no

Font
Theme

အခန်း၆ - ကမ္ဘာမြေပေါ်ဆင်းသက်လာသည့်နတ်သားလေး။

နံပါတ်၂၀က ဟွမ်ယုံးကို ကုတ်ပစ်လိုက်ပြီးနောက် ၎င်းက သူ့ရင်ခွင်ထဲမှာ ဝင်ခိုလှုံလာသည်။ ဒေါသထွက်နေသောဟွမ်ယုံးက သင့်အား နံပါတ်၂၀ကို လွှဲပေးဖို့ အမိန့်ပေးလာပါသည်။ သင့်ရွေးချယ်မှုက:

(a) လွှဲပေးမည်။

(b) မလွှဲပေးဘူး။

ဟယ်ရူကောက မတုံ့ဆိုင်းဘဲ bကို ရွေးချယ်လိုက်သည်။ သူက သူ့ရင်ခွင်ထဲက ကျားဖြူလေးကိုကြည့်လိုက်ပြီး သူ့နှလုံးသားမှာ နူးညံ့သိမ်မွေ့မှုနှင့်ပြည့်နှက်သွားသည်။

မကြောက်နဲ့နော်..ငါမင်းကို ကာကွယ်ပေးမယ်

....မင်းသာ ပိုပြီးချွဲတတ်ရင် ငါမင်းကို ပိုပြီးတော့တောင်ချစ်ပေးမှာသိလား!

["ဘယ်သူကမှ စမ်းသပ်ချက်ကို လိုသလိုမဖျက်ဆီးနိုင်ဘူး..နံပါတ်၂၀ရဲ့သေခြင်းရှင်ခြင်းက မင်းဆုံးဖြတ်ရမဲ့ကိစ္စမဟုတ်ဘူး...မင်းက အမြဲသွေးဆူနေတာပဲ..ဟွမ်ယုံး..."]

ဟွမ်ယုံး:

[ဟက်..ကောင်းတယ် အရမ်းကောင်းတယ်.....]

[ဟွမ်ယုံးက မင်းနဲ့နံပါတ်၂၀နားကပ်လာပြီး သူ့ဘောင်းဘီဇစ်ကိုဖွင့်လိုက်တယ်..]

ဟယ်ရူကောက မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သောအကြည့်ဖြင့် မျက်မှန်ကို ပင့်တင်လိုက်ပြီး သူအမြင်မှားနေပြီဟု သံသယဝင်လာမိသည်။

မျက်နှာပြင်ပေါ်က ဟွမ်ယုံးက ဇစ်နှစ်ခုနှင့် မှော်ဆန်သောဘောင်းဘီတစ်စုံဝတ်ထားပြီး ဇစ်တစ်ခုက အရှေ့မှာဖြစ်ကာ နောက်တစ်ခုက အနောက်မှာဖြစ်သည်။ ဟွမ်ယုံးက အနောက်ကဇစ်ကို ဒေါသတကြီးဖွင့်လိုက်တော့ အဝါရောင်အမြီးရှည်ကြီးပေါ်လာသည်။ အမြီးက ရုတ်တရက် ထောင်တက်လာပြီးနောက် နံဟောင်နေသောမြူတစ်ဝေ့ထုတ်လာသည်။

ဟွမ်ယုံး :

[သူက မင်းနဲ့နံပါတ်၂၀ရဲ့အနံ့ဂလင်းတွေကို တိုက်ခိုက်ခဲ့တယ်..မင်းခေါင်းမူးလာပြီးတော့ အန်ချင်စိတ်ဖြစ်လာပြီး အန်ထွက်သွားတယ်...နံပါတ်၂၀ကလည်းမနေနိုင်ဘဲ ရှူပြီးတာနဲ့ အန်လိုက်တယ်...]

ဟယ်ရူကော: "....."

ဒါဘယ်လိုသဲရုပ်တုဂိမ်းကြီးလဲဟ။

ဟွမ်ယုံးက ဘောင်းဘီဇစ်ကိုပြန်ဆွဲတင်ပြီး ဟယ်ရူကောအရှေ့ကိုရောက်လာသည်။

ဟယ်ရူကောရင်ခွင်ထဲက ကျားဖြူလေးက ပျော့ခွေလှဲနေပြီး ၎င်းက အနံ့ဂလင်းတိုက်ခိုက်ခံရရာမှ ပြန်မကောင်းသေးသည့်အလား အားနည်းနေပုံပေါက်လေ၏။ သို့သော်လည်း သူက သူ့ရှေ့က ဟွမ်ယုံးကိုမြင်တော့ သူက သူ့ကိုယ်သူသန်မာပုံပေါက်အောင်တွန်းအားပေးကာ သူ့လက်သည်းများကို ခက်ထန်စွာဝေ့ရမ်းလိုက်သည်။

ဟွမ်ယုံး:

"သူ့ကို ငါ့ဆီပေးလိုက်....ဒေတာကို တိုင်းတာတာက လုပ်ကိုလုပ်ရမဲ့အရာပဲ....မမေ့နဲ့ ကျောက်..."

ရေသူထီး?

ဟယ်ရူကောက နာမည်ကိုကြည့်ကာ သူ့စိတ်ထဲမှာ ခန့်မှန်းချေတစ်ခုပေါ်လာသည်။ NPCရဲ့နာမည်က သူတို့ရဲ့မူလပုံစံ(ခန္ဓာကိုယ်)ရဲ့နာမည်ပဲ။ လို့လူသိများကြတဲ့ဟွမ်ယုံးက(မြွေပါ) ရန်သူနဲ့ကြုံရတဲ့အချိန်မှာ ဆိုးဝါးတဲ့အီးနံ့ထုတ်လိမ့်မယ်။

ဂိမ်းထဲမှာ သူ့ရဲ့မူလပုံစံက ရေသူထီးလား။ အဲ့လောက်မိုက်တာလား။

ဟယ်ရူကော၏အတွေးများက တစ်အောင့်ကြာလေလွင့်သွားပြီးနောက် ဂိမ်းပေါ်အာရုံပြန်စိုက်လိုက်သည်။

မျက်နှာပြင်က ဇာတ်ကြောင်းကို ပြသနေပြီး ဟယ်ရူကောမှာ ရွေးချယ်စရာမရှိဘဲ ရွေးချယ်မှုပြုလိုက်ရသည်။ ဟွမ်ယုံး၏ဒိုင်ယာလော့ဘောက်စ်ကို မောက်စ်နှင့်တစ်ချက်နှိပ်လိုက်ပြီးနောက် ဟယ်ရူကော၏ကိုယ်ပိုင်ဒိုင်ယာလော့ဘောက်စ်ပေါ်လာသည်။

[ဒေတာတိုင်းနေတုန်း ငါမင်းကို စောင့်ကြည့်ပေးမယ်..]

ဟွမ်ယုံး:

[ကျွတ်...မင်းက နံပါတ်၂၀ကို ကိုင်ထား...ငါသူ့အပေါ်မှာ ကိရိယာတစ်ခုတပ်လိုက်မယ်...]

ဖျံနီညိုက သတ္ထုခေါင်းဆောင်းထုတ်ပြီး ကျားဖြူလေးပေါ် ဆောင်းပေးဖို့ ပြင်လာသည်။ ဟယ်ရူကောက ကျားဖြူလေးရုန်းကန်လာမှာကို စိတ်ပူသွားပေမဲ့ ကျားဖြူလေးက အလွန်တည်ငြိမ်စွာ ပြုမူလာသည်။ ဟုတ်တယ်၊ အခြားတုန်ရီနေသည့်သားပေါက်လေးများနှင့်ယှဥ်ရင် ကျားဖြူလေး၏သဘောထားက တည်ငြိမ်သည်ဟု ခေါ်ရပေမည်။

သူက ဟယ်ရူကော၏ရင်ခွင်ထဲမှာ နေကာ နူးညံ့စွာအသံပြုလာပြီး ဟွမ်ယုံးလက်ထဲက ခေါင်းဆောင်းကို မရှောင်ပေ။ ဟွမ်ယုံးက ခေါင်းဆောင်းပေါ်က အနီရောင်ခလုတ်ကို နှိပ်လိုက်ချိန် ကျားဖြူလေးက အသံမပြုဘဲ ဟယ်ရူကော၏လက်မောင်းကို ပွေ့ဖက်လာသည်။

၎င်း၏ခန္ဓာကိုယ်လေးမသိမသာတုန်ရီနေတာကြောင့်မဟုတ်ရင် ကျားဖြူလေးက အိပ်ပျော်နေသလိုမျိုး နှုတ်ဆိတ်နေလိမ့်မည်။

တိုင်းတာမှုလုပ်ငန်းစဥ်အတွင်းမှာ ကျားဖြူလေးက အိပ်မက်မက်နေသည့်အလား ဟိန်းလာသည်။

နံပါတ်၂၀:

[....အရမ်းမသက်မသာဖြစ်တာပဲ..]

တိုင်းတာမှုပြီးသွားချိန်မှာ ကျားဖြူလေးက ကြီးစွာသောအားထုတ်မှုဖြင့် သွားဖြဲပြီး ဟွမ်ယုံးကို ခက်ထန်စွာ စိုက်ကြည့်လာသည်။ ဟယ်ရူကောမှာ ရုတ်တရက် "Angry bird"ကို တွေးမိသွားသည်။ သူသာ ဒီဂိမ်းကို နာမည်ပြောင်းလို့ရရင် သူက သူ့နာမည်ကို "ဒေါသကြီးသောကျားဖြူလေး"ဟု ပြောင်းမိလောက်သည်။

ကျားဖြူလေးကို လေးခွပေါ်တင်ပြီး ခပ်လှမ်းလှမ်းက ဟွမ်ယုံးကိုချိန်ပြီးတော့ ဝှီးခနဲပစ်လိုက်မယ်။

ဒီကျားဖြူလေးက တကယ်စိတ်ပုတ်သည်ဟု တွေးမိသော်လည်း အမြဲအားအင်အပြည့်ဖြစ်နေသည့် ကျားဖြူလေးက ဒေါသထွက်နေတာဖြစ်ဖြစ်၊ လမ်းပေါ်မှာ ဒေါသထွက်စေတာဖြစ်ဖြစ်....တကယ်ချစ်ဖို့ကောင်းလှသည်။ သူကမချွဲတတ်ရင်တောင် ချစ်စရာကောင်းနေတုန်းပင်။

ဟယ်ရူကောက မျက်နှာပြင်ပေါ်က အစွယ်နှင့်လက်သည်းများထုတ်ပြလာချိန်မှာတောင် အနည်းငယ်အားနည်းပြီး ဟိတ်ဟန်ထုတ်နေပုံပေါက်သည့် ကျားဖြူလေးကို တိတ်တိတ်လေးစိုက်ကြည့်လိုက်၏။ သူ့နှလုံးသားမှာ ရုတ်တရက် အနည်းငယ်ချဥ်စူးသွားသည်။

တိုင်းတာမှုလုပ်ငန်းစဥ်အတွင်းမှာ ကျားဖြူလေး၏"မသက်မသာဖြစ်သော"ငိုသံကို သူသတိရသွားသည်။

သူ့ကျားဖြူလေးက သားရဲတွေရဲ့ပြိုင်ဖက်ကင်းဘုရင်တစ်ပါးဖြစ်သင့်တာကို ဘယ်လိုလုပ်ပြီးတော့ အခန်းငယ်လေးထဲမှာပိတ်မိပြီး မြွေပါတစ်ကောင်ဆီက အနိုင်ကျင့်ခံနေရတာလဲ။

"သူ့ကို ငါ့ဆီပေးလိုက်..ဒေတာတိုင်းတာက လုပ်ကိုလုပ်ရမဲ့အရာပဲ..မမေ့နဲ့ ကျောက်.."

ရေသူထီး?

ကျားဖြူလေး၏နားရွက်များက မသိမသာဆတ်ခနဲတွန့်သွားသည်။ ရှင်းဟိုင်မိဘမဲ့ဂေဟာက သူတို့နာမည်အရင်းနှင့်မသုံးဘဲ ကုဒ်နာမည်နှင့်သုံးကြပြီး ၎င်းက ပုံမှန်အားဖြင့် သူတို့မူလပုံစံများဖြစ်ကြသည်။

ရေသူမများက ဒဏ္ဍာရီထဲမှာသာ တည်ရှိသည်။ ဟယ်ရူကော၏မူလပုံစံက ရေသူထီးမဟုတ်ဘဲ ပင်လယ်ထဲက သက်ရှိတစ်ကောင်ကောင်ဖြစ်နိုင်သည်။

ရွှီကွေ့ချိန်က စိတ်ထွေပြားသွားစဥ် ဖဟွမ်ယုံးက သူ့ရှေ့မှာ ဘယ်တုန်းကမှန်းမသိပေါ်လာပြီး သူ၏အကောင်းပကတိဘယ်ဘက်မျက်လုံးထဲမှာ ကောက်ကျစ်သောအရိပ်အယောင်ဖြင့် သူ့ကို စိုက်ကြည့်လာပြီး သူ့လက်ထဲက စိတ်ဝိညာဥ်အသိစိတ်လှုံ့ဆော်စက်က ဖြည်းညှင်းစွာ ချဥ်းကပ်လာသည်။

အလင်းရောင်ဖျော့ဖျော့ဟပ်နေသည့် သတ္ထုခေါင်းဆောင်းက အေးစက်မှုဖြင့် ပြည့်နေလေ၏။

သူက သူ့ဆီ မရေတွက်နိုင်သောနာကျင်မှုများယူဆောင်လာပေးခဲ့သည့် ဒီညှင်းပန်းနှိပ်စက်သောစက်ကို မြင်တော့ ရွှီကွေ့ချန်က သူ့ပါးစပ်ထောင့်ကိုကွေးကာ အလွန်ပေါ့ပါးသောလှောင်ပြုံးတစ်ပွင့်ထုတ်လိုက်သည်။

သူဒီဂိမ်းကိုဘယ်သူထွင်ခဲ့လဲ တကယ်ပိုပိုပြီးသိချင်လာမိပြီ။ ဂိမ်းရဲ့ဇာတ်အိမ်တိုင်းက သူ့ရင်ထဲက အနက်ရှိုင်းဆုံးအမာရွတ်တွေကို နှိုးဆွနိုင်တယ်။

သူ၏ဆင်ခြင်တုံတရားက နည်းနည်းချင်းစီပြိုကွဲနေပြီး တစ်ခဏမျှကြာအောင် ရွှီကွေ့ချန်က အပြေးထွက်သွားပြီး ဟွမ်ယုံး၏ဘယ်မျက်လုံးကို ကန်းအောင်လုပ်ချင်သွားသည်၊ ဘာလို့လဲဆိုတော့ သူနေမကောင်းဖြစ်နေချိန်မှာ သတ်ဖြတ်တာက နာကျင်မှုကို လျော့ပါးစေသောကြောင့်ပင်။

သို့သော် သူ့လက်သည်းများမှာ လက်တစ်စုံထံမှ အသာဆုပ်ကိုင်ခံလိုက်ရသည်။ လက်များက အလွန်ဖြူဖွေးပြီး သေချာဂရုတစိုက်မကိုင်တွယ်မိရင် ကျိုးပဲ့သွားမည့် အဖိုးတန်ကာ ကွဲလွယ်သောကြွေထည်ကဲ့သို့ ရွှန်းလဲ့ဖြူဖွေးတောက်ပနေလေသည်။

ချုပ်ထားမှုက အလွန်လျော့တိလျော့ရဲနှင့် သူ့ကိုဆုပ်ကိုင်ထားသူက အားသိပ်မသုံးထားဘဲ ပွေ့ဖက်မှုက နူးညံ့ညင်သာနေပြီး ကာကွယ်သူက သူ့ရင်ခွင်ထဲမှာ သူ့ကို ပွေ့ဖက်ထားသကဲ့သို့ပင်။

ဒါက ရွှီကွေ့ချန်ပထမဆုံးကာကွယ်ပေးခံရခြင်းဖြစ်ပြီး အတုအယောင်ဂိမ်းထဲမှာဆိုပေမဲ့ သူ့ကို ကာကွယ်ပေးထားသူက ဒေတာများနှင့်ပြုလုပ်ထားသည့် ဂိမ်းဇာတ်ကောင်တစ်ခုဆိုပေမဲ့ပေါ့။

သူ့ဘဝမှာ သူက ဘယ်သူ့ဆီကမှ ပွေ့ဖက်မခံခဲ့ရဖူးသယောင်၊ ရတနာတစ်ပါးကဲ့သို့ အလွန်ဂရုတစိုက်ပွေ့ဖက်ခံရဖို့ဆို ပိုဆိုးသည်။

လက်ဖဝါးလေးများမှာ မသိမသာလှုပ်ရှားသွားပေမဲ့ တစ်ခုခုကို စိတ်ပူနေပုံရကာ မလှုပ်ရှားမိပေ။

ငါသူ့အတွက် စိတ်ပူနေတာမဟုတ်ဘူး။ သူရှက်သွားမှာကို ငါစိုးရိမ်နေတာမဟုတ်ဘူး။ ဒီလူက ဂိမ်းဇာတ်ကောင်သာသာပဲကို ငါကဘာလို့ သူ့ကို ဂရုစိုက်ရမှာ?

ရန်သူနှင့်သူတို့ကြားက ကွာဟမှုက ကြီးမားနေချိန်မှာ နည်းဗျူဟာကျကျအပေးအယူက မှန်ကန်သောနည်းလမ်းဖြစ်သည်။

ရွှီကွေ့ချန်မှာ သူဘာတွေးနေမိမှန်းမသိပေမဲ့ ပရမ်းပတာဖြစ်နေသောအတွေးများထဲမှာ သူ့စိတ်ခံစားချက်များက တဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။ သူက အလွန်တည်ငြိမ်ကာ ဇဝေဇဝါဖြစ်နေစဥ် စိတ်ဝိညာဥ်အသိစိတ်လှုံ့ဆော်စက်အဆောင်းခံလိုက်ရသည်။

အနီရောင်ခလုတ်အဖိခံလိုက်ရသည်။

"အုန်း!"

မျက်စိကန်းစေနိုင်သောအဖြူရောင်အလင်းက အရာအားလုံးကို လွှမ်းခြုံသွားပြီး ကျယ်လောင်သောအုန်းခနဲအသံက သူ့ဘေးမှာ စွမ်းအင်ဗုံးပေါက်ကွဲသွားသည့်အလား သူ့နားဘေးမှာ ထိုးတက်လာသည်! တတိတိတိုက်စားသောနာကျင်မှုက သူ့ခန္ဓာကိုယ်ကို ဆွဲဖြဲသွားပြီး ရှည်လျားသောအပ်ချောင်းများကဲ့သို့ သေသပ်ကာ ထူထဲသော အချောင်းများက သူ့ဦးနှောက်ထဲထိုးဖောက်ဝင်လာပြီး ရှည်လျားကာ သည်းမခံနိုင်လောက်သောနာကျင်မှုက သူ့ကိုယ်တွင်းအင်္ဂါများမှတစ်ဆင့် သူ့ခြေလက်များဆီအဆက်မပြတ်ပျံ့နှံ့လာသည်။

ကျားဖြူလေးက အသေကောင်ပမာ လူငယ်လေး၏ရင်ခွင်ထဲမှာ တောင့်တင်းစွာကွေးလိုက်မိသည်။

ဒီဂိမ်းက ဒီပမာဏထိ ပြန်သိုလှောင်ပေးနိုင်မည်ဟု ရွှီကွေ့ချန်စိတ်မကူးထားမိပေ။ သူ၏နဂိုက တည်ငြိမ်နေသော စိတ်ဝိညာဥ်အသိစိတ်ပင်လယ်က မွှေနှောက်စပြုလာပြီး နာကျင်မှုက ဒီရေပမာ တစ်လှိုင်းပြီးတစ်လှိုင်းဖြင့် သူ့ကိုယ်ပေါ်လှိုက်တက်လာသည်။

[ဘိ- ကစားသမားရဲ့စိတ်ဝိညာဥ်အသိစိတ်အတက်အကျကို ရှာတွေ့ပါတယ်။ ကြင်နာစွာအသိပေးချက်။ ဒီအဆင့်က ပျောက်ကင်းတဲ့အဆင့်ဖြစ်ပြီးတော့ ကစားသမားကို ထိခိုက်စေမှာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စိတ်လျှော့ထားပေးပါ!]

[တင်--ကစားသမားက အားနည်းနေတာမို့ ဟွမ်ယုံးဆီမှဂလင်းတိုက်ခိုက်မှုရဲ့"ထင်ယောင်ထင်မှားဖြစ်စေတဲ့"အစွမ်းပြလာပါပြီ။]

ရွှီကွေ့ချန်ဘာအသံမှမကြားနိုင်တော့ပေ။ သူ့စိတ်ဝိညာဥ်အသိစိတ်၏ဒဏ်ရာရထားသောအပိုင်းက အဆက်မပြတ်လှုံ့ဆော်ခံနေရပြီး နာကျင်မှုက လျင်မြန်စွာပျံ့နှံ့လာသည်။ သူအံကြိတ်ကာ အသံထွက်ဖို့ ငြင်းဆန်လိုက်သည်။

လေပွေစိတ်ပိုင်းဆိုင်ရာလစ်ဟင်းသောရောဂါကြောင့် သူ့စိတ်ဝိညာဥ်အသိစိတ်ပင်လယ်က အပေါက်များဖြင့် ပြည့်နေခဲ့သည်။ ဒီအခိုက်အတန့်မှာ ကြီးစွာသောနာကျင်မှုက တူကြီးကြီးနှင့် အထုခံလိုက်ရသကဲ့သို့ပင်။ အသိစိတ်လွတ်သွားစဥ်ခဏလေးအတွင်းမှာ သူ့ဆင်ခြင်တုံတရားက တစစီထုချေခံလိုက်ရသည်။

ရွှီကွေ့ချန်က သူ့ကိုယ်သူ့မေ့ပစ်ဖို့ တွန်းအားပေးခဲ့သည့် ကိစ္စများ၊ သူပြန်မတွေးချင်သည့်ကိစ္စများအပါအဝင် ကိစ္စများစွာကို ပြန်မှတ်မိလာသည်။ သူဘယ်လိုလုပ်ပြီးတော့ အဲ့ဒါတွေကို သေချာရှင်းရှင်းလင်းလင်းကြီးမှတ်မိနေရတာလဲ။ သူက ဓာတ်ပုံမှတ်ဉာဏ်နဲ့မွေးလာတဲ့ငကြောင်တစ်ကောင်ပဲ။

သူအခန်းB6ထဲက သံမဏိအခန်းနံပါတ်၂၀ထဲပစ်ချခံခဲ့ရသည့် ပထမဆုံးရက်ကို သူမှတ်မိ၏။ ထိုစဥ်က နို့နွေးနွေးက အရသာအလွန်ကောင်းသောကြောင့် သူမငိုဘဲ တည်ငြိမ်သောစိတ်အခြေအနေမှာ ရှိနေခဲ့သည်။

သူက တအားမြန်မြန်ကြီးသောက်ပစ်ဖို့ တွန့်ဆုတ်နေခဲ့ပေမဲ့ သူတအားဗိုက်ဆာနေတာမို့ နာကျင်မှုကိုသည်းခံပြီး အမြန်သောက်လိုက်ရသည်။

နံပါတ်၁၉ယုန်လေးက ငိုယိုကာဖြင့် "ငါကံမကောင်းဘူး"ဟု ဆိုနေပြီး ကလေးအသံလေးနှင့် သူ့အမေကို အော်ခေါ်နေလေသည်။ သူက အလွန်ပြင်းထန်စွာငိုထားသောကြောင့် သူ့စကားလုံးများက မရှင်းလင်းပေ။ သူက သံမဏိနံရံပေါ်နားရွက်ကပ်ကာ တမိန်းတမောဖြင့် "မား"ဟု ခေါ်လိုက်သည်။

ယုန်လေး၏အမေက သူမကလေး၏ခေါ်သံကို မထူးလာခဲ့ပေ။ သူ့အမေလည်း သူ့ခေါ်သံကို ထူးမှာမဟုတ်ပေ။

ဘာလို့လဲဆိုတော့ ထိုအမျိုးသမီးက စစ်ပွဲအတွင်း‌တွင် သေသွားခဲ့လို့ဖြစ်သည်။

သူဒါတွေအားလုံးကို တဝိုးတဝါးသတိပြုမိသည်။ မကောင်းဆိုးဝါးလေးတစ်ကောင်အနေဖြင့် သူက ကိစ္စများအကြောင်း နည်းနည်းပါးပါးတော့သိထားသည်။ ဥပမာပြောရရင် ယုန်လေးက "မား"ဟု ခေါ်လိုက်ချိန်မှာ သေဆုံးသွားသောအမျိုးသမီး၏ပုံရိပ်က သူ့စိတ်ထဲမှာပေါ်လာသည်။

သူက ဉာဏ်ကောင်းစွာ မွေးဖွားလာခဲ့သော်လည်း သူ့ခေါင်းထဲမှာ အခြားသားပေါက်လေးများထက်ပိုရှိသာရှိပြီး အကုန်သိမနေပေ။ ဥပမာ၊ သူက ကြယ်တာရာဘာသာစကား၏ယေဘုယျအဓိပ္ပါယ်ကို နားလည်ပေမဲ့ မပြောတတ်ပေ။

ယုန်လေးက ဆက်တိုက်ငိုနေပြီး သူက ငိုသံကို နားထောင်ရင်း အိပ်ပျော်သွားသည်။ သူနောက်တစ်နေ့နိုးလာချိန် ယုန်လေး၏ငိုသံကို မကြားရတော့ သူအနည်းငယ်မသက်မသာဖြစ်သွားပေရာ သံမဏိနံရံပေါ်နားရွက်ထပ်ကပ်ပြီး "ဝူး"ခနဲအသံခပ်ဖွဖွပြုလိုက်သည်။

သို့သော်ဒီတစ်ခေါက် ယုန်လေးထံမှ တုံ့ပြန်သံမရှိတော့ပေ။

သူကနောင်တတကြီးဖြင့် သူ၏ဝါဂွမ်းအသိုက်ထဲတွင် ပြန်ထိုင်လိုက်ပြီး သူ၏မနက်စာနို့ကို လိမ်လိမ်မာမာလေးစောင့်နေလိုက်သည်။ စောင့်ဆိုင်းချိန်က အမြဲရှည်ကြာပေမဲ့ သူက စိတ်မရှည်မဖြစ်သွားဘဲ သူ့လက်သည်းများကို ဖြည်းညှင်းစွာလျက်လိုက်သည်။

သူက သူ့လက်သည်းများကို စိတ်အားထက်သန်စွာ လျက်နေစဥ်၊ သူက အထိတ်တလန့်အော်သံများကြောင့် လန့်သွားသည်။ ကျားဖြူလေးက ဝါဂွမ်းအသိုက်ထဲမှာ တုံးအစွာထိုင်နေပြီး ဘာဖြစ်နေမှန်းမသိပေ။

သံမဏိဂိတ်တံခါးများက တစ်ခုချင်းစီပွင့်လာပြီး မတူညီသောအကောင်ပေါက်လေးများက တူညီသောနာကျင်တကြီးအော်သံများပြုလာကြသည်။

နံပတ်၁၉တစ်ခုသာ လုံးဝဥသုံတိတ်ဆိတ်နေခဲ့သည်။ ထိုကလေးက နေမကောင်းဖြစ်ပြီး သေဆုံးသွားခဲ့လေပြီ။ လေက ရွှီကွေ့ချန်ဆတ်ဆတ်ထိမခံနိုင်ဆုံးဖြစ်သည့် ရင်းနှီးသောသေခြင်းအနံ့နှင့် ထူထဲသိပ်သည်းနေခဲ့လေ၏။ သူအနံ့ခံမိလိုက်မိချိန် သူ့စိတ်ထဲမှာ သတိပေးခေါင်းလောင်းသံများမြည်လာသည်။

ဒါပေမဲ့ အန္တရာယ်ရှိမှန်း သူသိသော်လည်း သူက လူကြီးများ၏သန်မာသောအချုပ်အနှောင်ထဲမှ ရုန်းမထွက်နိုင်ပေ။ သူက အဆက်မပြတ်ခေါင်းခါပြီး နောက်ဆုံးမှာ ခေါင်းဆောင်းအဆောင်းခံလိုက်ရသည်။

အဆုံးမဲ့နာကျင်မှုရောက်ချလာသည်။

ဒါက သူ့တစ်ဘဝစာအိပ်မက်ဆိုး၏အစဖြစ်သည်။

သူက ကံမကောင်းသော မကောင်းဆိုးဝါးလေးဖြစ်ပြီး သူ့ကိုချစ်ပေးမည့်လူမရှိခဲ့ပေ။ သူက ဉာဏ်ကောင်းစွာ မွေးဖွားလာခဲ့သော်လည်း ဘယ်သူမှ သူ့ကို စကားပြောဖို့ မသင်ပေးကြပေ။ သူက စကားနှစ်ခွန်းသာသိသည်: "မား"နှင့်"ငါနေလို့မကောင်းဘူး"သာ။

မားက တစ်သက်လုံးအိပ်ပျော်သွားလေပြီ။

သို့နှင့် သူငိုကာ ပြောလိုက်မိသည်။

"နာတယ်..."

သို့သော် ကူကယ်ရာမဲ့သောအခြေအနေက လုံးဝမတိုးတက်လာပေ။ ဘာလို့ အခြားသူတွေကို စကားပြောနေမှာလဲ၊ ဘာလို့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်နေမှာလဲ။ တုံ့ပြန်မှုမရှိရင် ဘာလို့ စကားပြောနေအုံးမှာလဲ။

မှတ်ဉာဏ်များက လေဆင်နှာမောင်းကဲ့သို့ လည်နေပြီး အခန်း၂၀ဆီသွားရာတံခါးက တွန်းဖွင့်ခံလိုက်ရပြန်သည်။ သို့သော်လည်း ဒီတစ်ခေါက်ရောက်လာသူ၏လက်ထဲမှာ စိတ်ဝိညာဥ်အသိစိတ်လှုံ့ဆော်စက်မရှိပေ။

သူက အမည်းရောင်ဆံပင်နှင့် မျက်ဝန်းနက်နက်တို့နှင့် လူငယ်တစ်ဦးဖြစ်သည်။ သူက ကမ္ဘာမြေပေါ်ဆင်းသက်လာသည့် နတ်သားလေးကဲ့သို့ မြင့်မြတ်သောရောင်ဝါလွှမ်းခြုံလို့နေ၏။ နူးညံ့သောတီးတိုးစကားသံက သူ့နားထဲရောက်လာပြီး နူးညံ့ညင်သာလွန်းလို့ သူ့မျက်လုံးများကို မျက်ရည်ဝဲသွားစေသည်။

"ငါမင်းကို စကားပြောလို့ရမလား..."

_

Adm note:

黄鼬 ဟွမ်ယုံး နာမည်ရဲ့အဓိပ္ပာယ်က မြွေပါ ပါ။

鲛 ကျောက် 鲛人 ကျောက်ရန် - ရေသူပါ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment