Chapter 5
အိပ်ခန်းထဲတွင် ဝေ့အန်းသည် သူ၏ စားပွဲတွင် လေ့ကျင့်ခန်းများကို စိတ်ငြိမ်စေရန် စိတ်ဝင်တစားတွက်နေလေသည်။ သူသည် လှုပ်ရှားသည့် အသံတစ်ချို့ကို ကြားသောအခါ ကျန့်ချီအား ဖျက်ခနဲ လှည့်ကြည့်လိုက်လေသည်။ သူက တစ်ခုခု ပြောချင်နေပုံရကာ သူ့အမူအရာက ခဏလောက် တောက်ပသွားသော်လည်း နောက်ဆုံးတွင် ခေါင်းငုံ့ကာ သင်္ချာပုစ္ဆာများကိုသာ ဆက်လက်တွက်နေလိုက်သည်။
ကျန့်ချီသည် သူ၏ နှာတံပေါ်ရှိ ပုလင်းဖင်ကဲ့သို့ ထူသည့် မျက်မှန်က စာအုပ်ပေါ်သို့ပင် လျှောကျသွားမည်ကို စိုးရိမ်ကာ မေးလိုက်သည်။
" မင်း ရေချိုးပြီးပြီလား"
"အတန်းပြီးတာနဲ့ ရေချိုးဖို့ ငါ ပြန်လာခဲ့တာ"
ဝေ့အန်းဆက်ပြောလိုက်သည်။
"မင်းပြီးတာ တအားနောက်ကျတာပဲ အဆင့်မြင့်သင်္ချာမို့လို့လား?"
ကျန့်ချီသည် သူ့လက်ထဲမှ အုတ်ခဲလောက်ထူသည့် စာအုပ်နှစ်အုပ်ကို လှုပ်ယမ်းပြလိုက်သည်။
"စီးပွားရေးစာအုပ်တွေလေ။ အပြန်လမ်းမှာ ငါ ကိုးကားဖို့အတွက် စာကြည့်တိုက်ကနေ စာအုပ်နည်းနည်းသွားငှားလာတာ"
သူ့အတန်းတွေအားလုံးအနက် စီးပွားရေးအတန်းသည် အခက်ဆုံးပင် ဖြစ်သည်။ ကျန့်ချီသည် အရင်က တစ်ခါမှ မလေ့လာဖူးသောကြောင့်လည်း ဖြစ်သည်။ စိန့်စတန်မှာ ကျောင်းသားအားလုံးသည် အခြေခံလောက်တော့ သိကြသည်နှင့် တူ၏။ မစ္စတာစမစ်သည် စီးပွားရေးရဲ့ မိတ်ဆက်ကို ရှင်းပြဖို့ အတန်းချိန်နှစ်ချိန်ကိုသာ ယူလေသည်။ တတိယအတန်းချိန်မှာတော့ သူသည် လုံးဝခြားနားသည့်အဆင့်မှ ပုစ္ဆာများကို ယူဆောင်လာကာ အများစုသည် ခေါင်းစဉ်အကြောင်းပင် ဖြစ်၏။ ၎င်းသည် ကျန့်ချီအား ဘေးကျပ်နံကျပ်ဖြစ်စေလေသည်။
အဆင့်တစ်ရဖို့ ကြိုးစားရန် မလိုအပ်လျှင်တောင်မှ ကိစ္စရပ်များသည် သူ ထိန်းချုပ်နိုင်မည့် အခြေအနေအောက်တွင် မရှိသည့် ခံစားချက်အား သူ သဘောမကျပေ။
အိပ်ဆောင်တွင် ရေနွေးသည် ၂၄ နာရီ အမြဲရလေသည်။ ကျန့်ချီသည် ရေချိုးပြီးသည်နှင့် ဒီနေ့အတွက် အိမ်စာကို လုပ်လိုက်သည်။ နာရီအသံကြားလိုက်သောအခါ screen ၏ ညာဘက်ထောင့်မှ အချိန်သည် ၉ နာရီပင် ကျော်သွားပြီ ဖြစ်လေသည်။
သူသည် ဒီနေ့ ငှားလာသည့် "Principles of Economics" စာအုပ်နှင့် "Macroeconomics"စာအုပ်ကို ကြည့်ပြီးနောက် သူ လွတ်သွားသော အခြေခံများကို မနက်ဖြန်ကျ ပြန်လေ့လာဖို့ ဆုံးဖြတ်လိုက်လေသည်။ သိမ်းဆည်းပြီးနောက် အိပ်ရာပေါ်တွင် လှဲလိုက်သောအခါ သူ၏ ဆန့်ကျင်ဘက်ရှိ ဝေ့အန်းသည် စားပွဲ၏ တစ်ဖက်တွင် သူ စာစလုပ်သည့် ပုံစံအနေအထားအတိုင်း သင်္ချာပုစ္ဆာများကို ဆက်တွက်နေဆဲဖြစ်သည်။ သူ၏ ပုံသဏ္ဍာန်သေးသေးလေးသည် အဆုံးမရှိသည့် စိတ်စွမ်းအားများ ပါဝင်နေဟန်တူလေသည်။
မနှစ်မှ စာရင်းအရ download အများဆုံးဆွဲခြင်းခံရသည့် appဖြစ်သည့် Talk Time ဟု ခေါ်သည့် TTကို ကျန့်ချီဖွင့်လိုက်သည်။ မျက်နှာပြင်သည် သပ်ရပ်ရှင်းလင်းနေကာ အသုံးပြုရသည်မှာလည်း လွယ်လေ၏။
သူ၏ သူငယ်ချင်းစာရင်းသည် မျက်နှာပြင်ထက်ပင် ပို၍ ရှင်းလင်းနေကာ တစ်ခုတည်းသော စကားအများဆုံးပြောထားသည့် chat မှာ ကျန့်ချိန်ချောင်ဖြစ်လေသည်။
ကျန့်ချီသည် ၎င်းဘေးမှ အနီရောင်အစက်ကလေးအား နှိပ်လိုက်၏။ ဒီမနက်မှ ပို့ထားသည့် ဆိုင်ရှေ့ပုံများကို တွေ့ကာ သူ့အား အကြံတစ်ချို့ပေးရန် မေးထားလေသည်။ ကျန့်ချိန်ချောင်ဟည် အဝတ်လျှော်ဆိုင်လေးဖွင့်ထားသည်မှာ သူ့သက်တမ်းတစ်ဝက်လောက်ရှိနေပြီ ဖြစ်သည်။ ယခုမူ သူသည် ချွမ်လင်ကို ပြောင်းလာပြီးနောက် သူ့တွင် ရည်မှန်းချက်တစ်ခုရှိလာခဲ့လေသည်။ ၎င်းမှာ ပိုကြီးသော အဝတ်လျှော်ဆိုင်ဖွင့်ရန် ဖြစ်သည်။ သူသာ ကံကောင်းပါက ဆိုင်ခွဲများပင် ဖွင့်နိုင်လောက်ပေသည်။
ယခုမူ အစီအစဉ်၏ ပထမခြေလှမ်းအား အစပြုလိုက်လေသည်။ ဆိုင်ရှေ့မျက်နှာစာကို ရွေးချယ်ခြင်းပင် ဖြစ်၏။၎င်းမှာ ကျန့်ချီ သူ့အားပေးမည့် ထင်မြင်ချက်တစ်ချို့ပေါ် မူတည်လေသည်။ ကျန့်ချိန်ချောင်သည် အထက်တန်းပထမနှစ်အောင်လက်မှတ်သာ ရထားလေသည်။မျက်နှာသာလိုချင်သော တချို့မိဘတွေကဲ့သို့ မဟုတ်ဘဲ သူသည် ကျန့်ချီ၏ ဝေဖန်ဆုံးဖြတ်မှုကို ယုံကြည်လေသည်။
မက်ဆေ့ချ်ကို စာပြန်ပြီးနောက် ဓာတုဗေဒအတန်းတွင် ကျန့်ချီသည် HS အကြောင်းပြောခဲ့ကာ ဖတ်ကြားသည့် ကုတ်နံပါတ်ကို သူ အံဆွဲထဲတွင် မေ့ခဲ့လေသည်။ သူ ကုန်းကာ ထုတ်ယူလိုက်သည်။ software ၏ search barမှာ အမည်းရောင်ဖြစ်ကာ စာလုံးနှစ်လုံးသည် ကြော့ရှင်းသည့် ပန်းလက်ရေးပုံစံဖြင့် အလယ်တွင်ရှိလေသည်။ ကြည့်ရသည်မှာ ထူးခြားပုံပေါ်လေသည်။
ဖိတ်ကြားသည့် ကုတ်နံပါတ်နဲ့ ဝင်ပြီးနောက် ကိုယ်ရေးကိုယ်တာ အချက်အလက်များစွာကို ဖြည့်သွင်းကာ ကျန့်ချီသည် "Students at Saintston College"ဆိုသည့် တရားဝင်စာတန်းလေးသည် သူ့ homepage ၏ အောက်တွင် အလိုလိုပေါ်လာသည်အား တွေ့လိုက်ရလေသည်။
သူသည် Saintston College ၏ အပိုင်းကို ရှာလိုက်လေသည်။ ဆယ်နာရီထိုးခါနီးဖြစ်သော်လည်း ဆွေးနွေးမှုများသည် မြူးကြွနေဆဲ ဖြစ်လေသည်။ သူသည် တတိယမြောက်ဆောင်းပါးသို့ ဆွဲလိုက်သည်။ အကြောင်းအရာမှာ " တစ်ယောက်ယောက် ငါ့ကို ရှောက်ဟန့် နဲ့ အထူးကျောင်းသားအကြောင်းပြောပြနိုင်မလား" ဟူ၍ ဖြစ်သည်။ ကျန့်ချီ ခေတ္တရပ်သွားပြီးနောက် ဘေးသို့ ဆွဲကာ နှိပ်လိုက်သည်။
အဓိကအဆောက်အအုံ(main post ကိုဆိုလိုခြင်း) : ခေါင်းစဉ်မှာ ပြောထားတဲ့အတိုင်း အထူးဝင်ခွင့်ကျောင်းသားအကြောင်းက ပြောရတာ နည်းနည်းကိုးယို့ကားယားနိုင်တယ်။ ပထမဆုံး မင်းသားလေးက ချီယဲ့ကို သင်ခန်းစာတစ်ခု ပေးဖူးတယ်။ ပြီးတော့ ဒီနေ့ နောက်တစ်ယောက်က မင်းသားလေးကို ကန်တင်းရဲ့ အဝင်ဝမှာ ပါးရိုက်ခဲ့တယ်။ အဲ့ဒါက တအားသတ္တိရှိလွန်းတာပဲ... တစ်ယောက်ယောက် မြင်လိုက်ကြသေးလား? မင်းသားလေးမျက်နှာက သူ့ကို နောက်တစ်စက္ကန့်မှာတင် မသေမချင်း လည်ပင်းညှစ်သတ်ချင်တဲ့ပုံ ဖြစ်သွားတာ။ဒီလို ဆွဲဆောင်တဲ့ နည်းလမ်းမျိုးက လွန်ခဲ့တဲ့ နှစ် ၈၀၀ လောက်ကတည်းက သုံးပြီးသားကြီး ဟုတ်တယ်မလား? ဦးနှောက်မရှိတဲ့ ဒရမ်မာကားတွေ မင်း အများကြီးကြည့်ဖူးတာလား? သူ့ကိုကြည့်ရတာ တအားဖြူစင်နေပုံနဲ့ သူ့ရည်မှန်းချက်ကတော့ လုံးဝ သေးသေးမွှားမွှား မဟုတ်ဘူး။
1L : အဲ့မြင်ကွင်းက တော်တော်စိတ်လှုပ်ရှားစရာကောင်းမှာပဲ။ မင်းသားလေးရဲ့ အကျင့်နဲ့ ဆိုရင်တော့ ဒီကိစ္စမှာ နောက်ဆက်တွဲတွေတော့ ရှိဦးမယ် လို့ ခံစားနေရတယ်
2L: ဘာလို့ မူရင်းပို့စ်တင်တဲ့လူက မင်းသားရဲ့ နာမည်ကိုပါ တင်လိုက်တာလဲ? သတိထားဦး မင်း သီးသန့်အသိပေးစာတွေ ရလာဦးမယ်။ ချီယဲ့ဆိုတဲ့လူက ICUကို အဲ့ဒါကြောင့် ဝင်လိုက်ရတာ မဟုတ်ဘူးလား?
3L : အပေါ်ကလူ မဟုတ်တာတွေ မပြောနဲ့။ ချီယဲ့က မင်းသားလေးအကြောင်း ကောလဟလတွေဖြန့်လို့ ပစ်မှတ်ထားခံခဲ့ရတာ။ သူ့နာမည်နဲ့ ပို့စ်တွေက အများဆုံးမှ ကန့်သတ်ခံရလောက်ရုံပဲ ရှိတယ်။ ဒါနဲ့ ပို့စ်တင်တဲ့လူ ဓာတ်ပုံရိုက်ခဲ့သေးလား? သမဂ္ဂက ငါ့ကို အလုပ်လုပ်ဖို့ ဆွဲခေါ်သွားတော့ ငါ အဲ့မှာ မရှိလိုက်ဘူး။
4L :ငါ့မှာ တချို့ရှိတယ်။ ဒုဉက္ကဌလာတော့ ရိုက်ထားတာ [ပုံ] [ပုံ]
5L : သူ့ပုံကြည့်ရတာ ဖြူစင်တဲ့ပုံလေး ဒါပေမဲ့ ပထမအကြည့်မှာတင် သူ့မှာ အကြံအစည်တွေနဲ့ ပြည့်နေပြီး သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတာ တွေ့နိုင်တယ်။
6L : ဒါနဲ့ ဒုဉက္ကဌက အရမ်းချောတာပဲနော်
7L : သူတို့ဘေးမှာ ဘာလို့ တခြားလူရှိနေတာလဲ? သူ့ကြည့်ရတာ လူသစ်နဲ့ တူတယ်။ သူက အဲ့ဆင်းရဲတဲ့ကျောင်းသားကို သိလို့လား?
8L : ဆင်းရဲတဲ့ ကျောင်းသားရဲ့ သူငယ်ချင်းလေ။ သူ့ကို ကူညီဖို့ လုပ်ရင်း မင်းသားလေး ခေါ်တာ ခံလိုက်ရတာ။
9L: အူတက်သေတော့မယ်။ အကြံကိုယ်စီနဲ့ ဆင်းရဲတဲ့ ကျောင်းသားလေးနှစ်ယောက်။
20L : ကွေးသွားသော အဆောက်အဦး ( အဓိက အကြောင်းအရာကနေ လွဲချော်သွားသူ ) ဘာလို့ စတုတ္ထ semester မှာ အထူးကျောင်းသားလက်ခံမှုတွေ ရှိနေရတာလဲ။ ပထမ semester မှာပဲ ရှိနေကျ မဟုတ်ဘူးလား။
(Edit: စိန့်စတန်က တစ်နှစ်မှာ first semester နဲ့ second semester ဆိုပြီး နှစ်ဖြတ်ရှိတယ်ထင်ပါတယ်။ third semester နဲ့ fourth semester က ဒုတိယနှစ်ဖြစ်သွားပြီ။ ကျန့်ချီနဲ့ပိုင်ရှီယွီက fourth semester မှာ ပြောင်းလာတဲ့လူတွေ။အဲ့တော့ ဒုတိယနှစ်ရဲ့ နှစ်ဝက်မှာ ပြောင်းလာတဲ့လူတွေပါ)
21L: ငါ မသိဘူး ဒါပေမဲ့ ငါ လူသစ်လေးကိုသိသလိုပဲ။ သူက ဝင်ခွင့် စာမေးပွဲမှာ အမှတ်ပြည့်နီးပါး ရခဲ့တဲ့လူလားလို့။ အဲ့တော့ သူသာ သူ့နေရာသူ သိရင် ဘာပြဿနာမှ တက်မှာ မဟုတ်ဘူး
22L ; အထူးကျောင်းသားနဲ့အတူ ငါ ဇီဝအတန်းမှာ အတူရှိနေခဲ့တာ။ ပထမနေ့မှာတင် သူက ဝမ်ချွမ်ဘေးမှာ ထိုင်ပြီး စကားပြောတယ်လေ ဒါပေမဲ့ လုံးဝလျစ်လျူရှုခံလိုက်ရတယ်။ ကြည့်ရတာ သူ့ရည်ရွယ်ချက်က သေးပုံ မပေါ်ဘူး။ ပထမနေ့မှာတင် သူက BC နှစ်ယောက်ကို သွားဆွပြီးပြီ
23L: ဘာရယ်? ဝမ်ချွမ်နဲ့ စကားစမြည်ပြောဖို့ လုပ်တယ်ပေါ့? ငါ သူရဲ့ အရေထူတာကိုတောင်အားကျမိသွားပြီ။
ကျန့်ချီ ဆက်မကြည့်တော့ဘဲ အရင်ပို့စ်စတာတွေဆီ ပြန်သွားလိုက်ကာ ဝါးနေသော ပုံတွေကို နှိပ်လိုက်လေသည်။
မင်း ရှောက်ဟန့်နှင့် ပိုင်ရှီယွီကို အလယ်မှာ တွေ့နိုင်ကာ ဘေး၌ သူနှင့် ကျိဟွိုက်စစ် ရပ်နေသည်အား တွေ့နိုင်လေသည်။
ဖြစ်နိုင်သည်မှာ ဓာတ်ပုံရိုက်သည့် ရှုထောင့်ကြောင့် ဖြစ်မည်။ ထိုဓာတ်ပုံသည် သူနှင့် ကျိဟွိုက်စစ်ကို အနည်းငယ် ရင်းနှီးနေပုံ ပေါက်စေသည်။ ကျန့်ချီသည် ထိုအချိန်က သူ၏မျက်နှာအမူအရာသည် ထိုသို့ဖြစ်နေမှန်း မသိခဲ့ဘဲ အနည်းငယ် အနေရခက်သွားလေ၏။
သူ ပို့စ်မှ ထွက်ကာ အောက်ကို ဆက်ဆွဲလိုက်သည်။ အများစုသည် အတင်းပြောထားခြင်းပင်။ တချို့ခေါင်းစဉ်များသည် လုံးဝ ပေါက်ကွဲနိုင်လေသည်။ ဘယ်သူက အိမ်မှာ အက်ဆီးဒန့်ဖြစ်သည့် အကြောင်း ဒါမှမဟုတ် ဘယ်သူက ဘယ်သူနှင့် ရှုပ်နေကြောင်းဖြစ်သည်။ ထပ်ပြောရလျှင် ရွေးထားသည့် အတန်းတွေသည် တအားခက်ကြောင်း ဆင်ခြေပေးကြသူများနှင့် အိမ်စာအများအပြားပေးရသည်အား ကြိုက်သည့် ဆရာများအကြောင်းပါ ရှိလေသည်။
သူ နေ့စဉ်ဖြတ်သွားဖြတ်လာတွေ့နေကျ လူတိုင်းသည် ညရောက်သည်နှင့် log in ဝင်ကာ သူတို့ပုံစံနှင့် မအပ်စပ်သော အကြောင်းအရာများကို တင်တာ ဆွေးနွေးကြသည်အား သူ မြင်ယောင်ကြည့်ရန် ခက်ခဲလေသည်။ ကျန့်ချီ အနည်းငယ် အိပ်ငိုက်လာ၍ ဖုန်းပိတ်လိုက်လေသည်။ သူသည် အလင်းရောင်လာရာကို ကြည့်ရန် ခေါင်းကို အနည်းငယ် မလိုက်သည်။ ဝမ်အန်းသည် ထိုင်နေဆဲဖြစ်ကာ မေးခွန်းတစ်ခုကို ရေးနေလေသည်။ သူသည် ဘောပင်ကို အချိန်အတော်ကြာ ဖိထားကာ သူ့ကြည့်ရသည်မှာ ပြဿနာတစ်ခုခုရှိပုံ ပေါ်နေလေသည်။
" မင်းဘယ်တော့ နားမှာလဲ? နောက်ကျနေပြီ"
ဝမ်အန်းသည် မပြတ်မသားပြန်ဖြေလာသည်။
"ခဏနေရင်ပေါ့၊ မနက်ဖြန် စာမေးပွဲ ရှိတယ် မင်း စာမလုပ်ဘူးလား?"
ကျန့်ချီထကာ လမ်းလျှောက်သွားပြီး ဝမ်အန်းသည် အဆင်မြင့်သင်္ချာပုစ္ဆာတွက်ရင်း အခက်အခဲရှိနေကြောင်း တွေ့လိုက်ရသည်။
" အကူအညီလိုလား? ငါ အရင်က အဲ့လေ့ကျင့်ခန်းတွေ အကုန်လုပ်ပြီးပြီ"
"မလိုဘူး"
ဝမ်အန်း စာအုပ်ကို ပိတ်ကာ တုံးတိကြီး ငြင်းလိုက်သည်။ နှစ်စက္ကန့်လောက်နေမှ သူ့အပြုအမူက အဆင်မပြေကြောင်း သဘောပေါက်ကာ သူ ထပ်ပြောလိုက်သည်။
" မင်း မှန်တယ်။ တအားနောက်ကျနေပြီ။ မီးပိတ်ပြီး နားကြစို့ "
ကျန့်ချီသည် ဝမ်အန်း၏ တုံးတိငြင်းဆိုချက်ကို ကြားပုံမပေါ်ဘဲ မီးပိတ်တော့မည် ဖြစ်သည်။ သူ့လက်ကို ခလုတ်ပေါ်တင်လိုက်သည်နှင့် ဝမ်အန်း၏ ခေါ်သံသည် သူ့ကို ရပ်တန့်လိုက်သဖြင့် သူ လှည့်ကြည့်လိုက်သည်။
"ကျန့်ချီ"
"ဘာဖြစ်လို့လဲ?"
ဝမ်အန်းသည် သူ့မျက်မှန်ကို ချွတ်လိုက်ကာ မှန်ဘီလူးရဲ့ ရောင်ပြန်ဟပ်မှုသည် သူ့မျက်လုံးတွေကို ပုံမှန်ထက် ပိုပြတ်သားပုံ ပေါ်စေလေသည်။
"ဒီနေ့ မင်း... ငါက မေးရုံပဲ မေးတာ၊ သိပ်စဉ်းစားမနေနဲ့။ မင်း ဒီနေ့ ပိုင်ရှီယွီကို ကူညီပြီး ရှောက်ဟန့်နဲ့ တွေ့လာတယ်လို့ ငါကြားတယ်။ ရန်ဖြစ်တဲ့အခါ ဘာလို့ ရှောင်ပြီး မနေတာလဲ? မင်းကို အဲဒီလူတွေကို မနှိုးဆော်ဖို့ ပြောတာ ငါ မှတ်မိတယ်။ အဲဒါ မင်းအတွက် မကောင်းဘူး"
တင်းမာကာ ရန်လိုသည့်လေသံသည် ကျန့်ချီကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသော်လည်း သူက စိတ်ပြန်လျှော့လိုက်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
"သူ့ကိုကူညီတာက နည်းနည်းလေးပဲ အားစိုက်ထုတ်လိုက်ရတာပါ၊ ရန်စတာ မဟုတ်ပါဘူး"
"ပြီးတော့ မင်း ကျန်းယန်နဲ့ နေ့လည်စာ စားခဲ့တာလား"
ဝေ့အန်း၏မျက်နှာတွင် အထင်အမြင်သေးကာ ဒေါသအရိပ်အယောင်များ ပေါ်နေလေသည်။
"သူ့ရဲ့ရုပ်ရည်ကြောင့် လှည့်စားမခံနဲ့၊ မင်းနောက်ကွယ်မှာ မင်းရဲ့မိုက်မဲမှုကို လှောင်ရယ်နေလောက်မှာ။ ငါးစာကို မစားမိစေနဲ့။ အထက်တန်းစားဝက်တွေက အကုန်အတူတူပဲ၊ မင်း သူတို့ လှည့်စားတာ ခံလို့ မဖြစ်ဘူး"
ကျန့်ချီသည် သူ့ကို မငြင်းသော်လည်း ဆက်မေးလိုက်သည်။
"အထူးဝင်ခွင့်ရထားတဲ့ လူတွေကလွဲရင် ကျန်တဲ့ လူတွေအားလုံးက အဆင့်အတန်းမြင့်တဲ့ ဝက်တွေလို့ မင်း ထင်နေတာလား"
" ငါ ဒါကို မင်းအတွက် ပြောနေတာ"
ဝေ့အန်း၏ လည်ပင်းသည် လည်ကြောများ ထောင်လာကာ ပါးနှစ်ဖက်ရှိ ကြွက်သားတွေသည် အနည်းငယ်ဖောင်းလာခဲ့သည်။
"မင်းက အခုမှ ဒီကိုရောက်လာခဲ့တာဆိုတော့ သူတို့မှာ ဘယ်လောက်တောင် ဆိုးရွားတဲ့နည်းလမ်းတွေ ရှိလဲ မင်းမသိဘူး။ အစမှာ မင်းအပေါ် သူတို့ ဘယ်လောက်ကောင်းနေပါစေ သူတို့က ငါတို့ကို အမြဲတမ်း အထင်သေး ရှုတ်ချတယ်။ သူတို့က ငါတို့ကို ယုတ်ညံ့တဲ့လူလို့သဘောထားတာ။ ကျန့်ချီ မင်းသူတို့နဲ့ဝေးဝေးနေရမယ်။ ငါတို့က ဒီကို စာလုပ်ဖို့ ရောက်နေကြတာ။ အဲ့လို ဆက်ဆံရေးတွေကို လျစ်လျူရှုထားသင့်တယ်"
" ဝေ့အန်း အရင်နားလိုက်တော့ မနက်ဖြန် စာမေးပွဲရှိတယ်" ကျန့်ချီ၏ အသံသည် တည်ငြိမ်နေ၍ စိတ်ရှည်သည်းခံကာ ဒေါသမထွက်သော်လည်း သူနှင့် သဘောမတူပေ။
"ကျန်းယန်က အဲ့လိုလူလို့ ငါ မထင်ဘူး။ ဒီကျောင်းက အဆင့်အတန်းတွေကို ခွဲထားတာ။ လူရဲ့စရိုက်တွေကို ခွဲထားတာမှ မဟုတ်တာ။ ရောင်စုံမျက်မှန်တပ်ထားပြီး သူတို့ကို ကြည့်တာက မင်း ပြောတဲ့ "အထက်တန်းစား ဝက်"ဆိုတာနဲ့ သိပ်မကွာခြားဘူး။ ဘက်လိုက်ပြီး မြင်နေတာတွေကိုသာ ရပ်လိုက်မယ်ဆိုရင် မင်းစိတ်အခြေအနေ ပိုကောင်းလာလောက်မှာပါ။"
ကျန့်ချီသည် ထိုစကားများကို ပြောပြီးနောက် ဝေ့အန်း၏အမူအရာ မည်သို့မည်ပုံရှိမည်ကို မသိချင်ဘဲ အိပ်ခန်းအတွင်းရှိ မီးများကို ဦးစွာပိတ်လိုက်လေတော့သည်။
Chapter 5 ended