မဖတ်ခင် ပြောစရာလေးရှိပါတယ်။ နောက်အပိုင်းတွေမှာ chapter 36 ဆိုတဲ့ခေါင်းစဥ်အောက်မှာ chapter 36+37+38+39 ဆိုပြီး လေးပိုင်း တစ်ခါတည်းတင်ပေးမှာပါ။
Chapter 37 ဆိုတဲ့ခေါင်းစဥ်အောက်မှာ Ch40+41+42+43 ဆိုပြီး လေးပိုင်း တစ်ခါတည်းတင်ပေးမှာပါ။
တစ်ပိုင်းအတွက် coin တစ်ခု
လေးပိုင်းဆိုတော့ coin လေးခု ထားထားမှာပါ။
အပိုင်းအရေအတွက်အလိုက် coin ထားတာမှာပါ။
အဲ့ဒါလေးပြောချင်တာပါ။ မဟုတ်ရင် coin လေးခုကြီးတောင် ထားထားလို့ လန့်သွားမှာစိုးလို့။ လေးပိုင်းစာမိုလို့ coin လေးခု ထားတာ။ အပိုင်းပေါင်း220ထိရှိပါတယ်။
Telegram မှာ လာဝယ်လည်းရပါတယ်။
ငွေလွှဲ 6000 / Bill 8000 ပါ။
Telegram @Littlecreampie ဆီလာခဲ့ပါ။
=======
Chapter 35
4L: အမှန်အတိုင်းပြောရရင်၊ မင်းသားလေး ဒီလောက်ဂရုစိုက်တတ်တာကို ဒါပထမဆုံးအကြိမ် မြင်ဖူးတာပဲ။
5L: ဒီလူဘယ်သူလဲဆိုတာ ဘယ်သူမှ မမှတ်မိသေးဘူးလား။ မဟုတ်မှလွဲရော ပိုင်ရှီယွီများလား။ သူတို့ အရင်တစ်ခါက တော်တော်ရင်းနှီးနေကြတာကို ငါမှတ်မိနေတယ်။
6L: ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်း မင်းသားလေး ဒီရက်ပိုင်းအတွင်း ယွီယွီကို ဂရုစိုက်တာ မြင်ဖူးလို့လား။
7L: ယွီယွီ မဖြစ်နိုင်ဘူး။ သူက ဓာတ်ပုံထဲကလူထက် အများကြီး ပိန်တယ်။ တစ်ချက်ကြည့်ရုံနဲ့ မတူတာ သိသာတယ်။
8L: စိတ်အေးသွားပြီ။
9L: စိတ်အေးသွားပြီ။
......
78L: ဒါဆို အခုထိ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိသေးဘူးလား။
79L: ဒီလောက်ဝေဝါးနေတဲ့ နောက်ကျောပုံမျိုး၊ ငါလမ်းပေါ်ထွက်ရှာရင်ကို တစ်ပုံစံတည်း ဆယ်ယောက်လောက် ရှာလို့ရတယ်။
80L: စိန့်စတန်ကျောင်းရဲ့ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတစ်ခု ထပ်တိုးလို့ရပြန်ပြီ။ မင်းသားလေးက နောက်ဆုံးတော့ ဘယ်သူ့ကို သူ့ရဲ့အပန်းဖြေခန်းထဲ ခေါ်သွားခဲ့တာလဲ။
81L: ခန့်မှန်းနေစရာ ဘာလိုသေးလဲ။ ဘာပဲဖြစ်ဖြစ် ရောင်းကုန်တစ်ခုပဲလေ။ မကြာခင်မှာ ကစားပြီး ငြီးငွေ့သွားမှာပဲ။
ကျန့်ချီ၏ မငြိမ်မသက်ဖြစ်နေသော စိတ်သည် ယာယီအားဖြင့် တည်ငြိမ်သွား၏။ ရာပေါင်းများစွာသော မှတ်ချက်များကို နောက်ဆုံးအထိ ဖတ်ကြည့်သော်လည်း ဓာတ်ပုံထဲမှလူမှာ မည်သူဖြစ်သည်ကို မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပေ။
သူ၏ဖုန်းကို ပိတ်လိုက်စဉ်၊ အတွေးတစ်ခုသည် ဦးနှောက်ထဲတွင် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွား၏။ ထိုစဉ်က ကျိဟွိုက်စစ် တံခါးခေါက်သည့်လေသံမှာ ဖော်ရွေခြင်းမရှိခဲ့ပေ။
အတွင်းမှလူကို မြင်သောအခါ၊ သူ၏မျက်နှာပေါ်တွင် အေးစက်ခြင်းမှလွဲ၍ အံ့ဩသည့်အရိပ်အယောင်တစ်စိုးတစ်စိမျှ မရှိခဲ့ဘဲ၊ အတွင်းမှလူမှာ သူဖြစ်ကြောင်း အစကတည်းက သိနှင့်နေသည့်အလားပင်။
လူတိုင်းက မခန့်မှန်းနိုင်ခဲ့ပေ။ ကျိဟွိုက်စစ်က မည်သို့သိနိုင်မည်နည်း။
ကျန့်ချီသည် သူ၏ရင်ဘတ်ကိုဖိကာ၊ ဤထူးဆန်းသော အတွေးကို ဖယ်ထုတ်လိုက်၏။ ဖြစ်နိုင်သည်မှာ သူ အတွေးလွန်နေခြင်းသာ ဖြစ်ပေမည်။
သုံးပတ်ဆိုသည့်အချိန်သည် ကျန့်ချီထင်ထားသည်ထက် ပို၍မြန်ဆန်စွာ ကုန်ဆုံးသွား၏။ စာကြည့်တိုက်သည် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊ ကျန့်ချီသည်လည်း ကျိဟွိုက်စစ်၏ ရုံးခန်းမှ ပြောင်းရွှေ့ခဲ့သည်။ မထွက်ခွာမီ၊ ကျိဟွိုက်စစ်သည် သူ့အား ထူထဲသော စာအုပ်တစ်အုပ်ကို ပေးခဲ့သည် — ၎င်းမှာ ရှောက်ဟန့်ယူသွားခဲ့သော 'ရှင်းခုံးမှတ်စုများ' ပင်။
"နောက်ဆို ဘာကိစ္စပဲဖြစ်ဖြစ်၊ အရင်ဆုံး ငါ့ကို လာပြောဖို့ သတိရပါ။" ကျိဟွိုက်စစ်သည် သူ့အား နက်ရှိုင်းစွာ ကြည့်ရင်းဆိုသည်၊ "ဒါက ကျောင်းသားကောင်စီရဲ့ တာဝန်ဖြစ်သလို၊ ငါ့ရဲ့တာဝန်ဆိုလည်း ဟုတ်တယ်။"
နောက်ဆုံးစကားသည် နားထဲတွင် ညင်သာစွာ ကျရောက်လာပြီး၊ မထင်ရှားသော ထူးခြားမှုတစ်ခု ရောနှောပါဝင်နေသည်ကို ကျန့်ချီ ပြောမပြတတ်ခဲ့ပေ။ သူသည် ကျိဟွိုက်စစ်၏ လက်ထဲမှ စာအုပ်ကို လှမ်းယူလိုက်၏။
ရှောက်ဟန့်သည် သူ့အား စန္ဒယားအခန်းသို့ လာခိုင်းသည့်ကိစ္စကို ထပ်မံမပြောတော့ပေ။ ကျန့်ချီသည်လည်း မေ့ချင်ယောင်ဆောင်ကာ၊ နေရာတိုင်းတွင် ရှောက်ဟန့်နှင့်တွေ့နိုင်မည့် နေရာများကို ရှောင်တိမ်းခဲ့သည်။ အကယ်၍သာ စာပေအသင်းက မတက်မနေရသာ မဟုတ်ခဲ့လျှင်၊ သူသည် ပထမဆုံးအခွင့်အရေးမှာပင် အသင်းပြောင်းရန် လျှောက်လွှာတင်မည်မှာ သေချာ၏။ ထိုသို့ဖြစ်လင့်ကစား၊ ဖုန်းတုန်ခါလာချိန်တွင် ပေါ်လာသော မက်ဆေ့ချ်များကိုတော့ ရှောင်လွှဲ၍မရခဲ့ပေ။
ကျန့်ချီသည် လျစ်လျူရှုရန် နည်းလမ်းမရှိခဲ့ပေ။ ရှောက်ဟန့်ထံတွင် သူ့အား စာပြန်စေရန် နည်းလမ်းပေါင်း တစ်ရာမက ရှိ၏။ မျက်နှာချင်းဆိုင်တွေ့ရခြင်းနှင့် နှိုင်းယှဉ်လျှင်၊ ဤသို့ ဖန်သားပြင်ကိုကြားခံထားသော နည်းလမ်းသည် ထိုမျှလောက် လက်ခံရခက်ခဲခြင်း မရှိတော့ပေ။ ဖြစ်နိုင်သည်မှာ သူ၏ပြန်စာများသည် အလွန်စိတ်မပါ့တပါဖြစ်သောကြောင့်လော မသိ၊ ဤရက်ပိုင်းအတွင်း ရှောက်ဟန့် သူ့ထံသို့ ဆက်သွယ်သည့်အကြိမ်အရေအတွက်သည် တဖြည်းဖြည်း နည်းပါးလာခဲ့သည်။
"ပိုင်ရှုယွင် ပြန်လာတော့မှာလား။"
စားသောက်ဆောင်ထဲတွင်、 HS ဖတ်နေသော ကျန်းယန်သည် သူ၏အစားစားခြင်းကို ရပ်တန့်လိုက်ပြီး၊ ဖုန်းပေါ်မှ အကြောင်းအရာကို အံ့ဩစွာ ဖတ်လိုက်သည်။
"ဒီစာသင်နှစ်ဝက်တောင် မပြီးသေးဘူး။ သူက ဘာလို့ ဒီအချိန်ကြီးမှ ပြန်လာရတာလဲ။"
ထိုနာမည်သည် အမည်မဖော်နိုင်စွာ ရင်းနှီးနေသယောင်ပင်။ ကျန့်ချီသည် ခဏတာမျှ စဉ်းစားမရဖြစ်သွားပြီး၊ မေးလိုက်သည်။"ဘယ်သူပြန်လာမှာလဲ။"
"ပိုင်ရှုယွင်လေ။ ပိုင်မိသားစုရဲ့ အငယ်ဆုံးသား၊ BC လေးယောက်ထဲက တစ်ယောက်ပေါ့။"
ကျန်းယန်သည် အရှင်းလင်းဆုံးသော စကားလုံးများဖြင့် အတိကျဆုံးသော ရှင်းလင်းချက်ကို ပေး၏။
"သူက ကျန်းမာရေးမကောင်းဘူး။ မွေးရာပါ နှလုံးရောဂါရှိတယ်။ အရင်တုန်းကဆိုရင် သုံးရက်ခြားတစ်ခါလောက် ခွင့်ယူတတ်တယ်။ လွန်ခဲ့တဲ့ စာသင်နှစ်ဝက်ကတော့ တစ် semester လုံး ခွင့်ယူသွားခဲ့တာ။ အခုတော့ ကျန်းမာရေးကောင်းသွားလို့ ပြန်လာဖို့ ပြင်ဆင်နေလောက်ပြီ။"
ပိုင်ရှုယွင်...ကျောင်းခွင့်ယူခြင်း...နှလုံးရောဂါ...
ဤစကားလုံးများသည် အတူတကွ ဆက်စပ်သွားပြီး၊ မှတ်ဉာဏ်ကိုဖွင့်သော သော့တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျန့်ချီ၏ နှလုံးသည် ရုတ်တရက် အကြိမ်များစွာ ခုန်ပေါက်သွားပြီး၊ ခဏတာမျှ ကျန်းယန်၏ အသံကိုပင် မကြားနိုင်တော့ပေ။
သူ မေ့လုနီးပါးဖြစ်နေခဲ့သည်မှာ၊ ပိုင်ရှီယွီ၏ စစ်မှန်သောသရုပ်သည် သူနှင့်တူသော ပညာသင်ဆုရကျောင်းသားတစ်ဦးမဟုတ်ဘဲ၊ ပိုင်မိသားစုက ပြန်လည်ခေါ်ဆောင်ထားသော တရားမဝင်သော သားတစ်ယောက်ဖြစ်သည်ပင်။
စာအုပ်ထဲတွင် ပိုင်ရှီယွီ၏ အထက်တွင် အစ်ကိုနှစ်ယောက်ရှိကြောင်း ရှင်းလင်းစွာ ရေးသားထား၏။ အစ်ကိုကြီးသည် ကုမ္ပဏီကို ဆက်ခံပြီး၊ ဒုတိယအစ်ကိုမှာမူ ပိုင်မိသားစု၏ မူလအငယ်ဆုံးသားဖြစ်ကာ၊ ပိုင်ရှုယွင်ဟု အမည်ရသည်။
အကယ်၍ ဇာတ်လမ်းထဲမှ 'ကျန့်ချီ' သည် အရေးမပါသော ဇာတ်ကောင်တစ်ခုသာဖြစ်လျှင်၊ ပိုင်ရှုယွင်၏ တည်ရှိမှုသည် အန္တိမဗီလိန်ပင်။ သူသည် ပိုင်ရှီယွီကို အဆုံးစွန်အထိ မညှာမတာ နှိပ်စက်ခဲ့၏။ သူသည် ငယ်စဉ်ကတည်းက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသော သခင်လေးတစ်ဦးဖြစ်ပြီး၊ မွေးရာပါရောဂါကြောင့် လူတိုင်းက သူ့အား အချစ်ပိုခဲ့ကြသည်။ ပိုင်ရှီယွီ ပေါ်ပေါက်လာသည့်တိုင်အောင်ပင်။
ဖခင်ဖြစ်သူ ပိုင်ရှန့်ယင်းသည် အပြစ်ရှိစိတ်ကြောင့် ပိုင်ရှီယွီအပေါ် အထူးဂရုစိုက်မှုပြသခဲ့ပြီး၊ အစ်ကိုကြီး၏ သဘောထားသည်လည်း အစပိုင်းက အေးစက်ခြင်းမှ တိတ်တဆိတ် ဂရုစိုက်မှုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။
အစဉ်အမြဲ မာနကြီးခဲ့သော ပိုင်ရှုယွင်သည် သူ၏ရောင်ဝါကို အလုခံလိုက်ရသည်ဟု ခံစားခဲ့ရပြီး၊ သူ၏စိတ်သည် အစွန်းတစ်ဖက်သို့ တဖြည်းဖြည်း တွန်းပို့ခြင်းခံလိုက်ရကာ၊ မနာလိုဝန်တိုမှု၏ တွန်းအားပေးမှုကြောင့် အစွန်းရောက်လမ်းသို့ လျှောက်လှမ်းသွားခဲ့သည်။
အရေးကြီးဆုံးအချက်တစ်ခုမှာ၊ ပိုင်ရှုယွင်သည် ရှောက်ဟန့်ကို သဘောကျသည်ဟူ၏။
ထိုအကြောင်းကို အတူတကွ စဉ်းစားမိသည့်အလား၊ ကျန်းယန်က ဆိုသည်။
"ငါ မှတ်မိတာ မမှားဘူးဆိုရင်၊ ပိုင်ရှုယွင်နဲ့ ရှောက်ဟန့်က မြင်းရုပ်ကလေးစီးဖော်စီးဖက် သူငယ်ချင်းတွေပဲ။ အရင်တုန်းက သူတို့နှစ်ယောက် အတူတူလမ်းလျှောက်နေတာကို အမြဲတွေ့ရတယ်။ သူတို့နှစ်ယောက်က အတွဲလို့တောင် ပြောတဲ့လူတွေ ရှိသေးတယ်။ ဒါပေမဲ့ ဘာပဲပြောပြော၊ လူတွေကတော့ ပြောကြတာပဲလေ။ ကြားဖူးရုံပါပဲ။"
ကျန့်ချီသည် ရှောက်ဟန့် ဤအချိန်အတောအတွင်း သူ့အား လာမရှာသည့်အကြောင်းရင်းကို မထင်မရှား နားလည်သွားခဲ့သည်။
ဖြစ်နိုင်သည်မှာ အလားတူပင် ဗီလိန်အမျိုးသားဇာတ်ပို့များ ဖြစ်သောကြောင့်လားမသိ၊ ကျန့်ချီသည် ဤတစ်ခါမျှမမြင်ဖူးသေးသော ပိုင်ရှုယွင်ကို မနှစ်မြို့ခြင်းမရှိခဲ့ပေ။ သူသည် ပို၍ကြာကြာနေနိုင်ပြီး၊ ရှောက်ဟန့်၏ အာရုံစိုက်မှုအားလုံးကို ဆွဲဆောင်သွားနိုင်လျှင် အကောင်းဆုံးပင်။
လမ်းတွင် အနည်းငယ်အချိန်ကြန့်ကြာသွားသဖြင့်၊ ကျန့်ချီ စာပေအသင်းသို့ ရောက်သောအခါ အဖွဲ့ဝင်များ အခြေခံအားဖြင့် စုံညီနေပြီဖြစ်သည်။ သူသည် အကျင့်အတိုင်း မိမိ၏နေရာသို့ လျှောက်သွားရာ၊ ခြေနှစ်လှမ်းမျှသာ လှမ်းရသေးသည်၊ သူ၏ထိုင်ခုံတွင် လူတစ်ယောက် ထိုင်နှင့်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
နောက်တွင်ရှိသော ရှောက်ဟန့်သည် မေးစေ့ကိုထောက်ထားပြီး၊ သူ၏အမူအရာမှာ အနည်းငယ် ပျင်းရိနေ၏။ ကျန့်ချီ၏ နေရာတွင် ထိုင်နေသော လူငယ်လေးသည် ရှောက်ဟန့်၏ ကိုယ်ပေါ်မှ ဖိအားပေးနေသော အငွေ့အသက်ကို လုံးဝမခံစားမိသည့်အလား၊ သူနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုနေသည်။ ကျန့်ချီသည် စိတ်ထဲတွင် နားလည်လိုက်ပြီး၊ အခြားနေရာလွတ်တစ်ခုကို ရှာဖွေရန် ကြံရွယ်လိုက်စဉ်၊ ရှောက်ဟန့်၏ အသံသည် သူ့အား ရုတ်တရက် ဆွဲခေါ်လိုက်သည်။
"ရောက်လာပြီးမှ ဘာလို့မထိုင်တာလဲ။"
ရှေ့မှ လူငယ်လေးသည် ရှောက်ဟန့်၏ နောက်သို့ လိုက်၍ ခေါင်းလှည့်လာ၏။ သူ၏ယူနီဖောင်းရှေ့တွင် လှပသော အနက်ရောင်ရင်ထိုးတံဆိပ်တစ်ခုကို တပ်ဆင်ထားသည်။
သူသည် အလွန်ပင် ချောမောလှပသော မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားပြီး၊ ဝမ်ချွမ်၏ ထက်ရှသော အလှနှင့်မတူ၊ ပိုင်ရှီယွီ၏ ဖြူစင်မှုနှင့်လည်း မတူပေ။ ပို၍ မိန်းမဆန်သော အလှမျိုးဖြစ်ပြီး၊ နှာတံနှင့် နှုတ်ခမ်းတို့မှာ သေးငယ်လှပစွာ တည်ရှိနေသည်။ သူ၏အသားအရေမှာ အနည်းငယ် ဖျားနာနေသကဲ့သို့ ဖြူဖျော့နေ၏။ သို့ဖြစ်လင့်ကစား၊ သူ၏ကျန့်ချီထံသို့ ဝေ့ဝဲကြည့်သော အကြည့်မှာ ညင်သာမှုတစ်စိုးတစ်စိမျှ မရှိဘဲ၊ သေးငယ်သော ဓားသွားတစ်ချောင်းကဲ့သို့၊ ကျန့်ချီကို ခေါင်းအစခြေအဆုံး အသေးစိတ် ကြည့်ရှုပြီးမှ သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
"အာ့ဟန့်၊ သူက ဘယ်သူလဲ။"
သူ၏အသံမှာ သေးငယ်ပြီး၊ မွေးရာပါ မာနထောင်လွှားမှုနှင့် ကိုယ့်ကိုယ်ကိုယ်မှန်သည်ဟု ထင်မြင်မှုတို့ ပါဝင်နေသည်။
ကျန့်ချီသည် သူ့ကို မြင်မြင်ချင်းမှာပင်၊ မျက်စိရှေ့မှ ဤလူငယ်လေးမှာ မည်သူဖြစ်သည်ကို ခန့်မှန်းမိလိုက်သည်။ စာအုပ်ထဲတွင် ဖော်ပြထားသော ပိုင်ရှုယွင်နှင့် တစ်ပုံစံတည်းပင်။
ရှောက်ဟန့်သည် အဖြေမပေးဘဲ၊ အေးစက်စက်ဖြင့် ဆိုသည်။
"မင်းက သူ့နေရာကို ယူထားတာ။"
ပိုင်ရှုယွင်သည် 'ဟွန်း' ခနဲ တစ်ချက်မြည်အောင် နှာမှုတ်လိုက်ပြီး သူ၏လှပသော မျက်ခုံးများကို မြှောက်လိုက်သည်။
"ငါ ယူထားတော့ရော ဘာဖြစ်လဲ။ ဒီနေရာမှာ သူ့နာမည် ရေးထားတာမှ မဟုတ်တာ။ မဟုတ်ဘူးလား။ အိုး၊ မေ့တော့မလို့၊ မင်း နာမည်ဘယ်လိုခေါ်လဲ။"
Chapter 35 ended