အခန်း ၂၃ - ချိပ်ပိတ်လိုက်သော မှတ်ဉာဏ်များ
VIP သို့သွားပြီးနောက်တွင် သူသည် တစ်နေ့လျှင် စာလုံးရေတစ်သောင်းရေးရသည့် အတွက် ဟယ်ရူကောသည် သူ၏ဂိမ်းကစားချိန်ကို တစ်ရက်လျှင် တစ်နာရီခွဲသာ ကန့်သတ်လိုက်သည်။ ဂိမ်းထဲမှ ထွက်ပြီးသည့် နောက်တွင် သူသည် ၃နာရီကြာ စာရေးခဲ့ပြီး အိပ်ရာမဝင်ခင်တွင် အနီရောင်မျဥ်းများအား ထပ်မံလေ့လာလိုက်သည်။
အနီရောင်မျဥ်းများသည် တိုးလာခဲ့သော်လည်း အသစ်များသည် သူ၏ ခြေချင်းဝတ်တွင်သာ ပေါ်လာ၏။
မတူညီသောနေရာနှစ်ခုတွင် အနီရောင် မျဉ်းများ ရှိနေသည်။
ဒါက တစ်နေ့ကို ကံကောင်းခြင်း နှစ်ခါ ရနိုင်တယ်လို့ ပြောတာလား…
ယနေ့တွင် ဟယ်ရူကော သည် ရှားပါးပစ္စည်း တစ်ခု (အချစ်ကံတရား) အား ရရှိပြီး သွားပြီဖြစ်သည်။ သီအိုရီအရ ဆိုလိုသည်မှာ ကံကောင်းမည့်အခွင့်အရေးမကျန်တော့ခြင်း ဖြစ်၏။ ယခု ည ကိုးနာရီကျော်လောက်တွင် ဟယ်ရူကော သည် ဂိမ်းထဲသို့ log in ဝင်လိုက်ပြီး သူ၏ ကျောပိုးအိတ်ထဲမှ ပန်းရောင်ဆေးတောင့်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ဆေးတောင့်အား သူ၏mouseဖြင့် နှိပ်လိုက်သည်။ သူသည် ခြေချင်းနှင့် ပေါင်ပေါ်ရှိ အနီရောင်မျဉ်းများအား ရှေ့၊ နောက် ကြည့်နေပြီး အခွင့်အလမ်းများအား ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့နေသည်။
သူ၏ ခြေချင်းပေါ်မှ အနီရောင်ကြိုးလေးသည် ရုတ်တရက်ပူပြီး တောက်ပလာသည်။
"ဒင် ဒင် ဒင်~"
[အမျိုးအစား] : ဒိုင်ယာရီ
[အရည်အသွေး] : ရှားပါး။
[ဖော်ပြချက်] : ငါ့မှာ စိတ်ထိန်းနိုင်တဲ့ အစွမ်းမရှိပေမယ့် မင်းရဲ့ဒိုင်ယာရီကို တိတ်တိတ်ကလေး ခိုးကြည့်လိုက်မယ်။ မင်းရဲ့လျှို့ဝှက်ချက်လေးတွေအားလုံးကို ငါ ဖော်ထုတ်လိုက်မယ်။
မှတ်ချက်- ဤဂိမ်းတွင်၊ အတိတ်ကို မှတ်တမ်းတင်ထားသည့် မည်သည့်အရာကိုမဆို ဒိုင်ယာရီဟုခေါ်နိုင်သည်။
ညွှန်ကြားချက်များ- ဂိမ်းထဲမှ မည်သည့်တစ်ဦကိုမဆိုရွေးချယ်ပြီး သူ၏ လျှို့ဝှက်ချက်များအား ဖတ်ရှုနိုင်သည်။
ကန့်သန့်ချက် : ရွေးချယ်လိုက်သော ပစ်မှတ်သည် လျှို့ဝှက်ချက်များအား မှတ်တမ်းတင်သည့် အကျင့်ရှိရမည်။ တစ်ခါရွေးချယ်ပြီးလျှင် ပစ်မှတ်အား ပြောင်းလဲ၍ မရနိုင်ပေ။
ဒါဆို ဒါက တကယ်ကြီး တစ်နေ့ထဲမှာ နှစ်ခါကံကောင်းနိုင်တာပေါ့…
သို့သော်လည်း ကန့်သတ်ချက်သည် အနည်းငယ်ခက်ထန်သည်။ ဟယ်ရူ ကောသည် သူနှင့် ကိုက်ညီမည့်သူအား မတွေးနိုင်ခဲ့ပေ။ ဤဂိမ်းထဲ၌ ဒိုင်ယာရီရေးသားထားသည့် NPCများသည် တကယ်ရှိသည်လား။
ဖြစ်နိုင်တာကတော့ ... ကျားဖြူလေးရဲ့ ဒိုင်ယာရီ ရေးတဲ့ အလေ့အကျင့်ကို ငယ်ငယ်လေးကတည်းက စပြီး ပျိုးထောင်လိုက်မယ်… သူ လူသားအသွင် ဖြစ်လာတဲ့ အချိန်ကျ ဒိုင်ယာရီ စရေးတာနဲ့ သူက ဒါကိုသုံးပြီး ကျားကလေးရဲ့ အတွင်းစိတ်ထဲကို ကြည့်နိုင်တယ်…
ကျားဖြူလေးသည် သူ့အား ဘယ်လို မြင်နေလောက်မလဲ…
သူသည် နေ့တိုင်းပင် ကျားလေး၏ ခေါင်း၊ ကျောနှင့် လက်ဖဝါးလေးများအား ထိတွေ့နေခဲ့သည်။ : နောက်ပိုင်းတွင် သူသည် ၎င်း၏ တင်ပါးကိုပါ ပွတ်သပ်ပေးခဲ့သည်။ ထို့ပြင် ၎င်း၏ ဝမ်းဗိုက်အား နှာခေါင်းဖြင့် ပွတ်သပ်ခြင်း ၊ ၎င်း၏ အမြှီးအား ဆော့ကစားခြင်းတို့ပင် ပြုလုပ်ခဲ့သေး၏။ ... ကျားလေးရဲ့ မျက်လုံးထဲမှာ သူက ချစ်စရာကောင်းတဲ့ အရာတွေကို သဘောကျတတ်တဲ့ လူယုတ်မာနှာဘူးကြီး ဒါမှမဟုတ် ကျွမ်းကျင်သည့် အနှိပ်သမား လို့များ မြင်နေလောက်မလား…
ကျားဖြူလေးသာ ဒိုင်ယာရီရေးခဲ့မည်ဆိုလျှင် ဤကဲ့သို့ ဖြစ်လိမ့်မည်။
>ဒီနေ့ သူငါ့ခေါင်းကို ပုတ်သွားတယ်။ သွားပြီ။ ခေါင်းကို ပုတ်တာက ငါ့ရဲ့ ကြီးထွားမှုကို နှောင့်နှေးစေလိမ့်မယ်။ ဒေါသထွက်တယ်။
ဒီနေ့ သူငါ့ရဲ့ လက်ဖဝါးတွေကို ညစ်သွားတယ်။ သိသိသာသာကို ငါ့ရဲ့ လက်ဖဝါးတွေက ချစ်စရာကောင်းပြီး လှပတဲ့ ကျားမလေးကို ကိုင်ဖို့အတွက် ဆိုတာ ရှင်းနေတာပဲလေ။ ဟွန့်။
ဒီနေ့ သူငါ့ရဲ့ တင်ပါးကို ပွတ်သွားတယ်။ သေစမ်း။ ငါ့ရဲ့ ချစ်ဖို့ကောင်းလွန်းနေတဲ့ အမှားကြောင့်ပါပဲ။— ငါ့ရဲ့ တင်ပါးကတောင် ချစ်ဖို့ကောင်းလွန်းနေတာကိုး။
အချိန်ကြာလာပြီး နောက်၌ ကျားဖြူလေးသည် ကျားဖြူကြီးဖြစ်လာသော်လည်း သူ၏ဒိုင်ယာရီ ရေးသည့်အလေ့အကျင့်ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်လျှင်…
> ဒီနေ့သူ ငါ့တင်ပါးကို ထိဖို့ ကြိုးစားတယ်။ ငါသူ့ရဲ့ခေါင်းကို ပြုတ်ထွက်အောင် ကိုက်လိုက်တယ်။
ဟယ်ရူကော : "...!"
ထိုအတွေးသည် အလွန် ကြောက်စရာ ကောင်းလွန်းလှသည်။
ဒီနေရာမှာတင် ရပ်လိုက်တာက ပိုကောင်းမယ်…
ဤ item သည် မည်သူ့အပေါ်၌ အလုပ်ဖြစ်နိုင်မည်ကို သေချာ စဉ်းစားကြည့်လိုက်သည်။
NPC ထဲက ရွေးရမယ်ဆိုရင် ဝူရာ(ကျီးကန်း)ကို ရလောက်မလား…
သူသည် အပန်းရောင်ဆေးတောင့် မျက်နှာပြင်အား ပိတ်လိုက်ပြီး ဝန်ထမ်းအိမ်ရာသို့ သွားလိုက်သည်။ ဝူရာ(ကျီးကန်း)သည် အထဲတွင် ရှိမနေပေ။ ဟယ်ရူကော သည် အခန်းတစ်ခုလုံးအား ရှာဖွေလိုက်သည်။ —မျက်နှာကျက် ၊ အိပ်ရာအောက်နှင့်— အပြန်အလှန် ဆက်သွယ်ထားနိုင်သော အရာတိုင်းအား နှိပ်ကြည့်သော်လည်း ဒိုင်ယာရီအား ရှာမတွေ့ခဲ့ပေ။
မျှော်လင့်ချက် မဲ့လာသလိုပဲ…
သို့သော် အိပ်ရာအောက်တွင် ဖုန်တက်နေသော သံလှောင်အိမ်အသေးလေးတစ်ခုအား သူရှာတွေ့သွားသည်။
[အမည်] : သံလှောင်အိမ်
[အရင်းအမြစ်]: ကျီးကန်း
[အခြေအနေ] : အိုဟောင်း/ ကြာမြင့်
[ဖော်ပြချက်] : ၎င်းသည် ဝူရာ(ကျီးကန်း)၏လှောင်အိမ်ဖြစ်သည်။ ကျီးကန်း၏ အတိတ်အတွက် အလွန်အရေးပါသည့် အရာပင်ဖြစ်သည်။
ဝူရာ(ကျီးကန်း)ရဲ့ အတိတ်လား…
ကြားရတာထူးဆန်း နေတယ်…
ဝူရာရဲ့ အတိတ်အတွက် အရေးပါပြီး ဝူရာရဲ့ ပစ္စုပ္ပန်အတွက်ကျတော့ အရေးမပါ တော့ဘူးလား…
ဤဂိမ်းတွင် လှောင်အိမ်များသည် အစမ်းသပ်ခံများအား ထိန်းသိမ်းရန်ဖြစ်သည်။ ဤတစ်ခုသည်လည်း ထိုနည်းတူ ဖြစ်နိုင်၏။ ဝူရာအတွက် အရေးပါသော စမ်းသပ်ခံတစ်ယောက်ကို အထဲတွင် ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားတာ ဖြစ်လောက်မည်။ ဝူရာသည် လှောင်အိမ်အား ဖွက်ကာ အမှတ်တရ အဖြစ် သိမ်းဆည်းထားခြင်း ဖြစ်နိုင်၏။
သို့သော်လည်း လူများသည် ဖယောင်းတိုင် မီးငြိမ်းသွားသကဲ့သို့ သေဆုံးသွားကြပြီး အချိန်ကြာမြင့်လာသောအခါ တစ်ချိန်က တန်ဖိုးကြီးလှသည့် လှောင်အိမ်သည် အိပ်ရာအောက်၌ ဖုန်တက်နေပြီ ဖြစ်သည်။
လှောင်အိမ်သည် သေးငယ်ကာ ခိုတစ်ကောင်လောက်သာ ဝင်ဆန့်နိုင်သည်။ ထို့ကြောင့် သူသည် ဆုံးဖြတ်လိုက်သည်။
—ဇာတ်ဆောင် အမျိုးသမီးက အပြစ်ကင်းတဲ့ ခိုလေး တစ်ကောင်လို့ပဲ ထားလိုက်ပါတော့ …
ကျင်းကျန်(jjwxc) စာရေးဆရာတစ်ယောက်အနေဖြင့် ဟယ်ရူကော၏ ခေါင်းထဲတွင် ကြေကွဲဖွယ် အချစ်ဇာတ်လမ်း တစ်ပုဒ် ထွက်ပေါ်လာသည်။: ဝူရာ(ကျီးကန်း)သည် အေးစက်ပြီး နှလုံးသားမရှိသည့် ဆန်ကုန်မြေလေး ဇာတ်လိုက်အမျိုးသားဖြစ်ပြီး ခိုကလေးသည် လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသော ဒုက္ခသည် သူရဲကောင်းမလေးဖြစ်သည်။
သူသည် လှောင်အိမ်၏ အလယ်ဗဟိုအား ကြည့်လိုက်ရာ ဖုန်သိပ်မတက်ထားသော အောက်ခြေမှ ခြစ်ရာများအား သတိပြုမိသွားသည်။
သူသည် ဖုန်မှုန့်များအား ဖယ်ရှားရန် လှောင်အိမ်အား တစ်ချက်ချင်း ခါလိုက်သည်။ မကြာမီမှာပင် အောက်ခြေ၌ စကားလုံး အတန်းလိုက်ပေါ်လာသည်။
[ဝူယွင်လန်]
နာမည်အပြင် မှုန်ဝါးဝါး ခြစ်ရာများလည်း ရှိသေး၏။ ဟယ်ရူကော သည် ထပ်မံ၍နှိပ်ရန် ပြင်ဆင်လိုက်ခြင်းမှာပင် screen သည် ရုတ်တရက် ပြောင်းလဲသွားသည်။
ဝူရာ(ကျီးကန်း)
[မင်းဘာလုပ်နေတာလဲ။]
ကျီးကန်းသည် ရုတ်တရက် တံခါးဝ၌ ရပ်နေပြီး သူ့အား ခံစားချက် ကင်းမဲ့စွာ ကြည့်နေသည်။ ဟယ်ရူကော သည် လက်ပူးလက်ကြပ် အမိခံလိုက်ရရာ အပြစ်ရှိစိတ်ဖြင့် ကြောက်လန့်သွားသည်။
[သင်သည် ကျီးကန်း၏ အိပ်ရာအောက်မှ သံလှောင်အိမ်တစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။ အတွင်းတွင် နာမည်တစ်ခု ထွင်းထုထား၏။ သင်သည် နားမလည်နိုင် ဖြစ်နေသည်။ ရွေးချယ်ပါ:]
a. "ဝူယွင်လန် ကဘယ်သူလဲ" ဟုမေးပါ။
b. သန့်ရှင်းရေးလုပ်နေတာဟု ဖြေပါ။
အသက် တစ်ခုသာ ကျန်တော့သော ဟယ်ရူကော သည် ၎င်းအား မဖြုန်းတီးချင်ပေ။
နံပါတ် aက အရမ်းအန္တရာယ်များတယ်…
တုံ့ဆိုင်းနေပြီးနောက်တွင် သူသည် b ကို ရွေးချယ်လိုက်သည်။
[ငါအခန်းသန့်ရှင်းရေးလုပ်နေတာ။ ဒီလှောင်အိမ်ကို မင်းရဲ့ အိပ်ရာအောက်က တွေ့လိုက်လို့…]
ဝူရာ(ကျီးကန်း)
[အဲ့ဒါကို အမှိုက်ကန်ထဲပစ်လိုက်တော့။]
ဝူရာ၏ အေးစက်စက် တုံ့ပြန်မှုသည် ဟယ်ရူကော အား အနည်းငယ် အံအားသင့်စေသည်။ သူသည် လှောင်အိမ်အား အမှန်တကယ်ပင် နောက်ထပ် ဂရုမစိုက်တော့ ပုံပေါ်နေသည်။
ဒါဖြင့် သူက ဒီအမှိုက်ကို ဘာလို့ ဒီမှာ ဖွက်ထားရတာလဲ…
ထို့နောက် ဝူရာသည် အိပ်ရာ ဝင်လိုက်သည်။
ဟယ်ရူကောသည် လှောင်အိမ်အား သယ်ဆောင်ကာ အိပ်ခန်းထဲမှ ထွက်လာသည်။ မှောင်မဲနေသည့် စင်္ကြံအား တစ်လျှောက်အား ဖြတ်ကာ မရေမတွက်နိုင်သော လှောင်အိမ်များ စုပုံထားသည့် ခန်းမထဲသို့ ဝင်သွားလိုက်သည်။
ထိုအထဲတွင် အစမ်းသပ်ခံများ၏ အလောင်းများ ရှိသည်။ ရုတ်တရက် သူ၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ : အကယ်၍ ဤခန်းမသည် "သေခြင်းတရား၏ အတောင်ပံများ” စမ်းသပ်ခြင်းမှ ကျရှုံးမှုများဖြင့် ပြည့်နေလျှင် အောင်မြင်သွားသော သူများသည် မည်သည့် နေရာသို့ ရောက်သွားကြသနည်း။
အကယ်၍ သူတို့သာ အင်းဆက်အတောင်များနှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်ပြီး ကြီးမားသည့် စွမ်းအားများအား ရရှိခဲ့ပါက မိဘမဲ့ ဂေဟာအား အငြိုးထားကာ ကလဲ့စားချေလိမ့်မည် မဟုတ်လား။
သူသည် လှောင်အိမ်အား ထပ်မံ နှိပ်လိုက်သည်။ ဖုန်မှုန့်များအားလုံး ပျောက်ကွယ်သွားပြီး နာမည် ဘေးတွင် ပိုများသော ခြစ်ရာများ ပေါ်ပေါက်လာပြီး စကားလုံး အစိတ်အပိုင်းများအား မှုန်ဝါးသွား စေသည်။
ဟယ်ရူကော: "..."
ဟုတ်ပြီ… သဲလွန်စက ရှင်းလင်းနေပြီ… ငါ နားလည်သွားပြီ…
လှောင်အိမ်သည် ဒိုင်ယာရီ ဖြစ်သည်။
သူသည် ရှားပါးitem "ဒိုင်ယာရီ" အားအသုံးပြုလိုက်သည်။ လှောင်အိမ်ကလေးသည် အဝါရောင် အလင်းတန်းကလေး တစ်ခုဖြင့် ရစ်ပတ်ခံလိုက်ရပြီး အတိတ်တွင် မြုပ်နှံထားခဲ့သော အရာများအား မှတ်တမ်းတင်ထားသော ဒိုင်ယာရီ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
>[ငါ "သေခြင်းတရား၏ အတောင်ပံများ” မှာပါဝင်ဖို့ အရွေးခံရတယ်။"]
[သူတို့က ငါ့ရဲ့ အတောင်ပံတွေကို ဖြတ်ပစ်ပြီး အင်းစက်အတောင်ပံတွေနဲ့ ပေါင်းစပ်လိုက်တယ်။]
[ငါ သေချာပေါက် သူတို့ကို သတ်ပစ်မယ်။]
[ပေါင်းစပ်မှုကအရမ်းအားကောင်းတယ်။ ငါပိုပြီး သန်မာလာနေပြီ။ ငါသူတို့ကို သေချာပေါက် သတ်ပစ်မယ်။]
[ငါသူတို့ကို သတ်ပစ်မယ်။]
…
[ဝူယွင်လန်]
ထိုစာကြောင်းများထဲရှိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်သည် မျက်နှာပြင်မှ ဖောက်ထွက်လာလု နီးပါး ဖြစ်နေသည်။ သို့သော်လည်း ဒိုင်ယာရီသည် ရုတ်တရပ် ရပ်သွားသည်။ အဝါရောင် အလင်းတန်းသည် မှိန်ဖျော့သွားပြီး ဒိုင်ယာရီသည် လှောင်အိမ်လေးအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ “ဝူယွင်လန်” ဟူသော နာမည်အပါအဝင် ထွင်းထုထားသော စကားလုံးများ အားလုံးလည်း ပျောက်ကွယ်သွားခဲ့သည်။
လှောင်အိမ်လေးသည် ခိုတစ်ကောင် သို့မဟုတ် ကျီးကန်း တစ်ကောင် ဝင်ဆန့်ရုံမျှအထိ သေးငယ်နေဆဲ ဖြစ်သည်။
ဝူယွင်လန် သည် "သေခြင်းတရား၏ အတောင်ပံများ" အတွက်ရွေးချယ်ခံရသည့် မိဘမဲ့ ဂေဟာမှ အစမ်းသပ်ခံ တစ်ယောက် ဖြစ်သည်။ ယင်း ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်း စမ်းသပ်မှုတွင် သူသည် မူလ အတောင်ပံများအား ဆုံးရှုံးခဲ့ပြီး အင်းစက်အတောင်ပံများမှ ခွန်အား ရရှိခဲ့သည်။
သူသည် သူတို့အားသတ်ပစ်ရန် သူ၏ ကတိစကားအား ထပ်ခါ ထပ်ခါ ရေးခြစ် ထားခဲ့သည်။ သို့သော် လှောင်အိမ်ပေါ်မှ အနက်ရှိုင်းဆုံး အမှတ်အသားမှာ သူ၏ အမည် ‘ဝူယွင်လန်’ ဖြစ်သည်။ သူသည် ၎င်းအား ရေးထွင်းရန် ရှိသမျှ စွမ်းအား အကုန်လုံးအား အသုံးပြုခဲ့ရပုံ ပေါ်သည်။ ၎င်းသည် ဖုံများ မတက်နိုင်သည်အထိ နက်ရှိုင်းလွန်းနေ၏။
သူသည် ထိုစကားလုံး သုံးလုံးအား မမေ့ချင်ခဲ့ခြင်း ဖြစ်ရမည်။
ထိုတခဏတွင် ဟယ်ရူကော သည် ရက်စက်သော အမှန်တရားတစ်ခုအား သတိပြုမိလိုက်သည်။
ကျီးကန်းသည် ဝူယွင်လန် ဖြစ်သည်။
သားကောင်သည် ကျူးလွန်သူ ဖြစ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူသည် လွင့်မျောနေသော တစ္ဆေကဲ့သို့ အဖြူ ဖျော့ဖျော့ ယူနီဖောင်းဖြင့် မိဘမဲ့ဂေဟာထဲတွင် လမ်းလျှောက်နေရပြီး သူ၏ ကုတ်နံပါတ် ဖြစ်သော ဝူရာ( ကျီးကန်း ) မှလွဲ၍ သူ၏ နာမည်ကိုပင် မပိုင်ဆိုင်နိုင်တော့သူ ဖြစ်သည်။
—
Adm note: ဝူရာက code ဖြစ်ပြီး နာမည်က ဝူယွင်လန် ပါ။