no

Font
Theme

🔥 Chapter 15

ချင်လိသည် ရွမ်ရှောင်ထျန်းကို စားသောက်ဆိုင်သို့ ကားမောင်းပို့လိုက်သည်။ မိဘနှစ်ပါးစလုံးရောက်နှင့်နေပြီး လက် ဖက်ရည်သောက်ရင်း ပျော်ရွှင်စွာစကားပြောနေကြသည်။

ခေါင်းစဥ်မှာ ချင်လိနှင့်ရွမ်ရှောင်ထျန်းအကြောင်းသာဖြစ် သည်။ သူတို့သည် ငယ်စဉ်ကတည်းက ညီအစ်ကိုများကဲ့သို့ခင်မင်ရင်းနှီးခဲ့ကြပြီး ချင်လိသည် ရွမ်ရှောင်ထျန်းအား အရာရာတိုင်း၌တွေးတောခဲ့ပြီး၊ ရွမ်ရှောင်ထျန်းစကားများသည် ဘုရင်မင်းမြတ်၏အမိန့်ထက် ပိုမိုထိရောက်ကြောင်းပြောဆိုခဲ့ကြသည်။ ရွမ်ရှောင်ထျန်းသည် မျက်နှာချင်းဆိုင်တွင် ချင်လိအပေါ် ရန်လိုမှုအပြည့်ရှိသော်လည်း တကယ်တမ်းတွင် သူသည် ချင်လိစကားများကိုအလွန်နားထောင်ပြီး သူ့အ‌ပေါ်အလွန်မှီခိုခဲ့သည်။

ထိုအချိန်က မတရားခံရသည့်အခါတိုင်း သူ့မိဘများထံ ဦးစွာ မသွားဘဲ ချင်လိထံသို့သာ ဦးစွာသွားခဲ့သည်။

ထိုအချိန်တွင် မားမားဟူသည် စွန်းရှန်းချီကို ရယ်မောစွာဖြင့် သူ့ရှောင်ထျန်းသည် မိန်းကလေးတစ်ဦးဖြစ်ခဲ့ပါက ချင်လိနှင့် သေချာပေါက်လက်ထပ်လိမ့်မည်ဟု နောက်ပြောင်ပြောဆိုခဲ့ဖူးသည်။ သူတို့သည် ငယ်သူငယ်ချင်းများဖြစ်ပြီး သူတို့၏ မိဘများမှာ နှစ်ပေါင်းများစွာ သူငယ်ချင်းများဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦးအချိန်ကြာမြင့်စွာသိကျွမ်းခဲ့ကြသည်ဖြစ်ရာ ဤမျှကောင်းမွန်သော လက်ထပ်ထိမ်းမြားမှုအားမည်သို့လွဲချော်နိုင်မည်နည်း။

ရွမ်ရှောင်ထျန်းသည် ယောက်ျားလေးဖြစ်သဖြင့် ၎င်းသည် သဘာဝကျစွာပင် နောက်ပြောင်မှုတစ်ခုသာ ဖြစ်ခဲ့သော်လည်း ထိုအချိန်က နောက်ပြောင်မှုသည် ယခုအခါ အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မျှော်လင့်ထားခဲ့မည်မဟုတ်ပေ။

ဟူရှစ်နှင့် စွန်းရှန်ချီတို့သည် နှစ်ပေါင်းများစွာ အခင်ဆုံးသူ ငယ်ချင်းများ ဖြစ်ကြသည်။ သူသည် ရုတ်တရက် ရာထူးများ ပြောင်းလဲသွားခြင်းကို အသုံးမကျသေးဘဲ ရှင်းလင်းစွာပြော ဆိုနိုင်ခြင်း မရှိပေ။

“မမျှော်လင့်ထားဘူး ရှောင်ထျန်းက ဘာမှပြဿနာမရှိဘူးလို့ ထင်ရတယ်၊ သူတောင် ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘူး” ဟူရှစ် သက်ပြင်းချလိုက်သည်။

“ရှစ်ရှစ်၊ ဒါ ဖြစ်ပြီးသွားပြီဆိုတော့ ငါတို့ ဆက်ပြီးဖြေရှင်းရမယ် နင်တို့ ဘယ်လိုထင်လဲ”

သူတို့ ဒီအကြောင်းကိုပြောနေစဉ်တွင် ချင်လိနှင့် ရွမ်ရှောင်ထျန်းတို့ရောက်မလာသေးပေ။ ၎င်းသည် ပျော်ရွှင်စရာကိစ္စဖြစ်ပြီး တာဝန်ယူရမည်ကို သူတို့စိတ်ထဲသိထားသော်လည်း မည်သို့တာဝန်ယူရမည်နည်း။

ယခုလက်ရှိတွင် လိင်တူချင်းလက်ထပ်ထိမ်းမြားခြင်း ဥပဒေ မရှိသေးပေ။ သူတို့မိဘများသည် ပွင့်လင်းမြင်သာပြီး ကျိုးကြောင်းဆီလျော်ကြသဖြင့် သူတို့အ‌နေဖြင့် ကန့်ကွက်ခြင်း၊ အပြစ်တင်ခြင်း မပြုခဲ့ကြပေ။ ၎င်းတို့ပတ်ဝန်းကျင်တွင် လိင်တူဆက်ဆံခြင်းအား နောက်ကွယ်မှဝေဖန်ခံရမည်ပင်။

ချင်မိသားစု၏အကြီးအကဲသည် လိင်တူချစ်သူဖြစ်သည်ဟူ သော အချက်ကိုထုတ်ဖော်လိုက်ပါက ချင်မိသားစု၏လုပ်ငန်းအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိမည်ဟုထင်ရသည်။

“ရှောင်ရှီ၊ ချင်လိက ဒီအကြောင်းကို ချင်မူနဲ့ ကျွန်မကို အရင်ကတည်းကပြောပြခဲ့ပြီးသားပါ၊ သူ ကလေးအရွယ်ကတည်း က ကိုယ်ပိုင်အကြံဉာဏ်တွေ ရှိခဲ့တာမို့ သူ့ဆုံးဖြတ်ချက်တွေကို သူ့အဖေနဲ့ ကျွန်မ ဝင်စွက်ဖက်လို့ မရပါဘူး ဒါ့အပြင် ရှောင်ထျန်းက ကျွန်မတို့ရဲ့စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာလေ၊ ရိုးရိုးသားသားပြောရရင် ကျွန်မ သူ့ကို ကိုယ့်ကလေးလိုပဲ အမြဲဆက်ဆံခဲ့တာ ချင်လိ တာဝန်မယူဘူးဆိုရင်‌တောင် ကျွန်မ သဘောမတူနိုင်ဘူး”

ရွမ်ပိုင်ထန် ရုတ်တရက် “ဒါ ချင်လိကို ထိခိုက်စေမလား ? လူကြီးတွေရဲ့ သဘောထားက ဘယ်လိုလဲ”

“ကျွန်တော့်အဖေ ကျန်းမာရေးမကောင်းဘူး၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ အပန်းဖြေချင်တယ်လို့ပြောပြီး အန်တီလျူနဲ့ အတူ ခရီးထွက်သွားတယ်။ ကျွန်တော်တို့ သူ့ကို ဆက်သွယ်လို့မရသေးဘူး။ သူ ချင်လိကို ချင်အုပ်စုကိုစီမံခွင့်ပေးထားတာ သူ့သဘောထားကို နားထောင်သင့်တယ်။” ချင်မူ တည်ငြိမ်စွာ ပြောလိုက်သည်။

ဟူရှစ်သည် ပွင့်လင်းသူတစ်ဦးဖြစ်သည်။ စကားထစ်ခြင်း မရှိဘဲ တည့်တိုး ပြောလိုက်သည်။

“ခရီးထွက်တာလား၊ အဲဒီလူက လူကြီးကိုဆေးခပ်ပြန်လာပြီး ပြဿနာရှာအုံးမလားမသိဘူး သူ့မှာ သားနှစ်ယောက်တောင်ရှိတယ်။ ချင်လိက ဒီလိုကြီးမားတဲ့ မိသားစုလုပ်ငန်းကိုအမွေဆက်ခံနေတာကို သူတို့ ဒီတိုင်းထိုင်ကြည့်နိုင်ပါ့မလား”

“အဓိပ္ပာယ်မရှိတာ မပြောနဲ့” ရွမ်ပိုင်ထန် သတိပေးလိုက်သည်။

ဟူရှစ်လက်မခံပေ “ငါတို့က မိသားစုပဲ၊ အပြင်လူမရှိဘူး ဘာလို့ မပြောနိုင်ရမှာလဲ”

ချင်မူ စဉ်းစားပြီး “ကျွန်တော့်အဖေကိုသာ ဆေးခပ်ချင်ခဲ့ရင် အရင်ကတည်းက ခပ်ခဲ့မှာပဲ၊ အခုချိန်အထိ သူ ဘယ်လိုလုပ် စောင့်နေမှာလဲ။ သေချာတာပေါ့၊ ချင်လိက ချင်မိသားစုကို အမွေဆက်ခံတာကို သူ မလိုချင်ဘူး ဒါပေမဲ့ သူ မလိုချင်ရင် တောင် ဘာမှမလုပ်နိုင်ဘူး”

သူ အန်တီလျူအား မစိုးရိမ်ပေ။ သူ့မိခင်ကွယ်လွန်ပြီးနောက် အန်တီလျူသည် သူ့မျက်နှာကြောင့်သာ ချင်မိသားစုသို့လက် ထပ်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့ရဲ့အလှကို အားကိုးပြီးအောင်မြင်မှုရဖို့ ကြိုးစားနေသူများသည် ကြီးမားတိုးတက် မှုကို ရနိုင်မည်မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် သူသည် အန်တီလျူ၏သားနှစ်ယောက်ဖြစ်သော သူ့မွေးချင်းညီအစ်ကိုနှစ်ယောက်အားပို ကြောက်မိသည်။

သေချာတာပေါ့၊ ဒီကြောက်ရွံ့မှုကို သူ ကောင်းစွာသိထားပြီး ထုတ်ပြောရန်မလိုအပ်ပေ။

ရှေးခေတ်ကတည်းက ချမ်းသာသူများသည် မှားယွင်းမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး ချင်မိသားစုလည်း အပါအဝင်ပင်။ အပြင်လူများအမြင် စွဲဆောင်မှုရှိပြီး အစွမ်းထက်သည်ဟုမြင်ကြသော်လည်း တကယ်တမ်းတွင် မိသားစုချစ်ခင်မှုမှာအား နည်းပြီး လှည့်စားမှုများပြည့်နှက်နေသည်။ ၎င်းတို့ရှေ့တွင် မိခင်နှင့်သား၊ ညီအစ်ကိုများဖြစ်ကြသော်လည်း နောက်ကွယ်တွင် တစ်ဖက်လူပျောက်ကွယ်သွားစေရန်ဆန္ဒရှိကြပေသည်။

ချင်မူနှင့် စွန်းရှန်ချီတို့ နှစ်ဦးစလုံး ထိုခါးသီးမှုနှင့် မထီမဲ့မြင်ပြုမှုကိုနားလည်ကြသဖြင့် တခါတရံတွင် ဟူရှစ်နှင့် ရွမ်ပိုင်ထန်ကို အားကျကြသည်။ သူတို့ကဲ့သို့ ရိုးရှင်းပြီးပျော်ရွှင်သောဘဝကို နေထိုင်ရခြင်းသည် ပျော်ရွှင်မှုတစ်မျိုးပင်။

ရွမ်ပိုင်ထန်သည် သူ ဘာမှထပ်မပြောသင့်တော့ကြောင်း သိရှိလိုက်သည်။ ချင်မိသားစုနှင့် ဆက်ဆံရေး မည်မျှကောင်းမွန်သည်ဖြစ်စေ အမြဲတမ်း မထိသင့်သောအရာများရှိသည်။

ဒါကြောင့် သူ ခေါင်းစဉ်ပြောင်းလိုက်ပြီး “ချင်လိက ရင့်ကျက်တယ်၊ အသိဥာဏ်ရှိတယ်၊ တာဝန်ယူတတ်တယ်၊ ဟူရှစ်နဲ့ ကျွန် တော် ရှောင်ထျန်းကို သူ့ဆီမှာထားခဲ့ဖို့ စိတ်ချပါတယ်”

ဟူရှစ်က “ဟုတ်တယ်၊ ရှောင်ထျန်းက ငယ်ငယ်ကတည်းက ငါတို့က အလိုလိုက်ထားတာ ၊ သူ တစ်နေကုန် ကလေးလိုပဲ။ ကံကောင်းတာက သူ ချင်လိရဲ့ စကားတွေကို နားထောင်ရတာ ကြိုက်သေးတယ် ချင်လိ သူ့ကိုဂရုစိုက်ပြီး သူ့ရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြင်ပေးပါစေ…”

သူမ စကားမဆုံးမီ သူ့နားရွက်များကိုထောင်ကာနားထောင်နေခဲ့သော ရွမ်ရှောင်ထျန်းမှာ တံခါးကိုတွန်းဖွင့်လိုက်ပြီး မပျော်မရွှင်ဖြင့် မေးစေ့ကိုမော့ကာ “ကျွန်တော့်မှာ ဘာမကောင်းတဲ့ အကျင့်တွေရှိလို့လဲ ? ကျွန်တော် ဒီလောက်လိမ္မာပြီး နားထောင်လွယ်တာ။ ကျွန်တော် ဒီလောက်ချစ်ဖို့ကောင်းတာ၊ မားတို့ ကျွန်တော့်အကြောင်း လျှို့ဝှက်ပြီးမကောင်းပြောရဲသေးတယ်နော်”

သူ စိတ်ဆိုးနေပုံရပြီး နှုတ်ခမ်းဆူကာ အလွန်နစ်နာနေပုံရသည်။

ဟူရှစ် “အိုး” ဟု အော်လိုက်ရာ ရွမ်ရှောင်ထျန်းကို ရယ်မောချစ်ခင်စွာ ကြည့်နေခဲ့သည်။

စွန်းရှန်ချီက ရွမ်ရှောင်ထျန်းကို ပြုံးပြရင်း လက်ဝှေ့ယမ်းပြလိုက်သည်။

“ရှောင်ထျန်း၊ မြန်မြန်လာပါဦး၊ မင်း ကြိုက်မှန်းသိလို့ ခေါက် ဆွဲကြော်လေး နည်းနည်းချန်ထားပေးတယ်”

ရွမ်ရှောင်ထျန်း မျက်လုံးများတောက်ပလာပြီး သူ့မိခင်ပြောသော စကားများကို ချက်ချင်းမေ့သွားသည်။ သူ ဒူးထောက်ထိုင်ချလိုက်ပြီး ခေါက်ဆွဲကြော်တစ်ဖဲ့ကိုဖြတ်ယူကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူ ချိုမြိန်သောအစားအစာဖြင့် လုံးဝ ဖမ်းဆီးခံရပြီး မျက်လုံးများကွေးညွှတ်ကာ ပါးချိုင့်များပင်ပေါ် လာရသည်။ သူ့ပျော်ရွှင်မှုကို သူ့အမူအရာမှတဆင့်ခံစားရသည်။

ချင်လိသည် ရွမ်ရှောင်ထျန်းနောက်မှ ဝင်လာပြီး ပါပါးရွမ်နှင့် အခြားသူများကို ယဉ်ကျေးစွာနှုတ်ဆက်၍ နောက်ကျခြင်းနှင့် သူတို့ကို စောင့်ဆိုင်းရခြင်းအတွက် တောင်းပန်ခဲ့သည်။

ရွမ်ပိုင်ထန်သည် ရှောင်ထျန်းကို တစ်ချက်ကြည့်လိုက်သည်။ ချင်လိသည် တိကျပြီး အချိန်မှန်သူဖြစ်သဖြင့် သူ့နောက်ကျမှုသည် ရှောင်ထျန်းနှင့် တစ်ခုခုပတ်သက်နေမည်မှာ သေချာသည်။

“ရတယ်၊ ငါတို့လည်း ခုမှ ရောက်တာပဲ၊ ရှောင်ထျန်း မင်းကို အနှောင့်အယှက်ပေးပြီး ပြဿနာမရှာဘူးမလား” သူ ရှောင်ထျန်းကို ကောင်းစွာသိသည်။

ချင်လိ ခေါင်းခါလိုက်ပြီး “မဟုတ်ပါဘူး၊ သူ အရမ်းကောင်းပါတယ်။”

ရွမ်ရှောင်ထျန်းသည် ၎င်းကို ကြားသည်နှင့် ချက်ချင်းပင် လှည့်လိုက်ပြီး သူ၏နှုတ်ခမ်းများတွင် ခရင်မ်များကပ်နေသေးသည်။ သူ့မိဘများကို ယုံကြည်မှုရှိစွာဖြင့် လက်ဟန်ပြလိုက် ကာ – ကြည့်ပါဦး၊ ချင်လိက ကျွန်တော့်ကိုကောင်းတယ်လို့ ချီးကျူးတာ!

“ရှောင်ထျန်း အချိုပွဲစားကြည့်ဦး”

မားမားဟူသည် ရှောင်ထျန်း၏ မျက်လုံးများကို မည်သို့ နားမလည်ဘဲ နေမည်နည်း၊ အကူအညီမဲ့စွာဖြင့် အလိုလိုက်ကာ ချစ်ခင်ရိပ်မြွက်များနှင့်ကြည့်နေခဲ့သည်။

ထမင်းစားပွဲသည် အလွန်ပျော်စရာကောင်းခဲ့သည်။ နှစ်ဖက်စလုံးသည် နှစ်ပေါင်းများစွာ သူငယ်ချင်းများ ဖြစ်ခဲ့ကြပြီး ယခုအခါ ဆွေမျိုးများအဖြစ် ဆက်ဆံရေး ပိုမို နီးကပ်လာခဲ့သည်။ ရွမ်ရှောင်ထျန်းသည် မိသားစုနှစ်ခု၏မြေးကိုကိုယ် ဝန်ဆောင်ထားခြင်းမှာ သိပ်အထူးအဆန်းမဟုတ်တော့ပေ။

"စိတ်မပူပါနဲ့၊ ရှောင်ထျန်းကဒုက္ခမခံနိုင်ဘူး။ ချင်လိနဲ့သာဆို ဒုက္ခရောက်မှာ မဟုတ်ပါဘူး။ ချင်လိသာ ရှောင်ထျန်းကို စိတ် ပျက်အောင် လုပ်ရဲရင် သူ့အမေရော၊ ကျွန်တော်ပါ အရင်ဆုံး ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး" ဟု ချင်မူက လေးနက်သူပီပီ ရှားရှားပါးပါး ပြုံးရင်း ပျော်ရွှင်သော မျက်နှာဖြင့်ပြောလိုက်သည်။

“ဟုတ်တယ်၊ ရှောင်ထျန်းက ဒီလောက်ချစ်ဖို့ကောင်းတာ၊ ဘယ်သူက သူ့ကို အနိုင်ကျင့်ချင်မှာလဲ” စွန်းရှန်ချီ ပြုံးကာ

“ချင်လိက ရှောင်ထျန်းကို ငယ်ငယ်ကတည်းက အချစ်ဆုံးပဲ။ အခု ပြန်တွေးကြည့်တော့ ချင်လိက ရှောင်ထျန်းကို သူ့ဇနီးလိုမျိုး ချစ်ခဲ့ဖူးတယ်လို့ ခံစားလိုက်ရတယ်”

သူမ ဒီစကားကိုပြောလိုက်သည်နှင့် တခြားသူများအားလုံး ရယ်မောကြပြီး လေထုက သဟဇာတဖြစ်နေသည်။ ဆွေမျိုးများတွေ့ဆုံပွဲ မြင်ကွင်းကဲ့သို့ပင်။

ရွမ်ရှောင်ထျန်းသည် အချိုပွဲများစားနေစဉ် ခဏရပ်သွားပြီး သူ၏မှောင်မိုက်သော မျက်လုံးများလှည့်ပတ်သွားကာ "ဘာလို့ တစ်ခုခု မှားနေတယ်လို့ ခံစားရတာလဲ" ဟု တွေးမိသည်။

"ဒီနေ့ တွေ့ဆုံပွဲရဲ့ ရည်ရွယ်ချက်က ထမင်းစားဖို့သက်သက်ပဲ မဟုတ်ဘူးလား ?"

"ဦးလေး၊ အန်တီ၊ စိတ်မပူပါနဲ့၊ နောင်ကျ ရှောင်ထျန်းကို နှစ်ဆ ပိုကောင်းအောင်၊ သူ့ကို အလိုလိုက်၊ ချစ်ခင်ပြီးတစ်သက်လုံး ချစ်သွားမှာပါ" ဟု ချင်လိ ရုတ်တရက် လေးနက်စွာကတိပေး လိုက်သည်။

ရွမ်ပိုင်ထန် ပျော်ရွှင်စွာရယ်မောရင်း "သေချာတာပေါ့၊ ငါတို့ မင်းကို ယုံပါတယ်။ ရှောင်ထျန်းက တစ်ခါတလေ ခေါင်းမာတတ်တယ်၊ ဒါကြောင့် သူ မလုပ်ချင်တာကို အတင်းအကြပ်မခိုင်းပါနဲ့။ မင်း သူ့ကို မထိန်းနိုင်ရင် ငါတို့ကို ပြောပါ"

"ရပါတယ်" ချင်လိ ပြုံးကာ ခေါင်းခါလိုက်ပြီး ရှောင်ထျန်းအား ချစ်ခင်စွာကြည့်နေခဲ့သည်။

"သူ ဒီလိုပဲ ကောင်းပါတယ်"

ရွမ်ရှောင်ထျန်းသည် ချင်လိ၏ပေါ့ပါးသော်လည်း ပူနွေးသော အကြည့်ကို ခံစားမိပြီး ငါးအရိုးတစ်ချောင်းကို ကလစ်ခနဲ ကိုက်ဖြတ်လိုက်သည်။ သူ နောက်မှ သူ့မေးရိုးကိုထိကိုင်လိုက်ပြီး "ကောင်းပြီ... အိပ်မက် မဟုတ်ဘူး၊ ဒါ တကယ် မှားနေတယ်" ဟု တွေးလိုက်၏။

'သူ့မိဘတွေက သူ့အားချင်လိဆီ ရောင်းတော့မှာ!' ဟုပင် သူ တွေးလိုက်မိသည်။

ရွမ်ရှောင်ထျန်း တိတ်တဆိတ် အခြားသူများကို ကြည့်လိုက်ရာ သူတို့အားလုံး ဆွေးနွေးပြီးသွားပြီဆိုတာတွေ့လိုက်ရသည်။ သူတို့အားလုံး ပြုံးရွှင်နေကြပြီး အနာဂတ်အကြောင်း ပြောဆိုနေကြသည်။ ချင်လိနဲ့ ရွမ်ရှောင်ထျန်း လက်ထပ်လို့ မရနိုင်သေးသော်လည်း မိသားစုနှစ်ခု ရှင်းရှင်းလင်းလင်းဖြစ်နေသရွေ့တော့ ကိစ္စပြေလည်သွားမည်ဟုပြောနေကြသည်။ နောက်ဆုံးတော့ လက်ထပ်ထိမ်းမြားခြင်းဆိုတာ စာချုပ်တစ်စောင်ပဲ ဖြစ်ပြီး သိပ်အရေးမကြီးဘူးလို့လည်းပြောနေကြသည်။ ပွဲအတွက်ဆိုရင်တော့ စားပွဲအနည်းငယ်ထိုင်ပြီး မိသားစုကို ဖိတ်ကြားကာ ထမင်းစားရုံပဲဖြစ်ပြီး ကြီးကြီးမားမားလုပ်ဖို့မလိုပေ။ ပွဲအတွက် အချိန်ကိုတော့ သီးခြားသတ်မှတ်မယ်၊ ချင်လူကြီးမင်း ခရီးက ပြန်လာတဲ့အထိ စောင့်ရဦးမယ်လို့လည်း ပြောဆိုခဲ့ကြသည်။ နိုင်ငံတော်က လိင်တူချင်းလက်ထပ်ထိမ်းမြားခြင်းဥပဒေကို အာရုံစိုက်လာနေပြီဖြစ်ပြီး ချင်မိသားစုက နောင်မှာ ထောက်ခံပေးမယ်လို့လည်းဆိုကြပြန်သည်။ အရာရာကောင်း မွန်စွာ ဖြစ်မြောက်လာပါက လက်မှတ်ရရှိနိုင်မယ့်နေ့ကို မကြာခင်စောင့်ဆိုင်းရတော့မည်ဟုပင် ပြောနေကြပြန်သည်။

ခေါင်းစဉ်က လက်ထပ်လက်မှတ်ရယူချင်ရင် မင်္ဂလာပွဲကျင်း ပရမယ်ဆိုတဲ့ အချက်ဆီ လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် ရွမ်ရှောင်ထျန်း၏မမွေးဖွားသေးသည့် ကြောင်ပေါက်လေးအကြောင်းလည်းပြောဆိုခဲ့ကြပြီး ကလေးကို ဘာနာမည်ပေးမလဲဆိုသည်ကို ပျော်ရွှင်စွာဆွေးနွေးခဲ့ကြသည်။ ဘယ်သူ့ရဲ့စရိုက်ကို ဆက်ခံမလဲဆိုတာ မသိသေးဘူးလို့လည်း ပြောနေကြပြန်သည်။

ရွမ်ရှောင်ထျန်း အနည်းငယ်မျှ သတိမထားမိခဲ့ရင် သူနှင့်ချင်လိတို့သည် ကလေးနှင့်အတူ လက်ထပ်တော့မည့် ချစ်သူစုံတွဲဟုထင်မိလိမ့်မည်။

သူ စဉ်းစားပြီး ချင်လိကို ထူးဆန်းစွာ တိတ်တဆိတ်စောင့်ကြည့်လိုက်သည်။ ချင်လိတွင် နှစ်သက်သူရှိနေသဖြင့် သူ မည် သို့ လှည့်ဖြားခံနိုင်မည်နည်း။

ချင်လိ နှစ်သက်သောသူတွင် ပြောမရသောလျှို့ဝှက်ချက်တစ်ခု ရှိနေသဖြင့် သူ့အားအကာအဖြစ် အသုံးပြုခြင်းဖြစ်နိုင်သလား ??

ရွမ်ရှောင်ထျန်းသည် ဘေးမှ ထွက်လာသော ရယ်သံများကို စိတ်ပျက်စွာ နားထောင်နေခဲ့သည်။ သူ ငြင်းခုံလိုသော်လည်း မလုပ်ရဲချေ။ သူသည် ကျေနပ်မှုမရှိစွာ တတွတ်တွတ်ရေရွတ်နိုင်ခဲ့ပြီး သူ တန့်ရူကျေးဇူးကိုမဆပ်ရသေးကြောင်း တွေးနေခဲ့သည်။ ထို့အပြင် ချင်လိ သူ့အား တန့်ရူနှင့်အတူမရှိဟု ကတိပေးထားသဖြင့် သူ့ထံ အခွင့်အရေးမရှိတော့ဟု မဆိုလိုပေ။

သူ ဆက်ကြိုးစားကြည့်ချင်သေးသည်။

မိသားစုနှစ်ခုသည် စားသောက်ရင်း စကားပြောခဲ့ကြပြီး အချိန်အတော်ကြာ ညဉ့်နက်ပိုင်းအထိ စကားပြောဆိုခဲ့ကြပြီးနောက် စားသောက်ဆိုင်မှ အတူတကွ ထွက်ခွာသွားကြကာစကားပြော ဆိုရင်း ရယ်မောနေကြသည်။ ချင်လိသည် ရွမ်ရှောင်ထျန်းကို ကားပေါ်သို့ ပို့ပေးခဲ့၏။ ရွမ်ပိုင်ထန် ကားကို စတင်လိုက်သော အခါ ဓာတ်ဆီကုန်လုနီးပါးဖြစ်နေပြီး အိမ်သို့မောင်းပြန်ရန် မလုံလောက်ကြောင်းတွေ့ရှိခဲ့သည်။

“ကျွန်တော် ပို့ပေးပါရစေ” ချင်လိ ပြောလိုက်သည်။

ရွမ်ပိုင်ထန် တွေဝေစွာ “ဒါ ဒုက္ခများလိမ့်မယ် ၊ ဓာတ်ဆီဆိုင်ထိ မောင်းသွားဖို့ ပြဿနာမရှိပါဘူး”

“လမ်းတစ်ဝက်မှာ ဓာတ်ဆီကုန်သွားရင် ပိုပြီး ဒုက္ခများလိမ့်မယ်” ချင်လိ ပြောလိုက်သည်။

“ကျွန်တော် လိပ်စာ ချန်ထားခဲ့ပြီး စားသောက်ဆိုင်ကို ဓာတ်ဆီဖြည့်ခိုင်းပြီး ကားကို အိမ်ဆီပို့ပေးဖို့ပြောလိုက်ပါမယ်။ ဒါ့ပြင် ဒီလောက် ညဉ့်နက်ကြီးမှာ ဦးလေး ဟိုဒီပြေးလွှားရတာ အဆင် မပြေလောက်ဘူး”

ချင်လိ ထိုသို့ပြောလိုက်သဖြင့် ပါးပါးရွမ် သဘာဝကျစွာပဲ ငြင်းဆန်လို့မရတော့ပေ။ ထို့ကြောင့် သူ ဟူရှစ်နဲ့ ရွမ်ရှောင်ထျန်းတို့နှင့်အတူ ချင်လိကားထဲကို ဝင်ထိုင်လိုက်သည်။

ရလဒ်အနေဖြင့် ကား လမ်းတစ်ဝက်ရောက်သောအခါ ပြတင်း ပေါက်အပြင်ဘက်တွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလာပြီး လျှပ်စီးလက်သံ၊ မိုးခြိမ်းသံများနှင့် ရောနှောကာ ကောင်းကင်ကိုလင်းသွားစေသည်။ မိုးသည် ကားပြတင်း ပေါက်များကို ရေဆေးချနေပြီး လေကာမှန်ရှေ့ရှိ ဝိုင်ပါများလည်း လျင်မြန်စွာရွေ့လျားနေသည်။

ရွမ်ရှောင်ထျန်းသည် မိုးခြိမ်းသံကို ကြောက်တတ်သဖြင့် ခေါင်းအုံးကို ဖက်ထားပြီး မျက်လုံးများလှန်ကာ ရှေ့ကို ကြည့်နေပြီး မကျေမနပ်မပြောတော့ပေ။

ချင်လိသည် ရွမ်ရှောင်ထျန်းနှင့် အခြားသူများကို အပေါ်ထပ်သို့ ပို့ပေးခဲ့သည်။ ဓာတ်လှေကားထဲမှ ထွက်သည်နှင့် ရွမ်ချီ သည် နံရံကို မှီပြီး ရေစိုနေသည်ကိုတွေ့ရှိခဲ့သည်။ သူ့ ကျောပိုး အိတ်ကို မြေပေါ် ပစ်ချလိုက်ပြီး နားကြပ်တပ်ကာ လက်များကို အိတ်ကပ်ထဲ ထည့်ထားပြီး ပျင်းရိစွာလှည့်ပတ်ကြည့်နေသည်။

ရွမ်ချီနှင့် ရွမ်ရှောင်ထျန်းတို့သည် သွေးသားတော်စပ်ခြင်းမရှိသဖြင့် သဘာဝကျစွာပင် ရုပ်ချင်းမတူကြပေ။ ရွမ်ရှောင်ထျန်းသည် ဤကဲ့သို့ ရုပ်ရည်ရှိခြင်းမှာ ထူးခြားသည်။ သူ့နှင့် နှိုင်း ယှဉ်ပါက ရွမ်ချီသည် များစွာပိုကြမ်းတမ်းသည်။

ရွမ်ချီက ပေါ့ပေါ့ပါးပါး၊ ပွင့်လင်းရိုးသားပြီး နောက်ကွယ်မှာ ရည်ရွယ်ချက် မရှိသူတစ်ယောက်ဖြစ်သည်။ သူမသည် မကောင်းမှုကိုမုန်းတီးပြီး မပျော်ရွှင်တဲ့အခါ လုပ်ချင်ရာ လုပ်တတ်သည့် အကျင့်ရှိသည်။

သူမ ရွမ်ရှောင်ထျန်းနှင့်ဝေးဝေးနေသရွေ့ ရွမ်ချီသည် အတော်လေးလှပသည်။ သူ့အသားအရေမှာ ဖြူစင်ပြီး တိတ်ဆိတ်နေသောအခါ နူးညံ့သိမ်မွေ့ပုံရသည်။ သူ့မျက်နှာမှာ သေးငယ်ပြီး သပ်ရပ်သော ဆံပင်တိုများက သူမအား သူရဲကောင်းဆန်သော အသွင်အပြင်ကိုပေးစွမ်းသည်။

ဟူရှစ် တစ်ခဏမျှကြောင်သွားပြီး မစဉ်းစားဘဲ “မင်း ဘာလို့ ပြန်လာတာလဲ” ဟု ထအော်လိုက်သည်။

ရွမ်ချီသည် ရေစိုနေသဖြင့် သူခဏတာမျှသာပြန်လာခဲ့ကြောင်း ထင်ရှားသည်။ သူမ အံ့အားသင့်ခြင်း မရှိဘဲ “ဒီနေ့ ပြန်လာမယ်လို့ အဖေ့ကို မပြောထားလို့လား”

ဟူရှစ်သည် သူ လျှို့ဝှက်ချက်ကိုဖော်ထုတ်မိကြောင်း သဘော ပေါက်သွားပြီး ပြန်လည်ပြင်ဆင်ကာ “ထီး မပါလာဘူးလား ? ဘာလို့ အိမ်ထဲ မဝင်တာလဲ” ဟု မေးလိုက်သည်။

“ပါးပါးတို့ အိမ်မှာ ရှိတယ်လို့ ထင်ခဲ့တာ၊ ဒါကြောင့် သော့ မယူလာဘူး၊ ဖုန်းလည်း ဘက်ထရီကုန်သွားတယ်” ရွမ်ချီ ဖုန်းကို လှုပ်ယမ်းပြလိုက်ပြီး ရွမ်ရှောင်ထျန်းကို ပြုံးပြကာ စိတ်အားထက်သန်စွာ “ကော မတွေ့ရတာကြာပြီ ၊ ကော ညီမ‌ကို သတိရဲ့လား ? ညီမ ဖက်ပါရစေ”

သူပြောနေရင်း လက်များကိုဖြန့်ကာ ရွမ်ရှောင်ထျန်းအား တိုက်ရိုက်ဖက်လိုက်သည်။

သူ့ကောအား မတွေ့ရတာကြာပြီဖြစ်ရာ သူ့အား အရမ်းသတိရနေခဲ့သည်။ ကံမကောင်းစွာဖြင့် ရွမ်ချီ ရွမ်ရှောင်ထျန်းကို အောင်မြင်စွာ ပွေ့ဖက်တော့မည့်အချိန်တွင် ချင်လိ ရုတ်တရက် ပေါ်လာပြီး သူ့နဲ့ ရွမ်ရှောင်ထျန်းကြားမှာ ခိုင်မာစွာရပ်လိုက်သည်။

ချင်လိသည် အရပ်ရှည်ပြီး ရွမ်ရှောင်ထျန်းကို သူ့နောက်တွင် တင်းတင်းကြပ်ကြပ်ကာကွယ်ထားသဖြင့် ရွမ်ချီသည် သူ့ကော၏ အရိပ်ကိုပင် မမြင်နိုင်တော့ပေ။

“…” ရွမ်ချီသည် မပျော်မရွှင်ဖြင့် ချင်လိကို မော့ကြည့်လိုက်သည်။

စာရေးသူ၏ ပြဇာတ်တို

မေးခွန်း :

ရွမ်ချီ - ငါ့ကို အမှိုက်ပုံကနေ ကောက်လာတာဖြစ်နိုင်တယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment