Chapter 19
“လူကြီးမင်းက မစ္စတာကျန့်ချီလား”
ဖျော်ဖြေပွဲပြီးဆုံးသွားပြီးနောက် လူတိုင်း ခန်းမထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ ပိုင်ရှီယွီသည် နောက်ဆုံးတစ်ကိုယ်တော် တီးမှုတ်မှုကို နစ်မြုပ်ခံစားနေဆဲဖြစ်ပြီး မထသေးပေ။
ကျန့်ချီသည် သူ့နာမည်ကိုကြားလိုက်ပြီးနောက် အသံလားရာကို မော့ကြည့်လိုက်သည်။ ထို့နောက် ထိုသူက ဆက်ပြောသည်။
“မစ္စတာကျိက ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်းကို ခန်းမနောက်ဘက်ကို ဖိတ်လိုက်ပါတယ်”
“ဒုဥက္ကဋ္ဌကလား”
‘မစ္စတာကျိ’ ဟူသည့် စကားလုံးသုံးလုံးတွင် မှော်ဆန်သည့်စွမ်းအားတစ်မျိုး ရှိပုံရသည်။ ပိုင်ရှီယွီက ချက်ချင်းကြားလိုက်သည်။ သူ့ပါးပြင်များက နီရဲတက်လာပြီး၊ သူသည် ကျန့်ချီကို ဆွဲထူရင်း အမြန်သွားရန် ပြင်လိုက်သည်။
“မြန်မြန်သွားကြရအောင်၊ ဒုဥက္ကဋ္ဌကို စောင့်ခိုင်းလို့ မဖြစ်ဘူး။ ဟုတ်သားပဲ... ငါပန်းတွေ ယူလာဖို့ မေ့သွားတယ်၊ ဘာမှမပြင်ဆင်ခဲ့မိဘူး။ ကျန့်ချီ၊ ငါအခု သွားပြီး ပန်းစည်းတစ်စည်း ပြေးဝယ်လိုက်ရင် မီလောက်မယ်လို့ထင်လား”
ကျန့်ချီသည် ပိုင်ရှီယွီ၏ အတွေးပေါင်းစုံကို နားထောင်ရင်း...
“သူ ဒီလောက်သေးနုပ်တဲ့ကိစ္စကို စိတ်ထဲထားမှာ မဟုတ်ပါဘူး” ဟုသာ နှစ်သိမ့်ပေးလိုက်သည်။
“ငါသိပါတယ်၊ ဒါပေမဲ့…”
ခန်းမ အနောက်ဘက်သို့ သွားရာလမ်းက မဝေးသော်လည်း၊ ပိုင်ရှီယွီသည် သူ့မျက်လုံးများနှင့် မြင်သာသောအရှိန်အဟုန်ဖြင့် အနည်းငယ်မြင်ရရုံနှင့်ပင် စိတ်လှုပ်ရှားလာသည်။ လမ်းပြသူသည် ကျိဟွိုက်စစ်၏ နာမည်ကတ်ပြားရှိရာ အနားယူခန်းကို ခေါက်လိုက်သည်။'ဝင်ခဲ့ပါ' ဟူသောအသံ ယဲ့ယဲ့ထွက်ပေါ်လာသည်။အဖြူရောင်တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သောအခါ မျက်စိရှေ့တွင် ပေါ်လာသည်မှာ စောစောက ဝတ်ဆင်ထားသော ဝတ်စုံပြည့်ကို ဝတ်ထားဆဲဖြစ်သော ကျိဟွိုက်စစ်ဖြစ်ပြီး သူသည် မျက်လုံးများကို ပင့်တင်ကာ ကျန့်ချီကို အပြုံးနွေးနွေးတစ်ခုဖြင့် ပြုံးပြလာသည်။
ကျန့်ချီ၏ အကြည့်သည် မလွှဲမရှောင်သာဘဲ ခဏတာ ရပ်တန့်သွားသည်။ ပိုင်ရှီယွီဆိုလျှင် ပြောစရာမလိုတော့ပေ။ ဤမျှနီးကပ်သောအကွာအဝေးထိတွေ့မှုတွင် သူ၏မျက်လုံးများကိုပင် ဘယ်မှာထားရမှန်းမသိတော့ဘဲ တုန်ယင်စွာဖြင့် 'ဒုဥက္ကဋ္ဌ' ဟု တစ်ခွန်းသာ ဆိုနိုင်တော့သည်။
"ဂီတဖျော်ဖြေပွဲ ဘယ်လိုနေလဲ" ကျိဟွိုက်စစ်က မေးလိုက်သည်။
"အရမ်းကောင်းပါတယ်၊ အထူးသဖြင့် နောက်ဆုံးအပိုင်းပဲ..." ပိုင်ရှီယွီသည် စကားကို ရွေးချယ်ရင်းဖြေလိုက်သည်။ သူ၏နားရွက်များသည်လည်း တဖြည်းဖြည်း နီရဲလာသည်။
"နောက်ဆုံးတစ်ပုဒ်က အရမ်းနားထောင်လို့ကောင်းတယ်၊ ပြီးသွားတဲ့အချိန်မှာတောင် ကျွန်တော်အားမရသေးဘူး၊ အဲ့ဒါ ဘာသီချင်းလဲဟင်"
“ချာဒက်ရှ်ဒန့်စ်၊ ငါအရမ်းကြိုက်တဲ့အပုဒ်ပဲ” ဟု ကျိဟွိုက်စစ်သည် ပြန်လည်ဖြေဆိုမှုနှင့်အတူ သူ၏မျက်လုံးများကို သဘာဝအတိုင်း လှည့်လိုက်သည်။ “ကျန့်ချီ၊ မင်းရော ဘယ်လိုထင်လဲ”
မူလအားဖြင့် အနောက်တွင် အလိုက်အထိုက်ပုန်းနေတတ်သော ကျန့်ချီသည် ခဏတာ ကြောင်သွားပြီးနောက် “နားထောင်လို့ ကောင်းပါတယ်” ဟု ထပ်တူပြောလိုက်သည်။
ကျိဟွိုက်စစ်၏ မျက်လုံးများထဲတွင် အပြုံးက အနည်းငယ်ပို၍ နက်ရှိုင်းလာပြီး၊ မသိမသာ ကျေနပ်မှုအရိပ်အယောင်တစ်ခု ပါဝင်နေသည်။ ထိုအရိပ်အယောင်က သူ၏ပုံမှန်ခံစားချက်များဖြင့် လျင်မြန်စွာ ဖုံးအုပ်သွားသည်။ “နှစ်နာရီကြာအောင် ဂီတကို နားထောင်ပြီးပြီဆိုတော့ မင်းတို့ ဗိုက်ဆာနေလောက်ပြီ။ အတူတူ နေ့လယ်စာစားကြမလား”
“တကယ်လား” ဟု ပိုင်ရှီယွီသည် သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ၊ သူ၏တုံ့ပြန်မှုက အလွန်သိသာလွန်းနေသည်ကို သတိထားမိသွားသည်။ သူသည် အလျင်အမြန်ပင် “ဒါက အလုပ်ရှုပ်သွားစေမလား မသိဘူးနော်” ဟု ထပ်မံဖြည့်စွက်လိုက်သည်။
“မဖြစ်ပါဘူး၊ စားပြီးတော့ ကျောင်းကို အတူတူပြန်လို့ရတာပေါ့” ဟု ကျိဟွိုက်စစ်က မှိန်ပြပြပြုံးပြလိုက်သည်။ “ကျန့်ချီ၊ မင်းဘာစားချင်လဲ”
ကျန့်ချီသည် ကျိဟွိုက်စစ်တစ်ယောက် နောက်ဆုံးတွင် အကြောင်းအရာမှန်သမျှကို သူ့ဆီသို့ အမြဲတမ်း ဦးတည်လာသည်ကို တွေ့ရှိပြီးနောက် ချက်ချင်းခေါင်းခါပြလိုက်သည်။ “ထွေထွေထူးထူး မရှိပါဘူး”
“ဒါဆိုရင် ငါ နေရာကိုဆုံးဖြတ်လိုက်မယ်။ မင်းတို့ မကြိုက်တဲ့ ဒါမှမဟုတ် ရှောင်တဲ့အစားအစာတွေ ရှိလား။ ငါ မှတ်ထားပေးမယ်”
ရှင်းရှင်းပြောရရင် ထူးချွန်သော စိန့်စတန်ကျောင်းသားများကြားတွင် ကျိဟွိုက်စစ်၏ ရုပ်ရည်မှာ အလွန်ထင်ရှားပေါ်လွင်ခြင်းမရှိပေ။သူ့ထံတွင် အရိုးထဲထိစိမ့်ဝင်နေသော ကြည်လင်သည့်အရှိန်အဝါသာ ရှိသည်။သာမန်ရေတစ်ခွက်နှယ် နူးညံ့ပြီး အရာအားလုံးကို လက်ခံနိုင်စွမ်းရှိ၏။
သို့သော် ကျန့်ချီသည် ဤသို့သော သူတို့၏အကြိုက်ကို အလေးအနက်မှတ်သားနေသော ကျိဟွိုက်စစ်က မည်သူ့ထက်မဆို ပို၍ဆွဲဆောင်မှုရှိသည်ဟု ခံစားမိသည်၊ ၎င်းသည် အပေါ်ယံအသွင်အပြင်မဟုတ်ဘဲ သူ၏စိတ်နှလုံးထဲမှ လူအားလုံးအပေါ် လေးစားမှုနှင့် ဂရုစိုက်မှုပင် ဖြစ်ပေသည်။
ဇာတ်လမ်းထဲမှာ လူတိုင်းဆီက အပယ်ခံထားရတဲ့ ပိုင်ရှီယွီလည်း ကျိဟွိုက်စစ်ကို ကြိုက်နှစ်သက်မိတာကို ရှောင်လွဲလို့ရမှာမဟုတ်ပေ။
ဇာတ်ကွက်က သူ့ရဲ့ပုံမှန်လမ်းကြောင်းအတိုင်း စတင်နေပြီဖြစ်ရာ သူတို့နှစ်ယောက်အတွက် ကမ္ဘာငယ်တစ်ခု ဖန်တီးပေးဖို့ သင့်တော်တဲ့အကြောင်းပြချက်တစ်ခု ရှာပြီး ထွက်ခွာသွားဖို့ပဲ လိုအပ်တော့သည်။
နောက်ဆုံးတော့ နေ့လယ်စာစားမည့်နေရာကို အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်မှာ ရွေးလိုက်ကြ၏။ ၎င်းသည် မြို့လယ်ခေါင်တွင်တည်ရှိပြီး တိတ်ဆိတ်ငြိမ်သက်ကာ လှပသော အပြင်အဆင်ရှိသည်။စားသုံးသူများသည် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားကြပြီး အမူအရာမှာ သက်သောင့်သက်သာရှိသော်လည်း စားသောက်ချိန်တွင် ကျွမ်းကျင်လှပသော ဟန်ပန်ကို မလွှတ်တမ်းထိန်းသိမ်းထားကြသည်။ ဧည့်ခံဖို့လာတဲ့ စားပွဲထိုးက ကျိဟွိုက်စစ်ကို မြင်တဲ့အခါ အပြင်ကိုထွက်လာပြီး လေးစားစွာပြောလာသည်။
“မစ္စတာကျိ နေရာကို လူကြီးမင်းအတွက် ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။ သုံးဆောင်ရင်းနဲ့ လူကြီးမင်းရဲ့သူငယ်ချင်းတွေနဲ့အတူ ပြတင်းပေါက်အပြင်ဘက်က ချွမ်လင်အဆောက်အအုံကြီးကို ကြည့်ရှုခံစားနိုင်ပါတယ်”
ကျိဟွိုက်စစ်က ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး “အလုပ်ရှုပ်စေမိပြီ”
“ဒါက ကျွန်တော်တို့လုပ်သင့်တာပါ။”
ကျန့်ချီသည် ထိုသို့သောနေရာမျိုးသို့ ရောက်ဖူးသည်မှာ ခပ်ရှားရှားပင်။ ၎င်းက သူ့ကို ယွင်ချန်မြို့မှာ တစ်ခါက သွားခဲ့ဖူးသည့် အနောက်တိုင်းစားသောက်ဆိုင်ကို သတိရစေသည်။ ထိုနေရာမှလူများသည် ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းများကို အတင်းအကျပ်တုပနေကြသကဲ့သို့ပင်။ မြင့်မြတ်သောဟန်ပန်တွင် ဒေသခံဟန်များ ရောယှက်နေပြီး ပြောမပြတတ်အောင် ကမောက်ကမဖြစ်လှပေသည်။
သေချာတာကတော့ ပိုင်ရှီယွီက သူ့ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေပုံရသည်။ အင်္ဂလိပ်စာအပြည့်ပါတဲ့ မီနူးတစ်ခုကို ကိုင်ထားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ကျိဟွိုက်စစ်က စိတ်လှုပ်ရှားမှုကို ကောင်းစွာဖြေလျှော့ပေးပြီး “ဒီမှာ တစ်ယောက်စာset menuကိုမှာရတာ ငါတော့ ကြိုက်တယ်။ ခရင်မ်မှိုဟင်းချို၊ ဝိုင်နီဘဲငန်းအသည်း၊အငွေ့တိုက်ထားတဲ့ ဆယ်လ်မွန်ငါးနဲ့ အချိုပွဲတစ်ခုပါတယ်၊ မင်းဘဲငန်းအသည်းအရသာကို မကြိုက်ရင် အခြားအဓိကဟင်းပွဲတွေဖြစ်တဲ့ အမဲကင် ဒါမှမဟုတ် အခြားအသားအမျိုးအစားတွေနဲ့ ပြောင်းလို့ရတယ်
ပိုင်ရှီယွီက ခေါင်းညိတ်ပြလိုက်ပြီး၊ သူ့မျက်လုံးတွေထဲမှာ ကျေးဇူးတင်မှုများစွာနဲ့ “ဒါဆို ကျွန်တော် အဲဒါပဲ မှာလိုက်မယ်” ဟု ဆိုသည်။
ကျိဟွိုက်စစ်က ကျန့်ချီကို ကြည့်ပြီး၊ သူ့နှုတ်ခမ်းတွေက အနည်းငယ်ကွေးညွတ်သွားသည်။ “မင်းကရော”
ထွက်ခွာဖို့ အစီအစဉ်ကို အဆင်သင့်တွက်ချက်ထားပြီးဖြစ်တဲ့ ကျန့်ချီသည် မီနူးကို အလေးအနက်ထားပြီးဖွင့်လိုက်သလို ဟန်ဆောင်ပြီး၊ နည်းနည်းရှုပ်ထွေးနေဟန်ပြလိုက်သည်။ ပြီးတော့မှ ခေါင်းမော့လိုက်ပြီး “မင်းအရင် မှာထားလိုက်ပါလား၊ ငါ အိမ်သာသွားလိုက်ဦးမယ်။ ပြန်လာမှ ဆုံးဖြတ်တော့မယ်”
“ငါ လမ်းလိုက်ပြပေးမယ်၊ နေရာက ရှာရတာ မလွယ်ဘူး”
“ရပါတယ် စားပွဲထိုးကို မေးလိုက်လို့ ရပါတယ်” ဟု ကျန့်ချီက ဖြေးဖြေးချင်း ထဖို့အရှိန်ကို နှေးလိုက်သည်။ ထို့ကြောင့် သူက အလျင်စလိုလုပ်နေပုံ မရပေ။ ကျိဟွိုက်စစ်ရဲ့ မျက်စိရှေ့ကနေ ထွက်သွားတဲ့အခါမှသာ သူချက်ချင်း အရှိန်မြှင့်ပြီး ခေါင်းငုံ့လျက် စားသောက်ဆိုင်ကနေ ထွက်သွားခဲ့သည်။
ဘေးနားက ကော်ဖီဆိုင်ကလည်း ဖွင့်ထားသည်။ ကျန့်ချီက ဖန်တံခါးကိုတွန်းဖွင့်ပြီး ထောင့်တစ်နေရာကို ရှာလိုက်သည်။ HS ကိုဖွင့်ပြီး ကျိဟွိုက်စစ်ဆီကို စာတိုတစ်စောင်ပို့လိုက်သည်။ ပြီးတော့ နောက်ထပ်တစ်ခုကို ရေးသားပြီး ပိုင်ရှီယွီဆီကို ပို့လိုက်သည်။ စာပါအကြောင်းအရာက သူနေမကောင်းလို့ ကျောင်းကိုအရင်ပြန်တော့မယ်လို့ ပြောခြင်းပင်ဖြစ်သည်။ ပိုင်ရှီယွီက စိုးရိမ်ကြောင်း စာတစ်စောင်ပြန်ပို့ပြီး ပြန်ရောက်ရင် သေချာနားဖို့ပြောလာသည်။ ကျိဟွိုက်စစ်ကတော့ ဘယ်လောက်ထိ ဆိုးလဲ၊ ဆေးရုံကို လိုက်ပို့ပေးဖို့လိုသလားလို့ မေးလာသည်။
ဤအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ ကျန့်ချီသည် ဤစေတနာကို လက်ခံရန် အန္တရာယ်မယူနိုင်တော့ပေ။ ကျိဟွိုက်စစ်ကိုလည်း ငြင်းဆန်ပြီးနောက် သူ့ဖုန်းကို ပိတ်ထားလိုက်သည်။ အဲဒီအိပ်မက်မက်တဲ့အချိန်ကနေ အခုအချိန်အထိ၊ ဒီလိုမျိုး စိတ်အေးလက်အေး ခံစားရတဲ့ အချိန်က ရှားပါးလွန်းလှသည်။ ဇာတ်ကွက်မှားသွားမှာကို တစ်ချိန်လုံး စိုးရိမ်စရာမလိုတော့သလို၊ သူ့ဆီကို ရောက်လာနိုင်တဲ့ မတော်တဆမှုကိုလည်း စိတ်ပူစရာ မလိုတော့ပေ။
ကျန့်ချီသည် မဖြစ်သင့်သော သို့မဟုတ် ပိုင်ရှီယွီအပေါ်တွင်သာ ဖြစ်သင့်သော အဖြစ်အပျက်အချို့သည် တိတ်တဆိတ် သူရှိရာသို့ ရောက်ရှိလာနေသည်ကို မသိမသာ သတိပြုမိလာခဲ့သည်။ ဥပမာ- ရေပုံးကိစ္စနဲ့ ဖိတ်စာလိုမျိုးပေါ့။ ဥပမာအားဖြင့် ထိုရေဇလုံ၊ ထိုဖိတ်စာကဲ့သို့ပင်။ ၎င်းသည် သူ့အား ဇာတ်လမ်းဇာတ်ကွက်ကို တွန်းပို့ရန်အတွက် အနည်းငယ်မျှသော ပံ့ပိုးကူညီမှုမှလွဲ၍ ကျန်သည့်အချိန်များတွင် မတ်တပ်ထွက်မလာရန် သတိပေးနေသော ခေါင်းလောင်းသံတစ်ခုနှင့်တူ၏။
သူဟာ ကြင်နာတဲ့လူတစ်ယောက်တော့ မဟုတ်ပေ။ သူ့ရဲ့ကိုယ်ကျိုးစီးပွားက အမြဲတမ်း ပထမနေရာမှာရှိနေသည်။ တစ်ခါတလေ သူ့ရဲ့စိတ်ရင်းအတိုင်း အကူအညီပေးတတ်ပေမဲ့ အများစုကိုတော့ ကျန့်ချီက ဘေးလူတစ်ယောက်ရဲ့ အမြင်ရှုထောင့်က ကြည့်တာဟာ သူ့အတွက် ပိုသင့်တော်တယ်လို့ ယုံကြည်ထားသည်။
ပိုင်ရှီယွီဖြစ်ဖြစ်၊ ကျိဟွိုက်စစ်ဖြစ်ဖြစ်၊ ရှောက်ဟန့်ဖြစ်ဖြစ်၊ ဝမ်ချွမ်ဖြစ်ဖြစ်၊ သူတို့ရဲ့ဇာတ်လမ်းတွေက သူ့နဲ့ ဘာမှမသက်ဆိုင်ပေ။ ပိုင်ရှီယွီကို သွားပြီး အရာအားလုံးက စာအုပ်ထဲကအတိုင်း ဖြစ်လာမှာလို့ ပြောလို့ကလည်း မဖြစ်နိုင်ပေ။ ဒါမှမဟုတ် ရှောက်ဟန့်ကို အနာဂတ်မှာ မင်း ပိုင်ရှီယွီကို ချစ်မိလိမ့်မယ်လို့ ပြောဖို့ဆိုတာလည်း မဖြစ်နိုင်ပေ။ သူတို့က သူ့ကို ရူးသွပ်နေတဲ့လူတစ်ယောက်လို့သာ သတ်မှတ်သွားကြလိမ့်မယ်။
ကျန့်ချီက ဇာတ်ကွက်ကို အတင်းအကျပ် ပြောင်းလဲလိုစိတ် မရှိပေ။ သူက မူလက သူ့ဆီမှာဖြစ်ခဲ့တဲ့ ကြေကွဲစရာဖြစ်ရပ်ကို ရှောင်ရှားပြီး၊ ကျန်တဲ့အရာတွေကိုတော့ ကံကြမ္မာရဲ့လက်ထဲ ပုံအပ်ပြီး ရိုးရိုးသားသားပဲ ဆက်သွားဖို့ ရွေးချယ်ခဲ့သည်။
ကော်ဖီတစ်ခွက်သောက်ပြီးနောက်၊ ကျန့်ချီက နံရံပေါ်က နာရီကို ကြည့်လိုက်သည်။ အစာစားပြီးချိန်ကို တွက်ချက်ပြီး၊ ကော်ဖီဆိုင်ကနေ ထွက်လာခဲ့သည်။ ရှားပါးတဲ့ အခွင့်အရေးကိုယူပြီး ချွမ်လင်ကို ပတ်ကြည့်ရမလား၊ ဒါမှမဟုတ် စာတိုထဲက သတင်းအတိုင်း ကျောင်းကို စောစောပြန်ရမလားဆိုတာ စဉ်းစားနေခဲ့သည်။
ချွမ်လင်ရဲ့ မိန်းလမ်းမက အထပ်မြင့်အဆောက်အအုံတွေနဲ့ ပျားပန်းခပ်မျှ ပျော်ရွှင်စရာကောင်းလှပြီး၊ ကျန့်ချီ တီဗီမှာတစ်ခါက မြင်ခဲ့ဖူးတဲ့အတိုင်း လွတ်လပ်ပြီး စည်ကားနေတော့သည်။
စိတ်ထဲမှာ အစီအစဉ်တစ်ခုနှင့် လမ်းတစ်လျှောက် လျှောက်သွားနေစဉ်၊ ရုတ်တရက် ကားဟွန်းသံတစ်ခုကို ကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်တော့ ရင်းနှီးနေသည့် ဇိမ်ခံကားတစ်စီးက လမ်းဘေးမှာ ရပ်ထား၏။ ကားနောက်တံခါးပွင့်လာပြီး ကျိဟွိုက်စစ် ထွက်လာခဲ့သည်။
ကျန့်ချီသည် သူ၏ခြေထောက်များ တစ်နေရာတည်းမှာ ရပ်တန့်နေသည်ဟု ခံစားလိုက်ရပြီး၊ ကျိဟွိုက်စစ်က ပို၍ပို၍ နီးကပ်လာသည်ကို အတင်းအကျပ် ကြည့်ရှုနေရသည်။ ထို့နောက် သူသည် သူ့ရှေ့တွင် ရောက်လာသည်။
ကျိဟွိုက်စစ်၏မျက်နှာပေါ်က အပြုံးက အနည်းငယ် မှေးမှိန်သွားပြီး၊ သူ့မျက်လုံးတွေရဲ့အရောင်က ပထမဆုံးအကြိမ်အဖြစ် မှန်းဆမရအောင် မှောင်မိုက်နေသည်။
“ဘာလို့ လိမ်ပြောတာလဲ”
ကျန့်ချီ၏စိတ်ထဲတွင် စကားလုံးနှစ်လုံးသာ ပေါ်လာခဲ့သည် - သေပြီ။
Chapter 19 ended