ယဲ့ယောင်းသည် အတော်လေးထိတ်လန့်သွားခဲ့သည်။
လုရွှင်ကို လျှို့ဝှက်ချစ်နေခဲ့သောကြောင့် ညဉ့်နက်ချိန် လုရွှင်နှင့်အတူတူနေရသောအခါ သူ့မှာ အရာရာတိုင်းကို စိတ်ကူးယဉ်ခဲ့ရသည်။
ဥပမာ- ညတိုင်း နမ်းရမည်။ အတူတူအိပ်ရမည်။ အိပ်ရာမဝင်ခင်နှင့် မနက်ခင်းနိုးလာတိုင်း နမ်းရမည်။ "မင်းကိုချစ်တယ်" ဆိုသည့် ချစ်ခြင်းမေတ္တာစကားကို ကြားရမည်။
ထိုအရာများသည် ယဲ့ယောင်း၏ နှလုံးသားအတွင်း နက်ရှိုင်းစွာ မြှုပ်နှံထားသော လျှို့ဝှက်အိပ်မက်များပင်ဖြစ်သည်။ အတူတူအိပ်သည်မှလွဲ၍ အခြားအရာများကို အကောင်အထည်ဖော်ရန် အခွင့်အရေးရမည်မဟုတ်ဟု သူထင်ခဲ့သည်။ သို့သော် ရုတ်တရက် "မင်းကိုချစ်တယ်" ဆိုသောစကားကို မမျှော်လင့်ဘဲ ကြားလိုက်ရသည်။
အဓိကအပြစ်ရှိသူကတော့ ယဲ့ယောင်း ရေသီးသွားသော အကြောင်းရင်းကို မသိဘဲ သူ့ကျောကို ဆက်တိုက်ပုတ်နေတုန်းပင်။
လုရွှင်သည် အခြားသူများကို အတုခိုးနေခြင်းဖြစ်သည်ကိုလည်း သူသိလိုက်သည်။ သို့သော် လုရွှင်က လူအများရှေ့တွင် သူ့အား "မင်းကိုချစ်တယ်" ဟု မည်သို့ပြောထွက်လာခဲ့သနည်း။ ထိုအရာသည် သံမဏိကဲ့သို့ ဖြောင့်တန်းသော ယောက်ျားတစ်ယောက်၏ အတွင်းကျကျလေ့ကျင့်မှုကြောင့်ပင်လော။
"အဲ့လိုစကားမျိုးတွေ မပြောနဲ့တော့၊ နားလည်ပြီလား"
ယဲ့ယောင်းက စိတ်ငြိမ်သွားစေရန် ထိန်းထားပြီးနောက် ရေဘူးကို လုရွှင်၏လက်ထဲ ပြန်ထည့်ကာ ပတ်ဝန်းကျင်မှ ကြည့်နေကြသူများကို လှမ်းကြည့်၍ အသံကို နှိမ့်ကာ ပြောလိုက်သည်။
"လူအများကြီးက ကြည့်နေတယ်၊ အဲ့လိုစကားမျိုးတွေ မပြောနဲ့"
ယဲ့ယောင်း၏နားရွက်များက နီနေဆဲပင်။
လုရွှင်က ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော နားရွက်လေးကို ခပ်မှိန်မှိန်ကြည့်ရင်း ပြုံးလိုက်သည်။
"အွန်းပါ မင်းစကားကို နားထောင်မယ်၊ နောက်ဆို သူများတွေရှေ့မှာ မပြောတော့ဘူး"
ယဲ့ယောင်း - "..."
ပွဲပြန်လည်စတင်ရန် အချက်ပေးသံထွက်ပေါ်လာသည်။ ယဲ့ယောင်းက စကားထပ်ပြောရန် အချိန်မရတော့ဘဲ ကစားကွင်းထဲသို့ ပြန်သွားခဲ့သည်။
လုရွှင်သည် ကစားကွင်း၏ဘေးသို့ ဆုတ်ခွာသွားပြီး ပတ်ဝန်းကျင်ရှိ လူများ၏ စိတ်လှုပ်ရှားမှုနှင့် အခြားသူများ၏ စိတ်လှုပ်ရှားစွာ ကြည့်ရှုနေမှုကို လျစ်လျူရှု၍ မျက်လုံးများကိုမှိတ်ကာ စဉ်းစားနေတော့သည်။
သူ၏သဘောထားသည် တစ်ခါတစ်ရံတွင် အလွန်အမင်းယုံကြည်မှုရှိပြီး ယဲ့ယောင်း၏နှလုံးသားကို လှုပ်ခါသွားခြင်း ဖြစ်စေနိုင်သည်။
သို့သော် ဤတစ်ကြိမ်တွင် ယဲ့ယောင်း၏အသံသည် နူးညံ့သွားခဲ့သည်။
ဤအကြံအစည်သည် ယဲ့ယောင်းအပေါ်တွင် အသုံးဝင်ပြီး သူသည် ထိုအကြံအတိုင်း လိုက်နာဆောင်ရွက်ရန် အလွယ်တကူယုံကြည်သွားခဲ့သည်။
ထိုသို့ဖြစ်လျှင် ယဲ့ယောင်းက ဝေးကွာစေလိုသော အကွာအဝေးကို သူကိုယ်တိုင်ပြန်လည်၍ နီးကပ်လာစေမည်။
ဘတ်စကက်ဘောပွဲကို ယဲ့ယောင်းတို့ဌာနက အနိုင်ရခဲ့သည်။
ယဲ့ယောင်းသည် စိတ်ပျော်ရွှင်စွာဖြင့် စက်ဘီးပေါ်တက်ကာ ဒဏ်ရာရပြီး အားနည်းနေသော လုရွှင်ကို သူနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
လေအေးများတိုက်ခတ်နေသော်လည်း လေ့ကျင့်ခန်းလုပ်ပြီးစ ယဲ့ယောင်းသည် အေးစက်နေခြင်းမရှိဘဲ သက်တောင့်သက်သာရှိသည်ဟု ခံစားရသည်။
လုရွှင်၏လက်သည် သူ၏ခါးကို ရစ်ပွေ့ထားသော်လည်း ဤသည်မှာ စက်ဘီးနောက်မှတင်ပြီး စီးနင်းသည့်အခါလုပ်လေ့ရှိသော သာမန်အပြုအမူဖြစ်သည်။ ယဲ့ယောင်း၏စိတ်သည် အေးဆေးတည်ငြိမ်နေပြီး အခြားအတွေးများမရှိတော့ပေ။
ရုတ်တရက် သူ့နောက်ကျောမှာ တစ်ခုခုကပ်နေသလို ခံစားရတယ်!!
၎င်းမှာ လုရွှင်၏မျက်နှာဖြစ်သည်။
လုရွှင်သည် သူ့နောက်ကျောကိုမှီ၍ စကားပြောနေပြီး ပုံမှန်ထက်ပိုမိုနက်ရှိုင်းသော အသံဩရှရှလေးက ယဲ့ယောင်း၏နားထဲသို့ စီးဝင်လာသည်။ မကြာသေးခင်ကမှ အိပ်ရာထပြီး စကားပြောနေသကဲ့သို့ပင်။ လုရွှင်၏အသံသည် ရွှင်ပြနေသည်။
"ယဲ့ကော မင်းရဲ့ နောက်ဆုံးသုံးမှတ်သွင်းတာက တကယ်ကို ကြည့်လို့ကောင်းတယ်"
ယဲ့ယောင်းသည် လက်ကိုင်ကို ဆုပ်ကိုင်ထားသော်လည်း အသံမှာ အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။
"ဘာကြည့်လို့ကောင်းတာလဲ လူတိုင်းလည်း အဲလိုပဲလုပ်နေကြတာပဲ”
"သူတို့တွေက မင်းလောက်မကောင်းဘူး။ မင်းသတိမထားမိဘူးလား၊ လူတိုင်းက မင်းကို ကြည့်နေကြတာ။" လုရွှင်သည် ခဏနားပြီး ဆက်ပြောလိုက်သည်။
"ငါလည်း မင်းကိုကြည့်နေတာ"
ယဲ့ယောင်း - "..."
သူချစ်မိနေသူထံမှ ချီးကျူးစကားကို ကြားပြီးနောက် မျက်နှာအမူအရာကို ထိန်းချုပ်၍ မရခဲ့ပေ။ ကံကောင်းထောက်မစွာပင် သူသည် လုရွှင်ကို ကျောခိုင်းထားသည်။
မည်သူမျှ သူတို့ချစ်နေသူ၏ ချီးကျူးမှုကို ကြားပြီးနောက် ဆက်လက်အေးဆေးတည်ငြိမ်နေနိုင်မည်မဟုတ်ပေ။ ယဲ့ယောင်းက ပြန်ဖြေချင်သော်လည်း မည်သို့ပြန်ဖြေရမှန်းမသိချေ။ သူမစဉ်းစားနိုင်မီ လုရွှင်က ထပ်ပြောလိုက်သည်။
"ငါ့ခြေထောက်ဒဏ်ရာရနေတာ စိတ်မကောင်းစရာပဲ၊ မဟုတ်ရင် ပွဲအဆုံးမှာ ကစားကွင်းထဲဝင်ပြီး မင်းခါးကိုပွေ့ပြီး မင်းကို မ,ချီပစ်မယ်။ အဲဒါဆိုရင် လူတိုင်းက ငါ့ကိုမနာလိုဖြစ်ကြလိမ့်မယ်။ နောက်ကျရင် ငါ့ကို ခင်ချင်တဲ့သူတိုင်းကို ငါငြင်းပါ့မယ်၊ ငါသူတို့ကို မေးမယ်။ ငါတို့ယဲ့ကောလို ချောကြလား။ ယဲ့ကောလို မဟုတ်ရင် ငါ သူတို့နဲ့ မခင်တော့ဘူး"
ယဲ့ယောင်းသည် မရယ်နိုင်တော့ပေ။ လုရွှင်၏စကားသည် သူ့ကို အလွန်ပျော်ရွှင်စေသည်ဟု ပြောရမည်။
လုရွှင်သည် ယခင်က နေ့တိုင်းနေ့တိုင်း ဟာသများပြောလေ့ရှိသောကြောင့် သူ့အား သံသယမရှိခဲ့ပေ။
"တော်တော့!! အပိုတွေ ထပ်မပြောနဲ့တော့"
ယဲ့ယောင်း၏ ပြုံးရိပ်သန်းနေသော မျက်နှာကို မြင်ရသောအခါ လုရွှင်သည် စိတ်အားတက်သွားပြီး ပါးစပ်ပိတ်လိုက်သည်။
ယဲ့ယောင်းသည် ချိုမြိန်သောစကားကို နှစ်သက်သောကြောင့် ယဲ့ယောင်းကို စကားချိုချိုလေးများ သူက နေ့တိုင်းပြောပေးရမည်။ ထိုသို့ဆိုလျှင် ယဲ့ယောင်းသည် မကောင်းသောသူတို့၏ ချိုမြိန်သောစကားဖြင့် လှည့်စားခြင်းခံရတော့မည် မဟုတ်တော့ချေ။
ညစာစားပြီး သူတို့အဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ယောင်းသည် ပြဿနာတစ်ခုကို ရင်ဆိုင်ရမည်ဖြစ်သည်။
ဆရာဝန်၏ညွှန်ကြားချက်အရ လုရွှင်၏လက်များသည် အနာမကျက်မီတွင် ရေနှင့်မထိသင့်ပါ။ ရေချိုးခြင်းကိစ္စအတွက် လုရွှင်သည် ရေမချိုးဘဲနေရမည် သို့မဟုတ် အခြားသူတစ်ဦးအား သူ့ကို ရေချိုးရန် ကူညီခိုင်းရမည်။
ဤအခြားသူနေရာတွင် ရွေးချယ်ခံရမည့်သူမှာ သိသိသာသာပင် သူ(ယဲ့ယောင်း) တစ်ဦးတည်းသာ။
ယဲ့ယောင်းသည် မျက်ခုံးကျုံ့လိုက်ပြီး အတွင်းစိတ်ထဲတွင် လုရွှင်၏ ကိုယ်ဗလာကို ထပ်မံရင်ဆိုင်ရန် သက်တောင့်သက်သာမရှိဖြစ်နေသည်။
လုရွှင်၏ ကိုယ်ခန္ဓာကို ရင်ဆိုင်ရတိုင်း သူ့နှလုံးသားအတွင်း မြှုပ်နှံထားသော လျှို့ဝှက်ချစ်ခြင်းမေတ္တာကို အကြောင်းအမျိုးမျိုးကြောင့် ထုတ်ဖော်ပြောဆိုရန် လွယ်ကူသည်ဟု ထင်ရသည်။
ယဲ့ယောင်းသည် ဤအကြောင်းကို စဉ်းစားနေစဉ် လုရွှင်သည် အဝတ်ဗီရိုရှေ့တွင် ရပ်နေပြီး သူ၏အင်္ကျီကော်လံကို ကောက်ယူနမ်းရှုံ့ကာ ရွံရှာစွာဖြင့် မျက်ခုံးကျုံ့ကာ သူ့ဘက်သို့ လှည့်လာသည်ကို မြင်လိုက်ရသည်။
"ဒီနေ့ မင်းအရမ်းပင်ပန်းနေမှာပဲ၊ အဲဒါကြောင့် တခြားကိစ္စတွေနဲ့ မင်းကိုဒုက္ခမပေးတော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ရာသီဥတုက အေးတယ်၊ ပြဿနာမရှိဘူး၊ ငါလည်း နေ့တိုင်းမချိုးဖြစ်ပါဘူး။ နောက်ပြီး ဒီအတောအတွင်း ငါတို့တွေ အတူတူအိပ်တာလည်းမဟုတ်ဘူး၊ ဒါကြောင့် မင်းကို အနံ့ဆိုးထွက်ပြီး မသက်မသာဖြစ်အောင် လုပ်မိမှာမဟုတ်ပါဘူး"
လုရွှင်က သည်းခံဟန်ဆောင်ကာ ပြောဆိုလိုက်သည်။
"...မင်းသရုပ်ဆောင်တာက နည်းနည်းသိသာလွန်းနေတယ်"
ယဲ့ယောင်းမှ မတတ်သာဘဲ ဝင်ပြောလိုက်တော့သည်။
"ခဏသည်းခံလိုက်ပါ၊ မင်းအဝတ်တွေယူ၊ ငါမင်းကို ရေချိုးဖို့ ကူပေးမယ်"
လုရွှင်ဒဏ်ရာရပြီး ယဲ့ယောင်းက သူ့ကို ယခင်က ထိုသို့သောကိစ္စမျိုးလုပ်ခြင်းကို မကြိုက်ဟု ရှင်းရှင်းလင်းလင်းပြောထားသည်။ ထို့ကြောင့် လုရွှင်က သူ့အတွက် မျှော်လင့်နေသော ပိုပြီးစွမ်းအားကောင်းသည့် လုပ်ဆောင်ချက်များရှိမည်ဟု မထင်မိချေ။
နောက်ဆုံးအနေဖြင့် လုရွှင်က အဖြောင့်ယောက်ျားတစ်ယောက်ဖြစ်သည့်အတွက် ရေချိုးနေစဥ် သူ့ကို တမင်သက်သက်ဆွဲဆောင်မည်မဟုတ်ပေ။
လုံခြုံရေးအတွက် ယဲ့ယောင်းသည် သာမန်အတိုင်းဝတ်ဆင်ထားပြီး ဂျာကင်အင်္ကျီကိုသာ ချွတ်လိုက်သည်။
လုရွှင်သည် မည်သည့်စကားမျှမပြောဘဲ ရေပန်းကို ညှိလိုက်ကာ ယဲ့ယောင်းအား ရေမစိုစေရန် ကြိုးစားသည်။
ရေပန်းအောက်တွင် လုရွှင်၏ကိုယ်ခန္ဓာသည် စွမ်းအား၊လှပမှုပြည့်နေသော ကျားသစ်တစ်ကောင်နှင့်တူသည်။
ထိုကျားသစ်သည် ရက်စက်ပြီး အကြမ်းဖက်သော်လည်း ဤအချိန်တွင် အလွန်နာခံပြီး ယဲ့ယောင်းအား သူ၏ဆံပင်ကို ခေါင်းလျှော်ခိုင်းရန် ခေါင်းကို ကိုင်းညွှတ်ပေးထားသည်။
အဖြူရောင်မီးခိုးငွေ့များက ရေချိုးခန်းတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သောအခါ ယဲ့ယောင်းသည် ဤကဲ့သို့သောအဝတ်အစားများဝတ်ဆင်ထားခြင်းမှာ ထူးဆန်းသည်ဟု နောက်မှ သတိပြုမိခဲ့သည်။
အထက်တန်းတတိယနှစ်တွင် နှစ်ယောက်လုံး အသက် ၁၈ နှစ်ပြည့်ပြီးနောက် လုရွှင်သည် သူ့ကို လူကြီးဖြစ်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် လူကြီးရုပ်ရှင်အတူတကွကြည့်ရန် ဖိတ်ကြားခဲ့သည်။ ထိုအရာသည် ညီအစ်ကိုကောင်းများ အတူတကွပြုလုပ်လေ့ရှိသောအရာဖြစ်သည်။
အမှန်စင်စစ် ထိုအရာမှာ သာမန်လူကြီးရုပ်ရှင်တစ်ခုပင်။
ထိုစဥ်က သူ့ဦးနှောက်မှာ အလုပ်မလုပ်တာပဲ လုရွှင်၏ အကြံပေးချက်ကို သဘောတူခဲ့တယ်။
ထို့ကြောင့် ညဉ့်နက်ချိန်တွင် သူတို့သည် စုဝေးပြီး စောင်အောက်တွင် ကျန်းမာရေးနှင့်မညီညွတ်သော ရုပ်ရှင်အခန်းဆက်များကို အတူတကွကြည့်ရှုခဲ့ကြသည်။
ထိုအချိန်က ယဲ့ယောင်းသည် ဤကဲ့သို့သောအရာများကို ပထမဆုံးအကြိမ်မြင်တွေ့ရခြင်းဖြစ်ပြီး သူသည် မိန်းမများနှင့် သာမန်လိင်ကိစ္စများကို စိတ်မဝင်စားကြောင်း မြန်မြန်သဘောပေါက်သွားကာ နောက်တစ်နေ့နံနက်ခင်း၌ သူ၏လိင်စိတ်ခံယူချက်စမ်းသပ်မှုသည် သူ့ထံမှ ထွက်ပြေးသွားခဲ့သည်။
ထိုကဲ့သို့ ထွက်ပြေးသွားခြင်းကြောင့် ရုပ်ရှင်ကို သူ၏ မှတ်ဉာဏ်ထဲ၌ မှတ်မိခြင်းမရှိတော့ပေ။ သူတို့ကြည့်သောရုပ်ရှင်သည် လုပ်ငန်းခရီးထွက်ပြီးနောက် ရည်းစားနှင့်ချက်ချင်းတွေ့ဆုံရန် ပျော်ရွှင်နေသော မိန်းကလေးတစ်ဦးအကြောင်းဖြစ်ပြီး သူမ၏ရည်းစားသည် ရေချိုးခန်းထဲ၌ ရေချိုးနေစဥ် အထဲသို့ဝင်ရောက်၍ လိင်မှုကိစ္စအခန်းဆက်များလုပ်ဆောင်ကြောင်း သတိရလိုက်သည်။
အစတွင် ရည်းစားမိန်းကလေးက သူမရည်းစား၏ ကိုယ်အပေါ်ပိုင်းကို သန့်ရှင်းရေးလုပ်ပေးသည့်ပုံရပြီး ထိုအပိုင်းတွင် ချစ်ခြင်းမေတ္တာအခန်းများစွာ ပါရှိသည်။
ယဲ့ယောင်းသည် လုရွှင်၏ကိုယ်ပေါ်သို့ ရေချိုးဆပ်ပြာသုတ်လိမ်းပြီးနောက် ခဏရပ်နားပြီး ဘာမျှမဖြစ်သကဲ့သို့ ဆက်လုပ်သည်။
သူ့လက်ဖဝါးအောက်တွင် လုရွှင်၏ ကြွက်သားများ မာကျောပြီး ကြွလွယ်သော ဝမ်းဗိုက်ကြွက်သားများရှိနေကာ ဆပ်ပြာအဖြူရောင်အမြှုပ်များပါသော လက်ဖဝါးများဖြင့် သူ၏ဝမ်းဗိုက်ကြွက်သားများကို ပွတ်သပ်နေခြင်းသည် ထိုရုပ်ရှင်ထဲမှ အခန်းအချို့နှင့် ဆင်တူနေသည်။
ထိုအချိန်တွင် မင်းသားက ဤကဲ့သို့ ပြောပုံရသည်။
"ဟန်နီ၊ ငါ့ဝမ်းဗိုက်ကြွက်သားတွေကို စိတ်ကျေနပ်ရဲ့လား၊ ငါ ထပ်လေ့ကျင့်ဖို့လိုသေးလား မင်းကြိုက်စေချင်တယ်"
ယခုကဲ့သို့ အတိအကျစကားလုံးများက သူ၏နားထဲတွင် ပဲ့တင်ထပ်နေသည်။ ယဲ့ယောင်းက ဖြည်းဖြည်းချင်း မျက်လုံးမော့ကြည့်လိုက်သောအခါ လုရွှင်၏ ပြုံးနေသော မျက်လုံးများကို တွေ့လိုက်ရသည်။
ရုပ်ရှင်ထဲတွင် ဤစကားမျိုးသည် မင်းသားက သူ့ရည်းစားကို ချစ်ခြင်းမေတ္တာဖြင့်ပြောခြင်းဖြစ်ပြီး ယခု လုရွှင်က သူ့ကိုပြောနေခြင်းဖြစ်သည်။
နေရာကျဉ်းလွန်း၍ ပူလွန်းသောကြောင့် ယဲ့ယောင်းသည် အသက်ရှူရခက်ခဲနေသည်။
သူသည် မျက်နှာလွှဲပြီး စိတ်ယိမ်းယိုင်သွားခြင်းမရှိရန် ကိုယ့်ကိုယ်ကိုယ်သတိပေးခဲ့သည်။
"မင်းစကားလုံးတွေကို အရမ်းရှင်းရှင်းလင်းလင်းမှတ်မိနေတာပဲ။ မင်းတကယ်ပဲ အဲဒီထဲက မင်းသမီးကို ကြိုက်တာလား"
လုရွှင်သည် အဖြောင့်ယောက်ျားတစ်ယောက်ဖြစ်သည်။ ဤအကြောင်းပြချက်မှလွဲ၍ လုရွှင်အား ဤမျှနက်ရှိုင်းစွာ စွဲမက်စေရန် အခြားအကြောင်းပြချက်မရှိဟုထင်ရသည်။
"ငါ သူမကို မကြိုက်ပါဘူး၊ ငါက သူမကို ဘာလို့ကြိုက်ရမှာလဲ"
လုရွှင်က ရယ်ရင်း ခေါင်းခါ၍ ပြောလိုက်သည်။
"ငါ သူမကို ကြည့်တောင် မကြည့်မိဘူး။ ရုတ်တရက်ပဲ ဒီစကားကို သတိရလိုက်တာ"
"မင်းလည်း စဉ်းစားမိတယ်မဟုတ်လား"
"မင်းစိတ်က ဘယ်ကို လွင့်နေတာလဲ၊ ဘာတွေစဉ်းစားနေတာလဲ"
ထိုအချိန်က လုရွှင်၏အမြင်တွင် မင်းသမီးသည် ယဲ့ယောင်းလောက် မလှပေ။ ယဲ့ယောင်း၏ အလှအပနှင့်နှိုင်းယှဉ်လျှင် မိုင်ထောင်ချီဝေးကွာပြီး ကြည့်ရသည်နှင့်ပင် စိတ်မအီမသာဖြစ်စေသည်ဟု ထင်ရသည်။
နောက်ပိုင်းတွင် သူသည် အမှန်တကယ်စိတ်မအီမသာဖြစ်နေသည်ဟု ခံစားမိသည်။ ဤကဲ့သို့ သူစိမ်းနှစ်ယောက်၏ လိင်ရုပ်ရှင်ကို အဘယ်ကြောင့် ကြည့်နေရသနည်း။ ဤအရာသည် စိတ်ဝင်စားစရာကောင်းသည်လော။
သို့သော် ယဲ့ယောင်းအား ရုပ်ရှင်ကြည့်ရှုခြင်းမှ မရပ်တန့်စေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ယောင်းသည် သူ့ဘေးတွင် ခြေထောက်များကို ပွေ့ဖက်ထားပြီး သူတို့သည် တစ်ခုတည်းသော စောင်ကို အုပ်ထားကာ တစ်ခုတည်းသောလေကို ရှူရှိုက်နေကြပြီး ယဲ့ယောင်း၏ လိမ္မော်ရောင်ရေချိုးဆပ်ပြာရနံ့သည် သူ့ကို နွေးထွေးစေသောကြောင့် ထိုအချိန်လေးကို မည်သို့အဆုံးသတ်နိုင်မည်နည်း။
ရုပ်ရှင်ကြည့်ပြီးနောက် နှစ်ယောက်လုံးတုံ့ပြန်မှုမရှိခဲ့ကြပေ၊ သူတို့၏ ထောင်လွှားမှုပြဿနာကို ဖြေရှင်းရန် အချိန်ပင် မလိုအပ်ခဲ့ပေ။ ယဲ့ယောင်းက လုရွှင်ကို သင်္ချာသင်ပေးရန် ချက်ချင်းပဲ ခေါ်သွားခဲ့သည်။
ယခု ယဲ့ယောင်း၏ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသော မျက်လုံးများကို ကြည့်ပြီး လုရွှင်သည် မျက်တောင်ခတ်ကာ မုသားစကားပြောခဲ့သည်။
"ငါ့ပညာရေးတိုးတက်မှုကို ဘယ်လိုမြန်မြန်တိုးတက်အောင်လုပ်ရမလဲဆိုတာ စဉ်းစားနေပုံရတယ်"
ယဲ့ယောင်းသည် အလွန်ကျေနပ်နှစ်သက်ခဲ့သည်။
"မင်းရဲ့ ပညာရေးက ဒီနောက်ပိုင်းမှာ ဒီလောက်တိုးတက်လာတာ အံ့သြစရာမရှိပါဘူး"
လုရွှင်သည် ရယ်မောပြီး ရုတ်တရက်ခေါင်းစဉ်ဆီသို့ ပြန်သွားသည်။
"ဒါဆို မင်း ငါ့ဝမ်းဗိုက်ကြွက်သားတွေကို ခံစားရတာ ကြိုက်လား"
သူ သေချာပေါက်ကြိုက်တာပေါ့!!
သူက ဒီလူကို ကြိုက်တယ်လေ...။ ဒီတော့ ဒီလူနဲ့ ဆက်စပ်နေတဲ့အရာတိုင်းကို သူ ကြိုက်တယ်ဆိုတာ ပုံမှန်ပါပဲ။
သူသည် မျက်လုံးကို အောက်ချပြီး အဖြေကို ရှောင်ကွင်းကာ ပြောလိုကသည်။
"ဒီလိုမျိုးအရာတွေကို နောက်ပိုင်းမှာ မင်းရည်းစားကိုမေးနော်၊ ငါ့ကိုမမေးနဲ့"
ရေသံသည် ရေပန်းမှထွက်လာပြီး ကြွေပြားခင်းထားသော ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားသည်။ မရပ်မနားကျနေသော ရေသံများအကြားတွင် ယဲ့ယောင်းသည် လုရွှင်၏အဖြေကို ကြားလိုက်ရသည်။
"ဒါပေမယ့် မင်းတစ်ယောက်တည်းကပဲ သူတို့ကို ထိလို့ရတာ"
ယဲ့ယောင်း၏နားထဲတွင် သူ၏နှလုံးခုန်သံသည် ရေသံကို လွှမ်းမိုးသွားခဲ့သည်။ သူသည် ရေချိုးဆပ်ပြာကို ယူရန် လှည့်ပြီး လက်ကို အမြှုပ်ထုတ်နေစဉ် လုရွှင်ပြောသောစကားကို အေးဆေးတည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားခဲ့သည်။
လုရွှင်သည် သူ့အတွက် စည်းခြားထားခြင်းမရှိပေ၊ သူနှင့် အရင်းနှီးဆုံးဆက်ဆံရေးရှိသည်၊ သူကြိုက်သော မိန်းကလေးလည်း မရှိသေးချေ၊ ယခု ယဲ့ယောင်းတစ်ယောက်တည်းကသာ သူ့ကိုထိလို့ရသည်ဟု ထင်နေခြင်းမှာ ပုံမှန်ဖြစ်သည်။ ဤစကားကို လေးလေးနက်နက်မယူသင့်ပေ။
ဤအချိန်တွင် လုရွှင်ကို ပြန်မကြည့်သင့်ချေ၊ မဟုတ်လျှင် သူ့ခံစားချက်များ ပေါ်ထွက်သွားတော့မည်။
သူသည် ဤခေါင်းစဉ်ကို ကျော်၍ အခြားအရာများအကြောင်းသာ ပြောလိုတော့သည်။
သို့သော် မည်သည့်အရာကို ပြောရမည်နည်း။
ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော ယဲ့ယောင်း၏စိတ်သည် ရှားရှားပါးပါးအဖြစ် ခဏတာရပ်တန့်သွားပြီး ခေါင်းစဉ်အသစ်တစ်ခုကို မတွေးနိုင်တော့ဘဲ ယခင်က အတူကြည့်ခဲ့ကြသည့် ရုပ်ရှင်အကြောင်းကိုသာ ဆက်ပြောနေမိသည်။
"အဲ့ဒီလိုရုပ်ရှင်မျိုးကြည့်ပြီးတဲ့နောက်မှာတောင် မင်းတုံ့ပြန်မှုမရှိခဲ့ဘူးလေ၊ မင်းအဲဒီဘက်ကို စိတ်မဝင်စားဘူးလို့ ငါထင်ခဲ့တယ်"
ယဲ့ယောင်းက လုရွှင်၏ ဒဏ်ရာမရသေးသော လက်မောင်းကို ဆပ်ပြာသုတ်လိမ်းပေးနေရင်း ပြောသည်။
"နောက်ဆုံး ငါတို့တက္ကသိုလ်ရောက်တော့မှပဲ မင်းက တကယ်စိတ်ဝင်စားနေတယ်ဆိုတာ သိလိုက်ရတယ်၊ မဟုတ်ရင် မင်းက ငါ့ကို ကူညီဖို့ အမြဲတမ်းဆွဲခေါ်နေမှာမဟုတ်ဘူး"
လုရွှင်သည် အဖြေမပေးခဲ့ပေ၊ ယဲ့ယောင်းသည်လည်း ဆက်မမေးခဲ့ပေ။
ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆေးကြောပြီးနောက် အခြားနေရာများသို့ ရွေ့လျားရန် အချိန်ရောက်လာသည်။
ယဲ့ယောင်းသည် ခဏတာတွန့်ဆုတ်သွားသော်လည်း လုရွှင်၏ ကိုယ်ခန္ဓာအပေါ်အောက်ကို ဆေးကြောရန် ဆုံးဖြတ်လိုက်သည်၊ သို့မဟုတ်ပါက ခန္ဓာကိုယ်၏တစ်ဝက်ကသာ သန့်ရှင်းပြီး အချို့နေရာများညစ်ပတ်နေမည်ဖြစ်ရာ ပို၍အဆင်မပြေနိုင်ပေ။
သူသည် နောက်ဆုံးအကြိမ်ရေချိုးခန်းသို့သွားချိန်၌ အခြားယောက်ျားလေးများနှင့် ရေချိုးခန်းတွင် ရေချိုးလေ့ရှိသော ဦးလေးသည် ရေချိုးသောအခါ မိမိ၏ 'အရာ' ကိုပွတ်တိုက်ရာတွင် အရှက်ကို အလေးမထားဘဲ မတွန့်ဆုတ်ခဲ့ကြပေ။ သင်သည် ရေချိုးရမည်ဆိုလျှင် ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောရမည်။
သူသည် ဤအကြောင်းကို များများစားစားမတွေးရန် လိုအပ်သည်။
ထို့ကြောင့် ယဲ့ယောင်းသည် ထိုသို့စဥ်းစားပြီးနောက် လုရွှင်၏ 'ညီငယ်' ကို ဆေးကြောရန် ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ဆံပင်ကို လျှော်ခွင့်ပြုနေသော ကျားသစ်သည် သူနှင့်ရင်ဆိုင်ကာ အစွယ်များထုတ်ပြလာခဲ့သည်။
.ဤကဲ့သို့သောအချိန်တွင် အဖြောင့်ယောက်ျားလေးမိတ်ဆွေတစ်ဦးအနေဖြင့် သူသည် မည်သို့သော သင့်လျော်သည့်တုံ့ပြန်မှုကို ပြုသင့်သနည်း။
တစ်ခုပြီးတစ်ခု…
ယဲ့ယောင်းသည် သူ၏ဦးနှောက်မှာ လုံလောက်စွာ ထက်မြက်ခြင်းမရှိတော့ဟု စတင်ခံစားရပြီး သင့်လျော်သောဖြေရှင်းချက်ကို မတွေးဆမီတွင် ကြီးမားသောပူပြင်းသည့် လက်တစ်ဖက်သည် ရုတ်တရက် သူ၏လည်ပင်းနောက်ကို ကိုင်ပြီး သူ၏ခေါင်းကို မြှောက်လိုက်သည်။
"မင်းမှန်တယ်၊ ငါတကယ်ပဲ စိတ်မဝင်စားဘူး"
လုရွှင်၏အသံသည် ပုံမှန်ထက် ပိုတိုးကာ ယဲ့ယောင်းကို ကြည့်နေသည်၊ သူ၏မျက်လုံးများသည် မှုန်ရီနေသည်။ "မင်းဘာလို့ ထွက်ပြေးနေတာလဲ၊ ဒါက မသိသာသေးဘူးလား"
စီးဆင်းနေသောရေ၏ အသံသည် နောက်ခံတေးဂီတအဖြစ် အဆက်မပြတ်တည်ရှိနေသည်။ ယဲ့ယောင်းထက် အရပ်တစ်ဝက်မြင့်သော လုရွှင်သည် အနည်းငယ်ကိုင်းညွှတ်ကာ သူ၏နှုတ်ခမ်းများကို ယဲ့ယောင်း၏နားထဲသို့ ဖိကပ်လိုက်ပြီး အသံသည် ယဲ့ယောင်း၏နားထဲတွင် ရှင်းရှင်းလင်းလင်းကြားနိုင်စေရန် ပြောလိုက်သည်။
"ငါစိတ်ဝင်စားတာက...မင်းနဲ့ ဒါလုပ်ချင်တာ"