no
-
...
Description လောကနံပါတ်တစ်ဂိုဏ်း၏ တပည့်ခေါင်းဆောင်ဖြစ်သည့် လော့ကျန့်ချင်းမှာ တောက်ပသောဂုဏ်သတင်းဖြင့် ကျော်ကြားသူဖြစ်သည်။ သူက သူ၏ရှစ်တိ၊ ရှစ်မေ့များ၏ အလေးစားရဆုံး ရှစ်ရှုန်းတစ်ယောက်ပင်။ ကျင့်ကြံရေးလောကမှာ နံပါတ်တစ်ထိပ်တန်းကျင့်ကြံသူ၏ နောက်ဆုံးတပည့်ဖြစ်သူ လော့ကျန့်ချင်းက သူ့ရှစ်ဖူ၏သင်ကြားရေးများအားလုံးကို အလွန်ရိုသေလေးစားပြီး မည်သည့်ကန့်သတ်ချက်ကိုမှ စည်းမကျော်ခဲ့ပေ။ ထို့နောက်မှာတော့... သူက ဇာတ်လိုက်၏ဓါးဖြင့် အသတ်ခံခဲ့ရလေသည်။ ယင်းမှာ အခြားမည်သူ့၏ဓါးမှမဟုတ်ဘဲ သူ့ရှစ်ဖူ၏ဓါးပင်တည်း။ လော့ကျန့်ချင်း: "..." ကောင်းကင်ဘုံက ငါ့ကို သေစေချင်ပေမဲ့ ငါကတော့ သေဖို့ လုံးဝငြင်းဆန်တယ်! ကောင်းကင်ဘုံရဲ့ဆန္ဒက ပိုကြောက်ဖို့ကောင်းလား၊ ဒါမှမဟုတ် ငါ့ဓါးရဲ့ဆန္ဒက ပိုပြီးခေါင်းမာနိုင်မလားဆိုတာ ကြည့်ကြတာပေါ့! ဝူယင်း: "ကျန့်ချင်း၊ ငါ မင်းကိုပြောစရာရှိတယ်။" လော့ကျန့်ချင်း: "ရှစ်ဖူ၊ ကျွန်တော်လည်း ရှစ်ဖူကို ပြောစရာရှိတယ်။" ဝူယင်း: "... မင်းအရင်ပြောမလား။" လော့ကျန့်ချင်း: "ရှစ်ဖူ အရင်ပြောပါ။" ဝူယင်း: "ငါ မင်းကို သဘောကျတယ်။" လော့ကျန့်ချင်း: "ကျွန်တော် အပေါ်ကနေချင်တယ်။" ဝူယင်း: "..." *** Aurora Novel Translation Team