခြားသူများထက် ထူးချွန်ထက်မြက်သူဖြစ်ခဲ့သည်။ သူသည် နာခံတက်ပြီး စကားပြောကောင်းသည်။ ကျောင်းစာနှင့် ယှဉ်လိုက်လျှင်လည်း သူ့ထက် တော်လွန်းနေသည်။ ထိုအနေအထားက သူ့ဘဝတစ်လျှောက်လုံးမလွတ်မြောက်နိုင်သည့် အိပ်မက်ဆိုးနှင့် အရိပ်တစ်ခုလိုတောက်လျှောက် လိုက်ပါနေခဲ့ပြီး သူ့စိတ်တွင် ပြင်းထန်သော စိတ်ဒဏ်ရာများကိုဖြစ်စေသည်။

ထို့အပြင် သူသည် ချင်လိချစ်မြတ်နိုးမှုကိုခံရသည် တစ်ဦးတည်းသောမိန်းကလေးဖြစ်ပြီး နောက်ဆုံး သူကိုယ်တိုင်ပင် ထိုသူကို ချစ်မိသွားခဲ့သည်။ သူ့အား စုန်းအတတ်ဖြင့် ကျိန်စာတိုက်ထားသကဲ့သို့ခံစားရသည်။

ချင်လိ၏စနက်ကြောင့် သူ အချစ်ရေးနှင့်ပတ်သတ်ပြီး တစ်ခါမှ ကောင်းမွန်အောင် မတည်ဆောက်နိုင်ခဲ့ပေ။ တစ်ခုတည်းသောအောင်မြင်မှုမှာလည်း နှစ်ရက်သာကြာမြင့်ခဲ့ပြီးငြိမ်းချမ်း စွာလမ်းခွဲခြင်းဖြင့်သာ အဆုံးသတ်ခဲ့‌သည်။

ရွမ်ရှောင်ထျန်း ဘွဲ့ရပြီးနောက်ပိုင်း ကုမ္ပဏီအများအပြားမှကမ်း လှမ်းလာခဲ့သော်လည်း ငြင်းဆန်ခဲ့သည်။ ဤသည်မှာ သူ့အနာ ဂတ်အလုပ်အကိုင်နှင့်ဆက်စပ်နေရာ ထို့အတွက် သူသေချာရွေးချယ်ဆုံးဖြတ်ရန်လိုအပ်သည်။ လွန်ခဲ့သည့်ရက်အနည်း ငယ်က Guangrong ကုမ္ပဏီ မန်နေဂျာမှ သူ့အား နာမည်ကြီးကြယ်ပွင့်အဖြစ် မြေတောင်မြှောက်ပေးမည်ဟု ကမ်းလှမ်းခဲ့သေးသည်။

အတွေးနှင့်အတူ သူ့မျက်နှာကိုပွတ်သပ်လိုက်ပြီး “အင်းလေ၊ ဒါ မှားနေတာမှ မဟုတ်တာ၊ ကြည့်ကောင်းလွန်းနေတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်ရမှာပဲ"

"မင်း အိပ်မက်က ဘာပြောလဲ ? လစဉ် လစာ ဝမ် ၃၀၀၀ နဲ့ တည်ငြိမ်တဲ့အလုပ်တစ်ခုရှာနိုင်ရင် မား ကျေနပ်တယ်၊ မား ဘယ်နှကြိမ်ပြောရမလဲ ? ချင်လိ့ကို ကောလို့ ခေါ်ရမယ်လို့"

"သူ ကျွန်တော့ထက် နှစ်လပဲကြီးတာ”

"ဘာပဲဖြစ်ဖြစ် သူ မင်းထက် အပြင်ကို နှစ်လစောရောက်တာဆိုတော့ သူ့ကိုကော လို့ခေါ်ရမယ်"

"တကယ်တော့ ကျွန်တော်က ချင်လိထက် ပိုကြီးတယ်"

သူ ဇွတ်အတင်း လက်မခံဖို့ကြိုးစားလိုက်သည်း။

ဟူရှစ် တိုက်ရိုက်လျစ်လျူရှုလိုက်ပြီး

"ကြီးကြီးငယ်ငယ် မင်း သူ့ကို ကောလို့ပဲခေါ်ရမယ်၊ တော်တော့လေ၊ အများကြီးမစားနဲ့၊ မင်းကိုကြည့်ရတာ ကြောင်တစ်ကောင်လိုပဲ"

"ဟေး~"

ရွမ်ရှောင်ထျန်း မရပ်တန့်နိုင်တော့ပေ၊ ဆက်တိုက်ဆိုသလို စားချင်နေသည်။

သူ့ပုံစံက တကယ့်ကိုကြောင်တစ်ကောင်နှင့်တူနေသည်။

ဟူရှစ် ငိုရခက် ရယ်ရခက်ဖြစ်နေသည်။ ဤကလေးသည် ငယ်စဥ်ကပင် ချစ်စရာကောင်သော ပင်ကိုယ်စရိုက်ရှိပြီး မိသားစု ၏သည်းသည်းလှုပ်အချစ်ခံရသော သူဆိုလည်း မမှားပေ။ ချစ်စဖွယ်ကောင်းသော အပြုအမူများကိုသာ အမြဲလုပ်တက်ပြီး ချိုမြိန်သောစကားများသာပြောတက်ကာ ဆူငေါက်ခြင်းကို သည်းမခံနိုင်သူဖြစ်သည်။

ရွမ်ရှောင်ထျန်း ထမင်းစားနေရင်း ရုတ်တရက် ဝမ်းဗိုက်ထဲမှပျို့ အန်ချင်လာသလို ခံစားလိုက်ရသည်။ သူ့မျက်မှောင် ကြုတ်ပြီး တံတွေးမျိုချလိုက်ရာ အန်ချင်စိတ်ပိုပြင်းထန်လာသည်။

သူ မီးဖိုချောင်မှ ရေချိုးခန်းထဲသို့ ပြေးဝင်လာပြီး ဘိုထိုင်၏ ဘေးနှစ်ဖက်ကိုလက်ဖြင့်ဆုပ်ကိုင်လျက် အန်ချလိုက်သည်။သူ့မျက်လုံးများ နီရဲလာပြီးမျက်ရည်ဝဲလာသည်။

ဟူရှစ် ရောက်လာပြီး သူ့ကျောအားပွတ်သပ်ပေးရင်း

“မား မပြောဘူးလား? အရမ်းမစားပါနဲ့ဆို ၊ အခုတော့ဖြစ်ပြီ”

“ကျွန်တော် အများကြီးမစား…အော့” သူ စကားပင်မဆုံးသေးခင် အိမ်သာခွက်ထဲ အန်ချလိုက်သည်။

ဟူရှစ် သားဖြစ်သူအား ကြည့်ပြီး သနားကာ အပြင်ထွက်ပြီ' ပျားရည်တစ်ခွက် ဖျော်လာပေးသည်။

“မင်း ဒယ်ဒီပြန်လာမှ ဘာဖြစ်နေလဲ ကြည့်ခိုင်းလိုက်”

ရွမ်ပိုင်ထျန်းသည် ခန္ဓာကိုယ်အတွင်းပိုင်းကုသခြင်းနှင့်မီးယပ် ရောဂါအထူးကုဆရာဝန်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာတွင် အလွန်ကျွမ်းကျင်သည်။ မိသားစုအတွင်း မကျန်းမနာဖြစ်လာပါက သူသာ တာဝန်ယူကာကြည့်ရှုပေးသည်။

ထိုအချိန်တွင် တံခါးဖွင့်သံကြားလိုက်ရပြီး ရွှမ်ပိုင်ထျန်း အိမ်ထဲဝင်လာသည်။ သူ့အော်သံက ဧည့်ခန်းတစ်ခန်းလုံး လွှမ်းခြုံသွားသည်။

"ဟူရှစ်၊ ရှောင်ထျန်း..."

သူ ဧည့်ခန်းတဝိုက်မှာ လှည့်ပတ်ရှာလိုက်သည်။

"ရှောင်ထျန်း မင်း ဘယ်ရောက်နေတာလဲ ? ပါး မင်းအတွက် ဘာတွေဝယ်လာလဲ လာကြည့်စမ်း"

ဟူရှစ် သားဖြစ်သူ သက်တောင့်သက်သာရှိရန် ကျောကို နှိပ် နယ်ပေးလိုက်သည်။ ရွှမ်ရှောင်ထျန်း ပါးစပ်ထဲ ပျို့ ပျို့တက်လာသောချဉ်ဖတ်များကို အန်ထုတ်ရင် ဖခင်ဖြစ်သူ ယူလာသော အရာကိုပင် စိတ်ဝင်စားမှုမရှိတော့ပေ။

သူ ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းသွားသကဲ့သို့ ဆိုဖာပေါ်တွင် လုံးဝပျော့ခွေကြသွားသည်။

ချိုမြိန်ပြီးနုနယ်လှသည့် ရွမ်ရှောင်ထျန်းသည် ယခု ခါးသက်သက်နှင့်မအီမသာဖြစ်နေသည်။

သူ နှုတ်ခမ်းကိုဖိကိုက်ပြီး ညည်းတွားလိုက်သည်။

"အေ့၊ နေရခက်လိုက်တာ”

ရွမ်ပိုင်ထျန်းသည် သားဖြစ်သူ၏ ရှေ့တွင် ငါးစည်သွတ်ဘူးကို ချလိုက်ပြီး “သား မင်း အရင်က ဒါ ကြိုက်တယ်လို့ပြောဖူးတယ်လေ၊ အဲ့ဒါနဲ့ ပါး သူငယ်ချင်းကို နိုင်ငံခြားက ဝယ်လာဖို့ မှာလိုက်တာ”

ရွမ်ရှောင်ထျန်း ငါးစည်သွတ်ဘူးကို စိတ်မပါတပါနှင့် စောင်းကြည့်လိုက်သည်။

ဟူရှစ် : “သူ အခုလေးတင် အန်နေတာ ၊ ဘာမှထပ်မစားနဲ့တော့၊ ကလေး ဘာဖြစ်တာလဲ ကြည့်ပေးလိုက်ဦး၊ ငါးစားပြီးတာနဲ့ ရုတ်တရုတ် ဆိုးဆိုးဝါးဝါး အန်နေတာ”

ရွမ်ပိုင်ထျန်း : “အန်တာ တစ်ခုပဲလား ? တခြား ဘာလက္ခဏာတွေရှိသေးလဲ ? ဗိုက်အောင့်လား?”

“တခြားတော့ ဘာမှမဖြစ်ပါဘူး၊ အန်ချင်တာတစ်ခုပဲ ၊ အစား စားချင်စိတ်လည်း မရှိတော့ဘူး၊အခု ဘာမှမစားချင်ဘူး”

ရွမ်ပိုင်ထျန်း သူ့နဖူးကို စမ်းသပ်ကြည့်လိုက်သည်။

"အဖျားလည်းမရှိပါဘူး၊ မကောင်းတဲ့ အစားအစာတစ်ခုခုစားမိသွားတာဖြစ်နိုင်တယ်၊ ဒီလက္ခဏာက ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ လက္ခဏာလိုမျိုးပဲ”

သူ ပြောရင်း မေးစေ့ကိုပွတ်သပ်ကာ စဉ်းစားလိုက်သည်။

ဟူရှစ် သတင်းစာကိုယူကာ ယန်ပိုင်ထန်ကိုရိုက်လိုက်သည်။

“ရှင် ဘာတွေလျှောက်ပြောနေတာလဲ ? ရှောင်ရှောင်က ယောင်္ကျားလေးလေ၊ ကိုယ်ဝန်ရှိစရာလား ?”

ရွမ်ပိုင်ထျန်း မိန်းမကိုကြောက်ရသူဖြစ်ရာ မည်သည့်တုံ့ပြန်မှုမှ မလုပ်ပဲ သူ့ခေါင်းကိုသာပွတ်သပ်ရင်း

“အမှားလုပ်မိရင် သမီးလေးမွေးသလို ခံစားရမှာပဲ"

ရွမ်ပိုင်ထျန်းသည် သားမွေးထားသော်လည်း သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရသကဲ့သို့သာခံစားရသည်။

ဟူရှစ်အနေနှင့် ထိုသို့ မခံစားရချေ။ သားဖြစ်သူသည် သမီးတက်တောင် ဇီဇာကြောင်သေးသည်။ ထို့အပြင် သူ့အလှတရားကြောင့်လည်း ပြဿနာရှိနေသည်။ ရှောင်ထျန်းကို ဘယ်သူက ဂရုစိုက်နိုင်မှာလဲ။ သူ တဖက်ကိုပေါ့ပေါ့ပါးပါးပြုံးပြလိုက်ရုံနှင့် လက်လျှော့အရှုံးပေးလိုက်ရမှာဖြစ်သည်။

ရွမ်ပိုင်ထျန်း ဆေးစပ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးတိုက်လိုက်သည်။ ဆေးသောက်ပြီးလျှင် ကျွေးရန်သကြားလုံးပြင်ဖို့ကိုလည်း မမေ့ခဲ့ပေ။ ထို့နောက် ရွမ်ရှောင်ထျန်း ဆေးသောက်ပြီး သည်နှင့် အခန်းထဲပြန်ပို့ပေးကာ အနားယူစေသည်။

သူ ဆေးသောက်ပြီးနောက် မျက်လုံးများမှေးစင်းလာသည်။ သူ့ပါးစပ်ထဲတွင် ဖခင်ဖြစ်သူကျွေးလိုက်သော သကြားလုံးကို ငုံ့ထားသည်။ သူ ခြေလက်တွေ ပျော့ခွေလာပြီး သူ့အချစ်တော်များကို လှည့်ပတ်ရှာဖွေလိုက်သည်။

သူ၏နေစဉ်ဖြတ်သန်းမှုတွင် ကြောင်နှင့်ခွေးက မပါမဖြစ်အ ရေးကြီးသည်။ သို့သော် ကံမကောင်းစွာဖြင့် သူ့ကိုမြင်တိုင်း အန္ဆရာယ်ကောင်လို့ ထွက်ပြေးပုန်းအောင်းနေခဲ့ကြပြီး ကျွေး မွေးသည်မှစပြီး အညစ်အကြေးသိမ်းဆည်သည်အထိ အသည်းအသန် ကြိုးပမ်းနေရသည်။

ယခုလည်း သူအခန်းထဲ ပြန်ရောက်နေသည်တောင် ၎င်းတို့၏ အရိပ်အရောင် တစ်ခုမှကို မတွေ့ရပေ။

သူတို့ မသိစိတ် ထိခိုက်မည်မဟုတ်လော။

"တီရာမီဆု... ကောက်ညှင်းလုံး... အုန်းသီးလုံး..."

သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းအော်ခေါ်လိုက်သည်။သူ အစားချင်စိတ်မရှိပေမယ့် ချိုမြိန်သောနာမည်များကြားချိန် ပါးစပ်ထဲ သွားရည်များပင်ထွက်လာရသည်။

သူ အခု ကောက်ညှင်းလုံး အရမ်းစားချင်တယ်..

ထို့ကြောင့် ကောက်ညှင်းလုံးကို ရှာရန် ဆုံးဖြတ်လိုက်သည်။

ကောက်ညှင်းလုံးသည် လိမ္မော်ရောင်ကြောင်တစ်ကောင်ဖြစ် သည်။ တခြားတောရိုင်းကြောင်များ၏ အနိုင်ကျင့်မှုကို ခံနေရစဉ် ကောင်းကင်က ကယ်တင်ရှင်ဆင်းသက်လာသကဲ့သို့ သူကယ်တင်ခဲ့ရသည်။ သူကယ်တင်ခဲ့ချိန်က သုံးလသာရှိသေးပြီး အလွန်သေးငယ်သော်လည်း အစားတော်တော်စားသည်။ ယခုဆို သူ့ခန္ဓာကိုယ်သည် အလွန်ကြီးမားလာကာအဆီများဖြင့်အတော်ဝဖြိုးနေသည်။

ရွမ်ရှောင်ထျန်း လိမ်မော်ရောင်ကြောင်လေးကို ရှာတွေ့သွားပြီး ပွေ့ချီကာ အိပ်ခန်းထဲသို့ ယူလာသည်။ထိုမှသာ တခြားပုန်း အောင်းနေသော ကြောင်နှင့်ခွေးတို့ စိတ်သက်သာရာရသွားပြီး ပုန်းနေရာများမှ ပျော်ရွှင်စွာ ထွက်လာကြသည်။

လိမ္မော်ရောင်ကြောင်သည် သူ၏ပွေ့ဖက်ခြင်းကို ကြောက်ရွံ့နေကာ သူ့လက်အောက်တွင် တုန်ယင်လို့နေသည်။ ယန်ပေါ်ထန်၏အာဏာရှင်ဆန်သော အင်အားများကြောင့် မည်သည့်ခုခံမှုမှ မလုပ်ရဲပဲ ခြေသည်းများကိုပင် ထုတ်ဖော်ခြင်း မပြုပေ။

သူ ဘေးတစ်စောင်းအနေထားဖြင့် လှဲလျောင်းနေရင်းဝမ်းဗိုက် ထဲတွင် မအီမသာ ခံစားနေရဆဲဖြစ်သည်။သို့သော် သူ့ကြောင်လေးကိုပွေ့ဖက်ထားရင်း သူအနည်းငယ် သက်သာသွားသလို ခံစားရသည်။ ထို့နောက် သူ့အဖေပြောသည့်စကားကို ရုတ်တ ရက်သတိရသွားသည်။

သူက ယောင်္ကျားလေးလေ၊ ကြောင်မှာဆိုလည်း ကြောင်ထီးက ကိုယ်ဝန်ဆောင်လို့မှ မရတာ၊ မဖြစ်နိုင်ဘူး။

သို့တည်းမဟုတ် ထိုမှန်းဆချက်မှာ မှန်ကန်နေခဲ့ပါလျှင် ဤကလေး၏အဓိကတရားခံမှာ မည်သူဖြစ်နိုင်မည်နည်း ?

သူ မျက်လုံးကိုမှိတ်လိုက်ပြီး သူ့စိတ်ထဲတွင် လွန်ခဲ့သောညတစ်ညက အဖြစ်အပျက်တစ်ခုပေါ်လာသည်။ ထိတွေ့မှုအရိပ်အ ယောင်များက သူ့အားယားယံစေသည်။

ကိုယ်ဝန်ရှိတဲ့ကိစ္စက လုံးဝမဖြစ်နိုင်ပေမယ့် ထိုညက အဖြစ်အ ပျက်ကတော့ အမှန်ပင်ဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment