no

Font
Theme

🔥 Chapter 16

ရွမ်ချီ ခြေဖျားထောက်ကြည့်သော်လည်း ရွမ်ရှောင်ထျန်းကို မမြင်ရသဖြင့် “ချင်လိကော၊ ဘာလုပ်နေတာလဲ” ဟု ရှုပ်ထွေးစွာ မေးလိုက်သည်။

ချင်လိသည် ရွမ်ချီ၏ရေစိုနေသော အဝတ်အစားများကို ငုံ့ကြည့်ပြီး “အရင်ဆုံး အဝတ်လဲလိုက်”

ရွမ်ချီ ကြောင်သွားသည်။ “အိုး၊ မေ့သွားတာ"

ချင်လိကောသည် စဉ်းစားတွေးခေါ်တတ်သူတစ်ဦးဖြစ်သည်။ သူမသာ ရွမ်ရှောင်ထျန်းကို ဒီလိုဖက်လိုက်ပါက ရွမ်ရှောင်ထျန်း၏အဝတ်အစားများ ရေစိုသွားမည် ဖြစ်သည်။

သူတို့နှစ်ဦး စကားပြောပြီးနောက် ချက်ချင်းသဘောတူညီမှု ရခဲ့သည်။ ရွမ်ချီလှည့်ထွက်သွားပြီး အဝတ်လဲရန် အိမ်ထဲသို့ ဝင်သွား၏။ အဝတ်လဲပြီးနောက် သူမသည် ရွမ်ရှောင်ထျန်းကို သေသေချာချာဖက်နိုင်ပြီဖြစ်သည်။

သူသည် သူ့ကောအားအလွန်ချစ်သည်။

ရလဒ်အနေဖြင့် ရွမ်ချီ အိမ်ထဲမဝင်မီ ရွမ်ရှောင်ထျန်းသည် ချင်လိနောက်ကွယ်မှ ယုန်တစ်ကောင်ကဲ့သို့ခုန်ထွက်လာခဲ့သည်။ သူ ပြေးလာပြီး ရွမ်ချီကို စိတ်လှုပ်ရှားစွာဖက်လိုက်ပြီး ရွမ်ချီကို ပွတ်သပ်ကာ ပျော်ရွှင်စွာ “ရှောင်မေ့ ဘာလို့ပြန်လာတာလဲ”

ရွမ်ချီသည် ရေစိုနေသော သူ့အဝတ်အစားများကို ဂရုမစိုက်တော့ဘဲ ရွမ်ရှောင်ထျန်းကို စိတ်လှုပ်ရှားစွာပြန်ဖက်လိုက်သည်။

“ပါးကို ကြိုပြောထားတယ်လေ၊ သူ ကောကို မပြောပြဘူးလား”

“မပြောဘူး”

“ကောအတွက် ကန်စွန်းဥကင်လေးတွေလည်း ယူလာသေးတယ်၊ အရမ်းချိုတယ်၊ အဝတ်ထဲ ထုပ်လာတာ၊ ပူတုန်းစားလိုက်၊ အေးသွားရင် မကောင်းတော့ဘူး”

“အင်း” ရွမ်ရှောင်ထျန်း အလွန် ခံစားသွားသည်။

“ရှဲရှဲ ရှောင်မေ့”

“ဒါ ညီမတာဝန်ပဲလေ ၊ ကောကို အရမ်းသတိရနေတာ”

“ငါလည်း သတိရပါတယ်”

“…” ချက်ချင်းပင် လုံးဝ လစ်လျူရှုခံလိုက်ရသော ချင်လိ၏ မျက်နှာပေါ်တွင် ဗလာအမူအရာသာရှိနေခဲ့သည်။

ဟူရှစ်က ရောက်လာပြီး ပွေ့ဖက်ထားသည့် မောင်နှမနှစ်ဦးကို ခွဲထုတ်လိုက်ကာ ပြုံးပြီး “မင်းတို့ ရေစိုနေတာများ ကြွက်စုတ်တွေလိုပဲ၊ ဘာလို့ ဆက်ပြီးဖက်နေကြသေးတာလဲ ? အိမ်ထဲဝင်ပြီး အဝတ်လဲ၊ အအေးမမိစေနဲ့။ ရှောင်ထျန်း၊ သား အဝတ်တွေလည်း စိုနေတယ်၊ မြန်မြန်လဲလိုက်၊ ချင်လိလည်း အိမ်ထဲဝင်ပြီး ခဏထိုင်ပါဦး”

ချင်လိသည် မူလက ထွက်ခွာတော့မည်ဖြစ်သော်လည်း ရွမ်ချီကို မြင်လိုက်သောအခါ ရုတ်တရက်စိတ်ပြောင်းသွားပြီး ဘာဖြစ်နေလဲကြည့်ရန် အခန်းထဲသို့ ဝင်သွားသည်။

ရွမ်ချီသည် သူ့အဝတ်အစားများကို လျင်မြန်စွာလဲပြီး ထွက်လာ၍ သူ့ကျောပိုးအိတ်ထဲမှ ကန်စွန်းဥကင်များကိုထုတ်ယူပြီး အပြင်ဘက်တွင် ပတ်ထားသောအဝတ်များကိုဖြေကာ မျှော် လင့်ချက်များစွာဖြင့် ရွမ်ရှောင်ထျန်း အခန်းသို့သွားလိုက်သည်။

ချင်လိသည် ဆိုဖာပေါ်တွင်ထိုင်ပြီး သူ့ ဦးလေးနှင့် စကားပြောနေသော်လည်း သူ့မျက်လုံးများသည် ရွမ်ချီအားအမြဲကြည့်နေပြီး သူ့နားများသည် ထိုဘက်မှ လှုပ်ရှားမှုများကိုအမြဲ နားထောင်နေခဲ့သည်။

ရွမ်ချီသည် ငယ်စဉ်ကတည်းက ရွမ်ရှောင်ထျန်းနှင့် အမြဲတမ်း ကပ်နေတတ်ပြီး ချင်လိသည်လည်း ရွမ်ရှောင်ထျန်းကို အမြဲ တမ်းဂရုစိုက်နေခဲ့သည်။ ထို့ကြောင့် သူတို့သုံးဦးသည် ကျောင်းသို့ အတူတကွသွားလာလေ့ရှိသည်။ ချင်လိတွင် ရွမ်ရှောင်ထျန်းကိုပေးစရာအရသာရှိသော အစားအစာများရှိသကဲ့သို့ သဘာဝကျစွာပင် ရွမ်ချီအားချန်လှပ်ထား၍မရနိုင်ပေ။

ရွမ်ချီနှင့် ရွမ်ရှောင်ထျန်းတို့သည် မကြာခဏဆူညံကြပြီး ချင်လိကတော့ တိတ်ဆိတ်စွာ သူတို့နှင့်အတူ ရှိနေတတ်သည်။ သူသည် တိတ်ဆိတ်သူတစ်ဦးဖြစ်ပြီး စောစီးစွာ ရင့်ကျက်ခဲ့သည်။ ကလေးဆန်သော ရန်ဖြစ်ခြင်း စသည့် ဂိမ်းများကို စိတ်မဝင်စားသော်လည်း ရွမ်ချီနှင့် ရွမ်ရှောင်ထျန်းတို့ ကစားနေ သည်ကို မြင်သောအခါ သူ အမြဲတမ်း တက်ကြွပျော်ရွှင်သည်ဟုခံစားရသည်။

ချင်လိသည် ရွမ်ချီ ငယ်စဉ်က ရွမ်ရှောင်ထျန်းနှင့် လက်ထပ်ချင်သည်ဟု ပြောခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူသည် ၎င်းကို နောက်ပြောင်မှုတစ်ခုဟုထင်ခဲ့ဖူးသော် လည်း ယခုမူ ခြိမ်းခြောက်ခံရသည်ဟုခံစားလာရသည်။

ရွမ်ချီနှင့် ရွမ်ရှောင်ထျန်းတို့သည် ငယ်သူငယ်ချင်းများဖြစ်ပြီး သူတို့၏ဆက်ဆံရေးမှာ တစ်ယောက်ထဲကဲ့သို့ပင် ကောင်းမွန်သည်။ ရွမ်ချီသည် ရွမ်ရှောင်ထျန်းအတွက် အခြားမိန်းကလေးများနှင့်ပင် ရန်ဖြစ်ခဲ့ဖူးသည်။ တကယ်တော့ အနီးကပ်ကြည့်မည်ဆိုလျှင် ရွမ်ချီသည်လည်းအလွန်လှပပြီး သူ့တွင် ရှိသင့်သမျှ အရာအားလုံးရှိကာ သူမသည် ရင့်ကျက်သောမိန်းက လေးတစ်ဦးဖြစ်နေပြီဖြစ်သည်။

သူတို့သာ လက်ထပ်ကြမည်ဆိုလျှင် အလွန် သင့်တော်သည်ဟု ထင်ရသည်။ တစ်ဦးနှင့်တစ်ဦး ကောင်းစွာသိထားကြပြီး သူတို့မိဘများလည်း စိတ်သက်သာရာရပေလိမ့်မည်။

ချင်လိသည် မည်သည်ကြောင့်မှန်းမသိ၊ သူ့အတွေးများသည် ရုတ်တရက် ပိုပိုဝေးသွားပြီး ပိုယုံကြည်နိုင်လေလေ ဖြစ်လာသည်။ သူသည် သူ့စိတ်ထဲရှိ ရှုပ်ထွေးသော အတွေးများကို ပယ်ဖျက်လိုက်ပြီး စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

ရွမ်ရှောင်ထျန်း သူ့အဝတ်အစားများ လဲလှယ်ပြီးနောက် အခန်းတံခါးကို ဖွင့်လိုက်ရာ သူ့ရှေ့တွင် မွှေးကြိုင်သောကန်စွန်းဥကင်ကို တွေ့လိုက်ရသည်။ ၎င်းကို ထိလိုက်သောအခါ ပူနေဆဲဖြစ်သည်။ သူ ပျော်ရွှင်စွာယူလိုက်ပြီး “ဒီမှာ ချစ်စရာကောင်းတဲ့ ကန်းစွန်ဥကင်ပဲ”

သူ ရွမ်ချီကို ချစ်စရာကောင်းသော ကွတ်ကီးတစ်ထုပ်ပေး လိုက်သည်။

“ချင်လိ ဝယ်လာတာ” ရွမ်ရှောင်ထျန်း ကန်စွန်းဥကင်ကို တစ်ကိုက်စားလိုက်ပြီး မျက်လုံးများမှေးစင်းကာ စိတ်အားထက် သန်စွာဖြင့် “အရမ်း အရသာရှိတယ်” ဟု အကြံပြုလိုက်သည်။

“ဈေးကြီးလား” ရွမ်ချီသည် ထုပ်ပိုးမှုအပြင်ဘက်တွင် ရှိသော သူ လုံးဝမမှတ်မိနိုင်သော နိုင်ငံခြားစာလုံးများကို ကြည့်လိုက်သည်။

ရွမ်ရှောင်ထျန်းသည် စားရန်ကိုသာ ဂရုစိုက်နေပြီး စိတ်မပါ့တပါဖြင့် “ချင်လိက ဈေးမကြီးဘူးလို့ပြောတာပဲ၊ ဒါကြောင့် ပေးစရာ မလိုဘူး”

ရွမ်ချီသည် သူ့ခေါင်းကို လှည့်ကာ ချင်လိကို ကြည့်လိုက်ရာ ချင်လိက သူ့ကို စိုက်ကြည့်နေသည်ကိုတွေ့ရှိခဲ့ပြီး သူ့မျက်လုံးများတွင် မဖုံးကွယ်နိုင်သော မနာလိုမှုနှင့် သံသယများ ပြည့်နှက်နေသည်။

ရွမ်ချီသည် ကြောင်သွားပြီး သူ့အကြည့်ကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်ကာ ချင်လိ၏ရွမ်ရှောင်ထျန်းအပေါ် ခံစားချက်များကို လူတိုင်း ရှင်းရှင်းလင်းလင်းမြင်နိုင်သော်လည်း ရွမ်ရှောင်ထျန်းတစ်ဦးတည်းကသာ ရှုပ်ထွေးဟန်ဆောင်နေသည်ဟု တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်သည်။

သေချာတာပေါ့၊ သူ့ကောရဲ့စရိုက်နဲ့ဆိုရင် သူ တကယ်ရှုပ် ထွေးနေတာ ဖြစ်နိုင်ပါတယ်လေ။

သူ ရုတ်တရက် ချင်လိအားအနည်းငယ် သနားသွားသည်။ ချင်လိလို ချမ်းသာ၊ အာဏာရှိ၊ ချောမောပြီး ချစ်ခင်တွယ်တာတဲ့ အမျိုးသားတစ်ဦးအား မီးအိမ်နှင့်လိုက်ရှာလျှင်ပင် တွေ့ဖို့ခက်လှသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ ထျန်းရှိန်းအာကို မှီနိုင်ခဲ့သင့်သော်လည်း ကံမကောင်းစွာဖြင့် သူ ရွမ်ရှောင်ထျန်းနှင့်တွေ့ဆုံခဲ့ပြီး သူ လုံးဝ ကူကယ်ရာမဲ့ ဖြစ်သွားခဲ့ရသည်။

ဟူရှစ်သည် တစ်ဝက်တစ်ပျက်ဝတ်ထားဆဲ အဝတ်ကို ကိုင်ရင်း လသာဆောင်မှဝင်လာသည်။ အပြင်ဘက်မှ မိုးခြိမ်းသံများနှင့်အတူ မှောင်မိုက်နေသော ညကောင်းကင်ကို ကြည့်ကာ သူမ ညည်းညူလိုက်သည်- "မိုးရွာမယ်ဆိုလည်း ရွာပါတော့။ ဘုရားရေ၊ ကြိုတင်နိမိတ်ပြတာတောင်မရှိဘူး။ အတော်လေး ခြောက်သွေ့နေတာ၊ အခုတော့ အကုန်လုံး ရွှဲရွှဲစိုကုန်ပြီ။"

သူမ ချင်လိကို မြင်လိုက်သောအခါ "အပြင်မှာ မိုးတွေ ပိုသည်းလာပြီ။ ချင်လိ၊ ဒီည ဒီမှာပဲ နေလိုက်ပါလား။ မိုးက ခဏတော့ ရပ်ဦးမှာ မဟုတ်ဘူးထင်တယ်။ အပြင်မှာ လမ်းတွေရေကြီးနေနိုင်တယ်၊ သား ဒီလောက်ညဉ့်နက်ကြီး ပြန်တာအန္တရာယ်များတယ်"

ချင်လိ အဖြေမပေးသေးခင် ပါးပါးရွမ်ကလည်း “ဟုတ်တယ်၊ ဒီမုန်တိုင်းထဲမှာ ပြန်မောင်းရတာ မလုံခြုံဘူး၊ ဒါကြောင့် ဒီမှာပဲ နေပြီး မနက်ဖြန်မနက် မိုးတိတ်တဲ့အထိ စောင့်ပြီးမှ သွားပါလား” ဟု ထပ်လောင်းပြောဆိုလိုက်သည်။

ရွမ်ရှောင်ထျန်းသည် ကန်စွန်းဥကင်ကို ပျော်ရွှင်စွာ စားနေပြီး အပြင်ဘက်ရှိ မိုးကြိုးမုန်တိုင်းသံကို ခဏတာ မေ့လျော့သွားသည်။ သူ့မိဘများ ပြောသည်ကို ကြားလိုက်သောအခါ ချက် ချင်းပင် နားရွက်များထောင်လိုက်ပြီး ချင်လိ၏တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ချင်လိသည် အချိန်အတော်ကြာ စဉ်းစားပြီး “ကျွန်တော် ခဏ ထပ်စောင့်လိုက်ဦးမယ်၊ မိုး မတိတ်ရင် နေလိုက်ပါ့မယ်”

“ရပ်ဖို့ ကြာအုံးမယ်ထင်တယ်။ အိမ်မှာ နေစရာနေရာတွေ ရှိတယ်၊ သားတို့ဆီလောက်တော့ သေချာပေါက် မကောင်းဘူး စိတ်တော့မရှိနဲ့” မားမားဟူက အဝတ်တွေလှမ်းရင်း ပြုံးပြီး ပြောလိုက်သည်။

“ဒီနေရာက အရမ်းကောင်းပါတယ်” ချင်လိ ခေါင်းခါပြပြီး သူ ဘယ်လိုမှ စိတ်ရှိမည်မဟုတ်ကြောင်းပြလိုက်သည်။

နာရီဝက်ကြာပြီးနောက် ပြတင်းပေါက်အပြင်ဘက်မှာ မိုးတွေသည်းထန်စွာ ရွာနေဆဲပင်။ ကျယ်လောင်တဲ့ မိုးခြိမ်းသံနဲ့အတူ ညကောင်းကင်ကို ထိုးဖောက်သွားတဲ့ တောက်ပတဲ့ လျှပ်စီးတွေ ရောနှောနေတာကြောင့် လူများအားကြောက်လန့်စေခဲ့သည်။

ချင်လိသည် ရွမ်ရှောင်ထျန်း၏အိပ်ခန်းက နာမည်ကြီးစာအုပ်တစ်အုပ်ကို တွေ့ပြီး သေသေချာချာဖတ်နေသည်။ ရွမ်ရှောင်ထျန်းနဲ့ ရွမ်ချီတို့ကတော့ သူ့ဘေးနားက ဆိုဖာပေါ်မှာ ထိုင်နေကြသည်။ သူတို့ အခန်းထဲရောက်တာနဲ့ စကားစပြောကြရာ။ ဘယ်ကနေ ဘယ်လို စပြောရမှန်းမသိပေမဲ့ စကားစပြောလိုက်တာနဲ့ မရပ်တန့်တော့ပေ။ သူတို့နှစ်ယောက်စကားပြောရင်း စိတ်လှုပ်ရှားစွာ ရယ်မောနေကြပြီး ပျော်ရွှင်တဲ့အခါ ကလေးတွေလို ခုန်ပေါက်နေကြသည်။

မားမားဟူနဲ့ ပါးပါးရွမ်တို့ကတော့ တိုးတိုးလေးစကားပြောနေကြပြီး သူတို့မျက်လုံးတွေက ရွမ်ရှောင်ထျန်းကိုဟာဆက်တိုက်ကြည့်နေကြသည်။ သူတို့မျက်လုံးထဲ စိုးရိမ်မှုများပြည့်နှက်နေခဲ့သည်။

ရွမ်ချီနှင့် ရွမ်ရှောင်ထျန်းတို့သည် ထိုမျှကောင်းမွန်သောဆက် ဆံရေး ရှိပုံရသည်။ ရွမ်ချီသည် အိမ်ပြန်ရောက်သည်နှင့် ရွမ်ရှောင်ထျန်းကို ဆက်တိုက်ကပ်နေသည်။ သူ့ ကောနှင့် ချင်လိအကြောင်း၊ အထူးသဖြင့် ရွမ်ရှောင်ထျန်းသည် ချင်လိ၏ ကလေးကိုကိုယ်ဝန်ဆောင်ထားကြောင်း ရွမ်ချီအားမည်သို့ ပြောပြရမည်ကို သူ မသိပေ။

၎င်းသည် ရွမ်ရှောင်ထျန်းကို အလွန်နှစ်သက်သော ရွမ်ချီအ ပေါ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး သူမ လက်ခံနိုင်မလား မသိပါ။

ဟူရှစ်နှင့် ရွမ်ပိုင်ထန်တို့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြသော်လည်း ရွမ်ချီကို ရွမ်ရှောင်ထျန်းနှင့် ချင်လိ၏ဆက်ဆံရေးကို လက်ခံစေရန်နှင့် သူမအားပျော်ရွှင်စေပြီး ဝမ်းမနည်းစေရန် ကောင်းမွန်သော နည်းလမ်းကို မရှာတွေ့နိုင်ခဲ့ကြပေ။

နောက်ဆုံးတွင် နှစ်ဦးစလုံးစောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ၊ ရွမ်ချီကို ဤကိစ္စအကြောင်း ကြို တင်မပြောပြဘဲ ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်သည့်အချိန်အထိ ဆွဲဆန့်ထားသင့်သည်။ အနည်းဆုံး ရွမ်ချီကို လုံလောက်သောအချိန်ပေးသင့်သည်။

အင်း၊ ဘာဖြစ်နေတာလဲ ??

နှစ်ယောက်စလုံး ကူကယ်ရာမဲ့စွာ သက်ပြင်းချမိကြသည်။

“ဒီညတော့ ဒီမှာပဲ နေကြရအောင်” မားမားဟူသည် ပြင်ပရှိ ရာသီဥတုကို စောင့်ကြည့်ပြီး “မိုးတွေ တအား သည်းလာပြီ။ လမ်းတွေ ရေကြီးနေမှာပဲ ပြန်ဖို့ မလုံခြုံဘူး”

ချင်လိသည် စာအုပ်ကို ပိတ်လိုက်ပြီး ခေါင်းစောင်းကာပြတင်း ပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ သူ မားမားဟူ၏ အဆိုပြုချက်ကို နောက်တစ်ကြိမ် ငြင်းဆန်ခြင်းမပြုတော့ဘဲ ဒီည သူတို့ကို ဒုက္ခပေးရတော့မည်ဟုတွေးရင်း ခေါင်းညိတ်လိုက်သည်။

ရွမ်ရှောင်ထျန်း၏နှလုံးသား ရုတ်တရက် တင်းမာလာ၏။ သူ ခေါင်းအုံးကို ဖက်ထားပြီး ပြင်ပမှ မိုးခြိမ်းသံများကြောင့် သူ၏ မူလအနေအထားသို့ ပြန်ရောက်သွားသည်။ စိတ်ပျက်အား ငယ်စွာဖြင့် “ကျွန်တော့် ရှောင်မေ့ပြန်လာပြီ ၊ အိမ်မှာ ဘယ်အခန်းကျန်သေးလဲ၊ ချင်ကောကို ဆိုဖာပေါ် အိပ်ခိုင်းလို့မဖြစ်ဘူး”

“ဘာ ဆိုဖာလဲ” မားမားဟူက ရွမ်ရှောင်ထျန်းကိုစူးစူးဝါးဝါးကြည့်ပြီး “မင်း ဆိုဖာပေါ်မှာ အိပ်ရင်တောင် ချင်လိကိုအိပ်ခိုင်းလို့ မရဘူး”

ရွမ်ရှောင်ထျန်း နှုတ်ခမ်းဆူကာ နှစ်ချက်ဖျစ်ခနဲ လုပ်လိုက်ရာ ဆိုဖာပေါ် အိပ်လိုခြင်း မရှိသည်မှာထင်ရှားသည်။

မားမားဟူ၏တိုက်ခန်းတွင် အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်း ရှိသည်။ သူမနှင့် ပါးပါးရွမ်တို့သည် အိပ်ခန်းကြီးတွင် အိပ်ကြပြီး ရွမ်ရှောင်ထျန်းနှင့် ရွမ်ချီတို့က ဘေးခန်းတစ်ခန်းစီကို ယူထားကြသည်။ အခြားလူများ နေထိုင်ရန်အပိုနေရာမရှိပေ။ ဧည့်ခန်းတွင် ဆိုဖာတစ်လုံးရှိသော်လည်း ချင်လိက ထိုပေါ်တွင် အိပ်လို့မရနိုင်ပေ။ ရွမ်ရှောင်ထျန်း၏လက်ရှိ ကျန်းမာရေးအခြေအနေအရ သူ ဆိုဖာပေါ် အိပ်ရန်မသင့်တော်သည်မှာ ထင်ရှားသည်။

မားမားဟူသည် ရွမ်ချီကို ဆိုဖာပေါ် အိပ်ခိုင်းရမည်လားဟု တွေးတောနေစဉ် ရွမ်ချီက ရုတ်တရက် “ချင်လိကောကို သာ့ကောနဲ့ အတူတူ အခန်းထဲအိပ်ခိုင်းလိုက်ပါလား” ဟု အကြံပြုလိုက်သည်။

ရွမ်ရှောင်ထျန်း၏မျက်လုံးများ ချက်ချင်းပင် ရွမ်ချီဆီသို့ ရောက်သွားပြီး အံ့အားသင့်စွာဖြင့် သူ့ရှောင်မေ့ကို မျက်စိတစ် ဖက်မှိတ်ပြကာ ထိုကိစ္စကို မပြောရန် တောင်းဆိုလိုက်သည်။ သူသည် အခြားသူများနှင့် အိပ်ရသည်ကို မကြိုက်သလို ထိုဖြစ်ရပ်ပြီးနောက် ချင်လိနှင့်အတူ အိပ်ရန်လည်း မလိုလားပေ။

ဒါ့အပြင် သူ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အခါ မထိန်းချုပ်နိုင်တဲ့ သူ၏မူလကြောင်ပုံစံအဖြစ် အလွယ်တကူ ပြောင်းလဲသွားတတ်သည်။ ချင်လိ အိပ်နေတုန်း ညလယ်မှာ နိုးလာပြီး သူ့ဘေးမှာ ကြောင်တစ်ကောင်အိပ်နေတာကို ရုတ်တ ရက် တွေ့သွားလို့ လန့်ပြီး သူ့ကိုအပြင်ထုတ်ပစ်လိုက်ရင် သူ မည်သူ့ကိုမှ တိုင်ကြားစရာမရှိပေ။

ဒါအတူတူအိပ်ရုံသက်သက် မဟုတ်ဘဲ သူ့ဘဝနှင့်လည်း နီးကပ်စွာဆက်စပ်နေသည်။

သူ၏စစ်မှန်သော မူလပုံစံကိုဖော်ထုတ်လို့မရချေ။ မဟုတ်ပါက သူသည် သတ္တဝါတစ်ကောင်ဖြစ်သဖြင့် လူတွေ သူ့အားဖျက်ဆီးပစ်ကြလိမ့်မည်။

သူ ဖျက်ဆီးခံရရင် အရသာရှိတဲ့ အချိုပွဲတွေစားရတော့မည်မဟုတ်သလို ငါးခြောက်မျိုးစုံကိုလည်း ခံစားနိုင်တော့မည်မဟုတ်ပေ။ သူ့ကို ဒီလောက်ချစ်ပြီး မစင်ကျုံးပေးမဲ့သူလည်း ရှိတော့မှာမဟုတ်ဘူး။ သူ ပိုင်ဆိုင်ထားပြီးသား ဒီအရာအားလုံးကိုလက်လွှတ်မခံချင်ဘူး။

သူ ဘာမှမပြောဘူး!??

ကံမကောင်းစွာပဲ၊ ဒီတစ်ကြိမ်မှာ ရွမ်ချီသည် ရွမ်ရှောင်ထျန်း၏ အဓိပ္ပာယ်ကို နားမလည်ခဲ့သည့်အတွက် သူ့ဘက်ကမရပ်တည်ပေးခဲ့ပေ။

ရွမ်ချီ၏အတွေးတွေက တကယ်တော့ အတော်လေး ရိုးရှင်းပါတယ်။ သူက ချင်လိကောက သူ့အစ်ကိုကို နှစ်ပေါင်းများစွာ လိုက်နေတာ ခုထိမမိသေးတာကိုကြည့်ပြီး တော်တော်လေး သနားစရာကောင်းတယ်လို့ခံစားရသည်။ ဒီအခြေအနေမှာ သူ ချင်လိကောကို ကူညီပေးသင့်တာ‌ပေါ့၊ သေချာတာကတော့ ဒီတစ်ခေါက်သာ ကူညီနိုင်မည်ဖြစ်သည်။ နောက်ဖြစ်လာမယ့် ကိစ္စကတော့ ချင်လိကော ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုသည့်အပေါ် မူတည်သည်။

ရွမ်ချီသည် ချင်လိ သူ့ကောအပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ နှစ်ပေါင်းများစွာမြင်ခဲ့ရပြီး သူ့ကောအား ချင်လိထံ အပ်နှံရသည်မှာ စိတ်အချရဆုံးဟုခံစားခဲ့ရသည်။

ချင်လိတစ်ဦးတည်းသာ ရွမ်ရှောင်ထျန်းအားထာဝရအလို လိုက်လိမ့်မယ်လို့ သူ့ ရင်ထဲကနေယုံကြည်နေခဲ့သည်။

တခြားသူတစ်ယောက်သာဆိုရင် သူ့ကောကို သေချာပေါက် သိမ်းထားလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကော စားကောင်းသောက်ကောင်းနဲ့ ပြည့်စုံနေသရွေ့ အဆင်ပြေတယ်၊ သူ့ကို ပြုစုရတာလည်း သိပ်မခက်ဘူး။

သူ့ကောကို တစ်သက်လုံးထောက်ပံ့ပေးရရန်လည်း သူ ဆန္ဒရှိသည်။

“ကော ကုတင်က အရမ်းကြီးတယ်၊ ချင်လိနဲ့ အတူတူ အိပ်ဖို့ လုံလောက်တာထက်ပိုပါတယ်။ သူတို့နှစ်ယောက်စလုံးက ယောက်ျားလေးတွေပဲဟာ၊ အတူတူအိပ်တာ ဘာပြဿနာရှိမှာလဲ” ရွမ်ချီက စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး သူ၏မိဘများထံ အကူအညီတောင်းခံရန် လှည့်လိုက်သည်။

“ပါးနဲ့ မား၊ အဲ့လို မထင်ဘူးလား”

“…အာ ?”

မားမားဟူသည် မေးခွန်းကြောင့် ကြောင်သွားပြီး ရွမ်ချီသည် ရွမ်ရှောင်ထျန်းနှင့် ချင်လိတို့ကြား ဆက်ဆံရေးကို မသိကြောင်း သတိရမိကာ သူမကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်၍ သူမ ဝမ်းနည်းစေမည်ကို စိုးရိမ်သဖြင့် ခက်ခက်ခဲခဲနှင့် မရေမရာာ “ဟုတ်… ဟုတ်တယ်”

ထို့နောက် သူမသည် ခေါင်းစဉ်ကို ပါးပါးရွမ်ဆီသို့ ပစ်ချလိုက်သည်။

“ပါးပါးရွမ်၊ ရှင် ဘယ်လိုထင်လဲ” ရွမ်ပိုင်ထန်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေခဲ့ပြီး သူသည် ချင်လိ၏ စရိုက်ကို အလွန်ယုံကြည်သည်။ ရွမ်ရှောင်ထျန်း၏ လက်ရှိ ခန္ဓာကိုယ်အခြေအနေအရ ချင်လိသည် သေချာပေါက် မည်သည့်ပရမ်း ပတာမှ မလုပ်နိုင်ပေ။

ထို့ကြောင့် သူက ဆုံးဖြတ်ချက်ချလိုက်၏။

“ဒါပဲ၊ ရှောင်ထျန်း မင်း အခန်းရှင်းလိုက်၊ မင်းရဲ့ ချင်လိကော ဒီည မင်းအခန်းမှာအိပ်လိမ့်မယ်”

ရွမ်ရှောင်ထျန်း နှုတ်ခမ်းဆူကာ နစ်နာစွာဖြင့် တစ်ခုခုငြင်းခုံလိုသော်လည်း မျက်လုံးလေးစုံက ချက်ချင်းပိတ်ဆို့ထားလိုက်သည်။

ချင်လိသည် ရွမ်ရှောင်ထျန်းကို နက်ရှိုင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ နူးညံ့ပြီး ခိုင်မာသောအလင်းရောင်ဖြင့် ရွမ်ရှောင်ထျန်းသည် ဟင့်အင်းဟုမငြင်းဆိုနိုင်တော့ပေ။

သူ့ ကန့်ကွက်ချက်များအားလုံး နောက်ဆုံးတွင်အရာမရောက်ခဲ့ဘဲ ချင်လိ သူ့နယ်မြေထဲသို့ဝင်ရောက်လာသည်ကို ကြည့် နေရုံသာတတ်နိုင်ခဲ့သည်။

ဒီည ချင်လိနဲ့ ကုတင်တစ်ခုတည်း အတူအိပ်ရတော့မည်ဟု တွေးမိလိုက်သည်နှင့် ရွမ်ရှောင်ထျန်း ခေါင်းငိုက်စိုက်ကျသွားပြီးအားအင်မရှိတော့ပေ။ ရွမ်ချီ၏သကြားလုံးနှင့် ချော့မြူမှုပင် အရာမရောက်တော့ချေ။

ဟွန့်၊ သူ ရွမ်ချီကို အလွယ်တကူ ခွင့်လွှတ်မှာမဟုတ်ဘူး။ သူ့ဘက်ကနေရပ်တည်ပေးမယ့်အစား သူ့ကို ဆန့်ကျင်ခဲ့တာ။ ဒါ အရမ်းလွန်လွန်းတယ်၊ ဒီကြောင်ကို အရမ်းဝမ်းနည်းစေတယ်။ သူ ရွမ်ချီကိုအရည်အချင်းပြည့်မီတဲ့ မြောင်ချီးကျုံးသူအဆင့်ကနေ ခဏထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်သည်။

သို့သော် ထိုကိစ္စကိုမေ့ထားလို့ရသည်။ အခု အရေးအကြီးဆုံးကတော့ ဒီညအိပ်တဲ့အခါ မသိစိတ်ကနေမူလပုံစံပြောင်းလဲသွားတဲ့ပြဿနာကို ဘယ်လိုကာကွယ်ရမလဲဆိုတာ အရင်ဆုံး စဉ်းစားဖို့ပဲ !!!

အရမ်းစိုးရိမ်နေမိတယ်၊ မြောင် ~

မြောင် မြောင် ~

မြောင် မြောင် မြောင် ~

စာရေးသူ၏ပြဇာတ်တို

မေးခွန်း:

မားမားဟူနဲ့ ပါးပါးရွမ်: ရွမ်ချီ အမှန်တရားကိုသိရင် စိတ်ဆိုးမလား စိုးရိမ်မိတယ် !!

ရွမ်ချီ: ချင်လိ ကောကိုမဖမ်းနိုင်တာ အရမ်းသနားဖို့ကောင်းတယ် QAQ

ချင်လိ: နယ်မြေကို မယိမ်းယိုင်ဘဲ ခုခံမယ် ▼_▼

ရွမ်ရှောင်ထျန်း: မြောင် မြောင် မြောင် မြောင် မြောင် ~ ငါ့လို ချစ်စရာကောင်းတဲ့ သတ္တဝါကို မင်း မြင်ဖူးလား ?? ( ̄▽ ̄)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment