no

Font
Theme

🔥 Chapter 65

အထူးကြပ်မတ်ကုသရေးအခန်းထဲတွင် စိတ်မချမ်းမြေ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု လွှမ်းခြုံထားသည်။စက်ကိရိ ယာမျိုးစုံမှ အေးစက်သောအသံများ ထွက်ပေါ်ဖြစ်ပြီး ပိုးသတ်ဆေးနှင့်ဆေးဝါးအနံ့များ ပြင်းပြင်းထန်ထန်ထွက်နေသည်။

လောမင်ဒဏ်ရာအပြင်းအထန်ရထားကာ လူနာကုတင်ပေါ်တွင် လှဲလှောင်းနေသည်။သူမျက်နှာ‌ပေါ်တွင် အောက်ဆီဂျင် ပိုက်တပ်ထားပြီး ခန္ဓာကိုယ်တွင်လည်း အမျိုးမျိုးသော ဆေးပိုက်များ၊ ကိရိယာများနှင့်ချိတ်ဆက်ထားပြီး နှလုံးခုန်နှုန်းကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်နေသည်။ နှလုံးခုန်နှုန်းကို ပြသနေသောမော်နီတာပေါ်ရှိ ရှည်လျားသော မျဉ်းကြောင်းသည် အပေါ်အောက် ညင်သာစွာ လှုပ်ရှားနေသော်လည်း မည်သည့်အချိန်မဆို ဖြောင့်တန်းသွားနိုင်သည့် အနေအထားမှာရှိနေသည်။လောမင်သည် အသက်အန္တရာယ်ရှိနေပြီး သူ၏ဝင် သက်ထွက်သက်တိုင်းတွင် သေမင်းနှင့်စစ်ခင်းနေရသကဲ့သို့ ဖြစ်နေသည်။

ရွမ်ထျန်းသည် ချင်လိအားကူတွဲပေးပြီး အထူးကြပ်မတ်ခန်းထဲသို့ခေါ်လာသည်။ ချင်လိခေါင်းတွင် ပတ်တီးစည်းထား ပြီး လက်မောင်းရိုးအနည်းငယ်အက်ကာ ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာများ ရရှိထားသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတော့ မဟုတ်ပေ။

လောမင်သည် မျက်လုံးကို ခက်ခက်ခဲခဲဖွင့်လာပြီး ချင်လိနှင့်ရွမ်ထျန်းကို တောင်းပန်လိုဟန်ဖြင့် နာကျင်စွာ ကြည့်လာသည်။ ရွန်ထျန်းသည် ချင်လိအား ကုတင်ဘေးတွင် ထိုင်ခိုင်းလိုက်ပြီး လောမင်နားရွက်နားကို ကပ်လိုက်ပြီး တိုးလျစွာနှစ်သိမ့်ပေး လိုက်သည်။

“မင်း မကြာခင်ပြန်ကောင်းလာမှာ၊ ဒဏ်ရာကိုသေချာဂရုစိုက်ပြီး သေချာပေါက် အသက်ရှင်နေရမယ်”

လောမင် စကားပြောရန် ခက်ခဲနေပြီး ရုန်းကန်လိုက်တိုင်း သူ့လက်ကျန် အသက်ငွေ့ငွေ့ကို ပိုမိုကုန်ဆုံးအောင် တွန်းအားပေးနေသလို ဖြစ်နေသည်။ သူ အံကြိတ်ကာ ရုန်းကန်လိုက်ရင်း မပီမသဖြင့် ဖြည်းဖြည်းချင်းပြောလိုက်သည်။

"ကျွန်တော်...မလုပ်...ဘူး"

သူ ရုန်းကန်နေရင်း ချင်လိကို ကြည့်လိုက်သည်။ ချင်လိအမူ အရာမှာ ငြိမ်သက်နေပြီး သူ့မျက်လုံးများထဲ စူးစမ်းမှုအပြည့်ရှိနေသည်။

"စကားအများကြီးမပြောနဲ့၊ ကောင်းကောင်းအနားယူလိုက်၊သူနာပြုဆရာက မင်း တစ်ခုခုပြောချင်နေတယ်လို့ ပြောလို့ ငါတို့လိုက်လာတာ"

ရွမ်ထျန်း ပြောလိုက်သည်။

လောမင် ဆက်ပြောလာသည်။

"သူဌေး...မရောက်ခင်က...ကျွန်တော်... လူ...လူတစ်ယောက်ကို...တွေ့...တွေ့ခဲ့တယ်၊ သူက အရမ်း...ချောတယ်၊ ကျွန်...ကျွန်တော့်ကို...လမ်း....လာမေး...တယ်”

သူ အချိန်ကြာမြင့်စွာရပ်လိုက်ပြီးနောက် ဆက်ပြောလာသည်။

“ကျွန်...တော်ကို...ထိန်းချုပ်...ထား... တာ...မဟုတ်ဘူး၊ကျွန် တော်... တ ကယ်...စိတ်မကောင်း...ပါဘူး! ကျွန် တော်လည်း... ဒီလိုမျိုး..မဖြစ်ချင်ခဲ့ဘူး...”

သူ ခက်ခက်ခဲခဲပြောပြနေခဲ့ပြီး စကားလုံးများမှာ ရှင်းလင်းပီသခြင်းမရှိသော် လည်း စကားလုံးတိုင်းကို သူ့သွေးနှင့် ရေး သားနေသကဲ့သို့ လေးနက်ခိုင်မာစွာပြောဆိုနေခဲ့သည်။ ယခုအချိန်တွင် အသက်အန္တရာယ်မှ လွတ်မြောက်ခြင်း မရှိသေးသော်လည်း သူ့နောက်ဆုံးထွက်သက်အား အလောင်းအစားလုပ်ကာ အမှန်တရားကိုပြောပြရန် တိုက်ပွဲဝင်နေခဲ့သည်။

"ကျွန်တော်နဲ့အရပ်အမောင်း မတိမ်းမယိမ်းရှိပြီး အနက်ရောင်တီရှပ်ဝတ်ထားတဲ့ ကောင်လေးလား ?”

ရွမ်ထျန်းသည် အဖြစ်မှန်ကိုကြားသော အခါ အသက်ရှုကြပ်သွားပြီး မေးလိုက်သည်။

"ဟုတ်....တယ်"

လောမင် တိုးလျစွာပြန်ဖြေလိုက်သည်။

ရွမ်ထျန်းသည် ချင်လိဘက်သို့ လှည့်လာပြီး သူ့မျက်လုံးထဲရှိ ထိတ်လန့်မှုတို့ကို ဖုံးကွယ်မထားနိုင်တော့ချေ။

"အဲဒါ ယန်ချိုးပဲ"

သူ ထိုသို့ပြောလိုက်ပေမယ့် ယန်ချိုးသည် လောမင်အား မည် သို့ ထိန်းချုပ်ခဲ့သည်ကိုတော့ သူ မတွေးတက်တော့ချေ။ ယန်ချိုးတွင် အမှန်ပင် ထူးဆန်းသော မှော်အတက်မျိုးရှိနေလေသလား? သို့သော် ထိုသို့ရှိနေသည်ဆိုလျှင်တောင် သူကိုယ်တိုင် အဘယ်ကြောင့် မှော်ပညာကိုမသိထားရသနည်း?

ရွမ်ထျန်း စဉ်းစားရခက်နေသည်။

"စိတ်မပူနဲ့"

ချင်လိသည် လောမင်ကိုကြည့်ပြီး နောက်ဆုံးတွင် လေးနက်စွာပြောလာသည်။

"မင်းကိုယ် မင်းပဲ မြန်မြန်ပြန်ကောင်းလာအောင်ကြိုးစား၊ငါ မင်းမိသားစုကို ဂရုစိုက်ပေးထားမယ်”

လောမင်သည် သူ့ယာဉ်မောင်းအဖြစ် သူ့လက်အောက်တွင် အမြဲသစ္စာရှိစွာဖြင့် နှစ်အတော်ကြာအောင် အလုပ်လုပ်ခဲ့သူဖြစ် သည်။ ထို့သို့မဟုတ်ပါက ချင်လိ သူ့အားဆက်ပြီးအသုံးပြုနေမည်မဟုတ်ချေ။ ချင်လိသည် ယာဉ်မောင်းအားယုံကြည်စိတ် ချထားခဲ့ပြီး ဖခင်ဖြစ်သူကားမတော်တဆမှုဖြစ်ပြီး နောက်ပိုင်းလုပ်ကြံသူမှာယာဉ်မောင်းဖြစ်နေလိမ့် မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။ သူ့အဖေယာဉ်မောင်းသည်လည်း မတော်တဆမှု၏ သားကောင်တစ်ယောက်သာဖြစ်ခဲ့သည်။

လောမင် ထိုစကားကိုကြားသောအခါ ခက်ခက်ခဲခဲပြုံးလိုက်သည်။ သူ့လက်ကိုမြှောက်ချင်သော်လည်း မြှောက်လို့မရချေ။ အချိန်အတော်ကြာပြီးနောက် သူ ပြတ်ပြတ်သားသားပြောခဲ့သည်။

"ကျေးဇူး...တင်ပါတယ်...သူဌေး”

ထို့နောက် ရွမ်ထျန်းသည် ချင်လိအားကူတွဲကာအထူးကြပ်မတ် ကုသဆောင်မှ ထွက်လာခဲ့ကြသည်။ အပြင်ဘက်လျှောက်လမ်းတွင် ဆံပင်များဖြူနေပြီဖြစ်သော လောမင်၏အမေ အဝေးမှလျှောက်လာသည်ကို မြင်လိုက်ရသည်။ ရက်အနည်း ငယ်အတွင်းမှာပင် သူမသည် ရုတ်တရက်အသက်ဆယ်နှစ်ခန့် ပိုအိုစာသွားသလို ဖြစ်နေသည်။ သူမမျက်နှာပေါ်တွင် အပြစ်မကင်းဟန်နှင့် နာကျင်မှုမျာ ပြည့်နှက်လို့နေသည်။

သုံးယောက်သားလျှောက်လမ်းတွင် ဘေးချင်းကပ် ဖြတ်သန်းသွားချိန်တွင် ရွမ်ထျန်းသည် ချင်လိလက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်မိသည်။ လောမင်သည် အရေးပေါ်အခြေအနေမှ မလွတ်မြောက်သေးဘဲ အသက်အန္တရာယ်ရှိနေသည်။ ယခုအချိန်တွင် သူ့အမေ မည်မျှ ဝမ်းနည်းပူဆွေးနေမည်နည်း?

သူနာပြုသည် လောမင်အခြေအနေကို စစ်ဆေးရန် အထူးကြပ် မတ်ကုသဆောင်သို့ ဝင်ရောက်သွားပြီး ခဏအကြာတွင် ထိတ်လန့်စွာ ပြေးထွက်လာခဲ့သည်။

ရွမ်ထျန်းရပ်လိုက်ပြီး လောမင်၏အမေသည် ICU အတွင်းထဲကိုအထီးကျန်ပြီး အားကိုးရာမဲ့စွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဂျူတီကုတ် ဝတ်ဆင်ထားသော ဆရာဝန်များ အပြေးအလွှားဝင်ရောက်လာကြသည်။ တအောင့်အကြာတွင် ဆရာဝန်များ ပြန်ထွက်လာပြီး တစ်ယောက်သည်လောမင်၏ အမေကို အခြေအနေအား ရှင်းပြလိုက်သည်။ လောမင်အမေသည် ရုတ်တရက် တုန် လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်ခဲ့သည်။

နောက်ဆုံးတွင် လောမင်အသက်အား ကယ်တင်နိုင်ခြင်းမရှိခဲ့ပဲ တိမ်းပါးသွားခဲ့သည်။ ရွမ်ထျန်း စိတ်အခြေအနေတို့သည်လည်း အောက်ဆုံးသို့နိမ့်ဆင်းသွားရသည်။ လောကကြီးတွင် အကြီးမားဆုံးနာကျင်မှုမှာ သေဆုံးခြင်းနှင့် ခွဲခွာရခြင်းပင်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူနှင့်ချင်လီသည် ထိုသို့သော အသက်အန္တရာယ်နှင့် နီးကပ်စွာကြုံတွေခဲ့ရသည်။

ထို့အတွက်ကြောင့် ရွမ်ထျန်းသည် ချင်လိအား ယခင်ကထက် ပိုပြီးအားကိုးလာသည်။ သူ ချင်လိကို သဘောကျနေကြောင်း သိရှိပြီးနောက်ပိုင်းတွင် နေ့တိုင်းအသစ်အဆန်းများကို ရှာဖွေတွေ့ရှိရသကဲ့သို့ ခံစားနေရသည်။ ယခင်က သာမန်အပြုအမူဟုသာ ထင်ခဲ့သော အရာများပင် ယခုချိန်တွင် ချိုမြိန်သော ခံစားချက်ကိုခံစားရသည်။ ထိုသည်ကို ရှင်းရှင်းလင်းလင်းသိလာတော့ ရွမ်ထျန်း အလွန်အံ့သြသွားသည်။ သူ ချင်လိကို အလွန်သဘောကျပြီး သူနှင့်အတူရှိရတာကိုကြိုက်သည်။ သူ့စကားများ နားထောင်ရသည်ကိုနှစ်သက်သည်။ ချင်လိ သူ့အား ပွေ့ဖက်နမ်းရှုံ့လျှင်ဖြစ်ပေါ်လာသည့် ခံစားချက်ကို သူ ပိုသဘောကျနေမိသည်။

ချင်လိနှင့်တစ်ချိန်လုံးအတူရှိနေရခြင်းသည် သူ့အား ပျော်ရွှင်စေပြီး ချိုမြိန်မှုကိုခံစားရစေသည်။

ချစ်ခြင်းမေတ္တာ၏အကျိုးသက်ရောက်မှုသည် ဤမျှ စိတ်လှုပ် ရှားဖွယ်ကောင်းသည်ကို သူ ယခုမှသိရှိခဲ့သည်။

ချင်ရှန့်နှင့်ယန်ချိုးတို့သည် မြေပြင်မှ ရုတ်တရက် အငွေ့ပျံသွားသကဲ့သို့ မည်သည့်နေရာတွင်မှ ရှာမတွေ့သေးပေ။ သို့သော် ချင်လိ အလျင်လိုခြင်းမရှိခဲ့ချေ။ ရွမ်ထျန်းထံမှ အကြောင်း အရာများကို နားထောင်ပြီးနောက် မကြာမီ ယန်ချိုးပြန်ရောက် လာမည်ကို သူသေချာပေါက်တွက်ဆနိုင်သည်။ ယန်ချိုးသည် ထိုအရာကို နှစ်ပေါင်းများစွာလိုချင်တောင့်တနေသူဖြစ်ရာ အခွင့် အရေးကိုအမီအရဆုပ်ကိုင်ပြီး သူ့လက်ထဲရောက်ရှိလုနီးပါးဖြစ်နေသော အသားတုံးကြီးကိုလက်လွှတ်စရာအကြောင်းမရှိချေ။ ၎င်းတို့အနေဖြင့် ယန်ကျိုး ကိုယ်တိုင် ပြန်ရောက်လာမည်ကို စောင့်ဆိုင်းနေရုံသာဖြစ်ပြီးအချိန်အနှေးနှင့် အမြန်သာ ကွာခြားမည်ဖြစ်သည်။ ယန်ချိုးအား ရှာတွေ့ပြီးနောက်တွင် ချင်ရှန့်ကိုလည်းရှာတွေ့ရန်လွယ်ကူသွားပြီဖြစ် သည်။

သို့သော် ယန်ချိုးသည် အလွန်အန္တရာယ်များသူဖြစ်သည်။ သူ ရွမ်ထျန်းကိုရှာရန် သေချာပေါက်ရောက်လာမည်ဖြစ်ပြီး ချင်လိသည် ရွမ်ထျန်းလုံခြုံရေးကို ပိုအာရုံစိုက်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရွမ်ထျန်းအား အန္တရာယ်ထဲသို့ ထပ်ပြီးသက်ဆင်းခွင့်မပြုနိုင်တော့ပေ။

ချင်လိသည် ဒဏ်ရာများ ပျောက်ကင်းပြီးနောက်ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ အခြေအနေအရ ယခုတစ်ကြိမ်တွင်ယာဉ် မောင်းမခေါ်ပဲ ရွမ်ထျန်းကိုယ်တိုင် ကားမောင်းရန်တာဝန်ယူလိုက်သည်။ ဇီဇီလည်း ရွမ်ထျန်းနှင့်အတူ သူ့အဖေအား အိမ်သို့လိုက်ပို့ပေးရန် လိုက်ပါလာပြီး သူ့အဖေဘေးတွင် ထိုင်ပြီး စကားပြောနေသည်။

ရွမ်ထျန်းသည် ယာဉ်မောင်းလိုင်စင်ရထားသော်လည်း သူ့ကားမောင်းကျွမ်းကျင်မှုသည် မလုံလောက်သေးပေ။ ချင်လိသည် ရွမ်ထျန်းမောင်းသည့်ကားကို စီးရသည်မှာ ဒရိုင်ဘာမောင်း သောကားထက်ပင် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းနေသလို ခံစားရသည်။ သူသည် ရွမ်ထျန်းအား ကားကို သေချာမောင်းရန်နှင့်အိမ်ပြန်ရောက်ဖို့ လိပ်တစ်ကောင်လို နှေးကွေးနေလျှင်တောင် ဖြည်းဖြည်းမောင်းရန်သတိပေးလိုက်သည်။

တစ်ဖက်တွင် ရွမ်ထျန်းအလွန်စိတ်လှုပ်ရှားနေခဲ့သည်။ဤသည်မှာ သူအတွက် ရှားရှားပါးပါး အခွင့်အရေးဖြစ်လေရာ အလွန်သဘောကျနေခဲ့သည်။ ဘေးကင်းလုံခြုံရေးအတွက်ကိုမူ သူ သေချာသိထားပြီး ဖြစ်သည်။အကြောင်းမှာ ကားထဲတွင် သူ့အတွက် အရေးကြီးဆုံး လူနှစ်ယောက်ပါလာသောကြောင့် မတော်တဆမှုလုံးဝမဖြစ်ရန် လိုအပ်သည်။

ကားသည် ဗီလာသို့ဆိုက်ရောက်လာသည်။ ကျစ်ကျစ်သည် ပျော်ရွှင်စွာဖြင့် သူ့ဒယ်ဒီလက်ကိုဆွဲကာ သူ့သူငယ်ချင်းအသစ်နှင့် မိတ်ဆက်ပေးလိုက်သည်။ သူ့သူငယ်ချင်းအသစ်မှာ ၎င်းတို့အား ကူညီပေးခဲ့သော အဝါရောင်ကြောင်ကြီးပင်ဖြစ်သည်။ ချင်မီအား ကယ်တင်ပြီးနောက် သူ့ညီဖြစ်သူနှင့်အတူ ဤနေရာသို့ ပြောင်းရွှေ့လာခဲ့သည်။

ကြောင်ဆေးပင်စိုက်ခင်းနေရာသည် အဝါရောင်ကြောင်ကြီး နှစ်သက်ရာနေရာဖြစ်သည်။ နေ့တိုင်း စားသောက်ခြင်း၊ လမ်း လျှောက် ထွက်ခြင်းတို့အပြင် စိတ်အားထက်သန်ဆုံးအရာမှာ ကြောင်ဆေးပင်စိုက်ခင်းတွင် လှဲလျောင်းနေရခြင်းပင်။ကြောင်ဝါကြီးသည် လွှမ်းမိုးနိုင်သော အရှိန်အဝါရှိသည်။ ထို နေရာရှိအလေအလွင့်ကြောင်များသည် မူလက ၎င်းတို့ စိတ်တိုင်းကျ စည်းမဲ့ ကမ်းမဲ့နေထိုင်တက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်သလို မည်သူ့စကားကိုမှလည်း နာခံခြင်းမရှိကြချေ။ သို့သော် ကြောင်ဝါကြီးရောက်ရှိလာပြီးနောက်ပိုင်းတွင် ထိုဆိုးသွမ်းသောကြောင်များကို လျင်မြန်စွာသိမ်းသွင်းနိုင်ခဲ့ပြီး သူ့အဖွဲ့ဝင်အဖြစ် လိုလိုလားလားပါဝင်လာအောင် ပြုလုပ်နိုင်ခဲ့သည်။

သို့သော်လည်း အဝါရောင်ကြောင်ကြီးသည် ချင်မီစကားကို နားထောင်ပြီး သူ ညွှန်ကြားချက်ကိုနာခံသည်။

ချင်လိသည် ဤခြံထဲတွင်ကြောင်အလေလွင့်များ တိုးပွားလာသည့် အတွက် အနည်းငယ်စိုးရိမ်နေမိသည်။ သူ့အိမ်ကြီးသည် ကြောင်အလေလွင့်များအတွက် သီးသန့်နေထိုင်ရာနေရာတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ သို့သော် အဝါရောင်ကြောင်ကြီးသည် ရွမ်ထျန်းနှင့်ကလေးငယ်ကို ကယ်တင်ခဲ့သည့်အတွက် သူ အလွန်ကျေးဇူးတင်နေဆဲဖြစ်သည်။ သူ ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး အဝါရောင်ကြောင်ကြီးခေါင်းကို ပွတ်သပ်ပေးရင်း ချစ်ခင်စွာပြောလိုက်သည်။

"နောက်ကျရင်မင်းကို ပြုစုစောင့်ရှောက်ဖို့ တစ်ယောက် ယောက် ငါစီစဉ်ပေးမယ်၊ ရွမ်ထျန်းနဲ့ကလေးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ"

ကြောင်တစ်ကောင်ကို ထိုသို့အလေးအနက်စကားပြောနေ သည်ကို တစ်စုံ တစ်ယောက် မြင်သွားခဲ့လျှင် သူ့အားရူးနေ သည်ဟု ထင်ကြမည်ဖြစ်သည်။

ချင်လိသည် ကျေးဇူးစကားကို ဟန်ဆောင်ပြောဆိုခဲ့ခြင်းမဟုတ်ချေ။ ထို အဝါရောင်ကြောင်ကြီးသည် သာမန်ကြောင် များနှင့်မတူပဲ တခြားကြောင်များထက် ဉာဏ်ရည်ဉာဏ်သွေးအနည်းငယ်ထက်မြက်ကြောင်း ရွန်ထျန်းထံမှကြားသိရသည်။ထိုအချက်မှာလည်း မှားယွင်းနေသည်တော့မဟုတ်ပေ။ ဆိုး သွမ်းသော ကြောင်အုပ်ကြီးကို နာခံမှုရှိလာအောင် ခေါင်း ဆောင်နိုင်ခဲ့ပြီး လူများကိုလည်း ကယ်တင်နိုင်စွမ်းရှိသော အသိတရား ၎င်းတွင် ရှိနေသည်။ သို့သော် ထိုအသိဉာဏ်သည် ရွန်ထျန်းနှင့်ချင်မီကဲ့သို့ အလုံးစုံသိနားလည်နေခြင်းတော့ မဟုတ်ပဲ လူ့သဘောသဘာဝကို သာမာန်ကြောင်များထက် ပိုနားလည်နိုင်ရုံမျှသာဖြစ်သည်။

အဝါရောင်ကြောင်ကြီးသည် ချင်လိ၏စစ်မှန်သော သဘော ထားကို ခံစားမိပြီး အမြီးကို ဟန်ချက်ညီစွာလှုပ်ယမ်းလျက် “ဒါ ကြီးကြီးမားမား မဟုတ်ပါဘူး၊ ငါ့တာဝန်ပဲ၊ကျေးဇူးတင်စရာမလိုပါဘူး” ဟူသော အမူအရာမျိုး ပြသလိုက်သည်။

အိမ်အကူသည် ချင်လိပြန်လာမည်ကို သတင်းရပြီးနောက် အခန်းကိုကြိုတင်သန့်ရှင်းရေးလုပ်ကာ စားဖိုမှူးမှလည်း ချင်လိ၏ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေမည့် အာဟာရပြည့်ဝသော ဟင်းပွဲတချို့ပြင်ဆင်ထားသည်။ ရွမ်ထျန်းသည် ဤကာလအတွင်း ချင်လိနှင့် ဆေးရုံတွင် အတူရှိနေရသည်ကို သဘောကျနေခဲ့ပြီး ဆင်းရုံမှ ဆင်းလာသောအခါ သူ့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့‌ပေ။သူ ချင်လိဘေးတွင် ဝင်ထိုင်ရုံသာမက အစားအသောက်များကို စိတ်အားထက်သန်စွာဖြင့် ကောက်ယူကာ သူ့ပန်းကန်ထဲထည့်ပေးနေပြီး အသားများများစားရန် တတွတ်တွတ်ပြောဆိုနေခဲ့သည်။

ချင်လိသည် ဤကာလအတွင်း ကိုယ်အလေးချိန်လျော့ကျသွားပုံရသည်။ ချင်မီသည် မျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ယခင်က သူ့ပါးပါးနှင့်ဒယ်ဒီတို့၏ မရင်းနှီးသော အပြုအမူနှင့် ကွဲထွက်နေသော ယခုမြင်ကွင်းကိုကြည့်ကာ အနည်းငယ် ထူးဆန်းနေသလိုခံစားရသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ပါးပါးနှင့်ဒယ်ဒီတို့ ဆက်ဆံရေးကောင်းမွန်လာသည်ကို သူ သဘောကျသည်။ ချင်မီ သိတက်စွာဖြင့် အစားအ သောက်များကို ကိုယ်တိုင်ယူစားပြီး သူ့ပါးပါးအား အနှောင့်အ ယှက်မပေးရန် ဆုံးဖြတ်ကာ ယနေ့ညတွင် သူ့အား လျစ်လျူရှု ခွင့်ပြုလိုက်သည်။

ချင်လိမျက်နှာပေါ်တွင် မည်သည့်ခံစားချက်အရိပ်အယောင်ကိုမှ ထုတ်ပြခြင်းမရှိသော်လည်း စိတ်ထဲတွင်သော ရွမ်ထျန်း၏ ဂရုစိုက်မှုအပေါ် သူပျော်ရွှင်နေမိသည်။ သူ မနေနိုင်ဘဲစားပွဲအောက်မှ ရွမ်ထျန်းလက်ကို လှမ်းဆွဲလိုက်သည်။ ရွမ်ထျန်း၏ နူးညံအိစက်နေသော သေးသွယ်သည့် လက်ကလေးကိုထိတွေ့မိသည်နှင့် သူ့နှလုံးသားထဲတွင် မီးတောက်များတိတ်တဆိတ် လောင်မြိုက်သွားသည်။

ရွမ်ထျန်းသည် ချင်လိကို တိတ်တဆိတ်ကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် ချိုမြိန်မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူ့လက်ချောင်းများကို ဆန့်တန်းကာ ချင်လိလက်ဖဝါးကို ယား ယံအောင် နှောင့်ယှက်လိုက်ပြီး သဘောကျစွာဖြင့် သူ့ခေါင်းကို ငုံ့ကာ တိတ်တဆိတ်ရယ်မောနေသည်။ ထိုစဉ် သူ့ပါးပြင်ပေါ်ရှိ ပါးချိုင့်များ ထင်ရှားပေါ်လွင်လာပြီး မက်မွန်ပင်မှပန်းများ ပွင့်လန်းလာသကဲ့သို့ ပန်း၏မွှေးရနံများသည် ဥယျာဉ်တစ်ခုလုံး ပျံ့နှံ့သွားသည်။

ရွမ်ထျန်းသည် ချင်လိဆေးရုံတက်စဉ်က သူနှင့်နီးစပ်ချင်စိတ် မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း ချင်လိ ဒဏ်ရာအား ဖိမိလို့မရဟု သူနာပြုများမှ အကြိမ်ပေါင်းများစွာသတိပေးခဲ့သဖြင့် သူ့ဆန္ဒကို ချုပ်တည်းခဲ့သည်။

ထို့ကြောင့် ရွမ်ထျန်းသည် ချင်လိနှင့်နီးစပ်ချင်နေသော မငြိမ်မသက်ဖြစ်နေသည့် သူ့စိတ်ကို နောက်တစ်ကြိမ်မထကြွလာအောင် ဖိနှိပ်ထားရမည်ဖြစ်သည်။ ဆန္ဒကို နှိုးဆွပေးနိုင်သည့် အနမ်းများကြောင့် ချင်လိသည် ရွမ်ထျန်းနှင့် နီးစပ်လိုစိတ်ပိုမို ပြင်းထန်ခဲ့ရသည်။ ယခင်က ထိုသို့သော ပြင်းထန်သည့် ခံစားချက်မျိုး မရှိဖူးသည့်အတွက် ထူးဆန်းသလိုခံစားရသည်။

ယခုမူ ချင်လိကို ထိတွေ့မိတိုင်း ချင်လိအကြည့်ကို ခံရတိုင်း သူ့စိတ်ထဲတွင် တမျိုးတမည်သော ခံစားချက်များထပ်တိုးဝင်ရောက်လာပြီး ကျေနပ်ပျော်ရွှင်မှုကို ခံစားရသည်။

ရွမ်ထျန်းသည် ညတိုင်း ကျစ်ကျစ်နှင့်တစ်ခန်းတည်းအတူအိပ်လေ့ရှိသော်လည်း ယနေ့ညတွင်မူ ကျစ်ကျစ်အား အိပ်ပျော်အောင် ချော့သိပ်ပြီးနောက် အိပ်ရာထဲ လူးလိမ့်ရင်းအိပ်မပျော်နိုင်ပဲ ဖြစ်နေခဲ့သည်။ သူ့ခေါင်းထဲတွင် ချင်လိပုံရိပ်များသာ ဝင်ရိုးစွန်း တစ်ခုလိုအထိန်းအကွပ်မရှိ လည်ပတ်နေခဲ့သည်။သူ့အား စိုက်ကြည့်နေသောပုံရိပ်များ၊ သူ့လက်ကို နွေးထွေးစွာဆုပ်ကိုင်ပေးထားသောပုံရိပ်များ၊ သူ့အားပွေ့ဖက်ကာ နမ်းရှုံနေသောပုံရိပ်များ စသဖြင့် မရေမတွက်နိုင်သော အပြုအမူတိုင်းကို သူပုံဖော်နေမိသည်။ ရွမ်ထျန်းသည် ထိုအကြောင်းကို တွေးနေရင်း သူ့အသက်ရှူသံများ အထိန်းအကွပ်မဲ့စွာမြန်ဆန်လာပြီး သူ့ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ပုရွက်ဆိတ်များ လှုပ်ရှားသွားလာနေသကဲ့သို့ယားယံလာသည်။

ပိုထိတ်လန့်ဖွယ်ကောင်းသောအရာမှာ ရွမ်ထျန်းခန္ဓာကိုယ်အောက်ပိုင်းရှိ အစိတ်အပိုင်းတစ်ခုမှာ တုံ့ပြန်မှုစတင်နေသည် ကို သူ ရုတ်တရက်သတိထားမိလိုက်ခြင်းဖြစ်သည်။

ရွမ်ထျန်း မျက်နှာနီရဲလာပြီး ရှက်ရွံတကြီးဖြင့် ထိုနေရာကို လက်ဖြင့် ထိတွေ့စမ်းသပ်လိုက်သည်။ ထိုသည်မှာ လှုံဆော်မှု တစ်ခုသာ ရှိသေးသော်လည်း ထိုလှုံဆော်မှုသည် မသေးငယ်လှကြောင်းကို သူတွေ့ရှိခဲ့သည်။ သူ အနည်းငယ်တုန်လှုပ်သွားသော် စိတ်လှုပ်ရှားနေပြီး သူ့ကိုယ်သူပင် နားမလည်နိုင်အောင် ပျော်ရွှင်နေခဲ့သည်။

"မဟုတ်ဘူး...ငါ ထင်သလိုမဟုတ်ဘူး"

ရွမ်ထျန်း သူ့ကိုယ်သူ နှစ်သိမ့်ရင် စောင်ကို တိတ်တဆိတ် မကာ အိပ်ရာထဲမှ ထလိုက်သည်။

"ဒါက ခန္ဓာကိုယ်က တုံ့ပြန်နေတာပဲ၊ ငါ ထိန်းချုပ်ထားလို့ မရဘူး”

သူ ရေရွတ်နေရင်း စိတ်အားထက်သန်စွာဖြင့် သူ့ဖိနပ်ကိုစီးကာ မှန်ရှေ့တွင် နီရဲနေသော မျက်နှာကို လက်ဖြင့်ပုတ်လိုက်ပြီး သဘာဝကျအောင် ကြိုးစားလိုက်သည်။ ထို့နောက် သူအိပ်ခန်း တံခါးဆီသို့ လျှောက်သွားကာ အပြင်ထွက်ရန် တံခါးကို မဖွင့်မီ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ပြီး ညအိပ်ဝတ်စုံအောက်က ထောင်မတ်နေသော သူ့အပိုင်ကို လျောကျအောင်ကြိုးစားလိုက်သည်။

အရမ်း ရှက်ဖို့ကောင်းတာပဲ...

ရွမ်ထျန်း ရှက်နေသော်ငြားလည်း သူ့စိတ်ထဲတွင် မျှော်လင့်နေဆဲဖြစ်သည်။ ဤသည်မှာ ချင်လိပါးစပ်မှ သူ့အား ရွမ်ရှောင်းထျန်းဟု ခေါ်ဝေါ်ခြင်းပြီးလျှင် သူ့အကြိုက်ဆုံးနှင့် အရူးသွပ်ဆုံးအရာပင်ဖြစ်သည်။

သူ့ခံစားချက်များကိုထုတ်ဖော်ပြီး တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်ခဲ့စဉ်က ရွန်ထျန်းသည် အရက်မူးပြီး ချင်လိနှင့်မတော် တဆအိပ်မိခဲ့သည့် ညကို မရေမတွက်နိုင်အောင်အကြိမ်ပေါင်း များစွာတွေးနေခဲ့သည်။ ထိုစဉ်က အလွန်တုန်လှုပ်ခြောက်ခြားနေသဖြင့် ခံစားချက်ကို ပြန်မှတ်မိရန် အချိန်မရှိခဲ့ပေ။ ယခု သေချာ ပြန်တွေးကြည့်ပါလျှင် သူ ထိုအရာသဘောကျပြီး ပျော်ရွှင်ခဲ့ကြောင်းသိလိုက်ရသည်။ ချင်လိအရာသည် အလွန်ကြီးမားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် ပူနွေးကာ သက်တောင့်သက်သာဖြစ်စေသော ခံစားချက်မျိုး ဖြစ်ပေါ်စေပြီး သူ့တစ်ကိုယ်လုံး တိမ်တိုက်ထဲသို့ ပစ်ချလိုက်သကဲ့သို့ လွင့်မြောသွားသည်။

သူ့ဦး‌နှောက်ထဲတွင် အရာအားလုံးကို အဖြေထုတ်နိုင်ခဲ့ပြီးနောက် စိတ်လွတ်လက်လွတ်ဖြစ်နေသော ပျော်ရွှင်မှုကို အခြားမည်သည့်အရာကမှ ရွမ်ထျန်းအား ပေးစွမ်းနိုင်မည်မဟုတ်ချေ။

ချင်လိတစ်ယောက်တည်းကသာ ထိုခံစားချက်ကိုပေးနိုင်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment