no

Font
Theme

အခန်း ၄ - အချစ်တွေနဲ့အမြင်

အချစ်စျေးဆိုင်အတွင်းမှပစ္စည်းတွေက သူ့မျက်စိရှေ့မှာတင် အစုံအလင်ရှိနေပြီး၊ အစားအသောက်၊ ဆေးဝါးတွေကနေစပြီး မက်ချာတွေအထိတောင် ဝယ်လို့ရနိုင်သည်။

ဟယ်ရူကော က မက်ချာဈေးနှုန်းကို စစ်ကြည့်လိုက်သည် : heart 9999 ခု

ထို့နောက် သူ့လက်ကျန်ငွေကို ပြန်ကြည့်လိုက်သည် : heart 20 ခု

ဟယ်ရူကော : “……”

တောင်းပန်ပါတယ်.. ငါပဲ မှားတာပါကွာ

သူအမှတ်မမှားဘူးဆိုရင် heartတွေရဲ့ အရေအတွက်ကသဘောကျနှစ်သက်မှုအမှတ်နဲ့ ချိတ်ဆက်ထားပုံရသည်။

ဒါဆိုရင် ယုန်ဖြူလေးကို ကယ်တင်ခဲ့တဲ့ ဆုလာဘ်က သဘောကျနှစ်သက်မှုအမှတ်တွေ တိုးလာတာလား။

ဒါဆိုရင် အခု ကျားဖြူလေး သူ့အပေါ်ထားတဲ့ သဘောကျနှစ်သက်မှုအမှတ်ကလည်း ၂၀ ပဲလား။

သဘောကျနှစ်သက်မှုအမှတ်ကို ကြည့်ချင်သည်ဆိုလျှင် ကျားဖြူလေး၏ဘေးနားတွင် ပေါ်လာတတ်သည်လေပေါ်မှ အကွက်လေးကို နှိပ်ရမှာဖြစ်၏။

ဟယ်ရူကောက နောက်ဆုံးကျန်ရှိသည့် စောင့်ကြည့်ကင်မရာအား နှောင့်ယှက်သည့်တစ်ခါသုံးစက်ကို သုံးလိုက်ပြီးနောက်၊ သံတံခါးကိုဆွဲဖွင့်လိုက်ရာ အပြည့်အဝ ကြောင်တောင်တောင်ဖြစ်နေသည့် ကျားဖြူလေးကို တွေ့လိုက်ရသည်။

ဟယ်ရူကောသည် သူ့မျက်မှန်ကို အသာပင့်တင်ပြီးကြည့်လိုက်ရာ၊ ကျားဖြူလေး၏ အမွေးပွပွမျက်နှာလေးပေါ်တွင် "မယုံနိုင်ခြင်း" ဆိုသည့် အမူအရာလေးကို တွေ့လိုက်ရကြောင်း သေချာသွားသည်။

သို့သော် ဒီအံ့ဩမှုလေးက ခဏလေးအတွင်းမှာပင် ပျောက်ကွယ်သွားပြီးနောက်၊ ကျားဖြူလေးက ချက်ချင်းပဲ ခံစားချက်မရှိသည့်ပုံစံသို့ ပြန်ပြောင်းသွားသည်။

အရင်ကလို သွားဖြဲကြိမ်းမောင်းပြီး၊ မျက်မှောင်ကြုတ်ကြည့်နေတာမျိုးနှင့်စာလျှင်တော့ ကျားဖြူလေး၏ အခြေအနေက သိသိသာသာကို ပေါ့ပါးသွားပြီး၊ ဖြည်းဖြည်းလေးလှုပ်ခါနေသည့် သူ့အမြီးလေးကလည်း ကျားဖြူလေးစိတ်ထဲမှာ ပျော်ရွှင်နေကြောင်း ဖော်ပြနေပေသည်။

အခြေအနေ :

[ဖော်ရွေမှု : နံပါတ် ၂၀ အတွက်တော့ သင်က ထူးခြားသည့် ဖြစ်တည်မှုတစ်ခုဖြစ်နေပြီး၊ သဘောကျနှစ်သက်မှုအမှတ်ပေါင်း ၂၀ ရှိပါသည်]

[မနိုးထသေးမှု : နံပါတ် ၂၀ က မိစ္ဆာလေးတစ်ကောင်ဖြစ်ကြောင်းကို သင့်ကလွဲပြီး ဘယ်သူမှမသိသေးပါ]

ဝိုး~

ထူးခြားတဲ့ ဖြစ်တည်မှုတဲ့~

စိတ်ထဲမှာ ပျော်ရွှင်မှုတွေက လှိုင်းတွန့်လေးတွေအဖြစ် ပြောင်းလဲသွားပြီးနောက်၊ ဟယ်ရူကောက မျှော်လင့်ချက်အပြည့်ဖြင့် [စကားပြောမည်] ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။

နံပါတ် ၂၀ : […… (ဟိန်းသံ) မင်းပြော]

ဒါဟာ ဟယ်ရူကော ပထမဆုံးအကြိမ်ကြားဖူးသည့် ကျားဖြူလေး၏ တည်ငြိမ်သောအသံဖြစ်ပြီး၊ ဟိန်းဟောက်သံလေးနဲ့ နည်းနည်းတူသည်။

အရမ်းတိုးညှင်းတဲ့ ဟိန်းဟောက်သံလေး၊ ညဘက်မှာ နားညည်းပြီး နိုးလာမှာမဟုတ်တဲ့ ဟောက်သံလိုမျိုးလေးလိုပင်။

ဟယ်ရူကောက ကျားဖြူလေးကို ချစ်တဲ့စိတ်ဖြင့် ကြည့်နေလို့လားတော့မသိ၊ ဒီဟောက်သံလေးကို ချစ်စရာကောင်းတယ်လို့ပင် ထင်နေမိသည်။

သူက မောက်စ်ဖြင့် [စကားပြောမည်] ဆိုသော ခလုတ်ကို ထပ်နှိပ်လိုက်သည်။

နံပါတ် ၂၀ […… ဟင်းးးး (သူ့ကြည့်ရတာ စကားစမြည်ပြောတာမျိုးမှာ ကျွမ်းကျင်ပုံမရဘူး..အဖြေမပေးခင်တိုင်းမှာအမြဲ အကြာကြီးစဉ်းစားနေရသည်)]

ကျားဖြူလေးက လေးလေးနက်နက် ဟိန်းလိုက်ပြီးနောက်၊ သူ့အမြီးလေးကို

ဂွမ်းအသိုက်ပေါ်မှာ ပျင်းတွဲတွဲဖြင့် လွှဲယမ်းလိုက်သည်။

ဟယ်ရူကော ကမူ ကျားဖြူလေး၏ လိမ္မာသည့်အပြုအမူကြောင့်

သူ့နှလုံးသားပင် တုန်ယင်သွားရသည်။

သူ့အလိုအတိုင်းဆို စကားပြောခလုတ်ကို တောက်လျှောက်နှိပ်ပြီး ကျားဖြူလေးရဲ့တုံ့ပြန်မှုကို ကမ္ဘာကြီး ပြီးဆုံးသွားတဲ့အထိ ထိုင်ကြည့်နေနိုင်မည်ဟု ထင်မိသည်။

ထို့နောက်မှာတော့ သူ့စိတ်ထဲရှိသည့်အတိုင်း မောက်စ်က [စကားပြောမည်] ခလုတ်ကို ထပ်နှိပ်လိုက်သည်။

နံပါတ် ၂၀ : […… ( စကားမပြောချင်တော့ဘဲ၊ သင့်ကိုသာ ငြိမ်ငြိမ်လေးကြည့်နေသည်)]

ကျားဖြူလေးက သူ့မေးစေ့လေးကို လက်ဖွလေးနှစ်ဖက်ပေါ်တင်ထားပြီး၊ သူ့မျက်လုံးပြာလေးတွေကတော့ သူ့ရှေ့ကလူကို စိုက်ကြည့်နေသည်။

ဟယ်ရူကောက ကြောင်ပန်းကိတ်ကလေးတစ်ခုကဲ့သို့ မလှုပ်မယှက်နေသည့် ကျားဖြူလေးကို ကြည့်ရင်း၊ ရိုးရိုးစကားပြောရုံနဲ့ အားမရတော့ပေ၊

သူ…… သူ ဒီကလေးလေးကို ပွတ်သပ်ချင်နေပြီ။

ဟယ်ရူကော က တုန်တုန်ယင်ယင်နဲ့ [ပွတ်သပ်မည်] ဆိုသော ခလုတ်ကို နှိပ်လိုက်ရာ၊ ဖန်သားပြင်ပေါ်က လက်တစ်ဖက်က ရှေ့တိုးသွားသည်။

ထိုလက်မောင်းမှာကပ်ထားသည့် ပလာစတာကလည်း မြင်သာထင်ရှားနေသည်။

သူ့လက်ချောင်းထိပ်လေးတွေက ကျားဖြူလေး၏ နဖူးပေါ်က "王" ဆိုသည့်စာလုံးပေါ်ကို ကျတော့မည့်အချိန်မှာတော့ ဟယ်ရူကော တစ်ယောက် ဘယ်အချိန်ကတည်းက အသက်ရှူအောင့်ထားမိသည်ကို မသိလိုက်ပေ။

ကျားဖြူလေးက ခေါင်းလေးစောင်းလိုက်ပြီးနောက်၊ ဟယ်ရူကော ၏ လက်ကို လွယ်လွယ်ကူကူ ရှောင်တိမ်းလိုက်သည်။

ဟယ်ရူကောကို တစ်ခုတည်းသော နှစ်သိမ့်မှုပေးသည့်အရာမှာ၊ ကျားဖြူလေးက အရင်ကလို ရောဂါကူးမှာကြောက်ပြီးရှောင်သလိုမျိုး သူ့နားကနေ အဝေးကြီးကို ပြေးမသွားဘဲ၊ ခေါင်းလေးကိုသာ စောင်းလိုက်ခြင်းဖြစ်သည်။

ဖန်သားပြင်ပေါ်က လက်တစ်ဖက်ကတော့ လေထဲမှာ တောင့်တင်းစွာ ရပ်တန့်နေသည်။

ဒါက ဟယ်ရူကော၏ လက်ရှိစိတ်အခြေအနေပင်၊ သူဘယ်လိုပဲ ကိုယ့်ကိုယ်ကို နှစ်သိမ့်နေပါစေ၊ နည်းနည်းတော့ စိတ်ပျက်သွားမိသည်။

ဟယ်ရူကော သူ့စိတ်သူ ပြန်ထိန်းချုပ်လို့ရပြီး အဆင်ပြေနေချိန်မှာပင်၊ ကျားဖြူလေးက ရုတ်တရက် သူ့လက်ကလေးကိုမြှောက်လိုက်ပြီး၊ သူ့ကိုယ်သူတစ်ဆင့်နှိမ့်ချလိုက်သလိုမျိုး လက်နုနုလေးကိုမြှောက်ကာ သူ့လက်ချောင်းထိပ်လေးကို တို့ထိလိုက်သည်။

နံပါတ် ၂၀ : [နံပါတ် ၂၀က သင်၏ထိတွေ့မှုကို ခေါင်းစောင်းပြီး ရှောင်တိမ်းလိုက်ပါသည်]

[…… (နံပါတ် ၂၀က အနည်းငယ်စိတ်ပျက်နေသည့် သင့်ကို ကြည့်နေပါသည်)]

[သူက သင့်လက်ချောင်းထိပ်လေးကို တို့ထိလိုက်ပါသည်]

[(အောဝ်) မင်းလိုချင်တာကို သိပ်တော့နားမလည်ပေမယ့်၊ ဒီလိုလုပ်လိုက်ရင်ရော မင်းနည်းနည်းလေးပျော်သွားမှာလား]

မျက်မှန်နောက်က မျက်လုံးတွေမှာ အံ့ဩဝမ်းသာမှုကြောင့် ချက်ချင်းပဲ ဝိုင်းစက်သွားပြီး၊ ဟယ်ရူကော က သူ့စိတ်ထဲက ပျော်ရွှင်မှုများကို မထိန်းချုပ်နိုင်တော့ပေ။

သူ့နှုတ်ခမ်းထောင့်တွေက အပေါ်သို့ အပြတ်ကွေးတက်သွားပြီးနောက် သူက ဆက်ပြောလာသည်။

"ပျော်လိုက်တာ ပျော်လိုက်တာ! အရမ်းပျော်တာပဲ"

ဟယ်ရူကော က ပြောရင်းဆိုရင်း [ပွတ်သပ်မည်] ဆိုသောခလုတ်ကို ထပ်နှိပ်လိုက်သည်။

ဒီတစ်ခါတော့ သူက ခေါင်းကိုမပွတ်တော့ဘဲ၊ လက်သည်းနုနုလေးကို ပွတ်လိုက်သည်။

ကျားဖြူလေးက နည်းနည်းလောက် ရုန်းကန်လိုက်သော်လည်း၊ နောက်ဆုံးမှာတော့ သူ့ရှေ့ကလူကို သူ့ရဲ့အသားလုံးလုံးကျစ်ကျစ်လေးကို ဖျစ်ညှစ်ခွင့်ပေးလိုက်သည်။

တစ်ချက်ပဲဖျစ်ညှစ်လိုက်ရပေမယ့်၊ စိတ်ကူးထဲကလက်နဲ့ ဖျစ်ညှစ်လိုက်တဲ့ အသားလေးဖြစ်ပေမယ့်၊ ကင်မရာက အဖျစ်ခံလိုက်ရသည့်

ကျားဖြူလေး၏အသားလုံးလုံးလေးကို အနီးကပ်ပြလိုက်သည့်အခါမှာတော့ပန်းရောင်သန်းနေသည့် အသားကလေးက ဖိညှစ်ခံရသဖြင့် အနည်းငယ်ချိုင့်ဝင်သွားတာကို မြင်လိုက်ရသည်။

သွေးတိုင်ကလည်း ချက်ချင်းပဲ ကုန်သွားသည်။

နံပါတ် ၂၀

[(အောဝ်) တစ်ခါပဲ ကိုင်ခွင့်ပေးမယ်]

[…… (ဝေါင်း) ဒီလိုအညှစ်ခံရတာ ထူးဆန်းလိုက်တာ]

[(လက်ထဲမှ နံပါတ် ၂၀ ၏ အသားလုံးလုံးလေး၏ နူးညံ့သောအထိအတွေ့ကို ခံစားလိုက်ရသည်)]

ကျားဖြူလေးက အနိုင်ကျင့်ခံလိုက်ရသည့် သူယောင်မယ်လေးတစ်ယောက်လိုမျိုး 'အောဝ်' ဟု အသံတိုးတိုးလေးပေးပြီးနောက် လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။

ဟယ်ရူကော က [ပွတ်သပ်မည်] ခလုတ်ကို ထပ်နှိပ်လိုက်သည့်အခါ၊ ရှေ့တိုးသွားသည့်လက်ကို ကျားဖြူလေး၏လက်က ဖိထားလိုက်ပြီးနောက် ကျားဖြူလေးက ခပ်တည်တည်ဖြင့် ခေါင်းခါပြလိုက်သည်။

နံပါတ် ၂၀ : [နံပါတ် ၂၀က သင့်ရဲ့ထိတွေ့မှုကို ငြင်းဆိုလိုက်ပါတယ်၊ အချစ်ဆိုတာ ထိန်းချုပ်ခြင်းဖြစ်တာကြောင့်၊ ချစ်သူက မလိုချင်ကြောင်း ရှင်းရှင်းလင်းလင်းပြောသည့်အခါ၊ ဒါကို အိပ်ခန်းထဲက စနောက်ကျီစယ်မှုတစ်ခုလို့ ဘယ်တော့မှ အထင်မမှားလိုက်ပါနဲ့၊ ဘာလို့လဲဆိုတော့ သင်တို့ရဲ့ သဘောကျနှစ်သက်မှုအမှတ်က အဲ့ဒီအဆင့်အထိ မမြင့်သေးလို့ပါ]

ဟယ်ရူကောလည်း ကျားဖြူလေးကို ထပ်ပြီးပွတ်သပ်ဖို့အရေးကို စိတ်မကောင်းစွာနဲ့ လက်လျှော့လိုက်ရသည်၊

သူသာ ဆက်ပွတ်နေလျှင်၊ သဘောကျနှစ်သက်မှုအမှတ်က ပြန်လျော့သွားနိုင်လောက်ကြောင်း သူ့စိတ်က အလိုလိုကြိုပြီးခံစားမိနေသလိုပင်။

သဘောကျနှစ်သက်မှုအမှတ်အကြောင်း ပြောမိတော့မှ၊ ဟယ်ရူကော က အခြေအနေကို ထပ်နှိပ်လိုက်ပြီး၊ လက်ရှိသဘောကျနှစ်သက်မှုအမှတ် ဘယ်လောက်ရှိပြီလဲဆိုတာကို ကြည့်လိုက်သည်။

အခြေအနေ :

[ဖော်ရွေမှု : နံပါတ် ၂၀ အတွက်တော့ သင်က ထူးခြားသည့် ဖြစ်တည်မှုတစ်ခုဖြစ်ပြီး၊ သဘောကျနှစ်သက်မှုအမှတ် ၂၅ ရှိပါသည်]

[မနိုးထသေး : နံပါတ် ၂၀ က မိစ္ဆာလေးတစ်ကောင်ဖြစ်ကြောင်း သင့်ကလွဲပြီး ဘယ်သူမှမသိသေးပါ]

ဘုရားရေ!

သဘောကျနှစ်သက်မှုအမှတ်က ၅ မှတ်တိတိ တိုးလာတာပဲ။

ဒါကိုသာတွက်ချက်ကြည့်လိုက်ရင် သန်းတစ်ရာလောက် တန်ဖိုးရှိတာပဲ။

(ချဲ့ကားပြီးပြော)

ဒီလိုတိုးနှုန်းနဲ့သာဆိုရင်၊ သူ ပျော်ပျော်ကြီး ကြောင်ကလေးကို ပွတ်သပ်လို့ရမယ့်နေ့က အဝေးကြီးမလိုတော့ဘူးပဲ။

ဟယ်ရူကောလည်း သူ့ရှေ့က အနာဂတ်ကြီးမှာ လင်းလက်နေကြောင်းကို ခံစားလိုက်ရသည်။

ပြီးတော့……

သူ့အကြည့်က တည်ငြိမ်စွာထိုင်နေသည့် ကျားဖြူလေးဆီသို့ ရောက်သွားသည်၊ ကျားဖြူလေး၏ပါးစပ်ကတော့ မကိုင်နဲ့လို့ပြောနေသော်လည်း၊

သူ့စိတ်ထဲမှာတော့ တကယ်တမ်း ပျော်နေမှာပင်၊ တကယ်ကို အပြောနဲ့အလုပ်နဲ့ မညီတဲ့ကောင်လေးပဲကွာ..

မျက်နှာပြင် ပေါ်တွင် မတ်မတ် ထိုင်နေခဲ့သော ကျားဖြူလေး သည် ရေအေးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်။ ၎င်းသည် ရှေ့မှလူကို အနည်းငယ် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီးနောက် ၎င်း၏ ကြောင်အိပ်ရာ ပေါ်တွင် ပစ်လှဲချကာ ဘဝအကြောင်း စတင် စဉ်းစားမတွေးတောတော့သည်။

မျက်နှာထားမလုပ်ဘဲပင် ကျားဖြူလေးသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ချစ်စဖွယ်ကောင်းသော အသွင်အပြင် ရှိသည်။

ဖန်သားပြင်ပေါ်မှာ မူလက တည်ငြိမ်စွာထိုင်နေသည့် ကျားဖြူလေးက ရေအေးအေးဖြင့်လောင်းချခံရသယောင် ချမ်းပြီးတုန်သွားသလိုမျိုး သူက သူ့ရှေ့ကလူကို နားမလည်စွာ ကြည့်လိုက်သည်။ထို့နောက်တွင် စိတ်ရှုပ်ထွေးစွာဖွင့်သူ၏အသိုက်ပေါ်တွင်မှောက်ရင်း ဘဝအကြောင်းကို စဉ်းစားနေတော့သည်။

ဘာအမူအရာမှမလုပ်ဘဲနေသည့် ကျားဖြူလေး၏ မျက်လုံးများတွင် တစ်ချိန်တည်းမှာပင် ချိုမြိန်ခြင်းနှင့် ကြမ်းတမ်းခြင်းတို့ ရောထွေးနေသောအရှိန်အဝါတစ်ခုရှိနေသည်၎င်း၏ အပြာနုရောင် မျက်လုံးများထဲတွင် သေးငယ်သော အနက်ရောင် သူငယ်အိမ်များ ရှိသည်။ မျက်လုံး၏အပေါ်ပိုင်း နဖူးဖြူဖြူ၌ “虎 (ကျား)“ ဟူသော ဝေါဟာရတစ်ခု ရှိပြီး ၎င်းသည် မျက်လုံးပုံစံကို အတိအကျဖော်ပြနေသည်။

ကျားဖြူလေး၏ဖြူလွှလွှအမွေးတွေပေါ်က အနက်ရောင်အစင်းကျားတွေထဲမှာလည်းအစင်းလေးနှစ်ခုက မျက်လုံးထောင့်တွင် တည်ရှိနေရာ ထင်ရှားလှသည့် eyeliner လေးဆွဲထားသလိုမျိုးပင်။

ဟယ်ရူကောက ဂိမ်းစစဖွင့်ချင်း မြင်လိုက်ရသည့် စစ်ဝတ်စုံနှင့် အမျိုးသားကို မနေနိုင်ဘဲ သတိရသွားမိသည်။

ထိုအမျိုးသားက ခေါင်းငုံ့ထားပြီး၊ သူ့ဦးထုပ်အနားဖြင့် သူ့မျက်လုံးတွေကို ဖုံးကွယ်ထားသည်။ထိုသူသာ ခေါင်းမော့ပြီး သူ့မျက်လုံးပြာတွေကို ပြလိုက်ရင်၊ အဲ့ဒီမျက်လုံးတွေက မရယ်မပြုံးလုပ်နေချိန်မှာတောင် မျက်လုံးထောင့်တွေက အပေါ်ကိုတက်နေတာမို့၊ ဆွဲဆောင်မှုရှိတဲ့ပုံစံမဟုတ်သည့်၊

ခန့်ညားထည်ဝါနေသည့် အေးစက်တည်ငြိမ်မှုမျိုး ဖြစ်နေမှာပင်။

ထိုသူသာ…… ရယ်လိုက်ရင်ရော။

ဒီလိုမျက်လုံးပုံစံမျိုးက ရယ်လိုက်ရင် လခြမ်းလေးနှစ်ခုလို ဖြစ်သွားမှာပဲ၊

မဟုတ်ဘူး မဟုတ်ဘူး၊ ကျားဖြူလေးက ဒီလောက်ကြမ်းတာ၊ ရယ်လိုက်ရင် ချိုမြိန်တဲ့ပုံစံမျိုး ဖြစ်မှာမဟုတ်ဘူး၊ သူ့မျက်လုံးတွေက ဓားကွေးတစ်လက်လို ဖြစ်သွားပြီး၊ လူကို ထိခိုက်စေနိုင်တဲ့ ထက်မြက်မှုမျိုးကို ပိုင်ဆိုင်ထားမှာပဲ၊ သူ့စစ်ဝတ်စုံနဲ့ပေါင်းစပ်လိုက်ရင် လူတွေကို မြင်ရုံနဲ့ကို တုန်လှုပ်သွားစေနိုင်တယ်!

ဟယ်ရူကောက သူ့စိတ်ကူးနှင့်သူ ဂေးသွားမိတာကြောင့် စိတ်ပင်လွတ်တော့မလို ဖြစ်သွား၏။

ဘာကြောင့်မှန်းတော့မသိ၊ ဂိမ်းစစဖွင့်ချင်းက ဒီဇာတ်ကောင်ကို ပထမဆုံး မြင်လိုက်သည့်အချိန်မှာပင်၊ ရင်ခုန်သွားပြီး ထင်ယောင်ထင်မှားဖြစ်သွားခဲ့သည်၊ ဒီဇာတ်ကောင်က သူ့စိတ်တိုင်းကျ ဖန်တီးထားသည့် သူ့အတွက် သီးသန့်ချစ်သူတစ်ယောက်လိုမျိုးပင်။

…… လိင်ကလွဲရင်ပေါ့။

သူ့လက်ချောင်းတွေဖြင့် မျက်မှန်ကိုင်းကို အသာပင့်တင်လိုက်ပြီးနောက်၊ ဟယ်ရူကော က သူ့ဦးနှောက်ကို အလုပ်ပေးကာ၊ သူကနှစ်လမ်းသွား(bisexual)ဖြစ်နိုင်ခြေ ရှိမရှိကို စတင်စဉ်းစားတော့သည်။

လေးလေးနက်နက်စဉ်းစားပြီးနောက်၊ သူက ကောက်ချက်တစ်ခုချလိုက်သည်—

ငါက ကာတွန်း character တွေကိုပဲ စွဲလန်းတဲ့သူဖြစ်ရမယ်.. ကာတွန်းဇာတ်ကောင်လေးတွေက ဒီလောက်ကြည့်လို့ကောင်းတာ..စစ်ဝတ်စုံဝတ်ထားရင် ဆွဲဆောင်မှုရှိပြီး၊ စစ်ဝတ်စုံချွတ်လိုက်ရင် ကြောင်ပေါက်လေးအဖြစ်ပြောင်းပြီး ချစ်စရာကောင်းအောင်လုပ်တတ်တယ်၊ ဒီလိုကြမ်းလည်းကြမ်းတမ်းသွားနိုင်၊ ချိုလည်းချိုသွားနိုင်တာလေးကို ဘယ်သူက မချစ်ဘဲနေမှာလဲ..

သူက အချစ်တွေပြည့်နေသည့် မျက်လုံးများဖြင့် ဖန်သားပြင်ပေါ်က ကျားဖြူလေးကို ကြည့်လိုက်ပြီးနောက် သူ၏ မောက်စ်ဖြင့် [အစာကျွေးရန်] ကို နှိပ်လိုက်သည်၊

"လာ၊ သကြားလုံးစားရအောင်"

ဟယ်ရူကော က ဖန်သားပြင်ကို ကြည့်ရင်း မနေနိုင်ဘဲ ကလေးတစ်ယောက်ကို ချော့သလိုမျိုး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

ပန်းဖူးလေးလို နားရွက်လေးတွေက အနည်းငယ်လှုပ်ခါသွားပြီးနောက်၊ ကျားဖြူလေးက မျက်လွှာချကာ သူ့လက်ဖဝါးပေါ်က သကြားလုံးကို ကြည့်လိုက်သည်။

စိတ်ထဲမှာ ပြင်းထန်စွာ တိုက်ပွဲဝင်ပြီးနောက်၊ ဟယ်ရူကော နှင့် အတော်ကြာအောင် အကြည့်ချင်းအားပြိုင်နေပြီးမှ၊ ကျားဖြူလေးကသူ့လက်သည်းဖြင့်

သကြားလုံးကို လှမ်းယူလိုက်သည်။

ဟယ်ရူကောကလည်း မျှော်လင့်ချက်အပြည့်ဖြင့် ဖန်သားပြင်ကို ကြည့်နေပြီး၊ ကျားဖြူလေး သကြားလုံးစားသည့်မြင်ကွင်းကို လွတ်သွားမှာစိုးတာကြောင့် မျက်တောင်တစ်ချက်မခတ်ဝံ့ပေ။

ကျားဖြူလေးက မျက်လုံးကလေးတွေလှန်ပြီး ဟယ်ရူကောကို တစ်ချက်စွေကြည့်လိုက်ပြီးနောက်၊ သကြားလုံးကို ကိုက်ချီကာ တစ်ပတ်လှည့်ပြီး၊ သူ့တင်ပါးကိုသာ ဟယ်ရူကော ဘက်သို့ လှည့်ထားလိုက်သည်။

ဟယ်ရူကော : “ဘာတုန်းဟ”

နံပါတ် ၂၀ : [နံပါတ် ၂၀က သင့်သကြားလုံးကို ယူလိုက်ပါတယ်၊ သူက နည်းနည်းရှက်နေလို့၊ သင့်ဘက်ကို ကျောပေးပြီး သကြားလုံးကို ခိုးစားနေတာပါ]

ဝိုး~

ရှက်နေတာတဲ့~

ဟယ်ရူကော၏ စိတ်ထဲက ပျော်ရွှင်မှုများက နောက်တစ်ကြိမ် လှိုင်းတွန့်လေးတွေအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

____

ထို့နောက်တွင်တော့ ….

ရှီကွေ့ချန်က ရှည်လျားလှသည့် ဂိမ်းက ရှင်းလင်းချက်များကို နားထောင်ပြီးသွားမှ၊ သူကစားနေတာက အချစ်ဂိမ်းတစ်ခုဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

ပြီးတော့ သူ့ရဲ့ "သီးသန့်ချစ်သူ" က ကြည့်လို့ကောင်းတာ၊ အသံ‌လေးကောင်းတာ၊ ရွှံ့ထဲက ကြာပန်းတစ်ပွင့်လို ဖြူစင်တဲ့ကြင်နာမှုရှိတာ၊ နူးညံ့တဲ့စိတ်ထားရှိတာကလွဲပြီး ဘာမှအသုံးမဝင်တဲ့…… ဟယ်ရူကောတဲ့လား။

အင်း၊ နာမည်က နားထောင်လို့ကောင်းသားပဲ။

တစ်သက်မှာ ဘယ်သူ့ကိုမှ မချီးကျူးဖူးသည့် ဗိုလ်ချုပ်ရှီကမူ သူ့စိတ်ထဲမှာ ပြောလိုက်မိသည့် "နားထောင်လို့ကောင်းတယ်" ဆိုတာကို "နားဝင်မဆိုးပါဘူး" လို့ မလုံမလဲဖြင့် ပြင်လိုက်သည်။

ဒီစကားကိုသာ သူ့ရဲ့ဆရာဝန် မောက်ကျစ်ရှဲ ကြားသွားခဲ့ရင်၊ ကြောက်လန့်ပြီး သူ့ပုံစံအမှန်ကိုတောင် ပြန်ပြောင်းသွားနိုင်လောက်သည်၊ အကြောင်းမှာ ရှီကွေ့ချန် ဆိုတဲ့လူက ဘယ်အရာကိုပဲကြည့်ကြည့် စိတ်အဆင်မပြေ၊ ဘယ်စကားကိုပဲကြားကြား နားထဲမှာ ကန့်လန့်ဖြစ်နေတတ်ပြီး၊ သူပြောခဲ့ဖူးသမျှ အမြင့်ဆုံးချီးကျူးစကားကလည်း "သာမန်ပါပဲ" ဆိုတာသာ ဖြစ်သည်။

ရှီကွေ့ချန်က ဟယ်ရူကော အကြောင်းကို တိတ်တဆိတ်သုံးသပ်နေစဉ်မှာပင်၊

လူငယ်လေးက သံတံခါးကို တွန်းဖွင့်လိုက်သည်။

သူ့ရှေ့မှာရပ်နေသည့်လူက သူ့စိတ်ထဲကနေ ပြေးထွက်လာသလိုမျိုးပင်၊ ဒီလိုထင်ယောင်ထင်မှားဖြစ်မှုက ရှီကွေ့ချန်၏ ဦးနှောက်ကို ခဏတာမျှ ဗလာဖြစ်သွားစေသည်။

ဟယ်ရူကော က ဒီတစ်ခါတော့ အနက်ရောင်ကိုင်းမျက်မှန်ကို တပ်ဆင်ထားသည်၊

ရှီကွေ့ချန် က သေချာကြည့်လိုက်ပြီးနောက သူ့စိတ်ထဲမှာ မျက်မှန်က တော်တော်လေး ကြည့်လို့အဆင်ပြေတယ်ဟု တွေးလိုက်သည်။

"ငါ မင်းနဲ့ စကားပြောလို့ရမလား"

သူ့ရှေ့ကလူက ကိုယ်ကိုကိုင်းလိုက်ပြီးပြောလာသည်။

သူ့အသံအဆုံးသတ်လေးက ပျော်ရွှင်စွာဖြင့် အပေါ်သို့တက်သွားကာ၊ ပေါ့ပါးပြီး သာယာနာပျော်ဖွယ်ရှိလှသည်။

သူက အရမ်းပျော်နေပုံပဲ!

ဘာလို့ ပျော်နေတာပါလိမ့်..

သူ့မျက်မှန်က မျက်ဆံနက်နက်လေးတွေရဲ့ တောက်ပမှုကို မဖုံးကွယ်နိုင်ပေ၊

ဒါက အရမ်းကို ကြည်လင်တဲ့မျက်လုံးတွေဖြစ်ပြီး၊ မျက်လုံးအကြည့်တွေ လှုပ်ရှားလိုက်တိုင်းမှာ တောက်ပတဲ့အရောင်အဝါတွေ ထွက်ပေါ်နေသည်။

ရှီကွေ့ချန် က လက်ရှိခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းမသိပေ၊

ထိုအရောင်အဝါလေးက၊ သူ့ရှေ့ကလူက သူ့နှလုံးသားထဲက လက်တစ်ဝါးစာနေရာလေးကို မီးရှို့လိုက်သလိုမျိုးပင်၊ သူ့စိတ်ကို လောင်ကျွမ်းပြီး တုန်လှုပ်သွားစေသည်။

သူက အလိုအလျောက်ပင်သဘောတူလိုက်သည် : “…… ပြော”

ရှီကွေ့ချန် က သူဘာပြောလိုက်မိမှန်း သတိထားမိသွားသည့်အချိန်မှာတော့

သူ့ဟာသူပင် ကြောင်သွားရသည်။

ရှီကွေ့ချန်က တခြားသူတွေနဲ့ စကားပြောရတာကို မကြိုက်ပေ၊ ငယ်စဉ်က "Ice Project" ကို ဖြတ်သန်းခဲ့ရလို့ထင်သည်၊ စကားပြောဆိုနိုင်စွမ်းကို သူ့ဆီကနေ လုယူခံလိုက်ရပြီး၊ စကားမပြောချင်၊ ဘယ်သူနဲ့မှ မဆက်ဆံချင်တော့ပေ။

"စကားစမြည်ပြောခြင်း" ဆိုတာက သူ့နဲ့ အလှမ်းဝေးကွာနေသလိုမျိုးပင်။

"အမိန့်ပေးတဲ့အလုပ်"၊ "ဆရာဝန်နှင့်လူနာဆက်ဆံရေး" ဆိုတာတွေက သူ့အဘိဓာန်ထဲမှာ စကားစမြည်ပြောခြင်းကို အစားထိုးထားသည့် စကားလုံးများဖြစ်သည်။

ဒါပေမဲ့……

ဟယ်ရူကော ကတော့ တကယ်ကို ထူးခြားတဲ့ ဖြစ်တည်မှုတစ်ခုပင်။

သူမုန်းတီးသမျှအရာအားလုံးက၊ ဒီလူနဲ့ပတ်သက်လာရင်၊ ကြည့်လို့ရှု့လို့ ကောင်းသွားသည်။

လူငယ်လေးက ခေါင်းငုံ့ထားပြီး၊ သူ့အကြည့်တွေက နူးညံ့နေကာ၊ သူ့မျက်လုံးအိမ်ထဲမှာ အပြုံးရိပ်တွေ လွှမ်းခြုံနေသည်။

ဒီလိုအကြည့်တွေအောက်မှာ နေထိုင်ရင်း၊ ဒီလူသားရဲ့ နူးညံ့တဲ့အသံကို နားထောင်ရင်း၊ ရှီကွေ့ချန် တစ်ယောက် "Ice Project" ကနေ လွတ်မြောက်ခဲ့တုန်းက အချိန်ကို ရုတ်တရက် ပြန်သတိရသွားသည်၊ သူ သုံးလကြာနေခဲ့ရသည့် သံအခန်းထဲကနေ ပထမဆုံးအကြိမ်ထွက်လာပြီးနောက်၊ လှောင်အိမ်ထဲမှာ အထည့်ခံရကာ နေရာရွှေ့ပြောင်းခံခဲ့ရသည်။

ထိုသူတွေက လှောင်အိမ်ကိုမပြီး စင်္ကြံလမ်းမှာ သွားနေကြစဉ်၊ ကျဉ်းမြောင်းရှည်လျားသည့် စင်္ကြံလမ်းအဆုံးမှာ တစ်ဝက်ပွင့်နေသည့် ပြတင်းပေါက်တစ်ခုရှိနေခဲ့သည်၊ နေ့လယ်ခင်းနေရောင်က ပြတင်းပေါက်ဘောင်ကို ဖြတ်ပြီး မြေပြင်ပေါ်သို့ ကျရောက်နေကာ၊ သူမြင်နေရသည့်ကမ္ဘာကြီးက ယိမ်းထိုးနေပြီး—

ယိမ်းထိုးနေရင်းကနေ အလင်းတန်းတစ်ခုကို ယိမ်းနွဲ့ထွက်ပေါ်လာစေခဲ့သည်—

အရမ်းကိုနူးညံ့တဲ့ အလင်းရောင်တစ်ခုပင်။

ဟယ်ရူကော တံခါးဖွင့်ဝင်လာတုန်းကလိုမျိုး၊ အလင်းရောင်က သူ့နောက်ကျောကနေ ဝင်ရောက်လာပြီးနောက် နူးညံ့မှုတွေက သူ့ကိုယ်ပေါ်ကို ပျံ့နှံ့သွားစေသလိုမျိုးပင်။

ရှီကွေ့ချန်က အတွေးများနေတာကြောင့်၊ ဟယ်ရူကော ဘယ်အချိန်မှာ စကားပြောပြီးသွားသလဲကိုတောင် မသိလိုက်ပေ၊ ဟယ်ရူကော၏လက်တစ်ဖက်က သူရှိရာကို ရောက်လာသည့်အချိန်မှာတော့၊ သူက အလိုအလျောက် ခေါင်းကိုတိမ်းစောင်းပြီး ရှောင်လိုက်သည်။

အနီးကပ်ဆုံးအကွာအဝေးမှာပဲ၊ ရှီကွေ့ချန်က သူ့လက်ချောင်းထိပ်လေးတွေကနေ နို့နံ့သင်းသင်းလေးကို ရနိုင်တဲ့အထိ နီးကပ်နေသည်၊ အသားအရေကလည်း နို့နှစ်ရောင်လေး၊ စိုပြီးပြည်ဝင်းပနေသည့် အဖြူရောင်လေး၊

တစ်ချက်လောက် လျက်ကြည့်လိုက်ရင် နို့အရသာလို ချိုနေနိုင်လောက်သည်။

…… တစ်ကိုက်လောက် ကိုက်ချင်လိုက်တာ။

ရှီကွေ့ချန် က သူ့စိတ်ထဲမှာ ရုတ်တရက်ပေါ်လာသည့် အတွေးကြောင့် ကိုယ့်ကိုယ်ကိုပြန်လန့်သွားရသည်။

သူက ကြောင်တောင်တောင်ဖြင့် ခေါင်းမော့ကြည့်လိုက်ရာ၊

လေထဲမှာ မလုံမလဲဖြင့်ရပ်တန့်နေသည့် ဟယ်ရူကော ၏ လက်ကို တွေ့လိုက်ရသည်။

ဒါက သိသာသာသာ မြင်နိုင်သည့် စိတ်ပျက်သွားသော အမူအယာပင်၊ ဒီလူရဲ့မျက်လုံးတွေက ရေတွေစိုနေသလိုမျိုး လှုပ်ရှားနေတတ်ကာ၊ ပျော်ရွှင်တဲ့အချိန်မှာ မျက်ဆံနက်နက်လေးတွေက တောက်ပနေတတ်ပြီး၊ စိတ်ပျက်သွားသည့်အခါမှာတော့ လှပတဲ့မျက်လုံးနက်နက်လေးတွေထဲမှာ မျက်ရည်တွေ ပြည့်လျှံနေသလိုမျိုးဖြစ်နေပြန်သည်။

ရှီကွေ့ချန်လည်း သူ့ရင်ဘတ်အား အဆူးဖြင့် ညင်ညင်သာသာ ထိုးသွားသလို ခံစားလိုက်ရသည်။

သူက ဒီလို မရင်းနှီးတဲ့ခံစားချက်ကို နားမလည်ပေ။

အကြောင်းကတော့ သူ့၏ ခံစားချက်ကင်းမဲ့နေသည့် ပင်လယ်ထဲတွင် ဒီလို နူးညံ့ပြီး ထက်ရှတဲ့ခံစားချက်မျိုး တစ်ခါမှ မရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။

သို့သော်လည်း ရှီကွေ့ချန်စိတ်ထဲ ရုတ်တရက် ဒီလူကိုလည်း တစ်ခုခု ပြန်ပေးချင်လာသည်၊ ဟယ်ရူကော က သူ့ကို အမြဲတမ်း လက်နဲ့လာထိတွေ့နေတာကို သူနားမလည်နိုင်ပေမယ့် သူလည်း တစ်ခုခုပြန်လုပ်ပေးမှပဲ။

အမွေးပွပွလက်သည်းနုနုလေးက တုံ့နှေးနှေးဖြင့် မြှောက်တက်လာပြီးနောက် ပုစဉ်းလေးတစ်ကောင် ရေမျက်နှာပြင်ကို ထိသလိုမျိုး လူငယ်လေး၏ လက်ချောင်းထိပ်ကို တို့ထိလိုက်သည်၊ သူ့လှုပ်ရှားမှုက မြန်ဆန်ပြီး ပေါ့ပါးကာ၊ သတိကြီးကြီးထားနေသည့် သားရဲငယ်လေးတစ်ကောင်လိုမျိုးပင်။

ကိုယ်သိပ်တော့နားမလည်ပေမယ့်၊ ဒီလိုလုပ်လိုက်ရင် မင်းနည်းနည်းပျော်သွားမှာလား။

သူ့ရှေ့ကလူက အံ့ဩဝမ်းသာစွာဖြင့် ပြုံးလိုက်သည်၊ သူက သူ့စိတ်ထဲက ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်တော့ဘဲ၊

"ပျော်လိုက်တာ ပျော်လိုက်တာ၊ အရမ်းပျော်တာပဲ" ဟု အဆက်မပြတ်ပြောနေတော့သည်။

ဒီလိုပြောရုံသာမက၊ သူက လက်လှမ်းပြီး ရှီကွေ့ချန် ၏ လက်နုနုလေးကို လာပွတ်ပြန်သည်။

ရှီကွေ့ချန် : “……”

မင်းက အခွင့်အရေးယူပြီး ချွဲနေတာလား..ကိုယ့်ကို ကိုင်ချင်တိုင်း ကိုင်လို့ရတဲ့၊ အကိုင်ခံတဲ့ကျားမျိုးလို့ မင်းထင်နေတာလား။

……

ကောင်းပြီလေ။

တစ်ခါပဲ ကိုင်ခွင့်ပေးမယ်။

သူ့အသားလုံးလုံးလေးကို အညှစ်ခံလိုက်ရပြီးနောက်၊ ပျောက်ကွယ်မသွားနိုင်သည့် ထူးဆန်းသောခံစားချက်တစ်ခုက ကျန်ရစ်ခဲ့သည်၊ ရှီကွေ့ချန် က ဒီလက်ကို ဟယ်ရူကော ညှစ်ခဲ့ဖူးသည်ဟု တွေးမိလိုက်တိုင်း၊ သူက နောက်ပိုင်းမှာ ဒီလက်ကို အေးအေးဆေးဆေး လျက်နိုင်တော့မှာမဟုတ်ဘူးဟု ခံစားလိုက်ရသည်။

သူက မျက်မှောင်ကြုတ်ပြီး ထပ်ကိုင်ချင်နေသည့် ဟယ်ရူကော၏လက်ကို ဖိထားလိုက်သော်လည်း၊ ဘယ်ဘက်လက်က ဖိထားလိုက်သည့်အခါ၊ တခြားတစ်ဖက်က ညာဘက်လက်က ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဟယ်ရူကောက သူ့လက်ဖဝါးကို ဖြန့်ထားပြီး၊ လက်ဖဝါးထဲမှာ သကြားလုံးတစ်လုံးက ငြိမ်သက်စွာ လဲလျောင်းနေသည်။

ဒါက ဘေးအခန်းက ယုန်လေး အရမ်းကြိုက်တဲ့ သကြားလုံးဖြစ်ပေမယ့်၊ သူကတော့မကြိုက်ပေ၊ သူက သကြားလုံးကြိုက်တဲ့အရွယ်ကို ကျော်လွန်ခဲ့ပြီလေ။

ဒါပေမဲ့……

ကြောင်ပေါက်လေးတိုင်း မငြင်းဆန်နိုင်တဲ့အရာက၊ ငါးခြောက်လေးတွေအပြင်၊ ဒီလူရဲ့ မျှော်လင့်တကြီးကြည့်နေတဲ့ အကြည့်လည်း ပါဝင်လောက်သည်။

ဒီလောက်ပြင်းပြတဲ့အကြည့်အောက်မှာ၊ သူ့တစ်ကိုယ်လုံးကလည်း ထူးဆန်းလာသည်ပင်၊ ရှီကွေ့ချန်က မလုံမလဲဖြင့် ကျောခိုင်းလိုက်ရာ၊ သူ့ပါးစပ်ထဲမှာ သစ်သီးအရသာသကြားလုံး၏ ချိုမြိန်သောအနံ့က ပျံ့နှံ့သွားသည်၊ ယင်းင အရမ်းကို မရင်းနှီးတဲ့အရသာတစ်ခုပင်။

ရှင်းဟိုင် မိဘမဲ့ဂေဟာတွင် နို့ဖြတ်ပြီးနောက် အရသာတစ်မျိုးတည်းရှိပြီး ပေါ့ပျက်ပျက်ဖြစ်သည့် ဖြည့်စွပ်အာဟာရရည်ကိုသာ သောက်သုံးခဲ့ရသည်၊

တစ်ရက်ပြီးတစ်ရက် ဒီလိုဖြတ်သန်းပြီးနောက်၊ သူ့စားစရာစာရင်းထဲမှာလည်း အာဟာရရည်ဆိုသည့် ရွေးချယ်စရာတစ်ခုတည်းသာ ကျန်တော့သလိုမျိုးပင်။

သူ ဗိုလ်ချုပ်ရှီဖြစ်လာပြီးနောက် အခန်းနံပါတ် ၂၀ မှာ ပိတ်လှောင်ခံထားရသည့် ကလေးငယ်မဟုတ်တော့သည့်တိုင် ယင်းအာဟာရရည်ကိုသာ စားသုံးလေ့ရှိနေဆဲဖြစ်သည်။

ဒါကြောင့် သူ့အတွက်တော့ ဒီသကြားလုံးက……တအားကို ချိုလွန်းနေတာပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment