no

Font
Theme

🔥 Chapter 35

ချင်လိသည် ရွမ်ထျန်းကို အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။ ရွမ်ထျန်းသည် သူဘေးကင်းကြောင်း သူ့မိဘများကို ကြိုတင် အ ကြောင်းကြားပြီးဖြစ်ရာ ရဲစခန်းသို့ တိုင်ကြားမည့်ကိစ္စကို စွန့်လွှတ်လိုက်ကြသည်။ ရွန်ထျန်း ပါးပါးရွမ်နှင့်ဖုန်း ပြောနေစဥ် တစ်လျှောက်လုံး ရွမ်ပိုင်ထျန်း၏လေသံသည် အလွန်အေးစက်နေပြီး သူဒေါသများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ဖခင်ဖြစ်သူသည် သူ့အား စိုးရိမ်မှုနှင့်အတူ ဒေါသထွက်နေကြောင်း ရွမ်ထျန် နားလည်သဖြင့် တုန်တုန်ယင်ယင်နှင့် တိုးလျစွာ အကြိမ်ကြိမ်တောင်းပန်ခဲ့ရသည်။

ရွမ်ပိုင်ထျန်းသည် ဒေါသတကြီးဖြင့် "အခုချက်ချင်း အိမ်ပြန်လာခဲ့" ဟုသာ ပြောပြီး ဖုန်းကို ချက်ချင်းချပစ်လိုက်သည်။

ချင်လိသည် ရွမ်ထျန်းအား အိမ်‌ရှေ့သို့လိုက်ပို့ပေးပြီးနောက် မျက်နှာညိုးနေသည်ကို မြင်သောအခါ သူ့လက်ဖဝါး အား ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်ပြီး "ငါ မင်းနဲ့လိုက်ခဲ့ပေးရမလား?" ဟု မေးလိုက်သည်။

"ရပါတယ်၊ ငါ တစ်ယောက်တည်း ဝင်လို့ရတယ်၊ ပါးပါးနဲ့ မားမားက ငါ့ကိုစိတ်ပူနေကြတာ"

သူ စိတ်မချမ်းမသာဖြင့် ပြောလိုက်သည်။

"မင်း မမှားဘူး၊ ဒီကိစ္စက မင်းထိန်းချုပ်နိုင်တဲ့အရာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့"

"အင်းပါ၊ မင်း ပြန်တော့လေ၊ ငါ့ မိဘအကြောင်းကို မင်းလည်းသိသားနဲ့၊ သူတို့က ယဉ်ကျေးကြပါတယ်၊ တကယ်လို့ ငါ့ကို ဆူပူကြိမ်းမောင်းမယ်ဆိုရင်လည်း နာခံဖို့ အဆင်သင့်ပဲ”

ရွမ်ထျန်း စိတ်ပိုင်းဖြတ်ထားပုံရသည်။

ရွမ်ထျန်း၏စကားများမှာ အဓိပ္ပာယ်ရှိနေသည်။ ထို့အပြင် ပါးပါးရွမ်နှင့် မားမားဟူတို့သည် သူ့အား အလွန်ချစ်သောကြောင့် ဆူပူကြိမ်းမောင်းကြမည် မဟုတ်ပေ။ ချင်လိသည် ရွမ်ထျန်းအား အကြံအနည်းငယ်ပေးပြီးနောက်လှည့်ကာ ဓာတ်လှေကားဆီသို့ တည့်တည့်လျှောက်သွားသည်။

ရွမ်ထျန်းသည် ချင်လိထွက်သွားသည်ကို ကြည့်ပြီး ရှုပ်ထွေးနေသောမျက်နှာ အမူအရာဖြင့် အသက်ကိုပြင်းပြင်းရှူသွင်းကာ တံခါးခေါက်ရန် သူ့လက်ကိုမြှောက်လိုက်သည်။ သူ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငုံ့ထားလိုက်ပြီး သူ့အမှားကို ဝန်ခံရန် ကောင်းမွန်သောသဘောထားကို ပြသလိုက်သည်။

"ကလစ်" ဟူသော အသံနှင့်အတူ တင်းကျပ်စွာပိတ်ထားသောတံခါးသည် လျှင်မြန်စွာ ပွင့်လာသည်။ ရွမ်ထျန်း လှုပ်ရှားမှုမပြုမီ ရုတ်တရက် သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲကာပွေ့ဖက်ခြင်းကိုခံလိုက်ရသည်။ ရင်းနှီးသော အပူချိန်သည် နှစ်စက္ကန့်မျှနီးကပ်စွာရှိနေပြီးနောက် ပြန်ခွာလိုက်ကြသည်။

ဟူရှစ်သည် ရွမ်ထျန်းပခုံးများကိုဆွဲကိုင်လိုက်ပြီး သူ့ဆံပင်မှ ခြေဖဝါးအထိ ထိခိုက်ဒဏ်ရာရှိမရှိစစ်ဆေးပြီး မည်သည့်ဒဏ် ရာမှ မတွေ့ရှိကြောင်းသေချာမှသာ စိတ်သက်သာရာရသွားသည်။

သို့သော် ခဏအကြာတွင် သူ ရွမ်ထျန်းအားဒေါသတကြီး ဆူပူလာသည်။

"ဒီကောင်လေး၊ မင်း ဒီရက်တွေမှာ ဘယ်မှာသွားနေနေတာလဲ? မားတို့ သေလုနီးပါးစိတ်ပူနေတာသိလား? ဘာပဲဖြစ်ဖြစ် အပြင်ထွက်ရင် နေ့တိုင်းအကြောင်းကြားရမယ်လေ၊ ဖုန်းတောင်မယူဘဲထွက်သွားတယ်။ ချင်လိသာ မင်းအဆင်ပြေတယ်လို့ အာမမခံခဲ့ရင် မင်းတစ်ခုခုဖြစ်နေပြီလို့ မားတို့ ထင်တော့မှာ”

ဟူရှစ် ရုတ်တရက် ဆက်မပြောနိုင်တော့ပေ။

ရွန်ထျန်းသည် မိခင်ဖြစ်သူကို ကြည့်ပြီးနောက်၊ ဘေးရှိ ပါးပါးရွမ်ဘက်သို့ မျက်လုံးအကြည့်များလှည့်သွားကာအပြစ်ရှိသည့်လေသံဖြင့် "ပါးပါး၊ မားမား၊ သား တောင်းပန်ပါတယ်နော်၊ နောက်တစ်ခါ ဒီလိုမလုပ်တော့ပါဘူး" ဟု ပြောလိုက်သည်။

ဟူရှစ် သက်ပြင်းချလိုက်ပြီး ရွမ်ထျန်း၏ခေါင်းကိုထပ်မံပွတ်သပ်လိုက်သည်။

"သား အမှားကို ဝန်ခံတဲ့စိတ်ရှိတာကောင်းပေမယ့် ဒီကိစ္စကို မားတို့ကို သေချာကို ရှင်းပြမှရမယ်။မင်း ဒီရက်ပိုင်းဘယ်ရောက်နေတာလဲ? ချင်လိ မင်းကို ဘာလို့ဝှက်ထားတာလဲ? ချင်လိက မင်းကို အနိုင် ကျင့်တယ်ဆိုရင် မားတို့ကို ပွင့်ပွင့်လင်းလင်းပြော မားတို့ မင်းဘက်ကရပ်တည်ပေးမယ်"

ချင်လိ၏ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားမှုသည် ရွမ်ထျန်းမိဘများမှ သူ့အပေါ် ယုံကြည်စိတ်ချခဲ့မှုများကိုလျော့နည်းစေခဲ့ကြောင်း သိသာထင်ရှားစေသည်။

ရွမ်ထျန်း အလျင်အမြန်ရှင်းပြလာသည်။

"မား၊ချင်လိက ကျွန်တော့်ကိုအနိုင်မကျင့်ပါဘူး။သူ ဒီရက်တွေမှာ ကျွန်တော့်ကို အများကြီးကူညီပေးခဲ့တာ၊ သူ့ကို အထင်မလွဲပါနဲ့နော်"

သူ အလွန်စိုးရိမ်နေသော မျက်နှာအမူအရာဖြင့်ပြောလိုက်သည်။

ရွမ်ပိုင်ထျန်း မကျေမနပ်ဖြင့်ဝင်ပြောလာသည်။

"ဒါဆို ဒီကိစ္စကို သေချာရှင်းပြလေ၊ မင်းက ချင်လိကျတော့ အကူအညီတောင်းလို့ရပြီး ပါးနဲ့မားကိုကျတော့ ဘာလို့မဆက်သွယ်တာလဲ?"

ရွမ်ထျန်းသည် ဖခင်ဖြစ်သူ၏လေသံ အနိမ့်အမြင့်ကို သေချာ ခွဲခြမ်းစိတ်ဖြာနိုင်သည်။ ရွမ်ပိုင်ထျန်းစကားများတွင် မနာလိုခြင်း အရိပ်အမြွက်များရောယှက်နေကြောင်း သူသတိထားမိသည်။

သို့သော် သူသည် ယခုအချိန်တွင် ထိုသည်ကိုအာရုံမစိုက်နိုင်ပဲ သူ့စိတ်ထဲတွင် မိဘများအား မည်သို့ရှင်းပြရမည်ဟူသော အတွေးများဖြင့်သာ ပြည့်နှက်နေသည်။ ချင်လိ သူ့အားအိမ်ပြန်ပို့သည့်လမ်းတွင်သူ ဤကိစ္စကို လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ ချင်လိ အကြံပြုထားသည်မှာ အကယ်၍ ကိစ္စကို သေချာရှင်းလင်းစွာမရှင်းပြနိုင်ပါက မည်သည့်ဖြေရှင်းမှမပေးပဲ ဆိတ်ဆိတ်နေခြင်းက ပိုကောင်းသည်ဟု ဆိုသည်။

"ပါးပါး၊ မားမား"

ရွမ်ထျန်းသည် ချင်လိ၏အကြံပြုချက်ကို လက်ခံရန်ဆုံးဖြတ်ခဲ့သည်။

"ပြောရရင် ဒီကိစ္စကအရမ်းရှုပ်ထွေးတယ်၊ ကျွန်တော် အခု မပြောချင်သေးဘူး၊ နောက်မှ ပြောလို့ရမလားဟင်"

ရွမ်ထျန်းသည် ထိုစကားကို ဂရုတစိုက်မေးမြန်းလိုက်ပြီး တစ်ချိန်တည်းမှာပဲ အပြစ်ရှိသလိုခံစားရလိုက်သည်။ ပါးပါးရွမ်နှင့်မားမားဟူသည် သူ့တောင်းဆိုချက်ကို ပြင်းပြင်းထန်ထန်ကန့် ကွက်ပြီး အမှန်အတိုင်းပြောခိုင်းလာမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် သူမသိခဲ့သည်က သူ့စကားများသည် ၎င်းတို့၏စိတ်ထဲတွင် မတူညီသည့်ကောက်ချက်ချမှုများဖြစ်ပေါ်နေခဲ့သည်။၎င်းတို့သည် ရွမ်ထျန်း တစ်စုံတစ်ခုခံစားလာရသဖြင့် နာကျင်ကာ ထိုဒဏ်ရာကို ထပ်ပြီး အစမဖော်လိုကြောင်းထင်မြင်ယူဆခဲ့ကြသည်။ ပါးပါးရွမ်နှင့် မားမားဟူတို့သည် အချင်းချင်းအကြည့် ချင်းဆုံလိုက်ပြီး ယခုအချိန်တွင် မေးခွန်းများထုတ်နေခြင်းကို ရပ်တန့်ရန်အချက်ပြလိုက်ကြသည်။ ဤအချိန်တွင် အမှန်တရားသည် အရေးအကြီးဆုံးမဟုတ်တော့ပေ။ ထို့ထက် ပိုအရေးသည်မှာ ၎င်းတို့သားလေးဘေးကင်းလုံခြုံစွာရှိနေခြင်းပင်။

"ဒါဆိုလည်း မင်းပြောချင်တဲ့အချိန်မှ မားကိုပြောပြ၊ ဟုတ်ပြီလား? ဒါပေမယ့် နောက်တစ်ခါ ဒီလိုမပြောမဆိုနဲ့ ပျောက်မသွားရဘူးနော်၊ မားတို့ အသက်ကြီးနေပြီ၊ ဒီလို ပူပန်နေရတဲ့ ခံစားချက်မျိုးကို သည်းမခံနိုင်ဘူး"

ရွမ်ထျန်း လေးလေးနက်နက်ဖြင့် ခေါင်းညိတ်လိုက်ပြီး

"ဟုတ်၊ နောက် ဒီလိုမဖြစ်စေရဘူးနော်"

"မင်း စားပြီးပြီလား?"

"ဟင့်အင်း"

ဟူရှစ်၏မျက်လုံးများသည် ရွမ်ပိုင်ထျန်းဘက်သို့ ချက်ချင်းလှည့်သွားပြီး စိုးရိမ်တကြီးဖြင့်

"ပါးပါးရွမ်၊ သွား ရွမ်ထျန်းအတွက် မီးဖိုချောင်ထဲမှာ ကောက် ညှင်းချဉ် အမြန်သွားယူလာချည်" ဟု ပြောလိုက်သည်။

"မင်းအရင်က ကောက်ညှင်းချဉ်စားချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား? မင်းပြန်လာမယ်လို့ပြောတာနဲ့ ချက်ချင်းကြက်ဥထည့်ပြီး မား အဆင်သင့်လုပ်ထားတယ်"

ရွမ်ထျန်း စိတ်လှုပ်ရှားသွားခဲ့ပြီး မိခင်ဖြစ်သူ ရင်ခွင်ထဲပြေးဝင်ကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်ပြီး ငိုသံများရော စွက်လျက် တိုးညှင်းစွာ ပြောလိုက်သည်။

"မား၊မားက အကောင်းဆုံးပဲ၊ ကျေးဇူးတင်ပါတယ်"

ထိုနောက် သူ ခေါင်းမော့ကာ ဟူရှစ် ပါးကိုနမ်းလိုက်သည်။

ဟူရှစ်သည် အရှေ့ပိုင်းတွင် ဒေါသထွက်နေခဲ့သော်လည်း သားဖြစ်သူ၏ နမ်းရှုံမှုကြောင့် ဒေါသများချက်ချင်းလျော့ပါးသွားခဲ့သည်။ သူ့မျက်နှာကို ပွတ်သပ်ရင်း အပြုံးကိုမဖုံးကွယ်နိုင်ဘဲ တမင်ပြောလိုက်သည်။

"မင်းက အရွယ်ရောက်နေပေမယ့် ကလေးတစ်ယောက်လိုချွဲနေတုန်းပဲ၊ နောင် မားရဲ့အားနည်ချက်ကို အသုံးချပြီး အခွင့် ကောင်းယူဖို့ မကြိုးစားရဘူးနော်"

ရွမ်ထျန်းသည် မိခင်ဖြစ်သူ၏မျက်နှာအမူအရာကိုကြည့်ပြီး သဘောကျစွာရယ်မောလိုက်သည်။ ထို့နောက် သူ စိတ်သက် သာရာရကာ ဟူရှစ်လက်မောင်းကို ရင်းရင်းနှီးနှီပွေ့ဖက်ထားရင်း "မားကလည်း ကျွန်တော် လူကြီးမဖြစ်သေးပါဘူး၊ ကျွန် တော်က အမြဲတမ်း မားရဲ့ကလေးလေးပဲ ရှိနေသေးတာ" ဟု ပြောကာ ချိုမြိန်စွာပြုံးပြလိုက်သည်။

"ဟုတ်ပါပြီ၊ဟုတ်ပါပြီ၊ မားကို စိတ်ပူအောင်လုပ်ပေးတဲ့ မားရဲ့ကလေးလေး"

ဟူရှစ် ချစ်စနိုးဖြင့် ပြန်ပြောလိုက်သည်။

"နောက် မား စိတ်ပူအောင် မလုပ်တော့ဘူး၊ စကားနားထောင်ပါ့မယ်နော်"

"တကယ်လား?"

"တကယ်"

၎င်းတို့ကြား လေထုမှာ ပိုမိုသက်တောင့်သက်သာဖြစ်လာသည်နှင့်အမျှ မူလက ဝမ်းနည်းခြင်းနှင့်စိုးရိမ်မှုတို့ ရောယှက်နေသော အငွေ့အသက်များလည်း ပျောက်ကွယ်သွားကာ ယခင်လို စကားပြောရင်း ရယ်ရင်း မောရင်းဖြင့် ပျော်ရွင်ဖွယ်ကောင်း သော မိသားစုဘဝလေးဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရွန်ထျန်းသည် ကိုက်လန်စားပြီးနောက်၊ သူ့ဖုန်းကိုရှာဖွေကာ ချင်လိထံ သူ့မိဘများ ခွင့်လွှတ်လိုက်ပြီးဖြစ်ကြောင်း မက်ဆေ့ပေးပို့ခဲ့သည်။

ချင်လိသည် ဖုန်းကိုင်ထားပြီး သူထံမှ တုံ့ပြန်လာမည်ကို စောင့်ဆိုင်းနေသကဲ့သို့ ရွမ်ထျန်းမက်ဆေ့ပို့ပြီးမကြာမီ ချင်လိထံမှ "အင်းပါ၊ မိဘတွေနဲ့ အချိန်ဖြုန်းလိုက်ဦး" ဟူသော မက်ဆေ့ကို ချက်ချင်းရရှိခဲ့သည်။

ရွမ်ထျန်းသည် ကျေနပ်စွာဖြင့် ဖုန်းကိုပိတ်လိုက်ပြီး ပန်းကန်ကိုမီးဖိုခန်းသို့သယ်ဆောင်ကာ ပါးပါးရွမ်နှင့် မားမားဟူတို့ ရှိရာ ဆိုဖာသို့ပြေးသွားပြီး ၎င်းတို့ကြားတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ဖိနပ်ချွတ်ကာ Weibo ဖွင့်လိုက်ပြီး သူ့အားချီးကျူးထားကြသော မှတ်ချက်များနှင့် ပရိသတ်များကိုပြလိုက်သည်။

ဟူရှစ် စိုးရိမ်တကြီးဖြင့် သတိပေးလိုက်သည်။

"ကောင်လေး သတိထားလေ၊ အရင်လို ပြေးလွှားမနေနဲ့"

"သူက သန်မာပြီးသားပါ" ဟူသော အသိသည် ရွမ်ထျန်း၏ စိတ်ထဲတွင် ရေးထွင်းထားသကဲ့သို့ဖြစ်နေသည်။ သူသည် အရင်းအမြစ်ကို ခြေရာခံမနိုင်သော်လည်း သူပိုင်ဆိုင်ထားသော ကြောင်ခန္ဓာကိုယ်သည် အလွန်ဖြတ်လတ်သန်မာပြီးလူသားကဲ့သို့ နုနုဖတ်ဖတ်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားရသည်။

ဟူရှစ်သည် ကလေးတစ်ယောက်လို ပြုမူနေသေးသော ရွမ်ထျန်းအားကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သော်လည်း မည်သို့မှမတက်နိုင်ချေ။ ရွမ်ထျန်း နားလည်မှုရှိစွာပြုမူသောအခါ အရသာရှိသောဒိန်ခဲကဲ့သို့ဖြစ်ပြီး နှလုံးသားထဲတွင် ချိုမြိန်သွားသလိုခံစားလိုက်ရသည်။

ရွမ်ထျန်းသည် သူမျှဝေခဲ့သော Weibo ပို့စ်ကိုဖွင့်ကြည့်လိုက်ရာအချိန်တိုအတွင်း repost ပြုလုပ်သူအရေအတွက်မှာ ၁၀,၀၀၀ ကျော်သွားကြောင်း တွေ့ရှိခဲ့သည်။ သူသည် မှတ် ချက်များကိုနှိပ်ကြည့်ရာအရှေ့က သူပြုလုပ်ခဲ့သော မကောင်း သောအရာမှာ အလွန်လျင်မြန်စွာဖော်ထုတ်ခံထားရကြောင်းကို အံ့အားသင့်စွာတွေ့ရှိခဲ့ရသည်။

မှတ်ချက်များသည် ယေဘုယျအားဖြင့်နှစ်ပိုင်းကွဲသွားခဲ့သည်။ တစ်ပိုင်းမှာ ရွမ်ထျန်း၏အလှများကို အကြိမ်ကြိမ် ချီးကျူးထားကြပြီး ကျန်တစ်ပိုင်းမှာ ချင်လိ၏ Weibo တွင် ရွမ်ထျန်းကို follow လုပ်ခြင်းထားကြောင်းဆွေးနွေးနေကြခြင်းဖြစ် သည်။

ရွမ်ထျန်းသည် စိတ်ပျက်လက်ပျက်ဖြင့် မှတ်ချက်များကို ဆက်ဖတ်လိုက်သည်။ ထိုသို့ လျင်မြန်စွာဖော်ထုတ်လိုက်ပါက ချင်လိ ဤသည်ကို အနှေးနှင့်အမြန် သိရှိသွားမည်ဖြစ်သည်။ထိုအခါ ချင်လိ သူကိုအပြစ်တင်မည်လား? စိတ်ဆိုးမှာလား? ရွမ်ထျန်းအတွေးများ ပြန့်ကျဲသွားပြီး မကြာသေးမီက ပြန်လည်သက်သာလာသော သူ့စိတ်လေးသည် ရုတ်တရက်ရေခဲရေများဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ချက်ချင်းအေးစက်သွားပြီး စိတ်မသက်သာဖြစ်သွားသည်။

မှတ်ချက်များအောက်တွင် ချင်လိသည် ရွမ်ထျန်းကို Follow လုပ်ခဲ့သည့် အကြောင်းအရင်းနှင့် ၎င်းတို့အကြားဆက်ဆံရေးကိုခန့်မှန်းနေကြပြီး အင်တာနက်အသုံးပြုသူအများအပြားသည် ၎င်းတို့ ၏ရိုင်းစိုင်းသော စိတ်ကူးများကိုစတင်အသုံးပြုလာကြသည်။ ၎င်းတို့နေရာတွင် အခြားသူသာဖြစ်နေပါက ထိုမျှ ကြီးမားသော ရိုက်ချက်မှုမျိုးရှိလာမည်မဟုတ်ပေ။ သို့သော် ရွမ်ထျန်းအား Follow လုပ်ခဲ့သူမှာ ချင်မိသားစု၏ အကြီးအကဲ ချင်လိဖြစ်ပြီး သူ့ Weibo တွင် Follower လုပ်ထားသောအရေ အတွက်မှာ မည်သည့်အခါမှ ပြောင်းလဲခဲ့ခြင်းမရှိခဲ့ချေ။

ထို့အပြင် ချင်လိသည် သူ့ကုမ္ပဏီ၏ Weibo အကောင့်အပြင် သူ ပထမဆုံး Follow လုပ်ခဲ့သော အနုပညာရှင်မှာ ရွမ်ထျန်းဖြစ်နေရာ ဤအချက်သည် ထူခြားသောအဓိပ္ပါယ်ကိုသက် ရောက်စေသည်။

ရွမ်ထျန်းသည် မှတ်ချက်များကိုကြည့်ပြီး သေချာရေတွက်လိုက်သည်။ အင်တာနက်အသုံးပြုသူ 10% နီးပါးသည် ဤသည်မှာ ချင်လိမတော်တဆ မှားယွင်းကာ Follow လုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းယူဆခဲ့ကြပြီး 20% ကမူ ချင်လိနှင့်ရွမ်ထျန်းတို့သည် ရင်းနှီးသောဆက်ဆံရေးရှိကြကြောင်း ယူဆကြသည်။ ကျန် 30% က ရွမ်ထျန်းနှင့် ချင်လိတို့တွင် ပုံမှန်မဟုတ်သောဆက်ဆံရေးရှိနိုင်သည်ဟု ထင်ကြေးပေးခဲ့ကြသည်။ ၎င်းတို့သည် အကြောင်းပြချက်တစ်ခုကိုဆွဲထုတ်ကာ ရွမ်ထျန်းကဲ့သို့အလှလေးသည် လှပသောမျက်နှာကိုအသုံးချကာ ချင်လိအားဖြားယောင်း၍ ဖြတ်လမ်းလိုက်ရန်မှာအကောင်းဆုံးအနေအထားဖြစ်သည်ဟု ပြောဆိုနေကြသည်။

ရွမ်ထျန်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

ဖျော်ဖြေရေးလောကသည် ရှုပ်ထွေးနောက်ကျိလွန်းသည်ဟု ဆိုကြခြင်းမှာ အံ့သြစရာတော့မဟုတ်ပေ။ ခိုင်လုံသော သက် သေအထောက်အထား မရှိပါလျက်နှင့် သူနှင့်ချင်လိ၏ဆက် ဆံရေးကို အဘယ်ကြောင့် တဖက်သက်ဆုံးဖြတ်နေကြရသနည်း။ သူ ခေါင်းငုံ့ကာ ဗိုက်ထဲကကြောင်လေးကို ကြည့်လိုက်သည်။ ဤသည်ကို သူနှင့် ချင်လိ၏ ပုံမှန်မဟုတ်သော ဆက် ဆံရေးဟု ခေါ်ဆိုနိုင်မည်လား ? ထိုသို့ဖြစ်နေလျှင်တောင် မည်သူတစ်ဦး တစ်ယောက်ကဝင်ရောက်လို့ရနိုင်မည်နည်း?

အင်တာနက်အသုံးပြုသူများ၏ စွပ်စွဲချက်များကို ရွမ်ထျန်း ဂရုမစိုက်ပေ။ သူ အမှန်စိုးရိမ်နေသည်မှာ ချင်လိ၏တုံ့ပြန်မှုကိုပင်၊ ရွမ်ထျန်းစိတ်လှုပ်ရှားစွာဖြင့်ထိုင်မရထမရဖြစ်နေခဲ့သည်။ သူ ချင်လိနှင့်မတွေ့ရသည်မှာ ခဏသာရှိသေးသော်လည်း အဘယ်ကြောင့် သူ့နှလုံးသားထဲ ဗလာဖြစ်သကဲ့သို့ခံစားနေရသနည်း?

ဧည့်ခန်းသည်ကျယ်ဝန်းပြီး သပ်သပ်ရပ်ရပ်ရှိသည်။ဆိုဖာနှင့် ဆန့်ကျင်ဘက် နံရံတွင် တီဗီရှိပြီး သူ့မိဘများကြိုက်နှစ်သက်သော မိသားစုဒရာမာကားပြသနေသည်။ ရွမ်ထျန်း စိတ်မဝင် စားစွာဖြင့် စာအုပ်ဖတ်နေလိုက်ပြီး အိပ်ငိုက်လာသလိုခံစားလိုက်ရသည်။ ထို့နောက် သူ ဖုန်းကိုထုတ်ကာ Weibo ကိုထပ်ပြီး စစ်ဆေးကြည့်လိုက်သည်။ ကြောင်တစ်ကောင်က သူ့နှလုံး သားကို လက်သည်းဖြင့် ကုတ်နေသကဲ့သို့ယားယံနေပြီး နောက်ဆက်တွဲကို သိလိုစိတ်ပြင်းထန်နေသည်။

သူ Weibo ကို စစ်ဆေးနေစဉ် ထို့အကြောင်းအရာမှာ အလျင် အမြန် ကျယ်ပြန့်လာပြီး မီဒီယာမှလည်း ဤသည်ကိုပြန်လည် ဝေမျှကာ မရေရာသောထင်မြင်ယူဆချက်များကိုဖော်ပြလျက် အင်တာနက်သုံးစွဲသူများ ဖြစ်စေချင်သည့် လမ်းကြောင်းအတိုင်းဦးတည်နေကြသည်။

ရွမ်ထျန်းသည် Weibo ကိုချက်ချင်းစစ်ဆေးခဲ့သည်။ သူ ထိုသတင်းများကို လှန်လှောကြည့်နေစဉ် ချင်လိ Weiboတွင် ပို့စ်အသစ်တင်ထားသည်ကိုတွေ့လိုက်ပြီး အလျင်အမြန်ဖွင့်ကြည့်လိုက်သည်။ ထိုသည်မှာသပ်ရပ်ပြီး အလွန်တိုတောင်းသော "Slip" ဟူသည့် စကားလုံးတစ်လုံးသာ ဖြစ်နေခဲ့သည်။

ရွမ်ထျန်း ချက်ချင်းပင် ချင်လိ Weibo followers များကိုပြန်စစ်ဆေးခဲ့ရာ သူ့အား unfollow လုပ်ထားကြောင်းတွေ့ရှိခဲ့သည်။

ဤသည်ကိုမြင်တော့ ရွမ်ထျန်း စိတ်ထဲအနည်းငယ်စိတ်သက် သာရာရသွားသော်လည်း သူ့စိတ်ထဲ ရှင်းပြလို့မရနိုင်သော ဆုံးရှုံးမှုတစ်ခုကိုခံစားလိုက်ရသည်။

တရားခံမှာ သူ ဖြစ်ကြောင်း ချင်လိမှန်းဆနိုင်မည်ဖြစ်သည်။ ယခုအချိန်တွင် unfollow လုပ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သော်ငြားလည်း ရွမ်ထျန်းစိတ်ထဲ မသက်မသာဖြစ်နေဆဲဖြစ်သည်။ ချင်လိသည် သူ့အားလုံးဝ follow မလုပ်ချင်ဘူးလားဟု တွေးကာ ရှုပ်ထွေးသော အတွေးများခေါင်းထဲဝင်လာသည်။

ရွမ်ထျန်းသည် ဤရှုပ်ထွေးနေသောခံစားချက်ကိုမုန်းတီး သည်။ သူအံကြိတ်ကာဖုန်းကိုင်ပြီး ချင်လိအား ဖြေရှင်းချက် ပေးရန် လသာဆောင်သို့သွားခဲ့သည်။

ချင်လိ ဖုန်းကို ချက်ချင်းကိုင်လိုက်ပြီး ပုံမှန်လေသံဖြင့်ပြောလာသည်။

"မင်းမိဘတွေကို အချိန်ပေးဖို့ပြောထားတယ်မဟုတ်ဘူးလား ?”

ရွမ်ထျန်း ဒေါသထွက်သွားပြီး မေးခွန်းကိုပြန်မဖြေပဲ တိုက် ရိုက်မေးလိုက်သည်။

"မင်းငါ့ကို unfollow လုပ်လိုက်တာလား ?”

ဤသည်မှာ မင်းငါ့ကို unfollow လုပ်လိုက်လို့ ငါစိတ်ဆိုးနေတယ်၊ မင်း ဒါကို ရှင်းပြရမယ် ဒါမှမဟုတ် ငါ့ကို ပျော်အောင်လုပ်ပေးရမယ် ဟု ဆိုလိုလိုက်ခြင်းပင်။

ချင်လိ ပြန်ဖြေသည်။

“လက်ရှိအခြေအနေအရတော့ ဒါက အကောင်းဆုံးဖြေရှင်းနည်းပဲ”

သူ မတော်တဆမှားယွင်းခဲ့ကြောင်း ဝန်ခံလိုက်ပါက Netizens များသည် ယင်းကိုအပျော်ဇာတ်လမ်းတစ်ခုလိုသာ မှတ်ယူပြီး ရွမ်ထျန်းအပေါ် လောင်းချရန်ကြံရွယ်နေကြသော အညစ်အ ကြေးများသည်လည်း အလိုအလျောက်နောက်ပြန်ဆုတ်သွားမည်ဖြစ်သည်။ ချင်လိသည် လူအများ၏ထင်မြင်ယူဆချက်ကို မကြောက်သော်လည်း ရွမ်ထျန်းအတွက် စဉ်းစားပေးနေရသည်။

ချင်လိရည်ရွက်ချက်ကို ရွမ်ထျန်း သေချာနားလည်သော်လည်း အကြောင်းပြချက်မှာ သက်သက်ဖြစ်ပြီး သူ့ခံစားချက်က သက်သက်ဖြစ်သည်။ သူမကျေမနပ်ဖြင့် ချင်လိကို အတွန့် တက်လိုက်သည်။

"မင်းငါ့ကို unfollow လုပ်ဖို့ တွန့်ဆုတ်မနေခဲ့ဘူးပဲ..."

ချင်လိ: "..."

ရွမ်ထျန်းသည် လသာဆောင်လက်ရန်းကို သူ့လက်ချောင်းများဖြင့် ထိတွေ့နေရင်း “ ဒါ မင်း ဖြစ်ချင်တဲ့အတိုင်းပဲမဟုတ်လား? မင်း အရင်ကတည်းက ငါ့ကို follow မလုပ်ခဲ့ဘူးလေ”

သူ ခံစားချက်များဖွင့်ဟလာသည်နှင့်အမျှ သူ့ယူဆချက်များ မှန်ကန်သည်ဟုပိုခံစားလာရကာ ချင်လိအား အပြစ်တင်သော အသံဖြင့်ပြောလာသည်။

ရွမ်ထျန်း ဒေါသထွက်ကာ လမ်းကြောင်းလွဲလာသည်ကိုမြင်တော့ ချင်လိက "ငါ ဒီ Weibo အကောင့်ကို သိပ်မသုံးဘူး"

"အဲတော့..." ထိုမျှနှင့် ရွမ်ထျန်း စိတ်မပြေသေးပေ။

"မင်း Weibo ထဲဝင်လိုက်တုန်းက ငါ့နောက်ထပ် Weibo အကောင့်ကို မတွေ့ဘူးလား ? အဲ့အကောင့်ပဲ ငါ မကြာခဏသုံးနေတာ၊ ပြီးတော့ ငါ အဲ့အကောင့်နဲ့ မင်း Weibo အကောင့်ဖွင့်တဲ့နေ့မှာပဲ Follow လုပ်ထားပြီးသား”

ချင်လိသည် မည်သည့်အရာကိုမှထိန်ချန်မနေတော့ပဲ ရွမ်ထျန်း စိတ်ပြေရန်သာချောမော့ပြောဆိုလိုက်သည်။ ရွမ်ထျန်း သူ့အပေါ် အထင်လွဲနေသည်ကို သူခွင့်မပြုနိုင်ပေ။

ရွမ်ထျန်း အံ့သြသွားပြီး "တကယ်လား ?"

"တကယ်"

"ဒါဆို မင်းရဲ့ Weibo အကောင့်နာမည် ပို့ပေး၊ ငါလည်း follow ပြန်လုပ်မယ်” ရွမ်ထျန်း မျက်နှာမှာပျော်ရွင်မှုကြောင့် ပြုံးရယ်လို့နေသည်။

ချင်လိ ငြင်းဆန်ခြင်းမရှိပဲ ရွမ်ထျန်းအလိုကျသဘောတူလိုက်သည်။ ရွမ်ထျန်း ပျော်ရွှင်နေသည်ကို မြင်မှသာ သူ တိတ်တ ဆိတ် သက်ပြင်းချနိုင်ခဲ့သည်။ ထို့နောက် နှစ်ယောက်သား ခဏ စကားအနည်းငယ်ပြောလိုက်ကြပြီး ရွမ်ထျန်းသည် ချင်လိအား Weibo အကောင့်အမြန်ပို့ရန်သတိပေးပြီးနောက် မိဘများကို အချိန်ပေးရန်ဟုဆိုကာဖုန်းချလိုက်သည်။

ဖုန်းခေါ်ဆိုမှုပြီးဆုံးပြီးနောက် ရွမ်ထျန်း၏စိတ်သည်အုံမှိုင်းနေရာမှာ နေထွက်ကာကြည်လင်လာသော ကောင်းကင်ကဲ့သို့ ဖြစ်သွားကာ ဧည့်ခန်းထဲသို့၀င်လာခဲ့သည်။ ထို့နောက် ချင်လိ ပေးပို့လာသည့် Weibo အကောင့်ကို လက်ခံရရှိခဲ့သည်။ သူ Weibo အကောင့် နာမည်ကိုမြင်လိုက်သည်နှင့် အကြောင်းပြချက်မရှိဘဲ စိတ်ထဲ ချိုမြိန်သွားခဲ့သည်။ ချင်လိသည် သူမကြာခဏအသုံးပြုလေ့ရှိသော Weibo အကောင့်နာမည်ကိုရွမ်ထျန်း Little Cute အမည်ပေးထားခြင်းဖြစ်သည်။

ဤသည်ကိုမြင်တော့ ရွမ်ထျန်းမျက်နှာ ပူစပ်ပူလောင်ဖြစ်လာကာ သူ့အားချီးကျူးထားသောကြောင့် ရှက်ရွံ့သွားရသည်။ ထို့နောက် သူ ချင်လိကို Follow လိုက်ပြီး အရေးကြီးသောစာရင်းထဲထည့်လိုက်သည်။

ပြီးနောက် သူ ချင်လိ၏ Weibo အကောင့်ကိုဖြည်းညှင်းစွာ လှန်လှောကြည့်လိုက်သည်။

ရွမ်ထျန်း ဖုန်းပြောရာမှ ပြန်ရောက်လာသည်ကိုမြင်တော့ ဟူရှစ်ပြုံးကာစနောက်လာသည်။

“မင်းတို့ နောက်ဆုံး တွေ့ခဲ့တာဖြင့် မကြာသေးဘူး၊အခု ချင်လိကို လွမ်းနေပြီလား?"

"မဟုတ်...မဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို မေးစရာလေးရှိလို့”

ရွမ်ထျန်း အမှန်အတိုင်းပြောလိုက်သော်လည်း ဘာကြောင့်မှန်း မသိ စကားထစ်သွားသည်။

ဟူရှစ်သည် "မား သိပါတယ်နော်၊ ဒါပေမယ့် မင်းကို မနှောင့် ယှက်တော့ပါဘူး” ဟူသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်ပြီး ဒရာမာကား လာနေသောတီဗီဘက်ကိုပြန်လှည့်သွားသည်။ ဤတီဗီစီးရီးသည် ကျစ်လျစ်သော ဇာတ်ကွက်များပါရှိပြီး ကြည့်ရှုများကို ဆွဲဆောင်နိုင်ကာ အပိုင်းတိုင်းသည် မျက်နှာမလွဲနိုင်အောင်အလွန်စိတ်ဝင်စားစရာကောင်းလှသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment