no

Font
Theme

🔥 Chapter 11

ရွမ်ရှောင်ထျန်းသည် နူးညံ့ပျော့ပျောင်းသောဆိုဖာပေါ်တွင် ထိုင်ရင်း ကျောပိုးအိတ်ကို ရင်ခွင်ထဲပိုက်ထားသည်။ထို့နောက် သူ့လက်တစ်ဖက်ဖြင့် မေးကိုထောက်လျက် ယန်လိ Weibo အောက်ရှိ မှတ်ချက်များကိုလှန်လှောကြည့်ရှုနေသည်။ အမျိုးမျိုးသော မှတ်ချက်များကိုဖတ်ပြီး သူ့မျက်နှာထက် အံ့အား သင့်နေသောအမူအရာများထင်ဟပ်နေသည်။

ရွမ်ရှောင်ထျန်းသည် မည်းနက်သောမျက်လုံးများဖြင့် ဖုန်းထဲသို့အာရုံစိုက်နေသည်။ သူ၏ပန်းနုရောင်နှုတ်ခမ်းများသည် အပေါ်သို့ကွေးညွတ်နေကာ ဖြူစွတ်နေသောလည်ပင်းနေရာတွင် ထင်ရှားသောညှပ်ရိုးဖြင့်ချိတ်ဆက်ထားသည်။ ဖုန်းကိုင်ထားသောလက်ချောင်းများမှာ သွယ်လျပြီး သိမ်မွေ့ကာလှပနေသည်။

ဆိုင်ဝန်ထမ်းသည် ရွမ်ရှောင်ထျန်း၏အလှကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြင့်အံ့ဩနေခဲ့ပြီး ချင်လိနှင့်ပါလာခြင်းဖြစ်၍ အနားသို့ကပ်မလာရဲပဲ ခပ်လှမ်းလှမ်းမှသာငေးကြည့်နေခဲ့သည်။ သူ့အလှကိုအားကျကာ ဓာတ်ပုံရိုက်ချင်သော မဝံ့မရဲဖြစ်နေကြသည်။

ဤကလေးပစ္စည်းဆိုင်သည် နာမည်ကြီးစတိုးဆိုင်တစ်ခုဖြစ်ပြီး ထုတ်ကုန်များမှာအဆင့်မြင့်ကာ ဈေးလည်းကြီးသည်။ ဝန်ဆောင်မှုကိုလည်း အလွန်ကောင်းမွန်စွာပေးထားသည်။

အထက်တန်းလွှာများကိုဦးတည်ကာ ဝန်ဆောင်မှုပေးသော ဆိုင်ဖြစ်သည့်အတွက် ဝန်ထမ်းများကိုရွေးချယ်ရာတွင် မြို့ တော်အတွင်းရှိ နာမည်ကြီးပြီးကျော်ကြားသော မိသားစုများအကြောင်းကို ထဲထဲဝင်ဝင်နားလည်ထားရမည်မှာ အကဲဖြတ်မှုအတွက်အခြေခံဖြစ်သည်။ ချင်မိသားစုသည် မြို့တော်ရှိ နာမည်ကြီးအသိုင်းအဝိုင်းမှဖြစ်သည်။ ဝန်ထမ်းများသည် ချင်မိသားစုကို တစ်ခါမှမမြင်ဖူးသော်လည်း နေ့စဉ်မှတ်သားထားရန်လိုအပ်သည်။ သိုမှသာ တစ်စုံတစ်ယောက်ရောက်ရှိလာပါကမှတ်မိနိုင်မည်ဖြစ်သည်။

သို့သော် ချင်လိကိုယ်တိုင် လှပသောဆက်ကျော်သက်လူငယ်တစ်ဦးကိုခေါ်ဆောင်ပြီး ကလေးပစ္စည်းဆိုင်သို့ရောက်ရှိလာခြင်းမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ချင်လိသည် အိမ်ထောင်မပြုထားသလို ရည်းစားပင်မရှိချေ။သို့ဖြစ်ရာ သူ ကလေးပစ္စည်းများ ဝယ်ယူနေခြင်းမှာ မည်သူ့အတွက်ဖြစ်နိုင်မည်နည်း ?

ထို့အပြင် ကလေးအမေမပါပဲ ကလေးပစ္စည်းများ ဝယ်ယူနေခြင်းမှာလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။

ကံကောင်းစွာဖြင့် ဆိုင်ဝန်ထမ်းများသည် ချမ်းသာသောမိသား စုများတွင် လျှို့ဝှက်အတွင်းရေးများစွာရှိသည်ကို သိထားပြီး ကောလာဟလများဖြန့်ဝေမည်မဟုတ်ပေ။ ဖောက်သည်များ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းခြင်းသည်လည်း ၎င်းတို့အတွက် မရှိမဖြစ်လိုအပ်သော ပညာရည်တစ်ခုပင်ဖြစ်သည်။

ရွမ်ရှောင်ထျန်းသည် ဆိုင်ဝန်ထမ်းများ သူ့အား အကဲခတ်ကာ စိတ်ဝင်စားနေကြသည်ကို မသိပဲ မှတ်ချက်များကို ဂရုတစိုက်ဖတ်ရှုရင်း အကြောင်းအရာ၏အစနှင့်အဆုံးကို မြန်မြန်ဆန်ဆန်နားလည်သွားခဲ့သည်။

ရွမ်ရှောင်ထျန်း ယန်လိအား သူငယ်ချင်းစာရင်းသွင်းပြီး သိပ်မကြာခင်မှာပဲ Weibo တွင် သူ့ဓာတ်ပုံကိုတင်ခဲ့သည်။ ယန်လိ သိသော Big V များအားပြန်လည်ဖော်ပြရန် အကူအညီတောင်းခဲ့သည်။ Big V များ၏ ပြန်လည်ဖော်ပြမှုနှင့် ရွမ်ရှောင်ထျန်း၏ အလှဓာတ်ပုံသည် Weibo တွင် အလျင်အမြန်လူကြိုက်များလာခဲ့သည်။

ယန်လိ ရလဒ်ကိုမျှော်လင့်ထားသော်လည်း ဤမျှလူကြိုက်များမည်ကိုတော့ မမျှော်လင့်ခဲ့ပေ။

ဓာတ်ပုံသည် ၄၈ နာရီအတွင်း အကြိမ် ၁၀၀,၀၀၀ ကျော်ပြန် လည်ဖြန့်ဝေခံခဲ့ရပြီး Weibo အပြင် အခြား Browser များတွင်လည်း နှင်းဘောလုံးကဲ့သို့လှိမ့်ကာ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွမ်ရှောင်ထျန်း၏ဓာတ်ပုံသည် ရေပန်းစားမှုစာရင်းတွင်ပါဝင်လာခဲ့ပြီး #လှပလွန်းတဲ့ကောင်လေး# ခေါင်းစဉ်ဖြင့် အဆင့် ၁၀ မှ ၂ အထိ တက်လာခဲ့သည်။

ဓာတ်ပုံထဲရှိလူငယ်လေးသည် မည်သူမည်ဝါမှန်းမသိကြပဲ ကောင်လေးဟုသာ ခေါ်ဝေါ်နေကြသည်။

ရွမ်ရှောင်ထျန်း မှတ်ချက်များကိုဖတ်နေစဉ် ယန်လိထံမှ မဖတ်ရသေးသော မက်ဆေ့ချ်များအပြင် နောက်ထပ်အများအပြားဝင်လာသည်ကို တွေ့လိုက်ရသည်။

ယန်လိ : ကျွန်မ မပြောဘူးလား ? ရှင် လူကြိုက်များလာမယ်ဆိုတာ! ဂုဏ်ယူပါတယ်!"

ယန်လိ : ရှင်လည်း Weibo အကောင့်မှာ တစ်ခုခုတင်လိုက်လေ၊ မီးတောက်ပိုကြီးဖို့ မီးစာထပ်ထည့်မှရမယ်၊ မီဒီယာနဲ့ အေဂျင်စီတွေကလည်း ကျွန်မကိုဆက်သွယ်နေပြီ၊ ရှင်ဘယ် လိုလုပ်မယ်လို့ စဉ်းစားထားလဲ ? ဒီအခွင့်အရေးကို အခွင့် ကောင်းယူပြီး ပွဲဦးထွက်ချင်လား ?”

ယန်လိ: အဲနေ့က ဗီဒီယိုမှားရိုက်မိပြီး မဖျက်ပဲ သိမ်းထားတာရှိတယ်၊ အဲ့ဒါပါ တင်လိုက်ရမလား ? ဓာတ်ပုံထက်စာရင် ဗီဒီယိုထဲမှာ ပိုချစ်ဖို့ကောင်းတယ် n(≧▽≦)n"

ရွမ်ရှောင်ထျန်း အနည်းငယ်စိတ်ရှုပ်သွားပြီး ယန်လိထံ စာချက်ချင်းမပြန်ပဲ ထုံးစံအတိုင်း ချင်လိကို ဦးစွာပြောပြလိုက်သည်။

“ချင်လိ ငါ ပွဲဦးထွက်လိုက်ရင်ကောင်းမလား ?”

ချင်လီသည် Weibo ကို စိတ်မဝင်စားသော်လည်း ဤစကားကို ကြားတော့ သူ့ဘက်ကို ချက်ချင်းလှည့်ကြည့်လာသည်။

“မင်း သရုပ်ဆောင်ရတာကိုကြိုက်လား? ဒါမှမဟုတ် ကြယ် ပွင့်တစ်ယောက်ရဲ့အအောင်မြင်ဆုံးအချိန်ကိုလိုချင်တာလား ?”ဟု ပြန်မေးလိုက်သည်။

“ငါ မသိဘူး"

ရွမ်ရှောင်ထျန်းသည် ချင်လိထံမှ သကြားလုံးတစ်လုံးကို တိတ်တဆိတ်ယူကာ အခွံခွာပြီးပါးစပ်ထဲပစ်ထည့်လိုက်သည်။

"ငါ အရင်က သရုပ်မဆောင်ဖူးဘူး၊ အနုပညာရှင်ဖြစ်တာ ဂုဏ်ရှိတယ် မဟုတ်လား? ဘာပဲဖြစ်ဖြစ် ငါ့စိတ်ကြိုက်လုပ်လို့ရမလား?"

အမှန်မှာထင်သလောက် လွယ်ကူမနေပေ။ ကြယ်ပွင့်များသည် စာချုပ်များဖြင့် ချုပ်နှောင်ခံထားရပြီး မမြင်နိုင်သောစည်း မျဉ်းများနှင့် ပြိုင်ဘက်များ၏ ဖိအားများကိုလည်းခံရနိုင် သည်။ ထိုလောကထဲသို့ဝင်ရောက်ပါက လူမှုဆက်ဆံရေးကို အထူးနားလည်ရန်လိုအပ်ပြီး သတိမထားမိပါကချက်ချင်း ပျောက်ကွယ်သွားနိုင်သည်။

ချင်လိသည် ဤလက်တွေ့ကျသော စကားများကို ရွမ်ရှောင်ထျန်းအား မပြောပြမနေတော့ပေ။သူ ငယ်စဉ်ကတည်းက အလွန် အမင်းကြိုးစားခဲ့ရသည်မှာ ရွမ်ရှောင်ထျန်းအားလုံခြုံသော ဘဝတစ်ခုပေးနိုင်ရန်အတွက်သာဖြစ်သည်။

သူ ဖြစ်ချင်သည့် အရာတိုင်းကို လုပ်ပေးချင်ပြီး မိုးပေါ်ကလ မင်းကြီးကိုလိုချင်သည်ဟု ပြောလာခဲ့ပါလျှင် သူ ရအောင် ခူးဆွတ်ပေးမိမည်ထင်သည်။

“မင်း ဝါသနာပါရင်လုပ်လေ၊ မင်းကို ဘယ်သူမှတားဆီးလို့မရဘူး" ဟု ချင်လိကားမောင်းရင်း အေးဆေးပြောလိုက်သည်။ ရွမ်ရှောင်ထျန်း သကြားလုံးနှိုက်နေသည်ကိုလည်း ဂရုမစိုက်ချေ။

ရွမ်ရှောင်ထျန်း ပါးစပ်ထဲရှိ သကြားလုံးကိုလျှာဖြင့်လှိမ့်ရင်း ချိုမြိန်သောအရသာကိုခံစားနေသည်။

"ဒါဆို ငါကြိုးစားကြည့်မယ်၊ ငါ ဇာတ်ကားတခါမှ မရိုက်ဖူးဘူး၊ ငါ့အတွက် ပျော်စရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်မယ်လို့ထင်တယ်"

ချင်လိသည် စိတ်လှုပ်ရှားနေသော ရွမ်ရှောင်ထျန်း၏မျက်နှာအမူအရာကိုမြင်သောအခါ သူ့နှလုံးသားထဲနူးညံပျော့ပျောင်းသွားပြီး နွေးထွေးသောမျက်လုံးများဖြင့် သူ့ကို ကြည့်နေလိုက်သည်။

သူကိုယ်တိုင်လည်း ရွမ်ရှောင်ထျန်း စိတ်ဝင်စားသောအရာကို ရှာတွေ့နိုင်မည်ဟု မျှော်လင့်နေသည်။ ရွမ်ရှောင်ထျန်း ပျော်ရွှင်နေလျှင် သူအလွန်နှစ်သက်သည်။ သူ ရယ်မောနေသရွေ့ မည်သည့်အရာကိုမဆို သူလုပ်ပေးနိုင်သည်။

"ကောင်းပြီ"

ချင်လိ ဆက်ပြောသည်။

“ဒါဆို မင်းအဖွား မင်းကို သင်ယူဖို့ပြောခဲ့တဲ့အရာတွေလည်း အသုံးဝင်လာပြီပေါ့"

“အဖွား…”

ရွမ်ရှောင်ထျန်း နှာခေါင်းကိုပွတ်သပ်ရင်း ဝမ်းနည်းသောအမူ အရာဖြင့် ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည်။

ချင်လိ မျက်မှောင်ကြုတ်လိုက်ပြီး အတိတ်ကအကြောင်းအ ရာများကို ပြန်ဆွဲထုတ်မိသည့်အတွက် နောင်တရမိသော်လည်း ပြောပြီးသားစကားကိုပြန်ဆွဲယူ၍ မရနိုင်တော့သဖြင့်နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မကောင်းမဖြစ်ပါနဲ့၊ မင်း သင်ယူထားတာတွေ အသုံးချနိုင်ရန် အဖွားလည်း ဝမ်းသာနေမှာပါ”

ရွမ်ရှောင်ထျန်း နှာခေါင်းသံဖြင့် "အွန်း” ဟု သာ အသံထွက်လာသည်။

သူ၏ကြောင်တစ်ကောင်ဖြစ်သော လျှို့ဝှက်ချက်ကိုအဖွားတစ်ယောက်တည်းသာသိသည်။ အဖွားသည် သူ့ကို အလွန်ချစ်ပြီး တစ်ခါတစ်ရံတင်းကျပ်သော်လည်း သူ့အား ကောင်းစေချင်သောကြောင့် ထိုသို့ပြုမူခဲ့သည်ကို သူကောင်းကောင်းသိသည်။ အဖွားသည် သူစုဆောင်းထားသောငွေများဖြင့်‌ ရွမ်ရှောင်ထျန်းအား အရာရာကိုကြိုးစားသင်ယူစေခဲ့သည်။ ရွမ်ရှောင်ထျန်း၏ပင်ကိုယ်သဘာဝကိုလည်း ထည့်သွင်းစဉ်းစားကာ နောင်တွင် ကောင်းမွန်စွာအသက်ရှင်နေထိုင်နိုင်ရန်ရည် ရွယ်ခဲ့သည်။

ယခင်က အဖွား၏စေတနာကိုနားမလည်ခဲ့ဘဲ အငြင်းပွားပြီး စကားလည်းနားမထောင်ခဲ့ပေ။ အဖွားဖြစ်သူသည် သူ မကြိုက်သောအရာများကို အတင်းအကျပ်စေခိုင်းနေသလို ခံစားရပြီး အဖွားနှင့်ခပ်ခွာခွာနေခဲ့သည်။

နောက်ပိုင်း အဖွား ရုတ်တရက်မတော်တဆဖြစ်ပွားခဲ့ပြီး တိမ်း ပါးသွားချိန်တွင် သူ အသိနောက်ကျသွားပြီးဖြစ်ကြောင်းကို နားလည်ခဲ့သည်။ အဖွားဆုံးပါးပြီးနောက် သူ နောင်တကြီးစွာရပြီးကျန်ရစ်ခဲ့သည်။

အဖွား၏သေဆုံးမှုသည် အလွန်ထူးဆန်းပြီး ထိုအဖြစ်အပျက်ကိုမိသားစုမှ ယခုချိန်တွင် လက်ခံလိုက်ပြီဖြစ်သော်လည်း ရွမ်ရှောင်ထျန်းအနေဖြင့် ဤကိစ္စကိုလက်မခံနိုင်သေးပေ။

ထိုသည်မှာ အမှန်တရားကို သူ သိနေသောကြောင့်ဖြစ်သည်။

အဖွားအား သတ်ဖြတ်ခဲ့ကြသူများမှာ ခိုးဆိုးလုယက်သမားများမဟုတ်ပဲ သူကဲ့သို့ပင် လူပုံသဏ္ဍာန်ပြောင်းနိုင်သည့် သဘာဝလွန်သတ္တဝါများမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အဖွားထံမှပစ္စည်းတစ်ခုကိုခိုးယူရန်အတွက် သတ်ဖြတ်ခဲ့ကြသည်။ ထိုပစ္စည်းကို အဖွားဆုံးခါနီးတွင် ရွမ်ရှောင်ထျန်းအား ပေးထားခဲ့သည်။

ရွမ်ရှောင်ထျန်းသည် အဖွားဖြစ်သူအား သတ်ဖြတ်ခဲ့သော လူသတ်သမားများကိုရှာဖွေရန် အမြဲမျှော်လင့်နေခဲ့သော်ငြား လည်း သဲလွန်စအနည်းငယ်သာရှိခဲ့သဖြင့် နည်းလမ်းမရှိပေ။

သူ့လက်ထဲရှိ ပစ္စည်းကိုအသုံးချပြီး လူသတ်သမားကို ငါးစာချရန် စိတ်ကူးခဲ့ပေမယ့် ထိုပစ္စည်းကို သေချာစောင့်ရှောက်ပါ့မည်ဟု အဖွားဖြစ်သူအား ကတိပေးထားခဲ့သည်။ သို့ဖြစ်ရာ သူ့လက်ထဲတွင်ရှိနေသော ပစ္စည်းကိုအန္တာရာယ်ဖြစ်စေမည့် အခြေ အနေသို့ သူကိုယ်တိုင်ဆွဲမသွင်းချင်ပေ။

အဖွားသည် လူသတ်သမားကို ကောင်းကောင်းသိပုံရသော် လည်း သူ့အား မည်သည့်စကားမှမပြောခဲ့ပဲ အချိန်ရောက်လာရင် အလိုလိုသိလာလိမ့်မည်ဟုသာ ပြောခဲ့သည်။

ရွမ်ရှောင်ထျန်း အတွေးထဲနှစ်မြှုပ်နေသည်ကို မြင်ပြီး ချင်လိ ခေါင်းစဉ်ပြောင်းလိုက်သည်။

"မင်း သူများအကူအညီနဲ့ ဖျော်ဖြေရေးလောကထဲ ဝင်စရာမလိုဘူး၊ ငါ စီစဉ်ပေးမယ်၊ ယန်လိကို ကျေးဇူးတင်လို့ပဲပြန်ပြောလိုက်၊ ကျန်တာ သူ့ အကူအညီမလိုအပ်ဘူး၊”

“မင်းက ငါ့အတွက် စီစဉ်ပေးမယ် ?"

ရွမ်ရှောင်ထျန်း နားမလည်ဟန်ဖြင့် မေးလိုက်သည်။

"အင်း"

"ဘာကြောင့်လဲ ?"

"..."

ရွမ်ရှောင်ထျန်း ချင်လိအိတ်ကပ်ထဲမှ သကြားလုံးများကို ယူလိုက်ပြီး "မင်း ဘာလို့ ရုတ်တရက် ငါ့ကိုအရမ်းကောင်းနေတာလဲ" ဟု မေးလိုက်သည်။

"..."

အရင်ကရော မကောင်းခဲ့မိလို့လား ? ငါသာ မင်းအပေါ်မကောင်းခဲ့ရင် ဒီလောက်နှစ်တွေအကြာကြီးငါ့အိတ်ကပ်ထဲက သကြားလုံးတွေကိုနှိုက်ယူနိုင်မှာတဲ့လား ? ချင်လိ မျက်နှာအ မူအရာမပြောင်းဘဲ ထိုစကားများကို စိတ်ထဲတွင်သာပြောဆိုလိုက်သည်။

သူ စိတ်ထဲကစကားများကို ရွမ်ရှောင်ထျန်း မကြားရပဲ “အော် ၊ သိပြီ၊ ကလေးကြောင့်မဟုတ်လား?” ဟု သူခန့်မှန်းလိုက်သည်။

"အင်း”

ရွမ်ရှောင်ထျန်း နှုတခမ်းကိုစူလိုက်ပြီး လူသားတွေက ကလေးအရမ်းချစ်တာပဲလို့တွေးလိုက်သည်။ ကလေးရှိလာတော့ သူတို့ဆက်ဆံရေးတောင် ပိုတိုးတတ်လာတယ် မဟုတ်လား?

"ဒါပေမယ့် မင်း ငါ့အတွက် အကုန်လိုက်စီစဥ်ပေးနေရင် ငါ အဘသုံးမကျသလို ဖြစ်သွားမလား ? လူတွေပြောကြတယ်၊ သူများဆီက အကူအညီယူပြီးရင် ကျေးဇူးသိတက်ဖို့အရေး ကြီးတယ်ဆို"

ချင်လိသည်သူ့အိတ်ကပ်ထဲသို့ လက်ထပ်ရောက်ပြီး သကြား လုံးနှိုက်နေသော ရွမ်ရှောင်ထျန်းကိုကြည့်လိုက်ပြီး "ဒါပဲလား"

ရွမ်ရှောင်ထျန်းသည် သကြားလုံးကို ထုတ်ယူကာ ပန်းရောင်လျှာဖျားဖြင့် အရသာရှိစွာလျက်နေပြီး “အင်း ငါအများကြီးစားပြီးပြီ၊ ဒါ သိပ်အရေးမကြီးဘူးထင်တယ်။ ဒါဆို မင်း ငါ့အတွက် ဘယ်တော့စီစဉ်ပေးမှာလဲ"

"ကိုယ်ဝန်ရှိနေတာ ရိုက်ကူးရေးလုပ်နိုင်ပါ့မလား ?"

"ရပါတယ် ကလေးကအရမ်းသန်မာတယ်၊ ပြီးတော့ ဆယ်လလောက်ကျန်သေးတာပဲ ၊ ဒီကာလအတွင်း ငါဘာမဆိုလုပ်နိုင်တယ်” ရွမ်ရှောင်ထျန်း မျက်လုံးဝိုင်းကြီးများဖြင့် ချင်လိအားရိုးသားစွာကြည့်လိုက်သည်။

"ရှစ်လလောက်ပဲ ကျန်တော့တာပါ” ချင်လိ ထောက်ပြလိုက်သည်။

"ဆယ်လ"

"..."

ချင်လိ ဆွံအသွားသည်။ သူ့ကိုယ်သူ နီကျားကိုယ်ဝန်ဆောင်ထားရတယ်လို့များ ထင်နေလားမသိပါဘူး ??

ချင်လိသည် မည်သည့်အမူအရာမှထုတ်မပြပဲ သူစိတ်ခံစားချက်ကို မည်သူမှ မမြင်နိုင်အောင် ဖုံးကွယ်နိုင်စွမ်းရှိသည်။ သူ့မျက်ဆန်များသည် ကျဉ်းမြောင်းနေပြီး မာကျောသော မျက်နှာအသွင်အပြင်နှင့် ဖျော့တော့သော နှုတ်ခမ်းသည် ပါးလွှာသော အလျားလိုက်မျဉ်းကွေးပုံစံဖြစ်နေသည်။

သို့ရာတွင် ရွမ်ရှောင်ထျန်းသည် ချင်လိနှင့် ငယ်စဥ်ကတည်း က နီးနီးကပ်ကပ်ရှိလာခဲ့သဖြင့် မျက်နှာကြည့်လိုက်သည်နှင့် သူဘာဖြစ်နေသည်ကို ခန့်မှန်းနိုင်သည်။ ယခုချိန်တွင် ချင်လိ သူ့စကားကိုမယုံဘဲ ကလေးသည် ရှစ်လအတွင်း မွေးဖွားမည်ဟု ခိုင်ခိုင်မာမာယူဆနေသည်ကို ရွမ်ရှောင်ထျန်းသိလိုက်ရသည်။

ဒါဆို စောင့်ကြည့်လိုက်ပေါ့ !

သူ့ကြောင်ပေါက်လေး ထွက်လာမယ့်အချိန်ကို သူမသိပဲ နေပါ့မလား၊ ဆယ်လဆိုတာ ဆယ်လပဲ၊ တစ်ရက်မှ မလျှော့ဘူး။

ရှစ်လအတွင်းဆို ချင်လီအတွက် အသက်ရှင်နေသောကလေးလေး မွေးပေးနိုင်မည်မဟုတ်ပေ။

ရွမ်ရှောင်ထျန်းသည် ရုပ်ရှင်ရိုက်နိုင်သည်ဟု အခိုင်အမာပြောနေပြီး ထိုထဲတွင် အလွန် စိတ်အားထက်သန်နေသည်။ သူ ကလေးမွေးပြီးသည်အထိပင် မစောင့်နိုင်တော့ပေ။ အကယ်၍ ချင်လိသာ သဘောမတူရင် ယန်လိကို အကူအညီတောင်းပြီး စတင်ရန်စဉ်းစားထားသည်။

ချင်လိသည် ရွမ်ရှောင်ထျန်းအား အရှုံးပေးရန်မှတစ်ပါးရွေး ချယ်စရာမရှိတော့ပေ။ သူ အမြန်ဆုံး စီစဉ်ပေးမည်ဟုသာ ကတိပေးလိုက်သည်။ ရွမ်ရှောင်ထျန်း ရုပ်ရှင်ရိုက်ရန် အခိုင်အ မာပြောဆိုနေသောကြောင့် သူ့ကို ပိုဂရုစိုက်ရန်လိုအပ်ပြီးမျက်ခြေမပြတ်စောင့်ကြည့်နေမှ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရွမ်ရှောင်ထျန်း ဒဏ်ရာအနာတရ အသေးအဖွဲထိခိုက်တာမျိုးပင် သူ မလိုချင်ပေ။

ချင်လိ အဖြေကို သူရပြီး ကျေနပ်သွားကာ ယန်လိအား စာပြန်ရန် ဖုန်းကိုထုတ်လိုက်သည်။

ရွမ်ရှောင်ထျန်း : အခုလို စဉ်းစားပေးလို့ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်း စီစဉ်ပေးမယ်လို့ ကတိပေးထားတယ်၊ ဒီတော့ သူနဲ့ပဲ ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ် [အပြုံး အီမိုဂျီ]

ယန်လိသည် သူ့စာအဝင်ကို မျက်ခြေမပြတ်စောင့်ကြည့်နေသကဲ့သို့ အလျင်အမြန်ပြန်ပို့လာသည်။

"သူငယ်ချင်း ဟုတ်လား ? အခုခေတ်မှာ လှည့်ဖြားသူတွေမှ အများကြီးပဲ။ ရှင် သတိထားဦး၊ မကောင်းတဲ့သူတွေရဲ့လှည့် ကွက်မှာ မဝင်မိစေနဲ့”

သူ ချင်လိကိုကြည့်လိုက်ပြီး ဆက်ရိုက်လိုက်သည်။

"စိတ်မပူပါနဲ့။ တစ်ယောက်ယောက်က ကျွန်တော့်ကိုလှည့်စားတယ်ဆိုရင်တောင် သူကတော့ ဘယ်တော့မှလှည့်စားမှာ မဟုတ်ဘူး"

သူ ဘယ်တုန်းက ချင်လိကို ဒီလောက်တောင် ယုံကြည်လာမိတာလဲ ?

ခဏအကြာတွင် ယန်လိထံမှ စာထပ်ဝင်လာသည်။

“အင်းပါ၊ ရှင် ဆုံးဖြတ်ချက်က ဒီလိုဆိုတော့ ကျွန်မ ဘာမှမ‌ပြောလိုပါဘူး၊ ရှင့်ကိုမထိခိုက်စေဖို့ ကျွန်မရဲ့ Weibo ပို့စ်ကို ဖျက်လိုက်ပါ့မယ်၊ ဗီဒီယိုကိုတော့ ကျွန်မအတွက်သိမ်းထားလိုက်မယ်။ ကျွန်မတို့ ရှေ့လျှောက် သူငယ်ချင်းအဖြစ်ရှိနိုင်မလား ?”

ရွမ်ရှောင်ထျန်း : “အွန်း၊ ရတာပေါ့၊ မင်း ကြောင့်သာမဟုတ်ရင် ကျွန်တော့်ကို ဒီလောက်ချီးကျူးတဲ့လူတွေ အများကြီးရှိလာမှာမဟုတ်ဘူး [love အီမိုဂျီ]

ယန်လိ: ရှင့်ကိုချစ်တယ်၊ ရှင့်ကို ချစ်တယ် [bear hug] အခုကစပြီး ကျွန်မက ရှင့်ရဲ့သစ္စာရှိပရိသတ်ပဲ!"

ချင်လိသည် ရွမ်ရှောင်ထျန်းကို အိမ်ပြန်ပို့ပေးပြီးနောက် ယနေ့ ဝယ်ယူခဲ့သော ကလေးပစ္စည်းများကိုနေရာအခက်အခဲကြောင့် သူ့အိမ်ကြီးဆီကိုသာ ပို့ပေးရန်စီစဉ်လိုက်သည်။ ထို့နောက် သူ ရွမ်ရှောင်ထျန်းကို လေးလေးနက်နက်သတိပေးလိုက်သည်

"ငါ အားလုံးစီစဉ်ပေးမယ်။ မင်းကိုယ် မင်းပဲ ဂရုစိုက်၊ အခြားအရာတွေကို စိတ်မပူနဲ့။ ပြီးတော့ မင်း တစ်ယောက်တည်းလုပ်ချင်တာ မလုပ်နဲ့၊ ဘာပဲလုပ်လုပ် ငါနဲ့တိုင်ပင်၊ မင်း ရုပ်ရှင်ရိုက်ချင်ရင် ငါ ပံ့ပိုးပေးမယ်၊ မင်း ကျော်ကြားချင်ရင်၊ ဆုလိုချင်ရင် ငါ လုပ်ပေးမယ်၊ အဓိကက မင်းကိုယ် မင်း ဘေးကင်းကင်းနဲ့ ကျန်းကျန်းမာမာနေဖို့ပဲ”

ရွမ်ရှောင်ထျန်း ထိုစကားများကိုနားထောင်ရင်း တစ်ခုခုမှား ယွင်းနေသကဲ့သို့ ခံစားရသည်။ သူ့အား တစ်စုံတစ်ယောက်က ထိုသို့ပြောခဲ့ဖူးသည်။

ဘယ်သူလဲ ?

သူ့ပုံစံက ကောဖန့်ပြောခဲ့သော လျှို့ဝှက်စည်းမျဥ်းတွေနဲ့ ချုပ် ကိုင်ရန် ကြိုးစားနေသလိုပင်။

သူ...သူက ချင်လိဆီက အမြတ်ထုတ်ခံရတော့မှာလား ?

ဒီစာရေးသူမှာ ပြောစရာရှိတယ်

ချင်လိ - ဘာကြောင့် ငါ့ ဇနီးက 10 လကျော်တဲ့အထိ ကလေး

မမွေးရသေးတာလဲ ?? [ဝမ်းနည်းနေတဲ့.emoji]

ရွမ်ရှောထျန်း - :-D

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment