no

Font
Theme

အခန်း ၁၄ - စာဖတ်ပရိတ်သတ်များ

ခွေးပေါက်လေးက သေဆုံးသွားပြီဖြစ်သဖြင့် စစ်ဆေးမှုများက အခန်း နံပါတ် ၂ မြေခွေးငယ်လေးထံမှ စတင်လာပြီးနောက် တိရိစ္ဆာန်ငယ်လေးများ၏ကြေကွဲဖွယ်အော်ဟစ်သံများက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဟယ်ရူကောမှာ စိတ်မကောင်းဖြစ်နေသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

တိုင်းတာမှုများက နံပါတ် ၁၉ အခန်းသို့ ရောက်လာသောအခါတွင် ကြောက်လန့်လွန်းသဖြင့် တဆတ်ဆတ် တုန်ရီနေသောယုန်ကလေးက ဟယ်ရူကောကို မြင်သည်နှင့် နှင်းလုံးလေးတစ်လုံးလိုမျိုး သူ့ထံသို့ ပစ်ဝင်လာသည်။

ဟွမ်ယုံးမှာလည်း ဒီမြင်ကွင်းက ကျားဖြူလေး ရုတ်တရက်ထွက်ပေါ်လာတုန်းကနှင့် အတော်လေးတူနေတာကြောင့် လန့်ဖျပ်သွားရသည်။

မြွေကိုက်ခံရဖူးသူက ကြိုးကိုမြင်ရင်တောင် မြွေထင်ပြီးကြောက်တတ်သလိုမျိုး သူက ယုန်ငယ်လေးကို ချက်ချင်းဖမ်းလိုက်ရန် မဝံ့မရဲဖြစ်နေခိုက်မှာပင်ယုန်ငယ်လေးက ဟယ်ရူကော၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာသည်။

ယုန်ငယ်လေး၏ အနီရောင်မျက်လုံးသေးသေးလေးများက ပြိုတော့မည့်မိုးအလားဖြစ်နေပြီးသူက ဟယ်ရူကော၏ ရင်ခွင်ထဲတွင် မျှော်လင့်ချက်မဲ့နေသလို အသာခွေနေရင်းက တဆတ်ဆတ် တုန်ရီနေသည်။

အသိပြန်ဝင်လာသည့် ဟွမ်ယုံးက သူ့ အနားကပ်လာပြီးနောက် ယုန်ငယ်လေးကို အမြီးကနေဆွဲကာ နှင်းလုံးလေးလို ကိုယ်လေးကို ဆွဲထုတ်လိုက်ပြီးနောက် မျက်ရည်များတသွင်သွင်ကျနေသည့် ယုန်ငယ်လေးကို သံခမောက်ကို စွပ်ပေးလိုက်သည်။

ယုန်ငယ်လေး၏ ခြေထောက်များမှာလည်း နာကျင်မှုကြောင့် တက်သလိုမျိုး တဆတ်ဆတ်တုန်နေရှာသည်။

သံခမောက်ကို ချွတ်လိုက်သည့်အခါတွင်၊ ယုန်ငယ်လေးက ဘေးမှာရပ်ရင်း ရှိုက်ကြီးတငင်ငိုနေရန် အားအင်များရှိနေသေးပုံပင်။

ယုန်လေး၏ မျက်လုံးလေးများမှ ရွှေရောင်ပဲလုံးလေးများက မြေပြင်ပေါ်သို့ ကျဆင်းလာရင်းမှ ယုန်ကလေးက မျက်လုံးရဲရဲများဖြင့် ဟယ်ရူကောကို ကြည့်နေကာ သူ့အကြည့်ထဲတွင် ကြောက်စိတ်တွေရော အားကိုးလိုဟန်တွေပါ ပါနေသည်။

တကယ်ကို မိုက်မဲလွန်းသည့် ယုန်ကလေးပင်။

သူ့ကို သကြားလုံးတစ်လုံးကျွေးပြီး သီချင်းလေးတစ်ပုဒ်ဆိုပြခဲ့ရုံဖြင့် သူက ဟယ်ရူကောကို သူ၏ အရင်းနှီးဆုံးလူအဖြစ် သတ်မှတ်လိုက်သည်။

အကယ်၍ သူရင်းနှီးမှုရရှိစေရန် ကြိုးစားရမည့် အဓိကဇာတ်ကောင်မှာ ကျားဖြူလေးမဟုတ်ဘဲ ယုန်ငယ်လေးသာဆိုလျှင် ပထမစမ်းသပ်မှုမပြီးခင်မှာပင် နှစ်သက်မှုအမှတ်က အမြင့်ဆုံးသို့ ရောက်ရှိသွားလောက်သည်။

ထို့နောက်တွင် နံပါတ် ၁၉ အခန်းမှတံခါးက ဖြည်းညှင်းစွာပြန်ပိတ်သွားသည်။

ထောင့်တစ်နေရာမှာ ပုန်းကွယ်ရင်း ငိုရှိုက်နေသည့် ယုန်ငယ်လေး၏ မျက်လုံးများကလည်း ရေချထားသည့် ပတ္တမြားလုံးလေးတွေလိုမျိုး အမှောင်ထဲမှာ တလက်လက်တောက်ပနေသည်။

ဟယ်ရူကောလည်း အတန်ကြာ တိတ်ဆိတ်နေရာမှ မျက်မှန်ကိုင်းကို ပင့်တင်လိုက်သည်။

နောက်တော့ သူက မျက်မှန်ကိုင်းကို နောက်တစ်ကြိမ် ထပ်ပြီးပင့်တင်လိုက်သည်။

ထိုအခိုက်တွင် သူ့နှာတံပေါ်တင်ထားသည့် မျက်မှန်ကိုင်း၏အလေးချိန်ကိုပါ ခံစားနေရသလိုပင် ဒါဟာ ပုံမှန်ဆိုလျှင် မသိသာသည့် အရာဖြစ်သော်လည်း ယခုအချိန်မှာတော့ ဘာကြောင့်မှန်းမသိဘဲ တောင်တစ်လုံးတင်ထားသလိုမျိုး လေးလံနေသည်။

လျစ်လျူရှုလို့မရနိုင်သည့် တည်ရှိမှုတစ်ခု။

ဟယ်ရူကောက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် မျက်မှန်ကိုချွတ်လိုက်သည်။

မျက်မှန်မရှိတော့သည့် သူ၏မျက်လုံးနက်များက ဖန်သားပြင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီးရင်း ဂိမ်းထဲမှ မျက်ရည်လွယ်လွန်းသည့် ယုန်ငယ်လေးနှင့် အကြည့်ချင်းသွားဆုံသည်။

ဟယ်ရူကောက စဉ်းစားမိသည်၊

‘ဒီယုန်ပေါက်လေးက ရေတွေနဲ့များပြည့်နေတာလား ဘယ်ကနေ ဒီလောက်များတဲ့မျက်ရည်တွေ ထွက်နေရတာလဲ’

သူက ထိုအခိုက်အတန်အတွင်းမှာ အများကြီးစဉ်းစားမိသွားသည်။

ခွေးပေါက်လေး၏ အေးစက်နေသည့်အလောင်းကို သတိရသွားပြီးနောက်ယုန်ငယ်လေးဟာလည်း နောက်ဆုံးမှာတော့ တိတ်တိတ်ကလေး ထွက်ခွာသွားရမည်ကို တွေးမိသောအခါတွင် သူက နှုတ်ခမ်းပါးတို့ကို တင်းတင်းစေ့လိုက်မိသည်။

ဂိမ်းမှာ… မဖြစ်မနေသေရမယ့် ဇာတ်သိမ်းဆိုတာမျိုးကရော တကယ်ရှိနေတာလား။

ဟယ်ရူကောက မျက်လုံးများကိုမှိတ်ကာ မျက်မှန်ကိုပြန်တပ်လိုက်ပြီးနောက် သူ၏လှိုင်းထနေသည့် စိတ်ခံစားချက်အားလုံးကို မျက်မှန်နောက်ကွယ်တွင် ချုပ်တည်းထားလိုက်သည်။

ထို့နောက်တွင် နံပါတ် ၂၀ အခန်းမှ သံတံခါးက တွန်းဖွင့်ခြင်းခံလိုက်ရလေသည်။

အမှတ်ရှိနေပြီဖြစ်သော ဟွမ်ယုံးက ချက်ချင်းမဝင်လာသေးဘဲ ဟယ်ရူကော၏ နောက်မှာ သတိကြီးစွာဖြင့် ရပ်နေသည်။

ဂွမ်းအသိုက်ထဲမှ ကျားဖြူလေးကလည်း ဟွမ်ယုံး၏ လုပ်ရပ်ကိုမြင်သောအခါ အပြာရောင်မျက်ဝန်းများထဲတွင် လှောင်ပြောင်သည့်အရိပ်အယောင်တို့ ပေါ်လာသည်။

ခန္ဓာကိုယ်အားနည်းနေသောကြောင့်လားမသိ မျက်လေးလုံးများက ပျင်းရိနေသလိုမျိုး မှေးစင်းနေကြရာ ကျားပေါက်လေး၏လှောင်ပြောင်နေသည့် အရိပ်အယောင်ထဲတွင် အထက်စီးဆန်ပြီး မာနကြီးသည့် ဟန်ပန်တို့ပါ ပါဝင်နေသည်။

ကျားဖြူလေးက ချက်ကောင်းကိုထိအောင် ရန်စနိုင်လိုက်တာကြောင့် ဟွမ်ယုံး၏ မျက်နှာကြီးမှာလည်း မဲမှောင်သွားပြီး သူကစိတ်စွမ်းအင်ပင်လယ်ကို လှုံ့ဆော်သည့်ကိရိယာကိုကိုင်ကာ ကျားဖြူလေး၏ခေါင်းပေါ်သို့ အားဖြင့်စွပ်ပေးလိုက်သည်။

တိုတောင်းလှသော်လည်း အရှည်ကြီးလိုထင်ရသည့် တိုင်းတာမှုပြီးဆုံးသွားသောအခါ ဟွမ်ယုံးက ကိရိယာများကိုသိမ်းဆည်းပြီး ထွက်ခွာသွားသည်။

ထိုအခါတွင်မူ ကျားဖြူလေးက သူ၏ဂွမ်းအသိုက်ထဲပြန်ကာ အားရမရှိသလိုလေး လှဲလျောင်းနေပြီး ဟွမ်ယုံးရှိနေချိန်ကလိုမျိုး ရန်လိုနေသည့်ပုံစံမျိုးလည်း သူ့မှာမရှိတော့ပေ။

ကျားဖြူလေးက ယခုအချိန်တွင် ဆူးများကို သတိကြီးကြီးဖြင့် သိမ်းဆည်းထားသည့် ဖြူကောင်လေးတစ်ကောင်လိုမျိုးဖြစ်နေကာ သူ၏ကျန်ရှိနေသေးသည့် နူးညံ့မှုလေးများကို ဟယ်ရူကောအတွက်သာ သီးသန့်ဖယ်ထားသလိုပင်။

ဟယ်ရူကောက ရွှင်ယောက်ရှူ(ဆေးဝါးရှာဖွေရေးကြွက်)ပေးလိုက်သည့် ဆေးမှုန့်ကို နို့ဘူးထဲသို့ထည့်ဖျော်ပြီး ကျားဖြူလေးကို တိုက်လိုက်သည်။

ကျားဖြူလေးက ဒီတစ်ခါတော့ လှည့်ထွက်မသွားဘဲ၊ လက်နှစ်ဖက်ဖြင့် နို့ဘူးကိုကိုင်ကာ ခပ်တည်တည်ဖြင့် စို့နေပြီး သူ၏နှုတ်ခမ်းမွှေးဖြူဖြူလေးတွေက လေထဲတွင် ယမ်းခါနေသည်။

ဟယ်ရူကောက မောက်စ်ဖြင့် {ပွတ်သပ်ရန်} ကို နှိပ်လိုက်သည်။

ထိုအခါတွင် လက်ဖဝါးကလည်း ကျားဖြူလေး၏ ခေါင်းလေးပေါ်သို့ ရောက်သွားကာ သူ၏လည်ပင်းလေးမှတစ်ဆင့် ကျောရိုးတစ်လျှောက်ကို ပွတ်သပ်ပေးလိုက်သည်။

လက်ဖဝါးအောက်မှ အမွှေးလေးတွေက နူးညံ့ပြီးချောမွေ့နေလေသည်။

ကျားဖြူလေးကလည်း အလွန်နှစ်သက်သည့်ဟန်ဖြင့် မျက်လုံးများကို မှေးမှိတ်ထားသည်။

နံပါတ် ၂၀

{ အောင်း… တအား… သက်တောင့်သက်သာရှိတာပဲ }

{ မင်းက ကိုယ့်ကို ပွတ်သပ်ပေးရတာကို သဘောကျလို့လားဟင်၊ တကယ်တော့… }

{ … ကိုယ်လည်း နည်းနည်းသဘောကျတယ် }

ကျားဖြူလေးက သဘောကျသည်ဟု ပြောလိုက်ချိန်တွင်

မူလက {ပွတ်သပ်ရန်} တစ်ခုတည်းသာရှိခဲ့ရာမှ ရွေးချယ်မှုအသစ်များ ထပ်ပေါ်လာသည်။

{ခေါင်းလေးကိုပွတ်သပ်ရန်}

{ကျောကိုပွတ်သပ်ရန်}

{လက်ဖဝါးလေးများကိုကိုင်ကြည့်ရန်}

{နားရွက်လေးများကိုပွတ်ပြီးဆုပ်ပေးရန်}

{တင်ပါးကိုထိုးရန်} (သော့ခတ်ထားဆဲ)

{အမြီးနှင့်ကစားရန်} (သော့ခတ်ထားဆဲ)

{ဗိုက်ကိုအနမ်းပေးရန်} (သော့ခတ်ထားဆဲ)

ဟယ်ရူကော : "!!!"

ဗိုက်လေးကိုအနမ်းပေးဖို့က အိပ်မက်မဟုတ်တော့ဘူး!!!

သူက စမ်းသပ်သည့်အနေဖြင့် {လက်ဖဝါးလေးများကိုကိုင်ကြည့်ရန်} ကို နှိပ်လိုက်သည်။

ကျားဖြူလေး၏ လက်ဖဝါးလေးများက အလိုအလျောက်ပင် နောက်သို့ကျုံ့သွားကာ၊ ကောင်လေးက ခဏလေးတော့ တွေဝေနေပုံပင် သို့သော်လည်း ဟယ်ရူကော၏ မျှော်လင့်တကြီးအကြည့်များကြောင့် ကျားဖြူလေးက သူ၏လက်ဖဝါးငယ်လေးကို ဟယ်ရူကော၏ လက်ပေါ်သို့ ညင်သာစွာတင်ပေးလိုက်သည်။

ကောင်လေး၏လက်ဖဝါးငယ်လေးက သေးငယ်လှပြီး၊

ဟယ်ရူကော လက်ဖဝါး၏ သုံးပုံတစ်ပုံစာသာ ရှိသည်။

နံပါတ် ၂၀

{ အောင်း… နောက်ဆို ကိုယ့်လက်ဖဝါးတွေက အကြီးကြီးဖြစ်လာပြီး မင်းလက်ကိုပါအုပ်သွားမှာ }

{ … ဝေါင်း… ကြီးလာရင်ရော… ပန်းရောင်ပဲလား }

ဟယ်ရူကောက မောက်စ်ဖြင့် {နားရွက်လေးများကိုပွတ်နယ်ရန်} ကို နှိပ်လိုက်ရာ၊ ရှည်လျားသောလက်ချောင်းများက ကျားဖြူလေး၏နားရွက်လေးကို ပွတ်သပ်လိုက်ပြီးနောက် ပန်းဖူးလေးလို နားရွက်လေးကို လက်ဖြင့်ဆွဲပြီးကွေးလိုက်သည်။

ကျားဖြူလေးကလည်း ယားသွားသလိုမျိုး ခေါင်းလေးကိုစောင်းလိုက်ပြီးနောက် ဟယ်ရူကောကို အပြစ်တင်သည့် အကြည့်လေးများဖြင့် ကြည့်လာသည်။

နံပါတ် ၂၀

{ ဝေါင်း… မထိနဲ့… မထိနဲ့တော့၊ ယားတယ် }

{ ဝေါင်း ဝေါင်း … မင်း နောက်တစ်ခါထပ်ထိရင် ကိုယ်…}

{… ကိုယ် မင်းနားရွက်ကို ပြန်လျက်မှာနော်}

ကျားဖြူလေးက ခေါင်းကိုလှည့်ပြီး သူ့နားရွက်လေးကို ကိုင်နေသည့် ဟယ်ရူကော၏ လက်ကို ရှောင်လိုက်သည်။

သူ၏သနားစဖွယ် နားရွက်လေးမှာလည်း ထိုအခါမှပင် ကွေးနေရာမှ ပြန်ဆန့်လာရာ ဖျက်ဆီးခံထားရသည့် ပန်းငုံလေးနှင့်တူနေတော့သည်။

သူ့နားရွက်လေးက သနားစရာပုံလေးဖြစ်နေသည့်တိုင်၊ ကျားဖြူလေးက သူ၏ ချွန်ထက်သောသွားလေးတွေကို ထုတ်ပြကာ သွားဖြဲပြီး ဟိန်းလိုက်သည်။

နို့နံ့မစင်သေးသော်လည်း ကြမ်းတမ်းသည့်ပုံစံလေး သူအချိန်အတော်ကြာမတွေ့ခဲ့ရသည့် ကျားဖြူလေးက ပြန်ရောက်လာပြီပင်။

ဟယ်ရူကောကသူ့ နားရွက်လေးကို ဆက်ပွတ်ချင်နေသော်လည်း၊ ကျားဖြူလေး စိတ်ဆိုးသွားမှာ စိုးသောကြောင့် {ခေါင်းလေးကိုပွတ်သပ်ရန်} ကို နှိပ်လိုက်သည်။

ကျားဖြူလေးကလည်း စိတ်ဆိုးနေရင်းကပဲ ဟယ်ရူကော၏ ပွတ်သပ်ခြင်းကို ခံနေသည်။

နှစ်သက်မှုအမှတ်မြင့်တက်လာသောကြောင့် System ကလည်းပွတ်သပ်ပေးသည့်အားကို ပြောင်းလဲပေးလိုက်ပုံရသည်။

မူလက ဖြေးဖြေးလေး ပွတ်သပ်ပေးခဲ့သော်လည်း ယခုတစ်ကြိမ် ကျားဖြူလေး၏ခေါင်းကိုပွတ်ပေးရာတွင် အမွှေးများပင် နောက်သို့လှန်သွားပြီး

ကျားဖြူလေး၏ ခံစားချက်ကင်းမဲ့နေသည့် မျက်လုံးများမှာလည်း သူ၏ နဖူးပေါ်မှအမွှေးများ လှုပ်ရှားသွားခြင်းကြောင့် ဗာဒံစေ့ပုံမျက်လုံးလေးတွေလို ဖြစ်သွားရသည်။

ထို့နောက်တွင် သူ၏ ဗာဒံစေ့ပုံမျက်လုံးလေးများကလည်း ခံသားချက်ကင်းမဲ့နေသည့် မျက်လုံးအဖြစ်သို့ ပြန်ပြောင်းသွားသည်။

နံပါတ် ၂၀

{ ...ဟမ့် }

{ နံပါတ် ၂၀ ၏ စိတ်အခြေအနေက တဖြည်းဖြည်းကောင်းမွန်လာပါသည် }

{ ဟမ့် }

ကျားဖြူလေး နှာခေါင်းရှုံ့လိုက်ရာ သူ၏ ပန်းရောင်နှာခေါင်းလေးက ဖြည်းဖြည်းလေးလှုပ်သွားသည်။

ကျားဖြူလေး၏နှာခေါင်းလေးက အသည်းပုံစံလေးဖြစ်ရာ၊ နှာခေါင်းတစ်ချက်ရှုံ့လိုက်တိုင်း ကျားဖြူလေးက ဟယ်ရူကောထံသို့ နှလုံးသားများ ပစ်လွှတ်နေသလိုပင်။

ဟယ်ရူကောက ပျော်ရွှင်စွာဖြင့် {ကျောကိုပွတ်သပ်ပေးရန်} ကို နှိပ်လိုက်ပြီးနောက် စိတ်ဆိုးဟန်ဆောင်နေသည့် ကျားဖြူလေးကို အလိုက်သင့်လေးပွတ်သပ်ပေးလိုက်ရာ ကျားဖြူလေး၏အမြီးလေးကလည်း တလှုပ်လှုပ်လေးဖြစ်နေတော့သည်။

နံပါတ် ၂၀

{…ဟမ့်… ဟမ့် }

{ နံပါတ် ၂၀ က အလွန်ပျော်နေပါသည် }

{ နံပါတ် ၂၀ က သင် သူ့ကျောလေးကို ပွတ်ပေးတာကို သဘောကျနေပါတယ် }

ဟယ်ရူကောလည်း တစ်ချက်ပြုံးလိုက်ပြီးနောက် ကျေနပ်စွာဖြင့် ဂိမ်းထဲမှထွက်လိုက်သည်။

ပျော်ရွှင်ဖွယ်အချိန်များက တိုတောင်းလှသည်ပင်။

သူကလည်း မသိလိုက်ပါပဲ ဂိမ်းထဲတွင် တစ်နာရီကျော်ကြာ အချိန်ကုန်သွားခဲ့သည်။

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် :

"ဟေ့ကောင် စာမရေးတဲ့သောက်ပျင်း..မင်း စာရေးပြီးပြီလားကွ၊ ငါတောင် ဒီနေ့အတွက် စာလုံးကိုးထောင် ရေးပြီးသွားပြီ"

ဟယ်ရူကောက အပြစ်ရှိသလိုခံစားရတာမို့

chat ကိုအသာ ပိတ်လိုက်ကာ သူ့စာကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

သူက သူစာရေးသည့် ကျင်းကျန် ဝက်ဘ်ဆိုဒ် ကိုဖွင့်ပြီးနောက် မှတ်ချက်ပေးသည့်နေရာတွင် အမုန်းစကားတွေရေးနေကျလူ ရှိနေသေးလားဟု ကြည့်လိုက်သည်။

သို့ရာတွင် ရင်းနှီးနေသည့် အစိမ်းရောင်စာမျက်နှာက ပေါ်လာသော်လည်း၊ "လူ့အဖွဲ့အစည်းကိုလက်စားချေခြင်း" ဟူသော နာမည်က ပျောက်ကွယ်သွားပြီဖြစ်သည်။

မှတ်ချက်ပေးသည့် အပိုင်းတစ်ခုလုံးတွင်လည်း ကျင်ကျန်းမှတစ်ဆင့် လက်ဆောင်ပေးထားကြသည့် စာသားများဖြင့် ပြည့်နှက်နေသည်။

[ ငါ ကောင်းကင်ကိုလည်းဂရုမစိုက်ဘူး၊ မြေကြီးကိုလည်းဂရုမစိုက်ဘူး၊ လေထုကိုလည်းဂရုမစိုက်ဘူး၊ စာရေးသူကိုလက်ဆောင်တွေနဲ့ ပစ်ပေါက်ဖို့ပဲ ဂရုစိုက်တယ် ]

[ နေ့တိုင်းအပိုင်းသစ်တင်ပေးဖို့ ပြောနေတာက အိပ်မက်မဟုတ်ဘူး၊ ရွှီး - ဖောင်း ဒုံးပျံတစ်လက် ပစ်လွှတ်လိုက်ပြီ ]

ဟယ်ရူကောမှာ ကြောင်ငေးသွားရသည်။

ဘာတွေဖြစ်နေကြတာလဲ။

လူတွေက… ဘာလို့ ရုတ်တရက်ကြီး ငါကို လက်ဆောင်တွေ ပေးနေကြတာလဲ။

မှတ်ချက်အသစ် ရာပေါင်းများစွာကလည်း ရုတ်တရက်ကြီး ပေါ်လာကြကာ အချို့သော နာမည်များကို သူရင်းနှီးနေသော်လည်း အများစုမှာ အမြဲတမ်းတိတ်တဆိတ်သာ ဖတ်ကြသည့် စာဖတ်သူများ၏ နာမည်အစိမ်းများဖြစ်နေသည်။

[ တို့ရဲ့စာရေးသူကို ဖက်ထားပေးမယ် ]

[ စာရေးသူကို တစ်ခုပြောပြမယ်နော်၊ ပြောပြရင်လည်း ယုံချင်မှယုံမှာပေမယ့်၊ တို့တွေနေထိုင်တဲ့ကမ္ဘာက အဓိကကမ္ဘာကြီးတစ်ခုဖြစ်ပြီး၊ စာရေးဆရာတွေ၊ ဇာတ်ညွှန်းရေးဆရာတွေ၊ ကာတွန်းဆရာတွေက ဒီကနေထပ်ပြီး ကမ္ဘာအသစ်တွေအမျိုးမျိုးကို ဖန်တီးပေးကြတာ၊ ဒါပေမဲ့ လောကကြီးမှာ အရာရာကိုအုပ်စိုးချင်တဲ့ လူဆိုးတွေ အများကြီးရှိနေတော့၊ အဖျက်သမားတွေလည်း ပေါ်လာကြတာ ထုံးစံပါပဲ၊ ဒီအဖျက်သမားတွေက ကမ္ဘာတွေကိုဖြတ်ပြီး စာရေးဆရာတွေရဲ့ စာတွေအောက်က မှတ်ချက်နေရာတွေမှာ အမုန်းစကားတွေ ရေးတဲ့သူတွေအဖြစ် ပေါ်လာပြီး၊ စာရေးဆရာတွေရဲ့ ဖန်တီးနိုင်စွမ်းတွေကို လျော့သွားအောင် လုပ်ကြတော့တာပဲ၊ ဒါကြောင့် စာရေးသူလည်း အားတင်းထားပါနော်၊ အမှောင်စွမ်းအင်တွေရဲ့ အနိုင်ကျင့်တာကို မခံလိုက်ပါနဲ့၊ မကောင်းမှုက ကောင်းမှုကို ဘယ်တော့မှမနိုင်ဘူးလို့ ကျွန်မယုံကြည်တယ် ]

[ အားတင်းထားပါ စာရေးသူ ကျွန်တော့်ရဲ့ စိန်လိုမာကျောတဲ့နှလုံးသားကို ငှားသုံးချင်ရင်ပြော ]

ဒီမှတ်ချက်တွေအားလုံးက… သူရေးသားထားသည့် နောက်ဆုံးအခန်းမှာ အားပေးထားကြခြင်းဖြစ်သည်။

ဟယ်ရူကော သတိရသွားသည်။

သူက စာရေးသူမှတ်ချက် ကဏ္ဍတွင် စာရေးသားသူများ၏ အရေးအသားအဆင့်အတန်းကျအောင် တမင်မှတ်ချက်ဆိုးများပေးကြသည့် အကြောင်းကို ရှင်းပြခဲ့သည်။

ထိုစာကိုမရေးခင်ကလည်း သူ့စိတ်ထဲတွင် ဒီလောက်များပြားလှသည့် စာဖတ်သူများက သူ့စာကိုနှစ်သိမ့်လိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။

သူက မှတ်ချက်ပေးသည့်နေရာမှ အမုန်းစကားများကိုမြင်သည့် စာဖတ်သူများအနေနှင့် အထင်မလွဲစေရန်အတွက်သာ ရှင်းပြချင်ခဲ့ခြင်းဖြစ်သည်။

ဟယ်ရူကောက မှတ်ချက်တစ်ခုချင်းစီကို အူကြောင်ကြောင်လေး ငေးကာ ဖတ်ရှုနေရင်းမှ မျက်ရည်များဝဲလာရသည်။

ထို့နောက်တွင်တော့ သူက စိတ်လွတ်သွားသလို မျက်မှန်လေးကိုချွတ်လိုက်ပြီးနောက် သူ၏နီရဲနေသည့်မျက်လုံးများကို အုပ်ထားလိုက်သည်။

အစောပိုင်းက ဟိုအမုန်းစကားရေးသူထံမှ ဆိုးဆိုးရွားရွားကျိန်ဆဲမှုများကို ခံရစဉ်ကပင် သူ မငိုခဲ့မိသော်လည်း အခုတော့ မျက်ရည်များက အလိုလို စီးကျလာတော့သည်။

… ဘာလို့ စာရေးချင်ခဲ့တာလဲ။

ဘာလို့ ကျင်းကျန်ကို ရွေးချယ်ခဲ့တာလဲ။

အကြောင်းမှာ ကျင်းကျန်မှ စာဖတ်သူများမှာ ဝက်ဘ်ဆိုက်အားလုံးထဲတွင် အနွေးထွေးဆုံး၊ ချစ်စရာအကောင်းဆုံးနှင့် စကားအများဆုံး နတ်သမီးလေးများအဖြစ် အများက အသိအမှတ်ပြုထားသောကြောင့်ပင်။

ဒီအခိုက်အတန့်လေးအတွင်း ဟယ်ရူကောမှာ သူဟာတစ်ကယ်ကြီး အချစ်ခံနေရပါလားဟုလည်း ခံစားလိုက်ရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment