no

Font
Theme

အခန်း ၁၆ - နှင်းဆီရောင်ဂါချာပွန်လေး

ဟယ်ရူကော တစ်ယောက် မနက်မိုးလင်းခါနီးအထိ စာရေးနေခဲ့သည်။

သူ ဒီလောက်ထိ ညဉ့်နက်ခံပြီး စာမရေးဖြစ်တာ ကြာလှပြီပင်။

မှတ်ချက်ပေးသည့်နေရာတွင်ရေးသားထားကြသည့် နွေးထွေးသော မှတ်ချက်များကို တွေ့ပြီးနောက် သူ၏ စိတ်ကူးစိတ်သန်းများက ရေပန်းကနေပွင့်ထွက်လာသလိုပင်။

စကားလုံး ၉၀၀၀ ကို တစ်ထိုင်တည်း အပြီးရေးသားလိုက်ပြီးနောက်

ဟယ်ရူကော လည်း အသစ်ရေးထားသည့်စာမူကို စာမူအကြမ်းထည့်သည့်ပုံးထဲသို့ ပစ်ထည့်လိုက်ကာ အညောင်းအညာတစ်ချက်ဆန့်ရင်း

အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း အိပ်ခါနီးတွင် အချိန်ကို တစ်ချက်ကြည့်လိုက်မိရာ ဂိမ်းထဲသို့ နေ့စဥ်အဝင်ပြရန် sign-in ဝင်ရမည့်အချိန်ကိုမှီသေးကြောင်းကို သတိပြုမိသွားသည်။

ဟယ်ရူကောလည်း ဂိမ်းထဲသို့ ဝင်ရောက်လိုက်ပြီးနောက်၊ ဒုတိယနေ့အတွက် sign-in ဝင်ရောက်ခြင်းကိုပါ ပြီးမြောက်အောင် လုပ်ဆောင်လိုက်သည်။

sign-in ပြပြီးသွားပြီဖြစ်၍ ဟယ်ရူကောလည်း ကျားဖြူလေးကို သွားကြည့်ရန် အမှတ် ၂၀ အခန်းဆီသို့ ခြေဦးလှည့်လိုက်သည်။

ကျားဖြူလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီဖြစ်ပြီး အိပ်နေသည့်ပုံစံလေးကလည်း အလွန်ကိုချစ်စဖွယ်ကောင်းနေသည်။

ခေါင်းလေးကလည်း သူ၏လက်ဖဝါးနှစ်ဖက်ပေါ်ကို စောင်းပြီးဖိထားရာ ကျားနှုတ်ခမ်းမွေးလေးများ၏ တစ်ဖက်ခြမ်းမှာ သူ့မျက်နှာနှင့်လက်ဖဝါးကြားတွင် ညပ်နေကာ ကျန်တစ်ဖက်ကမူ မိုးပေါ်ထောင်ထားသလို တည့်တည့်လေးထောင်နေသည်။

ကျားဖြူလေး အသက်ရှူလိုက်တိုင်းမှာလည်း ထောင်နေသည့် ကျားမွှေးလေးများက ခန္ဓာကိုယ်က နိမ့်လိုက်မြင့်လိုက့်ဖြစ်နေသည့်အတိုင်း တုန်ခါနေသေးသည်။

ဒီပုံစံလေးက ဟယ်ရူကောကို အူတွေ ယားလာစေပြီး ကျားမွှေးလေးတွေကို လက်ဖြင့် သွားဆွဲပြီးကစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။

'ကျားဖြူလေးကို သူ့ကုတင်ပေါ်ခေါ်ပြီး အတူတူအိပ်လို့ရရင် ကောင်းမှာပဲ'

ဟယ်ရူကောလည်း ခေါင်းထဲသို့ ခဏတာဝင်လာသည့် အတွေးကို ခါထုတ်လိုက်ပြီးနောက် လေပေါ်တွင်ပေါ်နေသည့် [လက်ရှိအခြေအနေ] ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။

[ရင်းနှီးမှု] : နံပါတ် ၂၀ က သင်နဲ့အတူရှိနေရတာကို သဘောကျပါတယ်သဘောကျမှု ၆၅

[မနိုးထသေး] : အမှတ် ၂၀ က မကောင်းဆိုးဝါးလေးတစ်ကောင်ဖြစ်ကြောင်းကို သင်ကလွဲ၍ ဘယ်သူမှ မသိရှိသေးပါ။

ဟယ်ရူကောက အခြားအချက်အလက်များကို ဆက်လက်ကြည့်ရှုလိုက်သည်။

Heart - ၅၃

သာမန်ဆေးဝါး - ၁

ဘက်စုံသုံးဖြန်းဆေး - ၁

သူကိုယ်တိုင်ပင် မသိလိုက်ပါပဲ Heartလေးများက အခု ၅၀ ကျော်သွားပြီဖြစ်ရာ တစ်ခုခုသွားဝယ်လို့ရနေပြီဖြစ်သည်။

'အချစ်ဈေးဆိုင်'ကို ဖွင့်ပြီးကတည်းက ဟယ်ရူကော က ဈေးတန်းထဲကို သေချာမကြည့်ဖြစ်သေးပေ။

ယခုတော့ သူလည်း စိတ်ပါနေတာမို့ ဈေးတန်းထဲသို့ ဝင်ရောက်လည်ပတ်ကြည့်ရှုလိုက်သည်။

သူက ပထမဆုံးအနေဖြင့် အစားအသောက်များရှိသည့်ကဏ္ဍသို့ သွားလိုက်သည်။

အစားအသောက်ကဏ္ဍတွင် သစ်သီးသကြားလုံး ၊ နို့ခဲသကြားလုံး၊ စတော်ဘယ်ရီကိတ်မုန့်၊ အထပ်ကိတ်မုန့်၊ အမဲသားခြောက်၊ ငါးခြောက်...စသည်ဖြင့် သရေစာမုန့်များစွာ ရှိနေသည်။

ကျားဖြူလေးက နို့စို့အရွယ်သာရှိသေးတာကြောင့် အသားငါးအများကြီး မစားနိုင်သေးပေ။

ထို့ကြောင့် အစားအစာအများစုက သော့ခတ်ထားသည့်အခြေအနေတွင် ရှိနေသည်။

ဟယ်ရူကော က အောက်သို့ဆက်ဆွဲကြည့်လိုက်ရာ ကြောင်ဆေးပင်ကို တွေ့လိုက်သည်။

[အမည်] : ကြောင်ဆေးပင် (Catnip)

[ဈေးနှုန်း] : heart၁၀ခု

[သုံးသပ်ချက်] : ကြောင်မျိုးနွယ် တိရစ္ဆာန်လေးတွေ အများစုက ဒီအပင်ကို ကြိုက်ကြပါသည်။

…ဝယ်ချင်လိုက်တာ။

ညနက်ချိန်တွေမှာ ဈေးဝယ်သည့် ဝက်ဘ်ဆိုက်တွေ မဖွင့်သင့်ဘူးဆိုတာ ဒါကြောင့်ပဲဖြစ်မှာပင်။

ဒီလိုအချိန်က လူတစ်ယောက်၏ ဆင်ခြင်တုံတရားကို ဈေးဝယ်ချင်စိတ်က ပိုပြီးလွှမ်းမိုးစေနိုင်သည်။

သူ့တွင်ရှိသည့် နှလုံးသား အရေအတွက်ကလည်း ဟယ်ရူကော ကို ပြန်လည်တည်ငြိမ်သွားစေသည်။

သူက 'အချစ်ဈေးဆိုင်' တစ်ခုလုံးကို လျှောက်ပတ်ကြည့်ပြီးမှ

ဘာဝယ်ရမည်ကို စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။

ဆေးဝါးကဏ္ဍက ပစ္စည်းတွေက အလွန်စုံလင်သည်။

အနောက်တိုင်း ပစ္စည်းများက ပို၍ ဈေးကြီးကာ ဆေးများတွင် အနာဂတ်ကလာသည့် ပုံစံတည်ဆောက်ထားသော ဆေးကုသခန်းငယ်များ ရှေးရိုးစွဲသူများထံမှ အဆောင်လက်ဖွဲ့များ နောက်ပြီးတော့ မှော်ပညာရှင်များထံမှလာသော မှော်ဆေးရည်များပင် ပါဝင်နေသည်။

ထို့နောက်တွင် တွေ့ရသည်က အဝတ်အထည်ကဏ္ဍ ဖြစ်သည်။

ရှေ့ဆုံးတွင် ကျားဖြူလေးအတွက် ဖိနပ်အသေးလေးများ၊

ချစ်စရာကောင်းသည့် အမွှေးပွအဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းငယ်လေးများ ရှိနေသည်။

အလယ်တွင်တော့ သော့ခတ်ထားသည့် လူပုံစံအဝတ်အစားများဖြစ်ပြီး၊ ကလေးဝတ်၊ ရုံးတက်ဝတ်စုံ၊ ပေါ့ပေါ့ပါးပါးဝတ်စုံ၊ စစ်ဝတ်စုံ၊ ရှေးခေတ်ဝတ်စုံ၊ နောက်ဆုံး... အမျိုးသမီးဝတ်စုံများပင် အစုံအလင် ပါဝင်နေသည်။

ဟယ်ရူကော မှာ ကြည့်ရင်းနှင့် မျက်စိများပင် ပြာဝေသွားကာ ကျားဖြူလေး၏ လူပုံစံကို စိတ်ကူးယဉ်ကြည့်မိလိုက်သည်။

အဲဒါ... ကျားနားရွက်လေးတွေ ကျားအမြီးလေးတွေပါတဲ့ ပုံစံမျိုးလေးများ ဖြစ်နေမလား။

နောက်တစ်ခုကတော့ ဖျော်ဖြေရေးပစ္စည်းများ ကဏ္ဍဖြစ်သည်။

ထိုထဲတွင် ကြောင်မျှားတံ၊ cat trees ၊ ကြောင်ကုတ်ပြား၊ ချိုလိမ်ခေါင်းနှင့် အမွှေးပွအရုပ်များ စသည်တို့အပြင်၊ အဆင့်မြင့်နည်းပညာသုံး ဖျော်ဖြေရေးပစ္စည်းများစွာလည်း ရှိနေသည်။

ဟယ်ရူကော က စိတ်ဝင်တစားဖြင့် ကြည့်နေရှုရင်းမှ mouse ကို အောက်သို့ ဆွဲလိုက်ရာ၊ နောက်ဆက်တွဲပစ္စည်းများကို မြင်လိုက်ရသည့်အခါတွင်တော့ သူ၏ပါးစပ်လည်း တဖြည်းဖြည်းဟ သွားရသည်။

[အမည်]: လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေး ကြာပွတ်

[ဈေးနှုန်း]: heart အခု၂၀

[သုံးသပ်ချက်]: ဒီကြာပွတ်ရဲ့ ဘေးနှစ်ဖက်မှာ မြွေလျှာလို အခွဲလေးတွေ အများကြီးပါတာမို့၊ ကြာပွတ်ရာလေးနဲ့ ထူးခြားတဲ့အလှတရားတစ်ခု ဖန်ဆင်းပေးနိုင်ပါတယ်။

[အမည်]: လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေး လက်ထိပ်

[ဈေးနှုန်း]: heart ၁၅ ခု

[သုံးသပ်ချက်]: သူ့အရောင်က ရွှေရောင်နဲ့ပန်းရောင်စပ်ထားတာမို့၊ ဖြူဖွေးတဲ့အသားအရေနဲ့ သိပ်လိုက်ဖက်ပါတယ်။

ဟယ်ရူကော: "!!!"

ဒါ..ဒါတွေက ဘယ်လိုတောင် ဆိုးရွားလှတဲ့ ပစ္စည်းတွေတုန်း!!!!

ဟယ်ရူကော မှာ အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားသည်။

သူက ဒီကဏ္ဍကို အလျင်အမြန်ပိတ်လိုက်ပြီးနောက် လက်နက်ကဏ္ဍကို ပြောင်းကြည့်လိုက်သည်။

သို့သော်လည်း လက်နက်ကဏ္ဍထဲက ကြာပွတ်များကို မြင်လိုက်ရသည့်အခါတိုင်း သူ၏ဦးနှောက်ထဲတွင် ဟိုထူးဆန်းသည့်အရာများသာ ထွက်ပေါ်လာသည်။

ရိုးသားဖြောင့်မတ်သည့် လူငယ်တစ်ယောက်အနေဖြင့် ဟယ်ရူကောက ဒီလိုရှုပ်ထွေးပွေလီသည့် အရာများနှင့် တစ်ခါမှ မထိတွေ့ခဲ့ဖူးပေ။

သို့သော်လည်း ကမ္ဘာသစ်တစ်ခု၏ တံခါးကို တွန်းဖွင့်မိသွားသည်နှင့်တစ်ပြိုင်နက် ထိုတံခါးကို ပြန်ပိတ်ရန် ခက်ခဲသွားလေပြီ။

'ငါက ဒီတိုင်း စပ်စုချင်ရုံလေးပါ'

စူးစမ်းချင်စိတ်နှင့် သိချင်စိတ်တို့ကြောင့် ဟယ်ရူကောက သူ၏မျက်မှန်ကို အသာပင့်တင်လိုက်ပြီးနောက် ဖျော်ဖြေရေးပစ္စည်းများ ရှိသည့် ကဏ္ဍသို့ ပြန်သွားကာ ထိုပပစ္စည်းများအားလုံးကို တစ်ခုမကျန် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။

ထိုမှတစ်ဆင့် သူ့စိတ်ကူးများက ဆက်စပ်တွေးတောမိသွားသည့် နက်ရှိုင်းသည့် အတွေးနယ်ပယ်ထဲတွင်တော့ ဂိမ်းစဖွင့်ဖွင့်ချင်းဆို ပေါ်လာတတ်သည့် စစ်ဝတ်စုံနှင့် အမျိုးသားနတ်ဘုရား၏ ပုံရိပ်က စိုးမိုးသွားသည်။

ပညာရပ်အသစ်များကို လေ့လာသင်ယူခြင်းက အတော်လေး ခြေကုန်လက်ပမ်းကျစေတာပင်။

ဟယ်ရူကော၏ နားရွက်ဖျားများက တဖြည်းဖြည်း ပန်းရောင်သန်းလာကြသည်။

အမြဲတမ်း စာတော်သည့် ကျောင်းသားကောင်းဖြစ်ခဲ့သော ဟယ်ရူကောထံတွင် သူ၏လေ့လာမှုများတွင် အသုံးပြုသည့် လျှို့ဝှက်ချက်တစ်ခုရှိသည်။

ထိုလျှို့ဝှက်ချက်က အခြားမဟုတ်ပဲ ညမအိပ်ခင် သူသင်ယူခဲ့သည့် အသိပညာများကို ပြန်လည်သုံးသပ်ခြင်းပင်။

ထိုသို့သုံးသပ်ပြီးနောက်တွင်တော့ ဟယ်ရူကောတစ်ယောက် အိပ်မက်တစ်ခု မက်ခဲ့သည်။

သူ၏အိပ်မက်ထဲတွင် စစ်ဝတ်စုံနှင့် နတ်ဘုရားက သူ၏အပေါ်အင်္ကျီကို ဖွင့်လိုက်ရာ ပြီးပြည့်စုံသည့် အချိုးအစားများရှိသော ကြွက်သားများကို အထင်းသားမြင်လိုက်ရသည်။

တစ်ခုတည်းသော အပြစ်အနာအဆာဆိုလို့ သူ့ကိုယ်ပေါ်တွင် အဆင့်ဆင့်ဖြစ်ပေါ်နေသည့် အမာရွတ်များသာရှိသည်။

ထိုအမျိုးသား၏ အသံက ကျယ်သော်လည်း ဆွဲဆောင်မှုရှိပြီးသူ၏စကားလုံးတိုင်းတွင် ပြောမပြနိုင်သော ဆွဲဆောင်မှုတစ်ခုက ကိန်းအောင်းနေသည်။

"ရိုက်ပေးပါ"

ထို့နောက်တွင်တော့ ထိုအမျိုးသား၏ ပြီးပြည့်စုံလုနီးပါး ခန္ဓာကိုယ်ပေါ်တွင် နီရဲသော ကြာပွတ်ရာများက သူ့ကိုယ်ပေါ်မှ အရောင်များနှင့် ရောယှက်ကာသက်ဝင်လှုပ်ရှားနေသည့် ပန်းချီကားတစ်ချပ်ပမာ ထင်ကျန်ရစ်ခဲ့သည်။

နောက်တစ်နေ့မနက် အိပ်ရာမှထလာသည့် ဟယ်ရူကော ၏ မျက်နှာအမူအရာမှာ ကြောင်တောင်တောင်ဖြစ်နေတော့သည်။

ညကမက်ခဲ့သည့် အိပ်မက်ကလည်း သူ့မျက်လုံးထဲတွင် ထင်ထင်ရှားရှားကြီး ကျန်နေတုန်းပင်။

သူ့ဘဝတွင်လည်း ပထမဆုံးအကြိမ်အဖြစ် သူ၏အကြိုက်များနှင့်ပတ်သက်သည့် ကြီးကြီးမားမား သံသယတို့ ဝင်ရောက်လာရသည်။

မနက်ခင်း အစာကျွေးသည့်အချိန်မှာလည်း ဟယ်ရူကောတစ်ယောက် ကျားဖြူလေးနှင့် စကားပြောရန် မျက်နှာပူနေမိသည်။

ကျားဖြူလေး၏ ကြည်လင်တောက်ပသော အပြာရောင်မျက်လုံးများရှေ့တွင် ဟယ်ရူကောမှာ အပြစ်ရှိသလိုခံစားနေရပြီး အရှက်ရနေတာကြောင့် ပြေးပုန်းစရာနေရာမရှိ ဖြစ်နေရသည်။

သူက ဂိမ်းထဲမှ အမြန်ထွက်လိုက်ပြီးနောက် ဘာမှမရှိသည့် စာမျက်နှာအလွတ်ကြီးကိုသာ ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိသည်။

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက် : "နိုးပြီလားကွ၊ နေ့သစ်မှာလည်း စိတ်သစ်လူသစ်နဲ့ စာရေးကြမယ်လေ"

ရူကော : "စိတ်ညစ်တယ်၊ စာရိုက်ချင်စိတ်မရှိဘူး"

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်: "ဘာဖြစ်လို့တုန်းဟ"

အိပ်မက်အကြောင်းက ပြောရခက်တာမို့ ဟယ်ရူကောက စိတ်မလုံမလဲဖြင့် ပြန်ဖြေလိုက်သည်။

"ဘာမှမဖြစ်ပါဘူး ဂိမ်းတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေလို့"

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်: "မင်းက အချစ်ဂိမ်းတွေပဲ ကစားတာမဟုတ်ဘူးလား ဒီလိုဂိမ်းမှာ ဘာစိတ်ညစ်စရာရှိလို့လဲ ဘယ်သူမှ မင်းကို သုံးစားမရဘူး (noob) လို့ လာပြောမှာမှ မဟုတ်တာ"

(Adm note: noob ဂိမ်းလောကမှ မသိမတတ်တာကိုလက်မခံပဲ စဆရကလုပ်တဲ့သူတွေကိုခေါ်တဲ့ ဗန်းစကား)

ရူကော : "...မင်းက အချစ်ဂိမ်းတွေအပေါ် အမြင်စောင်းနေလို့ ဒီလိုပြောတာလေ၊ အချစ်ဂိမ်းတွေကလည်း ခက်တယ်ကွ၊ သိရဲ့လား"

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်: "ဥပမာပြောလေ"

ရူကော : "ဂိမ်းထဲကအချိန်က အပြင်ကအချိန်နဲ့ တစ်ထပ်တည်းပဲကွ ငါ့မှာ ဂိမ်းထဲကဇာတ်ကောင်နဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ဖို့ အစားကျွေးတဲ့အချိန် သုံးကြိမ်မှာပဲ အချိန်ရတာ ဒီတော့ တိုးတက်တာကလည်း အရမ်းနှေးတယ်"

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်: "ဒါများ၊ မင်းရဲ့ ကွန်ပျူတာ (ဒါမှမဟုတ်) ဖုန်းကနေ အချိန်ကို ပြောင်းကြည့်ပါလား၊ အချိန်ကို နာရီပိုင်းလောက် ရှေ့တိုးလိုက်ပြီး၊ ဂိမ်းထဲက အချိန်ပါ ပြောင်းသွားမလား ကြည့်လိုက်လေ"

သူက ဒီအတိုင်း ညည်းညူလိုက်ရုံသာဖြစ်သော်လည်း မမျှော်လင့်ဘဲ အကြံဉာဏ်ရလိုက်တာကြောင့် ဟယ်ရူကော က စမ်းသပ်ကြည့်သည့်သဘောဖြင့် အချိန်ကို ရှေ့တိုးကြည့်လိုက်သည်။

ယခု မနက် ၈ နာရီခွဲကို သူက သုံးနာရီရှေ့တိုးလိုက်ရာ ဂိမ်းထဲက အချိန်က အမှန်တကယ်ပင် နေ့လယ် ၁၁ နာရီခွဲသို့ ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။

နေ့စဉ်တာဝန်ဖြစ်သည့် အစာကျွေးခြင်းကလည်း နေ့လယ်စာကျွေးရမည့် အချိန်သို့ ရောက်ရှိသွားသည်။

ဟယ်ရူကော တစ်ယောက် ကြက်သေသေသွားရသည်။

ရူကော: "ဒီလို နှစ်ကျပ်ကွက်က တကယ်အလုပ်ဖြစ်တာပဲ"

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်:"ပျော်သွားပြီလား"

ရူကော: "ပျော်သွားပြီ"

ခံစားချက်တွေမရှိတော့တဲ့ စာရိုက်စက် : "ပျော်ရင် စာလာရေးတော့၊ 'အမှောင်ခန်းလေး' ထဲမှာ စာလုံးရေ ၃၀၀၀ ဝင်ရိုက်ကြမယ်၊ မပြီးမချင်း ထွက်မလာရဘူး၊ 3123000"

(Adm note: 'အမှောင်ခန်းလေး' 小黑屋 ကonline writingလောကရဲ့ slangပါရှင် တကယ့်အခန်းမဟုတ်ပါဘူး။ စိတ်ကူးစိတ်သန်းထဲကိုယ့်ကိုယ်ကိုပိတ်ပြီးစာရေးဖို့ ဟာသနှောပြီးပြောတဲ့ပုံစံပါ)

သူ့သူငယ်ချင်း၏ အတင်းအကျပ်တောင်းဆိုမှုကြောင့် ဟယ်ရူကောမှာလည်း 'အမှောင်ခန်းလေး' ကို ဖွင့်ပြီး စာရိုက်ရတော့သည်။ သူ စကားလုံးတစ်ထောင် ရိုက်ပြီးသည့်အချိန်တွင် QQ၌သူငယ်ချင်းဆီမှ စာဝင်လာသည်ကို တွေ့လိုက်ရသည်။။

ဟယ်ရူကောလည်း ထိုစာကိုမကြည့်ဘဲနဲ့ပင် ထိုရူးနေသလို စာရိုက်သည့်စက်က စကားလုံး သုံးထောင် ပြီးသွားပြီဆိုတာကို သိလိုက်သည်။ ဟယ်ရူကောခမျာ ပင်ပင်ပန်းပန်းဖြင့် စာလုံး သုံးထောင် ရေးပြီးသွားချိန်မှာတော့တစ်ဖက်က သူ့သူငယ်ချင်း စာရိုက်စက်က သူရေးရမည့် စလုံး ကိုးထောင်ကို ရေးပြီးသွားပြီဖြစ်သည်။

ခံစားချက်တွေမရှိတော့တဲ့ စာရိုက်စက် : "မင်းကို အပျင်းတစ်ခွင့်ပြုတယ် အခု ဆယ်နာရီခွဲနော် မင်း နေ့လယ်စာစားပြီးတာနဲ့ စာပြန်ရိုက်ရမယ်.. ဒီနေ့ စာလုံး ကိုးထောင် မပြီးရင်..မင်းရဲ့စာဖတ်ပရိသတ်တွေကို 'ခိုသားပေါင်း' ကို ဘယ်လိုလုပ်ရမလဲဆိုတာ ငါသွားပြလိုက်မှာ"

(Adm note: 鸽 ခိုအသံထွက်နဲ့ slangတစ်ခုဖြစ်တဲ့“鸽更” update နောက်ကျတာရဲ့အသံထွက်ကဆင်ပါတယ်။ 'ခိုသားပေါင်း'红烧鸽子= မင်းရဲ့fanတွေရှေ့မှာမင်းကိုအပြစ်ပေးပြမယ်အဓိပ္ပာယ်ပါ)

အဆူအဆဲခံလိုက်ရသည့် ဟယ်ရူကောလည်း သူ ခက်ခက်ခဲခဲရုန်းကန်ပြီးမှ ရလာသည့် ဒီအနားယူချိန်လေးကို အထူးတန်ဖိုးထားသည်။

သူက ဂိမ်းထဲသို့ ဝင်ရောက်လိုက်ပြီးနောက် အချိန်ကို ရှေ့သို့ဆက်တိုက်ရစ်ပစ်လိုက်သည်။

၄ x ၂၄ နာရီ (လေးရက်) ကြာအောင် အမြန်ရစ်လိုက်ပြီးနောက်ဇာတ်လမ်းက အတော်လေးရှေ့ရောက်သွားသည်။

ဟယ်ရူကော သတိပြုမိသွားတာက NPC ဟွမ်ယုံးက နေ့တိုင်း အချက်အလက်တွေ လာတိုင်းတာတာ မဟုတ်ဘူးဆိုတာပင်။

ပထမ သုံးရက်မှာသာ သူက နေ့တိုင်း သတ္တုခေါင်းစွပ်ကို သုံးပြီး တိုင်းတာခဲ့ပြီး နောက်ပိုင်းတွင် ခုနစ်ရက်တစ်ကြိမ်သာ တိုင်းတာတော့သည်။

တိုင်းတာမှုပြုလုပ်သည့် ပထမနေ့တွင် သေဆုံးသွားသည့် စမ်းသပ်ခံသတ္တဝါလေးများမှာ နံပါတ် ၁၊ ၈၊ ၁၃ တို့ဖြစ်ကြပြီး တိုင်းတာမှုပြုလုပ်သည့် ဒုတိယနေ့တွင် သေဆုံးသွားသည့် စမ်းသပ်ခံသတ္တဝါလေးများမှာ အမှတ် ၄၊ ၇၊ ၁၁၊ ၁၇၊ ၁၈ တို့ဖြစ်ကြသည်။

တိုင်းတာမှုပြုလုပ်သည့် တတိယနေ့တွင် သေဆုံးသွားသည့် စမ်းသပ်ခံသတ္တဝါလေးများမှာ အမှတ် ၃၊ ၆၊ ၁၂ တို့ဖြစ်သည်။

ဂိမ်းထဲမှ အချိန် ခုနစ်ရက်ကျော်လွန်သွားချိန်မှာတော့ အသက်ရှင်ကျန်ရစ်သည့် တိရစ္ဆာန်ငယ်လေးများမှာ ကိုးကောင်သာ ကျန်တော့သည်။

သူက ဆက်တိုက် အရှေ့ကိုရစ်ခဲ့ခြင်းကြောင့် ပဲလားတော့မသိ ဟယ်ရူကောလည်း ဒီတိရစ္ဆာန်ငယ်လေးများ၏ သေဆုံးမှုအပေါ် သိပ်ပြီး စိတ်ထိခိုက် ခံစားရခြင်းမရှိတော့ပေ။

အချိန်တွေကို အမြန်ရစ်ပြီးနောက် ဟယ်ရူကောက ဂိမ်းအတွင်းသို့ ခုနစ်ရက်လုံးလုံး နေ့စဉ်ဝင်ရောက်နိုင်ခဲ့ကာ ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ် ရရှိခဲ့သည်။

[ နှင်းဆီရောင်ဂါချာပွန်ဥလေး :ဒါက သင် ဂိမ်းထဲကို ခုနစ်ရက်ဆက်တိုက် နေ့စဉ်ဝင်ရောက်ခဲ့တာကြောင့် ရရှိလာတဲ့ နှင်းဆီရောင် ဂါချာပွန်ဥလေး ဖြစ်ပါတယ်။ ဖွင့်ကြည့်လိုက်ပါ။သင့်ကို အံ့သြသွားစေမယ့် အရာတစ်ခုခုကို ရရှိနိုင်ပေမယ့် စိတ်ပျက်ရဖို့ကတော့ ရာခိုင်နှုန်းများပါတယ်။

မှတ်ချက်: နှင်းဆီရောင်ဂါချာပွန်ဥလေးကိုဖောက်သည့် အထဲမှ ကံမကောင်းသူ ၉၉ ရာခိုင်နှုန်းမှာ သစ်သီးသကြားလုံးတစ်လုံးပဲ ရရှိတတ်ကြပါတယ် ]

သူရရှိလာသည့် နှင်းဆီရောင်ဥပုံစံလေးက ဟိုဟိုဒီဒီ ယိမ်းထိုးနေပြီး မျက်နှာပြင်တစ်ခုလုံးတွင်လည်း ပန်းရောင်ရေမြှုပ်လေးများဖြင့် ပြည့်နှက်နေသည်။

ဟယ်ရူကောက စိတ်လှုပ်ရှားစွာဖြင့် ထိုဥလေးကို mouse ဖြင့် နှစ်ချက်နှိပ်လိုက်သည်။

အာရှတိုက်သားတစ်ယောက်ဖြစ်တဲ့ သူ့အတွက် အများဆုံးပေါက်ဖူးတဲ့ဆုမှာ "နောက်တစ်ကြိမ် ကံစမ်းပါ” ဆိုသည့် စာတန်းသာဖြစ်သည်။

သူက ကံကြမ္မာနတ်သမီး၏ မျက်နှာသာပေးခြင်းကို မခံရသော်လည်း ကံဆိုးလွန်းသူတစ်ယောက်လည်း မဟုတ်ပေ…

ခဏလေး သူ ဒီရက်ပိုင်းအတွင်း သိပ်ပြီးကံမကောင်းနေသလိုပင်။

ဟယ်ရူကော က အလိုအလျောက်ပင် သူ့ပေါင်သူ ပြန်ကြည့်လိုက်မိသည်။

ဒါက သူစိတ်ထင်တာ သက်သက်ပဲလားတော့ မသိ ထိုဂါချာပွန်ဥလေးကို နှိပ်လိုက်သည့်အခိုက်အတန့်တွင် သူ၏ပေါင်ပေါ်က အနီရောင်အစင်းကြောင်း ရှိသည့်နေရာက ရုတ်တရက် ပူနွေးလာသလိုပင်။

အခုက နွေရာသီဖြစ်တာကြောင့် ဟယ်ရူကော က ဘောင်းဘီတိုဝတ်ထားသည်။

သူက ဘောင်းဘီခေါက်ကို အပေါ်သို့ လိပ်တင်လိုက်ပြီးနောက် သူ့ကိုယ်ပေါ်က အနီရောင်အစင်းကြောင်းက ဘာတွေပြောင်းလဲသွားသလဲဆိုတာ ကြည့်ရှုရန် ကြိုးစားလိုက်သည်။

မူလက လက်ဖဝါးအရွယ်အစားရှိသည့် အနီရောင်အစင်းကြောင်းက အခုတဖြည်းဖြည်း မှိန်ဖျော့သွားသလိုပင်။

အစကလိုမျိုး တောက်ပနေခြင်းမရှိတော့ဘဲ အနီရောင်ဆိုးဆေးကို ရေရောလိုက်သလိုမျိုး အရောင်ဖျော့သွားသည်။

မျက်မှောင်ကို တင်းတင်းကြုတ်ထားရင်းမှ ဟယ်ရူကော တစ်ယောက် နက်နက်နဲနဲ စဉ်းစားခန်းဝင်နေစဥ်မှာပင် ဂိမ်းထဲမှ "တန် တန့် တန်" ဆိုသည့် အသံကို ကြားလိုက်ရသည်။

မျက်နှာပြင်ပေါ်တွင်မြင်နေရသည့် ဂါချာပွန်ဥလေးက ပွင့်သွားပြီးနောက် အတွင်းထဲတွင် အနီနှင့်အဖြူရောင်စပ်ထားသည့် ဘောလုံးလေးတစ်လုံးက ထွက်ပေါ်လာသည်။ ဒီပုံစံက ရှင်းမပြနိုင်သည့် ရင်းနှီးမှုတစ်မျိုးကို ပေးစွမ်းနေတာပင်။

ဘောလုံးပေါ်တွင်လည်း တလက်လက်တောက်ပနေသည့် effect များကိုတင်ထားရာ ထိုအလုံးလေးက အလွန်တရာ တောက်ပနေတော့သည်။

[အမည်] : မှင်စာလေးတွေစုနိုင်တဲ့ဘောလုံးလေး

[အရည်အသွေး] : ရှားပါးပစ္စည်း

[သုံးသပ်ချက်] : အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ၊ "Go၊ Pikachu" လို့ အော်လိုက်ရုံနဲ့၊ အတွင်း ပိုကီမွန်လေးက သင့်ကို ကူညီပေးမှာပါ၊ ဒါပေမဲ့ အဓိကအချက်ကတော့ အသုံးပြုဖို့အတွက် နတ်သူငယ်လေးတစ်ကောင်ကို အရင်ဖမ်းဆီးနိုင်ဖို့ လိုအပ်ပါတယ်။

မှတ်ချက်: နတ်သူငယ်လေးများ၊

ဒီဂိမ်းက တိရစ္ဆာန်ငယ်လေးတွေ သေဆုံးပြီးနောက်မှာ အထီးကျန် တစ္ဆေဝိညာဥ်များ မဖြစ်သွားဘဲ ချစ်စရာကောင်းတဲ့ နတ်သူငယ်လေးတွေ ဖြစ်သွားတယ်လို့ ယုံကြည်ထားပါတယ်။

အသုံးပြုပုံ : တိရစ္ဆာန်ငယ်လေးတစ်ကောင် သေဆုံးပြီး သုံးစက္ကန့်အတွင်းမှာ နတ်သူငယ်လေးကို ဖမ်းဆီးရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

အောင်မြင်စွာ ဖမ်းဆီးနိုင်ခြေကလည်း တိရစ္ဆာန်ငယ်လေး၏ သင့်အပေါ်ထားရှိသည့် သဘောကျမှုရာခိုင်နှုန်းနှင့် သက်ဆိုင်ပါသည်။

ကန့်သတ်ချက်: ဘောလုံးတစ်လုံးက နတ်သူငယ်လေး တစ်ကောင်ကိုသာ ဖမ်းဆီးနိုင်ပါသည်။ ကစားသမားအနေဖြင့် လောဘမကြီးပါနှင့်။

ဟယ်ရူကော တစ်ယောက် ခဏတာမျှ ကြောင်ငေးသွားရသည်။

ဒါဟာ သူဂိမ်းကစားရင်း ပထမဆုံးအကြိမ် ရှားပါးပစ္စည်းတစ်ခုကို ရရှိခြင်းဖြစ်သော်လည်း သူ၏စိတ်အခြေအနေက ထင်ထားသလောက် ပျော်ရွှင်နေခြင်းမရှိပေ။

…နတ်သူငယ်လေးတွေ ဟုတ်လား?

ထို တိရစ္ဆာန်ငယ်လေးတွေက... တစ်ကယ်ပဲ တအားကိုချစ်စရာကောင်းသည့် နတ်သူငယ်လေးတွေ ဖြစ်သွားကြပုံပင်။

(Adm note: ဂါချာပွန်ဆိုတာအက်မင်တို့ရင်းနှီးပြီးသား Pokémon ထဲက ‌အကောင်လေးတွေကိုထည့်တဲ့ဘောလုံးလေးတွေကိုခေါ်တာပါ။ ဂျပန်မှာဆိုရင်လည်းအဲ့လိုကံစမ်းမဲအလုံးလေးတွေရှိတဲ့စက်လေးတွေရှိပါတယ်)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment