🔥Chapter 2
ထိုညက ဖြစ်ရပ်အတွက် သူ အခုထိ နောင်တကြီးစွာရနေဆဲပင်။ သူ့အတန်းဖော် တန့်ရူ (သူ့ရဲ့နတ်ဘုရားမ)အားဖွင့်ပြောခဲ့မိခဲ့သော်လည်း၊ ချင်လိအား ရွေးချယ်သွားသည့်အတွက် သူ နောင်တရမဆုံးဖြစ်နေခဲ့သည်။
သူသာ ချင်လိကိုမနှောင့်ယှက်ခဲ့မိပါက ချင်လိနှင့်အတူအရက် မူးခဲ့မည် မဟုတ်သလို၊ ချင်လိနှင့်ဟိုတယ်မှာ အတူရှိခဲ့မည် မဟုတ်ချေ။
ထိုညက သူ့စိတ်ထဲမှာပေါ်လာခဲ့သည့် ပုံရိပ်သည် တန့်ရူ၏ပုံရိပ်သက်သက်သာဖြစ်သည်။ တန့်ရူ ဒီလောက်ကြမ်းတမ်းတဲ့ပုံစံနဲ့ သူ့ကို ဝံပုလွေတစ်ကောင်လိုဖိနှိပ်ခဲ့တာ မယုံနိုင်စရာပဲ။
သူ့ခြေထောက်တွေကားသွားပြီး ခေါင်းအုံးကိုခါးအောက်မှာ ထားလိုက်ချိန်၊ သူ့ရဲ့လျှို့ဝှက်တဲ့နေရာအား တစ်ခုခုနှင့်ထိုးဖောက်ခံလိုက်ရချိန်မှာတော့ သူ နောက်ဆုံး အမှန်တရားကို သဘောပေါက်သွားခဲ့သည်။
တန့်ရူက သူ့နဲ့ အိပ်ခဲ့ခြင်းမရှိသည်မှာ ထင်ရှားသည်။
သို့သော် သူ သတိတော့ရှိနေပေမဲ့ မခုခံနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သို့ဖြစ်ရာ ချင်လိ ရင်ဘတ်ကို တွန်းဖယ်သည့် သူ၏နူးညံ့သောလက်များက ငြင်းဆန်သည်ထက် ဖိတ်ခေါ်နေသလိုဖြစ်နေခဲ့သည်။
ထိုညက သူတို့နှစ်ဦးရူးသွပ်ခဲ့ကြသည်။ ချင်လိသည် မည်သူမှန်းပင် မသိတော့ဘဲ၊ သူ့အား ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ အကြိမ်ကြိမ်တိုက်ခိုက်နေခဲ့သည်။
သူ နာကျင်ကိုက်ခဲပြီး ပင်ပန်းနွမ်းနယ်လွန်းတဲ့အတွက် ဆက်မလုပ်နိုင်တော့ပေ။ သို့သော် ချင်လိအားမတားဆီးနိုင်ခဲ့ပေ။ မနေသာတော့ဘဲ တိုးတိုးလေးညည်းညူရင်း မျက်ရည်တွေက မျက်လုံးထောင့်ကနေ စီးကျလာကာ ခေါင်းအုံးကိုရွှဲရွှဲစိုစေခဲ့သည်။
နောက်တစ်နေ့ မနက်မှာ နိုးထလာချိန်တော့ သူ့ကိုယ်သူ ချင်လိရင်ခွင်ထဲရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ ချင်လိ၏ လက်မောင်းပေါ်မှာလဲနေပြီး ချင်လိလက်မှာ သူ့ခါးအားဖက်လျက်သားရှိနေခဲ့သည်။
သူ ကြောက်လန့်တကြားထထိုင်လိုက်ပေမဲ့ နာကျင်နေတဲ့ခါးနဲ့ ပြင်းထန်တဲ့ဝေဒနာကြောင့် ချက်ချင်းပြန်လဲကျသွားသည်။
ချင်လိက သူ့ခါးကို အမြန်ဆွဲယူလိုက်သဖြင့် လဲကျမည့်ဘေးမှ လွတ်သွားခဲ့သည်။ ထိုအနေအထားသည် သူ့တစ်ကိုယ်လုံး ချင်လိ၏ အမှတ်အသားတွေကို ထင်ရှားမြင်သာစေခဲ့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးနေရာလွတ်မရှိဘဲ အနမ်းရာအမှတ် အသားများဖြင့် ပြည့်နှက်နေခဲ့သည်။
“...တိရစ္ဆာန်ကောင်!”
သူ့မျက်နှာတစ်ခုလုံး နီရဲတက်လာပြီး ရှက်ရွံ့စိတ်များပြည့်နှက်နေသည်။
သူ ပါးစပ်ဖွင့်ကာပြောဆိုလိုက်သောအခါ အသံပင် အက်ရှရှ ဖြစ်နေသည်ကိုတွေ့ရသည်။ တိုးလျကာ “တိရစ္ဆာန်ကောင်” ဟူသည့် စကားလုံးတွင် အားအင်အနည်းငယ်မျှပင် မရှိတော့ပေ။
ချင်လိသည်လည်း သူ့ကို တိရစ္ဆာန်ကောင်ဟုခေါ်ဆိုသည်ကို သတိပြုမိပုံရသည်။ ခံစားချက်ကင်းမဲ့နေသည့် သူ့မျက်နှာထက် ရှုပ်ထွေးသည့်အမူအရာဖြင့်
“ငါ မင်းကို လျော်ကြေးပေးမယ်”
သူသည် ပါးလွှာသောစောင်ဖြင့် ခန္ဓာကိုယ်ပေါ်ရှိအမှတ်အသား များကို ဖုံးအုပ်ကာ ချင်လိထံမှ ဝေးရာသို့ရွေ့သွားသည်။
ချင်လိရှေ့တွင် သူသည် အလွန်ကျုံ့နေပြီး ချင်လိကိုအလွန် အမင်း ကြောက်ရွံ့နေပုံပေါ်သည်။ ချင်လိကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီးသည် သူ့အား ချင်လိအပေါ် အလွန်ကြောက်ရွံ့နေစေခဲ့သည်။
“မင်း... မင်း ငါ့ကို ဘယ်လို လျော်ကြေးပေးမှာလဲ” ဟု သူက အသံတိုးတိုးဖြင့် မေးလိုက်သည်။
ချင်လိက "မင်း ပြော" လို့ တိုတိုတုတ်တုတ်နဲ့ ပြတ်ပြတ်သားသားပြောလာသည်။
သူ မဝံ့မရဲဖြစ်လျက် သတိထားရင်း “တန့်ရူက ငါ့ကို ကြိုက်လာအောင်လုပ်ပေးလို့ရမလား ?”
ထိုစကားကို သူ ပြောလိုက်ချိန် ချင်လိ မျက်နှာရုတ်တရက် မည်းမှောင်သွားသလိုခံစားလိုက်ရသည်။ ထိုသို့ ခံစားရသည် မှာ ထင်ယောင်ထင်မှားဖြစ်ခြင်း ဟုတ်၊ မဟုတ် မသိပေ။
လေသံမှာလည်း အေးခဲနေခဲ့ပြီး “မရဘူး”
သူ နောက်တစ်ခေါက် ထပ်ကြိုးစားပြီး “သူနဲ့ မပတ်သက်ဘဲ နေလို့မရဘူးလား ?”
သူ ကျောင်းသားဘဝတည်းက စီစဉ်ထားသည့် ဖွင့်ပြောဖို့ရာအစီအစဉ်တစ်ခုရှိခဲ့ကာ နှင်းဆီပန်းလည်း ကြိုဝယ်ထားခဲ့သည်။ တန့်ရူအား သူ့ခံစားချက်တွေဖွင့်ပြောလိုက်ရာ သူမသည် သူ့အား ရက်ရက်စက်စက်ငြင်းပယ်ခဲ့သလို ချင်လိနှင့် လည်း လက်ထပ်လက်ထပ်မည်မဟုတ်ဟုပြောဆိုခဲ့သည်။
ချင်လိသာ တန့်ရူနှင့် တကယ်ပတ်သက်နေခဲ့မည်ဆိုပါက သူ့ထံ ပြစရာမျက်နှာထားရှိပါမည်လား ?
"ရတယ်" ဟု ချင်လိက ဒီတစ်ခါတော့ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
သူ့စိတ်ထဲ တင်းမာမှုတွေ အနည်းငယ်ပြေလျော့သွားရ၏။ ချင်လိ အမြဲတမ်းအေးစက်တည်ငြိမ်သည့်ပုံစံ နေတတ်သဖြင့် သူ ဒီအခြေအနေကိုပြောင်းလဲပစ်ချင်ခဲ့သည်။ ထို့ကြောင့် သူ ပြုံးပြီး ချင်လိကို မေးလိုက်သည် – “မင်း ညက ငါ့ကို ဘယ်သူလို့ ထင်ပြီး ဆက်ဆံခဲ့တာလဲ ? ဒီလောက်တောင် ရူးသွပ်ပြီး ငါ့ကို အကောင်လိုက်မျိုတော့မလိုဖြစ်နေခဲ့တာ ??”
ထိုအချိန်တွင် ချင်လိ သူ့ကို စူးစိုက်ကြည့်နေခဲ့ပြီး သူ့ အကြည့်ကိုပြန်ရုပ်သိမ်းသွားကာ မည်သည့်အဖြေမှပြန်မပေးလာပေ။
သူ ချင်လိကိုအော်ဟစ်ခဲ့ပေမဲ့ ဘာမှမသိခဲ့ချေ။ သူလည်း ဘာမှမသိတာဖြစ်နိုင်မလား ??
သူ အိပ်ရာဘေးတွင် ပစ်ထားသော ဖောက်ထွင်းမြင်ရသည့် သံသယဖြစ်ဖွယ် အရာဝတ္ထုတစ်ခုကို ပုံပျက်သွားအောင်အား ကုန်ဆွဲယူလိုက်သည်။ လက်ချောင်းက အထဲသို့ လှမ်းထည့်လိုက်စဉ် စေးကပ်ကပ်နဲ့ မနှစ်မြို့ဖွယ်ရာတစ်ခုခုကို ရုတ်တ ရက်ထိမိသွားပြီး၊ ၎င်းသည် မည်သည့်အရာဖြစ်သည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။ သူ့မျက်နှာ နီရဲတက်လာပြီး ထိုကွန်ဒုံးကို ပစ်ချလိုက်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် ထိုကဲ့သို့သောကွန်ဒုံးများစွာကို ပစ်ထားသည်ကိုတွေ့ရသည်။ အချို့မှာအသုံးပြုပြီးသားများဖြစ်ကာ အချို့မှာမူ မသုံးရသေးသည်များပင်။
ပါးလွှာသောစောင်ဖြင့် ဖုံးအုပ်ထားသော်လည်း ချင်လိ၏ သွယ်လျကြံ့ခိုင်သော ကိုယ်ခန္ဓာမှာ ပေါ်ထွက်လာခဲ့သည်။ သူသည် ရှက်ရွံ့ခြင်းမရှိဘဲ ထိုအတိုင်း အဝတ်အစားများစတင်လဲလှယ်တော့သည်။
သူ မအောင့်နိုင်တော့ပေ။ စောင်ဖြင့်ပတ်လျက် ချင်လိကို ဘေးတစောင်းကြည့်နေမိရာ သူခိုးတစ်ယောက်လိုခံစားနေရသည်။
သူသည် ချင်လိ၏လှပပြီးကြံ့ခိုင်သော ရင်အုပ်ကြွက်သားများ၊ ဝမ်းဗိုက်ကြွက်သားများကို မနာလိုစိတ်ဖြင့် စိုက်ကြည့်နေမိ သည်။ ထိုကြွက်သားများ၏ ပုံသဏ္ဌာန်သည် အနုပညာလက် ရာတစ်ခုပမာပင်။ သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ ချင်လိ၏ ကြမ်းတမ်းပြီး သာမန်လူများနှင့်မတူသည့် ကြီးမားသောအရာ ကိုတွေ့လိုက်ရသည်။ ထိုကြီးမားသောအရာသည် သူ့ခန္ဓာ ကိုယ်ထဲသို့ ဝင်ထွက်သွားခဲ့သည်ကိုတွေးလိုက်မိသည်နှင့် မျက် နှာဖြူဖျော့သွားရသည်။
ခါးနာခြင်း၊ လည်ချောင်းနာခြင်းနှင့် အရိုးအဆစ်များ ကားဖြင့်တတ်ကြိက်ခံရသလို နာကျင်ခြင်းတို့မှာ အံ့သြစရာမဟုတ်တော့ပေ။
သူ ယခုအချိန်ထိ အသက်ရှင်လျက် ရှိနေသေးသည်ကိုပင် တကယ် ဝမ်းသာသင့်သည်။
ချင်လိသည် သူ့အဝတ်အစားများကို လျင်မြန်စွာလဲလိုက်သည်။ မီးခိုးရောင် အနည်းငယ်တွန့်ကြေနေသော ရှပ်အင်္ကျီသည် ကျယ်ပြန့်သော ပခုံးများနှင့်ဖောင်းကြွနေသောကြွက် သားများကို ပေါ်လွင်စေသည်။ ရှပ်အင်္ကျီအောက်စကို ဘောင်း ဘီထဲသို့ သပ်ရပ်စွာထိုးထည့်ထားပြီး ကျယ်သောပခုံး၊ သွယ်လျသောခါးဖြင့် ဖြောင့်စင်းသော ခြေထောက်နှစ်ဖက်သည် မြေပြင်ပေါ်တွင် ခိုင်မြဲစွာရပ်နေလေသည်။
သူသည် အမူအရာမဲ့စွာပင် ရှိနေသေးသည်။ ထက်မြက်သော မျက်ခုံးများနှင့် မြင့်မားသောနှာတံတို့က သူ့ မျက်နှာသွင်ပြင်ကို ဓားဖြင့် ထွင်းထုထားသကဲ့သို့ ထက်မြက်ပြတ်သားသော အစွန်းများဖြင့် ပုံဖော်ထားသည်။ ပါးလျသော နှုတ်ခမ်းများ သည် တင်းတင်းစေ့ထားပြီး သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အအေးဓာတ်က ကြောက်ရွံ့ဖွယ်ကောင်းပြီး ချဉ်းကပ်ရန် ခက် ခဲသော တင်းမာမှုကိုဖြစ်ပေါ်စေသည်။
သူသည် စိတ်ပျက်အားငယ်စွာ စောင့်ကြည့်နေစဉ် ဖုန်းမြည်သံကို ကြားလိုက်ရသည်။
ဖုန်းကို ဆွဲယူကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူသည် သူ့ဖခင်ဖြစ် သည်ကို တွေ့ရသည်။ ထို့အပြင် မိဘများဆီမှ ဖုန်းမကိုင်နိုင်ခဲ့သော ခေါ်ဆိုမှုများ တစ်ဒါဇင်ကျော်ပင် ရှိနေသည်။
သူ ထိတ်လန့်သွားသည်။ သူ တစ်ညလုံး အိမ်မပြန်ဘဲ မိဘများကလည်း သူ့ကို ဆက်သွယ်မရဖြစ်နေသောကြောင့် စိုးရိမ်ပူပန်နေကြသည်မှာ သေချာသည်။
သူ ဖုန်းကိုင်ရန်ပြင်လိုက်စဉ် ချင်လိက ဖုန်းကို လှမ်းယူလိုက်သည်။
အက်ရှရှအသံဖြင့် သူ ဒေါသတကြီးအော်ဟစ်လိုက်သည်– “မင်း ဘာလုပ်နေတာလဲ !”
“မင်း စကားပြောနိုင်ပြီလား” ဟု ချင်လိက မေးလာသည်။
သူ ဖုန်းကို လျစ်လျူရှုပြီး လျင်မြန်စွာကောက်ကိုင်လိုက်ရင်း သူ့ဘက်ကို ကျောပေးကာ "ဟယ်လို၊ အန်တီ၊ ရွမ်ထျန်း ညက ဒီမှာ နေဖြစ်သွားတာ... တောင်းပန်ပါတယ်၊ ညက ဖုန်းဆက်ဖို့ မေ့သွားလို့ပါ"
“ဘာမှ မဖြစ်ပါဘူး၊ ဒုက္ခမပေးပါဘူး၊ သူ အခုထိ အိပ်နေတုန်းပဲ၊ သူ နိုးလာရင် ကျွန်တော် ပြန်လိုက်ပို့ပါ့မယ်၊ ကျွန်တော် အဆင်ပြေပါတယ်၊ သူ့ကို အိမ်ပြန်ပို့မှ စိတ်ချရမှာမလို့ပါ” ဟု ချင်လိ ပြောလိုက်သည်။
ချင်လိ ကျောခိုင်းထားတာကို အခွင့်ကောင်းယူပြီး သူ့ လက် ချောင်းတွေကိုစုစည်းကာ လည်ပင်းကိုထောက်ပြီး လျှာထုတ်အန်ရန်ကြိုးစားလိုက်သည်။ သူ ရွံရှာသည့် အမူအရာကို တမင်ဟန်ဆောင်ထားခြင်းဖြစ်ပြီး သူ့သရုပ်ဆောင်စွမ်းရည်သည် တကယ့်ကို အံ့မခန်းပင်။
ချင်လိ စကားပြောနေရင်းပင် ခေါင်းလှည့်ကာ သူ့ဆီကိုစူးစိုက်ကြည့်လာတော့သည်။ သူ ဘာတစ်ခွန်းမျှမဟခဲ့သော်လည်း သူ့စိတ်ထဲမှာ ဒေါသထွက်မလာအောင် သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်သည်ကိုသတိပြုမိလိုက်သည်။
သူလည်း ယုန်တစ်ကောင်လိုပင် အိပ်ရာပေါ်သို့ အလျင်အမြန် ခုန်ဝင်သွားပြီး ပတ်ဝန်းကျင်ကို ထပ်မံ၍ကြည့်ရှုဖို့ရာ စိတ်မဝင်စားတော့ချေ။
သူသည် ချင်လိဟူသော မဟာနတ်ဆိုးကိုကြောက်ရွံ့နေပြီး၊ ရှုပ်ထွေးသော ခံစားချက်များစွာလည်း ရောထွေးနေသည်။ သူ သွားတွေ တကျိကျိကြိတ်ပြီး မုန်းတီးနေပေမဲ့ ချင်လိကိုမျက် နှာချင်းဆိုင် ကြည့်လိုက်တဲ့အခါ မျက်လုံးတွေကလွဲလို့ တခြားနေရာကို မကြည့်နိုင်တော့ပေ။
ဤအရာမှ သူ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုသည် မည်မျှ ပြင်းထန်သည်ကိုမြင်သာစေသည်။ ဆေးကုသ၍လည်း မရနိုင်၊ မည်သည့်ဆေးဝါးမျှလည်း ကယ်တင်နိုင်ဖွယ်မရှိချေ။
ချင်လိသည် ဖုန်းကို လျင်မြန်စွာချလိုက်သည်။ သူ ပြောလိုက်တဲ့စကားတွေက သူ့ဆန္ဒထက်ပိုများနေခဲ့သည်။ ဟူရှစ်နဲ့ ရွမ်ပိုင်ထျန်းတို့က သူ့ကို ယုံကြည်မှုနဲ့ပတ်သက်ပြီး မည်သည့်သံသ ယမှမရှိကြပေ။ သူလည်း နောက်ထပ်ဘယ်ကိစ္စမှာမှ ဝင်ပါတော့မှာ မဟုတ်ချေ။
သူ လက်မနဲ့ လက်သည်းတွေကို ချင်လိဟုသတ်မှတ်ကာဒေါသ တကြီး စိုက်ကြည့်နေပြီး သူ့စိတ်ထဲက မကျေနပ်မှုတွေကို တိတ်တိတ်ဆိတ်ဆိတ် ဖော်ထုတ်နေခဲ့သည်။
ချင်လိ ခပ်ဆိုးဆိုးလူတစ်ယောက်ဖြစ်နေပေမဲ့ သူ့မိဘတွေကတော့ ချင်လိအား ဆက်ပြီးယုံကြည်နေဆဲဖြစ်သည်။
သူ့ရဲ့ ပထမဆုံးအနမ်းရယ်၊ ပထမဆုံးညရယ်က ဒီလိုနဲ ဆုံးရှုံးသွားခဲ့ရပြီ...
ရင်ထဲက သနားစိတ်တွေပေါ်ပေါက်လာပြီး သူ ဆက်ငိုနေရင်း လက်သည်းတွေကို ကိုက်နေမိသည်တွေ့လိုက်ရသည်။
ချင်လိ သူ့လက်ထဲ ဖုန်းပြန်ထည့်ပေးပြီးနောက် သူ လုပ်နေတဲ့ လှုပ်ရှားမှုတွေကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေသည်။ ပြီးနောက် တင်းမာတဲ့လေသံဖြင့် "လက်သည်း မကိုက်နဲ့၊ ညစ်ပတ်တယ်"
"...အို"
ရွှမ်ထျန်းက မသိစိတ်က တုံ့ပြန်လိုက်သလို လက်ကို ချက်ချင်း ပြန်ရုတ်လိုက်သည်။
ချင်လိက သူ့ပိုက်ဆံအိတ်နဲ့ ဖုန်းကိုသိမ်းပြီးတော့ အပြင်ထွက်ဖို့ ပြင်ဆင်လိုက်သည်။
သူသည် ချင်လိ ခိုးထွက်တော့မည်ဟုထင်ကာ ရုတ်တရက် ထိတ်လန့်သွားပြီး "ခင်ဗျား ဒီအတိုင်းထားခဲ့တော့မလို့လား"
ချင်လိသည် တံခါးဝသို့လျှောက်သွားပြီး တံခါးလက်ကိုင်ဘုကို လှမ်းကိုင်လိုက်စဉ် ရုတ်တရက် လက်ကိုပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် လှည့်ကာ သူ့ကို ကြည့်ပြီးအလေးအနက်ထားကာ "ငါ မင်းကို လက်ထပ်နိုင်တယ်"
ဒူးထောက်လျက် နှင်းကဲ့သို့ ဖြူဖွေးသောအသားအရေသည် ပန်းရောင်တောက်နေသည်။ သူ ဒေါသတကြီးဖြင့် သက်ပြင်း ချလိုက်ပြီး "ဘယ်သူ... ဘယ်သူက ခင်ဗျားကို လက်ထပ်ချင်တယ်ပြောလို့လဲ ? ခင်ဗျား ကျွန်တော့်ကို မိန်းကလေးလို့ ထင်နေတုန်းလား"
သူ ချင်လိ၏အမူအရာကိုကြည့်ကာ အမွေးများထောင်နေသော ကြောင်တစ်ကောင်လိုဒေါသထွက်နေခဲ့သည်။
ချင်လိသာ သူ့ကိုခွင့်ပြုလိုက်ပါက သူသည် ခြေသည်းများကို လျင်မြန်စွာကုတ်ခြစ်ကာ သူ့မျက်နှာကို ပန်းရောင်နူးညံ့သော ကြောင်ခြစ်ရာများဖြင့် ပြည့်သွားစေမည့် နိမိတ်ရှိနေသည်။
"မဟုတ်ဘူး" ချင်လိက မသိမသာ မျက်တောင်ခတ်လိုက်သည်။
"ငါ မင်းရဲ့ လိင်ကို ကောင်းကောင်းသိတယ်"
"မင်း မျက်လုံးက ဘယ်ကိုကြည့်နေတာလဲ ?"
ချင်လိသည် သူ့မေးခွန်းကိုလျစ်လျူရှုကာ တံခါးဖွင့်ပြီးထွက်ရန်ပြင်သည်။
ပါးလွှာသော စောင်ဖြင့်ပတ်ထားသော သူသည် လုံခြုံမှုမရှိသလို အထီးကျန်သည်ဟုခံစားရသည်။ ထို့နောက် "ဘယ်သွားမလို့လဲ" ဟု မေးလိုက်သည်။
"မင်းအတွက် အဝတ်အစားတွေ သွားဝယ်ပေးမလို့၊ တစ်ခါ တည်း ဝယ်ခဲ့မယ်" ဟု ချင်လိက ပြောသည်။
"မင်း ဒီတိုင်း ကိုယ်လုံးတီးကြီးနေချင်တာလား ?"
ပြောပြီးသည်နှင့် ချင်လိသည် စက္ကန့်ပိုင်းအတွင်းအပြင်ထွက်သွားခဲ့ပြီး သူ နောက်မှသာ တုံ့ပြန်မိသည်။
သူသည် ရှုပ်ပွနေသော ကြမ်းပြင်ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ ကွန်ဒုံးများနှင့် အမှိုက်များကြားမှ သူ ယခင်ကဝတ်ထားခဲ့သော အဝတ်အစားများကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။
တီရှပ်မှာ အစင်းအစင်းများဖြစ်အောင် ဆွဲဖြဲထားသည်။ ဘောင်းဘီမှာလည်း တစ်စစီဖြစ်နေပြီ။ အဆိုးဆုံးမှာ သူ့အိမ်တွင် ကြောင်ခေါင်းပုံပါသော ဘောင်းဘီတိုတစ်ထည်သာ ကျန်တော့သည်။ ၎င်းမှာလည်း ဝိညာဉ်ကို ဆွဲထုတ်သွားသလို စုတ် ပြတ်သတ်နေသော အဝတ်စတစ်ခုပမာဖြစ်နေလေသည်။
ညက တိုက်ပွဲဟာ သူ ထင်ထားတာထက် ပိုပြင်းထန်၊ ပိုကြမ်း တမ်းခဲ့ပုံရသည်။
သူ အိပ်ရာပေါ်မှာ ပျော့ခွေနေပြီး ခန္ဓာကိုယ်တစ်ခုလုံးဗလာ ကျင်းနေသလို ခံစားနေရသည်။ ပြီးခဲ့တဲ့ညက သူ့မူလပုံစံအတိုင်းပုံမပျက်သွားခဲ့တာ၊ ဒါမှမဟုတ် ဝံပုလွေလိုကြမ်းတမ်း တဲ့ ချင်လိရဲ့ ဗိုက်ထဲ အစာအဖြစ်ဝင်မသွားခဲ့တာကို ကံကောင်းတယ်လို့မှတ်ယူနေခဲ့သည်။
ဟုတ်သည်။ အတိုင်းအတာတစ်ခုအထိ သူဟာ ချင်လိလက်ထဲမှာ အဆုံးသတ်ခဲ့ရပြီဖြစ်သည်။ မည်သူကမှလည်း သူ့အားမထိတွေ့နိုင်ခဲ့ပေ။
သူသည် မူလကကြောင်တစ်ကောင်ဖြစ်ကာ မွေးပြီးမှ ဉာဏ်ပွင့်လင်းလာပြီး လူသားအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းပင်။
အတိတ်အကြောင်းတွေကို သူ သိပ်မမှတ်မိပေ။ မှတ်မိတာက တော့ သူ့မိဘတွေက သူ့ကို ခေါ်ပြီးထွက်ပြေးခဲ့ဖူးတယ်ဆိုတာပဲ။ အဲဒီတုန်းက သူအရမ်းဒဏ်ရာရခဲ့ပြီး ဘာကြောင့်လဲဆိုတာ မသိခဲ့ပါဘူး။ လူသွားလမ်းမပေါ်မှာ သတိတစ်ဝက်နဲ့ လဲ လျောင်းနေခဲ့စဉ် သူ့မိဘများပျောက်သွားခဲ့ကြသည်။
သတိလစ်မေ့မြောလုနီးပါးဖြစ်နေချိန်မှာ သူ ထွက်ပြေးလို့မရသလို၊ ခုခံလို့လည်းမရသည့်အပြင် မျက်လုံးဖွင့်ဖို့ပင် အားမရှိခဲ့ပေ။
သူဟာ ရန်သူ ဒါမှမဟုတ် သားရဲတိရစ္ဆာန်နဲ့ တွေ့ခဲ့ပါက သူ့အတွက် သေလမ်းတစ်ခုသာရှိလိမ့်မည်။
သို့သော် သူ သေလုနီးပါး ကြောက်လန့်တကြား ဖြစ်နေတုန်း ရုတ်တရက် လူတစ်ဦး သူ့ဆီချဉ်းကပ်လာပြီး ဒူးထောက်ကာ ညင်သာစွာ ပွေ့ချီလိုက်သည်။
“ကြောင်မလေး၊ သနားစရာကောင်းလိုက်တာ” ဒါ အရမ်းနူးညံ့တဲ့ မိန်းကလေးငယ်တစ်ဦးရဲ့အသံဖြစ်သည်။
ထို့နောက် သူမသည် သူ့အမွေးနုနုတွေကို ဖြည်းဖြည်းလေး ပွတ်သပ်ပေးပြီး အာရုံခံနိုင်သည့် နားရွက်နုနုလေးတွေကို ညင်သာစွာညှစ်လိုက်သည်။
“အရမ်းလှတာပဲ၊ ကြောင်လေးကိုကယ်ကြရအောင်၊ မဟုတ်ရင် သေလိမ့်မယ်” ဟု မိန်းကလေးမှ ဘေးနားကလူကိုပြောလိုက်သည်။
အဲဒီစကားတွေပြောပြီးနောက် နားထောင်ဖို့ အချိန်တောင် မရလိုက်ပေ။ သူသည် ခန္ဓာကိုယ်ကို ထိန်းထားနိုင်စွမ်းမရှိတော့ချေ။ ထို့ကြောင့် မိန်းကလေးကို အမြန်မှတ်သားလိုက်ပြီးလုံးဝ သတိလစ်သွားတော့သည်။
သူ နောက်တစ်ကြိမ် မျက်တောင်ခတ်လိုက်တဲ့အခါ ပျက်စီးနေတဲ့ ဂိုဒေါင်ဟောင်းတစ်ခုထဲမှာ လဲလျောင်းနေသည်ကိုတွေ့ရသည်။ ဂိုဒေါင်အကြောင်းကို သူ မှတ်ဉာဏ်ထဲ အရမ်းမှုန်ဝါးနေသည်။ မှတ်မိတာကတော့ နူးညံ့စွာလဲလျောင်းနေပြီး နူးညံ့သက်သောင့်သက်သာရှိတဲ့စောင်တွေ၊ ကြောင်အရုပ်တွေရှိနေတာပဲ။ ဘေးမှာ ငါးသေးသေးလေးတွေနဲ့ သောက်ရေလည်းရှိနေ၏။
စိတ်မကောင်းစရာက သူ ဘယ်လောက်ပဲကြည့်ကြည့် လူတစ်ဦးတစ်ယောက်ရဲ့ အရိပ်အယောင်မျှမတွေ့ရခြင်းပင်။
အဲဒီတုန်းက သူ အရမ်းကြောက်ခဲ့သည်။ မိဘတွေကို ရှာဖို့ သတိရပြီး ဂိုဒေါင်ဟောင်းထဲကနေ အမြန်ထွက်ခဲ့သည်။
မထွက်ခွာခင် သူဟာ ပေါက်ကာစ ကြောင်သွားတွေနဲ့ ထွင်းထုထားတဲ့ ပုံတူတစ်ခုကိုလည်းချန်ထားခဲ့သည်။
သို့သော်ငြား နောက်ဆုံးမှာ သူ့မိဘတွေကို ရှာမတွေ့ခဲ့ချေ။ သူ လူသားပုံစံနှင့် ပုန်းအောင်းနေစဉ် မထင်မှတ်ဘဲ မိသားစုတစ်ခုကရွေးချယ်ခဲ့သည်။ သူ့အလှအပနှင့် ဆွဲဆောင်နိုင်စွမ်းဖြင့် တစ်ဖက်သားကိုအောင်မြင်စွာဖမ်းစားနိုင်ခဲ့ပြီး အရည် အချင်းပြည့်မီတဲ့ အိမ်မွေးတိရစ္ဆာန်ထိန်းသူ နှစ်ဦးကိုရှာတွေ့ခဲ့သည်။
လူ့အဖွဲ့အစည်းနဲ့ တဖြည်းဖြည်းရင်းနှီးပေါင်းသင်းလာခဲ့သည်။ သို့သော် သူ့အားကယ်တင်ခဲ့သည့် မိန်းကလေးကိုတော့ဘယ် တော့မှ မမေ့ခဲ့ပေ။
နောက်ပိုင်းမှာမှ သူ မတော်တဆ တန့်ရူနဲ့ တွေ့ဆုံခဲ့ပြီး ယခင်က ချန်ထားခဲ့သည့် အမှတ်အသားကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။