no

Font
Theme

အခန်း (၉) - လုရွှင်က အဖြောင့်ယောင်ဆောင်ထားတဲ့ ဂေးပဲ...

ယဲ့ယောင်းက မသိလိုက်ဘဲ အခြားမိန်းကလေးများနှင့်ချိန်းတွေ့သည့် ကောလာဟလများက တောမီးလို ပြန့်နှံ့သွားကာ လုရွှင်ကို လျှို့ဝှက်ထားသည်ဆိုပြီး ကောလာဟလများပင် ပျံ့နှံ့သွားခဲ့သည်။

မိန်းကလေးတစ်ယောက်က သူ့ကို သဘောကျနေသည်ဟု လုရွှင်၏အမေက ပြောလာချိန် ယဲ့ယောင်း မယုံခဲ့ချေ။

ဒီမိန်းကလေးက သူနဲ့တစ်တန်းတည်းမဟုတ်သလို အရင်တစ်ခါမှ မတွေ့ခဲ့ဖူးခဲ့လို့ သူမက သူ့ကို ဘယ်လိုမမျှော်လင့်ဘဲ ကြိုက်သွားမှာလဲ။

မိန်းကလေးက သူ့ကို ရိုးရိုးရှင်းရှင်းစိတ်ဝင်စားပြီး တွေ့ချင်ခြင်း သို့မဟုတ် တစ်ခုခုနှင့် ပတ်သက်ပြီး သူ့အကူအညီလိုနေခြင်း ဖြစ်နိုင်သည်။

သို့သော် မည်သို့ပင်ဖြစ်စေ သူ ထိုမိန်းကလေးကို ရှင်းရှင်းလင်းလင်းရှင်းပြရမည်။

ကျောင်းဝင်းလမ်းဆုံ၌ ယဲ့ယောင်းအား ဖိတ်ခေါ်ခဲ့သူ ကျန်းထန်က အဖြူရောင်အကျီနှင့် စကတ်ကို ၀တ်ထားပြီး ယဲ့ယောင်းမရောက်ခင် သူမအချစ်ဆုံးသူငယ်ချင်းဆီကို မက်ဆေ့ခ်ျပို့ရင်း ခေါင်းငုံ့နေသည်။

[သူတို့က စုံတွဲမဖြစ်နိုင်ဘူး၊ ငါ့မျက်လုံးတွေက စုံတွဲအမျိုးအစားတွေ အများကြီးကို မြင်ဖူးတယ်၊ ဒီလိုစေးကပ်တဲ့အကြည့်မျိုးနဲ့ ၉၉% က အဖြောင့်တွေပဲ။ ငါမှားရင် ဆံပင်ညှပ်ပြီး နင်နဲ့တူတူ ဆံပင်တုစွပ်မယ်။]

သူငယ်ချင်းမ: [ဒါပေမဲ့ သူတို့က အရမ်းစစ်မှန်တယ်…]

ကျန်းထန်: [နင် တံတားတွေဖြတ်ကူးတာထက် ငါ CP တွေ ပိုများတယ်နော်၊ အရူးမ၊ နင် ငါ့ကို ဘာလို့မယုံတာလဲ။ မပြောနဲ့တော့၊ သူ ဒီမှာရောက်နေပြီ၊ ငါ စမ်းသပ်ပြီးရင် သတင်းပေးမယ်။]

ကျန်းထန်က ဖုန်းကို ဖယ်လိုက်ပြီး သူမရှေ့တွင်ပေါ်လာသော ယဲ့ယောင်းကို တောက်ပသော အပြုံးလေးပြသလိုက်သည်။

သူမ၏ အချစ်ဆုံးသူငယ်ချင်းက တစ်ချိန်က ယဲ့ယောင်းကူညီခဲ့ဖူးသူဖြစ်ပြီး ထိုမှစ၍ သူ့ကို ကြိုက်လာခဲ့သူပင်။ ဘတ်စကက်ဘောပွဲပြီးသွားချိန် ယဲ့ယောင်းနှင့် စကားပြောရန် သတ္တိမွေးခဲ့သော်လည်း ယဲ့ယောင်းနှင့် လုရွှင်အကြား ရင်းနှီးမှုကို မြင်တွေ့ရပြီး ယဲ့ယောင်းနှင့် လုရွှင်တို့အား စုံတွဲတစ်တွဲဟု ထင်မြင်လာသည်။

သူမ၏ ချစ်လှစွာသော အချစ်ဆုံးသူငယ်ချင်းက ဖိုရမ်ထဲသို့ မျက်ရည်များနှင့် ဝင်ကာ ယဲ့ယောင်းနှင့် လုရွှင်တို့၏ CP အဖွဲ့ကို နှိပ်၍ ဝမ်းနည်းစွာ ငိုကြွေးရင်း "ကောင်းကောင်းနေကြပါ" ဟူသော သက်သေခံချက်ပေးပို့ခဲ့သည်။

ကျန်းထန်က သံမဏိမဖြစ်သည့်အတွက် သံကို မုန်းတီးခဲ့သည်။

သူမက CP အဖွဲ့ကို အကြိမ်အနည်းငယ်မြင်ဖူးလို့ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒါက အမှန်တကယ် ဟုတ်မဟုတ်သိနိုင်လို့ ဒီ CP ကို သူမ ဘယ်လိုယုံနိုင်မှာလဲ။

သူမက CP အမာခံပရိသတ်တစ်ဦးဖြစ်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး အတွေ့အကြုံအရ ထိုအရာမှာ တမင်တကာစီးပွားဖြစ်ထုတ်လုပ်ထားသော တွယ်ကပ်မှုလား သို့မဟုတ် အခင်ဆုံး ယောက်ျားလေးသူငယ်ချင်းများလားဆိုသည်ကို ခွဲခြားသိရှိနိုင်သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် သူမက ယဲ့ယောင်းကို ဖိတ်ခေါ်ခဲ့သည်။ ယဲ့ယောင်းက အဖြောင့်ဖြစ်ပြီး လုရွှင်နှင့် အတွဲမဟုတ်ကြောင်းသေချာပါက သူမအချစ်ဆုံးသူငယ်ချင်းက ကိုယ်ပိုင်ပျော်ရွှင်မှုကို ရဲဝံ့စွာ ရှာနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားသည်။

ယဲ့ယောင်းလျှောက်လာချိန် ကျန်းထန်က သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ပြီး အံ့အားသင့်သွားသည်။

သူမ ယခင်က ယဲ့ယောင်းကို လူကိုယ်တိုင်မမြင်ဖူးခဲ့၍ ယခု တွေ့လိုက်ချိန်တွင် ဤမျက်နှာမျိုးက တကယ်ကို နည်းနည်းနှစ်ဖက်ခွဖြစ်နေသည်။

ကျန်းထန်က သူမ၏ဆံပင်ကို သပ်လိုက်ပြီး စမ်းသပ်မှုကို စတင်ခဲ့သည်။

ယဲ့ယောင်းက သူ့ရှေ့ရှိ မိန်းကလေးက ဘာတွေးနေမှန်းမသိချေ။ အပေါ်ထပ်အကျီအတိုလေး ဝတ်ထားသော ကျန်းထန်ကို ကြည့်လိုက်ပြီး အောက်ဘက်တွင် အဖြူရောင်စကတ်တိုနှင့် ခြေသလုံးများပေါ်နေသည်။ သူက အနည်းငယ်မျက်မှောင်ကြုတ်ကာ အနီးနားရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်ရန် အဆိုပြုလိုက်သည်။

ဤနေရာတွင် အနီးဆုံးနို့လက်ဖက်ရည်ဆိုင်က ရိုမန့်တစ်ဆန်သော အသွင်အပြင်တစ်ခုရှိသည်။ အောက်ဘက်တွင် ကြောင်လိမ်လှေကားဖြင့် ဒုတိယထပ်ရှိသည်။

ကျန်းထန်လမ်းလျှောက်လာစဉ် သူမက ယဲ့ယောင်းနှင့် စကားဆက်ပြောနေခဲ့ပြီး တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲတွင်လည်း ရေရွတ်နေခဲ့သည်။

သူမက သူ့ချောမောမှုကို ထင်မထား၍ ဤအဆင်းရှိသည့် အလှလေးနှင့် တူတူလမ်းလျှောက်လာစဉ် အနည်းငယ်မူးဝေသွားခဲ့သည်။ ပြောရမည်ဆိုလျှင် သူမက အတော်လေးတုန်လှုပ်သွားပြီး ယခင်ပြင်ဆင်ထားသည့် စာကြောင်းများအားလုံးကို မေ့သွားခဲ့သည်။

သူမ ဘာဆက်ပြောရမလဲ...

ကျန်းထန်က ကြောင်လိမ်လှေကားတွင် မူးဝေသလို ခံစားလိုက်ရ၍ ရပ်တန့်လိုက်သည်။

သူမက ခေါင်းလှည့်လိုက်စဉ် သူမနောက်မှ လိုက်လာသော ယဲ့ယောင်းကို တွေ့လိုက်ရသည်။ သူက ဂျာကင်ကို ချွတ်‌၍ သူမထံ ကမ်းပေးလာသည်။

“ဒီဂျာကင်ကို ယူပြီး မင်းခါးမှာ အရင်ဆုံးချည်ထားလိုက်၊ ပြီးရင် ငါတို့ ဆိုင်ထဲဝင်ပြီးမှ ငါ့ကို ပြန်ပေး”

ယဲ့ယောင်းက မျက်မှောင်အနည်းငယ်ကြုတ်ထားပြီး မျက်လုံးများက ကျန်းထန်၏ ခြေသလုံးများမှ လွှဲလိုက်သည်။

“အေးနေတယ်။ အဝတ်များများဝတ်တာက ပိုကောင်းမယ်။ မဟုတ်ရင် မင်း လွယ်လွယ်နဲ့ ဖျားလိမ့်မယ်။”

ကျန်းထန်က ထိုအခိုက်တွင် ကြောင်အမ်းသွားပြီး ယဲ့ယောင်း၏ မျက်နှာကို ကြည့်လိုက်သည်။

ဆောင်းဦးအစတွင် လေများတိုက်ခိုက်နေပြီး လူငယ်လေး၏ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ရုပ်သွင်က ပေါ်လွင်နေကာ နဖူးပေါ်တွင် လေတိုက်၍ ဆံပင်များရှုပ်ထွေးနေသော်လည်း ဆံပင်များကြားမှ မျက်လုံးလှလှလေးများက အာရုံစိုက်ချင်စဖွယ်။ ထိုမျက်လုံးများဖြင့် တစ်စုံတစ်ယောက်ကို တည်ကြည်စွာ ကြည့်လိုက်ချိန် မည်သူမဆို သူတို့ကို မကြိုက်ဘဲ မနေနိုင်အောင်ပင်။

ကျန်းထန်က ခဏမျှမလှုပ်ရှားခဲ့၍ ယဲ့ယောင်း အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး အကျီကို ထပ်မံ ပေးရန် ကြိုးစားလိုက်သည်။

ကျန်းထန်က ရုတ်တရက်သတိပြန်ဝင်လာပြီး ယဲ့ယောင်းက တစ်ခုခုမှားနေပြီဆိုသည်ကို သိလိုက်ရကာ ရယ်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

"မဟုတ်ဘူး၊ ရှင်က ကျွန်မ ဂျင်းဘောင်းဘီမဝတ်ဘူးထင်နေတာလား။ ကျွန်မ ဝတ်ထားပါတယ်။ ကျွန်မက ကတ္တီပါသားထူထူနဲ့ အရမ်းထူတဲ့ အသားကပ်တစ်စုံကို ဝတ်ထားပါတယ်။"

ကျန်းထန်က ဝတ်ထားကြောင်း သက်သေပြရန် ခါးကိုင်း၍ ခြေထောက်ထိပ်မှ အဝတ်စကို ဆွဲဆန့်ပြလိုက်သည်။ သူမက ဆောင်းဦးရာသီတွင် အောက်ပိုင်းလှပ်၍ အရူးတစ်ယောက်လို လျှောက်သွားနေခြင်းမဟုတ်ကြောင်း သက်သေပြခဲ့သည်။

"ဒါက စိတ်ကြိုက်လုပ်ထားတဲ့ ဗလာပုံဂျင်းဘောင်းဘီလေ။ အဲဒါက တကယ့်ကို သဘာဝကျတယ်မလား?"

ယဲ့ယောင်း: “…”

ကျန်းထန်၏ မျက်လုံးများက ရယ်ချင်စိတ်များ ပြည့်နေပြီး သူမက သက်သေတစ်ခုခုရှိနေသည်ဟု ခံစားလိုက်ရသည်။

သူက ဒါကို စိတ်ကြိုက်လုပ်ထားတဲ့ ဗလာဂျင်းဘောင်းဘီတွေလို့ မပြောနိုင်ဘဲ တခြားကောင်လေးတွေလိုပဲ မိန်းကလေးတွေ မိတ်ကပ်လိမ်းထားသလား၊ နှုတ်ခမ်းနီအရောင်တူ လားဆိုတာ မပြောနိုင်ဘူးလေ။

ဂေးများက သေချာပေါက်ပြောနိုင်သော်လည်း အဖြောင့်များက မပြောနိုင်ချေ။

ဤအရာက ယဲ့ယောင်းအား အဖြောင့်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြသခဲ့သည်။

နို့လက်ဖက်ရည်ပူပူနှစ်ခွက်ကို စားပွဲပေါ်တွင် တင်ထားပြီး ကျန်းထန်က ဤဇဝေဇဝါ အခြေအနေတွင် တစ်စုံတစ်ရာကို မတွေ့နိုင်တော့ကြောင်း သဘောပေါက်သွားကာ သူမရည်ရွယ်ချက်များကို တိုက်ရိုက်ရှင်းပြခဲ့သည်။

"... လုရွှင်နဲ့ ရှင်က အတွဲတွေလား"

ယဲ့ယောင်းက မျက်လွှာချပြီး နို့လက်ဖက်ရည်ထဲမှာ ပိန်းဥကို ပိုက်ဖြင့် မွှေကာ ကူရာမဲ့စွာ ပြုံးလိုက်သည်။

“မဟုတ်ဘူး ငါတို့က သူငယ်ချင်းကောင်းတွေပါ၊ အထင်မမှားပါနဲ့”

ကျန်းထန်က ဝမ်းသာအားရ ပြုံးလိုက်သည်။

သူမ မှန်းထားတာ မှန်တယ်! သူတို့က ရိုးရိုးသူငယ်ချင်းတွေပဲ!

နောက်ထပ် ပြဿနာတစ်ခုသာ ကျန်တော့၏။

ကျန်းထန်က ချီတုံချတုံနှင့် ပြောလာသည်။

"ဒါဆို ရှင် မိန်းကလေးတွေကို ကြိုက်လား"

ယဲ့ယောင်းက ဤမေးခွန်းကို မဖြေဘဲ တိုက်ရိုက်ငြင်းဆိုခဲ့သည်။

" တောင်းပန်ပါတယ် ငါ အဲ့အကြောင်းမပြောချင်... "

သူစကားမဆုံးခင် ရုတ်တရက် သူ့ပခုံးကို အနောက်မှ အဖက်ခံလိုက်ပြီး မျက်နှာချင်းဆိုင် ထိုင်နေသော ကျန်းထန်က မျက်လုံးပြူးသွား၏။

သူ့ကို ပွေ့ဖက်ထားသော လက်က အလွန်သန်မာပြီး တစ်ဖက်လူ၏ ရင်ခွင်ထဲကို မှီလုနီးပါး ဖြစ်သွားသည်။ ယဲ့ယောင်းက သူ့နှလုံးသားထဲတွင် အချက်ပြသလို ခံစားချက်တစ်မျိုးရှိနေပြီ။ သူ မော့ကြည့်လိုက်ရာ လုရွှင်၏ မုန်တိုင်းထန်နေသော အကြည့်များနှင့် ဆုံသွားသည်။

လုရွှင်၏ နှုတ်ခမ်းပါးများကို တင်းတင်းစေ့ထားသည်။ သူပြုံးလိုက်ချိန် ကြည့်ကောင်း နေသော်လည်း မပြုံးနေချိန် သူ့မျက်နှာချောချောက အလွန်အကြင်နာမဲ့ပြီး အေးစက်နေပုံရသည်။ သူ၏ စူးရှရှမျက်လုံးများနှင့် တွဲလိုက်လျှင် လူတို့၏ ဒူးတုန်သည်အထိ ထိတ်လန့်သွားအောင် အလွယ်တကူပြုလုပ်နိုင်သည်။

လုရွှင်က ယခုအချိန်မှာ ကြောက်စရာခံစားချက်ဖြစ်နေသည်ကို ယဲ့ယောင်းက ချက်ချင်း သိလိုက်၏။

သို့သော် ပြင်းထန်သောအကြည့်ဖြင့် လုရွှင်က ဆူပူကြိမ်းမောင်းခြင်းမပြုဘဲ ရင်အနည်းငယ်တုန်နေကာ မည်းမှောင်သောမျက်နှာဖြင့် ယဲ့ယောင်းအား အားတင်းပြုံးပြလာသည်။

"တိုက်ဆိုင်လိုက်တာကွာ မင်းလည်း ဒီကိုရောက်နေတာပဲ။ ငါက မင်းသောက်ဖို့ နို့လက်ဖက်ရည်တစ်ခွက်ဝယ်ပြီး ပြန်သယ်သွားတော့မလို့"

လွန်ခဲ့သော နာရီဝက်လောက်က သူတို့နှစ်ဦးသား ခုတင်တစ်လုံးတည်းမှာ လဲလျောင်းနေခဲ့ပြီး နာရီဝက်အကြာတွင် သူတို့နှစ်ယောက်လုံး အကျီဆင်တူ၀တ်ကာ ဤနို့လက်ဖက်ရည်ဆိုင်တွင် ပေါ်လာသည်မှာ အသိသာကြီးပင်။

ယဲ့ယောင်းက လုရွှင်၏ လိမ်ညာမှုကို မထုတ်ဖော်ဘဲ တစ်ဖက်လူထိုင်ရန် အတွင်းဘက်သို့ ရွှေ့ပေးလိုက်သည်။ လုရွှင်က သူ့ဘေးနားတွင် သတိမထားမိသလို ထိုင်ချလိုက်ပြီး ဆန့်ကျင်ဘက်တွင် တစ်ယောက်ယောက်ရှိသည်ကို ယခုမှ သတိပြုမိဟန်ဆောင်လိုက်သည်။

"ဒါက?"

"ငါ့ကို တစ်ခုခုလာမေးတဲ့ ဂျူနီယာကျောင်းသူပါ"

ယဲ့ယောင်းက ပြောလိုက်သည်။

"ဂျူနီယာကျောင်းသူ?"

လုရွှင်၏ မျက်လုံးနက်များက သူ့ဘေးနားရှိလူကို စိုက်ကြည့်ကာ နှုတ်ခမ်းကော့၍ ပြုံးလိုက်သည်။

“ဟယ်လို”

ကျန်းထန်က တစ်ကိုယ်လုံးကြက်သီးများထသွားသည်။ ဤလူက သိသာစွာ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်နေသော်လည်း နောက်တစက္ကန့်တွင် သူမကို သတ်ပစ်ရန် ပြေးလာတော့မလို သူမအား ကြောက်လန့်စေသည်။

ကျန်းထန်၏ ရှင်သန်မှုဗီဇက သူမအား လျင်မြန်စွာ ပြုံးပြစေသည်။

"ဟယ်လို၊ မင်္ဂလာပါ စီနီယာလု၊ ရှင် ဘာသောက်ချင်လဲ၊ ကျွန်မ တိုက်မယ်လေ။”

“မလိုပါဘူး။”

လုရွှင်က ငြင်းလိုက်သည်။

ကျန်းထန်က ပထမအကြိမ်ကြိုးစားမှု အောင်မြင်မည်ဟု မမျှော်လင့်ထား၍ ထပ်ပြောတော့မည် ပြုစဉ် လုရွှင်က ယဲ့ယောင်း၏ နို့လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။

မြင့်မားသော တောင်တန်းများ၏ ပန်းပွင့်ကို မြင်ဖူးသော ယဲ့ယောင်းက ထိုလူဘေးတွင် မလှုပ်မယှက်ထိုင်နေကာ မျက်နှာထက် အံ့သြစရာ အရိပ်အမြွက်မျှမရှိနေချေ။ လုရွှင်အား သူ့နို့လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်ခွင့်ပေးလိုက်သည်။

လုရွှင်က ဖြည်းညင်းစွာ တစ်ငုံသောက်ပြီးနောက် ကျန်းထန်ကို ပြန်ကြည့်ကာ တစ်လုံးချင်းစီ ပြောလိုက်သည်။

"ငါ သူ့ခွက်ထဲကပဲ သောက်ပါ့မယ်၊ နောက်တစ်ခွက် ထပ်ယူစရာမလိုဘူး"

ကျန်းထန်က ခဏမျှအံ့အားသင့်သွားပြီး သူမ၏ နို့လက်ဖက်ရည်ကို စိုက်ကြည့်ကာ ယဲ့ယောင်း၏ နို့လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည်။

ဒီစကားက ဘာကိုဆိုလိုတာလဲ။ သူတို့နှစ်ယောက်က အတူတူရှိပြီး သူမက အပြင်လူလား?

သူမ မျက်နှာချင်းဆိုင်ရှိ လူနှစ်ယောက်က ဘေးချင်းကပ်ထိုင်ပြီး နို့လက်ဖက်ရည်တစ်ခွက်ကို မျှသောက်ကာ ဆင်တူအကျီကို ၀တ်ထားသည်။

သူတို့ကို အပြင်ကနေ ဘယ်လိုထင်ကြမလဲ...

ကျန်းထန်က နှစ်ပေါင်းများစွာ မရေမတွက်နိုင်သော CP များကို သိခဲ့သည်။ သူမက အချို့သော ထင်မြင်ချက်များအပေါ် အလွန်အကဲဆတ်သည်ဟု ဆိုနိုင်သည်။

ဥပမာအားဖြင့် ယခုပင် လုရွှင်၏ အပြုအမူက နယ်မြေကိုကာကွယ်ခြင်းနှင့်တူသည်ဟု သူမခံစားမိသည်။

ဤပိုင်ဆိုင်မှုကြီးစိုးမှု၊ ဒေါသနှင့် မနာလိုမှုများက သူမခေါင်းထဲသို့ စကားတစ်ခွန်းတည်းသာ စိုးမိုးသွားစေသည်။

စားပွဲတစ်ဖက်မှ လုရွှင်က နို့လက်ဖက်ရည်ကို ကိုင်ထားသော သူ့လက်ကို ရွှေ့လိုက်ပြီး စားပွဲပေါ်ရှိ ယဲ့ယောင်းလက်ဖမိုးကို အုပ်ကိုင်ကာ မေးလာပြန်သည်။

"မင်းလက်တွေ ဘာလို့အရမ်းအေးနေတာလဲ"

"ရပါတယ်"

ယဲ့ယောင်းက ပြောလိုက်သည်။

"မင်းရဲ့အပူချိန်က အရမ်းမြင့်နေလို့ပါ"

"ဒါဆို မင်းကို နွေးနွေးထွေးထွေးထားပေးမယ်"

လုရွှင်က ပြောလိုက်သည်။

လုရွှင်က ယဲ့ယောင်းလက်ကို နွေးထွေးစေရန်အတွက် သူ့လက်ဖြင့် အပူပေးနေသည်ကို ကြည့်ပြီး ကျန်းထန် အံ့အားသင့်သွားပြန်သည်။ ယဲ့ယောင်းက ဤအရာကို မသင့်လျော်ဟု ခံစားမိပြီး သူ့လက်ကို အသာအယာပြန်ဆွဲရန် ကြိုးစားလိုက်သော်လည်း လုရွှင်၏ ချုပ်ကိုင်မှုမှ မရုန်းနိုင်ဘဲ လက်ကို မကာ စားပွဲအောက်တွင် ထားလိုက်ရုံသာ တတ်နိုင်တော့သည်။ ထိုမှသာ သူတို့လက်ကို ဘယ်သူမှမြင်တော့မည်မဟုတ်ချေ။

ကျန်းထန်က လုရွှင်ကို တမင်တကာချစ်ကြိုက်ကြောင်းပြသနေလားဟု အလွန်သံသယဖြစ်နေပြီ။ သူမ တံတွေးမျိုချလိုက်ပြီး ရဲရင့်သောအကြံတစ်ခုရခဲ့သည်။

ယဲ့ယောင်းက အဖြောင့်ဆိုရင် လုရွှင်ကရော...

ကျန်းထန်က ခဏမျှစဉ်းစားပြီး သေခြင်းကို စွန့်စား၍ ဆက်မေးလိုက်သည်။

"စီနီယာယဲ့၊ ရှင် ကျွန်မကို မဖြေသေးဘူးနော်၊ ရှင် မိန်းကလေးတွေကို ကြိုက်လား"

ဤမေးခွန်းကို မေးလိုက်သည်နှင့်တစ်ပြိုင်နက် ကြည်စပြုလာသော လုရွှင်၏ မျက်နှာက ပြန်လည်နစ်မြုပ်သွားပြီး သူ့တစ်ကိုယ်လုံးက ဒေါသမီးလျှံထုတ်တော့မည့် ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်ကဲ့သို့ပင်။

ယဲ့ယောင်းက အေးဆေးတည်ငြိမ်စွာ ကြည့်လာသည်။

"တောင်းပန်ပါတယ်၊ ဒီအချိန်မှာ ပညာသင်ဖို့နဲ့ အလုပ်လုပ်ဖို့က ငါ့အတွက် အရေးကြီးဆုံးပဲ။ ကောလိပ်တက်နေတုန်း ချစ်ဖို့ မစီစဉ်ထားဘူး။"

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒေါသထွက်နေသော အာဏာရှင်ကြီးက ပြေလျော့သွားကာ သူ့မျက်နှာက တိမ်ထူနေရာမှ နေသာသလို ပြောင်းလဲသွားသည်။

လုရွှင်ကလည်း အေးစက်စွာ ပြန်ဖြေလာသည်။

“ရည်းစားထားဖို့ လူငယ်လေးတွေလို အမြဲတမ်းတွေးနေဖို့ မလိုပါဘူး။ မင်း ဒီမှာ လေ့လာဖို့လာတာ၊ အနာဂတ်အိမ်ထောင်ဖက်ကို ရှာဖို့ မဟုတ်ဘူး”

ကျန်းထန်က သူမ၏ အတွင်းစိတ်ကို ထုတ်ဖော်မပြမိအောင် လက်သီးများကို ဆုပ်ထားလိုက်သည်။

“… အမိမြေကို အကျိုးပြုဖို့ပေါ့။ ကျွန်မ နားလည်ပါပြီ”

အိုး သေစမ်း!

သူမက လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။

ယဲ့ယောင်းက အဖြောင့်၊ လုရွှင် ဒီလူက အဖြောင့်ဟန်ဆောင်နေတာ၊ တကယ်က သူက ဂေး ဒါမှမဟုတ် လိင်တူမုန်းတီးသူ မဟုတ်တာကို ဝန်ခံရမှာ ရှက်နေတာ။ ဒါကြောင့် ယဲ့ယောင်းကို တဖြည်းဖြည်းကွေးအောင် လုပ်နေတာပဲ!

လုရွှင်ရဲ့ အမေက ဒီအခြေအနေကို သိပြီးပြီလား။ မဟုတ်ဘူး၊ သူမက မဆိုင်တာကို လုပ်နေတာပဲ။ လုရွှင်ရဲ့ မိသားစုက လုရွှင်သာ ယဲ့ယောင်းကို လိမ်ပြီး ကွေးအောင်လုပ်လိုက်တယ်လို တွေးပြီး ယဲ့ယောင်းကို အပြစ်တင်ကြမှာလား။

ဟဟ...

မျက်ခုံးထူထူနှင့် မျက်လုံးကြီးကြီးရှိသော လုရွှင်က ပထမအကြည့်တစ်ချက်နှင့်ပင် အဖြောင့်မဟုတ်ပေ။

ကျန်းထန်က အလျင်စလိုနှုတ်ဆက်လိုက်ပြီး လမ်းတစ်ဝက်တွင် သူမ နောက်ကို လှည့်ကြည့်လိုက်သည်။

လုရွှင်က ယဲ့ယောင်းနှင့် စကားပြောနေဆဲဖြစ်ပြီး ယနေ့တွင် ယဲ့ယောင်း၏ မမျှော်လင့်ထားသော အပြင်ထွက်ခြင်းအပေါ် ဒေါသထွက်နေသေးသော်လည်း ယဲ့ယောင်းကို မျက်နှာချင်းဆိုင်လိုက်စဉ် ထိုပြင်းထန်သော အဆိုးမြင်စိတ်များကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

အဲဒီအကြည့်က… အရမ်းထူးဆန်းတာပဲ

သူ့ကိုယ်ပိုင်ဘဝအဖြစ်မှတ်ယူထားသော ကိုယ်ပိုင်ရတနာကို ကြည့်နေသည့် နဂါးတစ်ကောင်နှင့် သေချာပေါက်တူနေပြီး အခြားသူများက လုယူမသွားအောင် ကာကွယ်နေသလိုပင်။

....

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment