no

Font
Theme

🔥 Chapter 4

ချင်လိ ဝှီးချဲကို မိခင်ဖြစ်သူလက်ထဲလွှဲပေးလိုက်ပြီး ကျောကိုဆန့်တန်းကာ ခေါင်းမော့လျက် ကိုယ်နေဟန်ထားကိုပြင်လိုက်သည်။

ထို့နောက် သူ့မိဘများကို ဦးညွှတ်ကာအရိုအသေပြုလိုက်ပြီး ရွမ်ရှောင်ထျန်းဘက်သို့ လှည့်ကာ

"သွားကြရအောင်"

ရွမ်ရှောင်ထျန်း၏စိတ်ထဲတွင် 'ငါက ဘာလို့ မင်းနောက်လိုက်ရမှာလဲ? အခုချိန်မှာ မင်းမျက်နှာကို မြင်တောင် မမြင်ချင်ဘူး' ဟု ကြွေးကြော်နေမိသည်။

ချင်လိ ပြောပြီးသည်နှင့် ဆေးရုံလျောက်လမ်းအတိုင်း အရှေ့မှ အရင်ထွက်သွားသည်။ သူ့ခြေလှမ်းများကို အရှိန်မလျှော့သလို နောက်ပြန်လှည့်မကြည့်ဘဲ ရွမ်ရှောင်ထျန်းလိုက်လာမည်ကို ယုံကြည်ထားသကဲ့သို့ ရှိသည်။

ဟူရှစ်လျန်သည် ရွမ်ရှောင်ထျန်းလက်ထဲရှိ ဆေးစစ်ရလဒ် စာရွက်ကို အတင်းဆွဲယူလိုက်ပြီး

"မြန်မြန်လိုက်သွားလေ၊ ချင်လိ တော် တော် ဝေးဝေးရောက်နေပြီ”

"ကျွန်တော်..."

သူ ငြင်းဆန်ချင်သော်ငြားလည်း သူမိဘများနှင့်ချင်လိမိဘများပျော်ပျော်ရွှင်ရွှင် စကားလက်ဆုံကြနေသည်ကိုမြင်ရသော အခါ သူ ကြားဖြတ်ဝင်ကာ စကားပြောရန် အခွင့်အရေးမရရှိခဲ့ချေ။

သူ မကျေမနပ်ဖြင့် ချင်လိနောက်သို့ လိုက်သွားရုံကလွဲပြီးရွေး ချယ်စရာမရှိတော့ချေ။

သူ ချင်လိကိုယ်ဝန်လွယ်ထားရသည်ကို ချင်လိမိဘများ သိသွားကြပါက မည်သို့တုံ့ပြန်လာမည်နည်း။

၎င်းတို့ကြား ခင်မင်ရင်းနှီးသော ဆက်ဆံရေးကိုဖြတ်တောက်ပစ်မှာ အသေချာပင်ဖြစ်သည်။

ထိုအခါ သူနှင့်ချင်လိတို့သည် အပြစ်ရှိသူများဖြစ်သွားကြမည်။

၎င်းတို့ကြောင့် နှစ်ဖက်မိသားစုကြား ရင်းနှီးသော ဆက်ဆံရေးကို တိကနဲ ဖြတ်တောက်သွားစေမည့် မြင်ကွင်းကို သူ မြင်ယောင်နေမိသည်။

သူဆေးရုံအပြင်ဘက်သို့ ထွက်လာသော အခါ ချင်လိလက်ထဲတွင် အချိုမုန့်များကိုင်လျက် ဆေးရုံဘေးမှ လျှောက်လာနေ သည်ကို တွေ့လိုက်ရသည်။

ချင်လိပုံစံသည် ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး၊ တောက်ပြောင်သော သားရေဖိနပ်နှင့်ဆံပင်ကို ဂျယ်ဖြင့် သေချာ သပ်သပ်ရပ်ရပ် ဖြီးလိမ်းထားသည်။ သူ၏အပြုံးအရယ်မရှိ လေးနက်သော မျက်နှာအမူအရာသည် လက်ထဲရှိအချိုမုန့်များနှင့် လုံးဝဆန့် ကျင်ဘက်ဖြစ်နေသည်။

သို့သော် ယခုပုံစံသည် ပုံမှန်မြင်တွေ့ကြဖြစ်သော အေးစက် စက်အမူအရာနှင့်ကွာခြားလျက် နူးညံ့သော အရိပ်အယောင်တို့ ထင်ဟပ်စေသည်။

သူ မေးစေ့ကိုပွတ်သပ်ရင်း ချင်လိကို ကြည့်နေလိုက်သည်။

အင်း...မုန့်ထုပ်လေးကိုင်ပြီး လျှောက်လာတဲ့ သူ့ပုံစံလေးက ချစ်စရာတော့ကောင်းသား...

ချင်လိသည် ရွမ်ရှောင်ထျန်း၏ပေါက်ထွက်လုမတက် ကြည့်နေသော အကြည့်ကိုလျစ်လျူရှုကာ လက်ထဲရှိ အချိုမုန့်ကိုလှမ်းပေးလိုက်သည်။

"ဘာလို့ဝယ်လာတာလဲ ? ငါ ဒါကို စားချင်တယ်လို့ ပြောလိုက်လို့လား ? ဒီလိုမုန့်မျိုးက ကလေးတွေပဲ ကြိုက်တာ”

ထိုသို့ဆိုနေသော်လည်း သူ့ခန္ဓာကိုယ်က ရိုးသားစွာဖြင့် ထိုအ ချိုမုန့်ကို လှမ်းယူကာ သူ၏ပန်းနုရောင်လျှာဖျားပေါ် တင်ပြီး အရသာခံလိုက်သည်။

မုန့်က ပါးစပ်ထဲရောက်သည်နှင့် ချက်ချင်း အရည်ပျော်သွားသည်။

ချင်လိသည် သူ့အား နူးညံ့သောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

ရွမ်ရှောင်ထျန်း အချိုမုန့်ကို တော်တော်များများစားပြီးမှ သူ့စိတ်ထဲတွင် ရုတ်တရက် အသိပေးအချက်ပြသံပေါ်ထွက်လာသည်။

“မင်း ငါ့ကို ဒီမုန့်နဲ့ လာချုပ်လို့ရမယ်လို့ မထင်နဲ့၊ ငါ ဒါကို စိတ် ဝင်စားလို့ မြည်းစမ်းကြည့်ရုံပဲ"

"အင်းပါ၊ ဟုတ်ပါပြီ"

ချင်လိ သူ့စကားကို ထောက်ခံလိုက်သည်။

"မင်း အဲ့ညက ငါ့ကို ပြင်းပြင်းထန်ထန်နာကျင်စေခဲ့တာ၊ ငါ ဘယ်တော့မှ မမေ့ဘူး၊ မင်းလည်း ဒါကို လွယ်လွယ်နဲ့ မေ့ပစ် လိုက်လို့မရဘူး"

"လာ အထဲမှာသွားထိုင်ရအောင်" ချင်လိ ပြောလိုက်သည်။

၎င်းတို့ ဆေးရုံဧည့်ခန်းအတွင်းသို့ဝင်သွားသော်လည်း အတွင်းပိုင်းတွင် ထိုင်စရာနေရာလွတ်မရှိသဖြင့် ခဏအကြာတွင် အပြင်ကို ပြန်ထွက်လာကြသည်။

"အပြင်မှာပဲ ထိုင်ကြရအောင်” ချင်လိ ဆုံးဖြတ်လိုက်သည်။

ရွမ်ရှောင်ထျန်း သူ့ဘေးနားရှိ မြေကြီးကို မျက်စောင်းထိုးကြည့်ကာ မနှစ်မြို့စွာဖြင့်ညည်းညူလိုက်သည်။

"ညစ်ပတ်နေတာပဲ"

ချင်လိ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းရင်းဘယ်ဘက်မှ ညာဘက်သို့ပြောင်းထိုင်ကာ ရွမ်ရှောင်ထျန်းအပေါ် နေရောင်ခြည် တိုက်ရိုက်ကျရောက်နေခြင်းမှ ကာကွယ်ပေး လိုက်သည်။

ရွမ်ရှောင်ထျန်းအသားအရေသည် နူးညံနေသော ကြောင့် နေလောင်ဒဏ်ရာများ အလွယ်တကူရရှိနိုင်သည်။

ရွမ်ရှောင်ထျန်း မကျေမနပ်ဖြင့် ဆက်ပြောလာသည်။

"ငါ အဲ့ညက တန်ရူကို ဖွင့်ပြောဖို့ကြိုလေ့ကျင့်ထားခဲ့တာ၊ကျောင်းသားတွေလည်း ငါ့ကိုကူညီဖို့ အစီအစဉ်ချထားခဲ့တယ်၊ ဒါပေမယ့် မင်း ဝင်လာပြီး ဖျက်လိုဖျက်ဆီးလုပ်ခဲ့တာ၊တန့်ရူက ငါ့ကို လူအများရှေ့မှာကြမ်းကြမ်းတမ်းတမ်းငြင်းခဲ့တယ်၊ ပြီးတော့ ပြောသေးတယ်၊ မင်း လက်မထက်သေးသရွေ့ သူ့မှာမျှော်လင့်ချက်ရှိတယ်တဲ့၊ ငါ အရမ်းရှက်တာပဲ၊ ဖြစ်နိုင်ရင် မြေကြီးထဲသာ တွင်းတူးပြီးဝင်နေလိုက်ချင်တယ်"

ရွမ်ရှောင်ထျန်းသည် ချင်လိ၏အားနည်းချက်ကို ရှာဖွေကာ တိုက်ရိုက်တိုက်ခိုက်ရန် စိတ်ကူးထားခဲ့သော်လည်း ချင်လိနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ စက္ကန့်အနည်းငယ်ကြာအောင်ပင် မထိန်းထားနိုင်ပဲ သူ့ရင်ထဲမှ ခံစားချက်များကိုဆက်တိုက်ဆိုသလို ထုတ်ဖော်ပြောဆိုမိသွားသည်။

ချင်လိ မျက်နှာမှာ အလွန်လေးလံနေသည်။

"သူ မင်းကို မကြိုက်ဘူးလား ?"

"ဟုတ်တယ်၊ သူ ငါ့ကိုမကြိုက်ဘူး၊ သူ မင်းကို ကြိုက်နေတာလေ"

"ငါမှ သူ့ကို မကြိုက်တာ”

"တကယ်လား ?"

"တကယ်"

"ဒါဆို မင်း ဘယ်သူကိုကြိုက်လဲ ?" သူ စိတ်ဝင်တစားမေးလိုက်သည်။

ချင်လိ နှုတ်ဆိတ်နေသည်။

သူ အချိုမုန့်များကုန်သွားသောအခါ ဝါးတံကိုမြေကြီးပေါ် ပစ်ပေါက်လိုက်ပြီး စိတ်အားထက်သန်စွာပြောလာသည်။

"ပြော၊ ငါ မင်းရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားမယ်၊ မင်းက ယောက်ျားလေးတွေကို ကြိုက်တာလား? အဲ့ညက ငါသတိထားမိပါတယ်၊ ဒါနဲ့...အဲ့ညက ငါ့ကို ဘယ်သူလို့ထင်နေတာလဲ ? မင်းသူ့ကို ဘယ်လောက်ချစ်မှန်း ငါ သိလိုက်ရတယ်"

ရွမ်ရှောင်ထျန်းပြောရင်း လေသံကိုလျှော့လိုက်ပြီး

"ငါ ကြားလိုက်တယ်၊မင်း သူ့ကို 'ချစ်တယ်' ဆိုပြီးပြောနေခဲ့တာ၊ ဘာမှ ရှက်မနေနဲ့၊ ပွင့်ပွင်လင်းလင်းပြောစမ်းပါ၊ ငါ့ စိတ်ထဲပဲ ထားထားမှာ"

ချင်လိ ရုတ်တရက်မေးလိုက်သည်။

"မင်း ဘာတွေထပ်ကြားလိုက်သေးလဲ ?"

ရွမ်ရှောင်ထျန်း ထိတ်လန့်သွားကာ ခေါင်းကိုအလျင်အမြန် ခါးယမ်းလိုက်ပြီး

"နိုး...ဒီ့ထက်ပိုပြီး ဘာမှမကြားဘူး၊ တကယ် ငါ မင်းကိုမလိမ်ဘူး၊ ကျိန်ရဲတယ်"

သို့မှသာ ချင်လိ၏မျက်နှာပြေလျော့လာကာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

ရွမ်ရှောင်ထျန်းသည် ချင်လိ၏ရှုံ့တွနေသော မျက်နှာကိုကြည့်ပြီး မကျေမနပ်ဖြင့်

"မပြောချင်ရင်လည်း မပြောနဲ့၊ ငါလည်း မသိချင်ပါဘူး၊ တနေ့တော့ မင်း အမှားအတွက် ငါ့ရှေ့မှာ ဒူးထောက်ပြီးတောင်းပန်အောင် ငါ လုပ်ပြမယ်"

ရွမ်ရှောင်ထျန်း စိတ်တိုသွားပြီး ချက်ချင်းထကာဆေးရုံထဲသို့ ပြန်ဝင်သွားသည်။ ချင်လိ သူ စိတ်ဆိုးသွားသည်ကိုသိလိုက်သည်။

ချင်လိ သူ့လက်ကိုလှမ်းဆွဲလိုက်ပြီး

“ခဏနေဦး”

ရွမ်ရှောင်ထျန်း စိတ်ဆိုးနေသော မျက်နှာဖြင့် ချင်လိကိုလှမ်းကြည့်လိုက်သော်လည်း သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။

ချင်လိသည် ပတ်ဝန်းကျင်၏စူးစမ်းသောအကြည့်များကို လျစ်လျူရှုလျက် ဒူးထောက်ထိုင်ချကာ သူ့ ဖိနပ်ကြိုးများကို ချည်ပေးလိုက်သည်။

ရွမ်ရှောင်ထျန်း အနည်းငယ်ထိတ်လန့်သွားသော်လည်း သူ့ခြေ ထောက်ကိုပြန်မဆွဲယူပဲ ချင်လိအား ဂရုတစိုက်ချည်ခွင့်ပေး လိုက်သည်။ သူ့လုပ်ရပ်မှာ မှားယွင်းနေသလို ခံစားရသသည်။ သို့သော် ချင်လိသည် ကလေးဘဝကတည်းကပင် သူ့အား ထိုသို့ ဂရုတစိုက်စောင့်ရှောက်ပေးလာသူဖြစ်ရာ မည်သည့်အရာက မှားယွင်းနေသည်ကို သူလည်းနားမလည်တော့ချေ။

ချင်လိ ဖိနပ်ကြိုးကို သပ်ရပ်စွာချည်ပေးလိုက်ပြီးနောက် မတ် တတ်ရပ်ကာ ပေါ့ပါးသောအမူအရာဖြင့် ရွမ်ရှောင်ထျန်းကို အာရုံစိုက်ကာ

"မပြေးနဲ့၊ ချော်လဲမယ်၊ ငါ မင်းကိုလိုက်ပို့ပေးမယ်"

"မင်း ငါ့ကို သုံးနှစ်သားကလေးလို မဆက်ဆံပါနဲ့..."

ချင်လိ လျစ်လျူရှုလိုက်ပြီး “သွားကြရအောင်"

"အွန်း"

ရွမ်ရှောင်ထျန်း အလိုအလျောက် ခေါင်းညိတ်လိုက်မိသည်။ သူထင်ထားသည်ထက်ပင် ချင်လိစကားအား ပိုလိုက်နာနေမိ သည်ကို ဝမ်းနည်းစွာတွေ့ရှိခဲ့ရသည်။

ချင် Group သည် အသေးစိတ်အချက်အလတ်များစွာမရှိဘဲ တူညီသောအရာကိုလုပ်ဆောင်နိုင်သည့် ပထမဦးဆုံးလူဖြစ် သည်။

ချင်မိသားစုထဲသို့ လျှို့ဝှက်စွာဝင်ရောက်ကာ ချင်လိအား မြူစွယ်ရန် ကြိုးစားခဲ့ကြသော အမျိုးသမီးများမည်မျှရှိနေလောက်မည်နည်း။

Sijiu city တွင် ချင် Group အမည်ကိုမသိသူမရှိသလောက်ပင် လွှမ်းထားနိုင်ပြီး မရေတွက်နိုင်သော စီးပွားရေးလုပ်ငန်းများ ၏ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိသည်။

ချင်မိသားစုသည် စီးပွားရေးလောကထဲ အခြေချလာခဲ့သည် မှာ အချိန်အတော် ကြာမြင့်ပြီဖြစ်ရာ၎င်း၏ စီးပွားရေးအခြေ စိုက်စခန်းမှာ ခိုင်မာလွန်းသည့်အတွက် ပြင်ပသူများ သွေးထိုးလှုံဆော်မှုဖြင့် လုပ်ငန်းစုအားယိုင်လဲသွားအောင် လုပ်လို့မရနိုင်ပေ။ ချင် Group နှင့် ထိပ်တိုက်တွေ့ပါက အခြားကုမ္ပဏီများပင်လျှငိ လမ်းဖယ်ပေးကြရသည်။

ချင် Group နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် စွမ်းရည်ပြယုဂ်ဖြစ်ပြီး ချင်လိနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိတည် ဆောက်နိုင်ခြင်းသည် အာဏာသင်္ကေတဖြစ်သည်။

ချင် Group နှင့်ဆက်ဆံရေးကောင်းတည်ဆောက်လိုသော မရေမတွက်နိုင်သော ကုမ္ပဏီများစွာရှိပြီး ချင်မိသားစု၏အုပ် ချုပ်ရေးကို မကြာသေးမီက ဆက်ခံထားသော ချင်လိအား ပြင်ပလောကမှ အထူးဂရုစိုက်လျက်ရှိသည်။

ချင်လိသည် ကလေးဘဝတည်းကပင် ထူးခြာသော စီးပွားရေးစွမ်းရည်များကိုပြသခဲ့ပြီး ချင်မုသည်လည်း သားဖြစ်သူအား ကုမ္ပဏီအတွင်း ဝင်ရောက်နိုင်ရန် ရည်ရွယ်ကာလေ့ကျင့်ပျိုး ထောင်ပေးခဲ့သည်။သို့ဖြစ်ရာ အလယ်တန်းကျောင်းသားအရွယ်၌ပင် ချင်လိသည် ကုမ္ပဏီကို ခဏတာစီမံခန့်ခွဲနိုင်ခဲ့ပြီး အရေးပါသော ဆုံးဖြတ်ချက်များချမှတ်နိုင်ခဲ့သည်။

ချင်လိ၏ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် ကောင်းမွန်သော အကြံ ပေးချက်များကြောင့် ချင် Group ၏အကျိုးစီးပွားကို မြင့်သထက်မြင့်အောင် ဆွဲတင်ပေးနိုင်ခဲ့ပြီး ပုံမှန်အခြေအနေထက် တိုးတက်လာခဲ့သည်။

ချင်လိသည် ရင့်ကျက်ပြီး ထက်ထက်မြက်မြက်ရှိကာ မလိုအပ်ပဲ အဓိပ္ပာယ်မရှိသောစကားများကိုမပြောတက်ပေ။ သို့သော် စီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်ရာတွင် မည်မျှပင် ထူးချွန်ပါစေ သူ့အချစ်ဇာတ်လမ်းများမှာ အလွန်ရှုပ်ထွေးလှသည်။

ချင်လိသည် အလှတရားနှင့် ဩဇာအာဏာနှစ်မျိုးလုံးကိုပိုင် ဆိုင်ထားသူဖြစ်ပြီး လက်မထပ်ဟု ခိုင်ခိုင်မာမာငြင်းဆိုထားပြီး ကမ္ဘာကြီး၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သူဖြစ်သည်။

ချင်လိ နှလုံးသားသည် ဥက္ကာခဲကဲ့သို့ မာကျောလွန်းနေပြီး မည် သူမျှ နှိုးဆွ၍မရနိုင်ပေ။ သူ ထိုအရာကိုမလိုချင်လျှင် မည်သူ တစ်ဦးတစ်ယောက်မှ ဝင်ရောက်ပြောဆို၍မရချေ။

ပြင်ပလောကမှလည်း "ချင်လိရဲ့ မျက်လုံးကို ဘယ်အလှလေးကဖမ်းစားနိုင်မှာလဲ ?" " ဟု စိတ်ဝင်တစားပြောဆိုနေကြသည်။

တစ်ချို့ကမူ ချင်လိသည် အေးစက်ပြီး စကားနည်းကာလူမှု ရေးစည်းမျဉ်းများကို နားမလည်သလို၊တဖက်လူအား မည်သို့ဂရုစိုက်ရမည်ကို မသိကြောင်းကို ပြောဆိုနေကြသည်။

ထိုစကားများသည် ရွမ်ရှောင်ထျန်း နားထဲ ရောက်လာခဲ့သည်။သူ အချိုမုန့်ဖြင့် ဖြားယောင်းခံရပြီး ဘေးနားရှိ ရှမ့်ဝမ်ကျင်းအား "ချင်လိက နူးညံ့ပါတယ်။ လူတွေကိုလည်း ဂရုစိုက်တတ်တယ်။ငါနေမကောင်းရင် ငါ့ဘေးမှာ အမြဲရှိနေပေးတယ်။ စကားနည်းတာကောင်းတယ်၊ နားမငြီးတော့ဘူးပေါ့"

သူ့ တက္ကသိုလ်က အတန်းဖော်တစ်ဦးဖြစ်သည့် ရှမ့်ဝမ်ကျင်းသည် သူ့အားကြည့်ကာ သက်ပြင်းချလိုက်ပြီး ချင်လိသည် နေမဟုတ်ဘဲ မိုးကြိုးမုန်တိုင်းဖြစ်နေသည်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။

ရွမ်ရှောင်ထျန်းအပေါ် ချင်လိ၏ဆက်ဆံပုံသည် ထူးခြားနေ သည်ကို တခြသူများမြင်နိုင်သော်လည်း ကာယကံရှင်ကိုယ် တိုင်ကမူ မမြင်နိုင်ခဲ့ပေ။ သူသည် ချင်လိအား သူ့ပြိုင်ဘက်တစ်ယောက်အဖြစ်သာ သတ်မှတ်ထားပြီး တစ်ခါတစ်ရံ သူ့မိတ်ဆွေကောင်းတစ်ယောက်နှင့် တင်းကြပ်သော အစ်ကိုတစ်ယောက်အဖြစ်သဘောထားလေ့ရှိသည်။

နှစ်ယောက်သား ဆေးရုံလျှောက်လမ်းအတိုင်း လျှောက်လာကြသည်။ ရွမ်ရှောင်ထျန်းသည် ရှေ့မှ ပျော်ရွှင်စွာခုန်ပေါက်လျက်လျှောက်သွားပြီး ချင်လိက အနောက်မှအေးဆေးတည် ငြိမ်စွာလိုက်လာသည်။ ချင်လိမျက်လုံးများသည် ရွမ်ရှောင်ထျန်းအပေါ် အာရုံစိုက်ထားပြီး၊ အနည်းငယ်မျှလှုပ်ရှားမှုတစ်ခုပေါ်ပေါက်ပါက ချင်လိ ချက်ချင်းလှုပ်ရှားနိုင်သည်။

ရွမ်ရှောင်ထျန်း ခုန်ပေါက်နေရင်း ရုတ်တရက် ဗိုက်ထဲတွင် တစ်ခုခု လှည့်ပတ်နေသလို ခံစားလိုက်ရပြီး လည်ချောင်းတစ်ဝိုက်တွင် ယားရံလာသည်။ သူ တုံ့ပြန်ဖို့ပင် အချိန်မရတော့ပဲ ဘေးရှိ အမှိုက်ပုံးကို အလျင်အမြန်ဆုပ်ကိုင်ရင်း အန်ထုတ်ရန်ကြိုးစားလိုက်သည်။

သူ ပြန်လည်သက်သာလာသောအခါ တနေကုန် မည်သည့်အစာမှစားထားခြင်း မရှိသဖြင့် အန်ထွက်စရာလည်း မရှိသည်ကို သတိရသည်။ သို့သော် အန်ချင်စိတ်ကတော့ ထိန်းရခက်နေဆဲဖြစ်ပြီး၊ ပါးစပ်တစ်ဝိုက်တွင် ခါးသက်သက်နှင့် မခံမရပ်နိုင်ဖွယ် အနံ့ဆိုးများ ရှိနေဆဲဖြစ်သည်။

ချင်လိ ဤသည်ကိုမြင်တော့ အပြေးတစ်ပိုင်းရောက်လာပြီး သူ့ကျောကို ညင်သာစွာပုတ်ပေးလိုက်သည်။

“အန်တီပြောတာ ကြားတယ်၊ မင်း ဆေးရုံမှာ ဆေးလာစစ်တာဆို၊ နေမကောင်းဘူးလား ? ဘယ်နေရာမှာ ဘယ်လိုခံစားနေရလို့လဲ ?”

သူ့ခြေလက်များပျော့ခွေလာပြီး ပါးစပ်ထဲတွင် ခါးသက်သက် အနံ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ ရွမ်ရှောင်ထျန်းသည် ချင်လိမျက်နှာကိုမြင်ကာ ဒေါသပိုထွက်လာပြီး သူ့ကိုတွန်းထုတ်လိုက်သည်။

“သွားစမ်းပါ၊ ငါ့ကို လာစိတ်ပူမနေနဲ့၊ ငါနဲ့ ဝေးဝေးမှာသွားနေ”

"ဟေး!"

ချင်လိ စိုးရိမ်တကြီးအော်လိုက်သည်။

သူ့လုပ်ရပ် မှားယွင်းနေသည်တော့မဟုတ်ပေ။ ချင်လိကြောင့်သာ မဟုတ်လျှင် သူ ဒီအခြေအနေမျိုးရောက်လာလိမ့်မည် မဟုတ်ချေ။

"မင်းနဲ့မဆိုင်ဘူး၊ ငါ့ကို လာစိတ်ပူမနေနဲ့!" သူ အရှိန်မြင့်ပြီး အရှေ့သို့ ခပ်သုတ်သုတ် လျှောက်သွားသည်။

ချင်လိ မျက်နှာချင်းဆိုင်ရပ်နေရင်း ထိုအတိုင်းကျန်နေခဲ့ပြီး ယခုတစ်ကြိမ်တွင် ဒေါသထွက်ရမည့်အစား စိုးရိမ်စိတ်တို့သာ ကြီးစိုးနေခဲ့သည်။

ချင်လိ ရွမ်ရှောင်ထျန်း၏ မိဘများနှင့်တွေ့ဆုံပြီးနောက် အခြေ အနေကိုမေးမြန်းသော်လည်း ဘာမှမဖြစ်ဟူ၍သာ ဖြေကြားပြီး တိကျသောအကြောင်းရင်းနှင့် အခြေအနေကို ရှင်းမပြဘဲ ဝေဝါးစွာ ပြုမူနေကြသည်။

ရွမ်ရှောင်ထျန်းသည် တစ်စုံတစ်ခုဖုံးကွယ်ထားပုံရပြီး သူ့အား ရှောင်ဖယ်နေကာ မျက်လုံးချင်းဆုံအောင် ကြည့်ရန်ပင် ငြင်း ဆန်နေခဲ့သည်။

ဟူရှစ်သည် ဤအချက်ကိုသတိပြုမိပြီး ၎င်းတို့၏ပုံမှန်မဟုတ်သော အပြုအမူကိုမျက်ခြည်မပြတ်စောင့်ကြည့်နေသည်။

ချင်လိနှင့်အခြားသူများရှေ့တွင် မည်သည့်အရိပ်အယောင်မှ ထုတ်မပြပဲ အိမ်သို့ပြန်လာခဲ့ကြသည်။ ထို့နောက် ဟူရှစ် သားဖြစ်သူ ရုတ်တရက်ဆွဲလိမ်ပြီးမေးလိုက်သည်။

"မင်း ဘယ်သူနဲ့အိပ်လာတာလဲ ? ဒီကလေးရဲ့အဖေက ဘယ်သူလဲ ?'

“အား၊ နာတယ် နာတယ်…” ရွမ်ရှောင်ထျန်း ကြောက်လန့်တ ကြား အော်လိုက်သည်။

"မင်းက လွတ်လပ်ခွင့်တွေ အလွန်အကျွံယူခဲ့တာပဲ! မြန်မြန်ပြောစမ်း! မပြောရင် မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်"

"မလုပ်ပါနဲ့!"

"အမှန်တိုင်းပြောစမ်း၊ မင်း ဘယ်သူနဲ့အိပ်လာတာလဲ ? မင်း ကြိုက်နေတဲ့ မိန်းကလေးနဲ့လား ? သူ့နာမည်က တန်ရူလို့ခေါ်တာလား? ဒါမှမဟုတ် မင်းရဲ့ နတ်ဘုရားမလား ? မင်း ဘယ်သူနဲ့မှားအိပ်လာတာလဲ?"

ရွမ်ရှောင်ထျန်းသည် မိခင်ဖြစ်သူ၏လက်အောက်မှ ရုန်းထွက်ပြီး နီရဲနေသော နားရွက်ကို ပွတ်သပ်ရင်း ငိုမဲ့မဲ့မျက်နှာဖြင့် ပြောလာသည်။ သူ့အမေထံမှ မျက်လုံးနီနေသော

"သူက ကျွန်တော့်နတ်ဘုရားမ ဖြစ်နေတုန်းပဲ..."

"ဒီလိုမိန်းကလေးမျိုးကို 'နတ်သမီး'လို့ မင်းခေါ်နေရင် တခြားသူတွေ ထိခိုက်မှာစိုးရိမ်တယ်၊ လိမ္မာပါတယ်" ဟု ဟူရှစ် ခဏနားပြီး ပြောလိုက်သည်။

ဟူရှစ် လက်ကိုချလိုက်ပြီး ယုံကြည်ရန်ခက်ခဲသော်လည်း သူ သံသယဝင်နေသော အရာကိုစဉ်းစားမိသွားသည်။

"ချင်လိလား ? ဒီကလေးရဲ့အဖေက... ချင်လိလား ?"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment