အခန်း ၈ - အိပ်မက်တစ်ခုလိုပဲ
ယုန်လေးကိုချော့ပြီးနောက် ဟယ်ရူကောက အသဲနည်းနည်းသုံးပြီး အခန်းနံပါတ်၂၀၏သံမဏိတံခါးကို ဖွင့်လိုက်သည်။ အခန်းထဲက ကျားဖြူလေးက ဝါဂွမ်းအသိုက်ထဲမှာထိုင်ပြီး ဟယ်ရူကောကို မော့ကြည့်နေပြီး သူ၏မျက်ဝန်းပြာပြာတို့က အလွန်အမင်းရှုပ်ထွေးနေသောစိတ်ခံစားချက်များနှင့် တလက်လက်တောက်ပနေလေသည်။
ဟယ်ရူကောမှာ အမွှေးဖွာဖွာကျားဖြူလေး၏မျက်နှာပေါ်က ရှုပ်ထွေးနေသောစိတ်ခံစားချက်များကို မြင်နေရသဖြင့် သူရူးသွားတာဖြစ်ရမည်ဟု ဟယ်ရူကောခံစားလိုက်ရသည်။
သူက ကျားဖြူလေးဘေးက လွင့်မျောနေသောဘောက်စ်ကို နှိပ်ပြီး ၎င်း၏အခြေအနေကို စစ်ကြည့်လိုက်သည်။
[ရင်းနှီးမှု]: နံပါတ်၂၀အတွက်..သင်က နှစ်သက်မှုနှုန်း၃၇ရှိတဲ့ ထူးခြားတဲ့လူတစ်ယောက်ပါ။
[မနိုးထသေး]: သင်ကလွဲလို့ နံပါတ်၂၀က မကောင်းဆိုးဝါးလေးဆိုတာ ဘယ်သူမှ ရှာမတွေ့သေးပါ။
နှစ်သက်မှုနှုန်းက အလိုအလျောက်တိုးနိုင်လို့လား။ သိပ်မကြာသေးခင်က ၃၅ပွိုင့်ရှိနေတာမှန်း သူမှတ်မိပါတယ်။
ပြောဖို့ထူးဆန်းတာက သူ့စိတ်အခြေအနေက ဘယ်လောက်ဆိုးဝါးနေပါစေ၊ သူက ကျားဖြူလေးကိုမြင်လိုက်ရပြီးနောက်မှာ သူရုတ်ခြည်းခံစားချက်ပိုကောင်းသွားလိမ့်မည်။ တစ်ဖက်သူမှာ ချဥ်တူးတူးမျက်နှာရှိနေရင်တောင် ၎င်းက အလွန်မောက်မာကာ ချစ်စရာကောင်းသည်ဟု ဟယ်ရူကောထင်မိဆဲပင်။
သူက[အစာကျွေးခြင်း]ကိုနှိပ်လိုက်ပြီး တစ်ခုထဲသောအစာကျွေးသည့်ရွေးချယ်မှုက ပုလင်းဖြစ်သည်။ နောက်ဆုံးသကြားလုံးက ဟယ်ရူကောယုန်လေးကို ကျွေးလိုက်လို့ ကုန်သွားပြီဖြစ်သည်။
လက်ထဲမှာ ပုလင်းကိုင်လျက်သားဖြင့် သူက နို့သီးခေါင်းကို ကျားဖြူလေး၏ပါးစပ်နားကပ်ပေးလိုက်သည်။ ဟယ်ရူကောက လက်ပေါ်မေးထောက်၍ မျက်နှာပြင်ကို ကြည့်လိုက်ပြီး ကျားဖြူလေးက နို့ကိုစုပ်သောက်တာကို ကြည့်ဖို့ စောင့်စားနေမိသည်။
သူက လိမ်လိမ်မာမာလေးခေါင်းစောင်းပြီး နို့သီးခေါင်းကို ဒေါသတကြီးစုပ်လာမှာလား။ သူက သည်းကြီးမဲကြီးသောက်နေလို့ "တပြွတ်ပြွတ်"(စုပ်သံ)ထွက်လာပြီး သူ့ပန်းရောင်နှာခေါင်းလေးက တရှုံ့ရှုံ့တွန့်မေပြီးတော့ ပန်းဖူးနဲ့တူတဲ့သူ့နားရွက်လေးတွေက နို့စီးဆင်းမှုနဲ့အတူ သံပြိုင်လှုပ်နေမှာပဲ...
အရင်ကအစာကျွေးခြင်းအားလုံးမှာ သံမဏိတံခါးမှတဆင့်လုပ်ရသည်။ ဟယ်ရူကောက ဘာကိုမှမမြင်ရဘဲ အသံများကို နားထောင်ပြီး စိတ်ကူးကြည့်ရုံသာတတ်နိုင်ခဲ့သည်။ စိတ်ကူးယဥ်မှုအားကောင်းသော စာရေးဆရာတစ်ယောက်အနေဖြင့် ဟယ်ရူကောက ကျားဖြူလေးနှင့်နို့စို့သံကို ဆက်စပ်ကြည့်လို့ရပြီး သူကျားဖြူလေးကို တွေးမိသွားချိန်မှာ သူ့ရင်ခွင်ထဲမှာ ကျားဖြူလေးနို့စို့နေသည့်မြင်ကွင်းကို စဥ်းစားကြည့်လို့ရသည်။
ဟယ်ရူကောက စိတ်လှုပ်ရှားစွာ စိတ်ကူးယဥ်နေမိစဥ် ကျားဖြူလေးက ရုတ်တရက်နို့သီးခေါင်းကိုကိုက်ပြီး ခြေလှမ်းအတော်များများဆုတ်သွားကာ ပုလင်းကို ဟယ်ရူကော၏လက်ထဲကဆွဲယူသွားသည်။
နံပါတ်၂၀:
[နံပါတ်၂၀က မှီခိုမှုကင်းပြီးတော့ ရှက်တတ်တယ်...သူက သူများတွေလာကျွေးတာကို နေသားမကျသလို သူများတွေရှေ့မှာ စားရတာကိုလည်းနေသားမကျဘူး..]
ကျားဖြူလေးက အနောက်လှည့်သွားပြီး ဟယ်ရူကောကို ဖင်ပေးကာ နို့သောက်လိုက်သည်။
ဟယ်ရူကောက ကျားဖြူလေး၏ကျောပြင်ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်မိသည်။ ရုတ်တရက် မျက်မှန်အနောက်မှ သူ၏အနက်ရောင်မျက်ဝန်းများက တဖြည်းဖြည်းချင်းတောက်ပလာသည်။
အမွှေးဖွာဖွာနဲ့ နူးညံ့တဲ့အောက်ပိုင်းလေးကလဲ အရမ်းချစ်ဖို့ကောင်းတာပဲ! ပြီးတော့ အလိုလိုလှုပ်နေတဲ့အမြီးထိပ်ဖျားက ဟယ်ရူကော၏နှလုံးသားကို တဖျတ်ဖျတ်လှုပ်ခါသွားစေသည်။
သူက ကျားဖြူလေးရဲ့တင်ပါးကို မထိနိုင်ပေမဲ့ သူ့နှစ်သက်မှုနှုန်းများလာတဲ့အခါကျရင် ဂိမ်းက သူ့တင်ပါးကို ထိလို့ရတဲ့ရွေးချယ်မှုပေးလာမှာလား။
မင်းအမြဲအိပ်မက်မက်နေတာ၊ အဲ့ဒါတွေအမှန်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။
နေ့စဥ်လုပ်ရမည့်တာဝန်များ:
[စမ်းသပ်ခံကို အစာကျွေးခြင်း (ညစာ* ပြီးဆုံး)]
နို့သောက်ပြီးနောက် ကျားဖြူလေးက ပါးစပ်ထဲမှာ နို့သီးခေါင်းကို ကိုက်ထားပြီး ပုလင်းကို ဟယ်ရူကောရှေ့ပြန်ဆွဲယူသွားပေးလိုက်သည်။ ပုလင်းကို အောက်ချပြီးနောက် ကျားဖြူလေး၏ပါးစပ်ပေါ်မှာ နို့စက်အနည်းငယ်ရှိနေကြောင်း ဟယ်ရူကောက စူးရှသောမျက်လုံးများနှင့် သတိထားမိသွားသည်။
ဒါက တိုက်ခိုက်နေရသလိုမျိုး နို့သောက်တတ်တဲ့ စိတ်မြန်လက်မြန်ရှိတဲ့ကလေးလေးပဲ။ သူက ကောင်ငယ်လေးဖြစ်လာလို့ရှိရင် နို့ဘူးကိုကောက်ပြီး ရဲတင်းစွာမှုတ်လိုက်ပြီး တစ်ကျိုက်ထဲသောက်ချလိုက်ပြီးနောက် ဘူးကိုအောက်ချပြီး သူ့မျက်နှာပေါ်မှာ နို့များတစ်စက်စက်ပေကျံခဲ့လောက်မည်။
ကျားဖြူလေး၏သာမန်ကာလျှံကာ ပင်ကိုယ်စရိုက်ဖြင့် သူက ပထမဆုံးအကြိမ်မှာ နို့ပေနေတာကို သတိထားမိမှာမဟုတ်ပေ။ သူက သူ့ကို မျက်နှာသေနှင့်စိုက်ကြည့်ပြီး ခက်ထန်သောလေသံနှင့် မေးလာလောက်သည်။
" မင်း ဘာကိုရယ်နေတာလဲ.."
ဟယ်ရူကောက စိတ်ကူးယဥ်တာကို မရပ်နိုင်ဘဲ သူကံဆိုးမိုးမှောင်ကျပြီဟု ခံစားလိုက်ရသည်။ "ကျားဖြူလေးကို ခိုးပြီး အိမ်ခေါ်သွားချင်သည့်"ရဲတင်းသော စိတ်ကူးပေါ်လာပြီးနောက် သူက "စူပါခက်ထန်သောကောင်ငယ်လေးကို ပြန်ပေးဆွဲပြီး အိမ်ခေါ်သွား"ချင်လာပြန်သည်။
မျက်နှာပေါ်မှာ ထူးခြားဆန်းကြယ်သော အပြုံးတစ်ပွင့်နှင့် ဟယ်ရူကောက ပြောဆိုဆက်ဆံသည့်ရွေးချယ်မှုကိုနှိပ်ပြီး နေ့စဥ်စကားပြောအပိုင်း[ဒိုင်ယာလော့]နှင့် စတင်လိုက်သည်။
ဟယ်ရူကောမှာ တကယ်တော့ သူအချစ်ဈေးဆိုင်မှာ မုန့်သွားဝယ်ပေးလို့ရအောင် ကျားဖြူလေးက ဘာစားရတာကြိုက်လဲဆိုတာလိုမျိုး ကျားဖြူလေးကို ပြောစရာအများကြီးရှိသည်။ ဥပမာနောက်တစ်ခုက ဒီနေ့ကျားဖြူလေးခေါင်းကိုက်နေလား၊ သူဝမ်းနည်းနေလားစသဖြင့်တို့ဖြစ်သည်။
ဒါပေမဲ့...အဆုံးမှာတော့ ဒါက ဂိမ်းတစ်ခုသာဖြစ်ပြီး ကျားဖြူလေးက ဂိမ်းထဲက ဇာတ်ကောင်တစ်ခုသာဖြစ်ကာ သူနှင့်အသံဖြင့်စကားပြောလို့မရပေ။
နံပါတ်၂၀:
[ဟွမ်ယုံးလွှတ်လိုက်တဲ့အပုပ်နံ့က ကြက်ဥပုပ်နံ့ပဲ..]
[မင်းရဲ့အကြိုက်ဆုံးအရသာက ဘာလဲ? ဖြစ်နိုင်တာက...အချိုပဲဖြစ်ရမယ်...ကိုယ်စားကြည့်ဖူးတာမို့ အဲ့ဒါက ထူးခြားတာတော့သိတယ်...]
ဟယ်ရူကောအံ့သြရလောက်အောင် ကျားဖြူလေးက ဒီတစ်ခေါက်စကားများလာပြီး အရင်ကလိုမျိုး နှုတ်ဆိတ်မနေတော့ပေ။ ဒါက ဟယ်ရူကောကို သူငယ်ချင်းတစ်ယောက်နှင့်စကားပြောနေရသည့်ခံစားချက်တစ်ခုပေးစွမ်းလာပြီး သူမနေနိုင်ဘဲ[ဒိုင်ယာလော့]ကို ထပ်နှိပ်လိုက်ပြီး မတူညီသောအဖြေများပိုကြားရဖို့ မျှော်လင့်နေမိသည်။
နံပါတ်၂၀:
[.....]
[နံပါတ်၂၀က ရုတ်တရက်ပါးစပ်ပိတ်သွားတယ်..သူ့အတွက် တစ်ခါထဲစကားအများကြီးပြောဖို့က ခက်တယ်လေ..]
မျက်နှာပြင်ပေါ်က ကျားဖြူလေးက လက်ဖဝါးများပေါ်မေးတင်ကာ ကြမ်းပြင်ကို တိတ်တိတ်လေးကြည့်လို့နေသည်။
ကျားဖြူလေးက အခွံမာပေမဲ့ နူးညံ့သောနှလုံးသားရှိသည့် ခရုလေးနှင့်တူသည်ဟု ဟယ်ရူကောရုတ်တရက်ခံစားလိုက်ရ၏။ သူက အပြင်လောကကြီးကို လုံးဝမယုံမကြည်ဖြစ်နေပြီး သူက သူချစ်တဲ့သူဆီ ခြေလှမ်းသေးသေးလေးတစ်လှမ်းလှမ်းဖို့ အလွန်အပြင်းအထန်ကြိုးစားကာ အလွန်သတ္တိရှိရပေလိမ့်မည်။
လက်တံများက အခွံထဲမှ သတိရှိရှိဆန့်ထွက်လာချိန်မှာ သူ့ကို လန့်သွားအောင် ဘာမှလုပ်လို့မဖြစ်ပေ၊ ဘာလို့လဲဆိုတော့ အနှောင့်အယှက်နည်းနည်းလေးကြောင့် သူက အခွံထဲပြန်ရုတ်သွားလိမ့်မည်။
သူတကယ်...ဒီကျားဖြူလေးကို ပိုပိုပြီးသဘောကျလာမိပြီ။
မောက်စ်ဖြင့် [ထိတွေ့ခြင်း]ကို နှိပ်လိုက်ပြီး မျက်နှာပြင်ပေါ်ကလက်က ကျားဖြူလေးဆီ ဖြည်းညှင်းစွာချဥ်းကပ်သွားသည်။ ကျားဖြူလေးက အနားတိုးသထက်တိုးကပ်လာသည့်လက်ကို မော့ကြည့်လာ၏။ သူက မရှောင်သကဲ့သို့ တားလဲမတားဘဲ လက်ဖဝါးများပေါ်မေးတင်ကာဖြင့် လက်ကို တည်ငြိမ်စွာကြည့်နေလေသည်။
လက်ဖဝါးက ခေါင်းသေးသေးလေးကို အသာပွတ်သပ်လိုက်ချိန်မှာ ကျားဖြူလေးကလည်း တည်ငြိမ်နေဆဲပင်။ ဒီတည်ငြိမ်သောတုံ့ပြန်မှုက ဟယ်ရူကောကို တသိမ့်သိမ့်ရင်ခုန်သွားစေသည်။
နံပါတ်၂၀:
[နံပါတ်၂၀က သင့်ရဲ့အထိအတွေ့ကို နေသားကျစပြုလာပါပြီ]
[နွေးထွေးပြီးနူးညံ့တဲ့အမွှေးရဲ့အထိအတွေ့က ငါ့လက်ကလာတာပဲ]
[နံပါတ်၂၀က ဖြေးဖြေးချင်းမျက်စိမှိတ်လိုက်တယ်]
ကျားဖြူလေးက အိပ်ပျော်သွားပုံရသည်။
နံပါတ်၂၀:
[နံပါတ်၂၀က နည်းနည်းဝမ်းနည်းပေမဲ့ နည်းနည်းပျော်တယ်...]
သူပင်ပန်းနေပြီ။
ပြောဆိုဆက်ဆံသည့်ဆယ်မိနစ်တာအချိန်က မကုန်သေးသည့်အပြင် ဟယ်ရူကောက ကျားဖြူလေးကိုကျွေးဖို့ အချစ်ဈေးဆိုင်ဆီက အရသာရှိသောအစားအသောက်မဝယ်ရသေးပေမဲ့ ဒီအခိုက်အတန့်မှာ သူအခန်းထဲက သတိရှိရှိထွက်လာခဲ့သည်။
ဒါက လုပ်ဖို့ ထူးဆန်းတဲ့အရာဆိုပေမဲ့...သူ့ကျားဖြူလေးက ပင်ပန်းနေပြီး သူပင်ပန်းနေတဲ့အချိန်မှာ သူကောင်းကောင်းအိပ်သင့်တာမို့ အရာအားလုံးက ပြီးဆုံးသွားလိမ့်မယ်။
ဒီဂိမ်း၏ဇာတ်အိမ်က ဘယ်လိုမျိုးလဲဆိုတာ သူမသိ၊ ကျားဖြူလေးနောက်ထပ်ဘာကြုံရမလဲသူမသိပေ။ သူ့ဘဝမှာ ပထမဆုံးအကြိမ်အနေဖြင့် ဟယ်ရူကောမှာ ပိုက်ဆံဖြုန်းချင်စိတ်ပေါ်လာသည်။
ဒီဂိမ်းကို ပိုက်ဆံအစစ်နဲ့ ဆော့လို့ရရင် သူပိုက်ဆံအများဆုံးဖြုန်းပြီး ကျားဖြူလေးကို ကောင်းကင်ထိရောက်အောင် အလိုလိုက်ပေးမိမှာ။
သူ့ခေါင်းဆောင်းကို ဖယ်ရှားလိုက်ပြီးနောက် ဂိမ်းက သူ့ရောဂါကို တကယ်ကုပေးနေပုံရကြောင်း ရွှီကွေ့ချန်သိလိုက်ရသည်။ ထိန်းချုပ်မှုလွတ်နေခဲ့သည့် သူ့စိတ်ဝိညာဥ်အသိစိတ်က သူနှင့်တဝိုးတဝါးအဆက်အသွယ်ပြန်ရလာသည်။
ဒါကောင်းတဲ့အရာပဲ။
သူက ဝါဂွမ်းအသိုက်ထဲ ပြုတ်ကျသွားပြီး သူ့စိတ်ဝိညာဥ်အသိစိတ်ပင်လယ်ထဲက နာကျင်မှုက ချက်ချင်းမပျောက်သွားပေ။ ရွှီကွေ့ချန်မှာ နာကျင်မှုကို သာမန်ထက်ပိုမိုသည်းခံနိုင်စွမ်းရှိသည်။ သူငယ်ငယ်တုန်းက လောကကြီးထဲက နာကျင်မှုအများစုကို ကြုံတွေ့ခံစားခဲ့ရလို့လားမသိ၊ အရွယ်ရောက်လာပြီးနောက် ဒဏ်ရာက ဘယ်လောက်ပြင်းထန်ပါစေ သူမျက်ရည်တစ်စက်မကျ၊ အားနည်းချက်ထုတ်မပြသကဲ့သို့ နာနာကျင်ကျင်အော်သံလည်းမပြုတတ်ပေ။
အငိုသန်တဲ့ကလေးတွေက ချော့မြူးခံရတတတ်တယ်တဲ့..ဒါပေမယ့် ငိုနေတာတောင် ချော့မြူးမခံရခဲ့ရင်တောင် ကလေးက ငိုနေတာ သူ့ဘာသာရပ်သွားလိမ့်မယ်...
နောက်ပိုင်း သတ်ဖြတ်ခြင်းက သူ့နာကျင်မှုကို လျော့ပါးစေနိုင်မှန်း သူမတော်တဆသိလိုက်ရပြီး သူ့ခေါင်းက ပေါက်ကွဲထွက်တော့မဲ့အချိန်မှာ သူကအမြဲတမ်းကြောက်မက်ဖွယ်ကောင်းသောအရာများလုပ်မိလိမ့်မည်။
ဇာ့ခ်ကိုသတ်ပစ်တာက သတ်ဖြတ်ခြင်းဖြစ်ပြီး ကြယ်ဓားပြကိုသတ်ပစ်တာက သတ်ဖြတ်ခြင်းဖြစ်သည်။ အမှန်တော့ ကြယ်သူခိုးနှင့်ဇာ့ခ်ကြားမှာ ဘာကွာခြားမှုကိုမှ သူမမြင်မိပေ။ သူတို့နှစ်ခုလုံးက လူသတ်ကြပေမဲ့ ကြယ်စစ်ပွဲများထဲမှာ သူ၏သွေးဆာမှုအတွက် "ဖက်ဒရယ်၏ဓား"အဖြစ် စည်းရုံးခံခဲ့ရသည်။ သူက ဖက်ဒရယ်၏ပိုင်ဆိုင်မှုဟု မခံစားရဘဲ သူ့တိုင်းပြည်ကိုခုခံခြင်းနှင့် သူ့လုပ်ရပ်များကို တစ်ညီထဲသတ်မှတ်ဖို့ခက်ကြောင်း သိလိုက်ရသည်။
မောက်ကျစ်ရှဲ့က တစ်ခါက တိုးတိုးပြောခဲ့ဖူးသည်။
"ဗိုလ်ချုပ်ကြီးရှဲ့...ဘဝကို ချစ်မြတ်နိုးရမယ်နော်.."
သူဘဝကို ချစ်မြတ်နိုးဖို့ ကြိုးစားခဲ့ပေမဲ့ တစ်ချိန်တည်း၌ သူတကယ်အသက်မရှင်ချင်ပေ။
ဘဝက ရှေ့ဆက်ဖို့ နည်းနည်းလေးသာရှိပြီး ငြီးငွေ့ပင်ပန်းရသည့်တိုင် အလွယ်လေးအဆုံးသတ်ဖို့ သူတွန့်ဆုတ်နေမိပြီး သူ့ဘဝ၏ပထမဆုံးတစ်ဝက်ကို အကျဥ်းထောင်ထဲမှာ အပိတ်ခံရကာ အခြားသူများထံမှ ထိန်းချုပ်ခံရခြင်းဖြင့် ကုန်ဆုံးခဲ့ရပေရာ နောက်ဆုံးလွတ်လပ်မှုကိုရှာတွေ့ခါမှ ဒီလိုမျိုးသေဆုံးသွားဖို့က နှမြောစရာကောင်းလှသည်။
သို့သော် ရောဂါနှိပ်စက်ညှင်းပန်းတာခံနေရသည့်ဒီခန္ဓာကိုယ်နှင့် ဘဝက အဓိပ္ပါယ်မရှိသယောင်။ သူ့မှာ မိတ်ဆွေသူငယ်ချင်းမရှိ၊ မိသားစုမရှိ၊ ချစ်ရသူမရှိပေ။ သူက မြင့်မားသောရာထူးထိရောက်ရှိလာခဲ့သည့်တိုင် သူကူကယ်ရာမဲ့နေခဲ့သည်။ သူကသူ့ကိုယ်ပိုင်ဂြိုဟ်ပေါ်မှာ နေနေသည့်တိုင် မည်းမှောင်စုတ်ပြတ်နေသော အခန်းနံပါတ်၂၀ထဲဲမှာ ပိတ်မိနေသကဲ့သို့ ခံစားရသည်။
"ယုန်လေးရေ...တံခါးဖွင့်ပါကွယ်~"
ဘေးအခန်းကသီချင်းသံထွက်လာပြီး ကျားဖြူလေး၏နားရွက်များက အသံလာရာဆီလှည့်သွားသည်။
ရွှီ့ကွေ့ချန်ဒီအခိုက်အတန့်မှာ အနည်းငယ်မှင်သက်သွားမိပြီး သူ၏အဆိုးမြင်သောပတွေးများက ရုတ်တရက်ထွက်လာသောသီချင်းဆိုသံကြောင့် လုံးဝပျက်သွားသည်။ သူတစ်ခဏမျှမိန်းမောနေမိပြီးမှ စာသား၏အဓိပ္ပါယ်ကို နားလည်သွားသည်။
"ယုန်လေး..ကလေးလေး? စာသားက ဒီလောက်ကလေးဆန်ရလား.."
ကလေးချော့တေးကို တစ်ခါမှမကြားဖူးသည့် ရွှီကွေ့ချန်က မှင်သက်သွားမိ၏။ သူငယ်ငယ်တုန်းက အခန်းနံပါတ်၂၀ဆီပထမဆုံးရောက်လာပြီး ဘေးအခန်းက သူ့အမေကို ငိုပြီးအော်ခေါ်နေသည့် ယုန်လေး၏အသံကို ကြားလိုက်ရတုန်းကလိုမျိုး သူတုံ့ဆိုင်းသွားကာ အနည်းငယ်သိချင်စိတ်ဖြစ်လာမိသည်။ သူသံမဏိနံရံဆီခြေဖျားထောက်သွားပြီး နံရံပေါ်တိတ်တိတ်လေးနားရွက်ကပ်လိုက်မိသည်။
နံရံကိုဖြတ်၍ တစ်ဖက်ကလူက နူးညံ့စွာ သီဆိုလာသည်။
"ယုန်လေးရေ..တံခါးဖွင့်ပါကွယ်~"
နှစ်ခေါက်ဆိုရသည့်စကားလုံးများစွာပါဝင်ပြီး စာသားက ကလေးများအတွက် ရည်ရွယ်ကာ "တန်းစီထိုင်ခြင်း"နှင့်"အသီးစားခြင်း"တို့လိုမျိုးပါဝင်သည်။ သို့သော် ဘယ်သူကမှ ရွှီ့ကွေ့ချန်ကို တစ်ခါမှမပြောဖူးပေ။
"မြန်မြန်ဖွင့်လေကွယ်...ငါဝင်လာချင်လို့လေကွယ်~"
ဤအခိုက်အတန့်မှာ ဟယ်ရူကောက လက်မအရွယ်ဖြစ်လာပြီး သူ့နှလုံးသားတံခါးဝရှေ့မှာရပ်ကာ ယဥ်ကျေးစွာတံခါးခေါက်ပြီး သူအထဲဝင်လာလို့ရမလားဟု သူ့ကို မေးလာလေသည်။
ထိုလူ၏အနောက်မှာ အခြားကမ္ဘာရှိပြီး အလွန်အကျူးချိုမြိန်သောသကြားလုံးများက မိုးကောင်းကင်ပေါ်က ကျလာပြီး သကြားလုံးမိုးကဲ့သို့ တကျွတ်ကျွတ်အသံပြုလုပ်လာသည့်နေရာ၊ ထူးဆန်းကာ အရောင်အသွေးစုံသော ကမ္ဘာတစ်ခုဖြစ်၏။
ဟယ်ရူကောက တိမ်လွှာပေါ်မှာ ထိုင်ကာ သီချင်းဆိုနေလေသည်။ သူ့အသံက နူးညံ့ညင်သာပြီး သူက ဖြည်းညှင်းစွာသီဆိုမေပေမဲ့ သူပျော်နေချိန်မှာ သူ့အသံက ရွှင်မြူးနေပြီး အဆုံးသတ်က ပျော်ရွှင်စွာမြင့်တက်သွားလိမ့်မည်။
သူကလက်ထဲမှာ ချိုချဥ်လက်တစ်ဆုပ်စာကိုင်ထားပြီး ခေါင်းရမ်းလျက်သားဖြင့် လေထဲမှပစ်ချလိုက်သည်။
လေထုက သကြားလုံး၏ချိုမြိန်သောအနံ့နှင့်ပြည့်နှက်သွားသည်။ ကျားဖြူလေးက နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်မိပြီး ဘေးအခန်းက ယုန်လေးက သကြားလုံးကို မြိန်ရေယှက်ရေစားနေသည့်အသံကို ကြားလိုက်ရ၏။
မသိလိုက်ဘဲလှုပ်ရမ်းနေသည့်အမြီးက ရပ်သွားပြီး ကျားဖြူလေးက ဆူပုတ်ကာဖြင့် သူ့ဝါဂွမ်းအသိုက်ထဲမှာ ပြန်ထိုင်လိုက်သည်။ သူပိုင်သင့်သည့်တစ်စုံတစ်ရာကို သူ့ဆီကယူသွားခံလိုက်ရသည့်အလား သူရုတ်တရက်အမျက်ဒေါသနှင့်ပြည့်သွား၏။
ဒါက သူ့ရဲ့မူပိုင်ချစ်သူလေ။ ဒီသကြားလုံးတွေက သူ့ဟာဖြစ်ရမှာ။
ပြီးတော့..ဟယ်ရူကောက သူ့အတွက်ကျတော့ သီချင်းမဆိုပေးဖူးဘူး။
ရွှီကွေ့ချန်က တည်တင်းသောမျက်နှာနှင့် မပျော်မရွှင်တွေးလိုက်မိသည်။
သံမဏိတံခါးက တွန်းဖွင့်ခံလိုက်ရပြီး လူငယ်လေးက မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်နှင့် အထဲဝင်လာသည်။ သူ့မျက်လုံးများက စိတ်အားထက်သန်နေပြီး သူ၏အနက်ရောင်မျက်ဝန်းများက တောက်ပြောင်နေသယောင်။ ဟယ်ရူကောက ဒီဂိမ်းထဲမှာ အလွန်ထူးခြားသောတည်ရှိမှုဖြစ်သည်။ ဒီဂိမ်းကိုထွင်ခဲ့တဲ့လူက တကယ်ကောက်ကျစ်တာပဲ။
ဒီဇိုင်းဆွဲသူက အရာအားလုံးကို အသေးစိတ်လုပ်ထားပြီး မည်းမှောင်နေသောပတ်ဝန်းကျင်ကို ဖန်တီးပေးကာ မိစ္ဆာနှင့်မကောင်းဆိုးဝါးများပေါက်ဖွားလာစေဖို့ လုံလောက်စွာ မည်းမှောင်ပေသည်။ ဟယ်ရူကောက အသက်ရှင်နေပုံပေါက်သည့် တစ်ဦးထဲသောသူဖြစ်ပြီး သူ့မျက်လုံးများက တောက်ပနေပြီး သူ့နှုတ်ခမ်းက နှင်းဆီရောင်သန်းလို့နေကာ သူ့ကို နွေးထွေးသောအကြည့်တစ်ခုပေးလာသည်။
ဟယ်ရူကောကလွဲပြီး ဘယ်သူကမှ သူ့အပေါ် ကောင်းပေးမှာမဟုတ်ဘူး။
ဆိုတော့ သူ့မှာ ဒီဂိမ်းထဲက ဒီဇာတ်ကောင်အပေါ် ခံစားချက်တွေဖြစ်လာမှာ သေချာပေါက်ပဲ။ မင်းကိုယ်မင်းမေးကြည့်စမ်းပါ၊ သူက ဒီ"မူပိုင်ချစ်သူ"ကို သဘောကျရဲ့လား။
...ငါနည်းနည်းတော့သဘောကျတယ်။
သူက ဟယ်ရူကောသူ့ကို ကြည့်လာပုံကို သဘောကျပြီး ၎င်းက သူတကယ်အချစ်ခံနေရသည်ဟူသော ထင်ယောင်ထင်မှားခံစားချက်ပေးစွမ်းလို့နေသည်။
သူ့လိုမျိုးတစ်စုံတစ်ယောက်က အချစ်ခံရပါ့မလား။
ရွှီကွေ့ချန်က နို့သောက်ရင်း ဒီမေးခွန်းနှင့်ပတ်သတ်ပြီး အာရုံစိုက်တွေးတောနေမိသည်။
--တကယ်လို့ တကယ်လို့လို့ပြောတာနော်ဘ မင်း ကိုယ့်ကို သဘောကျရင် ဘယ်လောက်လောက်သဘောကျတာလဲ? ဘေးအခန်းကယုန်လေးထက် ပိုများမှာလား။
--မဟုတ်ဘူး၊ မေးခွန်းက ဒါဖြစ်သင့်တာ: ဒီဂိမ်းထဲမှာ ကိုယ့်အပေါ်မင်းရဲ့အချစ်က သတ်မှတ်ထားပြီးသားလား။ အဲ့လိုဆို မင်း ကိုယ့်ကို ဘယ်လောက်သဘောကျတာလဲ။
သူဒီမေးခွန်းကို မေးချင်မိသည်။
ဒါပေမဲ့ သူစကားပြောဖို့ပြင်လိုက်ချိန်မှာ အပ်တစ်ချောင်းက ဘယ်ကမှန်းမသိထွက်လာပြီး သူနောက်ဆုံးမှာရဲဆေးတင်ထားတဲ့သတ္တိကို ထိုးဖောက်ပစ်လိုက်သည်။
ကျားဖြူလေးက ပြားချပ်သွားသည့်ဘောလုံးပမာ ဝါဂွမ်းအသိုက်ထဲမှာ ပျော့ခွေလှဲနေပြီး သူ့နားရွက်များက ငိုက်ကျလို့နေကာ သူ့မျက်လုံးများက ကြမ်းပြင်ပေါ်အကြည့်ရောက်နေပြီး သူက ရေရွတ်လိုက်သည်။
မင်းလိုမျိုးမကောင်းဆိုးဝါးက ဘယ်လိုလုပ်ပြီး အချစ်ခံရဖို့ ထိုက်တန်မှာလဲ။
ရွှီကွေ့ချန်မှာ ထိုနေ့က အရေးပေါ်ခန်းဆီပြန်ရောက်သွားပြီး ကုတင်ပေါ်မှာလှဲကာ ဆရာဝန်က မရင်းနှီးသောဆေးပညာအသုံးအနှုန်းများဖြင့် စကားပြောနေတာကို နားထောင်နေရသည့်အလား ရုတ်တရက်မောပန်းနွမ်းနယ်သွား၏။ သူ၏ထူးဆန်းသောရောဂါရုတ်တရက်ပေါ်ပေါက်လာမှုက အရာအားလုံးကို ရယ်စရာကောင်းသောအိပ်မက်ဖြစ်သွားစေသယောင်။ သူ့အိပ်မက်ထဲမှာ သူကမက်ခါမောင်းပြီး ကြယ်စစ်ပွဲများကို ဆင်နွှဲနေတုန်းပင်။ သူမျက်စိဖွင့်လိုက်ချိန်မှာ သူက လွတ်လပ်စွာပြေးလွှားနိုင်ခြင်းမရှိဘဲ ကုတင်ပေါ်မှာ အချိန်အတော်ကြာလှဲနေခဲ့ရသည်။
ရွှီကွေ့ချန်ဖြည်းညှင်းစွာ မျက်စိမှိတ်လိုက်မိသည်။
နို့နံ့သင်းသင်းနှင့်လက်တစ်ဖက်က သူ့နှဖူးကို ထိလာပြီး အထိအတွေ့က တအားနူးညံ့ညင်သာပေသည်။
သူဒီအထိအတွေ့မျိုးကို အလွန်သဘောကျသည်ဟု တွေးလိုက်မိသည်၊ တအားလှပပြီး ထိလိုက်ရင် ကွဲကြေသွားမဲ့အိပ်မက်တစ်ခုကဲ့သို့ပေ။
သို့သော်လည်း အိပ်မက်များမှာ အမြဲအဆုံးသွားလေ့ရှိသည်။
နိုးလာပြီးနောက် သူ့မှာ ဘာမှမရှိဘဲ တစ်ယောက်ထဲဖြစ်နေဆဲပေ။