အခန်း (၅) – ဘာလို့ပြေးနေတာလဲ ငါ မင်းကိုကူညီပေးမယ်လေ...
ကလဲ့စားချေတဲ့ပုံစံက သူ့ကို အခွင့်ကောင်းယူတာလား။
သူဘယ်လိုလုပ်သင့်လဲ။ လုရွှင်ကို ပွေ့ဖက်ပြီး သူ့ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ထိတွေ့ရတာမျိုးလား။
ဒါက မင်းရဲ့ crush ကို ပွင့်ပွင့်လင်းလင်း ဝန်ခံတဲ့ ထူးထူးဆန်းဆန်းဇာတ်ကားတစ်ကားရဲ့ ဇာတ်ညွှန်းမို့လိုလား၊ သူတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ ပူးပေါင်းပါ့မလား။
လုရွှင်နှင့် အကြည့်ချင်းမဆုံမီ ယဲ့ယောင်း၏ မျက်လုံးများက တစ်ခဏမျှဝေဝါးသွားပြီး ဆွဲဆောင်အားကောင်းမှုကို မြင်လိုက်ရသည်။
"အင်း?"
လုရွှင်က ယဲ့ယောင်းအား စနောက်လိုက်သည်။
"မင်း လုပ်မလား မလုပ်ဘူးလား"
“ဗွမ်း…”
လက်တစ်ဆုပ်စာရေများက လုရွှင်ပေါ်ကို ရောက်လာပြီး နေရာအနှံ့ပက်ဖျန်းလိုက်သည်။ လုရွှင်က အငိုက်မိသွားပြီး ယဲ့ယောင်း၏ မျက်နှာကို လွှတ်လိုက်ကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။
ယဲ့ယောင်းက သူ့ကိုယ်သူ ထိန်းချုပ်ပြီး လှောင်ပြောင်သလိုအပြုံးလေး ထုတ်ပြလိုက်သည်။
"ဟက်..."
"ကောင်းပြီ ယဲ့ယောင်း၊ မင်းက ငါ့ကို ခိုးပြီး တိုက်ခိုက်တယ်ပေါ့?"
လုရွှင်က ရေကန်ထဲသို့ ဆင်းလာကာ ကုန်း၍ ယဲ့ယောင်း၏ လည်ပင်းကို လက်မောင်းဖြင့် ညှစ်လိုက်သည်။
"ဒါဆို မင်းက ရေတိုက်ပွဲ ဆင်နွှဲချင်တယ်ပေါ့လေ၊ မင်းဘာလုပ်နိုင်မလဲ ကြည့်ရအောင်!"
ရေပူကန်တွင် သူတို့၏ ချောမွေ့သောအသားရေများက တိုက်ရိုက်ထိတွေ့လာသည်။ ယဲ့ယောင်းက လုရွှင်၏ မည်သည့်နေရာကို ထိမိမှန်း မပြောနိုင်ပေ။ ရေကန်က သူနှင့် လုရွှင် နပန်းလုံးနေသော အိပ်ရာကဲ့သို့ဖြစ်နေသည်။
အလွန်နီးကပ်ကာ ပူလွန်း၏။
ထိုသို့သော ထိတွေ့မှုနှင့် ဗရုတ်ကျမှုများက ယဲ့ယောင်းအား ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုမျိုး မဖြစ်စေပါက အံ့ဩစရာပင်။
ယဲ့ယောင်းက လုရွှင်ကို လမ်းမှ တွန်းထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ခြေထောက်ချော်ကာ ရေထဲသို့ နစ်မြုပ်သွားခဲ့သည်။
သူမတုံ့ပြန်နိုင်ခင် လက်ကြီးတစ်ဖက်က ကျောပင်ကို ထောက်ကာ ပင့်တင်ခံလိုက်ရသည်။
"မင်း အဆင်ပြေရဲ့လား။"
သူ့ရှေ့၌ ရှိနေသည့် လုရွှင်က မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်လာသည်။
“ငါ့ကို တစ်ချက်ပေးကြည့်”
ယဲ့ယောင်းက ရင်ဘတ်ချင်း ထိလုနီးနီးဖြစ်နေသည်ကို သတိပြုမိသွားပြီး လုရွှင်၏ ရင်ဘတ်နှင့် နီးလာခြင်းမှ တားမြစ်ရန် လက်ဆန့်လိုက်သည်။
"ငါက ဘာဖြစ်ရမှာလဲ၊ ဒါက အရိုးပျော့စေတဲ့ရေကန်လည်း မဟုတ်ဘဲနဲ့။"
ယဲ့ယောင်းက မျက်နှာပေါ်မှ ရေများကို သုတ်လိုက်ပြီး လုရွှင်၏ အာရုံကို လွှဲရန် ကြိုးစားရင်း ပြောလိုက်၏။ သူ့အကြည့်များကို အနီးနားရှိ သစ်သားခုတင်ပေါ် လျင်မြန်စွာ လွှဲထားလိုက်ပြီး လုရွှင်ကို မေးလိုက်သည်။
"ဒီနေရာရဲ့ ပရိဘောဂတွေက ငါစိတ်ကူးထားတာနဲ့ တော်တော်ကွာတယ်။ ဘာလို့ ရေချိုးအိမ်မှာ အိပ်ရာရှိနေတာလဲ၊ အနားယူဖို့ လာတဲ့လူတွေအတွက်လား။"
ယဲ့ယောင်းမျှော်လင့်ထားသည့်အတိုင်း လုရွှင်၏ မျက်လုံးများက ခုတင်ပေါ်သို့ ရောက်သွားသည်။ သူက ခုတင်ကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းထောင့်များက အပေါ်ကို ကွေးညွှတ်သွားကာ တစ်ဖန်ပြန်ငုံ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့မျက်နှာကို တည့်တည့်မထားနိုင်တော့ဘဲ ခေါင်းလှည့်ကာ အကြိမ်အနည်းငယ်တိတ်တဆိတ် ရယ်မောခဲ့သည်။
ထိုအရာက အနားယူမည့် အိပ်ရာမဟုတ်ဘဲ အမှန်က လူအချင်းချင်းပွတ်တိုက်ပေးရာတွင် သုံးခြင်းပင်။ ဤကျောင်းသားလေး ယဲ့ယောင်းက ထိုအရာကို ဘာဖြစ်ကြောင်း မသိပုံပင်။
အမိနိုင်ငံတွင် ကျယ်ပြောလှသော နယ်မြေတစ်ခုစီရှိပြီး ဒေသဆိုင်ရာဓလေ့ထုံးတမ်းများတွင် ကွဲပြားမှုများရှိသည်။
"မင်း ဘာရယ်တာလဲ"
ယဲ့ယောင်း အံ့သြသွားသည်။
လုရွှင်က ယဲ့ယောင်း၏ မေးခွန်းကို မဖြေဘဲ ယင်းအစား မေးလိုက်သည်။
“နောက်ကျရင် ငါ မင်းကို ပွတ်ပေးလို့ရမလား”
ယဲ့ယောင်းက သတိထား၍ ပြောလိုက်သည်။
“နောက်ကျောကို ပွတ်တိုက်ရုံပဲနော်”
လုရွှင်က ဖော်ရွေသော အပြုံးလေးနှင့် ပြုံးပြလာသည်။
"စိတ်မပူပါနဲ့၊ မင်းပြောတဲ့အတိုင်း ငါလုပ်ပါ့မယ်၊ ငါ့ကို စိတ်မပူနဲ့"
ယဲ့ယောင်းက ထိုအပေါ်တွင် လဲလျောင်းလိုက်ပြီး နောက်ဆုံးဘာလုပ်ရမည်ဟု ပြောခဲ့သူမှာ သူမဟုတ်သလိုပင်။ ရှေ့ရောနောက်ပါ ကြိုက်သလိုလုပ်ခွင့်ပြုတော့မလို။
လုရွှင်က သူ့အနေအထားကို ချိန်ညှိလိုက်ပြီး ယဲ့ယောင်းနှင့်အတူ ရေကူးကန်အနားသို့ မှီလိုက်သည်။ သူ့မျက်လုံးထောင့်မှ ယဲ့ယောင်း၏ ပုံရိပ်ကို အလွယ်တကူရှာတွေ့နိုင်ပြီး စကားမပြောကြလျှင်ပင် တူညီသော နေရာလေး၌ ရှိနေရုံဖြင့် သူ့နှလုံးသားအောက်ခြေမှ သက်တောင့်သက်သာရှိမှုကို ခံစားရသည်။
လုရွှင်က ယဲ့ယောင်းလက်ကို ပုံမှန်အတိုင်း ဆုပ်ကိုင်ထားပြီး ယဲ့ယောင်း၏ လက်ချောင်းများကို ချိတ်လျက် စက်ဝိုင်းပုံစံစနောက်ကစားနေသည်။
လုရွှင်က သူ့ခန္ဓာကိုယ်ထက် လက်များကို အာရုံစိုက်နေကြောင်း တွေ့ပြီးနောက် ယဲ့ယောင်းက ပျော်ရွှင်သွားပြီး သူ့လက်ကို ပြန်မဆွဲခင် ခန္ဓာကိုယ်တုံ့ပြန်မှု ငြိမ်သက်စေရန် စောင့်ဆိုင်း နေခဲ့သည်။
"ဒီလောက်ဆို လုံလောက်ပြီထင်တယ်"
ယဲ့ယောင်းက ပြောလိုက်သည်။
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် ကျောပွတ်ပေးပြီး ပြန်ကြစို့။"
လုရွှင်က ချက်ချင်းဆိုသလို စိတ်အားထက်သန်လာတယ်!
သူက ရေထဲမှ ထပြီး ခုတင်ဆီ လျှောက်သွားကာ ယဲ့ယောင်းအား ဖိတ်ခေါ်သလို အမူအရာ လုပ်ပြလိုက်သည်။
"မင်းကို သီးသန့်ဝန်ဆောင်မှုပေးသူမဲ့သူ ရှောင်းလုပါ။"
လုရွှင်က အသံဩဩဖြင့် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး အိပ်လိုက်ပါ။"
လုရွှင်၏ အမူအရာက ယဲ့ယောင်းအား အံ့အားသင့်သွားစေပြီး ပုဝါပေါ် ရောက်နေသော လက်များက တစ်ဝက်တစ်ပျက် ရပ်သွား၏။ သူ့ရှေ့ရှိ ပြုံးစစအမူအရာနှင့် လုရွှင်ကို သတိပြုမိကာ အကြည့်လွှဲ၍ တစ်ယောက်သာ အလုံအလောက်ဆန့်သော ခုတင်ဘေးတွင် တောင့်တင်းစွာ ရပ်နေမိသည်။
တစ်စုံတစ်ခုက သူမျှော်လင့်ထားသလိုမဟုတ်ပဲ ကွဲပြားနေသည်။
ဤနေရာတွင် နောက်ကျောပွတ်တိုက်ခြင်းက ခုံတန်းလေးပေါ်တွင် လူနှစ်ယောက်ထိုင်ပြီး တိုက်ရသည့်အရာမျိုးမဟုတ်ဘဲ အောက်ပိုင်းကိုသာ မျက်နှာသုတ်ပဝါများဖြင့် သပ်သပ်ရပ်ရပ် ရစ်ပတ်ထားလျက် နောက်ကျောကို ဖော်ပြထားရမည့် ပုံမျိုးပင်။
သူက ဘာလို့ လှဲချပြီး အိပ်ရမှာလဲ အာ?
ယဲ့ယောင်းက လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားပြီး လျင်မြန်စွာ တွေးလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေချိုးခန်းထဲမှ ပွတ်တိုက်မှုအစစ်အမှန်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သဘောပေါက်သွား၏။
“ငါ အခုမှ သတိရသွားတယ်။ ငါ့မှာ အရေးတကြီးကိစ္စတစ်ခု သွားစရာရှိလို့ အရင်ထွက်တော့မယ်။"
ယဲ့ယောင်းက ရေကန်မှ ထွက်လာပြီး အဝတ်အစားထားရာနေရာသို့ ဦးတည်သွားလိုက်စဉ် လမ်းတစ်ဝက်တွင် ရပ်သွားပြန်သည်။
လုရွှင်က မျက်နှာထက် ဖော်ရွေသော အပြုံးလေးနှင့်။
"အတန်းခေါင်းဆောင်ရေ၊ ပြောပြီးတဲ့စကားကို ပြန်ရုပ်သိမ်းတာက အကျင့်ဆိုးပဲနော်၊ ဒါက ယုံကြည်မှုကို ပျောက်စေတယ်၊ အဲဒါအရင်က မင်းပြောခဲ့တာပဲ၊ မှတ်မိလား"
"အဲဒါအတွက် တကယ်စိတ်မကောင်းပါဘူး။"
ယဲ့ယောင်းက သူ့ခါးကို ဖက်ထားသော လုရွှင်လက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
"ဒါပေမဲ့ မင်းနဲ့ ပွတ်တိုက်ပေးမယ်လို့ ကတိပေးထားတဲ့ ယဲ့ယောင်းက မရှိတော့ဘူး။ ငါက သူ့ရဲ့ ဒုတိယစရိုက်ပဲ၊ မနက်ဖြန် မင်း သူ့ကို စကားပြောလို့ရတယ်။ မင်းဘာသာပဲ ပွတ်တိုက်လိုက်တော့။"
"…… သေစမ်းကွာ။"
လုရွှင်က မအောင့်နိုင်ဘဲ ရယ်မောလိုက်ပြီး သူ့လက်ကို အတင်းဆွဲကာ ၁.၈ မီတာမြင့်သော ယဲ့ယောင်းကို မြေပြင်ပေါ် ဆွဲချ၍ ခုတင်ပေါ်တင်လိုက်သည်။
အကာအရံအဖြစ် ရေလည်းမရှိ၍ နုပျိုပြီး သန်စွမ်းသော ခန္ဓာကိုယ်က ထင်ထင်ရှားရှားပင်။
ခုတင်အကာက သူတို့နှစ်ဦးစလုံး၏ တစ်လက်မခန့် အဝတ်မှတစ်ပါး အခြားအရာများကို အလွယ်တကူ မြင်တွေ့နေစေသည်။
ယဲ့ယောင်းက အထိန်းအကွပ်မဲ့စွာ တောင့်တင်းသွားပြီး နောက်ဘက်ရှိ လုရွှင်၏ ပခုံးကို စိုက်ကြည့်လိုက်သည်။
လုရွှင်၏ လက်ဖဝါးများက သူ့ခါးနောက်ကျောတွင် ရှိနေဆဲဖြစ်ပြီး လက်များ၏ ခပ်နွေးနွေး အပူချိန်ကြောင့် ထိုနေရာမှ အသားများ အရည်ပျော်သွားတော့မည့်ပုံပင်။
လုရွှင်က အစောပိုင်းတွင် ယဲ့ယောင်းအား တွန်းလှဲကာ ပွတ်ပေးရန် အသင့်ပြင်ထားသော်လည်း ယဲ့ယောင်း၏ တင်းမာမှုက သူမသက်မသာဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြနေသည်။
လုရွှင်က ထိုအကြောင်းကို စဉ်းစားပြီး ယဲ့ယောင်း၏ ခန္ဓာကိုယ်ပေါ်မှ သူ့လက်ကို ဖယ်လိုက်ကာ စည်းကမ်းရှိရှိလေး ပေါင်ပေါ်တင်၍ ယဲ့ယောင်းအနား ဝင်ထိုင်လိုက်သည်။
ယဲ့ယောင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
"မင်း ငါနဲ့ ဘာလို့ အဲ့လောက် သက်တောင့်သက်သာ မဖြစ်နေသေးတာလဲ။”
လုရွှင်က တိုးတိုးလေးမေးလိုက်သည်။
"ငါ အဲဒါကို ကျင့်သားမရလို့ပါ။"
ယဲ့ယောင်းက ပြောလိုက်သည်။
"ဒီလိုဖြစ်နေတာ မင်း အဲဒါကို ကျင့်သားမရလို့ပေါ့?"
လုရွှင်က ခေါင်းလှည့်ကာ ဖိနှိပ်ချုပ်ချယ်သော ခံစားချက်ကို ပေးလေ့ရှိသည့် မျက်လုံးနက်နက်များဖြင့် ယဲ့ယောင်းကို ခိုင်မြဲစွာ ကြည့်လာသည်။ သို့သော် သူက လျင်မြန်စွာ ပြုံးပြီး ဖိနှိပ်ထားသည့် ခံစားချက်ကို ဖျောက်ပစ်လိုက်သည်။
လုရွှင်၏ အသံက တိုးညင်းပြီး ညင်သာနေသေးသော်လည်း သူ့မျက်လုံးများက အနည်းငယ် အန္တရာယ်ရှိနေသည့်ပုံပင်။
"ငါတို့ရဲ့ ဆက်ဆံရေးကို နက်ရှိုင်းအောင် ဘာလို့ တူတူရေချိုးချင်တာလဲ သိလား၊ မင်း ငါ့ကို မကြာသေးခင်ကမှ ထူးဆန်းသလို ပြုမူလာတာ၊ ဒါက မင်းမှာ တခြားသူငယ်ချင်းတွေရှိလို့ ငါနဲ့ မပေါင်းချင်တော့ဘူးလား။"
ယဲ့ယောင်း၏ နှလုံးသားက တစ်ချက်ခုန်သွားသည်။
ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါးနေတတ်သော လုရွှင်က ဤကိစ္စနှင့်ပတ်သက်၍ နားလည် သဘောပေါက်နေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သူအလွန်သတိထားပြီး ဘာမှ ထုတ်ဖော်မပြမိဘူးဟု ထင်ခဲ့သော်လည်း လုရွှင်က တစ်ခုခုကို သတိပြုမိနေဆဲပင်။
"အဓိပ္ပါယ်မရှိလိုက်တာ၊ ငါ မင်းနဲ့ ဘယ်တုန်းကမှ အတူမရှိချင်လို့လဲ"
ယဲ့ယောင်းက သူ့ဘာသာ တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။
“ဒီထူးဆန်းတဲ့ အမြင်က ဘယ်ကလာတာလဲ၊ ဘာလို့ ငါ မသိတာလဲ”
လုရွှင်က ထိုစကားများကို စောင့်မျှော်နေပုံရပြီး မျက်လုံးများကို ရုတ်တရက် မှေးကျဉ်းလိုက်သည်။
"မင်းဘာလို့ ဒီလိုပြောရဲတာလဲ။ မင်းက ဘာလို့ ငါ့ရေတစ်ငုံကို သောက်ဖို့တောင် တွန့်ဆုတ်နေတာလဲ။ ညဘက် ငါ့ကို ကျောပေးပြီးတော့လည်း အိပ်သေးတယ်။ ငါ့နှလုံးသားက မင်းကြောင့် ကြေကွဲနေပြီး၊ အခုပြော မင်း ငါ့ကို ဘယ်လိုပြန်ပေးမလဲ"
“……”
ယဲ့ယောင်း - "မင်း ဘာလိုချင်လို့လဲ"
လုရွှင်က လက်ပိုက်လိုက်သည်။
“မင်း ဘယ်လိုထင်လဲ၊ မင်းနဲ့ ငါ့ရဲ့ဆက်ဆံရေးကို နက်ရှိုင်းအောင်လုပ်ဖို့ ဒီကို ရောက်နေတာ မဟုတ်လား။"
ယဲ့ယောင်းက နှုတ်ဆိတ်သွားပြီး လုရွှင်က သူ့ကို အတင်းအကြပ်မလုပ်ဘဲ ပြင်ဆင်ရန် အချိန်အလုံအလောက်ပေးလိုက်သည်။ နောက်ဆုံးတွင် ယဲ့ယောင်းက သက်ပြင်းချလိုက်ပြီး ဖြည်းညင်းစွာ လှဲချလိုက်သည်။
လုရွှင်က ယဲ့ယောင်း၏ ချစ်စရာကောင်းမှုကြောင့် နှလုံးသားတစ်ခုလုံးအရည်ပျော်သွားသလို ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်များက ပျော်ရွှင်စွာ ကွေးညွတ်သွားသည်။
ယဲ့ယောင်းက လုရွှင် တစ်ခုခုမှားနေပြီဆိုသည်ကို လုံလုံလောက်လောက် သဘောပေါက်သွားသည်။
"မင်း ငါ့ကို ဒီမှာ ထောင်ချောက်ဆင်နေတာလား။"
"အတန်းဖော်ယဲ့ရေ၊ ငါက ဘယ်လိုလုပ်နိုင်ပါ့မလဲ။ ငါက ဒီလိုလူလား"
လုရွှင်က ယဲ့ယောင်းကို တွန်းချလိုက်ရင်း ပြုံးလိုက်ရာ ခုလေးတင် ပြထားသော ဝမ်းနည်းမှုက အနည်းငယ်မျှမတွေ့ရတော့ပေ။
"လှဲချလိုက်တော့။ အခု ငါ စလိုက်တော့မယ်"
ယဲ့ယောင်းက ခုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူ့ရှေ့ဘက်ကို တစ်ဖက်လူက ပိတ်ဆို့ထား၍ ကျေးဇူးတင်မိသော်လည်း နောက်စက္ကန့်တွင် လုရွှင်၏ မျက်လုံးအောက်၌ သူ့ကျောပြင်တစ်ခုလုံး အဖော်ခံလိုက်ရသည်ကို သိလိုက်ရသည်။
ယဲ့ယောင်းက ခေါင်းလှည့်ပြီး နောက်ဘက်ကို ကြည့်လိုက်ရာ လုရွှင်က ဘာမှမပါဘဲ ရပ်လျက် သူ့နောက်ကျောကို တည့်တည့်စိုက်ကြည့်နေသည်။ သို့တည်းမဟုတ် သူ့နောက်ကျော အောက်ပိုင်းကို စိုက်ကြည့်နေ၏။
မမြင်နိုင်သော အတွေးများနှင့်အတူ ယဲ့ယောင်း၏ ခန္ဓာကိုယ်အနှံ့ ကြက်သီးများထလာ၏။ သူ ချက်ချင်းလှည့်လိုက်ပြီး ခုတင်ပေါ်မှ ဆင်းသွားမည်ပြုသော်လည်း လုရွှင်၏ ချည်နှောင်ခြင်းကို ခံခဲ့ရသည်။
"ငါ ထွက်မပြေးပါဘူး၊ အတွင်းခံလေးပဲ ဝတ်ချင်လို့ပါ။"
ယဲ့ယောင်းက ရှင်းပြလိုက်သည်။
လုရွှင်က မျက်ခုံးပင့်လိုက်သည်။
"အတွင်းခံဝတ်မယ်? အပြင်ထွက်ပြီး သွားမေးကြည့်လိုက်။ ရေချိုးတဲ့အခါ ဘယ်သူက အတွင်းခံဝတ်ပြီးချိုးလဲ။ မင်း လာနောက်နေတာလား"
ယဲ့ယောင်းက အံကြိတ်လိုက်သည်။
"ဒါဆို ငါ အဲ့ဒါဝတ်ဖို့ မလိုဘူးဆို မင်းတော့ ဝတ်ထားရမယ်။ ဒီလိုမျိုး ငါ့နောက်မှာ တန်းလန်းကြီး ရပ်မနေနဲ့... "
လုရွှင်က ယဲ့ယောင်း၏ စကားကြောင့် အူမြူးသွားသည်။ သူက ယဲ့ယောင်းကို ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူငုံ့ကြည့်ကာ ရယ်မောလိုက်သည်။ အဆုံးတွင် သူ့တွဲလောင်းအရာကြောင့် ယဲ့ယောင်း စိတ်မသက်မသာမဖြစ်စေရန် လုရွှင်က အတွင်းခံဘောင်းဘီကို နာခံစွာ ဝတ်လိုက်သည်။
ထို့နောက် ယဲ့ယောင်းက ဗိုက်မှောက်လျက် လဲချရုံသာ တတ်နိုင်သည်။ သဲထဲတွင် ခေါင်းမြှုပ်နေသော ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ သူ့မျက်နှာကို လက်နှစ်ဖက်ကြားတွင် မြှုပ်ထားသည်။ သူ့မျက်လုံးက မမြင်နိုင်သရွေ့ ဘာမှဖြစ်လာမှာမဟုတ်ချေ။
သူ့နားရွက်များကို လက်ကြီးများနှင့် အဆိတ်ခံလိုက်ရပြီး သူကြိုက်သည့် ဆွဲဆောင်မှုရှိသော အသံကို ကြားလိုက်ရသည်။
"ဒါဆို ငါ အခုစလိုက်တော့မယ်နော်။"
——–
ယဲ့ယောင်း၏ အသားအရေက အမှန်တကယ် ဖြူစင်နေပြီး ရေစိမ်ပြီးနောက်တွင် ပို၍ပင် တောက်ပြောင်လာသည်။
ကြည့်ရသည်မှာ သန့်စင်ပြီး အမှန်တကယ်ကို သန့်ရှင်း၏။ ပွတ်တိုက်ပြီးနောက် အညစ်အကြေးများမရှိတော့ချိန် သူ့အသားအရေက နီရဲလာခဲ့သည်။
လုရွှင်က ယဲ့ယောင်း၏ တုံ့ပြန်မှုတစ်စုံတစ်ရာကို လွတ်သွားမည်စိုး၍ ယဲ့ယောင်း၏ ခန္ဓာကိုယ်ကို သေချာစိုက်ကြည့်နေသည်။
လုရွှင်၏ နှလုံးသားက ပြောမပြနိုင်သော ရောင့်ရဲမှုများနှင့် ပြည့်နေသည်။
နောက်ဆုံးတွင် ယဲ့ယောင်း၏ အရာအားလုံးကို တွေ့ခဲ့ရပြီး ယဲ့ယောင်းက သူ့အား အားလုံးကို မြင်ခွင့်ပေးလိုက်၍ သူတို့ကြားထဲတွင် မရင်းနှီးမှုမရှိတော့ပေ။
သူက ယဲ့ယောင်းနှင့် ထိုကဲ့သို့ထိတွေ့ဆက်ဆံရသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ပြီး ထိုကဲ့သို့ ထူးခြားသည့်အရာက သူ့နှလုံးသားကို နွေးထွေးအောင် ပြုလုပ်နိုင်သည်။
လုရွှင်က ပွတ်သပ်မှုကို နောက်ကျောမှ ခါးဆီသို့ တဖြည်းဖြည်းရွှေ့သွားလိုက်သည်။
ခါးအောက်ပိုင်းက ယဲ့ယောင်း၏ သီးသန့်အစိတ်အပိုင်းတစ်ခုပင်။
ယဲ့ယောင်း၏ မြင်ရသမျှ အစိတ်အပိုင်းတိုင်းမှာ ကြည့်ကောင်းနေကာ နေရောင်ကို မထိတွေ့သည့်နေရာက ပို၍ပင် မျက်စိကျိန်းလောက်အောင် တောက်ပြောင်နေသည်။
ထိုမျှသာမက နေရာက ထူးခြား၏။ သူ ပို၍ကြည့်လျှင် ယဲ့ယောင်းကို အလွန်မလေးစားရာ ရောက်မည်စိုး၍ လုရွှင်က ၎င်းကို တမင်တကာမကြည့်ဘဲ ရှောင်လိုက်သည်။ သူပွတ်နေသော ယဲ့ယောင်းကျောဘက်သို့ အကြည့်လွှဲလိုက်ပြီး ရေချိုးပုဝါမှတစ်ဆင့် အပူချိန်နှင့် ခွန်အားကို ခံစားလိုက်ရသည်။
မျက်နှာသုတ်ပုဝါကို အမှတ်တမဲ့ပွတ်ချမိလိုက်စဉ် လုရွှင်က တစ်စုံတစ်ခုကို မြင်လိုက်ရပြီး သူ့မျက်လုံးထဲ အပြုံးတစ်ခု ပေါ်လာသည်။
ကျောဘက်တွင် အချိုင့်သေးသေးလေးနှစ်ခုရှိပြီး အရိပ်နှစ်ခုပုံစံဖြင့် အဖြူရောင်ကိုယ်လုံးလေးထဲ နစ်မြုပ်နေကာ ဘေးနားရှိ အသားများကို ပျော့ပျောင်းစေသယောင် ဖန်တီး၍ မြင်ဖူးသူများကို စွဲဆောင်စေသည်။
သူ ဒါကို နှိပ်လိုက်ရင် နူးညံ့နေမလား။
လုရွှင်က တစ္ဆေသရဲများ ထိန်းချုပ်ခံထားသလို လက်ဗလာဖြင့် ၎င်းတို့ကို ထိတွေ့လိုက်သည်။ ဖြူဖြူသွယ်သွယ်ခါးကို လက်နွေးနွေးကြီးဖြင့် ဆုပ်ကိုင်ထားပြီး လက်မများကို အချိုင့်လေးများထဲသို့ ဖိကာ ညင်သာစွာ နှိပ်နယ်လိုက်သည်။
အရမ်း နူးညံ့တာပဲ....
ယင်းက လုရွှင်၏ ပထမဆုံးအတွေးဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူကိုင်ထားသော ခန္ဓာကိုယ်လေးက ရုတ်တရက် တုန်ခါသွားသည်။
——–
ယဲ့ယောင်းက သူ့ကိုယ်သူ ထိန်းချုပ်နိုင်မည်ဟု အမှန်တကယ်ပင် ယုံကြည်နေခဲ့သည်။
သူက ဗိုက်ပေါ်ဖိလျက် လဲလျောင်းနေပြီး တာအိုတဲ့ချင်းတရားဓမ္မကို တိတ်ဆိတ်စွာ ရွတ်ဆိုနေသည်။ ဤအရာကို အောင်မြင်စွာ ရွတ်ဆိုနိုင်ခဲ့ပြီး သူ့ဆန္ဒများ ယခုလေးတင် ငြိမ်းအေးသွားခဲ့သည်။ လုရွှင်က သူ့မှာရှိမှန်းပင်မသိသော ထိလွယ်ရှလွယ် ဆုံမှတ်တစ်ခုကို ရုတ်တရက်ထိမိလိုက်စဉ် ဤရေချိုးခန်းအကြပ်အတည်းကို ဖြတ်ကျော်ရတော့မည့် စိတ်သက်သာရာရမှုလေးမှာ ပျောက်ကွယ်သွားတော့မလို။
ပထမအကြိမ်နှိပ်ပြီးနောက် လုံလောက်ပြီဟု သူထင်ခဲ့သည်။ လုရွှင်က ဆက်နှိပ်နယ်လိုက်ပြီး သူ့နောက်ကျောပေါ်မှ အချိုင့်လေးကို ပြင်းပြင်းထန်ထန်စိတ်ဝင်စားပုံပင်။
ဖိခံရခြင်းနှင့် ယားယံခြင်းတစ်မျိုးချင်းစီက ယဲ့ယောင်း၏ ဦးရေပြားထုံကျင်စေနိုင်မည့် လှိုင်းလုံးကြီးများ ဆက်တိုက် ရိုက်ခတ်သွားစေသည်။ တစ်ချိန်တည်းမှာပင် ယဲ့ယောင်းက မကောင်းသော အကြံအစည်များလုံးဝမရှိသော်လည်း ထိုအရာကို မထိန်းချုပ်နိုင်တော့၍ ထိတ်လန့်သွားရသည်။ ၎င်းက ဇီဝကမ္မအရ တိကျသော တုံ့ပြန်မှုကို လုပ်ဆောင်ပေးခြင်းပင်။
သူ့နောက်ကျောတွင် လုရွှင်ရှိပြီး ခန္ဓာကိုယ်ကို ဖုံးအုပ်မည့် အဝတ်တစ်ထည်ပင်မရှိချေ။ သူ လှည့်ကြည့်လိုက်တိုင်း လုရွှင်က ဘာမှားလို့လဲဆိုပြီး တစ်ချက်ကြည့်လာသည်။
မှန်၏။ ယဲ့ယောင်းက လုရွှင်ကို အကြောင်းပြချက်အား အမှန်အတိုင်းပြောပြနိုင်သည်ကို သိပြီး လုရွှင်ကလည်း သူ့ကို နားလည်ပေးမည်ကို သိ၏။ သို့သော် သူနှင့် လုရွှင်တို့နှစ်ဦး ကိုယ်လုံးတီးဖြစ်နေသည့်အပြင် မျက်နှာချင်းဆိုင်လိုက်သည်နှင့် လုရွှင်က သူ့ကို နေရာမှားပြီး စိုက်ကြည့်ခဲ့သည့်အတွက် ယဲ့ယောင်းရှက်လွန်း၍ ခြေချောင်းများ ကောက်ကွေးကာ တို့ဟူးတစ်ခြမ်းကို ရှာပြီး သူ့ကိုယ်သူရိုက်သတ်ချင်နေခဲ့သည်။
မဟုတ်သေး။ သူက လုရွှင်၏ အာရုံကို ရှောင်ရှားနိုင်မည့် နည်းလမ်းရှာရမည်။
ယဲ့ယောင်းက အသာလေးလှည့်ကြည့်လိုက်ပြီး ရှုပ်ယှက်ခတ်နေသော လုရွှင်၏ လက်ကို ဖိလိုက်သည်။
"ငါက ဒါမျိုးနဲ့ အသစ်ဆိုတော့၊ မင်း ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား။ ဒါက ပုံမှန် ပွတ်တိုက်တဲ့အရာမဟုတ်တာတော့ သေချာတယ်။"
လုရွှင်က ခေါင်းမော့လိုက်ပြီး ချောမောသော မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာသည်။
“သေချာတာပေါ့”
လုရွှင်က ယုံကြည်မှုလွန်ကဲစွာ ဖြေလာသည်။ ယဲ့ယောင်းက ခဏမျှတိတ်ဆိတ်သွားပြီး လုရွှင်လက်ကို လွှတ်လိုက်သည်။ လုရွှင်က ခုတင်ဘယ်ဘက်တွင် ရပ်နေ၍ ယဲ့ယောင်းက ညာဘက်သို့ လှည့်ကာ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ်ဆန့်ပြီး အိပ်ရာမှထရန် ပြင်ဆင်လိုက်သည်။
"မင်း ငါ့ကျောကို ပွတ်ပြီးသွားပြီ၊ အခု မင်းအလှည့်ရောက်ပြီ၊ လာအိပ်လိုက်၊ ငါ ဘောင်းဘီဝတ်လိုက်ဦးမယ်။"
ယဲ့ယောင်းက ပြောလိုက်သည်။
လုရွှင်က ဘယ်ဘက်ခြမ်းမှ ခုတင်ပေါ်တွင် လှဲလိုက်စဉ် သူက ညာဘက်ခြမ်းမှ ထ၍ ယခုတစ်ကြိမ်အရှက်ရခြင်းမှ ကာကွယ်ရန် အ၀တ်အစားများကို ဝတ်လိုက်သည်။
ယဲ့ယောင်းက ထိုသို့လုပ်ရန် တွေးနေစဉ် ရယ်မောသံကို ကြားလိုက်ရသည်။
"မင်းကို ပြီးသွားပြီလို့ ဘယ်သူပြောလဲ"
လက်တစ်ဖက်က ယဲ့ယောင်း၏ပခုံးပေါ် ရောက်လာသည်။ ယဲ့ယောင်းက ထိုလက်ပိုင်ရှင်ကို ကြည့်လိုက်ရာ ကျောင်းတွင်းအနိုင်ကျင့်သူဖြစ်သော သူ့သူငယ်ချင်းက မကောင်းမှုပြုတိုင်း ပြုံးတတ်သည့် ခပ်ညစ်ညစ်ဂန္တဝင်အပြုံးကို မြင်လိုက်ရသည်။
"မင်းရဲ့ကျောကိုပဲ ပွတ်သပ်ပေးမယ်လို့ မင်းတကယ်ထင်နေတာတော့ မဟုတ်ဘူးမလား"
ယဲ့ယောင်း - "?!"
ယဲ့ယောင်း၏ ပခုံးပေါ်ရှိ လက်က ယဲ့ယောင်းအား သူ့ဘေးတွင် လဲချမည့် အနေအထားသို့ ရောက်အောင် လိမ္မာပါးနပ်သော နည်းပညာကို အသုံးပြုလိုက်သည်။
“ရှေ့က ဗိုက်ကိုလည်း သေချာပွတ်ပေး…”
လုရွှင်၏ ခပ်မြူးမြူးအသံက ရုတ်တရက်ရပ်သွားပြီး သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးက အနည်းငယ် အေးခဲသွားသည်။
စိတ်ကူးယဉ်ဟုထင်ရသော်လည်း လုရွှင်က ယဲ့ယောင်းအား ဖြူစင်သောနှလုံးသားနှင့် ဆန္ဒအနည်းငယ်သာရှိပြီး အခြားလူယုတ်မာများနှင့်မတူကြောင်း အမြဲလိုလိုခံစားမိခဲ့သည်။
အချိန်တိုင်းလိုလို ယဲ့ယောင်းနှင့်ပတ်သက်သော အခြားသူများ၏ စိတ်ကူးယဉ်မှုများကို တွေ့ခဲ့ရပြီး သူတို့က ကြိုက်နှစ်သက်မှုလိုမျိုး အခြားအဓိပ္ပါယ်နှင့်ဆိုလျှင်ပင် သူက စိတ်မသက်မသာခံစားရသည်။
ဤသို့အထင်ကြီးရခြင်းအကြောင်းရင်းမှာ ယဲ့ယောင်း၏ မျက်နှာနှင့် ကိုယ်ရည်ကိုယ်သွေးကြောင့် ဖြစ်ပြီး ယဲ့ယောင်း၏ ပုံမှန်အာရုံစူးစိုက်မှုနှင့် ကိုယ်ရေးကိုယ်တာ ဂရုစိုက်မှုတို့ကြောင့်ပင်။
အတူတူအိပ်လေ့ရှိသော သူတို့မဆိုနှင့်၊ ယောက်ျားတိုင်းက ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုများ ရှိမည်မှာ သေချာပေါက်ဖြစ်၍ သူက ယဲ့ယောင်းအကြောင်း ကောင်းကောင်းသိ၏။ သို့သော် နောက်ကြောင်းပြန်ကြည့်လျှင် ယဲ့ယောင်းက အရှက်ရခြင်းမှ ရှောင်ရှားရန် ထိုအချိန်တွင် သူနှင့်အကြည့်ချင်းဆုံရန် လိမ္မာပါးနပ်စွာ ရှောင်ရှားခဲ့သည်။
တစ်နည်းဆိုရသော် ဤသည်မှာ လုရွှင်အတွက် ယဲ့ယောင်း၏ ဆန္ဒများကို ပထမဆုံး ရင်ဆိုင်ရခြင်းပင်။
သန့်ရှင်းသောအဖြူထည်လေးက လောကီအရောင်များဖြင့် စွန်းထင်းနေပြီး ယဲ့ယောင်းအပေါ် လုရွှင်၏ မူရင်းအမြင်များအား သက်ရောက်မှုရှိသွားသည်။ ဤအရာက သူ့ကို စိတ်မပျက်စေခဲ့သလို ဒေါသစိတ်လည်းမခံစားရချေ။
ဖော်မပြနိုင်သောစိတ်လှုပ်ရှားမှုများက သူ့နှလုံးသားမှစတင်ကာ ခြေလက်များထဲသို့ သွေးတိုးသလို စီးဝင်လာပြီး ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာပျံ့နှံ့သွားသည်။
ယခင်က သူမမြင်ဖူးသော ပိုမိုပြည့်စုံသည့် ယဲ့ယောင်းကို မြင်လိုက်ရသလို။
ဤကိုယ်ရေးကိုယ်တာကိစ္စနှင့် လျှို့ဝှက်ထားသော ယဲ့ယောင်း၏ တစ်ဖက်ခြမ်းကို သူသာလျှင် မြင်နိုင်သည်။
လုရွှင်က ယခုအချိန်တွင် သူ့အမူအရာကို မည်သို့ဖြစ်နေသည်ကို မသိ၍ သူ့ကိုယ်သူ ထိန်းထားပြီး စိတ်လှုပ်ရှားလွန်းခြင်း သို့မဟုတ် ထူးဆန်းလွန်းသည့်ပုံမပေါ်စေရန် အစွမ်းကုန် ကြိုးစားနိုင်ခဲ့သည်။ ယဲ့ယောင်းက သူ့ကို ခဏမျှစိုက်ကြည့်ပြီးနောက် ရုတ်တရက်အဝေးကို လှမ်းကြည့်လိုက်ပြီး ခုတင်ပေါ်မှ ပြေးဆင်းသွားသည်။
သို့သော် ယဲ့ယောင်းက ခြေနှစ်လှမ်းပင် မလှမ်းရမီ အနောက်မှ ပွေ့ဖက်ခြင်းခံလိုက်ရသည်။
လုရွှင်က ယဲ့ယောင်း၏ ခါးသေးသေးလေးကို ရစ်ပတ်ထားပြီး နွေးထွေးသောအသားအရေနှင့် အသားများက အချင်းချင်းထိမိနေသည်။ ပုံမှန်ထိတွေ့မှုတစ်ခုဖြစ်သော်လည်း လုရွှင်၏ စိတ်ထဲ မီးရှူးမီးပန်းများဖြင့် ပေါက်ကွဲသွားပုံပင်။
စကားလုံးထောင်ပေါင်းများစွာ၊ စိတ်လှုပ်ရှားမှုအမျိုးမျိုးနှင့် အတွေးမျိုးစုံတို့က နောက်ဆုံးတွင် စာကြောင်းတစ်ကြောင်းအဖြစ်သို့ ကူးပြောင်းသွားသည်။
လုရွှင်က ခေါင်းအနည်းငယ်ငုံ့ကာ ယဲ့ယောင်း၏ နားရွက်နား နီးကပ်စွာ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"မင်း ဘာလို့ထွက်ပြေးနေတာလဲ ငါ မင်းကို ကူညီပေးမှာပေါ့။"
..........