no

Font
Theme

အခန်း ၁၂ - သတ္တဝါတိုင်းရဲ့ ဝေဒနာ

ဆေးစိမ်ရေချိုးပြီးနောက်မှာ ရှီကွေ့ချန်က အလွန်နေလို့မကောင်းဖြစ်နေသည်။

သူ့ခန္ဓာကိုယ်အတွင်းပိုင်းမှ ထွက်ပေါ်လာသည့် ဒီလိုအားနည်းနွမ်းနယ်သည့်ခံစားချက်က အပြင်ပိုင်းမှနာကျင်မှုများထက်ပင် သူ့ကိုပိုပြီးသည်းမခံနိုင်အောင် ဖြစ်စေသည်။

အကြောင်းမှာ ဒီလိုအားနည်းသည့်ခံစားချက်က ရှီကွေ့ချန်ကို သူက နံပတ်၂၀ စမ်းသပ်ခံလေးဖြစ်စဥ်က ဘဝကို ပြန်ရောက်သွားသလို ထင်ယောင်ထင်မှားဖြစ်စေသောကြောင့်ပင်။

အားနည်းသူအဖြစ်နှင့် သူတစ်ပါးသတ်ဖြတ်မှာကို အသာတကြည်စောင့်ဆိုင်းနေရသည့်ဘဝ။

ဆေးစိမ်ရေချိုးခြင်း၏ ဘေးထွက်ဆိုးကျိုးက သုံးနာရီကြာမြင့်မည်ဖြစ်သည်။

Live ထုတ်လွှင့်မှု၏အသံကို အကျယ်ဆုံးဖွင့်ထားသော်လည်း၊ အခန်းတစ်ခုလုံး၏တိတ်ဆိတ်ခြောက်ကပ်မှုကိုတော့ ထိုအသံက ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။

သူက မျက်လုံးများကို ဖြည်းညင်းစွာမှိတ်လိုက်ရာ၊ သူ့နားထဲမှာ နူးညံ့သည့်တေးသံလေးကို ထပ်မံကြားယောင်လာသည်။

အမှန်တကယ်မှာ ဒါက ထင်ယောင်ထင်မှားဖြစ်ရုံသာဖြစ်သော်လည်း၊ သူ့ခန္ဓာကိုယ်မှအားနည်းနွမ်းနယ်မှုများကတော့ ထူးဆန်းစွာဖြင့် အတော်အတန်လျော့ပါးသွားသည်။

အဲဒီ့လူကို တွေ့ချင်လိုက်တာ…

သူ့အသံကို ကြားချင်တယ် သူပြုံးလိုက်ရင်ပေါ်လာတဲ့ မျက်လုံးလေးတွေကို မြင်ချင်တယ်..

ထိန်းချုပ်လို့မရလောက်အောင် လွမ်းဆွတ်နေမိတယ်..

ရှီကွေ့ချန်က အစွဲအလမ်းကြီးစွာဖြင့် ဂိမ်းစက်ထဲသို့ ဝင်ရောက်လှဲလျောင်းလိုက်သည်။

သူဂိမ်းထဲဝင်ရောက်ပြီး ဂွမ်းသိုက်ထဲလှဲလျောင်းလိုက်သည့်အချိန်မှာသူ၏လုပ်ရပ်များက စိတ်ညှို့ခံလိုက်ရသလိုမျိုး အလိုအလျောက်လုပ်မိနေသလို ခံစားလိုက်ရသည်။

ဒါက ပြောကြတဲ့ အင်တာနက်စွဲတယ်ဆိုတာလား။

ဂျောက်။

သူ၏လုံးဝိုင်းနေသည့်နားရွက်လေးများက အလိုအလျောက် တုန်ခါသွား သည်။

ဘယ်အချိန်ကတည်းကစပြီး သံတံခါးဖွင့်သံက ဟယ်ရူကောနှင့် ဆက်စပ်သည့်အသံဖြစ်သွားမှန်း သူမသိပေ။

သို့သော်လည်း ထို 'ဂျောက်' ဟူသည့်အသံလေးကပင် စာဝါငှက်၏တေးသံထက်ပင် ပိုပြီးသာယာနာပျော်ဖွယ်ကောင်းနေသည်။

မျက်စိရှေ့ကလူကတော့ ပျော်ရွှင်နေသည့်ပုံမပေါ်ပေ။

{ ဘာဖြစ်လို့လဲ }

{ ဘယ်သူက မင်းကိုအနိုင်ကျင့်ပြန်ပြီလဲ }

ဟယ်ရူကော၏ မျက်ခုံးများက ကျုံ့ထားပြီး၊ သူ၏မျက်နှာအမူအရာမှာ 'စိုးရိမ်ပူပန်မှု' တို့ဖြင့်ပြည့်နှက်နေသည်။

သို့သော်လည်း ထိုစိုးရိမ်ပူပန်မှုများက မနက်ကလို ဝမ်းနည်းမှုမျိုးနှင့်မတူဘဲ၊ အခြားသူတစ်ယောက်အတွက်ဖြစ်သည့် စိတ်မကောင်းဖြစ်မှုမျိုးဖြစ်သည်။

ရှီကွေ့ချန်၏ လှုပ်ရှားမှုတိုင်းကလည်း ထိုမျက်နှာပေါ်က စိတ်ခံစားချက်များက လွှမ်းမိုးနေသကဲ့သို့ပင်။

ရှီကွေ့ချန်က အတော်ကြာမှ သတိပြုမိလိုက်သည်

… သူက ငါ့အတွက် စိတ်ပူပေးနေတာပဲ။

ဒါဆို ငါကပဲ သူ့ကိုအနိုင်ကျင့်လိုက်တာပေါ့။

သူ့ရင်ထဲမှာပေါ်လာသည့်ခံစားချက်က ထူးဆန်းပြီးအသစ်အဆန်းလည်းဖြစ်နေကာ၊ အနည်းငယ်ရှက်ရွံ့နေသည့်ကြားမှ ပျော်ရွှင်မှုတချို့ပါရောယှက်နေသည့် စိတ်မလုံခြုံမှုတစ်မျိုးဖြစ်သည်။

ပိုပြီးထူးဆန်းတာက၊ ဟယ်ရူကောက သူ့ကိုဂရုစိုက်ပြီး စိတ်ပူပေးနေသည်ကို သတိပြုမိလိုက်သည့်အချိန်မှာ၊ သူမူလက သည်းခံနိုင်သည့် အားနည်းနေသည့်ကိုယ်မှာ ယခုအချိန်မှာ အဆပေါင်းထောင်ချီ ပိုမိုပျော့ညံ့သွားတော့သည်။

ဟယ်ရူကော၏ နူးညံ့သည့်အကြည့်များအောက်တွင်၊ သူလှဲလျောင်းနေသည့်ဂွမ်းအသိုက်က ကတ္တီပါဖြင့်ပြုလုပ်ထားသလိုမျိုးဖြစ်သွားသည်။

သူက ဂရုတစိုက်စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာသည့် ကျားဖြူလေးတစ်ကောင်ဖြစ်ပြီး၊ ဘာဒုက္ခမှမခံစားနိုင်ပေ။

အကြောင်းမှာ သူ၏ထိုဒုက္ခအား

တခြားသူများက အဆပေါင်းတစ်ထောင်မျှ ပိုမိုချဲ့ကားနိုင်သောကြောင့်ပင်။

…အရမ်းနေလို့မကောင်းဖြစ်နေတာပဲနေမယ်။

ဆေးစိမ်ရေချိုးခြင်း၏ ဘေးထွက်ဆိုးကျိုးက ဂိမ်းထဲမှာလည်း ပေါ်ပေါက်နေဆဲဖြစ်သည်။

သူ့ကိုယ်ကိုကွေးပြီး ပုစွန်လေးတစ်ကောင်လိုနေလျှင် အနည်းငယ်သက်သာသော်လည်း၊ ရှီကွေ့ချန်က ခိုင်မာသည့်သံချပ်ကာကို ဝတ်ဆင်ကာ အဆင်ပြေဟန်ဆောင်နေရခြင်းကို အကျင့်ပါနေခဲ့ပြီဖြစ်သည်။

သူနေထိုင်လေ့ရှိသည့်ပတ်ဝန်းကျင်မှာ၊ သူသာအနည်းငယ်ပေါ့လျော့ပြီး မောပန်းနွမ်းနယ်သည့်ပုံစံကိုပြသလိုက်လျှင်၊ အမှောင်ထဲမှာပုန်းကွယ်နေသည့်လူများက သွေးနံ့ရသည့်ငါးမန်းများလို ဝိုင်းအုံလာပြီး၊ အခွင့်အရေးရှာကာ သူ၏ကိုယ်ပေါ်မှအသားတစ်ဖတ်ချင်းကို ဆွဲဖြုတ်သွားလိမ့်မည်ဖြစ်သည်။

ရှီကွေ့ချန် သိနေသည်၊ ဖက်ဒရေးရှင်း၏ပရိသတ်များဟု ခေါ်တွင်သည့်လူများက ကြည်ညိုလေးစားသည်မှာ၊ နတ်ဘုရားတစ်ပါးလိုဖြစ်နေသည့် 'ဖက်ဒရေးရှင်း၏ဓားသွား' ကိုသာဖြစ်သည်။

ကြယ်တာရာတိုက်ပွဲမှာ သူဘယ်လောက်ပြင်းထန်စွာဒဏ်ရာရခဲ့သလဲကို ဘယ်သူမှဂရုမစိုက်ပေ။

သူတို့က သူ၏အောင်မြင်မှုများအတွက်သာ ပျော်ရွှင်စွာအော်ဟစ်အားပေးကြလိမ့်မည်။

ကြယ်ပင်လယ် မိဘမဲ့ဂေဟာက လူများကလည်း 'စမ်းသပ်ခံ' ၏ခန္ဓာကိုယ်မှ အချက်အလက်များကိုသာ ဂရုစိုက်ကြသလိုမျိုးပင်၊ တစ်ကယ်တမ်းမှာ သူဆိုသည့်ကျားဖြူလေးကို ဂရုစိုက်သူမရှိပေ။

ခန္ဓာကိုယ်အားနည်းနေသည့် စမ်းသပ်ခံဆိုသည်မှာ၊ ချို့ယွင်းချက်ရှိသည့်ကုန်ပစ္စည်းနှင့်တူပြီး၊ ဖျက်ဆီးခံရမည်သာဖြစ်သည်။

သူက အားအင်ကြီးမားရမည်။

သူ့ခန္ဓာကိုယ်က အပေါက်ပေါင်းများစွာဖြင့် ပြည့်နှက်နေသည့်တိုင် သူက အမှောင်ထဲမှာပုန်းကွယ်ပြီး ဒဏ်ရာများကိုသာ လျက်နေရမည်ဖြစ်သည်။

ဒါပေမယ့်လည်း…

ရှီကွေ့ချန်က မျက်လုံးများကိုပင့်ပြီး ဟယ်ရူကောကို မော့ကြည့်လိုက်သည်။

သူ့မျက်စိရှေ့ကလူက ကြည်လင်သန့်စင်သည့်မျက်နှာ၊ နူးညံ့ဖြူဖွေးသည့်အသားအရေကို ပိုင်ဆိုင်ထားပြီး၊ သန့်ရှင်းလွန်းတာကြောင့် ကြည်လင်တောက်ပသည့်ပုံပေါက်နေသည်။

အန္တရာယ်ကင်းပြီးနူးညံ့ကာ၊ ညင်သာသည့်အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။

ဒီလူတစ်ယောက်ကတော့ သူ၏ချွန်ထက်သည့်အစွယ်များကို လက်ခံပေးပြီး၊ သူ၏ဒဏ်ရာများကို ကုစားပေးနိုင်မည့်ပုံပင်။

သူဘယ်လိုပုံစံနဲ့ပဲနေနေ၊ ထိုင်နေတာပဲဖြစ်ဖြစ်၊ လှဲလျောင်းနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တင်ပါးကော့ထားတာပဲဖြစ်ဖြစ်၊ ဒီလူက သူ့အပေါ်ထားရှိသောသဘောထားက ပြောင်းလဲသွားမည်မဟုတ်ပေ။

တကယ်လို့ သူက ဟန်ဆောင်ပြီးတည်ငြိမ်ပြနေပါက၊ မျက်စိရှေ့ကလူ၏… သနားကြင်နာမှုကို ရရှိနိုင်မည်မဟုတ်ပေ။

ငါ အရမ်းနေလို့မကောင်းမှဖြစ်မှာပဲ။

ကျားဖြူလေးက မသေမချာဖြင့် တွေးလိုက်သည်။

ငါတကယ်ပဲ အရမ်းနေလို့မကောင်းဖြစ်နေတာ။

သူ့ရင်ထဲ တဖြည်းဖြည်းပျံ့နှံ့လာသည်မှာ၊ တုန်လှုပ်ခြောက်ခြားနေသည့် မျှော်လင့်ချက်တစ်ခုပင်။

သူ့မျက်စိရှေ့ကလူ နောက်တစ်လှမ်းလှမ်းလာဖို့ကို သူ့စိတ်က ခြောက်ခြားစွာဖြင့်မျှော်လင့်နေမိသည်။

ကိုယ် ဒီလောက်တောင် နေမကောင်းဖြစ်နေတာ မင်း ဘယ်လိုလုပ်ပေးမှာလဲ။

ကိုယ့်ကို သီချင်းဆိုပြမှာလား။

ဟိုဖက်ဘေးက ယုန်ကလေးကို ချော့သိပ်သလိုမျိုးလေ။

ကိုယ်ကရော ဘယ်လိုလုပ်သင့်လဲ။

ထိုအခိုက်တွင် လက်တစ်ဖက်က ကျားဖြူလေး၏မျက်စိရှေ့သို့ ရောက်လာပြီး၊ လက်ဖဝါးပေါ်မှာ ဆေးပြားတစ်ပြားတင်ထားသည်။

မူလက မျှော်လင့်ချက်အပြည့်ဖြင့်စောင့်မျှော်နေသည့် ကျားဖြူလေး၏ရင်ထဲမှာ တုန်ခနဲဖြစ်သွားရသည်။

ထိုလက်ဖဝါးပေါ်ကအရာက ဘာလဲဆိုတာကို သူသိနေသော်လည်း၊ ချိုမြိန်သည့်သကြားနံ့ကို ရလိုရငြား သူက အနားသို့တိုးပြီး ရှူကြည့်လိုက်သည်။

ဘဝက ဒီလောက်ခါးသီးနေတော့၊ သူလည်းအချိုဓာတ်အနည်းငယ်လိုအပ်နေသည်။

သို့သော်လည်း ခါးသက်နေသည့်ဆေးနံ့က သူ၏မျှော်လင့်ချက်အပိုင်းအစလေးကို ဖျက်ဆီးပစ်လိုက်သည်။

ကျားဖြူလေးလည်း စိတ်မကောင်းစွာဖြင့် တစ်ဖက်သို့လှည့်သွားပြီးနောက်

သူ့နောက်ကွယ်က အလိုက်မသိတဲ့ 'ချစ်သူ' ကို မျက်နှာမချင်းဆိုင်ချင်တော့ပေ။

သူကဖျားနေတာမဟုတ်ဘူးလေ အမွှေးပေါက်ဆေးတွေဖြင့် ရေစိမ်ချိုးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကို ခံစားနေရရုံသာဖြစ်သည်။

ယခုဂိမ်းထဲက ကျားဖြူလေးကတော့ တောက်ပြောင်ချောမွေ့သည့်အမွှေးများကို ပိုင်ဆိုင်ထားရာ၊ သူနေမကောင်းဖြစ်ရသည့်အကြောင်းပြချက်ကို ဟယ်ရူကောက ယုံကြည်မည်မဟုတ်ပေ။

ဟယ်ရူကောက ယုံကြည်တယ်ထားဦးတော့ သူကတော့ ပြောပြမည်မဟုတ်ပေ။

ငယ်ငယ်ရွယ်ရွယ်နဲ့ အမွှေးကျွတ်သည့်ဒုက္ခနှင့် ရင်ဆိုင်နေရသည်မှာ ပြောရရင် လူရယ်စရာကြီးပင်။

ဒီလိုတွေးလိုက်သည့်အခါ၊ ရှီကွေ့ချန်လည်း မွှေးကျွတ်ခြင်းက တကယ်ပဲပြောရခက်သည့် ဝေဒနာတစ်ခုဖြစ်ဟု ခံစားလိုက်ရသည်။

တကယ်လို့ ကြယ်တာရာတိုက်ပွဲမှာ ဒဏ်ရာရခဲ့တာသာဆိုလျှင်၊ သူက ဟယ်ရူကောရှေ့မှာ အဝတ်အစားများကို ရက်ရောစွာချွတ်ပြပြီး၊ သူ၏ကိုယ်ပေါ်ကအမာရွတ်များကို ညွှန်ပြကာ ဒါက ဂုဏ်ပြုတံဆိပ်ပဲဟု တရားနည်းလမ်းကျကျ ပြောဆိုနိုင်မည်ဖြစ်သည်။

ရှီကွေ့ချန်က နို့သောက်နေရင်းမှ သူ၏ငယ်ရွယ်သည့်ခန္ဓာကိုယ်လေးထဲမှာ လူကြီးတစ်ယောက်၏စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည့်။

"ဖျားရင်ဆေးသောက်ရတယ်လေ..ဆေးမသောက်ဘဲနဲ့ ရောဂါက သူ့အလိုလိုပျောက်သွားမှာလား"

အပြစ်တင်နေသည့်စကားဖြစ်သော်လည်း နူးညံ့သည့်လေသံကြောင့် ပေါ့ပါးသွားပြီး ပြင်းထန်နေတာမျိုး မရှိတော့ပေ။

"အရင်က ဖျားရင်လည်း ဆေးမသောက်ဘဲ အောင့်ခံထားတာပဲ …”

ဟယ်ရူကောက လူကြီးတစ်ယောက်၏ပူပန်မှုများကို တတွတ်တွတ်ပြောပြနေရာကျားဖြူလေးလည်း နို့ဘူးကိုကိုင်ရင်း စိတ်ပျက်လက်ပျက်ဖြင့် တစ်ငုံမော့သောက်လိုက်သည်။

'ပိုက်ဆံ' ဆိုသည့်စကားလုံးကို ကြားလိုက်သည့်အခါတွင်၊ သူ၏အမွှေးဖွားဖွားနားရွက်လေးများက တုန်ခါသွားပြီး၊ ခေါင်းလေးကလည်း အသံတိတ်လှည့်လာသည်။

အဲ့ဒါပဲ… ကိုယ့်မှာတော့ တခြားဘာမှမရှိဘူး..ပိုက်ဆံတွေပဲအများကြီးရှိတာ..ဒီအသုံးမကျတဲ့ဂိမ်းက ပိုက်ဆံသုံးပြီး နိုင်အောင်ဆော့လို့ရတဲ့ စနစ်ကို လက်ခံထားလား။

ဒီလိုဆိုရင်လည်း မင်းကို star coin တွေ တစ်ဘီလီယံလောက် ပေးပစ်လိုက်မယ်..မင်းနောက်ဆို ဝမ်းမနည်းတော့ရင် ကောင်းမှာပဲ။

ဟယ်ရူကော၏ မျက်တောင်များက အနည်းငယ်စင်းကျနေပြီး၊ လက်ဖဝါးပေါ်က ဆေးပြားကိုစိုက်ကြည့်နေသည့် သူ့ပုံလေးမှာ အကြောင်းပြချက်မရှိဘဲ သနားစရာကောင်းနေသည်။

ရှီကွေ့ချန်က ဒီလိုအမူအရာကို မကြည့်နိုင်ဆုံးပင် ဟယ်ရူကောမျက်နှာကြောင့် ဘယ်ကိစ္စမှာမှ အလျှော့မပေးတတ်သည့်ရှီကွေ့ချန်လည်း စိတ်ပျော့သွားကာ၊ ကံကြမ္မာကိုလက်ခံသလိုမျိုး ဆေးပြားကိုစားချလိုက်ပြီးနောက်၊ ဂွမ်းအသိုက်ထဲတွင် ပစ်လှဲကာ ဘဝအကြောင်းကို စဉ်းစားနေတော့သည်။

သူဘယ်အချိန်ကတည်းက ဒီလူအပေါ်မှာ အလိုလိုက်တတ်သွားတာလဲ။

ထိုအလိုက် သူ့ကျောပြင်ပေါ်တွင် ထိုလူ၏လက်ဖဝါးအပူချိန်ကို ခံစားလိုက်ရသည်။

ထိုအပူချိန်က ရင်ထဲထိစိမ့်ဝင်သွားလောက်အောင် နွေးထွေးနေပြီး၊ ကျားဖြူလေး၏ နေမကောင်းမှုကြောင့် ကျုံ့ထားသည့်ကိုယ်လေးက အနည်းငယ်ဆန့်ထွက်လာသည်။

သူ၏ပွတ်သပ်ပေးခြင်းက အနေတော်ဖြစ်ပြီး၊ စွဲလမ်းချင်စရာကောင်းလောက်အောင် နူးညံ့သည်။

ဟယ်ရူကော၏ကိုယ်ပေါ်မှာ သူကြိုက်နှစ်သက်သည့်အရည်အချင်းများစွာရှိရာ၊ ရှီကွေ့ချန်က ယခုအချိန်မှာ သူက ဒီလိုအရည်အချင်းတွေကြောင့် ဟယ်ရူကောကို သဘောကျတာလား၊ ဒါမှမဟုတ် ဟယ်ရူကောအပေါ် ခံစားချက်အနည်းငယ်ရှိနေလို့၊ သူနဲ့ပတ်သက်တဲ့အရာအားလုံးကို သဘောကျနေတာလားဆိုတာကိုပင် သူသေချာမသိတော့ပေ။

ကျားဖြူလေးက ထိန်းမနိုင်သိမ်းမရဖြင့် တစ်ဖက်ကိုလှည့်လာပြီးနောက်၊ သူ၏နူးညံ့ပြီးအကာအကွယ်မရှိသည့် ဝမ်းဗိုက်ကလေးကို ပြလာသည်။

သူ၏ဝမ်းဗိုက်ကလေးက အသက်ရှူလိုက်တိုင်း နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး၊ ခန္ဓာကိုယ်ထဲက ချိနဲ့ပြီးနွမ်းနယ်နေတာတွေက ဗိုက်မှာစုပုံနေပုံပင်။

ဟယ်ရူကော၏နွေးထွေးမှုက ထိုနာကျင်မှုများကို မောင်းထုတ်ပေးနိုင်လိမ့်မည်ထင်သည်။

"မင်းရဲ့လက်နဲ့၊ ကိုယ့်ဗိုက်ကို နွေးအောင်လုပ်ပေးပါ"

ထိုအခါတွင် ဖြူဖွေးနေသည့်လက်တစ်ဖက်က အောက်သို့ကျလာပြီး၊ သူ၏လက်ချောင်းထိပ်များက ပုစဉ်းတစ်ကောင်ရေပြင်ကိုထိသလိုမျိုး ရှီကွေ့ချန်၏နူးညံ့သည့်ဗိုက်သားပြင်လေးပေါ်သို့ ညင်သာစွာထိတွေ့လာသည်။

ထိုလက်ကလေးက သတိဖြင့်ဖုံးအုပ်လာကာ နွေးထွေးသည့်အပူချိန်ကို ထုတ်လွှတ်နေသည်။

ရှီကွေ့ချန်က သူရူးသွားပြီဟုထင်လိုက်သည်။

ဒါကြောင့်သာ သူ၏အထိခိုက်လွယ်ဆုံး အစိတ်အပိုင်းကို အခြားလူတစ်ယောက်ရှေ့မှာ အသာတကြည် ဖော်ပြပြီး၊ သူ၏အသက်အန္တရာယ်ကို အခြားလူတစ်ယောက်လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးလိုက်တာဖြစ်ရမည်။

ဒါက ဂိမ်းတစ်ခုသာဖြစ်ပြီး၊ အတွင်းကအရာအားလုံးက အတုအယောင်ဖြစ်သည့်တိုင်၊ ဒီလိုအပြုအမူက သူအတွက်တော့ အရမ်းကိုရူးသွပ်ရာရောက်လွန်းသည်။

ထိုအခိုက်မှာ အန္တရာယ်ရှိသည်ဟု ခံစားရသည့်အသိက ရုတ်တရက်အမြင့်ဆုံးသို့တက်သွားပြီး၊ ဘေးကင်းလုံခြုံသည့်အဆင့်ကို ကျော်လွန်သွားသည်။

ထိုသို့အသိဝင်လာချိန်တွင်တော့ သူ၏အမွှေးများပင် ထောင်ထလာကာအာရုံကြောတိုင်းက တဆတ်ဆတ်တုန်ခါနေသော်လည်း သူ၏ခန္ဓာကိုယ်ကတော့ ရိုးသားစွာဖြင့် ထိုလက်ကိုပွေ့ဖက်ထားလိုက်သည်။

ဘာလို့ဒီလိုဖြစ်ရတာလဲ။

သူက ဘာလို့ 'ဟယ်ရူကော' ဆိုတဲ့ ဒီဂိမ်းဇာတ်ကောင်နဲ့ ဒီလောက်တောင် ရင်းနှီးချင်နေရတာလဲ။

ဒါက ဂိမ်းနောက်ကွယ်ကလူတွေလိုချင်နေတဲ့အရာလား။

သူ့ရဲ့ အားနည်းချက်အသစ်တစ်ခုဖြစ်စေချင်တာလား။

သူ၏မျက်ဆံများက ချက်ချင်းကျုံ့သွားသည်။

မဖြစ်၊ သူ ကိုယ့်ကိုယ်ကိုယ် ဘာအားနည်းချက်မှရှိခွင့်မပြုနိုင်ပေ။

ဒီလိုရုတ်တရက်ပေါ်ပေါက်လာသည့်အသိက ကျားဖြူလေးကို ထိတ်လန့်သွားစေသည်။

သူက ရေနစ်သူကောက်ရိုးတစ်မျှင်ဆွဲသလိုမျိုး ထိုလက်ကို ပြင်းထန်စွာကိုက်ချလိုက်သည်။

ကိုက်လိုက်တာက အတော်လေးနက်တာမို့ သွေးနံ့က သူ့လျှာဖျားမှာပျံ့နှံ့သွားကာ အငန်ဓာတ်အနည်းငယ်က စီးဝင်လာသည်။

ကျားဖြူလေးက ထိုသွေးနံ့ကြောင့် လန့်ပြီးနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ကာ၊ ဒေါနှင့်မောနှင့် အသိုက်လေးထဲသို့ ပြန်ထိုင်ကျသွားသည်။

သူ၏အကြည့်ကလည်း လက်ပေါ်က အနီရောင်ထင်းထင်းရှိရာကို ရောက်သွားသည်။

ဖြူဖွေးသည့်အသားအရေပေါ်မှာ ထိုအနီရောင်က အလွန်တရာတောက်ပနေပြီး ရှီကွေ့ချန်၏မျက်လုံးများကို လောင်ကျွမ်းသွားစေမတတ်ပင်။

ဟယ်ရူကောက နားမလည်နိုင်စွာဖြင့် ကြောင်တောင်တောင်ကြည့်လာသည်။

ဟယ်ရူကောက အမြဲတမ်းလိုလို ရိုးရှင်းသည့်အဝတ်အစားများကို ဝတ်ဆင်လေ့ရှိရာ၊ သူကသန့်စင်သည့် နတ်သားလေးတစ်ပါးလိုပင်။

သို့သော်လည်း ယခုအချိန်မှာတော့ ထိုဖြူစင်မှုပေါ်မှာ အနီရောင်စွန်းထင်းသွားလျှင် စိတ်ဝိညာဉ်ကိုညှို့ယူနိုင်လောက်သည့် လှပမှုမျိုးဖြစ်သွားမည်ဟု ရှီကွေ့ချန်က ခံစားလိုက်ရသည်။

ကျားဖြူလေးက ချက်ချင်းပင် တစ်ဖက်သို့လှည့်သွားတော့သည်၊

သူ၏နှလုံးခုန်သံမှာလည်း ဗုံတီးနေသလိုပင်။

ဒုန်း.. ဒုန်း.. ဒုန်းဒုန်း..

သူအရင်ကစားခဲ့သည့် သကြားလုံး၏ချိုမြိန်မှုက သူ့ပါးစပ်ထဲ ကျန်ရှိနေသေးတာကြောင့်၊ ယခုခံစားလိုက်ရသည့် သွေးနံ့နှင့်ရောနှောသွားရာ၊ နှစ်ခုစလုံးက ပျော်ဝင်ပေါင်းစပ်သွားတော့သည်။

ရှီကွေ့ချန်၏လက်သည်းများက အလိုလိုကျုံ့သွားပြီးနောက် သူက လျှာဖျားဖြင့် သူ့အစွယ်ကိုလျက်လိုက်သည်။

သွေးနံ့ထဲမှာ စတော်ဘယ်ရီအနံ့ သင်းသင်းလေးပါဝင်နေပြီး ချိုအီနေသည်။

ရှီကွေ့ချန်က ထိုသကြားလုံး၏ရနံ့ကို ထပ်ရလိုက်သလိုမျိုး စိတ်ထဲထင်ယောင်ထင်မှားဖြစ်သွားရသည်။

ဒါက ထင်ယောင်ထင်မှားဖြစ်မှန်း သူသိသော်လည်း ထိုသကြားနံ့က နေရာတိုင်းမှာရှိနေပြီး သူ၏တစ်ကိုယ်လုံးကို ရစ်ပတ်ထားသည်။

မဟားတရားကို ချိုအီနေတဲ့ရနံ့တစ်ခု..ချိုလွန်းတာကြောင့် သူ၏ရင်ထဲမှာ တုန်လှုပ်ခြောက်ခြားမှုတစ်ခုက ရုတ်တရက်ပေါ်ပေါက်လာသည်။

သူက သူ့ရှေ့ကလူ၏လည်ချောင်းကို ကိုက်ဖြတ်ချင်နေသည်…

တသွင်သွင်စီးကျလာမည့်သွေးများက ချိုမြိန်သောသကြားလုံးအရသာရှိမည်ဖြစ်ပြီး၊ ကွေ့ကောက်စီးဆင်းနေသည့်ချောင်းငယ်လေးများက မြစ်တစ်စင်းအဖြစ်သို့ ပေါင်းဆုံသွားမည်။

ထိုမြစ်က အနီရောင်သကြားလုံးမြစ်ဖြစ်ပြီး ထိုလူသားကလည်း ကောင်းကင်ပေါ်က တိမ်တိုက်များပေါ်မှာထိုင်ရင်း သီချင်းဆိုနေမည်။

နူးညံ့စွာတေးဆိုရင်း ရောင်စုံသကြားလုံးများကို ကြဲချနေမည်။

မဟုတ်ဘူး။

သူဒီလိုလုပ်လို့မဖြစ်ဘူး။

ကျားဖြူလေး၏တင်းမာနေသည့်ခန္ဓာကိုယ်က တုန်ခါသွားပြီးနောက်၊ သူ၏အပြာရောင်မျက်လုံးများတွင် မယုံနိုင်သည့်အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

သူ… သူ့ခန္ဓာကိုယ်ထဲက မိစ္ဆာကောင်က မနိုးထသေးဘူးမဟုတ်လား၊

ဘာလို့အခု သတိရှိနေတဲ့သူကိုယ်တိုင်က ဒီလိုကြောက်စရာကောင်းတဲ့အတွေးတွေ တွေးနေရတာလဲ။

ယင်းက သူကိုယ်တိုင်က အစကတည်းက မိစ္ဆာကောင်တစ်ကောင်ဖြစ်နေတယ်လို့ ဆိုလိုနေတာမဟုတ်ဘူးလား။

သူ့နှလုံးသားက လက်တစ်ဖက်ဖြင့် ပြင်းထန်စွာဆုပ်ကိုင်ခံထားရသလိုမျိုး နာကျင်နေပြီး သူ့လက်သည်းများကလည်း အလိုအလျောက်ပင် ဂွမ်းအသိုက်ကိုကုတ်ခြစ်မိသွားသည်။

သုံးစက္ကန့်၊ ဒါမှမဟုတ် ဒီထက်ပိုကြာပြီးနောက်မှာလားမသိ၊

ကျားဖြူလေးက အားအင်ကုန်ခမ်းသွားသလိုမျိုး ဂွမ်းအသိုက်ထဲတွင် မှောက်သွားတော့သည်။

ဟယ်ရူကော

သူက ဒီနာမည်ကို ရေရွတ်လိုက်ရာ သူ့ရင်ထဲမှာ လှိုင်းဂယက်လေးများထပြီး၊

ထိုခံစားချက်က လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။

ရှီကွေ့ချန်ကိုယ်တိုင်ပင် ထိုရင်ခုန်သံ၏အဓိပ္ပာယ်ကို နားမလည်လိုက်ပေ။

ဒီဂိမ်းက ဘယ်လိုလျှို့ဝှက်ကြံစည်မှုတွေရှိလဲဆိုတာ သူမသိ။

သူသိလည်းမသိချင်၊ တချို့အရာတွေက အဆုံးထိလိုက်ရှာနေစရာမလို။

သူလည်းမောနေပြီပင်။

ရှီကွေ့ချန်က သူဂိမ်းထဲဝင်လာရသည့် မူလရည်ရွယ်ချက်ကို သတိရသွားသည်။

သူက ဒီလူသီချင်းဆိုတာကို နားထောင်ချင်တယ်၊ ဒီလူ ပြုံးလိုက်ရင်ပေါ်လာတဲ့ မျက်လုံးလေးတွေကို မြင်ချင်တယ်၊ နွေးထွေးတဲ့ ဒီလူရဲ့အနားကိုကပ်ချင်တယ်။

ဒါကြောင့် အရာအားလုံးက အရေးမကြီးတော့ဘူး၊ သူကနွေးထွေးမှုလေးနည်းနည်းပဲလိုတာပါ။ အများကြီးမတောင့်တပါဘူး၊ နည်းနည်းလေးဆိုရင် တင် လုံလောက်ပြီ။

ကျားဖြူလေးက တစ်လှမ်းချင်း၊ ဖြည်းညင်းပြီးတည်ငြိမ်စွာဖြင့် သူ့မျက်စိရှေ့ကလူထံသို့ လျှောက်သွားသည်။

သူ၏အပြာရောင်မျက်လုံးများက ထိုဖြူစင်သည့်မျက်နှာကို ကြည့်နေမိသည်။သူဝန်ခံရမည်မှာ အစကတည်းက သူက ဒီလိုအပြစ်ကင်းစင်သည့်အလှတရားကို စွဲလန်းမိခဲ့ရာ ယခုအချိန်မှာ မျက်လုံးပြူးပြီးကြည့်နေသည့်တိုင် မျက်လုံးများက စူးရှနာကျင်နေဆဲဟု ခံစားနေရသည်။

အရင်တုန်းက သူ B6 အခန်းမှထွက်လာပြီးနောက် ပြတင်းပေါက်မှ လာသည့်အလင်းရောင်ကို မြင်လိုက်ရသလိုမျိုး အမှောင်ထဲမှာကြာရှည်စွာနေခဲ့သည့်သူက မျက်လုံးများစူးရှနာကျင်နေသည့်တိုင် အလင်းရောင်ကိုသာ မျက်တောင်မခတ်တမ်း စွဲစွဲလမ်းလမ်း စိုက်ကြည့်နေမိသည်။

မှိန်ဖျော့သည့်အလင်းရောင်အောက်မှာ ဟယ်ရူကော၏မျက်လုံးများက တောက်ပနေပြီး သူ၏မျက်လုံးထဲကအလင်းရောင်ကို ရှင်းလင်းစွာမြင်နေရသည်။

တောက်ပပြီးနူးညံ့နေသည့်အလင်းရောင်။

ထိုအခိုက်တွင် သူ့ကိုဘဝတစ်လျှောက်လုံး နှိပ်စက်ခဲ့သည့်အမှောင်ထုက ထပ်မံပျံ့နှံ့လာသည်။

ရှီကွေ့ချန်က ခေါင်းငုံ့ပြီး ထိုသူ၏လက်ပေါ်ကဒဏ်ရာကို လျက်လိုက်ကာ ဟယ်ရူကော၏အနံ့ကို တစ်ဖန်ပြန်လည်အတည်ပြုလိုက်သည်။

အရမ်းအရသာရှိတယ်။

ဒါပေမဲ့ နောက်ဆိုရင် ထပ်မသောက်နိုင်တော့ဘူး၊ ဘာလို့လဲဆိုတော့ ဒီလူသားနာကျင်သွားမှာစိုးလို့။

"ကိုယ်ကတိပေးတယ်၊ နောက်ဆိုရင် ဘယ်သူမှမင်းကို အနိုင်ကျင့်လို့မရစေရဘူး"

"ကိုယ်အပါအဝင်ပေါ့"

ကိုယ်က မင်းရဲ့ သူရဲကောင်းဖြစ်ချင်မှဖြစ်မှာပါ၊ ဒါပေမဲ့ မင်းကိုထိခိုက်စေမယ့် မိစ္ဆာကောင်အဖြစ်ကိုတော့ ကိုယ့်ဘဝကိုအရောက်ခံမှာမဟုတ်ဘူး။

ဒါကြောင့်… ကိုယ်ကိုမကြောက်ပါနဲ့...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment