no

Font
Theme

အပိုင်း - (၁၃)

ကျောက်ခန်းထဲတွင် ပေါက်ကွဲသံကြီးတစ်ခု ဟိန်းသွားတော့သည်။

လီရှို့ချန်၏ ခန္ဓာကိုယ်က ပျံထွက်လာသော အပျက်အစီးများနှင့်အတူ နံရံအား သွားရိုက်မိသော်လည်း နံရံသည် ပျက်စီးသွားခြင်းမရှိဘဲ ပကတိအတိုင်း ကျန်ရစ်နေ၏။ သို့သော် လီရှို့ချန်မှာမူ နာကျင်လွန်းသဖြင့် မိမိကိုယ်ကိုပင် မထိန်းနိုင်တော့ချေ။ သူ့တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေသွားသကဲ့သို့ ခံစားနေရပြီး အနည်းဆုံး နံရိုးလေးချောင်းခန့် ကျိုးသွားပုံရ၏။ အကယ်၍ သူသာ သာမန်လူတစ်ယောက် ဖြစ်ခဲ့ပါက လွန်ခဲ့သော အချိန်ကတည်းက သေသွားလောက်ချေပြီ။

ထို့အပြင် ကြီးမားလှသော ဝိညာဉ်ဖိအားကြီးတစ်ခုက လီရှို့ချန်ကို မြေကြီးပေါ်သို့ ဖိချထားသဖြင့် သူလုံးဝ မလှုပ်နိုင်တော့ပေ။

ဤအချိန်တွင် လီရှို့ချန်၏ ရင်ထဲ၌ တဏှာရာဂများ ဆူပွက်နေဆဲ ဖြစ်သော်လည်း ၎င်းကို ဂရုမစိုက်အားတော့။ သူ ခေါင်းကို မနည်း မော့ယူလိုက်ပြီး နောက်ဆုံးတွင် ရောက်လာသောသူကို မြင်လိုက်ရသည်။

ထိုသူက ခံ့ညားပြီး ကျက်သရေရှိကာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသော ဆံနွယ်နက်များကို ပိုင်ဆိုင်ထား၏။ ထိုသူ၏ မျက်ခုံးနှစ်ခုကြားတွင် ပွင့်ချပ်ရှစ်လွှာပါ ရွှေကြာပန်းတစ်ပွင့် ပွင့်လန်းနေပြီး တိုက်ရိုက်ကြည့်ရန် မစွမ်းသာလောက်အောင် စူးရှရှ အလင်းရောင်ကို ထုတ်လွှတ်နေသည်။

လီရှို့ချန်၏ နှုတ်ခမ်းများက တုန်ရီနေပြီး ဤသူက မည်သူဖြစ်သည်ကို မှတ်မိနေသော်လည်း၊ ဘာကြောင့် ဤနေရာတွင် ပေါ်လာရသလဲဆိုသည်ကိုမူ သူမယုံကြည်နိုင် ဖြစ်နေသည်။

ရွှမ်လင်ကျိက ကြမ်းပြင်ပေါ်တွင် သနားစရာကောင်းသော အခြေအနေဖြင့် လဲလျောင်းနေသည့် လီရှို့ချန်ကို ငုံ့ကြည့်လိုက်၏။ သူ၏ မျက်လုံးများတွင် ဝမ်းနည်းရိပ်သော်လည်းကောင်း ပျော်ရွှင်ရိပ်သော်လည်းကောင်း မရှိဘဲ စောစောက ဒေါသနှင့် မကျေနပ်မှုများလည်း ပျောက်ကွယ်သွားချေပြီ။ သူက သက်မဲ့အရာတစ်ခုကို ကြည့်နေသကဲ့သို့သော မျက်လုံးများဖြင့် လီရှို့ချန်ကို ကြည့်လိုက်ရာ လီရှို့ချန်တစ်ယောက် ကြောက်စိတ်ဖြင့် တုန်သွားရသည်။ အကယ်၍ သူသာ လှုပ်ရှားလိုက်ပါက ဤလူက သူ့ကို တွေဝေခြင်းမရှိဘဲ သတ်ပစ်လိမ့်မည်ဟု ခံစားလိုက်ရ၏။

“စောစောက မင်းရဲ့ ဒီလက်တွေကို သုံးပြီး ငါ့တပည့်ရဲ့ အဝတ်အစားတွေကို ထိခဲ့တာလား။”

ရွှမ်လင်ကျိက ခံစားချက်မပါသော အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

လီရှို့ချန်သည် အလွန်အမင်း နာကျင်နေသည့်အပြင် ကာမအဆိပ်သင့်နေ၍ စကားပင် ပြန်မပြောနိုင်ပေ။

သို့သော် ရွှမ်လင်ကျိက သူ၏ အဖြေကို မလိုချင်နေ။ သူက တည်တည်ငြိမ်ငြိမ်ပင် လက်ကို မြှောက်လိုက်ရာ ရွှေရောင် ဓားအလင်းတန်းတစ်ခုက လက်ခနဲ ဖြာထွက်လာပြီး ဝိညာဉ်စွမ်းအားများပါသော ဓားက လီရှို့ချန်၏ လက်များကို တည့်တည့်ချိန်ရွယ်၍ လက်ဝါးနှစ်ဖက်လုံးကို ထိုးဖောက်သွားတော့သည်။

“အား!!!”

နာကျင်မှုကြောင့် လီရှို့ချန်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး နှာရည်များလည်း ယိုကျလာသည်။ သူက သူ့ရှေ့ရှိ လေးစားထိုက်သော အကြီးအကဲကို ကြောက်လန့်တကြား ကြည့်လိုက်၏။ တစ်ဖက်လူက တည်ငြိမ်သော အသံဖြင့် ပြောလိုက်ပြန်သည်။

“စောစောက မင်းရဲ့ ဒီမျက်လုံးတွေကို သုံးပြီး ငါ့တပည့်ရဲ့ ခန္ဓာကိုယ်ကို ကြည့်ခဲ့တာလား။”

“အား!!!”

လီရှို့ချန်၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာသော်လည်း ကောင်းကင်မှ ပြင်းထန်သော မိုးကြိုးများပင် ရွှမ်လင်ကျိ၏ လုပ်ရပ်ကို မတားဆီးနိုင်ပေ။ ရွှမ်လင်ကျိက လက်ချောင်းများကို စုစည်းထားပြီး ရွှေရောင် ဓားစွမ်းအားများက လက်ချောင်းများကြားတွင် ဆက်လက် စီးဆင်းနေသည်။ သူ၏ မျက်လုံးများက ကြမ်းပြင်ပေါ်ရှိ ကျိုးပဲ့နေသော ခန္ဓာကိုယ်အပေါ်သို့သာ တည်ငြိမ်စွာ အာရုံစိုက်ထားသည်။

ရွှမ်လင်ကျိက ပြောလိုက်၏။

“စောစောက မင်း... လီရှို့ချန်၊ မင်းက ငါ့တပည့်ကို လက်ဖျားနဲ့ ထိဖို့ ကြိုးစားခဲ့တာလား။”

သူ၏ လက်ချောင်းများကြားမှ ဓားစွမ်းအားများ တိုးတိုးလာပြီး ရွှမ်လင်ကျိက မျက်လုံးများကို မှေးစင်းလျက် လီရှို့ချန်ကို လက်ညှိုးထိုးလိုက်သည်။ လီရှို့ချန်မှာ မြေကြီးပေါ်တွင် မျက်လုံးများကိုအုပ်လျက် နာကျင်စွာ လူးလိမ့်နေ၏။ သူ၏ရှစ်ဖူဟု ဆိုရမည့်သူက မည်သည့်အတွက်ကြောင့် သူ့ကို ရုတ်တရက် သတ်ချင်နေရသလဲ ဆိုသည်ကို နားမလည်နိုင်သလို ပြောလိုက်သော စကားလုံးတိုင်းသည်လည်း အဘယ်ကြောင့် အကန့်အသတ်မဲ့သော အမုန်းတရားများ ပြည့်နှက်နေသည်ကို သူနားမလည်နိုင်ပေ။

ဓားစွမ်းအားများ ပေါက်ကွဲထွက်လာတော့မည့်ဆဲဆဲတွင် ကောင်းကင်ပေါ်မှ မိုးကြိုးသံများ ပိုမိုပြင်းထန်လာသည်။ အချိန်တစ်ခဏအတွင်းပင် ငွေရောင် မိုးကြိုးတစ်ခုက ကောင်းကင်ယံမှ ကျဆင်းလာပြီး လေထုကို ထိုးဖောက်ကာ ရွှမ်လင်ကျိ၏ ခန္ဓာကိုယ်ဆီသို့ ပစ်ခတ်လိုက်တော့သည်။

ဤမိုးကြိုးသည် လော့ကျန့်ချင်း ဆင့်ခေါ်ခဲ့သည်ထက် အများကြီး ပိုအားကောင်းလှ၏။ ၎င်းက ဤကျောက်ခန်း၏ အရွယ်အစားထက် ပိုထူပြီး ငွေရောင် မြွေများကဲ့သို့ လျှပ်စီးများလည်း ဝန်းရံလျက် ရှိသည်။ ဤကဲ့သို့သော မိုးကြိုးမျိုးကို တစ်ချက်ကြည့်လိုက်ရုံနှင့် လူများကို ကြောက်သွားစေနိုင်သည်။ ၎င်းက အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ဖျက်ဆီးပစ်ရန် လုံလောက်သော စွမ်းအားရှိသည်။

ငွေရောင်မိုးကြိုး ကျဆင်းလာပြီးနောက် ရွှမ်လင်ကျိက လက်ကိုမြှောက်၍ ကာလိုက်သည်။

ထို့နောက် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်မည့်အလား အနီရောင် မိုးကြိုးတစ်စင်း ထပ်မံ ကျဆင်းလာပြန်သည်။

မိုးကြိုး ၃၆ ချက်တိတိ ဆက်တိုက် ပစ်ခတ်လာရာ ရွှမ်လင်ကျိ၏ မျက်နှာပင် ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ သူက ခရမ်းရောင် မိုးကြိုးတစ်စင်းကို လက်မြှောက်ကာကွယ်လိုက်သည်။ ကောင်းကင်ပေါ်ရှိ မိုးကြိုးတိမ်တိုက်များ လိမ့်ဆင်းလာပြီး နောက်ထပ် မိုးကြိုးများ ကျရောက်လာတော့မည့်ပုံ ပေါက်နေ၏။ သို့သော် ရွှမ်လင်ကျိ၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းသွားပြီး ဒေါသတကြီး ပြောလိုက်သည်။

“ငါ ဒီလောက်ထိ စတေးပြီးသွားပြီ... မင်း ငါ့ကို တကယ် တားနိုင်မယ်လို့ ထင်နေတာလား။”

မိုးကြိုးတိမ်တိုက်များက ခဏတာ တိတ်ဆိတ်သွားသော်လည်း ပျောက်ကွယ်မသွားဘဲ အပျက်အစီးနယ်မြေ၏ အပြင်ဘက် ကောင်းကင်ယံတွင် ဝဲပျံနေဆဲပင်။

ရီထျန်းတောင်တန်း တစ်ဝိုက် မိုင်ပေါင်း ၃၀၀ အတွင်းတွင် ထူထဲ အုံ့မှိုင်းနေသော တိမ်တိုက်များ ဖုံးလွှမ်းနေ၏။ မရေမတွက်နိုင်သော သာမန်လူသားများက မြေကြီးပေါ်တွင် ဒူးထောက်ကာ ကောင်းကင်ဘုံမှ ဘေးဒဏ်မချရန် ဆုတောင်းနေကြသည်။ ရီထျန်းဂိုဏ်း အတွင်းတွင်မူ ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲ သုံးဦးစလုံး စုဝေးရောက်ရှိနေကြပြီး မိုင်ပေါင်း ရာချီကာ ပျံ့နှံ့နေသော မိုးကြိုးတိမ်တိုက်များကို ထိတ်လန့်တကြား ကြည့်နေကြသည်။

ဒုတိယအကြီးအကဲက ကြောက်ရွံ့စွာဖြင့် ရေရွတ်လိုက်သည်။

“အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ပါးက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေတာများလား။”

နောက်ထပ်အကြီးအကဲက ခေါင်းခါရင်း ပြောလိုက်သည်။

“ဟိုတုန်းက အရှင်ရွှမ်လင်ကျိတောင်မှ ၈၁ မိုင် အကျယ်အဝန်းရှိတဲ့ မိုးကြိုးတိမ်တိုက်နဲ့ မိုးကြိုးကပ်ဘေး ၉၉ ချက်ပဲ ကြုံခဲ့ရတာ။ ဒီလောကမှာ ထိုက်ဟွာတောင်က အရှင်ထက် ပိုသာလွန်တဲ့သူ ရှိနိုင်ပါ့မလား။ ဒါက ကောင်းကင်နိမိတ် ဖြစ်လောက်တယ်။ မိစ္ဆာလောကကြီး ကမောက်ကမ ဖြစ်တော့မယ်ထင်တယ်။”

တတိယအကြီးအကဲက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး ပြောလိုက်သည်။

“ရှစ်ရှုန်း... ဒါက ပေသို့အရှင်သခင်ရဲ့ အမွေအနှစ်များ ဖြစ်နေမလား...”

“ပေါက်ကရတွေ။ ဒါက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ လက်ကျန်ဝိညာဉ်ပဲ။ ဒီလောက်ကြီးတဲ့ ဖြစ်ရပ်ဆန်းမျိုးကို ဘယ်လိုလုပ် ဖြစ်စေနိုင်လဲ။”

ခဏတာအတွင်း မရေမတွက်နိုင်သော သာမန်လူသားများက ဒူးထောက် ဆုတောင်းနေကြပြီး ကျင့်ကြံသူများစွာမှာလည်း နားနားနေနေ,မနေဘဲ အဆက်အပြတ် ဆွေးနွေးနေကြ၏။ ထိုအချိန်တွင် အပျက်အစီးနယ်မြေ အတွင်း၌ ရွှမ်လင်ကျိ၏ တည်ငြိမ်ပြီး ချောမောခံ့ညာသော မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်တော့။ သူက ကောင်းကင်ကို တိတ်တဆိတ် မော့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဓားကို ပြန်သိမ်းလိုက်သည်။ သူက လီရှို့ချန်ကို ထောင့်တစ်နေရာသို့ ကန်ထုတ်လိုက်ပြီးနောက် နဖူးမှ အဖြူရောင် အလင်းတန်းတစ်ခုကို စုပ်ယူလိုက်သည်။

“ဒီကိစ္စတွေကို မေ့လိုက်တော့။ ဒီနေ့တော့ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်။”

လီရှို့ချန်က နာကျင်စွာ ရုန်းကန်နေသော်လည်း နောက်ဆုံးတွင်တော့ သတိလစ်သွားသည်။ သူ၏ မျက်နှာက နီရဲနေပြီး ကာမအဆိပ်က ခရမ်းရောင်မြူခိုးများအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ထဲတွင် အပြင်းအထန် လှုပ်ရှားနေတော့သည်။ သို့သော် သူမည်မျှပင် ကြိုးစားစေကာမူ နိုးထလာနိုင်ခြင်းမရှိဘဲ အဆိပ်အတောက်များ၏ နှိပ်စက်ခြင်းကိုသာ ခံနေရသည်။

ရွှမ်လင်ကျိက သူ့ကို ဆက်ပြီး အာရုံစိုက်မနေတော့။ သူက လှည့်လိုက်ပြီး တည်ငြိမ်နေသော မျက်နှာထားဖြင့် သူ၏ တပည့်ဖြစ်သူကို ကြည့်လိုက်သော်လည်း ရုတ်တရက် မှင်တက်သွားရ၏။

“ကျန့်ချင်း!”

ရွှမ်လင်ကျိက အလျင်အမြန် အနားသို့ကပ်သွားပြီး လော့ကျန့်ချင်း၏ လက်ကို ဆွဲယူကာ သန့်စင်သော ဝိညာဉ်စွမ်းအားများကို လွှဲပြောင်းပေးလိုက်သည်။

လော့ကျန့်ချင်း၏ ပါးပြင်များသည် နီရဲနေပြီး အသက်ပြင်းပြင်း ရှူနေရ၏။ ယခုအခါ ရုတ်တရက် ဝိညာဉ်စွမ်းအားများ ရလိုက်သဖြင့် ချက်ချင်းပင် လှုပ်ရှားရန် အင်အား ပြန်ပြည့်လာသည်။ ခန္ဓာကိုယ်ထဲရှိ ကာမအဆိပ်ကို သူဆက်ကာ မထိန်းနိုင်တော့သဖြင့် အေးမြသည့် အထိအတွေ့ရှိရာသို့ ရုတ်တရက် တိုးကပ်ဖက်တွယ်လိုက်ပြီး တစ်ဖက်လူကို သူ့အောက်သို့ တွန်းလှဲချလိုက်သည်။

ရွှမ်လင်ကျိမှာ ဤမြင်ကွင်းကို အံ့ဩတကြီး စိုက်ကြည့်နေမိသည်။

လော့ကျန့်ချင်းက သူ့ခါးပေါ်တွင် ခွထိုင်လျက် မျက်လွှာချကာ ဝေဝေဝါးဝါး အကြည့်ဖြင့် သူ့ကို ကြည့်နေသည်။

ယခင်က သူ့ကို “ရှစ်ဖူ” ဟု ခေါ်လေ့ရှိသော နှုတ်ခမ်းများက ယခုမူ သွေးကဲ့သို့ နီရဲနေပြီး ဖြားယောင်းသွေးဆောင်နေသကဲ့သို့ ဖြစ်နေ၏။ သူ၏ မျက်လုံးလှလှ‌လေးများက အရည်လဲ့နေပြီး အဝတ်အစားများသည်လည်း ဖရိုဖရဲဖြစ်နေသဖြင့် လှပကျော့ရှင်းပြီး ကျိုးပဲ့လွယ်သော ညှပ်ရိုးလေးများ ပေါ်နေ၏။

လော့ကျန့်ချင်းက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူ့အောက်မှလူကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ မျက်နှာကို မြင်လိုက်ရသောအခါ သူက လုံးဝ အံ့သြသွားခြင်း မရှိချေ။ သူက အက်ရှရှအသံဖြင့် ရယ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“နောက်ထပ်... ပုံရိပ်ယောင်လား။ ပုံရိပ်ယောင်... ပုံရိပ်ယောင်... ဟွန်း...”

သူ၏ လည်ချောင်းထဲမှ မရေမရာ ညည်းသံတစ်ချက် ထွက်လာပြီး လော့ကျန့်ချင်းတစ်ယောက် စိတ်ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရ၏။ သူက ဖြည်းဖြည်းချင်း ကိုယ်ကိုကိုင်းလိုက်ပြီး အောက်မှလူ၏ မျက်နှာအနီးသို့ တိုးကပ်သွားသည်။ သူက ရှုပ်ထွေးသော အကြည့်ဖြင့် ထိုလူ၏ မျက်နှာကို ကြည့်လိုက်ပြီး မျက်လုံးများက အေးစက်စက် မျက်ခုံးတန်းမှ ပါးလွှာသော နှုတ်ခမ်းများဆီသို့ လျှောဆင်းသွားကာ နောက်ဆုံးတွင် ခေါင်းကိုငုံ့၍ နမ်းလိုက်တော့သည်။

ရွှမ်လင်ကျိ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြ၏။

သူတို့၏ နှုတ်ခမ်းများ ထိကပ်သွားသော နေရာမှ နွေးထွေးစိုစွတ်သော လေငွေ့များ ထွက်ပေါ်လာသည်။ လော့ကျန့်ချင်းက မျက်လုံးများကို စုံမှိတ်လိုက်ပြီး သူ့အောက်မှလူကို ရိုးသားမှုနှင့် ဆည်းကပ်မှုအပြည့်ဖြင့် နမ်းလိုက်သည်။ သူ၏ နှုတ်ခမ်းများက တစ်ဖက်လူ၏ နှုတ်ခမ်းများကို ပွတ်သပ်ရင်း ညင်ညင်သာသာ စုပ်ယူ ကိုက်ခဲနေသည်။ သူက တစ်ဖက်လူ၏ သွားများကို ဖွင့်ရန် ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုလူက သွားများကို တင်းတင်းကျပ်ကျပ် စေ့ထားပြီး လုံးဝ မဖွင့်ပေးချေ။

အချိန်အကြာကြီး နမ်းပြီးနောက် လော့ကျန့်ချင်းက ခေါင်းမော့လိုက်သည်။ သူ့အောက်မှ မြင့်မြတ်သော ရွှမ်လင်ကျိ၏ မျက်နှာထားက ပြောင်းလဲခြင်းမရှိဘဲ သူ့ကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်နေသည်။ ရောင်ရမ်းနေသော နှုတ်ခမ်းများကသာ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို သက်သေပြနေကြသည်။

လော့ကျန့်ချင်းကမူ မရှက်မကြောက်ချေ။ သူ၏ရှစ်ဖူသည် ယခုလိုသာ ဖြစ်သင့်သည်၊ သူ့ကြောင့် မည်သည့်အခါမှ တုန်လှုပ်မသွားသင့်ပေ။

ထိုက်ဟွာတောင်၏ ပြိုင်ဘက်ကင်း အကြီးဆုံးတပည့်ဖြစ်သူက တိုးတိုးလေး ရယ်လိုက်သည်။ သူက ရယ်နေသလို ရှိသော်လည်း ငိုနေသလိုလည်း ဖြစ်နေ၏။ နောက်ဆုံးတွင် ခန္ဓာကိုယ်ထဲမှ တပ်မက်မှုများကို မထိန်းချုပ်နိုင်တော့။ သူက ရွှမ်လင်ကျိ၏ အဝတ်အစားများပေါ်တွင် လက်ဖြင့် ပွတ်သပ်ရင်း ဆန္ဒများကို ဖြေဖျောက်နေမိသည်။ သူ၏ ခန္ဓာကိုယ်သည် သံတုံးကဲ့သို့ မာကျောနေပြီး ရွှမ်လင်ကျိ၏ ဝမ်းဗိုက်ပေါ်တွင် တင်းတင်းကျပ်ကျပ် ဖိကပ်ထားသော်လည်း သူက မိမိကိုယ်ကို ရစ်ပတ်ထားရုံသာ ရှိပြီး ထပ်မံ လှုပ်ရှားခြင်းမျိုး မရှိတော့ပေ။

စောစောပိုင်းကတည်းက လီရှို့ချန်သည် လော့ကျန့်ချင်း၏ ခါးပတ်ကို ဖြည်ခဲ့ပြီးဖြစ်၏။ ယခုအခါ သူ၏ဝတ်ရုံက ဖရိုဖရဲဖြစ်နေပြီး နှင်းကဲ့သို့ ဖြူဝင်းသော အသားအရေတို့က မျက်စိအောက်၌ ပေါ်နေတော့သည်။ သူ့အသားအရေက ပန်းရောင်သန်းနေပြီး လောကတွင် အလှဆုံး ကျောက်စိမ်းဖြူကဲ့သို့ လှလွန်းသဖြင့် အသက်ရှူမှားလောက်စေသည်။

လော့ကျန့်ချင်းက ရွှမ်လင်ကျိ၏ ကိုယ်ပေါ်တွင် ထိုင်လျက် မိမိကိုယ်ကို ထိတွေ့ရင်း မထိန်းချုပ်နိုင် ဖြစ်နေရသည်။

သူ့အောက်မှလူက သူ့ကို ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကိုတော့ သူသတိမထားမိ။ လော့ကျန့်ချင်း၏ လက်များက သူ့ကိုယ်သူ ထိတွေ့လိုက်သည်ကို မြင်လိုက်သည်တွင် ရွှမ်လင်ကျိက ရုတ်တရက် တစ်ပတ်လှည့်လိုက်ပြီး လော့ကျန့်ချင်းကို သူ့အောက်သို့ ဖိချလိုက်သည်။ ရွှမ်လင်ကျိက ရှုပ်ထွေးသော အကြည့်ဖြင့် သူ့တပည့်ကို အချိန်အကြာကြီး ကြည့်နေပြီးနောက် နောက်ဆုံးတွင် လော့ကျန့်ချင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

လော့ကျန့်ချင်းက သူ့ကို ကြောင်ငေးကြည့်နေပြီး မျက်လုံးများတွင် မက်မောမှုများနှင့် ပြည့်နှက်နေကာ ရီဝေဝေဖြစ်နေ၏။

ရွှမ်လင်ကျိ၏ မျက်နှာထားက တည်ငြိမ်နေပြီး ကိုယ်ကိုကိုင်းလျက် လော့ကျန့်ချင်း ထိတွေ့ခဲ့သော ပူပူနွေးနွေး အသားစိုင်ပေါ်သို့ သူ၏ အေးစက်စက် နှုတ်ခမ်းများကို ဖိကပ်လိုက်သည်။ သူက ညှို့ဓာတ်ပြင်းပြီး အနီရောင် သန်းနေသည့် အသားအရေ၏ တစ်လက်မချင်းစီကို နမ်းရင်းမှ နောက်ဆုံးတွင် လော့ကျန့်ချင်း၏ ဘယ်ဘက်ပခုံးပေါ်၌ ရပ်တန့်လိုက်၏။ သူက ထိုနေရာကို ဖြည်းဖြည်းချင်း နမ်းလိုက်ပြီး ဆွဲဆောင်မှုရှိသော အနီမှတ်လေး ဖြစ်လာသည်အထိ စုပ်ယူလိုက်သည်။ နောက်ဆုံးတွင်တော့ သူက ရာဂစိတ်တို့အောက်တွင် ပိတ်မိနေပြီး ရုန်းမထွက်နိုင် ဖြစ်နေသော သူ့တပည့်ကို ကြည့်လိုက်သည်။

ရွှမ်လင်ကျိ လှုပ်ရှားနေစဉ်တွင် လော့ကျန့်ချင်းမှာ အသက်ပြင်းပြင်း ရှူနေခဲ့ရပြီး၊ ယခုအခါတွင်မူ အရည်လဲ့နေသော မျက်လုံးများဖြင့် တစ်ဖက်လူကို ကြည့်ကာ အနည်းငယ် ခါးသက်နေသော အသံလေးဖြင့် ရေရွတ်လိုက်၏။

“ရှစ်ဖူ... ဟာ့... ရှစ်ဖူ... အွန်း...”

ပူလောင်ပြင်းပြသော အနမ်းတစ်ခုက ကျရောက်လာပြီး လော့ကျန့်ချင်း၏ ပြောလုဆဲဆဲ စကားများကို တိတ်သွားစေသည်။

ရွှမ်လင်ကျိ၏ အေးစက်စက် လျှာက ပူနွေးနေသော နှုတ်ခမ်းများကြားသို့ တိုးဝင်သွားပြီး ပါးစပ်အတွင်းရှိ ပူပူနွေးနွေး နေရာအနှံ့ကို လျှာဖြင့် သပ်ကာ နှုတ်ခမ်းဖူးဖူးလေးများကို အသံမြည်သည်အထိ စုပ်ယူလိုက်သည်။ လော့ကျန့်ချင်းခမျာ မညည်းဘဲ မနေနိုင်တော့။ သူက အပေါ်မှလူကို အပူတပြင်း ဖက်တွယ်လိုက်ပြီး တစ်ဖက်လူထံမှ ထိတွေ့မှုကို လိုလားသဖြင့် တိုးကပ်သွား၏။

သို့သော် ရွှမ်လင်ကျိက သူ့ကို ဆက်တိုက် နမ်းနေရုံသာ။

သူတို့နှစ်ဦးသားသည် နှစ်ပေါင်းများစွာ ဖိသိပ်ထားသော ခံစားချက်များအားလုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသကဲ့သို့ အပူတပြင်း နမ်းနေကြသည်။ သူက နှုတ်ခမ်းနုနုလေးများကို ကိုက်ခဲပြီး လျှာဖြင့်သပ်ကာ ချိုမြိန်သော အရည်များကို စုပ်ယူလိုက်သဖြင့် ပုံမှန်အားဖြင့် တည်ငြိမ်သော သူ၏တပည့်လေးက သာယာမှုကြောင့် ညည်းညူလာခဲ့သည်။

ရွှမ်လင်ကျိ၏ လက်က လော့ကျန့်ချင်း၏ ဆံပင်များထံသို့ ရွေ့သွားပြီး ကျောက်စိမ်းဆံထိုးကို ဆွဲထုတ်လိုက်သည်။ တစ်ခဏအတွင်းပင် ဆံနွယ်နက်များက လော့ကျန့်ချင်း၏ မျက်နှာဘေးတွင် ဝဲကျသွားပြီး သူ့ကို ပို၍ ဆွဲဆောင်မှု ရှိလာစေသည်။ ရွှမ်လင်ကျိတစ်ယောက် မျက်လွှာချကာ သူ့ကို စိုက်ကြည့်ရင်း ပိုပြီး နူးနူးညံ့ညံ့ နမ်းလိုက်သည်။

သူက အချိန်အကြာကြီး ညင်ညင်သာသာ နမ်းပြီးမှ ရပ်လိုက်သည်။ လော့ကျန့်ချင်းက တုန်တုန်ရီရီဖြင့် ရွှမ်လင်ကျိကို ဖက်တွယ်လိုက်ပြီး ဗလာကျင်းနေသော ခန္ဓာကိုယ်အထက်ပိုင်းကို သူ့ထံသို့ တိုးကပ်လိုက်သော်လည်း ရွှမ်လင်ကျိကမူ တည်ငြိမ်အေးဆေးစွာပင် ရှိနေ၏။

ခဏအကြာတွင် ရွှမ်လင်ကျိက ခေါင်းငုံ့ပြီး ထပ်နမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူတို့၏ နှုတ်ခမ်းများ ထိတွေ့ရာနေရာ၌ မှိန်ဖျဖျ အနီရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။ လော့ကျန့်ချင်းမှာ တုန်တက်သွားပြီး ကျောက်သားကြမ်းပြင်ပေါ်သို့ ခွေကျသွားကာ ရွှမ်လင်ကျိ၏ အနမ်းကို လက်ခံလိုက်သည်။ အနီရောင် အလင်းတန်းက ပိုမိုတောက်ပလာပြီး အချိန်ကြာလာသည်နှင့်အမျှ လော့ကျန့်ချင်း၏ အသားအရေပေါ်မှ အပူချိန်သည်လည်း တဖြည်းဖြည်း လျော့ပါးသွားကာ သူ၏ဖြူဖြူဝင်းဝင်း အသားအရေလည်း ကျောက်စိမ်းရောင် ပြန်ပြောင်းသွားတော့သည်။

ရွှမ်လင်ကျိ၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး သူတို့နှုတ်ခမ်းကြားမှ အနီရောင် အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ရွှမ်လင်ကျိက လော့ကျန့်ချင်းကို ချက်ချင်း လွှတ်ပေးလိုက်သည်။ သူ့တပည့်က လိုချင်သည်ကို ယူပြီးသည်နှင့် ဘာမှ မလိုချင်တော့သည့်အလား ကြမ်းပြင်ပေါ်တွင် သတိလစ်သွားတော့သည်။

ရွှမ်လင်ကျိက သေသေသပ်သပ် ဝတ်ဆင်ထားပြီး ဆံပင်များပင် ဖရိုဖရဲ မဖြစ်ဘဲ ဘာမှ မဖြစ်ပျက်ခဲ့သည့်အတိုင်း ရှိနေသည်။ သူက လော့ကျန့်ချင်းကို ဂရုတစိုက်နှင့် အဝတ်အစားများ ပြန်ဝတ်ပေးလိုက်ပြီး မျက်နှာထားကလည်း အေးစက်လွန်းနေသဖြင့် တပည့်ဖြစ်သူကို ကုသပေးနေရုံသာဖြစ်ပြီး အပိုခံစားချက်ဟူ၍ မရှိသည့်ပုံ ပေါက်နေ၏။

အဝတ်အစားများ ပြန်ဝတ်ပေးပြီးနောက် သူက ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီး အခန်းထဲရှိ ထိုင်ဖုံကို ကြည့်လိုက်သည်။

ရွှမ်လင်ကျိက မျက်လုံးများကို မှေးစင်းလျက် အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

“မင်း ကြည့်နေတာ ဒီလောက်ကြာပြီပဲ၊ ဘာလို့ ပုန်းနေသေးတာလဲ။ မင်းက ငါ့တပည့်ရဲ့ ဂုဏ်သိက္ခာကို စော်ကားပြီး မိစ္ဆာလို့ စွပ်စွဲခဲ့တယ်။ သူ့ကို မြေခွေးမိစ္ဆာ ဝင်ပူးခံရလုနီးပါး ဖြစ်အောင်တောင် လုပ်ခဲ့သေးတာ။ အခု တောင်းပန်ဖို့ အဆင်သင့်ဖြစ်ပြီလား။”

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment