no

Font
Theme

အခန်း (၁၀) - ပို့ပို့ (အနမ်း)...

အလိုမရှိသူထွက်သွားပြီးသည်နှင့် လုရွှင်က သူ့တစ်ကိုယ်လုံး ယဲ့ယောင်းဘက်ကို လှည့်လိုက်သည်။ လုရွှင်၏ အကြည့်အောက်တွင် ယဲ့ယောင်းက ငြိမ်သက်နေပြီး နို့လက်ဖက်ရည်ထဲတွင် ဘိုဘာပုလဲများကို အလျင်မလိုဘဲ တစ်ငုံသောက်လိုက်သည်။

လုရွှင်က ပြောစရာအများကြီးရှိပုံရသည်။ ကျောင်းလူဆိုးဟောင်းက ယဲ့ယောင်းကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေပြီး ဒေါသကို မျိုသိပ်ထားကာ နောက်ဆုံးတွင် ပြောလာသည်။

"မင်းအပြင်ထွက်ရင် ပိုထူတဲ့အဝတ်အစားတွေ မဝတ်တတ်ဘူးလား။ အအေးမိရင် ဘာလုပ်ရမလဲ"

ယဲ့ယောင်း - "ငါဝတ်ထားတဲ့အဝတ်အစားက တော်တော်ထူတယ်၊ ခုနက ကောင်မလေးက ငါ့ထက် ဝတ်ထားတာ ပိုနည်းတယ်"

လုရွှင်က နှာမှုတ်ကာ ယဲ့ယောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ အတည်ပေါက် မေးလိုက်သည်။

"တခြားသူတွေ ဘာဝတ်ထားလဲဆိုတာ ငါက ဘာလို့ ဂရုစိုက်ရမှာလဲ"

ယဲ့ယောင်း၏ လက်များက နွေးထွေးသွားပြီး သူ ပြုံးလိုက်သည်။

"မင်း စိတ်ဆိုးနေတာလား"

လုရွှင်က ထိုအရာကို ဝန်ခံနိုင်မည့်နည်းလမ်းမရှိချေ။ ထို့နောက် ယဲ့ယောင်းက ကောင်မလေးကို ငြင်းဆိုရန် ထွက်လာခြင်းအပေါ် ဒေါသထွက်နေသည်ဟုပြောလျှင် သူက ယုတ္တိမတန်သူ တစ်ယောက်လို ဖြစ်နေလိမ့်မည်။

သို့သော် ယဲ့ယောင်းတစ်ယောက်တည်း သူ့ကို သဘောကျနေသော မိန်းကလေးနှင့်တွေ့ခဲ့ခြင်းကို သူ တကယ်ကို စိတ်ဆိုးသည်။

ယဲ့ယောင်းက သူနဲ့တူတူ ဘာလို့မလုပ်နိုင်ခဲ့တာလဲ။

သူ့ကို လာပေးခဲ့သော ရည်းစားစာအားလုံးကို ပြန်ပို့ခဲ့ပြီး သူ့ဖုန်းထဲရှိ ဆက်သွယ်ရေးအက်ပ် အမျိုးမျိုးတွင် သူစိမ်းတစ်ယောက်မှ မထည့်ခဲ့ချေ။

သူ့ကို စိတ်ဝင်စားသူအားလုံးကို ဖယ်ရှားခဲ့ပြီး အေးစက်စက်အမျိုးသားနတ်ဘုရားက ထိုသိမ်ဖျင်းပြီး မထိုက်တန်သူများကို ဘယ်တော့မှ ပြန်ကြည့်မည်မဟုတ်ချေ။

"ငါ စိတ်မဆိုးပါဘူး"

လုရွှင်က အံကြိတ်လိုက်သည်။

"အာ၊ ဒါဆို ကောင်းပြီ"

ယဲ့ယောင်း ခေါင်းညိတ်လိုက်သည်။

လုရွှင် - “…”

ဒါက ဒီလိုပဲပြီးသွားတာလား၊ သူ့ကို နှစ်သိမ့်မယ့်အပိုင်းက ဘယ်လိုလဲ။

လုရွှင်က စိတ်တိုနေသော်လည်း ယဲ့ယောင်းအပေါ် ဒေါသမထွက်နိုင်သောကြောင့် ယဲ့ယောင်း၏ နို့လက်ဖက်ရည်ကို ပြင်းပြင်းထန်ထန်ဆုပ်ကိုင်ကာ အပြစ်မရှိသော နို့လက်ဖက်ရည်ကို အပြစ်ပုံချလိုက်သည်။

“ဒီဆိုင်က ပိန်းဥက လုံးဝမကောင်းဘူး”

လုရွှင်က ညည်းညူလိုက်သည်။

"တကယ်လား။ ငါတော့ တော်တော်အဆင်ပြေတယ်ထင်တာ။"

ယဲ့ယောင်းက ပြောလိုက်သည်။

"မင်း ငါ့စကားနဲ့ ဆန့်ကျင်ဘက်တွေပဲ ပြောမှာမဟုတ်လား"

လုရွှင်က ယဲ့ယောင်းကို စိုက်ကြည့်လိုက်သည်။ နာခံမှုမရှိသော ဆံပင်တစ်ချောင်းက သူ့နားဘေးတွင် လွင့်ပျံလာပြီး သူရှုံးနိမ့်သွားသည်။

"ကောင်းပြီ၊ အရသာက အတော်လေးကောင်းတယ်။"

နို့လက်ဖက်ရည်က တစ်ဝက်မျှကျန်နေသေး၍ ယဲ့ယောင်းက မသွားချင်သေးပေ။ သူက အချိန်အတော်ကြာလွတ်သွားသော စားပွဲတစ်ဖက်ရှိနေရာကို ကြည့်ပြီးနောက် မေးလိုက်သည်။

“လုရွှင်၊ မင်းရော ဘယ်လိုလူမျိုးကို ကြိုက်လဲ”

မေးခွန်းက ရုတ်တရက်ပေါ်လာ၍ လုရွှင် အံ့အားသင့်သွားသည်။

"ဟမ်?"

ယဲ့ယောင်းက လုရွှင်ဘက်ပြန်လှည့်ကာ လုရွှင်၏ သုံးဖက်မြင်မေးရိုးလိုင်းများကို ကြည့်ပြီး မေးလိုက်ပြန်သည်။

"မင်း ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ"

သူတို့က ဤအကြောင်းအရာကို တစ်ခါမှ မပြောဖူးချေ။ အထက်တန်းကျောင်းတက်တုန်းက လူတိုင်းက စာကျက်ရန်သာ အာရုံစိုက်ခဲ့၏။ လူတော်တော်များများက ပထမဆုံးချစ်ခြင်းမေတ္တာ ဖူးပွင့်ခဲ့ကြကာ ချိန်းတွေ့ခဲ့ကြသော်လည်း လုရွှင်က ထိုနယ်ပယ်ထဲတွင် မရှိသည်မှာ ထင်ရှား၏။ ထိုအချိန်တွင် ကျောင်းလူဆိုးလေးက အနိုင်ကျင့်ကာ ချစ်မိသွားစေရန်နေနေသာသာ သူ့ကို ကြိုက်သူများအပေါ် စိတ်မဆိုးခဲ့လျှင်ပင် ကံကောင်းပေလိမ့်မည်။

"ဘာလို့ ရုတ်တရက်ကြီးဒီမေးခွန်းကို မေးတာလဲ"

လုရွှင်က အနည်းငယ်စိတ်ရှုပ်သလို မပျော့ပျောင်းသော ဆံပင်များကို ကုတ်လိုက်သည်။

“ဘုရားပဲ သိမယ်! ငါ စိတ်ကူးယဉ်နိုင်တဲ့သူကို ငါမတွေ့ဖူးဘူး”

ယဲ့ယောင်းနားလည်နိုင်သည်မှာ လုရွှင်ထံ အလွန်မြင့်မားသောစံနှုန်းတစ်ခုရှိသည်။

သို့သော် ယင်းက နားလည်နိုင်သည်။ လုရွှင်က ရုပ်ရည်ချောမောသည့်အပြင် မိသားစု နောက်ခံကောင်းမှ ပေါက်ဖွားလာပြီး သူကိုယ်တိုင်ကလည်း အရည်အချင်းရှိ၍ မိန်းကလေးများနှင့် ပတ်သက်လာလျှင် စံနှုန်းမြင့်သည်မှာ အံ့သြစရာမရှိချေ။

"အချိန်တန်ရင် မင်းမိသားစုက မင်းကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမှာပဲ။ စီးပွားဖက်အိမ်ထောင်ရေးလို့ ခေါ်တဲ့ဟာမျိုးနဲ့ မင်းကို တွန်းအားပေးမယ်ထင်တယ်။”

ယဲ့ယောင်းက တစ်ခုခုကို တွေးလျက် ပြုံးကာ နှုတ်ခမ်းများ ကော့တက်သွားပြီး စကားလုံးတစ်ခုကို ထုတ်ပြောလိုက်သည်။

"မချစ်ခင် အရင်လက်ထပ်တာမျိုးပေါ့"

လုရွှင် - “…”

ချမ်းသာသောမိသားစုမှ သခင်ငယ်လေးလုရွှင်က မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ သူ့ဖုန်းကိုဖွင့်ကာ ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်ပြီး အံ့ဩတကြီးရေရွတ်လိုက်သည်။

"အိုး၊ တိုက်ဆိုင်လိုက်တာ၊ ငါတို့ချင်မင်းဆက်ကနေ ခေတ်သစ်ဆိုရှယ်လစ်နိုင်ငံကို ရောက်နေပြီ!"

ယဲ့ယောင်းက နူးညံ့သော ခုံကူရှင်ပေါ် နောက်ပြန်မှီလိုက်ပြီး သဘောတကျပြုံးလိုက်သည်။

အကယ်၍ လုရွှင်က အနာဂတ်တွင် လက်ထပ်ခဲ့လျှင် သူတကယ်ကြိုက်နှစ်သက်သူတစ်ဦးဦးကိုသာ လက်ထပ်လိမ့်မည်ဖြစ်ပြီး ထိုကိစ္စအပေါ် သူ့အနေဖြင့် ဘာမှစိတ်ဆိုးစရာမရှိချေ။

လုရွှင်က သူ့ပေါ် မှီ၍ နူးညံ့စွာ မေးလာသည်။

“မင်းရော၊ ဘယ်လိုလူမျိုးကို ကြိုက်လဲ။”

ယဲ့ယောင်းက လုရွှင်ကို တစ်ချက်ကြည့်လိုက်သည်။

ယင်းက လုရွှင်ကို ကြည့်နေကြပုံစံအတိုင်း သာမန်အကြည့်တစ်ချက်သာဖြစ်၏။

“ငါက ငါ့အပေါ် ကောင်းကောင်းဆက်ဆံတဲ့ လူကို သဘောကျမှာ။”

လုရွှင်က ချက်ချင်းပင် စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ ယင်းက စံနှုန်းကောင်းတစ်ခုဖြစ်ပြီး သူသာ ယဲ့ယောင်းအပေါ် တတ်နိုင်သမျှကြိုးစား၍ ကောင်းပေးလျှင် မကောင်းသောလူများက ယဲ့ယောင်းကို စိတ်ရှုပ်စေမည်မဟုတ်ပေ။

သို့သော် လုရွှင်က စက္ကန့်ဝက်မပြည့်ခင်အထိသာ စိတ်သက်သာရာရသွားပြီး တစ်ဖန်ပြန်စိတ်ရှုပ်သွားသည်။

"မဟုတ်သေးဘူး၊ ဒါက မမှန်ဘူးလေ၊ မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့သူဆိုတာ ဘာကိုဆိုလိုတာလဲ၊ မင်းအပေါ် စေတနာထားဖို့က အခြေခံအကျဆုံးလိုအပ်ချက်ပဲလေ! မင်းက သူမကို လှပဖို့ ချမ်းသာစေဖို့ ကတိပေးမယ်၊ သူမက အလုပ်ကျွမ်းကျင်ပြီး အိမ်မှုကိစ္စတွေ အားလုံးကို ကောင်းကောင်းလုပ်နိုင်ရမယ်။ ဆက်ဆံရေးတစ်ခုမှာ ငွေကြေးနဲ့ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေကို မင်းကို ထိန်းချုပ်ခွင့်ပေးရမယ်။ ကလိမ်ကကျစ် မရှိစေရဘူး၊ သူမရဲ့ မိုဘိုင်းလ်ဖုန်းကို အချိန်မရွေးဝင်ရောက်ကြည့်ရှုခွင့်ပြုရမယ်။”

"ကောင်းပြီ၊ တော်လိုက်တော့။"

ယဲ့ယောင်းက လုရွှင် ရပ်တန့်ရန်ပင် မစဉ်းစားကြောင်း တွေ့လိုက်ရ၍ ခေါင်းကိုက်လာကာ အလျင်စလိုကြားဖြတ်တားမြစ်လိုက်သည်။

"ဒါက လက်ထပ်တာတင် မဟုတ်ဘူး၊ ဒါက သူတို့ထက် အဆင့်အတန်းမြင့်တဲ့ လက်တွဲဖော်ကို ရှာနေတဲ့ပုံကြီးလေ... မင်းရဲ့ အနာဂတ်လက်တွဲဖော်အတွက် ဒီလိုတောင်းဆိုမှုတွေရှိနေတယ်လို့ ငါ့ကို မပြောပါနဲ့။"

"ငါ့အဖော်က ဒီလိုလုပ်ဖို့ မလိုဘူး၊ မင်းလက်တွဲဖော်ကပဲ ဒါကို လိုတာ။ မင်းက လှည့်စားခံရဖို့ လွယ်တယ်လေ။”

လုရွှင်က ပြတ်ပြတ်သားသားပြောလိုက်သည်။

ဒီတောင်းဆိုချက်တွေက အရမ်းများနေသလား။ ကိစ္စမရှိပါဘူး!

သူ့လို သူငယ်ချင်းကတောင် လုပ်နိုင်ရင် ယဲ့ယောင်းရဲ့အဖော်က ဘာလို့မလုပ်နိုင်တာလဲ။

ယဲ့ယောင်းက ဤပြင်းထန်သောစံနှုန်းများနှင့် ပတ်သက်၍ လုရွှင်နှင့် ငြင်းခုံရန် စိတ်မ၀င်စားချေ။ လုရွှင်၏ ဦးတည်ချက်ကို လက်ကျန်နို့လက်ဖက်ရည်ထံ ပြောင်းလိုက်သည်။

"လက်စသတ်လိုက်တော့။ ပြန်ကြရအောင်"

လုရွှင်က ပြောသင့်သမျှကို စကားစမြည်ပြောဆိုပြီးနောက် ခံစားချက်ကောင်းလာကာ နို့လက်ဖက်ရည်ကို ကောက်ယူလိုက်ပြီး ကလူသလို ပြောလိုက်သည်။

"ပိန်းဥနို့လက်ဖက်ရည်ကို မှာယူဖို့ တန်းစီရတာ မင်းသိလား"

ယဲ့ယောင်းက မျက်တောင်ခတ်လိုက်ရာ လုရွှင်က လျှို့ဝှက်ချက်တစ်ခုဖော်ထုတ်လိုက်သည်။

“ပို့ပို့ (အနမ်း) ပိန်းဥ နို့လက်ဖက်ရည်တစ်ခွက်၊ ပိန်းဥမထည့်နဲ့ နို့လက်ဖက်ရည်မထည့်နဲ့…”

လုရွှင်က ယဲ့ယောင်းကို ပြဇာတ်တစ်ပုဒ်နှင့် စနောက်လိုက်သည်။

"ပြောကြည့်၊ မင်း ဘယ်လိုထင်လဲ"

လုရွှင်က ယဲ့ယောင်းပြုံးလိုက်သည်ကို မြင်လိုက်ရသည်။

ယဲ့ယောင်း၏ အပြုံးက အနည်းငယ်ပျော့ပျောင်းနေပြီး အနီရောင်ဖျော့ဖျော့ နှုတ်ခမ်းများက နမ်းရန် တောင်းဆိုနေသကဲ့သို့ အနည်းငယ်စူနေလေသည်။

"ပို့ပို့"

ယဲ့ယောင်းက ပြောလိုက်သည်။

လုရွှင်ကို နှစ်သိမ့်ရန် ရည်ရွယ်ချက်ရှိရှိ အိပ်ဆောင်သို့ ပြန်လာသော ရှောင်းဖန်နှင့် ဝိန်းခယ်တို့က တစ်ချိန်တည်းတွင် လုရွှင်ထံမှ မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သည်။

[ဒီည ညစာစားဖို့ ချင်းတန်စားသောက်ဆိုင်ကို သွားဖို့ စိတ်ဝင်စားလား။ ငါကျွေးမယ်။]

ချင်းတန်စားသောက်ဆိုင်က ဤနေရာတွင် အလွန်ကျော်ကြားသော စားသောက်ဆိုင်ဖြစ်သည်။ သူတို့၏ အစားအသောက်က အလွန်ကောင်းသလို စျေးနှုန်းကလည်း အတော်လေး ဈေးကြီးသည်။ သာမန်ကျောင်းသားအဖွဲ့များက ပိုက်ဆံဖြုန်းရန် ဘယ်တော့မှ မသွားပေ။ ထမင်းတစ်နပ်တည်းက သူတို့၏ တစ်လစာထောက်ပံ့ကြေးနှင့် ညီမျှသည်။

‌ရှောင်းဖန်နှင့် ဝိန်းခယ်တို့က ထိုနေရာ၌ စားချင်ကြသော်လည်း တွေးကြည့်ပြီးနောက် အံကြိတ်ကာ ပြန်ပြောလိုက်သည်။

[ငါတို့နှစ်ယောက်က မင်းကို ဖိတ်ချင်တာပါ၊ လုကော၊ မင်းစိတ်မကောင်းဖြစ်နေတယ်ဆိုတာ လူတိုင်းသိတယ်။ ဒါကြောင့် ကောင်းကောင်းစားပြီး ပျော်သင့်တယ်။]

လုရွှင်၏ ပြန်စာက လျင်မြန်စွာ ရောက်လာသည်။

[ဒါက နားလည်မှုလွဲနေတာပါ၊ ယဲ့ယောင်းက ရည်းစားမရှာပါဘူး၊ ငါ အခုခံစားချက် ကောင်းပါတယ်။]

[ချင်းတန်စားသောက်ဆိုင်မန်နေဂျာကို ငါ အကြောင်းကြားထားပြီးပြီ၊ မင်းတို့ အဲဒီကိုရောက်တဲ့အခါ စားချင်တာ မှာစားလိုက်၊ ငွေပေးစရာမလိုဘူး။]

ဘာလဲ၊ ဒီလောက်ကောင်းတဲ့အရာ ရှိနေတာလား?!

ရှောင်းဖန်နှင့် ဝိန်းခယ်တို့က ပြတ်သားစွာ ထမင်းကောင်းကောင်းစားရန် ပျော်ရွှင်စွာ သွားခဲ့ကြပြီး လုရွှင်အတွက် အိပ်ဆောင်အလွတ်ကို ထားခဲ့လိုက်သည်။

ထို့ကြောင့် ယဲ့ယောင်းနှင့် လုရွှင်တို့ အိပ်ဆောင်သို့ ပြန်ရောက်ချိန် အိပ်ဆောင်က လွတ်နေသည်။

အရာအားလုံးက ပုံမှန်အတိုင်းဖြစ်နေပြီး လုရွှင်က ရေချိုးရန် ရေချိုးခန်းထဲဝင်သွားပြီး ယဲ့ယောင်းက စာပြန်ကြည့်ရန် စားပွဲတွင် ထိုင်လိုက်၏။

***

ရေချိုးခန်းထဲ၌။

ရေချိုးခန်းထဲက ရေပူများထွက်လာပြီး အဖြူရောင်အခိုးအငွေ့များက နေရာလွတ်တစ်ခုလုံး ပြည့်သွားသည်။

လုရွှင်က အေးစက်နေသော ကျောက်ပြားကို မှီ၍ အသက်ရှူသွင်းလိုက်သည်။

ဆောင်းဦးတွင် ရေအပူချိန်က အရေပြားအပူချိန်ထက် များစွာမြင့်မားသော်လည်း လုရွှင်က သူ့ခန္ဓာကိုယ်ရှိ အပူဒဏ်ကို ကျော်နိုင်စွမ်းမရှိဟု ခံစားမိလိုက်သည်။

သူ့မျက်လုံးများကို မှိတ်ထားရင်း စိတ်ထဲတွင် ယဲ့ယောင်း၏ စကားများနှင့် ပြည့်နေသည်။

"ပို့ပို့"

ချစ်ဖို့ကောင်းလိုက်တာ...

သူက ယခင်ပုံနှင့်မတူသော ယဲ့ယောင်းကို ထပ်တွေ့လိုက်ရသလိုပင်။

ခန္ဓာကိုယ်ထဲမှ အချိန်အကြာကြီးစုဆောင်းထားသော စွမ်းအင်က ရေနွေးစီးကြောင်းအတိုင်း ရွှေ့လျားသွားပြီး အောက်ပိုင်း၌ တုံ့ပြန်မှုတစ်ခုရှိလာသည်။ လုရွှင်က တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားပြီး ဆံပင်များကို လက်တစ်ဆုပ်စာအပြည့် ဆုပ်ကိုင်လိုက်ကာ စိတ်မရှည်စွာ အမြန်ဖြေရှင်းရန် စဉ်းစားလိုက်သည်။

ယဲ့ယောင်းက သူ့ကို အပြန်အလှန်ကူညီရမည့် အကြွေးတင်နေတုန်းပင်။

ယခုအခါ အိပ်ဆောင်ထဲ သူတို့နှစ်ယောက်သာ ရှိတော့သည်။

လုရွှင်ပြန်မထွက်ခင် အခြားအတန်းဖော်များလို ယဲ့ယောင်းအား ‘ပို့ပို့’ ဟု အကြိမ်အနည်းငယ် ပြော၍ ချော့ရန် မျှော်လင့်ထားသော်လည်း ယဲ့ယောင်းက အိပ်ဆောင်ထဲတွင် အခြားလူများ ရှိပါက စိတ်မသက်မသာဖြစ်နိုင်မည်။

ယခုအခါ သူ့ယခင်ပန်းတိုင်ကို သွားရန် ရည်ရွယ်ချက်မရှိတော့၍ အခြားအရာများ လုပ်ရန် ပိုအဆင်ပြေသွားပုံပင်။

လုရွှင်က လျှာသပ်လိုက်ပြီး ရေချိုးခန်းတံခါးကို အဟလေးဖွင့်လိုက်သည်။

လုရွှင်က သူ့အသံကို ထိန်းချုပ်လိုက်သည်။

"ယဲ့ယောင်းရေ၊ ဒီကို ခဏလာပါဦး"

"မင်း အဝတ်အစားယူဖို့ ထပ်မေ့သွားပြန်ပြီလား"

ယဲ့ယောင်းက သူ့ကို မေးလိုက်သည်။။

လုရွှင်က ပြန်မဖြေဘဲ မကြာခင်တွင် ယဲ့ယောင်းက ရေချိုးခန်းတံခါးဆီကို ရောက်လာ၏။

ယဲ့ယောင်းက အဝတ်အနည်းငယ်ကို တံခါးဝမှ ပေးလိုက်ရာ သူ့လက်ကောက်ဝတ်ကို လက်စိုစိုများဖြင့် ဆုပ်ကိုင်ခံလိုက်ရသည်။

လုရွှင်က ရေချိုးခန်းတံခါးကို တစ်ဝက်မျှ ဖွင့်ထားပြီး အတွင်းမှ အဖြူရောင် အမှုန်အမွှားများ ထွက်လာသော်လည်း တစ်စုံတစ်ရာကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသေးပေ။

ယဲ့ယောင်းက အံ့ဩသွားကာ မျက်လုံးများအနည်းငယ်ပြူးကျယ်သွားသည်။ သူ့လက်ကို ရုန်းချင်သော်လည်း လုရွှင်က တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။

"မင်း ငါ့ကို အကြွေးတင်နေတာ မှတ်မိသေးလား"

လုရွှင်၏ အသံသည် အနည်းငယ်အက်ကွဲနေသည်။

ယဲ့ယောင်းက အကြည့်လွှဲလိုက်သည်။

"မင်း တစ်ယောက်တည်းဖြေရှင်းလို့ ရမလား၊ ငါ ဒီနေ့တော့ နည်းနည်းပင်ပန်းနေသေးတယ်"

ယင်းက သူနောက်ဆုံးအကြိမ်ပေးခဲ့သော အကြောင်းပြချက်နှင့်တူနေ၍ လုရွှင်က နှာရှုံ့ကာ ရယ်မောလိုက်သည်။

"ကောင်မလေးကို တွေ့ဖို့ ထွက်သွားတုန်းက မင်း မပင်ပန်းဘူးလေ၊ ဒါပေမဲ့ ငါ့ကို ကူညီပေးဖို့ တောင်းဆိုတဲ့အခါတော့ ပင်ပန်းနေပြီတဲ့လား"

ယဲ့ယောင်းက နှုတ်ခမ်းများကို ဖိလိုက်ပြီး လုရွှင်က ရှေ့ကိုင်းလာကာ နားရွက်နား သူ့နှုတ်ခမ်းကို ကပ်လိုက်သည်။

"ငါတို့က သူငယ်ချင်းကောင်းတွေပဲ ဟုတ်တယ်မလား။"

“…အင်း”

ယဲ့ယောင်းက ညင်သာစွာ ပြန်ဖြေသည်။

လုရွှင်က ယဲ့ယောင်းကို ရေချိုးခန်းထဲ ဆွဲသွင်းပြီး တံခါးကို ပိတ်လိုက်သည်။

ယဲ့ယောင်းက လုရွှင်ကို တစ်ကြိမ်အကြွေးတင်ခဲ့သော်လည်း လုရွှင်က ယဲ့ယောင်းကို လွယ်လွယ်ကူကူပေးချေရန် ခွင့်မပြုခဲ့ပေ။

ရေက ယဲ့ယောင်း၏ အဝတ်အစားများကို စိုစေပြီး အအေးမိသွားမည်ကို စိုးရိမ်သောကြောင့် လုရွှင်က ရေပန်းကို ပိတ်လိုက်သည်။

ရေများ ရပ်သွားပြီး ရေနွေးကြောင့် ဖြစ်ပေါ်လာသော အခိုးအငွေ့များက လုံးဝမပျောက်သေးဘဲ ရေချိုးခန်းထဲက အရာအားလုံးကို ဖုံးလွှမ်းသွားကာ မြင်ကွင်းတစ်ခုလုံးကို ရှုပ်ထွေးသွားစေ၏။

ယဲ့ယောင်းက လုရွှင်၏ ပခုံးပေါ် ခေါင်းမှီကာ ပင့်သက်ရှိုက်၍ ညည်းတွားနေပြီး လုရွှင်ကို ကူညီနေရာမှ ဘာကြောင့် ပြောင်းပြန်ဖြစ်သွားသည်ကို သေချာမသိပေ။

သူ့အသက်ရှူသံက လုရွှင်၏ လည်ပင်းတစ်ဝိုက်ကို စီးဖြန်းနေပြီး သူ့နှာခေါင်းဖျားက လုရွှင်လည်ပင်းရှိ အရေပြားကို ပွတ်တိုက်သွားသည်။

သူမျက်လုံးဖွင့်လိုက်တိုင်း လုရွှင်၏မျက်နှာကို အနီးကပ်မြင်ရပြီး ခေါင်းနည်းနည်းပင့်လိုက်လျှင် လုရွှင်၏ ပါးစပ်ထောင့်ကို နမ်းနိုင်သည်။

……ဒါက အရမ်းအန္တရာယ်များတာပဲ။

ယဲ့ယောင်းက မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး လုရွှင်၏ ပခုံးထက် သူ့မျက်နှာကို မြှုပ်လိုက်သည်။

လုရွှင်က အချိန်အတော်ကြာထိ မကျေနပ်နိုင်သေးချေ။

အမှန်တွင် သူက ထိုအပိုင်းကို အမှန်တကယ်စိတ်အားထက်သန်သူမဟုတ်ဘဲ သူ့အလိုဆန္ဒကို ဖြေရှင်းပြီးသည့်အခါတိုင်းတွင် အမြဲလိုလို အလျင်အမြန်ထုတ်လွှတ်ပစ်တတ်သည်။ သို့သော် ယနေ့တွင် သူက မကြုံစဖူးသော ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။

လူပျိုဖော်ဝင်စကတည်းက ယခုအချိန်အထိ ခံစားဖူးသော ခံစားချက်အားလုံးက လက်ရှိအကြိမ်နှင့် မယှဉ်နိုင်ပေ။

ညီအစ်ကိုကောင်းများက အချင်းချင်းအမြဲကူညီကြမည်မှာ အံ့သြစရာမဟုတ်ပေ။ နောင်တွင်လည်း သူက ယဲ့ယောင်းနှင့် တစ်ယောက်ကိုတစ်ယောက် ကူညီပေးသွားမည်။

လုရွှင်က ယဲ့ယောင်း၏ အဝတ်အစားများကို သပ်ရပ်အောင် ကူညီပေးပြီး ကျေနပ်စွာ ပြောလိုက်သည်။

"မင်း ငါ့ကို နောက်တစ်ကြိမ်ထပ်ပေးဖို့ ကျန်သေးတယ်။ မမေ့နဲ့ဦး"

ယဲ့ယောင်းက ဘာမှမပြောတော့ဘဲ လုရွှင်က ထိုညတွင် ယဲ့ယောင်းနှင့် ပုံမှန်အတိုင်းအိပ်ခဲ့သည်။

ရှောင်းဖန်နှင့် ဝိန်းခယ်တို့က အစားအသောက်များကို နှစ်သက်ကြပြီး အပြင်တွင် တစ်ညတာ အိပ်ကြသည်။ အိပ်ဆောင်က တိတ်ဆိတ်နေသည်။

လုရွှင်က ယဲ့ယောင်းကို ပွေ့ဖက်လိုက်သည်။

တခြားသူတွေက ကြောင်တွေကို ပွတ်သပ်ရတာ နှစ်သက်တယ်၊ သူက လူကို ပွတ်သပ်ရတာ နှစ်သက်တယ်လေ!

လုရွှင်က ယဲ့ယောင်း၏ ခေါင်းကို ပွတ်လိုက်ရာ အဖက်ခံထားရသော ယဲ့ယောင်းက လှည့်ပြီး သူ့ကို တွန်းဖယ်လိုက်သည်။

“ငါ့ကို တစ်ခုလောက် ပေးပြောဦး။”

ယဲ့ယောင်းက ပြောလိုက်သည်။

"ဘာလဲ"

"ရေချိုးခန်းထဲမှာလို ထိတွေ့ဆက်ဆံမှုအဆင့်က အရမ်းများနေပြီထင်တယ်။"

ယဲ့ယောင်း၏ အမူအရာကို အမှောင်ထဲတွင် မမြင်နိုင်သော်လည်း သူ့အသံမှာ အလွန်တိုးညင်းနေသည်။

"ဒါကြီးက ထူးဆန်းလွန်းတယ်။ အဖြောင့်တွေက ဒါကို လုပ်မယ်လို့ ငါမခံစားရဘူး၊ ဒီနေ့ကစပြီး လျှော့လိုက်ကြရအောင်"

....

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment