အခန်း (၆) - ကောင်းကင်ပေါ်က ပိုင်မုန့်...
အသံက အလွန်နူးညံ့နေပြီး လုရွှင်၏ လက်မောင်းမာမာများက သူ့ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားခြင်းမျိုးသာ မဟုတ်ခဲ့လျှင် ယဲ့ယောင်းက စိတ်ထဲ ကယောင်ချောက်ချားဖြစ်နေသည်ဟု ထင်မိလိမ့်မည်။
ယဲ့ယောင်းက မယုံနိုင်သလို အမူအရာနှင့် ထိတ်လန့်စွာ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် မတ်တတ်ရပ်နေသော လုရွှင်နှင့် အကြည့်ချင်းဆုံသွား၏။
လုရွှင်၏အမူအရာမှာ ဖော်မပြနိုင်အောင် ထူးခြားနေပြီး နှုတ်ခမ်းထောင့်များက အပြုံးကို ထိန်းထားသလို ကော့တက်နေသည်။ သို့သော် ယဲ့ယောင်း၏ မယုံနိုင်သလို အကြည့်နှင့် ဆုံပြီးနောက် လုရွှင်၏အမူအရာက ပြောင်းသွားပြီး ချက်ချင်းပင် ပုံမှန်ဖြစ်သွားသည်။
"မင်း ဘာပြောလိုက်တာလဲ"
ယဲ့ယောင်းက မသေချာသလို မေးလိုက်သည်။
"မင်း ငါပြောတာ ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူးလား၊ ဒါဆို ပိုကျယ်ကျယ်ပြောရမှာပေါ့။"
လုရွှင်က ဂရုမထားသလို မျက်ခုံးပင့်လိုက်ပြီး သူ၏ ချောမောသောမျက်နှာထက်ဝယ် လေးနက်မှု အရိပ်အယောင်မရှိချေ။
လုရွှင်က အောက်ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းညီလေးကို ထိန်းမရတော့ဘူးမလား။ ဒီကလေးကို ငါ သင်ခန်းစာကောင်းကောင်းပေးဖို့ သင်ပေးမယ်၊ ညီအကိုတွေကြားမှာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးပြီး မင်းကို ဘယ်တော့မှ ထပ်ပြီး မဆန့်ကျင်ရဲအောင် ငါကူညီပေးမယ်လေ။ ပြဿနာရှိလား၊ ဒီကောင်က မင်းကို ထပ်ပြီး ပုန်ကန်ရဲဦးမလား။"
ယဲ့ယောင်း - "...."
ယဲ့ယောင်း အံ့သြသွားသည်။
သူ့ကို လွှတ်ပြီး မမြင်ချင်ယောင်ဆောင်ခြင်းက လုရွှင်အတွက် အကောင်းဆုံးအခြေအနေ ဖြစ်မည်ဟု ထင်ခဲ့ပြီး သူတို့နှစ်ဦးက နောင်တွင် ဤအရာကို မပြောဘဲ မသိချင်ယောင်ဆောင် ကြမည်ဟု သူထင်ခဲ့သည်။
သို့မဟုတ်လျှင် သူက လုရွှင်ကို အကြောင်းပြချက်ပေးနိုင်ပြီး လုရွှင်က ဟာသလို သဘောထားလိမ့်မည်။
မထင်မှတ်စွာပင် လုရွှင်၏ တွေးခေါ်ပုံက သူ့စိတ်ကူးယဉ်ထားသည်ထက် ကျော်လွန်သွားပြီး အကြောင်းပြချက်ပင် မတောင်းဘဲ သူ့ညီလေးကို တိုက်ရိုက်ဆုံးမရန် ကူညီချင်နေပုံပင်။
"ကလေးတွေကို ဆုံးမတဲ့အခါ ပင်ပန်းလွယ်တယ်လေ၊ ဒီမှာ ကူညီဖို့ ငါရှိနေတာပဲ၊ အဲဒါကို စိတ်မပူနဲ့"
လုရွှင်က သူ့ဦးတည်ချက်အား ချိန်ညှိကာ လူရမ်းကားအမူအရာဖြင့် ယဲ့ယောင်းကို ဖက်လျက် ပြန်ခေါ်လာသည်။
"အိုး၊ နောက်ထပ်အကြိမ်အနည်းငယ်လောက် ဆုံးမခံရပြီးရင် သူ အရှုံးပေးသွားလိမ့်မယ်"
ယဲ့ယောင်းက နှစ်လှမ်းမျှ လှမ်းလိုက်ပြီးနောက် ရုတ်တရက်သတိပြန်ဝင်လာကာ ရပ်လိုက်သည်။
သူဘာလုပ်နေတာလဲ၊ တကယ်ပဲ လုရွှင်ကို ကူညီစေချင်တာလား။
လုရွှင်က သူ့ကို ညီအစ်ကိုအဖြစ် သဘောထားပြီး သူက လုရွှင်ကို ကောင်လေးအဖြစ် လိုချင်ခဲ့သည်။ လုရွှင်ကို ထိုသို့အခွင့်ကောင်းယူခြင်းက တကယ်ကို လူကြီးလူကောင်းမပီသချေ။
"မဟုတ်ဘူး၊ သူ့ဘာသာပဲ ထားလိုက်ပါ၊ ကြာရင် သူဒေါသက ပြေလျော့သွားလိမ့်မယ်။"
လုရွှင် သတိမပြုမိစဉ် ယဲ့ယောင်းက လုရွှင်၏ လက်မှ လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး သူ့အဝတ်အစားများ ထားရာနေရာသို့ အမြန်သွားလိုက်သည်။
"မိသားစုကိစ္စက မင်းနဲ့ဆို အဆင်မပြေဘူး"
ယဲ့ယောင်းက သူရှင်းရှင်းလင်းလင်းပြောလိုက်ပြီးဟု တွေးလိုက်ကာ လုရွှင်က သူ့ကို ထပ်မပူဆာနိုင်ဟု ထင်ခဲ့သည်။ မထင်မှတ်စွာပင် လုရွှင်က နောက်မှ လိုက်လာခဲ့ရာ ယဲ့ယောင်းက လှည့်ပြီး ခုခံရုံသာ တတ်နိုင်တော့သည်။
ဤလူယုတ်မာလုရွှင်က တော်ရုံအားနှင့်မလုပ်ဘဲ မိုးကြိုးပစ်သလို အရှိန်နှင့် ယဲ့ယောင်း၏ ခါးကို ဆိတ်လိုက်ရာ ယဲ့ယောင်းက ထခုန်မိလုနီးပါးဖြစ်သွားပြီး သူ့လှုပ်ရှားမှုများက အားနည်းချက်များကို ပြသလိုက်သလိုပင်။
ထိုအချိန်ကိုက်တွင် လုရွှင်က ချက်ချင်းဆိုသလို သူ့လက်ကို အမြန်ဆန့်ထုတ်လိုက်ပြီး ရမ်းကားနေသော ညီငယ်လေးကို ဓားစာခံအဖြစ် ဖမ်းကာ အစ်ကိုဖြစ်သူ ယဲ့ယောင်းအား မခုခံရန် ပြောလိုက်သည်။
"မင်းမိသားစုအရေးကို ငါဂရုစိုက်ပေးတာ ဘာလို့အဆင်မပြေတာလဲ။ ငါတို့အတူတူ အိပ်ပြီးပြီပဲဟာကို၊ မင်းညီလေးကို ဆုံးမပေးတာ သဘာဝကျတယ်လေ။"
လုရွှင်က ယဲ့ယောင်းအား ကျေနပ်စွာ ပွေ့ဖက်ထားသော်လည်း မူလနေရာသို့ ပြန်မခေါ်သွားခဲ့ပေ။ ယင်းအစား သူက ယဲ့ယောင်းနှင့် မျက်နှာချင်းဆိုင်ရပ်ကာ 'ညီလေး' ကို လက်တစ်ဖက်ဖြင့် ဓားစာခံလို ကိုင်လျက် နောက်တစ်ဖက်နှင့် ယဲ့ယောင်းခါးကို ဖက်ထားလိုက်ပြီး လွတ်မြောက်မည့် အခြားအခွင့်အရေးကို တားဆီးလိုက်သည်။
“မင်း… ညစ်ပတ်တဲ့ ကစားနည်းကို ကြိုက်တာပဲ။”
ယဲ့ယောင်း၏ အသက်ရှူသံက မတည်မငြိမ်ဖြစ်နေသည်။
“ဟမ်...”
လုရွှင်က ဂုဏ်ယူစွာ ဝန်ခံခဲ့သည်။
ယဲ့ယောင်း ဘာမှမပြောနိုင်တော့ဘဲ မျက်စိမှိတ်ပြီး နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။
သူဘာမှပြန်မပြောခဲ့သော်လည်း လုရွှင်က ပြောလာသည်။
"ငါ မင်းဘက်လှည့်လာတဲ့အချိန် ဘာလို့ထွက်ပြေးတာလဲ။ ဒီအခြေအနေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက သေချာပေါက် ငါ့လက်ကို သုံးလိုက်ဖို့ပဲဟာ။ ညီအစ်ကိုကောင်းတွေက အချင်းချင်းကူညီကြတယ်လေ၊ မင်း အဲဒါကိုမကြားဖူးဘူးလား"
ယဲ့ယောင်းက ချက်ချင်းပြန်မဖြေသေးဘဲ စကားမစခင် ခဏမျှ နှုတ်ဆိတ်နေခဲ့သည်။ သူ့ပင်ကိုယ်နှစ်သက်စရာအသံလေးက အနည်းငယ်အက်ကွဲနေသည်။
"... ငါကြားဖူးပေမဲ့ မင်းကြိုက်မယ်လို့ မထင်ဘူးလေ။"
"ငါ ကြိုက်ပါတယ်။"
လုရွှင်က ယဲ့ယောင်း၏ မျက်နှာကို စိုက်ကြည့်ရင်း သွယ်လျအားကောင်းသော လက်ချောင်းများဖြင့် နေရာလွတ်မချန် အရှေ့အနောက်လှုပ်ရှားလိုက်သည်။
"ဘာလို့ ငါက မကြိုက်ရမှာလဲ"
ဘာကြောင့်လဲ? ဒါပေါ့၊ လုရွှင်က လိင်တူမကြိုက်တဲ့ အဖြောင့်လေ။ လိင်တူမကြိုက်တဲ့ အဖြောင့် အမျိုးသားတစ်ယောက်ဟာ လိင်တူဆက်ဆံတာနဲ့ပတ်သက်တဲ့ ဒီလိုလုပ်ဆောင်မှုတွေကို မကြောက်ဘူးဆိုတာနဲ့ အဲဒီလိုလုပ်ဖို့တောင် ဆန္ဒရှိတယ်ဆိုတာ ဘယ်သူသိမှာလဲလို့....
ယဲ့ယောင်းက ယခုအများကြီး မတွေးနိုင်တော့ဘဲ သူ့ရှေ့ရှိလူက လုရွှင်ဟု တွေးကာ စိတ်များ ဗလာဖြစ်သွားသည်။
သူ တိတ်တခိုးချစ်နေသူက သူ လိုချင်သော ထိတွေ့မှုနောက်တစ်မျိုးကို ပေးနေသည်။
လှုံ့ဆော်မှုကြောင့် ယဲ့ယောင်း၏ အမဲရောင်မျက်တောင်ရှည်များက တုန်ရီနေကာ ခန္ဓာကိုယ်ကလည်း ယိမ်းထိုးနေ၍ ခြေမခိုင်တော့ပေ။ သူ့လက်က သံသယများဖြင့် တစ်ခုခုကို ကိုင်ထားရန် မြှောက်လိုက်သော်လည်း လေထဲတွင် ထပ်မံအေးခဲသွားသည်။
လုရွှင်က ယဲ့ယောင်း၏ ခါးကို လွှတ်ပေးလိုက်ပြီး လေထဲ တန်းလန်းဖြစ်နေသော လက်ကို ဆွဲယူကာ ပခုံးပေါ် တင်လိုက်သည်?
ဤနည်းအားဖြင့် သူတို့က ပို၍ပင်နီးကပ်လာခဲ့သည်။
ယဲ့ယောင်းက မျက်လုံးများကို မှိတ်ထားရာ လုရွှင်က သူ့ရှေ့ရှိလူကို ပွင့်ပွင့်လင်းလင်း စိုက်ကြည့်ရင်း မျက်လုံးများထဲ စိတ်လှုပ်ရှားမှုနှင့် ပြင်းပြသော စိတ်အားထက်သန်မှုကို မည်သူမဆို မြင်နိုင်သည်။
သူတစ်ခါမှမမြင်ဖူးသော ယဲ့ယောင်း၏ တုန်လှုပ်နေသော အမူအရာက သူ့မျက်လုံးများရှေ့တွင် ပေါ်လာပြီး နှုတ်ခမ်းနီရဲရဲလေးက အနည်းငယ်ဟသွားကာ အတွင်းမှ သွားဖြူဖြူလေးများကို ခပ်မှိန်မှိန်မြင်နေရသည်။ မျက်မှောင်ကြုတ်နေသော မျက်ခုံးများက နာကျင်မှုကြောင့်မဟုတ်ဘဲ ထူးခြားဆန်းပြားပြီး ဖော်မပြနိုင်သော သာယာမှုများကို ပြနေသည်။
ယဲ့ယောင်း၏ တည်ငြိမ်သော စိတ်နေစိတ်ထားက ပျောက်ကွယ်သွားကာ နေရောင်အောက်တွင် ပွင့်နေသော ပန်းတစ်ပွင့်ကဲ့သို့ သူ့မျက်နှာအသွင်အပြင်က ပို၍ လှပလာသည်။
အစွန်းအထင်းမရှိသော ပန်းကို ယခုအခါ အလှဆုံးလောကအရောင်များဖြင့် ဆိုးထားသည်။
သူ့လက်အောက်မှာ လှပစွာ ပွင့်နေသည်။
ယဲ့ယောင်းက မျက်လုံးကို ပြန်ဖွင့်လိုက်ချိန် စိတ်ဝိညာဉ်တစ်ခုလုံး လေထုထဲမှာ လွင့်မျောနေပုံရနေသည်။ သို့သော် လုရွှင်၏ လက်ကို ငုံ့ကြည့်လိုက်မိစဉ် သူ့စိတ်ဝိညာဉ်က ချက်ချင်းဆိုသလို ရှက်ရွံ့စွာ မူလနေရာသို့ ပြန်ရောက်သွားခဲ့သည်။
ဘုရားရေ၊ လုရွှင်က သူ့ညီလေးကို ဒီလိုဆုပ်ကိုင်ထားဆဲပဲ!
ယဲ့ယောင်းက တစ်ရှူးစက္ကူကို အမြန်သွားယူလိုက်သည်။
"မင်းကို ငါ သုတ်ပေးမယ်။"
“မလိုဘူး။”
လုရွှင်က ခေါင်းယမ်းလိုက်ပြီး ယဲ့ယောင်းလက်ထဲက တစ်ရှူးကို ယူလိုက်ကာ သူအပိုင်မဟုတ်သော အဖြူရောင်အရည်များကို ဖြည်းညင်းစွာ သုတ်လိုက်သည်။ သူက ယဲ့ယောင်းကို ကြည့်ရင်း နှုတ်ခမ်းများ ကော့တက်လာသည်။
“ဝန်ဆောင်ရေးသမားလေးရှောင်လုပေးတဲ့ ဝန်ဆောင်မှုကို ကျေနပ်ရဲ့လား”
ယဲ့ယောင်း - "...ကျေနပ်ပါတယ်။"
လုရွှင်၏ မျက်နှာပေါ်ရှိ အပြုံးက ကြီးမားသွားသည်။
"ဒါဆို ဘော့စ်က ကျွန်တော့်ကို ပြန်ပေးဖို့ မမေ့နဲ့နော်"
ယဲ့ယောင်း“…”
"ဒီအကြွေးတွေကနေ ထွက်ပြေးချင်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်။"
သန့်ရှင်းရေးလုပ်နေသော လုရွှင်က လှောင်ပြောင်ကာ ယဲ့ယောင်း၏ လည်ပင်းကို လက်မောင်းကြားဆွဲညှစ်လိုက်ပြီး ခေါင်းကို အနီးကပ်ဆွဲ၍ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"မင်း တစ်ယောက်နဲ့တစ်ယောက် ကူညီရတယ်ဆိုတာ သိတယ်မဟုတ်လား?"
သူတို့ကြားရှိ အကွာအဝေးက ကျဉ်းလာချိန် ယဲ့ယောင်းက သတိပြန်ဝင်လာပြီး လုရွှင်က တစ်ခုခုမှားနေပြီဆိုသည်ကို သိလိုက်သည်။
မှားသည်ဟု ခံစားရသောနေရာက သူ့ဝမ်းဗိုက်အောက်ပိုင်းပင်။
လုရွှင်မိသားစုရဲ့ မျိုးဆက်သစ်လူငယ်လေးက အခု ဘာလို့ရမ်းကားနေတာလဲ၊ ဒီလိုပတ်ဝန်းကျင်မျိုးက ကူးစက်တတ်တာလား။
အမှန်ပင်။ လုရွှင်က သူအဆင်ပြေနေသည်ကိုမြင်ပြီး စမ်းကြည့်ရန် မစောင့်နိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့၏။ ကြည့်ရတာ အတော်လေးပုံမှန်ဖြစ်ပုံပင်။
ဤမြင်ကွင်းက ယဲ့ယောင်းအတွက် ရင်းနှီးနေသော အရာမျိုးအမှန်မဟုတ်ချေ။ ယဲ့ယောင်း၏ ရှက်ရွံ့မှုနှင့် မယုံနိုင်သော ခံစားချက်များက လှိုင်းလုံးကြီးသဖွယ် လှုပ်ခတ်လာပြီးနောက် တည်ငြိမ်စေလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။
"အာ၊ ငါ မင်းကို ကူညီပေးမယ်"
ယဲ့ယောင်း၏ လက်က ယခင်လို မတည်ငြိမ်တော့ဘဲ တုံ့ဆိုင်းမှုအနည်းငယ်နှင့် ပိုင်ရှင်၏ ခံစားချက်အတိုင်း သူ့လက်ချောင်းများကပါ တုန်ရီနေသည်။
သို့သော် လက်က လမ်းတစ်ဝက်သို့ အရောက်တွင် တားမြစ်ခြင်းခံလိုက်ရသည်။
"ကိစ္စမရှိပါဘူး။"
လုရွှင်က ပြောလိုက်သည်။
ယဲ့ယောင်းက ခဏမျှထိတ်လန့်သွားပြီး စိတ်များရှုပ်ထွေးလာသဖြင့် မျက်လုံးမှိတ်လျက် မျက်နှာတည်တည်နှင့် လက်ပြန်ရုပ်ရန် ကြိုးစားလိုက်သည်။
"ဟမ်။"
သူ့လက်မှာ ထပ်မံဆုပ်ကိုင်ခံလိုက်ရပြီး သူ့ကိုကိုင်ထားသူက ဝမ်းသာအားရအမူအရာနှင့်…
"မင်း ငါ့ကို အခုလောလောဆယ် အကြွေးတင်သွားပြီနော်။ အချိန်တန်ရင် ငါ လာတောင်းမယ်။"
လုရွှင်က ယဲ့ယောင်းလက်ကို ဆုပ်ကိုင်ထားပြီး ရှေ့သို့ လျှောက်သွား၏။
"ဒါမှမဟုတ်ရင် ငါတို့အတူတူနေမယ်ဆိုရင် နောက်တစ်ကြိမ်မရှိနိုင်မှာ မဟုတ်ဘူးလေ၊ ငါ ပြောချင်တာက..."
ယဲ့ယောင်း၏ နှလုံးခုန်သံများမြန်လာပြီး လုရွှင်က ယဲ့ယောင်းဘက် လှည့်ကြည့်ကာ မျက်ခုံးပင့်၍ ပြုံးပြလိုက်သည်။
"မဖြစ်နိုင်တာမဟုတ်ဘူး။"
ဒီလိုကောင်းတာ ဘယ်လိုရှိနိုင်မလဲ။
ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ပိုင်မုန့်က သူ့ခေါင်းကို ထိလိုက်သလို ထပ်မထိမှာစိုးလို့ ခဏခဏပေးထိရမှာမလား။
****
သူတို့က ရေချိုးပြီးပြန်ကြချိန် ယဲ့ယောင်းက ဘေးမှ စိတ်အားထက်သန်နေသော လုရွှင်နှင့်မတူဘဲ တုန်လှုပ်နေသည်။
"ပထမဆုံးအကြိမ်ရေချိုးရတာ ဘယ်လိုခံစားရလဲ"
လုရွှင်က ယဲ့ယောင်း၏ ပခုံးများပေါ် လက်တစ်ဖက်တင်ထားသည်။
"မြောက်ပိုင်းမှာလို ရေချိုးဖို့ လက်ခံသွားပြီလား"
ယဲ့ယောင်းက နှုတ်ခမ်းများကို ဖိကာ စကားမပြောလာချေ။
လုရွှင်က ယဲ့ယောင်းမဖြေသည့်တိုင် စိတ်အနှောက်အယှက်မဖြစ်ဘဲ ယဲ့ယောင်းကို လက်မောင်းထဲ ဆုပ်ကိုင်ထားရ၍ သူ့နှလုံးသားက ကျေနပ်မှုအပြည့်နှင့်။
"ငါတို့ ဘယ်အချိန်ထပ်သွားကြမလဲ"
လုရွှင်က မေးလိုက်သည်။
ယဲ့ယောင်းက ခဏမျှတိတ်ဆိတ်သွားပြီး ခေါင်းယမ်းလိုက်သည်။
သူက ယနေ့ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းနိုင်လျှင်ပင် လုရွှင်နှင့် ရေချိုးခန်းကို ဘယ်တော့မှ မသွားချင်တော့ပေ။
"လုရွှင်၊ မင်း ဘာလုပ်နေလဲ သိရဲ့လား"
ယဲ့ယောင်းက မေးလိုက်သည်။
"ဘာမှားလို့လဲ"
လုရွှင်က ယဲ့ယောင်း၏အမူအရာကို ပွင့်လင်းသောမျက်နှာဖြင့် ကြည့်ကာ ပခုံးကို ဖက်ထားရာမှ ဆိုးသွမ်းစွာပြုံးရင်း လက်ကို ပြောင်း၍ ဆုပ်ကိုင်လိုက်သည်။
"အဲ့ဒါက ဘာမှားလို့လဲ၊ ငါတို့က သူငယ်ချင်းကောင်းတွေပဲလေ"
ညသန်းခေါင်၌ ယဲ့ယောင်းက အိပ်ရာပေါ်မှာ တစ်ယောက်တည်းလှဲလျောင်းရင်း အတွေးနက်နေမိသည်။
……ဒါက ဘယ်လိုအဖြောင့်သီအိုရီအမျိုးအစားလဲ။
သူငယ်ချင်းနှစ်ယောက်က ချစ်သူရည်းစားမရှိချိန် တစ်ယောက်ကိုတစ်ယောက်ကူညီကြ၏။ သူ အဖြောင့်ဖြစ်ခဲ့စဉ် ဤစကားကို ကြားခဲ့ဖူးသော်လည်း ထိုအချိန်က လှောင်ပြောင်ခဲ့ဖူးသည်။
သူက အခြားသူများဘာလုပ်လုပ် ဂရုမစိုက်သော်လည်း သူ့သူငယ်ချင်းများနှင့် ထိုအရာကို လုပ်မည်မဟုတ်ပေ။
အခု သူက အဖြောင့်ကနေ ဂေးသွားချိန် ဒီအဖြစ်အပျက်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရတယ်လေ၊ လုရွှင်ကရော ဘယ်လိုလဲ...
လိင်တူမုန်းတီးသူအဖြောင့်ကောင်လုရွှင်က လိင်တူချင်းကြား ရင်းနှီးသောအပြုအမူကို လက်ခံနိုင်သည်။
သူက ဖြောင့်လွန်းနေတာကြောင့်လား၊ ဒါမှမဟုတ် သူက… လိင်တူမုန်းတီးသူဖြစ်တာကို ဝန်မခံချင်လို့များလား...
သူက လုရွှင်နှင့် နှစ်အတော်ကြာသူငယ်ချင်းဖြစ်ခဲ့သော်လည်း သူ့အတွေးအမြင်မှာ အလွန် ကွာခြားပြီး လုရွှင်၏ လုပ်ရပ်အားလုံးနောက်ကွယ်မှ ရည်ရွယ်ချက်များကို နားမလည်နိုင်ခဲ့ပေ။
ယဲ့ယောင်းက ထိုအကြောင်းတွေးပြီး စောင်ထဲ ခေါင်းထည့်လိုက်ကာ အစွမ်းထက်သော ပိုင်တုဝဘ်ဆိုဒ်တွင် အကူအညီတောင်းရန် လက်ကိုင်ဖုန်းကို ဖွင့်လိုက်သည်။
တစ်စုံတစ်ယောက်က ယဲ့ယောင်းသိချင်နေသော အလားတူမေးခွန်းကို တကယ်မေးခဲ့သည်။
[ငါကြိုက်တဲ့ လိင်တူမုန်းတီးသူအဖြောင့်ယောက်ျားလေးသူငယ်ချင်းက 'အဲဒါ' ကို သူ့လက်နဲ့ ဖြေရှင်းဖို့ ငါ့ကို ကူညီပေးခဲ့တယ်…….. ငါက အဲ့ဒါကို သိမ်မွေ့တယ်လို့ပြောရင် လူတိုင်း နားလည်မှာ သေချာပေါက်ပဲ။ ငါ အရမ်းပျော်နေတယ်၊ သူ အရမ်းဖြောင့်နေတာ မဟုတ်နိုင်ဘူးမလား။]
အောက်တွင် ဖြေကြားချက်အနည်းငယ်ရှိသည်။
[ဟယ်လို၊ မင်းက ဂေးမှန်းသိရင် သူ မင်းကို လာရိုက်နိုင်တယ်နော်။ သူက မင်းကို အဖြောင့်ထင်နေတယ်ဆို ဒါဟာ သာမန်သူငယ်ချင်းအပြုအမူပဲမို့ သိပ်အများကြီးမစဉ်းစားနဲ့။]
[လက်နည်းနည်းဆွဲလိုက်စမ်း၊ ဒီလူက အဖြောင့်ဖြစ်နေရုံလေးပါ၊ အဖြောင့်ယောင်ဆောင်နေတဲ့ ဂေးလေး၊ မင်းရော သူ့မျက်နှာကိုရော လက်သီးနဲ့ ထိုးချင်တယ်။]
[ပြောဖို့ ခက်တယ်၊ သူက လိင်တူမုန်းတီးသူလို့ ဝန်မခံချင်တာ ဖြစ်နိုင်ချေရှိသလို၊ အဖြောင့်လည်း ဖြစ်နိုင်ချေရှိတယ်၊ ဒါကြောင့် အဲ့ဒါကိုလုံးဝမစဉ်းစားနဲ့။ မင်းဘာလို့ ထပ်မကြိုးစားတာလဲ။ ဥပမာအားဖြင့် သူ့ကို ဂေးဘားခေါ်သွားလိုက်လေ၊ သူဘယ်လိုတုံ့ပြန်လဲဆိုတာ ကြည့်ပေါ့။]
[…… အဖြောင့်? ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ငါ နားလည်မှုလွဲနေတာတစ်ခုခုရှိလား။]
ယဲ့ယောင်းစဉ်းစားလိုက်သည်။
လုရွှင်ကို ဂေးဘားတစ်ခုသို့ ခေါ်သွားခြင်းမှာ မေးခွန်းကို မေးရန်ပင်မလို၊ သူကိုယ်တိုင်လည်း မသွားချင်သလို လုရွှင်ကို ထိုနေရာသို့ မခေါ်သွားချင်ပေ။ ထိုအရာက ထူးဆန်းလွန်းလှသည်။
သို့သော်လည်း အခြားပျော့ပျောင်းသော ဆရာ,မပါသည့် နည်းလမ်းများကို စမ်းသုံးနိုင်သည်။ ဥပမာအားဖြင့် မကြာသေးမီကထွက်ရှိထားသော ဇာတ်ကားတစ်ကားတွင် တစ်ဦးနှင့်တစ်ဦး သဘောကျနှစ်သက်သော ယောက်ျားလေးသူငယ်ချင်းတစ်တွဲအကြောင်း ရိုက်ကူးထားပြီး အဆုံးတွင် အတူမရှိကြရဘဲ လမ်းခွဲသွားသည့် သိမ်မွေ့သောဇာတ်အိမ်နှင့် ရုပ်ရှင်ကို ကြည့်မလားဟု လုရွှင်အား မေးမြန်းကြည့်ရန်ပင်။
လုရွှင်က ဒီလိုမထင်မရှားဇာတ်အိမ်ကို ဘယ်လိုဖြစ်သွားတာလဲလို့ တွေးမှာကိုပဲ စိတ်ပူတယ်။
လုရွှင် ဂေးများကို မုန်းတီးခဲ့ကြောင်း ယဲ့ယောင်းသိသော်လည်း သူသိခဲ့သမျှ ကာလပတ်လုံး လိင်တူချစ်သူစုံတွဲများနှင့် ရင်ဆိုင်ရတိုင်း လုရွှင်၏ တုံ့ပြန်မှုကို မတွေ့ခဲ့ရပေ။
အကြောင်းပြချက်က ရှင်းရှင်းလေးပင်။ သူတို့စတွေ့ကတည်းက လုရွှင်နှင့် ခင်မင်ဖူးသော အမျိုးသားများက လုရွှင်ကို ကြိုက်ခြင်းကြောင့် ဖြစ်မည်လားမသိ။ သူတို့က လုရွှင်၏ ကောင်းသောဘက်ခြမ်းကို မည်သူမှ မရောက်ခဲ့ကြချေ။ အခြားလိင်တူစုံတွဲများကလည်း လုရွှင်နှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းမရှိခဲ့ပေ။
မနက်ဖြန် ငါ လုရွှင်နဲ့ ရုပ်ရှင်သွားကြည့်ရမယ်။
လုရွှင်ကရော လိင်တူမုန်းတီးသူဖြစ်တာကို ဝန်မခံရဲတာမျိုးဆိုရင် ဖြစ်နိုင်တာက…
ယဲ့ယောင်းက သူ့နှုတ်ခမ်းများကို ဖိကိုက်ကာ ဖုန်းစခရင်ကို ပိတ်လိုက်ပြီး ခေါင်းပေါ်က စောင်များကို ဆွဲချလိုက်စဉ် အမှောင်ထုထဲ သူ့အပေါ် တိုက်ရိုက်အုပ်မိုးထားသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
ယဲ့ယောင်းက မျက်ခုံးပင်မပင့်ဘဲ မျက်နှာကို ခပ်ဝေးဝေးတွန်းထုတ်ရန် လက်ဆန့်လိုက်သည်။
"ငါ့ကို ခြောက်ဖို့ လာစောင့်နေတာလား"
ယဲ့ယောင်းက မေးလိုက်သည်။
လုရွှင်က ယဲ့ယောင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ငါ မင်းကို မခြောက်ပါဘူး၊ မင်း ဒီည တစ်ယောက်တည်းနေချင်တယ်လို့ ပြောခဲ့တယ်လေ၊ ငါက လာချော့ရုံလေးပါ၊ ဘာအသံမှ မလုပ်ပါဘူး။"
မှန်၏။ ယဲ့ယောင်းက ယနေ့အလွန်စိတ်လှုပ်ရှားခဲ့ရ၍ တစ်ယောက်တည်းနေချင်သည်ဟု လုရွှင်ကို ပြောခဲ့ပြီး ဤညတွင် အိပ်ရာပေါ်၌ တစ်ယောက်တည်းအိပ်ချင်ခဲ့သည်။
လုရွှင်၏အိပ်ရာက သူ့ဘေးတွင် ရှိနေပြီး တူညီသောဦးတည်ချက်အတိုင်း အိပ်ကြ၍ ယဲ့ယောင်းတစ်ယောက်တည်းအိပ်လျှင်ပင် လုရွှင်နှင့် လက်တစ်ကမ်းထက်မကွာချေ။
နက်ဖြန်က တနင်္ဂနွေပိတ်ရက်ဖြစ်သဖြင့် ရှောင်းဖန်နှင့် ဝိန်းခယ်တို့က ဆိုက်ဘာကဖေး၌ တစ်ညလုံးအတူတူဟက်ကာသွားလုပ်ကြပြီး သူတို့စကားပြောခြင်းက အခြားသူများ အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်စရာမလိုချေ။
လုရွှင်က သူ၏ စနောက်ကျီစယ်သံကို ပြန်ရုပ်သိမ်းသွားသည်။
"အမှောင်ထဲမှာ ဖုန်းမကြည့်နဲ့၊ မင်း မျက်လုံးတွေအတွက် မကောင်းဘူး၊ မင်း ကြည့်ချင်ရင် ငါမီးဖွင့်လိုက်မယ်။"
ယဲ့ယောင်း၏ လက်များက ဆုပ်ကိုင်ခံထားရရာ နွေးထွေးသွားသလို ခံစားလိုက်ရပြီး တိုးတိုးလေးပြန်ဖြေလိုက်သည်။
"မလိုပါဘူး။ ငါက အချက်အလက်တချို့ကို ရှာကြည့်ချင်ရုံလေးပါ။"
လုရွှင်က ကျေနပ်သွားပုံရပြီး ယဲ့ယောင်း၏ မျက်ခွံပါးပါးပေါ် လက်တင်လိုက်ကာ ယဲ့ယောင်းအား ဆူပူကြိမ်းမောင်းနေရင်း မျက်လုံးကို နှိပ်နယ်ပေးလိုက်သည်။
"မင်း အဲ့ဒါကို စဉ်းတောင်မစဉ်းစားနဲ့၊ မင်း အသက်တစ်ရာလောက်ကျရင် မျက်နှာတွေကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူးဆို ဘယ်လိုလုပ်မလဲ။ တခြားလူအိုတွေကို ငါလို့ပဲ ထင်ပြီး အိမ်ခေါ်သွားမိရင်ရော၊ ငါက တခြားလူအိုတွေနဲ့ ရန်ဖြစ်ရဦးမှာလား။ မင်း အသက်ကြီးလာတဲ့အခါ မကောင်းတဲ့လွှမ်းမိုးမှုတွေရှိမှာ ငါစိတ်ပူမိတယ်။"
“……”
ယဲ့ယောင်းက ဆွံ့အသွားသည်။
“အဲဒါက အယ်လ်ဇိုင်းမားရောဂါမှ မဟုတ်တာ၊ မင်းမျက်နှာကို ငါဘယ်လိုမှားမှတ်မိရမှာလဲ။ အများစုက မင်းရဲ့ သားကို မင်းဆိုပြီး မှားရုံလောက်ပေါ့။”
လုရွှင်၏ လက်က ရပ်သွားပြီး ယင်းအစား ယဲ့ယောင်းပါးပြင်ကို တစ်ချက်ဆိတ်လိုက်ကာ ယခုပင် သာယာနေခဲ့သော သူ့လေသံက အေးစက်သွားပြန်သည်။
"တော်တော်ကောင်းတယ်နော်။ မင်းမှာ အဲ့လို အခွင့်အရေးမရှိဘူး"
လုရွှင်က ရပ်ကာ ထလိုက်သည်။
"မင်း ငါနဲ့ တစ်ရက်လေးတူတူမအိပ်တာနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောဖို့ လုပ်နေတာပဲ။ ဟုတ်ပြီလေ၊ ငါ့ကို လျစ်လျူရှုတာ ရပ်လိုက်တော့၊ ငါ နုတ်ထွက်တယ်၊ ငါတို့ ဒီညအတူတူ အိပ်ကြမယ်"
ယဲ့ယောင်း၏ ကန့်ကွက်မှုကို ငြင်းဆိုခဲ့ပြီး လုရွှင်က သူနှင့် ခုတင်တစ်လုံးတည်းကို မျှဝေခိုင်းခဲ့သည်။
ယဲ့ယောင်းက အကျွမ်းတဝင်ရှိသော ရင်ခွင်ထဲတွင် တစ်ဖန်နစ်မြုပ်သွားပြန်သည်။ ဤခုတင်က လူနှစ်ယောက်အိပ်ရန် ရည်ရွယ်ပြီး ထုတ်ထားသလိုမျိုး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွား၏။
............