no

Font
Theme

အခန်း - (၁၂.၂)

ထိုအသံက အလွန်အမင်း ဆွဲဆောင်မှု ရှိလွန်းလှသဖြင့် လီရှို့ချန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး စူးစမ်းလိုစိတ်ဖြင့် ထိုနေရာသို့ လျှောက်သွားမိလိုက်သည်။ ဝေဝေဝါးဝါး ခရမ်းရောင်မြူခိုးများကြားတွင် နံရံကိုမှီလျက် အသက်ပြင်းပြင်း ရှူနေသော ရုပ်ချောချော လူငယ်တစ်ဦးကို သူတွေ့လိုက်ရသည်။ ထိုလူ၏ ဖီးနစ်မျက်လုံးများက တောက်ပနေပြီး နှုတ်ခမ်းများသည် သွေးစို့လုမတတ် နီရဲနေကာ ရုပ်သွင်ပြင်က ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

လီရှို့ချန်မှာ အံ့သြမှင်တက်ကာ အသက်ရှူမှားသွားရသည်။

ထိုက်ဟွာတောင်၏ အကြီးအကဲဖြစ်လာမည့် တာ့ရှစ်ရှုန်းတစ်ဦးအနေနှင့် သော်လည်းကောင်း ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် သော်လည်းကောင်း ရှိသင့်သော သူ၏ မာန်မာနများက ဤအချိန်တွင် လုံးဝ ပျောက်ကွယ်သွားပြီး လော့ကျန့်ချင်းတစ်ယောက်တည်းသာ ပိုင်ဆိုင်သော အလှတရားက အပြည့်အဝ ပေါ်လွင်လာတော့သည်။ “နတ်ဘုရားဖြစ်ရန် လမ်းစဉ်ရှာဖွေခြင်း” ဝတ္ထုထဲတွင် လော့ကျန့်ချင်းဆိုသည်က အချောဆုံး ဇာတ်ကောင်ဖြစ်နိုင်ကြောင်း လီရှို့ချန်တစ်ယောက် အမြဲ သိထားခဲ့သည်။ သူနောက်ပိုင်း လက်ထပ်မည့် ရေသူမလေးပင်လျှင် ဤဗီလိန်ကို ယှဉ်နိုင်ရန် ခဲယဉ်းလိမ့်မည်။

ယခင်က လော့ကျန့်ချင်း၏ အရှိန်အဝါသည် ကြီးမားလွန်းပြီး၊ လီရှို့ချန်တွင်လည်း သူ့ကို ရင်ဆိုင်နိုင်စွမ်း မရှိသောကြောင့် လော့ကျန့်ချင်း၏ ရုပ်ရည်ကို သိပ်ဂရုမစိုက်ခဲ့မိချေ။ သို့သော် ယခုအခါတွင်မူ လော့ကျန့်ချင်းမှာ ခရမ်းရောင် မြူခိုးများကြားတွင် အားနည်းစွာ လဲလျောင်းနေပြီး သူ၏ ဆံနွယ်နက်များက စိမ်းပြာရောင် ဝတ်စုံပေါ်သို့ ဖားလျားကျနေ၏။ သူ၏မျက်ဝန်းများက အရည်လဲ့နေပြီး ပါးပြင်များသည်လည်း ရှေ့ကိုကြည့်ရင်း ရှက်သွေးဖြာနေသကဲ့သို့ နီမြန်းနေတော့သည်။

ဤအခိုက်အတန့်တွင် ကျား/မ ခွဲခြာမှုကို ကျော်လွန်သွားသော အလှတရားဟူသည့် အဓိပ္ပါယ်ကို လီရှို့ချန်တစ်ယောက် နောက်ဆုံးတွင် နားလည်သွားတော့သည်။

လီရှို့ချန်၏ လက်ချောင်းများက တုန်ရီလာပြီး ပိုမိုရှင်းရှင်းလင်းလင်း မြင်ရစေရန် မသိစိတ်ဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးမိလိုက်သည်။ သို့သော် သူဘာမှမလုပ်နိုင်ခင်ပင် ရင်းနှီးနေသလို ရှိသော ခရမ်းရောင် မြူခိုးက အသိစိတ်ရှိသည့်အလား သူ့ထံသို့ ရုတ်တရက် တိုးဝင်လာသည်။

“မလုပ်နဲ့!!!”

လော့ကျန့်ချင်းက အသားကုန် အော်ပစ်လိုက်သည်။

လီရှို့ချန်က လော့ကျန့်ချင်းကို ကြောင်တောင်တောင်နှင့် ကြည့်လိုက်ရာ လော့ကျန့်ချင်း၏ မျက်လုံးများ ပြူးကျယ်နေပြီး သွေးကြောများ ယှက်သန်းကာ နာကျင်မှုများဖြင့် လီရှို့ချန်နှင့် ခရမ်းရောင် မြူခိုးအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ စိတ်ရှုပ်ထွေးနေမှုများကြားတွင်ပင် လီရှို့ချန်တစ်ယောက် သူ့ခန္ဓာကိုယ်အောက်ပိုင်းသို့ အပူလှိုင်းတစ်ခု ဖြတ်စီးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ သူ၏ ဆင်ခြင်တုံတရားများ ပြာကျသွားသကဲ့သို့ ဖြစ်သွားတော့သည်။

လီရှို့ချန်က အသက်ပြင်းပြင်းရှူရင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလျက် ထောင့်တွင် လဲလျောင်းနေသော ချောမောခံ့ညားသည့် ကျင့်ကြံသူကို ကြည့်လိုက်မိသည်။

လော့ကျန့်ချင်း၏ မျက်လုံးများသည် ပြူးကျယ်နေပြီ ဖြစ်သော်လည်း အလွန်အမင်း ဒေါသထွက်နေသော အမူအရာလေးကပင် သူ၏ ပြိုင်ဘက်ကင်း အလှတရားကို မမှေးမှိန်စေနိုင်ချေ။ ချွေးစက်တစ်စက်က လော့ကျန့်ချင်း၏ ပြည့်ဖြိုးပြီး ဖြူဝင်းနေသော နဖူးပြင်မှ စီးကျလာကာ ပြီးပြည့်စုံသော မျက်နှာထက်သို့ ဖြတ်သန်းသွားပြီးနောက် ဆွဲဆောင်မှုရှိသော ဝတ်ရုံစများကြားတွင် ဝင်ရောက်ပျောက်ကွယ်သွားသည်။

လီရှို့ချန်က တံတွေးကို မနည်းမျိုချလိုက်ပြီး ခပ်သြသြအသံဖြင့် ရေရွတ်လိုက်သည်။

“လှလိုက်တာ...”

လော့ကျန့်ချင်းက လက်ကို ဝှေ့ယမ်းပြီး ဓားစွမ်းအားတစ်ခု စုစည်းကာ လီရှို့ချန်ထံသို့ ထိုးစိုက်လိုက်သည်။ မမျှော်လင့်ဘဲ ဓားစွမ်းအားက အနည်းငယ် လွဲချော်သွားပြီး လီရှို့ချန်၏ မျက်နှာပေါ်တွင် အစင်းရာလေးတစ်ခု ဖြစ်ကျန်ရစ်စေကာ နံရံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

“ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲလား!!!”

လော့ကျန့်ချင်းက ခန္ဓာကိုယ်ထဲမှ အပြင်းထန်ဆုံး စိတ်ဆန္ဒများကို ထိန်းချုပ်ရင်း တုန်ရီနေ၏။ သူ့ခမျာ ကျောက်စိမ်းတံဆိပ်ပြားကို ချက်ချင်းထုတ်၍ ဤနေရာမှ ထွက်ပြေးချင်စိတ်ပင် ပေါက်နေမိသည်။

သူ၏ ဝိညာဉ်စွမ်းအားများ အားလုံး ကုန်ခန်းနေချိန်တွင် ပုံရိပ်ယောင်မြေခွေး၏ အကြွင်းအကျန်က သူ့ခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့ခြင်းဖြစ်၏။ ထိုသို့ ရုန်းကန်နေစဉ်အတွင်း လော့ကျန့်ချင်းမှာ သေလုနီးပါး ဖြစ်ခဲ့ရပြီး မြေခွေးမိစ္ဆာ၏ အသိစိတ်ကို သတ်ပစ်နိုင်ခဲ့သည်။ သို့သော် သူသည်လည်း မြေခွေးမိစ္ဆာ၏ ကာမအဆိပ်ကို မိသွားခဲ့သည်။ လော့ကျန့်ချင်းတစ်ယောက် လုံးဝ မမျှော်လင့်ထားခဲ့သည်က ထိုမြေခွေးသည် မပျောက်ကွယ်သွားမီ ကျောက်ခန်းတစ်ခုတည်းတွင် ရှိနေသော လီရှို့ချန်ထံသို့ သူ(မ)၏ မိစ္ဆာမြူခိုးများကို ဦးတည်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ပုံရိပ်ယောင်မြေခွေး၏ သေခါနီးစကားသံများက သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

“ညစ်ပတ်ပြီး နံစော်နေတဲ့ လူသားတွေ... ယောက်ျားတစ်ယောက်ရဲ့ လွှမ်းမိုးမှုကို ခံရတဲ့ အရသာက ဘယ်လိုလဲဆိုတာ မင်းတို့ မြည်းစမ်းကြည့်ကြစမ်း။”

စောစောက ဓားစွမ်းအားမှာ လော့ကျန့်ချင်း၏ နောက်ဆုံးလက်ကျန် တိုက်ကွက်ဖြစ်၏။ ယခုအခါ သူ၏ ဝိညာဉ်စွမ်းအားများ ကုန်ခန်းနေပြီဖြစ်၍ ပြန်လည်ပြည့်ဖြိုးရန် အနည်းဆုံး နာရီဝက်ခန့် ကြာလိမ့်မည်။ ယခုအခါ သူက အလွန်အားနည်းနေပြီး မျက်လုံးဖွင့်ရန်အတွက်ပင် ထိုကာမအဆိပ်၏ လှုံ့ဆော်မှုကို လိုအပ်နေသည်။

အကယ်၍ မိစ္ဆာမြူခိုးထဲမှ ကာမအဆင့်က ချီစွမ်းအားစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ထိန်းချုပ်မှု ကင်းမဲ့သွားစေနိုင်လျှင် မိစ္ဆာအမြုတေထဲမှ အဆိပ်ကမူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ စိတ်ဖောက်ပြန်သွားစေနိုင်သည်။

ဤအချိန်တွင် လော့ကျန့်ချင်းသည် ရူးသွပ်ဖွယ်ရာ ဆန္ဒများ၏ ဝါးမျိုခြင်းကို ခံနေရပြီဖြစ်၏။ သူ့ခန္ဓာကိုယ်က တစ်ပါးသူ၏ အထိအတွေ့ကို တောင့်တနေသော်လည်း သူ၏ ကျန်ရှိနေသေးသော အသိစိတ်ကမူ လီရှို့ချန်တစ်ယောက် သူ့ထံသို့ တဖြည်းဖြည်း တိုးကပ်လာသည်ကို ကြည့်နေစေခဲ့သည်။ လီရှို့ချန်က ခါးပတ်ကို ဖြည်လိုက်ပြီး လော့ကျန့်ချင်း၏ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ကို အကြည့်တို့ဖြင့် ကျက်စားပြီးနောက် ခေါင်းကို ငုံ့လိုက်သည်။

“လီရှို့ချန်... ငါ မင်းကို သတ်မယ်။ ဒီဘဝ မင်းကို ငါ အသေအချာကို သတ်ပစ်မယ်။”

လော့ကျန့်ချင်းက အားကုန်ထုတ်၍ ထိုစကားများကို ပြောလိုက်ရာ နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျလာသည်။ စကားတစ်ခွန်း ပြောလိုက်တိုင်း ပါးစပ်မှ သွေးများ ယိုစီးနေတော့၏။

သို့သော် လီရှို့ချန်မှာမူ မကြားနိုင်တော့ပေ။ သူ၏ လောဘတကြီး အကြည့်များက သူ့ရှေ့ရှိ မျက်နှာလှလှလေးထက်တွင် ဝဲပျံနေပြီး နောက်ဆုံးတွင် လော့ကျန့်ချင်း၏ မျက်ခုံးနှစ်ခုကြားရှိ တောက်ပနေသော အနီရောင် မှဲ့ကလေးပေါ်၌ ရပ်တန့်သွားသည်။ ထိုမှဲ့နီကလေးသည် အချိန်မရွေး မီးတောက်တော့မည့်အလား နီရဲနေသဖြင့် လီရှို့ချန် အကြာကြီး စိုက်ကြည့်နေမိသည်။ ခဏအကြာတွင်တော့ သူဘယ်လိုမှ မနေနိုင်တော့ဘဲ ထိုဖူးဖူးဖောင်းဖောင်း နှုတ်ခမ်းများကို နမ်းရန် ခေါင်းငုံ့လိုက်တော့သည်။

လီရှို့ချန်၏ ဝင်သက်ထွက်သက်ကို ခံစားလိုက်ရချိန်တွင် လော့ကျန့်ချင်း၏ မျက်နှာပေါ်၌ အရှက်တကွဲဖြစ်ခြင်းနှင့် ဒေါသတို့ အထင်းသား ပေါ်လာသည်။ သူက မျက်လုံးများကို ပြူးထားပြီး မှိတ်ရန် ငြင်းဆန်နေ၏။ သူ အရာအားလုံးကို မှတ်ထားချင်သည်။ ဤလူ သူ့အပေါ် ပေးခဲ့သော စော်ကားမှုများကို မှတ်ထားပြီး အနာဂတ်တွင် ဆယ်ဆပြန်၍ လက်စားချေပစ်ချင်သည်။

သူတို့၏ နှုတ်ခမ်းများ လက်မအနည်းငယ်သာ ဝေးတော့ပြီး လီရှို့ချန် ရှူထုတ်လိုက်သည့် လေငွေ့နွေးနွေးက လှပကာ ဆွဲဆောင်မှုရှိသော မျက်နှာလေးပေါ်သို့ ရိုက်ခတ်နေသည်။

မျက်တောင်တစ်ခတ်အတွင်းပင် ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဘုန်း!

လီရှို့ချန်၏ ခန္ဓာကိုယ်သည် နံရံဆီသို့ အကန်ထုတ်ခံလိုက်ရပြီး ဒေါသနှင့် စိုးရိမ်စိတ်တို့ ပြည့်နှက်နေသော အေးစက်စက် အသံတစ်သံက ကျောက်ခန်းကျဉ်းလေးထဲတွင် လျစ်လျူရှု၍ မရနိုင်အောင် မြင့်မြတ်စွာ ထွက်ပေါ်လာတော့သည်။

“မင်းသာ ရှေ့ကို ခြေတစ်လှမ်း ထပ်တိုးရဲရင်၊ ဘာပဲရင်းရ ရင်းရ… မင်းကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ငါလုပ်ပစ်မယ်။”

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment