အခန်း ၂၁ - သေခြင်းတရား၏ အတောင်ပံများ
အရက်နာကျခြင်းသည် နာကျင်လှသည်။ အထူးသဖြင့် ဟယ်ရူကော သည် မျက်လုံးဖွင့်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည့်အရာမှာ ကြောက်စရာကောင်းသော ကစားပွဲ သတိပေးချက် ဖြစ်သည်။
(Beep—အရံအတားသည် အချိန် ကုန်ဆုံးသွားပါပြီ။ ကစားသမားသည် အခန်းထဲမှ မထွက်ပါ။ Heart*1 ခုကို အလိုအလျောက် အသုံးပြု၍ အကာရံအချိန်ကို တိုးစေလိုက်သည်။
……
(သင်၏ လက်ကျန် heart များ မလုံလောက်ပါ။ သင်သည် အခန်း no.20 မှ ထုတ်ပယ်ခြင်း ခံလိုက်ရပါပြီ။)
ဟယ်ရူကော : "!!!"
ဒီဂိမ်းက မကောင်းဆိုးဝါးလားဟ။
ပိုက်ဆံတစ်ပြားမှ မရှိတော့သော ဟယ်ရူကော သည် နှလုံးသားများ နာကျင်ကိုက်ခဲနေသဖြင့် ခက်ခက်ခဲခဲ အသက်ရှူနေရသည်။
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် : "အခုထိ အမူးမပြေသေးဘူးလား”
ဟယ်ရူကော သည် QQ အားဖွင့်လိုက်ပြီး တိတ်ဆိတ်သွားသည်။
ရှုပ်ယှက်ခတ်နေသော ဦးနှောက်သည် အစောပိုင်းက လုပ်ဆောင်ခဲ့သည့်အရာများကို သိသိသာသာ မှတ်မိနေသော်လည်း အသေးစိတ်အချက်အလက်များမှာ မှုန်ဝါးနေသည်။
ဒါပေမယ့်လည်း အဆင်ပြေပါတယ်…
chat log များသည် သမိုင်း၌ အကောင်းဆုံး ခြိမ်းခြောက်စာ အမျိုးအစားများပင် ဖြစ်သည်။ သူသာ လုပ်ချင်သရွေ့ ပြောခဲ့သမျှ ရူးမိုက်သော အကြောင်းအရာများအား အချိန်မရွေး ပြန်လည်သုံးသပ်နိုင်သည်။
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် : "နောက်တစ်နေ့ နေ့လည်တောင် ရောက်နေပြီ။ မင်းအိပ်နေသေးတုန်းပဲလို့တော့ ငါ့ကို မပြောနဲ့နော်"
ရူကော : "......"
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်: "အိုး မင်းနိုးလာပြီပဲ။ အစက်(....)တွေ သုံးနေတာကို ကြည့်ရသလောက်တော့ မင်းစာဆက်ရေးနိုင်သေးတယ် ထင်တယ်။ ဒီနေ့ စာလုံးရေတစ်သောင်းရေးကြမလား သူငယ်ချင်းလေး။ တစ်သောင်းလေ။"
ရူကော : ".....ရေးနေတယ်"
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် : "မင်းဘာလို့ ငါ့ကို 'ကျိကျိ' လို့ ထပ်မခေါ်တော့တာလဲ။ ငါဒါကို အကျင့်သားမရသေးဘူး။"
ရူကော : ".......ကျိကျိ."
စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်: " ပါးစပ် ပိတ်ထားစမ်းပါ။ ငါ့ကို အဲ့လိုမခေါ်နဲ့။ စာရေးတော့။"
သူ၏ စာရေးခြင်းအား အဆုံးသတ်လိုက်ပြီး နောက်တွင် ဟယ်ရူကော သည် ဂိမ်းအား ပြန်ဖွင့်လိုက်သည်။ သူသည် သူ၏ heart များအား အချိန်အကြာကြီး တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။
Heart များသာ မရှိလျှင် သူသည် စောင့်ကြည့်မှုအား မတားဆီးနိုင်တော့ပေ။ စောင့်ကြည့်မှုအား မတားဆီးထားလျှင် ရင်းရင်းနှီးနှီး အပြန်အလှန်ဆက်ဆံမှုများ မပြုလုပ်နိုင် တော့ပေ။ ရင်းနှီးသည့် အပြန်အလှန်ဆက်ဆံမှုများ မရှိလျှင် သူသည် Heart များ ရနိုင်မည် မဟုတ်ပေ။
ပြီးပြည့်စုံတယ်…
ချို့ယွင်းချက်မရှိ လမ်းပိတ်ထားတာပဲ…
အမြန် ကျော်သွားရန်မှ လွှဲ၍ အခြားရွေးချယ်စရာမရှိတော့သော ဟယ်ရူကော သည် နောက်ထပ် ခုနှစ်ရက်သို့ ကျော်လိုက်သည်။ နံပါတ် 16 သေဆုံးသွားသည့် အချိန်တွင် သူသည် နှင်းဆီရောင်ဂါချာပွန်ထဲတွင် ဆေးတောင့်အသစ် တစ်ခု ရရှိခဲ့သည်။
၎င်းအား နှိပ်လိုက်သောအခါ သူ၏ခြေထောက်ပေါ်မှ အနီရောင်အမှတ်သည် တစ်ဖန်ပြန်၍ နွေးထွေးလာ၏။ သူသည် တောက်ပလာပြီး ပြန်လည်မှေးမှိန်သွားသော ထိုအမှတ်အား ငေးကြည့်နေသည်။
သူ၏ ခေါင်းအားမော့လိုက်ချိန်တွင် သူသည် ရှားပါးသည့် ပစ္စည်း အသစ်တစ်ခု အား တွေ့လိုက်ရသည်။
"အချစ်ကံကြမ္မာ"
တတိယ အကြိမ်ပဲ…
ဤသည်မှာ တတိယအကြိမ်မြောက် ရှားပါးသည့် ပစ္စည်း အား ရရှိခြင်းဖြစ်သည်။ ထို့ပြင် ၎င်းသည် ဤအကြိမ်၌ အလွန် သိသာနေ၏။ သူသည် မျက်တောင်မခတ်ဘဲ ကြည့်လိုက်သည်။ ထိုအနီရောင်အမှတ်သည် တကယ်ကြီး တောက်ပနေသည်မှာ လုံးဝသေချာသည်။
ဖြစ်နိုင်တယ်၊ ဖြစ်နိုင်တယ်၊ သူတကယ်ကြီး cheat code တစ်ခု ရလာတာ ထင်တယ်…
(Adm note: cheat codeဆိုတာ အစမ်းဆော့တဲ့ဂိမ်းတွေအတွက်ထုတ်တာလို့ပြောပါတယ် ၊ နောက်တစ်ခုကကျတော့ infinity အသက်တွေရှိတာ ငွေတွေရှိတာပါ ဘယ်လောက်ဝယ်ဝယ်ဘာဝယ်ဝယ်မဆင်းရဲသွားဘူးပေါ့ အက်မင်တို့ငယ်ငယ်ကခေါ်တာတော့ခိုးပြီးသားဂိမ်းဆိုပြီး😆 မျက်လုံးထဲပေါ်အောင်ပြောရရင် wp offline ကို unlimited ထည့်ရသလိုမျိုးပါ)
အခု အဆင့်မြင့် ပစ္စည်းတွေ ရောင်းပြီး ချမ်းသာလာတဲ့ လမ်း အတိုင်း လျှောက်လို့ ရနေပြီမလား… မဟုတ်သေးဘူး… ဒါက ညတွင်းချင်း ထီပေါက်တာနဲ့ ပိုတူတယ်…
မနေ့က သူဝယ်ထားသည့် ထီလက်မှတ်သည် ယနေ့တွင် ကြေညာမည် ဖြစ်ရာ သူ၏ မှန်းဆချက်သာ မှန်ကန်ခဲ့လျှင်-
သူသည် နောက်ထပ် စာလုံးရေ တစ်သောင်းအား တစ်နေ့တည်း ရေးစရာ မလိုတော့ပေ။
သူသည် စာရေးခြင်းကို နှစ်သက်သည့်အတွက် ကမ္ဘာကြီးတွင် အချစ်များ ပြည့်နှက်သွားသည် အထိ ဆက်လက် ရေးနေဦးမည် ဖြစ်သော်လည်း တစ်နေ့ကို စာလုံးရေ တစ်သောင်းသည် အလွန်ပင်ပန်းလွန်း၏။ တစ်နေ့သုံးထောင်ဆိုလျှင် အတော်လေး အဆင်ပြေလိမ့်မည် ဖြစ်သည်။
နှလုံးခုန်သံ တဒုတ်ဒုတ်ဖြင့် ဟယ်ရူကော သည် ထီပေါက်စဉ်အား အပြေးအလွှား စစ်ဆေးလိုက်သည်။ ထို့နောက် အမူအယာကင်းမဲ့စွာဖြင့် ထွက်လာ၏။
မပေါက်ဘူး…
အိမ်မက် မက်တာက ကောင်းပါတယ်… ဒီလို လက်တွေ့ဆန်ပြီး လျစ်လျူရှုတတ်တဲ့ လူ့အဖွဲ့အစည်းမှာ နေ့ခင်းအိပ်မက်လေးတွေကပဲ နွေးထွေးမှု တစွန်းတစကို သယ်ဆောင်လာနိုင်တယ်…
သူသည် သူ၏သီအိုရီကို တဖန် ပြန်တွေးလိုက်သည်။ အနီရောင် အမှတ်အသားသည် သူ၏ကံကို ကောင်းစေနိုင်သော်လည်း တစ်နေ့လျှင် တစ်ကြိမ်သာ ဖြစ်နိုင်သည်။ မနေ့က ဂိမ်းထဲတွင် နှစ်ကြိမ်လှည့်ခဲ့ပြီးဖြစ်ရာ သူ့၏နေ့စဥ်ကံကောင်းခြင်းအား အသုံးပြုပြီးသွားတာ ဖြစ်နိုင်၏။ သူ မနေ့က ထီလက်မှတ်ဝယ်ပြီးကတည်းက အမှတ်သည် သက်ရောက်မှု မရှိတော့ပေ။
အမှတ်သည် အမှန်တကယ် ကံကောင်းမှုအား လွှမ်းမိုးနိုင်လျှင် သူသည် မနက်ဖြန်တွင် ထီလက်မှတ် နောက်တစ်စောင်ဝယ်ပြီး ကြိုးစားဦးမည် ဖြစ်သည်။
သူ၏အတွေးများကို ရှင်းလင်းလိုက်ပြီး သည်နှင့် ချက်ချင်း သူ၏ အမျိုးအမည် မသိသော ကြောက်စိတ်များသည် မှိန်ဖျော့သွားပြီး အမှန်မဟုတ်သော ပျော်ရွှင်မှုတစ်ခုနှင့် အစားထိုးသွား၏။
ကံတရားသည် ကောင်းကင်မှ လက်ဆောင်တစ်ခုကဲ့သို့ပင် ကိုင်တွယ်၍ မရသော အရာတစ်ခုဖြစ်သည်။
သို့သော် ကောင်းကင်ဘုံသည် ပိုင်မုန့်များအား လူတစ်ယောက်၏ ပေါင်ပေါ်သို့ အမှန်တကယ် ပစ်ချပေးမှာလား။
ဤအနီရောင်အမှတ်သည် အမှန်တကယ်ပင် cheat code တစ်ခုဖြစ်ခဲ့မည် ဆိုလျှင် ၎င်း၏ စည်းမျဉ်းများက မည်သို့ ဖြစ်လောက်မည်နည်း။
၎င်း၏ စွမ်းအားကရော မည်သည့်အရာ ဖြစ်လောက်သနည်း။ အဘယ်ကြောင့် ၎င်းသည် တစ်နေ့လျှင် တစ်ကြိမ်သာ သုံးနိုင်ရသနည်း။
၎င်းသည် တစ်ကြိမ်အသုံးပြုရန် လိုအပ်သည့် စွမ်းအင်အား တစ်နေ့လုံး စုပ်ယူမှသာ လုံလောက်သောကြောင့် ဖြစ်နိုင်သည်။ သူ၏ ခြေထောက်မှ အနီရောင် အမှတ်အသားသည် သူ၏အသက်စွမ်းအားကို လျော့ကျလာစေသည်ဟု ဆိုလိုသည်လား။
ထိုအတွေးသည် ဟယ်ရူကော အား ထိတ်လန့်သွားစေသည်။
ချမ်းသာခြင်းသည် အဖိုးတန်သော်လည်း ဘဝသည် ပို၍ပင် အဖိုးတန်၏။ အနီရောင်အမှတ်၏ သဘာဝအား မဖော်ထုတ်နိုင်ခင်အထိ သူသည် ၎င်းအား အလွဲသုံးစားမလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည်အတွေးလွန်ခြင်းကိုရပ်တန့်လိုက်ပီုး သူ၏မျက်မှန်အား ပင့်တင်ကာ ရှားပါးပစ္စည်း အသစ်ဖြစ်သောပန်းရောင်ကဒ်လေးကို အာရုံစိုက်လိုက်သည်။
(နာမည်) : အချစ်ကံကြမ္မာ
(အရည်အသွေး) : ရှားပါး
(အကဲဖြတ်ခြင်း) : အချစ်နှင့်ကံကြမ္မာအတွက် ဗေဒင်ဟောသည့်ကိရိယာ။ ရလဒ်များအား အာမမခံနိုင်သော်လည်း ရိုးသားခြင်းသည် ၎င်းအား ပို၍ထိရောက်မှုရှိစေသည်။
(ညွှန်ကြားချက်များ): screen ရှေ့တွင် သင်ကြိုက်နေသည့်သူ၏ပုံစံအား ကျယ်လောင်စွာ ပြောဆိုပါ။
(ကန့်သတ်ချက်) : တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
ဂိမ်း၏ရှားပါးပစ္စည်းများတွင် တကယ်ပင် အတိုင်းအတာ ကျယ်ကျယ်ဝေးဝေး ရှိ၏။
ဒါက တစ်ခြား ငွေလိမ်တဲ့ တစ်ခုခုများ ဖြစ်နိုင်လား…
သူသည် တစ်ခါကတွေ့ခဲ့ဖူးသည့် ဗေဒင်ဝဘ်ဆိုဒ်ကို သတိရမိသွားသည်။
သူ၏မွေးသက္ကရာဇ်နှင့် အချိန်အား အလေးအနက် ဖြည့်ပြီး "တွက်ချက်မည်" အား နှိပ်လိုက်သောအခါ ငွေပေးချေခိုင်းသည့် အရာတစ်ခုပေါ်လာသည်။
ဆင်းရဲမွဲတေမှုသည် ဟယ်ရူကော အား အယူသီးခြင်းကို ခံနိုင်ရည် ရှိစေခဲ့၏။
တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးသည့်နောက် ဂိမ်းscreen ၏ အဖွင့်ပုံရိပ်ဖြစ်သော စစ်အဝတ်အစားနှင့် နတ်ဘုရားတစ်ပါးသည် သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူသည် screen အား မျက်နှာချင်းဆိုင်၍ တီးတိုးပြောလိုက်သည်။
"ခန့်ညားရမယ်"
တစ်ဖက်လူက စက္ကူပေါ်မှ 2D ဇာတ်ကောင်လောက်မျှ ရုပ်မချောလျှင် အဘယ်ကြောင့် ချိန်းတွေတော့မည်နည်း… ကာတွန်းဇာတ်ကောင်များသည် အလွန်ကောင်းမွန်ကာ ယူနီဖောင်းများဖြင့် ဆွဲဆောင်မှုရှပြီး ချစ်စရာကောင်းသည့် ကျားဖြူလေးများကဲ့သို့ပင် အသွင်ပြောင်းနိုင်သေးသည်။
"စိတ်ထားအရမ်းကောင်းစရာမလိုဘူး.."
ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က စိတ်ထားကောင်းနေပြီသားလေ။
"ဒါပေမဲ့ ငါ့အပေါ်တော့ ကောင်းရမယ်..."
နှစ်ပေါင်းများစွာကြာပြီးနောက်မှာတောင် လူတစ်ယောက်က ရုတ်တရက်အထီးကျန်စိတ်ကြောင့် တစ်ခါတစ်ခါအကာအကွယ်မဲ့သွားလိမ့်မည်။
မနေ့ကကဲ့သို့ပင်၊ သူသည်အရက်မူး၍ စားပွဲပေါ်တွင် အိပ်ပျော်သွားခဲ့ပြီး နာနာကျင်ကျင်နှင့် အားမရှိစွာ နိုးထလာခဲ့ပြီး တစ်ခဏလေးအတွင်းမှာပင် အကူအညီမဲ့သည့် ခံစားချက်အား ခံစားလိုက်ရသည်။
သူသည် သူ၏ ပုံခုံးပေါ်သို့ စောင်အပါးလေးတစ်ထည် ပုခုံးထက်၌ ခြုံပေးတာမျိုး သူ၏ လက်ထဲသို့ ကော်ဖီပူပူလေး တစ်ခွက် ထည့်ပေးတာမျိုးသို့မဟုတ် ညအိပ်ခါနီး ပွေ့ဖက်မှုလေး တစ်မျိုး စသည်တို့အား တောင်းတခဲ့ဖူးသည်။
ဤသို့ဖြင့် သူသည် ရုတ်တရက် သတိရလာသည်။
သူသည် တစ်ခါမှ အပွေ့ဖက်ခံရဖူးပေ…
တစ်စုံတစ်ယောက်ကို ဆုပ်ကိုင်ထားရတာက ဘယ်လိုခံစားရလောက်လဲ။ နွေးထွေးလောက်လား။ နွေးနေလိမ့်မယ် ထင်တယ်။
"ပြီးတော့ ငါတို့က တစ်ယောက်ကိုတစ်ယောက်လဲ သဘောကျရမယ်"
သူ၏နှုတ်ခမ်းသည် ဖျော့တော့တော့ အပြုံးတစ်ခု အဖြစ်သို့ ကွေးတက်သွားသည်။
"ပြီးတော့ သူက ချမ်းသာရမယ်"
ပန်းရောင်မက်မွန်သီးကဒ်လေးအား နှိပ်လိုက်သော အခါ ၎င်းသည် အကြိမ်အနည်းငယ်ခန့် လည်နေ၏။ ရပ်တန့်သွားသော အခါ screenပေါ်တွင် ပန်းရောင် စကားလုံးလေးများ ပေါ်လာသည်။
[အိမ်ထောင်ရေး]: ကြည်နူးဖွယ်ကောင်းသော ကံကောင်းမှု
[ကံကြမ္မာ]: ချမ်းသာတဲ့ခင်ပွန်း
[ရလဒ်]: သင်ချစ်တဲ့လူက ပြစ်ချက်ကင်းတဲ့သူရဲကောင်းတစ်ယောက်ပါ။ တစ်နေ့တွင် သင်သည် သက်တံ့ရောင် ပူဖောင်းများ သယ်ဆောင်လာသော သူ့ထံ ရောက်ရှိသွားလိမ့်မည်။ ထိုအချိန်မှစ၍ အချင်းချင်း ဖေးမကူညီပြီး အသက်ကြီးလာကြမည်။
အဓိပ္ပါယ်က သိသိသာသာကို အလွန်ကောင်းမွန်ပေမဲ့ ဟယ်ရူကောကတော့ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ သူထပ်ခါတလဲလဲလှည့်ပြီး အကြိမ်ပေါင်းများစွာ ဖတ်ကြည့်လိုက်ပြီးမှ ရုတ်တရက်တစ်ခုခုမှားနေမှန်းသဘောပေါက်သွားသည်။
"ခင်ပွန်းသည်ထံ စည်းစိမ်ဥစ္စာများ သယ်ဆောင်လာခြင်း"
ထို့ကြောင့် ဤဂိမ်းသည် အမှန်တကယ်ပင် မိန်းကလေးများအတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်လောက်မည်။ ဟုတ်တယ်မလား…
အချစ်ရေးပစ်မှတ်တွေကို လိင်တစ်မျိုးတည်းအတွက် ဦးတည်ထားတာတင် မဟုတ်ဘူး… အချစ်ကံဇာတာကလည်း အမျိုးသမီးတွေနဲ့ပဲ ကိုက်ညီတယ်…
ဤအမှိုက်ဂိမ်းအား လှောင်ပြောင်ပြီးနောက်တွင် ဟယ်ရူကော သည် ယောင်ဝါးဝါး ဖြစ်နေဆဲ ဖြစ်သည်။
တကယ်ကြီး ဘာကမှားသွားတာလဲ…
—"ခန့်ညားရမယ်။"
သူ၏စကားလုံးသည် သူ၏ အတွေးထဲတွင် ပဲ့တင်ထပ်နေ၏။
ဟယ်ရူကော : "...?!"
ဘာလို့ သူ့ရဲ့ ပထမဆုံးအတွေးက "ခန့်ညားရမယ်" ဖြစ်နေတာလဲ… လှပရမယ် ဖြစ်သင့်တာမဟုတ်ဘူးလား…
ဤဂိမ်းသည် သိသိသာသာပင်သူ့အား ဦးနှောင်ဆေးနေပြီး သူ၏အတွေးများကို ရှုပ်ထွေးအောင် ပြုလုပ်နေသည်။
ဒါက ဂိမ်းရဲ့ အမှားပဲ ..
ဟယ်ရူကောသည် သူ့ကိုယ်သူ လုံးဝ အဖြောင့်တစ်ယောက်ဖြစ်ပြီး သံမဏိကဲ့သို့ စိတ်ထားမျိုးရှိသော လူတစ်ယောက်ဟု လဒ့းဝ ယုံကြည်နေခဲ့သည်။
စိတ်သက်သာရာ ရသွားပြီးနောက်တွင် ဂိမ်းထဲသို့ ပြန်ဝင်လိုက်သည်။ heart များမရှိသဖြင့် သူသည် ရှေ့သို့သာ ဆက်သွားနိုင်၏။ မကြာမီတွင် သူ့ထံ၌ မဖွင့်ရသေးသော ပန်းရောင်ဆေးတောင့် ရှစ်ခုရှိလာပြီး ပထမစမ်းသပ်မှု၏ အဆုံးသတ်အထိသို့ ခုန်တက်သွားသည်။
("Ice project" အောင်မြင်စွာပြီးမြောက်ခဲ့သည်။
စုစုပေါင်းစမ်းသပ်မှုကြာချိန်- 91*24 နာရီ
ရှင်သန်နှုန်း- 10%
ရှင်သန်နေသူများ- နံပါတ် ၁၉၊ နံပါတ် ၂၀
သင်၏စွမ်းဆောင်ရည်- ထူးချွန်သည် (စမ်းသပ်မှုစည်းမျဉ်းများကို မချိုးဖောက်ပါနှင့်၊ ပိုးကောင်များသည် သတ္တဝါများအား မထိခိုက်စေရန် အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။)
(သင်၏ "ရေခဲပရောဂျက်"၌ ထူးချွန်စွာစွမ်းဆောင်ခဲ့မှုသည် ရှဲ့ ၏ အသိအမှတ်ပြုခြင်းအား ရရှိခဲ့သည်။ ယခုသင်သည် ဒုတိယစမ်းသပ်ချက်ဖြစ်တဲ့ "သေခြင်းတရား၏ အတောင်ပံများ" တွင် ပါဝင်ရန် အရည်အချင်းပြည့်မှီသွားပါပြီ။
၎င်းသည် ရက်စက်ပြီး ရူးသွပ်သော ကိုယ်တွင်း အင်္ဂါ အစားထိုးသည့် စမ်းသပ်ချက် တစ်ခု ဖြစ်သည်။ ရှန်းဟိုင်မိဘမဲ့ ဂေဟာမှ ပျောက်ဆုံးသွားသူများသည် အင်းစက် အတောင်ပံများမှာ ဇာခ့်များ၏ စွမ်းအင်အရင်းအမြစ်ဟု ယုံကြည်ထားကြသည်။ ဉာဏ်ရည်နိမ့်ပြီး မြင့်မားတဲ့စစ်တပ်အင်အားရှိတဲ့ဇာ့ခ်က သူတို့ရဲ့အင်းဆက်တောင်ပံတွေကြောင့် မက်ချာတွေကို သူတို့ရဲ့အသွေးအသားနှင့်ဆန့်ကျင်တိုက်ခိုက်နိုင်ပါတယ်။ သူတို့က ဇာ့ခ်ရဲ့မျိုးရိုးဗီဇကုဒ်နဲ့စိတ်ဝိညာဉ်ပင်လယ်ကို ဖြိုခွဲခြင်း၌ အောင်မြင်ပါက ၎င်းတို့သည် ပြီးပြည့်စုံသော စစ်ပွဲသုံးစက်ပစ္စည်းအား ဖန်တီးနိုင်မည်ဖြစ်သည်။
သေခြင်း၏အတောင်ပံများ— သေမင်းသည် သူ၏အတောင်ပံများကိုဖြန့်ကာ ကောင်းကင်သို့ ဖြတ်၍ပျံသန်းသောအခါ၊ ထွက်ပေါ်လာသည့်နေမင်းကြီးသည်ပင် အရိပ်ထဲ၌ဖုံးလွှမ်းသွားလိမ့်မည်။)