no

Font
Theme

အခန်း ၁၀ - ကံကြမ္မာကတ်များ

[Offline mission: ကီးဘုတ်စစ်သည်တော်များကို မျက်နှာဖြတ်ရိုက်ရန်

ဒီဂိမ်းကပေးထားတဲ့ ကျင်ကျင်းစာပေမြို့တော်ဝက်ဘ်ဆိုက်ကို နှိပ်ပြီးတော့ ကီးဘုတ်စစ်သည်တော်တွေရဲ့မျက်နှာကို ဖြတ်ရိုက်ဖို့ မြို့တော်အကယ်ဒမီရဲ့ဆိုက်ဘာစုံစမ်းရေးကော့စ်ထဲမှာလေ့လာခဲ့တဲ့ အခြေခံဗဟုသုတကို အသုံးချလိုက်ပါ။]

ကြယ်စုခေတ်ဂိမ်းများက ကစားသမားများကို ဂိမ်းခန်းထဲမှာ တစ်ချိန်လုံးလှဲနေဖို့ မလိုအပ်ပေ။ တစ်ခါတရံ ဂိမ်းဟာ ကစားသမားများက မြင်ကွင်းကွန်ပျူတာ၏ခွင့်ပြုချက်တချို့ကို အသက်သွင်းပြီး ဂိမ်း၏စောင့်ကြည့်မှုအောက်မှာ တာဝန်များကို ပြီးမြောက်အောင်လုပ်ဖို့ လိုအပ်သည့် အော့ဖ်လိုင်းတာဝန်များထုတ်ပေးလိမ့်မည်။

ရွှီကွေ့ချန်က ထိုကဲ့သို့အော့ဖ်လိုင်းတာဝန်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဂိမ်းခန်းက အလိုအလျောက်ပွင့်လာပြီး ရွှီကွေ့ချန်က မျက်စိဖွင့်လိုက်သည်။ သူ့မျက်လုံးများထဲက တောက်လောင်နေသောအမျက်ဒေါသက ချော်ရည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဟယ်ရူကော၏နုနယ်မှုနှင့်ကူကယ်ရာမဲ့မှုက သနားကြင်နာမှုရရှိဖို့ စူးရှသောလက်နက်တစ်ခုပမာ ရွှီကွေ့ချန်၏နှလုံးသားထဲထိုးဖောက်ဝင်သွားခဲ့သည်။ ရွှီကွေ့ချန်က ကောမန့်ဆက်ရှင်ကို ဖွင့်လိုက်ချိန်မှာ မျက်နှာပြင်က ကြမ်းရှပြီး ထေ့ငေါ့သောစော်ကားမှုများနှင့်ပြည့်နေကြောင်း မြင်လိုက်ရတော့ သူ့အမျက်ဒေါသက မိုးထိမြင့်သွားသည်!

ဝေါင်း---

"စစ်မာ(司马)"ကဘာလဲ။

မသိဘူး!

မြင်းက လူတွေကို ဆဲဖို့ သုံးတာလား?!

(Adm note:司马 က 马ကမြင်းပါတကယ်တော့ 司马ရဲ့အသံနဲ့ 死吗(မင်းအမေသေပြီ) က အသံထွက်တူပါတယ်)

ဝေါင်း--

"ခွေးဖင်စာရေးဆရာ"ကဘာလဲ။

မသိဘူး!

ခွေးတွေကလဲ လူတွေကို ဆဲဆိုဖို့ သုံးတာလား?!

ဝေါင်း--

ငါတို့ကြောင်မျိူးနွယ်စုမှာ အကောင်းဆုံးပုံရိပ်ရှိသေးတယ်ကွ!

သူက ဘာမှနားမလည်သော်လည်း ၎င်းက ကောင်းမွန်သောစကားလုံးမဟုတ်ကြောင်း ရွှီကွေ့ချန်အလိုလိုသိလိုက်သည်။ သူ၏မျက်ဝန်းပြာထဲက ရန်လိုစိတ်က ရေခဲပြင်အောက်မှာ လှိုက်တက်လာသည့် မီးတောက်ပမာ မဖုံးကွယ်ထားပေ။ သူက "သတင်းစာ"၏အိုင်ဒီကို အေးစက်စက်ကြည့်လိုက်ပုံက ကြယ်စစ်ပွဲမှာ ဇာ့ခ်များကို ကြည့်ပုံကြည့်နည်းနှင့် တူလေသည်။

အကြည့်က လူသေကို ကြည့်နေသယောင်။

သူက အလင်းမျက်နှာပြင်ပေါ် နှိပ်လိုက်ပြီး သူ့လက်ချောင်းများက ပျံဝဲလို့နေကာ စီးဝင်လာသောဒေတာများထဲမှ အချက်အလင်းအပိုင်းအစများကို ကြားဖြတ်ယူလိုက်သည်-

ဂိမ်းက အခက်အခဲကို လျှော့ချဖို့ ဒီဇိုင်းဖော်ထားလို့လားမသိ၊ ဒီဆိုက်က နည်းပညာနိမ့်သောတိုင်းပြည်၏ထုတ်ကုန်နှင့်တူနေသယောင်။ ရွှီကွေ့ချန်က ရေထဲက ငါးတစ်ကောင်ပမာ မိနစ်ပိုင်းအတွင်းမှာ သတင်းစာတိုက်၏သရုပ်မှန်ကို ဆွဲဖြဲလိုက်သည်။

ဒီကောင်က အမျိုးမျိုးသောဝက်ဘ်ဆိုက်များပေါ်မှာ ရန်စသောကောမန့်များရေးပြီး အနုပညာရှင်များ၊ အားကစားသမားများ၊ စာရေးဆရာများနှင့် နာမည်ကြီးများကို စော်ကားနေလေသည်။

မိန်းကလေးတစ်ယောက်က အကြမ်းဖက်ခံခဲ့ရသည်:

တိုတိုလေးဝတ်ထားလို့လေ၊ အပျက်ဆန်တာကိုး..

အင်တာနက်ဆယ်လီက ဆယ်ဖီပုံတင်လိုက်သည်:

ရုပ်ဆိုးလိုက်တာ၊ ပလက်စတစ်ဆာဂျရီလုပ်ထားတဲ့ မကောင်းဆိုးဝါးမ..

စာရေးဆရာက ပို့စ်တင်သည်:

မူလတန်းကျောင်းသားစာရေးပုံနဲ့၊ ကျက်သရေမရှိဘူး...

ဒါတွေအကုန်လုံးက အတုအယောင်ဂိမ်းဇာတ်အိမ်ဖြစ်ကြောင်းနှင့် ဟယ်ရူကောကို စော်ကားခဲ့သည့်ကောင်များက ဂိမ်းအတွက် ဒီဇိုင်းဖော်ထားသည့် ဗီလိန်များသာဖြစ်ကြောင်း ရွှီကွေ့ချန်သိသော်လည်း သူ့နှလုံးသားမှာ လက်တစ်ဖက်နှင့်ဆုပ်ညှစ်ခံလိုက်ရသယောင်ခံစားလိုက်ရပြီး သူ့နှလုံးသားပတ်လည်မှာ ရစ်ပတ်နေသည့် နာကျင်မှုအာရုံကြောများက အဆက်မပြတ်ဆွဲဆုပ်ခံနေရပြီး သူ့စိတ်ဝိညာဥ်အသိစိတ်ပင်လယ်ကို ထုံထိုင်းသောနာကျင်မှုဖြစ်စေတဲ့အထိလှုံ့ဆော်နေလေသည်။

သူ့ခေါင်းထိပ်မှနေ၍ ဆံချည်တစ်မျှင်က ဖြည်းညှင်းစွာ လွင့်ကျလာသည်။ သူဒေါသထွက်တိုင်း သွေးအန်ပြီးနောက် ရွှီကွေ့ချန်က နောက်ဆုံးမှာ ကတုံးဖြစ်မဲ့အရေးကို ရင်ဆိုင်နိုင်သွားပြီပင်။

လူသားအသွင်နှင့်ဆံပင်ဆုံးရှုံးတာက အလွန်လေးနက်သောကိစ္စဖြစ်ပြီး ၎င်းမှာ ရွှီကွေ့ချန်၏မူလပုံစံက နှဖူးပေါ်က အမွှေးကလွဲရင် ကတုံးဖြစ်လုနီးပါးဖြစ်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

ရွှီကွေ့ချန်က မထူးခြားမခြားနားစွာ ဆံပင်ကိုခါလိုက်ပြီး "သတင်းစာ"၏သုံးမြှောင့်ဆက်သွယ်ရေးဆော့ဝဲထဲဟက်ဝင်ပြီး တစ်ဖက်လူ၏လုပ်ရပ်များနှင့်သက်သေကို အသေးစိတ်ပို့စ်တင်လိုက်သည်-

ကောက်ကျစ်သောလူများက ပုံရိပ်ယောင်လောကထဲမှာ ပုန်းပြီး အပြစ်ကင်းသောလူများကို ထိခိုက်အောင်လုပ်ပြီး စိတ်ပိုင်းဆိုင်ရာသာယာမှုရယူနေကြသည်။

ထို့ကြောင့် သူ့လုပ်ရပ်တွေကို လူသိရှင်ကြားချပြပြီး ဘယ်နေရာမှာမှ ပုန်းလို့မရအောင်လုပ်လိုက်မည်။

ကျန်းမုန့်က သူ့ကိုယ်သူကီးဘုတ်စစ်သည်တော်ဟုခေါ်သည်။ သူက ညစ်တာ(သို့)ခိုးတာမိသွားတိုင်း ကျန်းမုန့်က ပုံရိပ်ယောင်လောကခေါင်းဆောင်းကိုတပ်ပြီး ကီးဘုတ်ကိုကောက်ကိုင်ကာ ရမ္မက်ပြင်းသောစကားလုံးများကို စရိုက်လိမ့်မည်။

မနက်အစောပိုင်းမှာ သူက ကျင်ကျန်းစာပေမြို့တော်ထဲဝင်စစ်ပြီး မျောကျောက်အသစ်စုကာ စာရေးဆရာ"ရူကော"၏အလုပ်ကို ရိုက်ချဖို့ ဓားကိုဝေ့ရမ်းခဲ့သည်။ အမျိုးသမီးစာရေးဆရာများက လွယ်ကူသောပစ်မှတ်များဖြစ်သည်: သူက သူတို့ကို ပြင်းပြင်းထန်ထန်အမဲလိုက်ခဲ့တာမို့ သူတို့က ခေါင်းမမော့နိုင်တော့ဘဲ စကားတောင်ပြန်မပြောနိုင်တော့ပေ။

ကျန်းမုန့်က မနေ့က သူ့ကို ငြင်းလိုက်သည့်ကောင်မလေးကို တွေးမိကာ လှောင်ပြုံးပြုံးလိုက်ပြီး ရူကောအမည်ရှိ"အမျိုးသမီးစာရေးဆရာ"ကို သူ့ကို ငြင်းသွားသည့်မိန်းမအဖြစ် ဆက်ဆံပြီး ရိုင်းစိုင်းစွာ ကျိန်ဆဲလိုက်သည်။

"သောက်ရမ်းရွံဖို့ကောင်းတာပဲ..ဒါဘယ်လိုအစုတ်အပြတ်လဲ!"

Moonstoneသုံးပြီးသွားတဲ့နောက် သူက လန်းဆန်းသောစိတ်ဖြင့် ကျင်ကျန်းကို ပိတ်လိုက်ပြီး ဝေးပေါ်ကို ပြောင်းဖွင့်ကာ အင်တာနက်သုံးစွဲသူများထံမှ မကြာခဏပြစ်တင်ရှုံ့ချခံရသည့် ဆယ်လီများကို ရှာပြီး နှိပ်စက်ဖို့ ပြင်လိုက်၏-

အဆုံးမှာတော့ သူက ကျိန်ဆဲသောစာသားအရှည်ကြီးရေးပြီး "မင်းတို့ငါပြောတာသဘောတူရင် ငါ့ကိုလိုက်ခ်ပေးခဲ့"ဟု စာသားထပ်ထည့်လိုက်တိုင်း သူက စိတ်တူကိုယ်တူမိတ်ဆွေများထံမှ လိုက်ခ်များရလာလိမ့်မည်။ ဒီလိုသက်တောင့်သက်သာရှိသောခံစားချက်က ကျင်ကျန်းသူ့ကို မပေးနိုင်သည့်တစ်စုံတစ်ခုဖြစ်ပေသည်။

ဒီလူမှုအသိုင်းအဝိုင်းက သူ့အတွက် မျှတမှုမရှိပေ။ သူ့လိုမျိုးလူတစ်ယောက်က အမျိုးသမီးကြယ်ပွင့်အကုန်လုံးနှင့်အိပ်ပြီး ပိုက်ဆံကို ရေလိုသုံးဖြုန်းကာ ချမ်းသာကြွယ်ဝသောဘဝမှာ နေထိုင်လို့ရသည်။ သူ့မှာ အဖေကောင်းမရှိတာ အကုန်လုံးသူ့အမှားပဲ!

ကျန်းမုန့်က အေးစက်စက်နှာမှုတ်ကာ ဝေးပေါ်ကိုဖွင့်ပြီး အခြားသူများကို ပြစ်တင်ရှုံ့ချဖို့ သီးသန့်အသုံးပြုသည့် အရံအကောင့်ဆီပြောင်းဖို့ပြင်လိုက်ပေမဲ့ သူ့မှာ မဖတ်ရသေးသော သီးသန့်မက်ဆေ့ချ်ရာချီရှိနေကြောင်း သိလိုက်ရသည်။

သူသိပ်မကြာသေးခင်က မဲပေါက်သွားလို့များလား။

ကျန်းမုန့်က စိတ်လှုပ်ရှားစွာဖြင့် မက်ဆေ့ချ်များကို နှိပ်ကြည့်လိုက်ပေမဲ့ သူ့သွေးမဆူရသေးခင် သူ့ကို တိုက်ခိုက်နေသည့်သီးသန့်မက်ဆေ့ချ်များကြောင့် သူ့တစ်ကိုယ်လုံးအေးစိမ့်သွားသည်။

"နင်က ရွံဖို့ကောင်းတာပဲ.." ၊ "နင့်ပါးစပ်က အဲ့လောက်ညစ်ပတ်တာ နင်ချီးစားထားလို့လား.." ၊ "နင်က ရုပ်ဆိုးတဲ့အပြင် ငါ့အိုင်ဒေါလ်ကို ဆဲဖို့ စိတ်ရှိသေးတယ်ပေါ့..နင်ဘာလို့ သေးပေါက်ပြီး ကိုယ့်ကိုယ်ကိုယ်မကြည့်တာလဲ..." ၊ "ဟားဟား...နင်က နင်ခိုးထားတဲ့ဟာကို ပို့စ်တင်ဖို့ သတ္တိရှိတာပဲ.." ၊ "နင်က နာမည်ကြီးဖို့ ကြိုးစားနေတာလား...အမှိုက်ကောင်ရဲ့!"

သူတို့ကဘယ်လိုလုပ်ပြီးတော့ သူ့ကို အဲ့လိုမျိုးကျိန်ဆဲရဲတာလဲ! ဒီလူတွေမှာ ကိုယ်ကျင့်တရားကောရှိရဲ့လား။ သူတို့မှာ စကားပြောနေတဲ့အချိန်မှာ လူစိတ်ရှိရဲ့လား?! ဘာတွေဖြစ်သွားတာလဲ?!

ကျန်းမုန့်မှာ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတုန်လာသည်။ သူက သူ၏ကိုယ်ပိုင်စာမျက်နှာကို ဖွင့်လိုက်ချိန်မှာ သူ့မျက်နှာကရုတ်တရက်အရောင်အကုန်ပျောက်သွားသည်။ သူ့ကိုယ်ပိုင်စာမျက်နှာပေါ်မှာ သူနှစ်ပေါင်းများစွာကြာအောင် လုပ်လာခဲ့သမျှ မရေတွက်နိုင်သော ရှက်ဖို့ကောင်းသည့်ကိစ္စများစွာကို စာရင်းပြုစုထားသည့် ဝေးပေါ်ပို့စ်အရှည်ကြီးတစ်ခုရှိနေလေ၏။ သက်သေက ခွန်းတုံ့ပြန်လို့မရဘဲ ဇာတ်လမ်းက ရက်စက်လှသည်။ မသိရင် သူက နာမည်ကြီးအောင်လုပ်ဖို့အတွက် သူ့ကိုယ်သူဖော်ထုတ်လိုက်ခြင်းဖြင့် သူ့ကိုယ်သူကြေငြာဖို့ ကြိုးစားနေသလိုမျိုးပင်။

..မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး! ဒါဘယ်သူရေးခဲ့တာလဲ။ သူ့အကောင့်ကို ဘယ်သူခိုးသွားတာလဲ?! ဘယ်လိုလုပ်ပြီးတော့ သူတို့က အဲ့လောက်သက်သေတွေအများကြီးရှာတွေ့သွားတာလဲ?!

ကြောက်မက်ဖွယ်ကောင်းသောအတွေးတစ်ခုက သူ့စိတ်ထဲမှာ ရုတ်တရက်ပေါ်လာသည်။ ကျန်းမုန့်၏လက်များက ဇကာကဲ့သို့ တုန်ရီလာသည်။ သူက wechat၊ QQနှင့်ကျစ်ဟူအကောင့်များကို ဖွင့်ကြည့်လိုက်သည်။ သူထူထဲပြီး သိပ်သည်းသော အဆိုးမြင်အချက်အလက်ကို မြင်လိုက်ရချိန်မှာ သူ့မျက်လုံးများက ပြူးကျယ်သွားပြီး မေ့လဲလုမတတ်ဖြစ်သွားသည်။

သွားပြီ။

[တင်--ကီးဘုတ်စစ်သည်တော်ရဲ့မျက်နှာကို ဖြတ်ရိုက်တဲ့ အော့ဖ်လိုင်းတာဝန်ကို အောင်အောင်မြင်မြင်ပြီးမြောက်သွားပါပြီ! ပြီးမြောက်မှုရလဒ်က ထူးကဲပါတယ်။

ဆု: ကံကြမ္မာဟောပြောခြင်း*1

မှတ်ချက်: သင့်ဝိညာဥ်ရဲ့**က သင့်ကံကြမ္မာရဲ့ပရောဟိတ်ပါပဲ။

ကျင်ကျန်းစာပေမြို့တော်၏အစိမ်းရောင်စာမျက်နှာက အလင်းစက်အဖြစ်ပြောင်းသွားပြီး မှေးမှိန်ပျောက်ကွယ်သွားသည်။ နည်းပညာသောနိမ့်သောတိုင်းပြည်၏အရာအားလုံးက ဒယ်အိုးထဲက ရောင်ပြန်ကဲ့သို့ သဲလွန်စမကျန်ပျောက်ကွယ်သွားသည်။

ကတ်တစ်ကတ်က လေထဲမှာ တွဲလောင်းချိတ်နေပြီး ရွှီကွေ့ချန်ပတ်လည်မှာ တဝေ့ဝေ့လည်နေလေသည်။

ရွှီကွေ့ချန်က ကတ်ကို လျစ်လျူရှူလိုက်သည်။ သူက သူ့ဦးရေပြားကို အလေးအနက်ကိုင်လိုက်ပြီး ဆံပင်တစ်မျှင်ကို အလွယ်လေးဆွဲထုတ်လိုက်သည်။

ငါတော့ ကတုံးဖြစ်တော့မယ်ထင်။

ရွှီကွေ့ချန်၏နှလုံးသားနစ်မြုပ်သွားသည်။ အခြေအနေက အလွန်အမင်းအရေးကြီးနေပြီး သူ့ကိုယ်သူကယ်တင်ဖို့ သူတိုင်းတာမှုများပြုလုပ်ရမည်ဖြစ်ကြောင်း သူသိသည်။ သူက မောက်ကျစ်ရှဲ့ပေးသွားသည့် ဆံပင်ထွက်စေသော လျို့ဝှက်ဆေးညွှန်းကို မသုံးချင်ရင်တောင် သူအခုစမ်းကြည့်မှရပေမည်။

ရွှင်ယောက်ရှူ(ဆေးဝါးရှာဖွေရေးကြွက်)ထုတ်လိုက်သည့် ဆံပင်ထွက်စေသော လျို့ဝှက်ဖော်မြူလာက ဆေးအိတ်ဖြစ်၏။ ပထမဆုံးအဆင့်က ဆေးအိတ်ကို ရေချိုးကန်ထဲမှာ ထည့်ဖို့ဖြစ်ပြီး ဒုတိယအဆင့်က မူလအသွင်ပြောင်းကာ မိမိကိုယ်ကိုယ်ရေချိုးကန်ထဲမှာ စိမ်ဖို့ ဖြစ်သည်။

ရွှီကွေ့ချန်က ၎င်း၏ဘေးထွက်ဆိုးကျိုးကြောင့် ဆေးရေချိုးခြင်းကို အမြဲကန့်ကွက်ခဲ့သည်။ ၎င်းက ကြောင်အကြီးကြီးကို ဝမ်းချုပ်စေပြီး ဝမ်းသွားချင်ပေမဲ့ ဝမ်းမသွားနိုင်သည့်ခံစားချက်ခံစားရအောင်လုပ်လိမ့်မည်။ ဒါက အတွင်းပိုင်းအားနည်းချက်ကြောင့်ဖြစ်ပြီး ကျားဖြူလေးက ပထမဆုံးအကြိမ်ဆေးရေချိုးပြီးနောက် ပုစွန်ထုပ်ပမာ ကွေးလို့နေသည်။

အတိတ်က ပြန်တွေးကြည့်ဖို့ တအားနာကျင်ရသည်။

ရွှီကွေ့ချန်က မျက်နှာထားတည်တင်းစွာဖြင့် လက်နှစ်ချောင်းကြားမှာ ဆေးအိတ်ကို ကိုင်ထားပြီး သူ့မျက်ဝန်းပြာထဲမှာ ရုန်းကန်မှုတစ်ချက်လက်သွားသည်။ သူက သူ့နှလုံးသားကို မာကြောအောင်လုပ်ကာ ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ရေချိုးကန်ကြီးက အလိုအလျောက်ရေဖြည့်လိုက်ပြီး ဆေးအိတ်က ရေနွေးထဲပလုံခနဲကျသွားကာ ကြည်လင်သောရေကို နို့နှစ်ရောင်ပြောင်းသွားစေသည်။

သူက ရေချိုးကန်ရှေ့မှာ စစ်တပ်ယူနီဖောင်းဖြင့် ရပ်လိုက်သည်။ ရွှီကွေ့ချန်၏အဝတ်ဗီဒိုမှာ ဘာမှမရှိဘဲ ယူနီဖောင်းများသာရှိပြီး နေ့စဥ်ထသွားထလာအဝတ်အစားလုံးဝမရှိပေ။ သူက ဘဝကို နားလည်(သို့)နှစ်ခြိုက်မှုမရှိဘဲ အသစ်အဆန်းကိစ္စများကို စမ်းကြည့်လိုစိတ်မရှိသူတစ်ဦးဖြစ်သည်။ ပြင်ပဖိအားသာမရှိရင် ရွှီကွေ့ချန်က သူ့လက်ကျန်တစ်ဘဝလုံး သူ၏comfort zoneထဲမှာ ရှိနေလောက်မည်။

သူ၏အရိုးလက်များက နက်ခ်တိုင်ကို ဆုပ်ကိုင်ကာ ကော်လာကို ကြမ်းတမ်းစွာဆွဲဖွင့်လိုက်တော့ သူ့လည်တိုင်တစ်စွန်းတစပေါ်လာသည်။ သူ့အသားအရည်က တအားဖြူဖျော့နေပြီး အပြာဖျော့ဖျော့သွေးကြောများက ထင်းလို့နေသည်။ သူ့လက်ချောင်းများက ကြယ်သီးများကို အမြန်ဖြုတ်လိုက်ပြီး သူ့ရှပ်အင်္ကျီက ကြမ်းပြင်ပေါ် သာမန်ကာလျှံကာလွှတ်ပစ်ခံလိုက်ရသည်။ စစ်တပ်ယူနီဖောင်းချွတ်လိုက်သည့်ရွှီကွေ့ချန်က ခြွင်းချက်မရှိစွာ အရပ်ရှည်ကာ သန်မာပြီး သတ်ဖြတ်ခြင်းဖြင့် ရုပ်လုံးသွင်းခဲ့သည့် သူ၏ကြွက်သားများက လိပ်တက်နေသောတောင်တန်းများနှင့်တူလေသည်။

သူက အဝတ်အစားဝတ်ထားချိန်မှာ ပိန်ပုံပေါက်ပေမဲ့ အဝတ်ချွတ်ထားချိန်မှာ ကြွက်သားများနှင့်ပြည့်နေသူတစ်ယောက်ဖြစ်သည်။ သူက စစ်တပ်ယူနီဖောင်းဝတ်ထားပြီး ရောဂါခံစားနေရတော့ နုနယ်မှုတစ်စွန်းတစဖော်ပြလာလို့ရှိရင် သူက နေမကောင်းသောအလှလေးနှင့်တူသွားလိမ့်မည်။ သို့သော်လည်း ဒီအခိုက်အတန့်မှာ သူ၏ရုပ်ခန္ဓာက ထိုရောဂါနှင့်လားလားမျှမသက်ဆိုင်ပါပေ။

ရွှီကွေ့ချန်က မျက်နှာသေဖြင့် သူ့ခါးပတ်ကို ဆွဲဖြုတ်လိုက်တော့ ခါးသွယ်သွယ်နှင့်ကျယ်ပြောသောပုခုံးဖြင့် သူ၏တြိဂံပြောင်းပြန်ပုံရိပ်ပေါ်လာသည်။ သူ၏ဖြောင့်စင်းသောဘောင်းဘီချွတ်လိုက်ချိန်မှာ သုံးမီတာရှည်သော ကတုံးကျားဖြူတစ်ကောင်က ရေချိုးကန်ထဲမှာပေါ်လာသည်။

ကျား၏ခွန်အားကြီးသောဟိန်းသံက ရေချိုးခန်းထဲမှာ ပဲ့တင်ထပ်သွားသည်။ မှန်ထဲက ကျားဖြူကြီးမှာ ခေါင်းပေါ်မှာသာ အမွှေးရှိပြီး ကျန်တစ်ကိုယ်လုံးက ကတုံးဖြစ်နေကာ ၎င်း၏ပုခုံးဓားသွားများပေါ်မှာ ရှည်လျားပြီး ကြောက်မက်ဖွယ်ကောင်းသောအမာရွတ်နှစ်ခုရှိသည်။

တွန့်ကြေသွားသည့်ဘောင်းဘီများမှာ ၎င်း၏နောက်ခြေနှင့် ကန်ထုတ်ခံလိုက်ရပြီး ကျားဖြူကြီးက ရေသိပ်မစင်စေဘဲ ရေချိုးကန်ထဲတည်ငြိမ်စွာနှင့် ကျက်သရေရှိစွာဝင်လိုက်သည်။ ၎င်း၏ရေခဲပြာရောင်မျက်လုံးများက မှုန်ဝါးဝါးရေငွေ့အောက်မှာ အပြာဖျော့ရောင်အဖြစ် နူးညံ့သွားသည်။

ရွှီကွေ့ချန်က သူ့ကျားလက်ဖဝါးကို မြှောက်ပြီး သူ့လက်ဖဝါးပေါ်က လက်ကောက်ကို အသာတို့လိုက်သည်--

အလင်းမျက်နှာပြင်ပေါ်လာသည်။

ရုပ်မြင်ကွန်ပျူတာက ကြယ်စုခေတ်ကလူသားများပိုင်ဆိုင်ပြီး ဆက်သွယ်ရေး၊ ကြယ်ကွန်ရက်ထဲဝင်ခြင်းနှင့်ငွေပေးချေခြင်းကဲ့သို့သော လုပ်ငန်းဆောင်တာအမျိုးမျိုးပါဝင်သည်။

ရွှီကွေ့ချန်၏ရုပ်မြင်ကွန်ပျူတာက စျေးအကြီးဆုံးဖြစ်သည်။ လူသားအသွင်မှာဆို ၎င်းက လက်စွပ်ပုံစံရှိသည်။ သူမူလအသွင်ပြောင်းလိုက်ချိန်မှာ ၎င်းက ကျားလက်ဖဝါးများအတွက် သင့်တော်သည့် လက်ကောက်ပုံစံပြောင်းသွား၏။ ရုပ်မြင်ကွန်ပျူတာဖွင့်လိုက်ချိန်မှာ "မင်းရဲ့မူပိုင်အချစ်"ဂိမ်းက ဆုတဖြစ်လဲ ကံကြမ္မာကတ်က ပြန်ပေါ်လာပြီး ရေစိမ်နေသည့် ရွှီကွေ့ချန်ပတ်လည်မှာ တဝဲဝဲလည်နေလေသည်။

ရွှီကွေ့ချန်က ကူးပြောင်းမှုကြောင့် အလွန်စိတ်မကောင်းဖြစ်နေပြီး ဆုကိုသုံးလိုက်သည်။

ကတ်က ခရမ်းရင့်ရောင်အလင်းထုတ်လွှတ်လာပြီး ရွှီကွေ့ချန်ကို လွှမ်းခြုံသွားသည်။ ဆယ်မိနစ်ကြာသော် အေးစက်စက်စက်ရုပ်သံတစ်သံထွက်လာသည်။

[အမည်: ရွှီကွေ့ချန်]

[ကံ: အဆုံးမဲ့ကပ်ဘေးများ၊ တိုင်းပြည်ပျက်စီးခြင်းနှင့်သေဆုံးခြင်း..]

ဒါက ခွန်အားကြီးသောဖျက်ဆီးရေးစွမ်းအားနှင့် ကြီးမားစွာကံမကောင်းလှသောကံကြမ္မာဖြစ်သည်။ ၎င်းက မွေးထုတ်ပေးလိုက်သည့် ကပ်ဘေး၊ သေခြင်းနှင့်ရှင်ခြင်း၏ကင်းကွာမှု၊ မိစ္ဆာဝိညာဥ်အစုလိုက်ရောက်ချလာခြင်း၊ ဒါက သာမန်ကပ်ဘေးမဟုတ်ပေ။

ကျားဖြူကြီးက တစ်အောင့်ကြာတိတ်ကျသွားပြီးနောက် မထူးခြားမခြားနားစွာ ခေါင်းစောင်းလိုက်သည်။

ဒီဂိမ်းစုတ်က....သူ့ကို ကျိန်စာတိုက်နေတာလား။

သူဂိမ်းကို လက်ဖဝါးနှင့်ပိတ်လိုက်ပြီး ဖက်ဒရယ်စစ်တပ်ဝက်ဘ်ဆိုက်ပေါ်က အကြီးဆုံးတိုက်ရိုက်ထုတ်လွှင့်ခန်းထဲနှိပ်ဝင်လိုက်သည်: "ဒုတိယကြယ်စစ်တပ်တရားဝင်တိုက်ရိုက်ထုတ်လွှင့်မှု"။

ကြယ်စုအင်တာတိန်းမန့်မှာ အကြမ်းဖက်ခြင်းနှင့်အလှတရားက တူညီသောအဆင့်မှာရှိသည်။ ကြယ်စုခေတ်လူသားများက အကြမ်းဖက်ခြင်း၏အလှတရားကို သဘောကျကြသည်။ ပထမဆုံးကြယ်စစ်ပွဲကာလအတောအတွင်းမှာ စစ်ပွဲသက်ဆိုင်သူများက အဖြစ်အပျက်တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး စံချိန်ချိုးဖောက်သွားသည့်စံနှုန်းများကို အောင်မြင်ခဲ့သည်။

ဒုတိယကြယ်စစ်ပွဲ၏တိုက်ရိုက်ထုတ်လွှင့်မှုက စံချိန်ချိုးဖောက်သောကြည့်ရှုမှုရရှိခဲ့သည်။ တစ်နှစ်သာကြာမြင့်ခဲ့သည့် ပထမဆုံးကြယ်စစ်ပွဲနှင့်မတူဘဲ ဒုတိယကြယ်စစ်ပွဲက သုံးနှစ်တိတိကြာမြင့်ခဲ့ပြီး တင်းမာသောလက္ခဏာများပြသခဲ့သည်။

ဒုတိယကြယ်စစ်ပွဲအလွန်ကြာမြင့်ရသည့်အကြောင်းရင်းမှာ ဇာ့ခ်များပေါ်ပေါက်လာမှုကြောင့်ဖြစ်သည်။ သူတို့၏စစ်အင်အားက အားနည်းပေမဲ့ သူတို့၏ဉာဏ်ကောင်းမှုက တိုးတက်လာခဲ့သည်။

ကြယ်စုခေတ်လူသားများမှာ တစ်ဆင့်ချင်းစီပြန်ရိုက်ချခံခဲ့ရပြီး ကြယ်၁၇လုံး၏တစ်ဝက်က ကြွေကျသွားခဲ့သည်။ လက်ထောက်ဗိုလ်ချုပ်နှင်းခြေ‌‌င်္သေ့ဦးဆောင်သည့်တပ်မဟာက တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ အဖမ်းခံရပြီး အင်းဆက်အုပ်ထဲမှာ ပိတ်မိသွားခဲ့သည်။ခြေ‌‌င်္သေ့ကြီးက မက်ချာမောင်းပြီး တပ်မဟာကိုဦးဆောင်ကာ သူ့အသက်ကိုစွန့်စားပြီး အင်းဆက်အုပ်ထဲမှ ဖောက်ထွက်ပေမဲ့ ကျရှုံးသွားခဲ့သည်။

သေခြင်းတမျှတိတ်ဆိတ်သွားသည့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ကြည့်ရှူသူအယောက်သန်း၁၀၀က ဒီအခိုက်အတန့်မှာ တိတ်ဆိတ်ကာဖြင့် သူရဲကောင်းများအတွက် အမြင့်ဆုံးရိုသေလေးစားမှုကို အသံတိတ်ဖော်ပြလိုက်ကြသည်။ ကင်မရာက နောက်တိုက်ပွဲအခြေအနေဆီ ရွှေ့လိုက်ချိန်မှာ တိတ်ဆိတ်နေသောတိုက်ရိုက်ထုတ်လွှင့်ခန်းက ကောမန့်များစွာနှင့် ရုတ်ခြည်းပြည့်သွားသည်:

ဗိုလ်ချုပ်ကြီးရှီသာ အသက်ရှင်သေးရင်....သူက အရမ်းသန်မာတာ..သူက လွန်ခဲ့တဲ့သုံးနှစ်က နေမကောင်းမဖြစ်သွားခဲ့ရင် သူကအခု မာရှယ်အဖြစ်ရာထူးတိုးခံရလောက်ပြီ။

ရန်သူအယောက်တစ်သိန်းကို တစ်ယောက်ထဲတိုက်ထုတ်နိုင်တဲ့တစ်ဦးထဲသောသူက ရွှီကွေ့ချန်ပဲ။ သူက ငါ့ရင်ထဲမှာ အဆုံးမဲ့စစ်နတ်ဘုရားဖြစ်ပြီးတော့ ဖက်ဒရယ်ရဲ့အစောင့်အရှောက်သူတော်စင်ပဲ။

တစ်ယောက်နဲ့အယောက်တစ်ရာ၊ ပြိုင်ဖက်ကင်းပဲနော်။ မင်းပြန်လာတဲ့နေ့က ဖက်ဒရယ်အောင်ပွဲခံမဲ့နေ့ပဲ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment