no

Font
Theme

အခန်း(၁) အချစ်ဂိမ်း

တိုက်ခန်းတစ်ခုတွင် အနက်ရောင်အနားကွပ်ထားသည့်မျက်မှန်ကို တပ်ဆင်ထားသော လူငယ်လေးတစ်ယောက်က ကွန်ပျူတာအရှေ့တွင်ထိုင်ရင်း document တစ်ခု၏ နောက်ဆုံးစာလုံးကို စာရိုက်‌နေ၏။ ထို့နောက် ကျင်းကျန် စာပေမြို့ (jjwxc) ရှိ စာရေးသူပရိုဖိုင်တွင် သူ၏စာမူကို updateလိုက်ပြီးနောက် သူက ကြုံရာကျပန်းဂိမ်းတစ်ခုကို ဖွင့်လိုက်သည်။

ဖန်သားပြင်ပေါ်၌ စစချင်းပေါ်လာသော ဂိမ်းဇာတ်ကောင်က လူငယ်လေး ၏ အာရုံကိုချက်ချင်းပင် ဖမ်းစားသွား၏။

အနက်ရောင် စစ်ဝတ်စုံသည် ထိုသူ၏ အရပ်မြင့်မြင့်နှင့် ရှည်သွယ်သွယ် ခန္ဓာကိုယ်အား တင်းကြပ်စွာ ဖုံးအုပ်ထားသည်။ သူက အနက်ရောင်စစ်ဦးထုပ်ကိုလည်း သပ်သပ်ရပ်ရပ် ဆောင်းထားပြီး ဦးထုပ်၏ အကာသည် မျက်နှာ၏ တစ်ဝက်ခန့်ကို ဖုံးအုပ်ထားပြီး သူ၏ နှာတံရှည်ရှည် ၊ ပါးလျသော နှုတ်ခမ်းနှင့် လှပစွာ ချွန်ထက်နေသည့် မေးရိုးကိုသာ မြင်ရလေသည်။

ထိုသူ၏ သွေးနီရောင် နှုတ်ခမ်းပါးသည် အနည်းငယ် ကွေးညွှတ်နေပြီး ဆွဲဆောင်မှုရှိသော လျှာထိပ်ဖြင့် သွေးစက်တွေအား စိတ်ကြွဖွယ် လျက်ပြနေသည်။

သူ့မျက်လုံးထဲမှာ တောက်ပနေသည့်အလင်းရောင်တွေက ကြယ်တာရာကြီးတစ်ခုလိုပင်...

ဖန်သားပြင်ပေါ်မှ ဖြာထွက်လာသော စိတ်ကြွဖွယ်လေထုကြောင့် ဟယ်ရူကောသည် ''Your Exclusive Lover (မင်းရဲ့မူပိုင်ချစ်သူ)'' ဟုခေါ်သော ဂိမ်းကို ရုတ်တရက် စိတ်ဝင်စားသွားရသည်။

သူက မျက်မှန်ကို အသာအယာချွတ်ကာ စိတ်လျှော့လိုက်ပြီး စိတ်ထဲတွင် သူ့ကိုယ်သူ ပြန်မေးလိုက်သည်။

"မင်းက မိန်းကလေး မဟုတ်ဘူးလေ''

"ဒီလို ဆွဲဆောင်မှုရှိတဲ့ စစ်ဝတ်စုံနဲ့ ညီအစ်ကိုကြောင့် မင်း စိတ်လှုပ်ရှားသွားတာလား!"

"ဟုတ်တယ်!''

ဟယ်ရူကောက ဂိမ်းကစားရခြင်း၏ မူလရည်ရွယ်ချက်ကို လုံးဝ မေ့ပျောက်သွားတော့သည်။ သူ၏ စိတ်တွင် ပုံဖော်ထားသော ချစ်စရာကောင်မလေးသည်လည်း လုံးဝ ပျောက်ကွယ်ခဲ့သည်။သူက ခလုတ်ကို နှိပ်၍ ရှေ့သို့ ဆက်သွားရန် မစောင့်နိုင်တော့ပေ။ ထိုအခါ ဂိမ်းမျက်နှာပြင်သည် ပျောက်ကွယ်သွားပြီး ဂိမ်းဇာတ်လမ်းအကြောင်းကို စာသားများအဖြစ် ဖော်ပြလာခဲ့သည်။

နောက်ခံမြင်ကွင်းသည် မိဘမဲ့ဂေဟာ တစ်ခု ဖြစ်ပြီး အနီရင့်ရောင်စာသားတစ်ကြောင်း ပေါ်ပေါက်လာသည်--

ပထမအကြိမ် ကြယ်တာရာတိုက်ပွဲ ပြီးသွားသည့်နောက် အဓိကတိုက်ပွဲဖြစ်ပွားရာ ခရိုင်၁၇ ဒေသတွင် အိမ်ခြေရာမဲ့ မိဘမဲ့ ကလေးသူငယ်များ အမြောက်အများ ပေါ်ပေါက်လာခဲ့သည်။ ရှင့်ဟိုင်မိဘမဲ့ဂေဟာသည် ထိုကလေးသူငယ်များကို ခေါ်ယူမွေးစားခဲ့ပြီး ဖက်ဒရေးရှင်းမှ တားမြစ်ထားသော လူသား စမ်းသပ်မှုများကို ဆောင်ရွက်ရန် ထိုကလေးသူငယ်များအား အသုံးချခဲ့သည်။

နံပါတ် ၂၀ က အထူးချွန်ဆုံးဖြစ်သည်။ သူက အပျက်အစီးအားလုံး၏ မူလရင်းမြစ်တစ်ခုဖြစ်သော်လည်း ယခုတွင်တော့ သူက ကလေး‌‌သေးသေးလေးပဲ ဖြစ်နေသေးသည်။

ဤဂေဟာ၏ ဝန်ထမ်းတစ်ယောက်အနေနှင့် နံပါတ် ၂၀ အပေါ်မှာ ထားရှိသည့် မင်း၏ စိတ်သဘောထားက မင်း၏ အနာဂတ်ကို လွန်စွာ သက်ရောက်မှုရှိနိုင်သည်။

[သင် ဤ ဇာတ်ကြောင်းအား ကျော်နိုင်သည်]

[Yes]

[No]

ဟယ်ရူကောက [No]ကို နှိပ်လိုက်သည်။

ဤဂိမ်းသည် ကိုယ်တိုင်တွေ့မြင်ရတဲ့ မြင်ကွင်း ပုံစံ ဖြစ်သည်။ ထို စာသားများပျောက်သွားပြီးနောက် ဝန်ထမ်းအဖွဲ့သည် မြေခွေးလေးတွေ၊ကြောင်လေးတွေ၊ခွေးလေးတွေ နဲ့ ဝက်ကလေးတွေကို ကိုင်ဆောင်ကာ တံခါးဖွင့်ပြီး ဝင်လာကြသည်။ သူတို့သည် ဟယ်ရူကော ကို စိုက်ကြည့်နေကြ၏။

ဤ နောက်ခံမြင်ကွင်းသည် တကယ်တမ်း မိဘမဲ့ဂေဟာလား ... တိရစ္ဆာန်ဥယျာဥ်လား မသဲကွဲအောင် ဖြစ်နေသည်။

ထို့နောက် ဆံပင်အဝါရောင်နှင့် ဝန်ထမ်းသည် အကောင်ပေါက်လေး နှစ်ကောင်ကို ဂုတ်မှ ကိုင်လျက် ဟယ်ရူကောကို လှမ်းကြည့်ကာ

"ဟေး... လာကူပါဦး''

ကင်မရာ မြင်ကွင်းသည် အလိုအလျောက် ရွေ့သွားပြီး ဆံပင်အဝါရောင်နှင့် ဝန်ထမ်း၏ ဘယ်ဘက်လက်၌ ရှိသော ကျားဖြူပေါက်လေးပေါ်ကို ကျရောက်သွားသည်။ ထိုကျားပေါက်လေး၏ အမွှေးများတွင် သွေးစက်များ စွန်းနေပြီး သူ၏အပြာရောင်မျက်လုံးများတွင် ရန်လိုစိတ်များနှင့် ပြည့်နှက်နေသည်ကိုလည်း တွေ့မြင်လိုက်ရသည်။သူ၏ သွားစွယ်များနှင့် လက်သည်းများကိုလည်း ထုတ်ပြထားပြီး လုံးဝကို ရက်စက်သည့်ပုံ ပေါ်နေ၏။

"မင်းဒီကျားပေါက်လေးကို ဂရုစိုက်ဦး ဒီကောင် ငါ့ကို ကိုက်ထားတာ... ဒီ အကောင်ပေါက်လေးကို B6အခန်းထဲမှာ ထားရမယ်... သူတို့ စမ်းသပ်မှု နည်းနည်းလုပ်မယ်လို့ ပြောတယ်''

ထိုအချိန် ဖန်သားပြင်ပေါ်၌ ရှည်သွယ်သွယ် လက်တစ်စုံပေါ်ထွက်လာပြီး အမွှေးပွပွ ကျားဖြူလေးကို လှမ်းယူလိုက်သည်။ထိုအချိန်တွင် အေးစက်စက်အလင်းတစ်ချက် လက်သွားသလိုမျိုး ကျားပေါက်လေး၏ လက်သည်းများက ပေါ်ထွက်လာပြီး အကုတ်ခံလိုက်ရသည့်အတွက် သွေးစက်များ ပျံ့ကြဲသွားကာ သွေးစက်ငါးစက်သည် ထိုလက်ပေါ်တွင် ပေါ်လာ၏။

ဂိမ်းထဲမှ သူ၏ ဇာတ်ကောင်သည် ကျားပေါက်လေး၏ လက်ချက်ဖြင့် ဒဏ်ရာ ရရှိခဲ့သည်။

ထို ကျားဖြူလေးက လူတိုင်းကို အနာတရ ဖြစ်အောင် ထိုးဖြတ်ချင်နေသော ဆူးတွေရှိသည့် ဖြူကောင်လေး တစ်ကောင်နှင့်ပင်တူလှသည်။

ထို့နောက် ကင်မရာ မြင်ကွင်းသည် ဂေဟာ၏ ဒုတိယထပ် လှေကားအဆုံးရှိ B6 အခန်းသို့ ပြောင်းသွားသည်။ တံခါးကပွင့်သွားပြီး အခန်းတွင်းရှိ နေရာကို သံပြားများဖြင့် အခန်း ၂၀ခွဲခြားထားသည်။ နံရံ၏ ဘယ်ဘက်နှင့် ညာဘက် တစ်ဖက်တစ်ချက်စီတွင် သံတိုင်များဖြင့် အခန်း ၁၀ခန်းစီ တည်ဆောက်ထားပြီး ထိုအခန်းတစ်ခုစီ၏ အရှေ့တွင်လည်း သွေးနီရောင် အာရပ် ကိန်းဂဏန်းများကို ချိတ်ဆွဲထားသည်။[1,2,3,4....ပါ]

သွေးစက်များစွန်းထင်းနေသော လက်ဖြင့်ပင် ကျားဖြူလေးအား ကိုင်ဆောင်ထားရင်း နံပါတ် ၂၀၏ သံခန်း အကန့်လေးရှေ့သို့ ရောက်သွားပြန်သည်။ထို့နောက် အခန်းထဲတွင် ဂွမ်းထည်အခင်းလေးနှင့် သေတ္တာငယ်လေးတစ်လုံးကို မြင်လိုက်ရသည်။

ကျားဖြူပေါက်လေးမှာ ချက်ချင်းပင် ဂွမ်းထည်အခင်းလေးပေါ်သို့ ခေါင်းလေးစိုက်ရက်သား လှမ်းပစ်ခံလိုက်ရသည်။ သူက ချက်ချင်းပင်တုံ့ပြန်ပြီး အလျင်အမြန်ထကာ တံခါးအပြင်သို ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သူ ခြေတစ်လှမ်း နောက်ကျသွားပြီဖြစ်ပြီး သံတံခါးမှာ 'ချက်'ဟူသော အသံဖြင့် ပိတ်သွားပြီဖြစ်သည်။ ကျားဖြူပေါက်လေးက ဒေါသကြီးစွာဖြင့် တံခါးကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်နေသည်။

ခဏကြာသော် ထိုအခန်းလေးထံမှ သားပေါက်လေးဆန်ဆန် ဟိန်းသံလေး တစ်ခု ပေါ်ထွက်လာခဲ့သည်။

[ဇာတ်ကြောင်း ပြီးဆုံးပါပြီ]

[ဂိမ်းစတင်ပါပြီ]

နေ့စဥ်တာဝန်များ:

B6အခန်းရှိ ကလေးငယ်တိုင်းက "Ice Project" အတွက် စမ်းသပ်ခံရသူများဖြစ်သည်။ ဝန်ထမ်းတစ်ယောက်အနေဖြင့် သင်သည် ဤစမ်းသပ်မှုတွင် ပါဝင်ပြီး စမ်းသပ်မှုမှ ရရှိသော အချက်အလက်များကို မှတ်တမ်းတင်ရမည်ဖြစ်သည်။ ဤ ''Ice Project'' တွင် နံပါတ် ၂၀ ကို အထူးဂရုပြုဆောင်ရွက်ရမည်။

မှတ်ချက်: ''အေးခဲခြင်း စမ်းသပ်မှု''တွင် စမ်းသပ်ခံရသူများကို အလုံပိတ်အခန်းထဲတွင် ပိတ်လှောင်ထားသည်။ထို့ကြောင့် ဝန်ထမ်းများသည် အစားအစာကျွေးချိန် နှင့် သန့်ရှင်းရေး လုပ်ဆောင်ချိန်များတွင် စမ်းသပ်ခံရသူနှင့် ထိတွေ့ခြင်း၊စကားပြောဆိုခြင်း၊မျက်လုံးချင်းဆုံခြင်းတို့ကို ရှောင်ကြဉ်ရမည်။

[အဓိက လုပ်ဆောင်ရမည့် တာဝန်]:

နံပါတ် ၂၀ က အလွန်လျှင်မြန်စွာ ကြီးထွားလာနိုင်သည်။ သူအားနည်းနေသည့်အချိန်၌ သူ့ဆီက နှစ်သက်မှုကိုရယူရမည်။ ၆ ကြိမ်မြောက် စမ်းသပ်မှုပြီးလျှင် သင့်အပေါ်တွင် ထားရှိသည့် နံပါတ်၂၀၏ နှစ်သက်မှု အမှတ်သည် ၆၀အောက် လျော့နည်းပါက သင် အသက်ဆုံးရှုံးရလိမ့်မည်။ အကယ်၍ ယုံကြည်မှု အမှတ်သည် ၉၀နှင့် အထက် ဖြစ်ပါက သင် Military uniform ♂PLAY♀ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

မှတ်ချက်:Military uniform ♂PLAY♀သည် နံပါတ်20သည်စစ်ဝတ်စုံဝတ်၍ သင်နှင့်ကစားမည် ဖြစ်သည်။

ကွန်ပျူတာအရှေ့တွင်ထိုင်နေသော ဟယ်ရူကော သည် မျက်မှန်ကို ထပ်ပြီး ပင့်တင်လိုက်ကာ ပထမတစ်ကြိမ်ကြည့်လိုက်ရုံဖြင့်ပင် မသင့်တော်မှန်းသိသာလှသော ထိုသင်္ကေတနှစ်ခုအကြောင်း စဉ်းစားနေမိသည်။

သူက အချစ်ဝတ္ထုများစွာကို‌ရေးတဲ့ စာရေးသူတစ်ယောက်၊ပြီးတော့ အဖြောင့်တစ်ယောက်ဖြစ်တဲ့သူက ဒီလိုမျိုး ကလေးသတို့သားဂိမ်းကို စိတ်ဝင်စားနိုင်ပါတော့မလား...

ဟယ်ရူကောက တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ဆက် ဆော့ရန် ခလုတ်ကို နှိပ်လိုက်သည့်အခါ ဂိမ်းမျက်နှာပြင်ပေါ်တွင် နို့ဘူးများ ပေါ်လာသည်ကို တွေ့ရသည်။

[နေ့စဥ်တာဝန်များ]:စမ်းသပ်ခံများအား အစာကျွေးရန် (0/20)

သူကနို့ဘူးကို လက်မှာ ကိုင်ထားလိုက်ပြီး ဂိမ်း၏ကင်မရာက နံပါတ် ၁၏ သံတံခါးရှေ့တွင် ရပ်တန့်သွားသည်။ သံတံခါး၏ အောက်ခြေတွင် အဖုံးတစ်ခုရှိသည်။ထိုအဖုံးကို ဖွင့်လိုက်သည့်အခါတွင်တော့ အဝိုင်းပုံစံ အပေါက်တစ်ခုက ထွက်ပေါ်လာသည်။ထိုအပေါက်က မကျယ်သော်လည်း နို့ဘူးတစ်ဘူးထည့်ရန်အတွက်တော့ လုံလောက်သည်။

[လူသစ်လမ်းညွှန်]: အဖုံးကိုဖွင့်ပြီး နို့ဘူး၏တစ်ဝက်ကို အပေါက်ထဲသို့ ထည့်ပါ။

သူက အဖုံးကို mouseဖြင့်နှိပ်ကာ ဖွင့်လိုက်ပြီး အဖုံးပွင့်သွားသည့်အခါ ထိုအဖုံး၏ အနောက်တွင် စပျစ်သီးပုံစံ အမည်း‌ရောင် မျက်လုံးလေးများ ပေါ်ထွက်လာကာ "ဝုတ် ဝုတ် ဝုတ် ဝုတ်"ဟူသော အသံလေးကို ကြားလိုက်ရသည်။

[သတိပေးချက်: အစာကျွေးနေစဥ် စမ်းသပ်ခံကသင့်ကို ၃စက္ကန့်ထက် ပိုကြည့်ခဲ့လျှင် မျက်လုံးချင်းဆုံကြည့်သည်ဟု မှတ်ယူကာ တာဝန်ကျဆုံးပါလိမ့်မည်]

မျက်နှာပြင်ပေါ်တွင် ''၃ စက္ကန့်'' Countdownက ပေါ်လာခဲ့သည်။ အကြောက်လွန်သွားသော ဟယ်ရူကောသည်လည်း အနှစ်နှစ်အလလက စင်ဂယ်ခွေးဖြစ်ခဲ့သူ၏ လက်မြန်ဆန်မှုဖြင့် ခဏလေးအတွင်းပင် နို့ဘူးကို အပေါက်ထဲသို့ ထည့်နိုင်လိုက်သည်။

နို့ဘူး၏ တစ်ဝက်ကို ထည့်လိုက်ပြီးနောက် ကျန်တစ်ဝက်ကို ဟယ်ရူကော၏ လက်တွင် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားလိုက်သည်။

ဤအခန်းတွင်ရှိသည့် အကောင်‌ပေါက်လေးသည် ခွေးပေါက်လေးဖြစ်သည်။

သူ့ကို ဤအခန်းထဲသို့ မခေါ်လာခင်က မြင်လိုက်ရသည့် အခိုက်အတန့်ကို ဟယ်ရူကော ပြန်သတိရသွားမိသည်။ ထိုအကောင်လေးတွင် အနက်ရောင်မျက်လုံးများ၊အဝါရောင်အမွှေးလေးများရှိပြီး ခန္ဓာကိုယ်သေးသေးလေးပင်ဖြစ်သည်။ ထို့အပြင် သူက သဘောကောင်းပုံရပြီး အနည်းဆုံးတော့ ကျားဖြူပေါက်လေးထက် ကောင်းမည့်ပုံပင်။

ဂိမ်းက အချက်အလက်များကို အလွန်တိကျစွာစီမံထားသည်။ ဥပမာ-သူ၏လက်ပေါ်ရှိ ကုတ်ခြစ်ရာများသည် ယခုထိတိုင် ရှိနေဆဲပင်ဖြစ်၏။

နို့ဘူးထဲရှိ နို့ရည်များက လျှင်လျှင်မြန်မြန်ပင် လျော့နည်းလာသည်။ ထိုအရာကို ကြည့်နေရင်းပင် ဟယ်ရူကော၏ ရင်ထဲတွင် ပျော်ရွှင်ဝမ်းသာမှုကို ခံစားလိုက်ရသည်။

အွန်လိုင်းကနေ ခွေးလေးတစ်ကောင် မွေးမြူရသည့် ပျော်ရွှင်မှုသည် အင်မတန် ထူးခြားလွန်း၏။

[လူသစ် လမ်းညွှန်] :စမ်းသပ်ခံသည် နို့ကို သောက်ပြီးပါက နို့ဘူးကို ပြန်ထုတ်၍ တံခါးအဖုံးကို ပြန်ပိတ်ထားရန်။

ဟယ်ရူကောက လမ်းညွှန်ချက်အတိုင်းလိုက်နာလိုက်သည်။ သို့သော် တံခါးပိတ်ချိန်၌ သူ့ကို ထပ်နေစေချင်သေးသလိုမျိုး ငိုကြွေးသံစွက်နေသည့် ဟောင်သံလေးကို ကြားလိုက်ရသည်။

ဤဂိမ်းသည် တကယ့်အစစ်အမှန်မဟုတ်သည့် အတုအယောင်ဂိမ်းတစ်ခုသာ ဖြစ်သော်လည်း ဟယ်ရူကောက တွန့်ဆုတ်မှုကို ခံစားနေရဆဲပင်။ သိုသော် နေ့စဥ်တာဝန်များအကြောင်း တွေးမိလိုက်သောအခါ သူခံစားနေရသည့် ခံစားချက်များက ချက်ချင်း ပျောက်ကွယ်သွားရ၏။

ဟယ်ရူကော က နံပါတ် ၁ မှ နံပါတ် ၁၉ ထိ နို့တိုက်ကျွေးလိုက်ပြီး သူတို့ထံမှ ထွက်ပေါ်လာသောအသံများကြောင့် ကြောင်ပေါက် ၃ ကောင်၊ ခွေးပေါက် ၅ကောင် ရှိတယ် ဆိုတာကို သဘောပေါက်လိုက်သည်။ ''ဝူးဝူး'' ''ဂျီးဂျီး'' "ကျစ်"စသောအသံများကိုတော့ မခွဲခြားနိုင်ခဲ့ပေ။

ထို့အပြင် မီးအလင်းရောင် မှိန်နေခြင်းနှင့် ၃ စက္ကန့်သာ အချိန်ရမှုကြောင့် သူတို့၏ ပုံစံကိုပါ မသိနိုင်ခဲ့ချေ။ ဟယ်ရူကောသည် ဤ သက်ရှိများ၏ ကိုယ်ရေးအချက်အလက်များကို သိလိုတာမို့ အချက်အလက်များ ရရှိရန် အခွင့်အရေးတစ်ခုကို ရှာဖို့ ပြင်ဆင်လိုက်သည်။

အစာတိုက်ကျွေးသည့်အပိုင်းသည် နံပါတ်၂၀ သို့ ရောက်လာခဲ့ပြီဖြစ်သည်။ဟယ်ရူကောက သူ့စိတ်ထဲမှ အပြစ်ရှိမှုကို သက်သာစေမည့် အခွင့်အရေးရပြီဟု ခံစားလိုက်ရသည်။ အကောင်ငယ်လေး များကို မျက်ကွယ်ပြုရန် အတင်းတိုက်တွန်းခံခဲ့ရခြင်းကြောင့် ရှေ့က ၁၉ ကောင်ကို မစောင့်ရှောက်နိုင်ခဲ့ချေ။နောက်ဆုံးတွင်တော့ သူသည် ကျားဖြူပေါက်လေးနှင့် ခံစားချက်ချင်း နီးစပ်စွာ ဆက်ဆံရေးကို ပျိုးထောင်နိုင်တော့မည်ဖြစ်သည်။

[လူသစ်လမ်းညွှန်]:

နံပါတ် ၂၀ နှင့် နီးကပ်မှု ရှိနေစဥ်အတွင်း သင်သည် စောင့်ကြည့် ကင်မရာများကို ရှောင်ရှားရမည်။ နံပါတ်၂၀သာ သင့်အပေါ် သ‌ဘောကျမှု တိုးလာသည်နှင့် သင် heartတစ်ခု ရရှိမည်ဖြစ်သည်။ heartတစ်ခု သည် စောင့်ကြည်ကင်မရာများကို ၁၀ မိနစ်တိတိ ပိတ်ပေးထားနိုင်သည်။

မှတ်ချက် ၁: heartများသည် အချစ်စျေးဆိုင်မှ ငွေကြေးပုံစံ ဖြစ်သည်။

မှတ်ချက် ၂( အချစ်စျေးဆိုင်): နံပါတ် ၂၀ သည် သင့်ကို သဘောကျလာပါက အချစ်စျေးဆိုင်ကိုလည်း အလိုအလျောက် ဖွင့်လှစ်ပေးမှာဖြစ်ပါသည်။

ဟယ်ရူကောက ဂိမ်းမျက်နှာပြင်ပေါ်တွင် အချိန်ကြာအောင်ရှာဖွေလိုက်သော်လည်း ဤ သဘောကျမှုနှင့် heartများက မည့်သည့်နေရာ၌ ရှိသည်ကို ရှာမတွေ့သေးပေ။ထိုအချိန်၌ ကောင်းကင်မှ လူသစ်လက်ဆောင်အထုပ် ကျလာခဲ့သည်။

[ လူသစ်လက်ဆောင်ထုပ် ၁ထုပ်]

[ ကျေးဇူးပြုပြီး ပြေစာကို လက်ခံပေးပါ]

[ပစ္စည်းအား အောင်မြင်စွာ သိမ်းဆည်းပြီးပါပြီ]

သင်ရရှိခဲ့သည်မှာ---

တစ်ကြိမ်သုံး ကင်မရာရပ်ခြင်း ၃ ခု

သကြားလုံး ၃လုံး

ဆေးဝါး ၃ ခု

ဆေးပလာစတာ ၃ ခု

ဟယ်ရူကောက တစ်ကြိမ်သုံး ကင်မရာရပ်ခြင်းကို အသုံးပြုကာ ကျားဖြူလေးနှင့် အနီးကပ်ပြောဆ်ိုဆက်ဆံနိုင်ရန် အချိန် ၁၀မိနစ်ကို ရရှိလိုက်သည်။

သူက နံပါတ်၂၀ ၏ သံတံခါးကို ထိလိုက်သည်။ အဖုံးကိုဖွင့်လိုက်ပြီးနောက်တွင်တော့ သူမျှော်လင့်ထားသလိုမျိုး အပြာရောင်မျက်လုံးလေးက မပေါ်ထွက်လာချေ။အပေါက်မှတဆင့် မြင်တွေ့ရသည်မှာ လုံးဝကိုမဲမှောင်နေသော အမှောင်ထုကြီးပင်ဖြစ်၏။

ဒါ....လုံးဝ အဓိပ္ပါယ်မရှိပေ။

ဟယ်ရူကောက နံပါတ် ၁ မှ ၁၉အထိ ကလေးငယ်များကို နို့တိုက်ကျွေးခဲ့ပြီးပြီ ဖြစ်သည်။ သူ အဖုံးဖွင့်လိုက်သည့်အချိန်တိုင်း ထိုအပေါက်ထံမှ တောက်ပနေသော မျက်လုံးလေးတစ်စုံကို မြင်တွေ့ရမြဲပင်။ ထိုအကောင်ပေါက်ကလေးများသည် အင်မတန် ဝမ်းသာပျော်ရွှင်နေကြပြီး သံတံခါးသာ ပိတ်မထားပါက သူတို့သည် ဟယ်ရူကော၏ လက်ထဲမှ နို့ဘူးကို ဝမ်းသာအားရ ပြေးယူဟန်ရှိသည်။

ထိုအချိန်တွင် ရွေးချယ်မှုများ ပေါ်ထွက်လာသည်:

[နံပါတ်၂၀က အခြားစမ်းသပ်ခံ သတ္တဝါများကဲ့သို ချက်ချင်းပေါ်ထွက်မလာပေ။ သင် စိတ်ရှုပ်ထွေးနေပြီ ဖြစ်သည်။‌]

ရွေးချယ်ရန်---

၁ ။ လက်ရှိ အခြေအနေကို ထိန်းသိမ်းထားမည်။

၂ ။ အခြေအနေကို သိရှိရန် အပေါက်နားသို့ အနီးကပ်ပြီး ကြည့်မည်။

၁၀မိနစ်ကြာသည့် အနီးကပ်ပြောဆိုခွင့်က တဖြည်းဖြည်း ကုန်ဆုံးသွားနေသည်။ အကယ်၍ ကျားဖြူပေါက်လေးသာ အခန်းထဲမှာ အိပ်ပျော်နေပါက သုံးစွဲလိုက်တဲ့ ပစ္စည်းက အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား...

ထို့ကြောင့် ဟယ်ရူကောက နံပါတ် ၂ ကို ရွေးချယ်လိုက်သည်။ ဂိမ်းထဲရှိ ဇာတ်ကောင်က အပေါက်နားသို့ တဖြည်းဖြည်းချင်း ကပ်သွားသည်။ ဤဂိမ်းသည် ကိုယ်တိုင်မြင်တွေ့ရသည့် မြင်ကွင်းပုံစံ ဖြစ်သောကြောင့် ဂိမ်းမျက်နှာပြင် တစ်ခုလုံးသည် မဲမှောင်သွား၏။ အမှောင်ထဲတွင် ကျားဖြူပေါက်လေး၏ ကိုယ်ထည်လေးကို သူ ဝိုးတဝါးပင် မြင်တွေ့လိုက်ရသည်။ ဟယ်ရူကောက အာရုံစူးစိုက်ပြီး အနီးနားသို့ မကြည့်ရသေးခင်မှာပဲ အဖြူရောင်လက်သည်းလေးများက အမှောင်ထဲမှတဆင့် အပေါက်ဆီသို့ လျှင်လျှင်မြန်မြန် ထွက်လာကာ သူ့ကို ကုတ်ခြစ်လာ၏။

ရင်းနှီးနေသည့် အေးစက်စက် အလင်းတစ်ချက် က လက်လာ၏။

ရင်းနှီးနေသည့် သွေးစက်များက နေရာအနှံ့ ပြန့်ကျဲကုန်၏။

[သင်သည် နံပါတ်၂၀ထံမှ တိုက်ခိုက်ခံလိုက်ရပြီး သင်၏ နှာခေါင်းတွင် သွေးစက်များရှိနေသည်။ ဆေးပလာစတာကို အသုံးပြုချင်ပါသလား]

[သုံးမည်]

[မသုံးပါ]

ဟယ်ရူကော :''....''

"ဆေးပလာစတာက တကယ့်ကို ငါ့အတွက်ပြင်ဆင်ထားတာပဲ"

သူက ဆေးပလာစတာကို တိတ်တဆိတ် အသုံးပြုလိုက်သည်။

ကျားဖြူပေါက်လေး၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် မျက်နှာပြင်ပေါ်မှာ ဆက်ဆံရေးနှင့် ပတ်သက်သည့် ရွေးချယ်မှုများ ပေါ်ပေါက်လာသည်။

[စကားပြော ]

[ထိတွေ့မှု]

[အစာကျွေးခြင်း]

စသည်တို့နှင့်အတူ---

[ ရန်လိုခြင်း] :နံပါတ်၂၀ သည် သင်အပါအဝင် ရှင့်ဟိုင်မိဘမဲ့ဂေဟာမှ လူတိုင်းကို မုန်းတီးသည်။

[မနိုးထသေးခြင်း ] :နံပါတ်၂၀သည် သာမန်မဟုတ်ဘဲ အလွန်အန္တရာယ်များသည့် မိစ္ဆာဖြစ်ကြောင်း သင်ကလွဲ၍ ဘယ်သူမှ မသိရှိပေ။

"ဒါကြောင့်ပဲ အချစ်စျေးဆိုင်နဲ့ နှစ်သက်မှုဆိုတဲ့ဟာကို ရှာမတွေ့တာ မအံ့ဩတော့ပါဘူးလေ...ရန်လိုနေတဲ့အဆင့် ဆိုမှတော့ ငါ့အပေါ် သူ့ရဲ့ နှစ်သက်မှု လယ်ဗယ်က အနှုတ်တောင် ဖြစ်နေမှာစိုးရသေး''

ဟယ်ရူကောသည် ရန်လိုတတ်သည့် အကောင်လေး တဖြစ်လဲ ချစ်စရာကောင်းပြီး ဒေါသကြီးသည့် ကျားဖြူပေါက်လေးနှင့် ရင်ဆိုင်ရသည့် ပထမဆုံး အကြိမ်ပင်ဖြစ်သည်။ သူ့စိတ်ထဲ၌ ဝမ်းလည်းဝမ်းသာ၊ ကူကယ်ရာလည်းမဲ့နေမိ၏။

အရင်ဆုံး နေ့စဥ်တာဝန်ကိုပြီးအောင် လုပ်လိုက်ကြရအောင်....

ကျားဖြူပေါက်လေးက သူ့ကိုသာ ရန်လိုနေပေမယ့် သူ့လက်ထဲမှ နို့ဘူးကိုတော့ ရန်လိုမှာ မဟုတ်ဘူးလေ...

သူက အစာကျွေးခြင်းဆိုသည့် အချက်ကို ဝင်ရောက်ရန် နို့ဘူးကို နှိပ်လိုက်သည်။ သေချာတာပေါ့...ကျားဖြူလေးက နို့ဘူးကိုတော့ ဘာမှမလုပ်ပါဘဲ နို့ဘူးထဲမှ နို့ရည်များကို တခဏအတွင်းကုန်အောင် သောက်သုံးလိုက်သည်။

ထိုသို့သောက်သုံးပြီးနောက် ကျားဖြူပေါက်လေးသည် အခြား အကောင်ပေါက်လေးများကဲ့သို့ သူ့ကို အနမ်းမခံချင်၊ အဖက်မခံချင် ၊ မချီစေချင် ပေ။ သူက ဟယ်ရူကော၏ ဘက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ သူ၏ အိပ်ရာလေးဆီသို့ ပြန်သွားလိုက်ပြီး မသွားခင်ပင် တစ်ချက် ဟိန်းဟောက်ပြလိုက်သေးသည်။

[နေ့စဥ်တာဝန်များ: စမ်းသပ်ခံ သတ္တဝါပေါက်လေးများအား အစားကျွေးခြင်း] (ပြီးမြောက်သည်)

ကျားဖြူလေး၏ တုံ့ပြန်မှုမှာ ဟယ်ရူကော မျှော်မှန်းထားသလိုပင်။

သူ၏ အကြည့်များကဆက်ဆံရေးနှင့်ပတ်သက်သည့် ရွေးချယ်မှု ၃ ခုအပေါ်သို့ ရောက်ရှိသွားသည်။

[ စကားပြောခြင်း]

[ထိတွေ့ခြင်း]

[အစာကျွေးခြင်း ]

ဟယ်ရူကောက [ စကားပြောခြင်း] ကိုနှိပ်လိုက်သည်။

ထို့နောက် စကားပြောသည့် နေရာတစ်ခုပေါ်လာခဲ့သည်။

နံပါတ် ၂၀:

[ နံပါတ် ၂၀ သည်အိပ်ယာထဲတွင် တိတ်တဆိတ် လဲလျောင်းနေသည်]

ဟယ်ရူကောက [စကားပြောခြင်း ]ကို ထပ်ပြီးနှိပ်လိုက်သည်။

နံပါတ်၂၀:

[ နံပါတ် ၂၀ သည် သင့်ကို စကားပြောချင်သည့်ပုံ မပေါ်ပေ]

ဟယ်ရူကော:''....''

ဒီလိုဖြစ်မယ်ဆိုတာ ငါ ကြိုသိထားပေမယ့်လည်း ဘာလို့ နာကျင်သလို ခံစားနေရတာလဲကွာ...

သူက [ ထိတွေ့ခြင်း] ကို နှိပ်လိုက်သည်။

သံတခါးသည် တစ်ခဏခန့်ပွင့်သွားပြီး လျှက်တပြက်အရှိန်အတွင်း ပြန်ပိတ်သွားသည်။ ဝါဂွမ်းအိပ်ယာထဲတွင် လဲလျောင်းနေသော ကျားဖြူလေးမှာ သူ၏ မျက်လုံးကိုကျယ်ကျယ်ဖွင့်၍ မယုံနိုင်သည့် မျက်နှာပေးဖြင့် သူ့ရှေ့တွင် ပေါ်လာသော ဟယ်ရူကောကို ကြည့်နေသည်။

ဟယ်ရူကောက ကုတ်ရာခြစ်ရာများနှင့် ပြည့်နှက်နေသာ လက်ဖြင့် ကျားဖြူလေးကို လှမ်းထိလိုက်ရင်း နောက်ထပ်ဖြစ်လာမည့်အရာများကို မကြည့်ရဲတာမို့ ထိတ်လန့်စွာဖြင့် မျက်နှာကို အခြားဘက်သို့ လွှဲထားလိုက်သည်။

နံပါတ် ၂၀:

[နံပါတ် ၂၀သည် ဒေါသထွက်နေသည်။ သူ၏ နေရာသို့ တစ်ယောက်ယောက်က ကျူးကျော်လာသည်ဟု ထင်နေပြီး သင့်ကို ကုတ်ခြစ်၍ ကိုက်နေသည်။ ]

[သင်သည် နံပါတ် ၂၀ ၏ တိုက်ခိုက်ခြင်းကို ခံနေရပြီး သင်၏ လက်မောင်းသည် ဒဏ်ရာရရှိသွားသည်။ဆေးပလာစတာကို အသုံးပြုချင်ပါသလား]

[သုံးမည်]

[မသုံးပါ]

ဟယ်ရူကော: ''....''

ဒီဆေးပလာစတာ ၃ခုက တကယ်ကို မလုံလောက်ဘူးထင်တယ်နော် ...

ရန်လိုနေသည့် ကျားဖြူလေး၏ လက်ချက်ကြောင့်ပင် သူ၏ အနက်ရောင်အနားကွပ်နှင့် မျက်မှန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

တိုက်ဆိုင်မှု သက်သက်လားမသိပေမယ့် ဤ ပြုတ်ကျသွားသော မျက်မှန်သည် ဟယ်ရူကော အပြင်လောကတွင် တပ်ဆင်ထားသော မျက်မှန်နှင့် လုံးဝဆင်တူနေခြင်းဖြစ်၏။

မြေပြင်ပေါ်သို့ ကျသွားသော အနက်ရောင်အနားကွပ်နှင့် မျက်မှန်ကို ဟယ်ရူကောက ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိပြီး သူ၏ ကိုယ်ပိုင်မျက်မှန်ကို ကိုင်လိုက်မိသည်။

သူ၏ ပုံပန်းသွင်ပြင်ကြောင့် မျက်မှန်ဟူသည့် အရာသည် သူ့ဘဝအတွက် မရှိမဖြစ် အရာတစ်ခုပင်ဖြစ်သည်။ မျက်မှန်တပ်ထားခြင်းဖြင့် မလိုလားအပ်သည့် ပြဿနာများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သည်။

နံပါတ် ၂၀:

[သင်၏ မျက်မှန်ပြုတ်ကျသွားပြီး သင် မျက်မှန် မရှိသည်ကို နံပါတ် ၂၀ကမြင်သွားသောကြောင့် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည် ]

အခြေအနေ:

[ရန်လိုခြင်းမှ→လျစ်လျူရှုခြင်း]: နံပါတ် ၂၀သည် ရှင့်ဟိုင်မိဘမဲ့ဂေဟာမှ လူတိုင်းကို မုန်းတီးသော်လည်း သင်က လူဆိုးမဟုတ်နိုင်ဟု သူ ထင်နေသည်]

ဟယ်ရူကော: "???''

[Xixi's note-ကျားလို့ မမြင်ဘဲ ကြောင်လို့ပဲ မြင်နေတယ်။ အားတိုင်း လက်သည်းနဲ့ကုတ်နေတာပဲ😭]

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment