no

Font
Theme

အခန်း (၂၀) - ယဲ့ယောင်း မင်း ငါ့ပိုက်ဆံတွေကို တခြားတစ်ယောက်အတွက် သုံးမယ်ပေါ့...

“မင်း အဲဒီမှာ ဘာအတွက် ရပ်နေသေးလဲ။ မြန်မြန်ဓာတ်ပုံရိုက်လေ။"

ယဲ့ယောင်း၏အသံက မိုင်ထောင်ပေါင်းများစွာအဝေးမှ လာနေသလို လုရွှင်၏အတွေးများကို ပြန်ယူဆောင်လာခဲ့သည်။

"အင်း၊ ဓါတ်ပုံရိုက်နေတာလေ။ ငါတို့အခု ဓါတ်ပုံရိုက်နေတာ"

လုရွှင်က ဖုန်းကင်မရာကို ဖွင့်လိုက်ပြီး ဖုန်းကို အားတက်သရောမြှောက်လိုက်သည်။

ဖုန်းက အလှလုပ်ဆောင်ချက်ကို အလိုအလျောက်ဖွင့်ပေးကာ ယဲ့ယောင်း၏ ချစ်စရာကောင်းမှုကို ပိုမိုချောမွေ့စေသည်။ လုရွှင်က မကျေနပ်သဖြင့် အလှ filter လုပ်ဆောင်ချက်ကို ပိတ်လိုက်ပြီး ဖုန်းကို သင့်တော်သော အနေအထားသို့ ရွှေ့လိုက်သည်။

ရှေ့ကင်မရာက မှန်တစ်ချပ်လိုဖြစ်ပြီး မင်းရှေ့မှာရှိတဲ့လူရဲ့ မြင်ကွင်းကို ပြသပေးတယ်လေ။

သေးငယ်သောစခရင်ပေါ်တွင် မျက်နှာနှစ်ခုက တစ်ခုနှင့်တစ်ခုနီးကပ်နေပြီး ဖြူဖျော့သော အသားအရည်ရှိသူက ပေါ့ပေါ့ပါးပါးပြုံးနေကာ ကျန်မျက်နှာပိုင်ရှင်မှာ ကင်မရာကို မကြည့်ဘဲ တစ်ဖက်လူကို စိုက်ကြည့်နေသည်။

လုရွှင်က သူ့ကိုယ်သူလုံးဝသတိမထားမိဘဲ စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နေသည်။

ယဲ့ယောင်းက သူနှင့် အလွန်နီးကပ်နေပြီး သေချာသည်မှာ ဤအကွာအဝေးက သူတို့ကဲ့သို့ ညီအစ်ကိုကောင်းများတွင် ရှိသင့်သည်။

ယဲ့ယောင်းက အလွန်လှပစွာ ပြုံးလိုက်၏။ အကယ်၍ သူသာ ရှေးခေတ်တွင် မွေးဖွားခဲ့မည်ဆိုလျှင် ရှေးသမိုင်းတွင် အချောဆုံးယောက်ျားလေးယောက်ထဲမှ တစ်ယောက်ဖြစ်နိုင်ပြီး ဧကရာဇ်က ညီလာခံစောစောမသွားနိုင်ဘဲ အမြဲနောက်ကျနေလိမ့်မည်။

မဟုတ်‌သေးပါဘူး၊ ဧကရာဇ်က ဘာလို့ တရားရုံးကို စောစောမသွားနိုင်မှာလဲ။ ယဲ့ယောင်းက ညဘက်မှာ သူ့ကို မခစားရဘူးမလား!

"လုရွှင်?"

ယဲ့ယောင်းက သံသယစိတ်ဖြင့် မေးလိုက်သည်။

လုရွှင်က အသိပြန်ဝင်လာသည်။

"ငါ ရှုထောင့်ကို တစ်ချက်ချိန်လိုက်ဦးမယ်။ ဟုတ်ပြီ။ ကင်မရာကိုကြည့်"

ဤအခိုက်အတန့်ကို လုရွှင်က ဖုန်းထဲ သိမ်းထား၍ ၎င်းအား လော့ခ်မျက်နှာပြင်နှင့် ဖုန်းနောက်ခံပုံအဖြစ် ချက်ချင်းထားလိုက်သည်။ သူ့နှလုံးသားကလည်း ရင်ခုန်သံများဖြင့် ပြည့်နှက်နေသည်။

သူက ယဲ့ယောင်းကို ပွေ့ဖက်လိုက်သည်။

"အဲ့ဒါကို သောက်ညီအကိုအတုတွေ မနာလိုဖြစ်အောင် ငါတို့သူငယ်ချင်းအဖွဲ့ထဲ တင်လိုက်မယ်!"

“…မတင်နဲ့”

ယဲ့ယောင်းက ခါးတွန့်လိုက်ပြီး တစ်ဖက်ခြမ်းမှ ခပ်မာမာတစ်ခုခုကို ခံစားလိုက်ရသည်။

"ရေချိုးခန်းထဲ ပြန်သွားလိုက်၊ မင်းဆက်ပြီး ဒီတိုင်းထားမယ်ဆိုရင် မကောင်းဘူး။"

“မသွားဘူး။”

လုရွှင်က ငြင်းလိုက်ပြန်သည်။

ကနဦးတွင် သူက ထိုကိစ္စကို သိပ်စိတ်မဝင်စားချေ။ မဟုတ်လျှင် သူ့ကို လူများစွာ ကြိုက်နေသည့်ကြားမှ အချိန်အကြာကြီး တစ်ကိုယ်တည်းဖြစ်နေမည်မဟုတ်ချေ။

အေးစက်နေတဲ့ ရေချိုးခန်းထဲမှာ ကိုယ်ခန္ဓာအလိုဆန္ဒတွေကို တစ်ယောက်တည်းဖြေရှင်းရတာထက် ဒီနေရာ၌ နွေးထွေးပြီး မွှေးကြိုင်သော ယဲ့ယောင်းကို ဖက်ထားရတာက ပိုပျော်ဖို့ကောင်းတယ် မဟုတ်လား။

လုရွှင်က မသိစိတ်အရ ယဲ့ယောင်းနှင့် ပိုနီးကပ်နေချင်ပြီး အနေအထားပြောင်း၍ ယဲ့ယောင်း၏ခါးကို ပွေ့ဖက်ရန် လက်ကို ရှေ့သို့ရွှေ့လိုက်ရာ မထင်မှတ်ဘဲ အခြားအရာတစ်ခုကို ပွတ်မိသွား၏။ သူ၏ဦးရေပြားများမှာ ယားယံလာသည်။

လုရွှင်၏အသက်ရှူသံများက ရုတ်တရက်လေးလံလာသည်။ ယဲ့ယောင်း ခေါင်းလှည့်ကြည့်လိုက်ရာ လုရွှင်၏ နက်မှောင်သော မျက်လုံးများကို တွေ့လိုက်ရသည်။

လုရွှင်က ယဲ့ယောင်း၏ ဤကဲ့သို့သောအမှုကို မကြိုက်ကြောင်း သတိပေးချက်ကို မှတ်မိနေဆဲ။ ထို့ကြောင့် သူ၏လက်ကို ပြန်ရွှေ့လိုက်ပြီး အသံက လှိုင်းထနေသည်။

"မင်းကို ပွေ့ဖက်ချင်ရုံလေးပါ၊ ငါ ဘာမှမလုပ်ပါဘူး"

ယဲ့ယောင်းက စကားမပြောလာပေ။

ပူနွေးသော စောင်ထူထူအောက်တွင် ယဲ့ယောင်း၏ အေးစက်စက်လက်ကလေးက လုရွှင်၏ လက်ဖမိုးပေါ် ဆုပ်ကိုင်လာသည်။ သူက လုရွှင်လက်ကို ခါးမှဆွဲယူပြီး အခြားတစ်နေရာသို့ ရွှေ့လိုက်သည်။

"ခံစားမိလား။"

ယဲ့ယောင်းက မေးလိုက်သည်။

ပထမတွင် လုရွှင်က တောင့်တင်းသွားပြီး လျင်မြန်စွာ စိတ်လှုပ်ရှားလာသည်။

“မင်းလည်း...”

“မင်းရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာလေ။”

ယဲ့ယောင်းက ခေါင်းညိတ်လိုက်သည်။

“ဒီလိုလေထုမျိုးက အရမ်းကူးစက်လွယ်တယ်။”

လုရွှင်က ပျော်ရွှင်မှုနှင့် အံ့ဩမှုကို ခံစားလိုက်ရသည်။ သူက ဆာလောင်နေသော ဝံပုလွေက အရသာရှိသောအသားကို မြင်လိုက်ရပုံနှင့်တူနေသော်လည်း ပါးစပ်ကို အလျင်စလို မဖွင့်ရဲဘဲ အသားက စိတ်တိုင်းမကျမည်ကို စိုးရိမ်နေသလို။

“ငါ မင်းကို ကူညီပေးမယ်?”

လုရွှင်က အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။

“ငါတို့က ဒါကို တစ်ခါတစ်ရံမှ လုပ်တာဆိုတော့ ဘာမှမဖြစ်ဘူးမလား။ ငါ့အောက်ပိုင်းပြဿနာက ဖြေရှင်းဖို့ လွယ်တယ်။ မင်းကြိုက်တာလုပ်လို့ရတယ်နော်။”

ယဲ့ယောင်းက ပြန်လှဲချလိုက်ရာ လုရွှင်က သူ့ကို ဖက်ထား၍ လုရွှင်ခန္ဓာကိုယ်ပေါ် လဲလျောင်းလုနီးပါး ဖြစ်သွားသည်။

သူက လုရွှင်ပခုံးပေါ်မှ ခေါင်းမှီလိုက်သည်။ နူးညံ့သောမျက်တောင်များကို ပင့်ကာ လက်ဆန့်၍ လုရွှင်၏ ညဝတ်အင်္ကျီကော်လာကို ဆွဲကိုင်လိုက်ပြီး ဦးခေါင်းကို ငုံ့စေကာ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။

ယဲ့ယောင်းက အနည်းငယ်ပြုံးလိုက်သည်။

"ဒါကတော့ မင်းရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်လိမ့်မယ်။"

*****

အချိန်အတော်ကြာပြီးနောက် လုရွှင်တစ်ယောက်တည်း ရေချိုးခန်းထဲဝင်သွားပြီး အပြင်ထွက်လာစဉ် သူ့လက်ထဲ၌ လိုးရှင်းပုလင်းကို ကိုင်လာသည်။

ခုတင်ပေါ်ပြန်တက်လာပြီး လုရွှင်က ယဲ့ယောင်း၏ လက်တစ်ဖက်ကို ပျော်ရွှင်မှုတစ်ဝက် ဖိစီးမှုတစ်ဝက်ဖြင့် ဆွဲလိုက်သည်။ သူက လိုးရှင်းကို ယဲ့ယောင်းလက်ပေါ်တွင် လိမ်းကာ စုပ်ယူနိုင်စေရန် ဂရုတစိုက်နှိပ်နယ်ပေးလိုက်သည်။

"ငါ မင်းရဲ့ အသားအရေကို မပျက်စီးစေချင်ဘူး၊ ငါ ဂရုစိုက်လိုက်မယ်"

လုရွှင်က ယဲ့ယောင်း၏ လက်ချောင်းထိပ်များကို သူ၏လက်ချောင်းများကြားတွင် ညှပ်၍ ဂရုတစိုက် နှိပ်နယ်လိုက်သည်။

"မင်းဘာလုပ်ချင်လဲ ပြောလေ၊ မင်းအတွက် ငါလုပ်ပေးမယ်"

ယဲ့ယောင်းက ယခုအချိန်တွင် အလွန်ကျေနပ်နေ၍ ဦးနှောက်က ဘာမှမတွေးနိုင်တော့ဘဲ အိပ်ချင်နေသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

"ဗီဒီယိုအတိုလေးတွေ ကြည့်ရအောင်လေ"

လုရွှင်က လက်ကိုင်ဖုန်းကို ထုတ်၍ ဗီဒီယိုဝဘ်ဆိုဒ်ကို ဖွင့်ကာ ယဲ့ယောင်းကို ကိုင်စေပြီး သူကမူ လက်ကို နှိပ်နယ်ပေးလိုက်သည်။ သူလည်း ယဲ့ယောင်းနှင့်အတူ ဗီဒီယိုလေးများကြည့်ချင်၏။

ရှာဖွေမှုအများအပြားကို ရှာခဲ့ခြင်းကြောင့် လုရွှင်၏ဗီဒီယိုက အကြိမ်အနည်းငယ်တိုင်းတွင် သူငယ်ချင်းများအကြောင်းပေါ်လာသည်။

[မင်းသူငယ်ချင်းတွေနဲ့ ပျော်ဖို့ အကောင်းဆုံးကျွန်း။ သုံးရက်တာအသေးစိတ်အစီအစဉ်။]

[သူငယ်ချင်းရဲ့ မွေးနေ့ကို ဘယ်လိုကျင်းပရမလဲ၊ အသစ်အဆန်းတွေ မတွေးနိုင်တော့ဘူးလား။ ဒီလှည့်ကွက်ကို စမ်းကြည့်လိုက်]

[ခုနစ်နှစ်ကြာခင်မင်ရင်းနှီးမှုက ပျက်ပြားသွားပြီလား။ မင်းရဲ့ ခင်မင်ရင်းနှီးမှုကို ထာဝရတည်မြဲစေဖို့ အောက်ပါအချက်ငါးချက်ကို မှတ်သားထားပါ။]

ယဲ့ယောင်း - "... မင်းဘာကြည့်လေ့ရှိလဲ"

"ငါကြည့်တဲ့ဗီဒီယိုက ပုံမှန်ပါပဲ၊ မင်းရဲ့ ဖုန်းမှာလည်း ဒီလိုမျိုးတွေ မဟုတ်ဘူးလား"

လုရွှင်က ယဲ့ယောင်း၏ဖုန်းကိုယူကာ ဗီဒီယိုအက်ပ်ကိုဖွင့်၍ ရှာဖွေမှုကို ကြည့်ရန် အကြိမ်အနည်းငယ်ပွတ်ဆွဲလိုက်သည်။

[တောင်ပေါ်ရွာက အမည်မသိအလောင်းက ဘယ်ကလာတာလဲ။ ရှုပ်ထွေးတဲ့ အမှန်တရားဆီ ငါတို့ ခေါ်သွားပေးမယ်။]

[လူသတ်မှုဖြင့် ထောင်ဒဏ်ကျခံရပြီးနောက် သူက ရှိုက်ကြီးတငင်ငိုကြွေးခဲ့တယ်။]

လုရွှင်က ယဲ့ယောင်း၏ ဖုန်းကို တိတ်တဆိတ်ပြန်၍ လော့ခ်ချလိုက်သည်။

"အာ၊ ဟုတ်သား။ ဝါသနာနဲ့ ထပ်တူကျတာပဲ၊ နေ့တိုင်းဒီလိုကိစ္စတွေကို လေ့လာနေတဲ့ အတန်းဖော်ယဲ့ဖြစ်ထိုက်တယ်။"

လုံးလုံးလျားလျားပျင်းရိနေသော ယဲ့ယောင်းက လုရွှင်နှင့် စကားပြောရန် အလွန်ပျင်းသောကြောင့် လုရွှင်၏ မိုဘိုင်းဖုန်းတွင် နောက်ဗီဒီယိုကို ဆက်လက်ကြည့်ရှုခဲ့သည်။

ဤဗီဒီယိုက အလွန်ဒရမ်မာဆန်လှသည်။ ထိုအရာက ငွေကြေးကိစ္စနှင့် နှစ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ကြသော သူငယ်ချင်းနှစ်ယောက်အကြောင်းပင်။ တစ်ယောက်က အော်ဟစ်ပြီး နောက်တစ်ယောက်ကို ပြောလိုက်သည်။

"မင်းမှာ စပေါ်ငွေ ယွမ် ၂၀၀၀၀၀ ရှိတယ်၊ ငါ့ကို ယွမ် ၁၀၀၀၀၀ လောက်တောင် မချေးချင်ဘူး။ မင်းက ငါ့ကို မင်းသူငယ်ချင်းအဖြစ်တောင် ယူဆရဲ့လား။"

တစ်ဖက်လူက ဒေါသထွက်နေပုံနှင့်။

"မင်းက လာချေးနေသေးတာလား။ အရင်က ငါချေးထားတဲ့ ပိုက်ဆံတစ်ရာကိုတောင် ပြန်မဆပ်သေးဘူး၊ တော်ပြီ! ဒီလောက်ဆို လုံလောက်ပြီ!"

ဗီဒီယို၏ အဆုံးတွင် သူတို့နှစ်ဦးက လမ်းခွဲလိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် ထပ်မတွေ့တော့ဘူးဟု ကတိပြုခဲ့ကြသည်။

ထိုအရာကို ကြည့်ပြီးနောက် လုရွှင်က ကြောက်လန့်သွားကာ သက်ပြင်းချလိုက်၏။ သူက ယဲ့ယောင်းကို ပွေ့ဖက်ပြီး ပြောလိုက်သည်။

"ငါ့ရဲ့ ကိုယ်ပိုင်ဘဏ်ကတ်ကို မင်းကို ပေးထားမယ်။ မင်းလိုချင်တာ ဝယ်လို့ရတယ်၊ ပိုက်ဆံကုန်တာက အရေးမကြီးဘူး။"

ယဲ့ယောင်းက ကူကယ်ရာမဲ့သွားသည်။

"... မင်းက အနာဂတ်မှာ ဘာလုပ်မလဲနဲ့ ပိုက်ဆံဘယ်လောက်ရှိမယ်ဆိုတာ မင်းသိလို့လား"

လုရွှင်က ငွေသုံးနည်းကျွမ်းကျင်သော လူငယ်တစ်ယောက်မဟုတ်သော်လည်း ဆန့်ကျင်ဘက် အနေနှင့် သူက ငွေရှာရာတွင် အလွန်တော်ပြီး စီးပွားရေးအရလည်း တတ်သိနားလည်သူပင်။ ထိုအချိန်က လုရွှင်က ပုန်ကန်ခဲ့ပြီး အိမ်မှပို့သည့်ငွေမှ တစ်ပြားတစ်ချပ်မျှ အသုံးမချခဲ့သော်လည်း အလွန်အာဟာရပြည့်ဝပြီး ဇိမ်ကျကျနေထိုင်နိုင်ဆဲ။

လုရွှင်က အနာဂတ်တွင် မိသားစုစီးပွားရေးကို သိမ်းပိုက်ပြီး လုမိသားစု၏လုပ်ငန်းက ပိုမိုချမ်းသာလာမည်ဖြစ်ကာ အံ့သြဖွယ်ကောင်းသော ကြွယ်ဝမှုများစွာ ပိုင်ဆိုင်လာမည်ဟု ကြိုမြင်နိုင်သည်။

လုရွှင်က ယဲ့ယောင်း၏ပြောကြားချက်ကို သဘောမတူဘဲ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ပိုက်ဆံရဲ့ အဓိပ္ပါယ်က မင်းကို ပျော်ရွှင်အောင် လုပ်ဖို့ပဲ။ မင်းကို မပျော်စေနိုင်ဘူးဆိုရင် ဒါက အမှိုက်ပုံတစ်ပုံပဲလေ။ အနည်းနဲ့အများ ဘယ်လောက်ကွာခြားသွားမှာမို့လို့လဲ။"

နောက်လတွင် လုရွှင်နှင့် ခပ်ခွာခွာနေရန် စိတ်ဆုံးဖြတ်ထားသည့် ယဲ့ယောင်းက လုရွှင်အား အဘယ်ကြောင့် သူ့ဘဏ်ကတ်ကို မပေးသင့်ဘဲ စိတ်တိုင်းကျသုံးစွဲခွင့်မပေးသင့်သည်ကို မရှင်းပြလိုချေ။ ခဏမျှစဉ်းစားပြီး လုရွှင်၏ စကားကို ဆက်ပေးလိုက်သည်။

"ဒါဆို မင်းရဲ့ကတ်ကို သုံးပြီး ပင်လယ်ကမ်းစပ်မှာ ဗီလာကြီးတစ်လုံး ဝယ်လိုက်မယ်။"

ယဲ့ယောင်းက ပြောလိုက်သည်။

လုရွှင်က စိတ်အားထက်သန်စွာဖြင့်...

"ကောင်းတယ်!"

ယဲ့ယောင်းက အဓိပ္ပါယ်မရှိသည့် နောက်တစ်ခုကို ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ငါ ကိုယ်ပိုင်ဂျက်လေယာဉ်၊ ဇိမ်ခံရွက်လှေတစ်စင်းဝယ်မယ်၊ နာရီပေါင်းဆယ်မီလီယံချီဝယ်ပြီး တစ်ပတ်အတွင်း နေ့တိုင်းပြောင်းပတ်မယ်။ အာ့၊ ဒါက သန်းရာနဲ့ချီပြီး ကုန်လိမ့်မယ်နော်"

လုရွှင်၏တစ်ကိုယ်လုံးမှာ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပြီး မျက်လုံးထဲ၌ အမြဲတမ်း အဓိပ္ပါယ်မရှိသော ပိုလျှံငွေများက ရုတ်တရက်အလွန်လှပလာသည်။ သူက ခေါင်းညိတ်ပြမှုကို မရပ်နိုင်တော့ပေ။

“ကောင်းပြီ၊ များများသုံးပေး။”

လုရွှင်က ယဲ့ယောင်း၏စကားကြောင့် စိတ်အားထက်သန်လာပြီး အနာဂတ်အကြောင်း စိတ်ကူးယဉ်လိုက်သည်။

"အိပ်ခန်းအတွက် ပိုကြီးတဲ့အိပ်ရာကို ဝယ်သင့်တယ်။ ဒီလိုမျိုးတွေကြုံလာတဲ့အခါ မင်း တွန့်တိုနေစရာမလိုဘူး။ ကောင်းကောင်းမအိပ်ရင် ကျောရိုးက ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ အိပ်ရာတွေလည်း အမျိုးမျိုးရှိတယ်။ အချိန်ကျရင် မင်းအတွက် ဘယ်အရောင်က ပိုသင့်တော်လဲဆိုတာ ငါကြည့်ပေးမယ်"

ယဲ့ယောင်းက စကားတစ်ခွန်းမှမပြောဘဲ လုရွှင်၏စိတ်ကူးများကို နားထောင်ပြီး ထိုသို့ပြောချိန် ဝင်ဖျက်လိုက်သည်။

"ငါနဲ့ လိုက်ဖက်တာကို ရွေးရတာ မကောင်းဘူးနော်။"

ယဲ့ယောင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

လုရွှင်က မျက်မှောင်ကြုတ်လိုက်၏။

"ဘာလို့လဲ၊ ငါ့အထင် ဒါက ကောင်းပါတယ်။”

"ငါ့ချစ်သူနဲ့ အတူအိပ်ရမယ့် အိပ်ခန်းကို ငါ့စံနှုန်းနဲ့ ငါ့စိတ်ကြိုက်ကိုပဲ အခြေခံပြီး ရွေးလုပ်တာက သည်းမခံနိုင်စရာကြီးဖြစ်လိမ့်မယ်။"

ယဲ့ယောင်းက စကားတစ်ခွန်းချင်းစီကို ဖြည်းညင်းစွာ ပြောလိုက်ရာ လုရွှင်၏မျက်လုံးများမှာ ဖြည်းဖြည်းချင်းပြူးကျယ်လာကာ နှုတ်ခမ်းထောင့်များက အနည်းငယ်ကြွတက်လာသည်။

"ငါနဲ့ သူ့ရဲ့ အခန်းထဲက အရာအားလုံးကို မင်းရွေးပေးမယ်ဆို မသင့်တော်ဘူးမဟုတ်လား"

*****

ညအမှောင်တွင် ယဲ့ယောင်းက ငြိမ်သက်စွာ အိပ်ပျော်သွားသော်လည်း လုရွှင်က အလွန်ဒေါသထွက်ကာ အိပ်မပျော်ခဲ့ပေ။

ယဲ့ယောင်းက သူ့အိမ်ထောင်ဖက်နှင့်အတူ နေထိုင်မည့်အိမ်ဝယ်ရန် သူ့ပိုက်ဆံကို အသုံးပြုခဲ့သည်။

သူပြောတဲ့ ယုတ္တိမရှိတဲ့ စကားကို နားထောင်ကြည့်စမ်းပါ!

သူကရော ဘာလုပ်ရမလဲဟု မေးလိုက်ချိန် ယဲ့ယောင်းက သူတို့အိမ်ဘေးတွင် နောက်ထပ် တိုက်ခန်းတစ်ခန်းဝယ်လို့ရသည်ဟု ပြောခဲ့သည်။ ထိုသို့လုပ်ပါက မိသားစုနှစ်စုက ညစာစားပြီးချိန် မကြာခဏအတူတူလမ်းလျှောက်နိုင်မည်။

ယဲ့ယောင်းက သူ့မိန်းမကို ပွေ့ဖက်ပြီး လမ်းလျှောက်နေတာကို နောက်ကနေ ဘယ်သူက ကြည့်ချင်မှာလဲ!

ယခုအခါ သင့်တော်‌သော လက်တွဲဖော်ကို ရှာရခြင်းမှာ အလွန်ခက်ခဲပြီး အိမ်ထောင်မပြုသူများလည်း ပိုများလာ၏။

အိမ်ထောင်ရေးက အန္တရာယ်များတယ်ဆိုတဲ့ အမှန်တရားကို ယဲ့ယောင်းက နားတောင် နားလည်လို့လား။ သူနဲ့ နှစ်ဦးတည်းအတူတူနေရတာ အရမ်းဆိုးနေလား။

ယဲ့ယောင်းက သူ ဘယ်သူနဲ့တွဲမယ်ဆိုတာကို နားလည်လို့လား...

လုရွှင်က ဒေါသထွက်လွန်းသဖြင့် ယဲ့ယောင်းကို ပွေ့ဖက်၍ပင် မအိပ်ခဲ့သော်လည်း ယခုအခါ ယဲ့ယောင်းက ကောင်းကောင်းအိပ်ပျော်သွားပြီး သူကမူ လုံးဝမအိပ်နိုင်တော့ပေ။

လုရွှင်က ဆယ်မိနစ်ခန့် ဟိုလှိမ့်ဒီလှိမ့်လုပ်လိုက်ပြီးနောက် ယဲ့ယောင်းကို ပွေ့ဖက်ရန် ဂရုတစိုက် လှိမ့်လိုက်သည်။

ယဲ့ယောင်းက အတော်လွန်သွားပြီးဖြစ်၍ နာရီဝက်လောက် အအေးခံခိုင်းလိုက်ခြင်းက ယဲ့ယောင်း၏ ပြစ်ဒဏ်ပင်။

ယဲ့ယောင်းအိပ်ပျော်သွားသည်မှာ သိပ်မကြာသေး၍ သူက အိပ်ချင်မူးတူးအခြေအနေတွင်သာ ရှိသေးသည်။ သူက လုရွှင်၏ လုပ်ရပ်ကြောင့် နိုးလာပြီး မေးလိုက်သည်။

"မင်း ငါ့ကို စိတ်မဆိုးတော့ဘူးလား။"

"မင်း ဒီလိုပြောတာ ရယ်စရာကောင်းလိုက်တာ"

လုရွှင်က လှောင်ပြောင်ပြီး ယဲ့ယောင်းကို ပိုတင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

"မင်းကို ငါ ဘယ်တုန်းက ဒေါသထွက်ဖူးလို့လဲ။"

"အိုး ဒါဆို ကောင်းပြီလေ။"

ယဲ့ယောင်းက လုရွှင်၏လက်ကို ပွတ်သပ်ကာ မျက်လုံးများကို ဆက်လက်မှိတ်ထားလိုက်သည်။

ယဲ့ယောင်း တစ်ဖန်အိပ်ပျော်သွားချိန် လုရွှင်က ခေါင်းအနည်းငယ်မော့ပြီး ယဲ့ယောင်း၏ ပါးပြင်ပေါ်တွင် သူ့ပါးကို ဖိလိုက်သည်။

ယဲ့ယောင်းအရေပြား၏အပူချိန်ကို ခံစားလိုက်ရသဖြင့် လုရွှင်က တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ငါ ဘယ်လောက်ကြာကြာ ဒေါသထွက်နေမယ်ထင်လဲ၊ အိုး၊ ရယ်စရာပဲ၊ ငါက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တခြားဂြိုဟ်သားတွေ ယဲ့ယောင်းဆီကို ချဉ်းကပ်လာဖို့ အခွင့်အရေးကို မပေးနိုင်ဘူး။

သူက ငြိမ်ငြိမ်လေးထိုင်နေပြီး ထိုသို့ဖြစ်ရန် ခွင့်မပြုနိုင်ဘဲ အချက်အလက်မျိုးစုံကို နည်းမျိုးစုံဖြင့် လက်ဦးမှုယူရန် အစပြုခဲ့သည်။

*****

နံနက်ခင်းတွင် ယဲ့ယောင်းမေမေက နံနက်စာချက်ရန် အိပ်ရာထလိုက်ချိန် မီးဖိုချောင်မှ အသံကြားလိုက်ရ၍ သွားကြည့်လိုက်ရာ ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။

လုရွှင်က မနက်စာပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့တယ်!

ယဲ့ယောင်းမေမေက သူ့ကို အမြန်တားလိုက်သည်။

"ဒေါ်လေးက ရှောင်လုကို ဘယ်လို ချက်ပြုတ်ခွင့်ပေးရမှာလဲ၊ ခဏလောက်ပြန်သွားအိပ်လိုက်၊ ဒေါ်လေး မနက်စာချက်ပေးမယ် "

"ရပါတယ် ဒေါ်လေး၊ ကျွန်တော် ဘာမှလုပ်စရာမရှိလို့ပါ၊ ကျွန်တော့်ကိုယ်ကျွန်တော် အသုံးဝင်အောင် လုပ်ကြည့်မလို့"

လုရွှင်က ယဲ့ယောင်း၏ မိဘများရှေ့တွင် အလွန်လိမ္မာပါးနပ်သည်။ သူက ယဲ့ယောင်းမေမေအား ချိုမြိန်သော စကားများကို အသုံးပြု၍ ပြုံးပြကာ သူ့ကို နေခွင့်ပေးရန် ချော့မော့လိုက်ရာ သူမက သဘောတူလိုက်သည်။

လုရွှင်က ပေါ့ပေါ့ပါးပါးစကားစမြည်ပြောလိုက်သည်။

"ဒေါ်လေးတို့မိသားစုက ယဲ့ယောင်းကို Blind Date ပေးတွေ့ဖို့ စီစဉ်နေတာလား။ ကောင်မလေးတော်တော်များများက သူ့ကို ကြိုက်မယ်ထင်တယ်"

ယဲ့ယောင်းမေမေက ပြုံးပြီး လက်ဝှေ့ယမ်းလိုက်သည်။

"ဒီကလေး ယဲ့ယောင်းက ကိုယ်ပိုင်အမြင်ရှိတယ်၊ ဒါကြောင့် အဒေါ်တို့လို လူအိုကြီးတွေက ဒီကိစ္စကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။"

လုရွှင်၏နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကာ အသီးအရွက်များကို လှီးဖြတ်ရင်း မေးလိုက်သည်။

"ယဲ့ယောင်းက သူကြိုက်တဲ့ လက်တွဲဖော်ပုံစံကို ပြောပြပြီးပြီလားဟင်။ ကျွန်တော်မေးတော့ သူ့ကို ကောင်းကောင်းဆက်ဆံမယ့်သူကို ကြိုက်တယ်လို့ ပြောတယ်လေ၊ ကျောင်းက လူတော်တော်များများက သူ့ကို အရမ်းသဘောကျကြပြီး သူကြိုက်တဲ့သူကို ကျွန်တော် အခုထိ မတွေ့ဖူးသေးဘူး၊ ဒီစံနှုန်းက အရမ်းမြင့်လွန်းတယ်"

"သူက ဒီအကြောင်းကို အဒေါ်တို့နဲ့ အများကြီးမဆွေးနွေးဖူးဘူး၊ အင်း အဒေါ် စဉ်းစားပါရစေဦး။"

ယဲ့ယောင်းမေမေက အတိတ်ကို ပြန်တွေးလိုက်သည်။

"သူ မူလတန်းကျောင်းတက်တုန်းက ဖြစ်မယ်။ အဒေါ် သူ့ကို တစ်ကြိမ်လောက် စနောက်ဖူးတယ်။ သူက ရေလိုနူးညံ့တဲ့မိန်းကလေးတွေကို သဘောကျတယ်လို့ ပြောခဲ့ဖူးတယ်လေ၊ အခုလည်း အဲ့အတိုင်းပဲ ဖြစ်နိုင်မှာပါ။"

ခရမ်းချဉ်သီးများမှာ လုရွှင်၏ ဓားအောက်တွင် ပုံသဏ္ဍာန်မရှိတော့သလို လှီးဖြတ်ခံထားရပြီး လုရွှင်၏ဓားပတ်လည်တွင် လူသတ်ရောင်ဝါများရှိနေသည်။

လူအများကို ဘယ်ညာမဆို ကြောက်ရွံ့စေပြီး ရေလို နူးညံ့သည်ဟု တစ်ခါမှ ဖော်ပြခြင်းမခံရဖူးသူ ကျောင်းလူဆိုးဟောင်းလုရွှင်က အကြောင်းပြချက်တစ်ခုခုကြောင့် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

....

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment