no


Chapter 7


ရှဲ့ရူဟန်က ထန်းပိုင်၏ ဖြူစင်ရိုးရှင်းတဲ့ အဝတ်အစားကို မြင်လိုက်ရတာနဲ့ သူနှလုံးသားလေးက တဒိန်းဒိန်းဖြင့် ခု‌န်‌ပေါက်လာခဲ့သည်။ သိပ္ပံနည်းကျပြောရမယ်ဆိုရင်‌တော့ သူ့ရဲ့ ဦးနှောက်အောက်ပိုင်းမှာရှိတဲ့ အာရုံကြောများက လှုံ့ဆော်ခံလိုက်ရပြီး dopamine ဟော်မုန်းများ အများအပြား ထုတ်လွှတ်ကာ ရှဲ့ရူဟန်၏ နှလုံးသားကို တဒိန်းဒိန်းခုန်လာစေခဲ့သည်။

ရှဲ့ရူဟန် : "မင်းကို စောင့်နေစေမိပြီ"


ထန်းပိုင်က ပြေးလာခဲ့ပြီး မျက်နှာမှာနီရဲနေကာ အနည်းငယ်မောနေသည့် အသံဖြင့် ပြောလိုက်သည်။

"ဟင့်အင်း၊ ဟင့်အင်း..ကျွန်တော်လည်းအခုမှ ရောက်လာတာ ~ ဒါကတော့ ခင်ဗျားအတွက် အချိုပွဲလေး ~"


နူးညံ့ချိုမြိန်ပြီး ပျော့ပျောင်းသော အသံသည် ရှဲ့ရူဟန်၏ ခြေထောက်များကို ယိမ်းယိုင်လာ‌စေသည်။

ဟုတ်တယ်... အချစ်ကို မတွေ့ကြုံဖူးသေးတဲ့ ရှဲ့ရူဟန်က အချစ်ကျမ်းကျေနေသူတစ်ဦးနှင့် ရင်ဆိုင်နေရသလိုမျိုး အတွေ့အကြုံမရှိသူတစ်ဦးကဲ့သို့ ချက်ချင်းဆိုသလို ဒူးထောက်အရှုံး‌ပေးလိုက်ရတော့သည်။

ရှဲ့ရူဟန်က တည်ငြိမ်စွာပဲ လက်ဆောင်အိတ်ကို လက်ခံယူလိုက်ပြီး သူ၏ ဆွဲဆောင်မှူရှိသောအသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

သူ့မျက်နှာအမူအရာက နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

အသံက နတ်ဘုရားတစ်ပါး၏ ဆွဲဆောင်မှူရှိသော အသံနှင့် တူလှသည်။

လုပ်ရပ်ကလည်း နတ်ဘုရားတစ်ပါးကဲ့သို့ပင် ယဉ်ကျေးစွာ ပြုမူသည်။

လုံးဝကို ပြီးပြည့်စုံချက်ပဲ...


အမှန်တရားကို မသိ‌သေးသော ထန်းပိုင်က အိုမီဂါအလင်းရောင်က ဒီနေ့လည်း လှပ‌နေပြန်တာပဲဟု ခံစားမိပြီး ပြုံးရီလျက် ရှဲ့ရူဟန်၏ hover car ပေါ်သို့ တက်လိုက်သည်။

(Hover car ဆိုတာက မောင်းသူမဲ့ automobile car ကိုခေါ်တာပါ မိုးပျံကားပါ စိတ်ကူးယဉ်သိပ္ပံကားတွေမှာ ပါတဲ့ကားမျိုး)


လမ်းမှာ ထန်းပိုင်က ရှဲ့ရူဟန်ကို မေးလိုက်မိသည်။

“အစ်ကိုရှဲ့၊ မကြာခင်မှာ ခင်ဗျားရဲ့ တရားဝင် လေ့ကျင့်‌ရေးတွေ စတော့မှာမလား...နေလောင်ကာခရင်မ် ဝယ်ထားပြီးပြီလား? ကျွန်တော်သိတဲ့ brandတစ်ခုက spf မြင့်မားပြီး ပြုပြင်ထိန်းသိမ်းတဲ့ ခရင်မ်ကလည်း ကောင်းတယ် ......"


ရှဲ့ရူဟန်၏ စိတ်မဝင်စားမှုကို မြင်လိုက်ရသည်နှင့် ထန်းပိုင်က စိတ်ပူပန်လာခဲ့သည်။

"အိုမီဂါ တစ်ယောက်က သဘာဝအတိုင်း လှပနေရင်တောင် ဂရုစိုက်ဖို့ လိုအပ်တယ်.. အစ်ကိုရှဲ့ရ"


ရှဲ့ရူဟန်: "......?"

ရှဲ့ရူဟန်က သူ့လက်နားရှိ လှပသော မျက်နှာလေးကို ကြည့်လိုက်သည်။ အသားအရေသည် ဖြူဖွေးပြီး နီရဲနေကာ နို့နှစ်ရောင်လေးဖြစ်သည်။ နူးညံ့လွန်းပုံပေါက်တာကြောင့် သူဆွဲညစ်ပစ်ချင်စိတ်ဖြစ်‌ပေါ်လာ၏။


ထန်းပိုင်က သူ့ပါးပြင်‌လေးကို လက်ဖြင့်အုပ်ကိုင်ပြီး တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

"အရမ်း ဖြူဖွေးချောမွတ်ပြီး တောက်ပြောင်နေလို့မလား?"


ရှဲ့ရူဟန်၏ လည်စလုတ်မှာ လှုပ်ရှားသွားပြီး သူက ရိုးရိုးသားသား ခေါင်းညိတ်လိုက်သည်။


“ကျွန်တော်ဆို မွေးရာပါ အသားအရေကောင်းပေမဲ့လည်း ဂရုစိုက်ရတာပဲလေ..အစ်ကိုရှဲ့ ကျွန်တော်ဘာကို ဆိုလိုတယ်ဆိုတာ သိတယ်မလား” 

ထန်းပိုင်က အလင်းရောင်များဖြာထွက်နေသကဲ့သို့ သူ့မျက်လုံးကို တဖျတ်ဖျတ် ခတ်လိုက်သည်။


ရှဲ့ရူဟန်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ သူ့နှုတ်ခမ်းစွန်းတွေကို ကော့တက်မသွားစေရန် သူ ထိန်းမရ။

"အင်း သိတယ်.. ကိုယ် သိပါတယ်၊ မင်းက သဘာဝအတိုင်း လှပပြီး ဂရုစိုက်တတ်တဲ့ နူးညံ့တဲ့အိုမီဂါလေး တစ်ယောက်ဆိုတာ..."


ကြက်နှင့်ဘဲတို့ကဲ့သို့ စကားပြောနေသော ထိုလူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပြုံးရီပြလျက် ဆက်လက်၍ ပျော်ရွှင်စွာ စကားပြောနေကြသည်။


အချိန်က လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး hovercar သည် မြို့တံတိုင်းနှင့် ဆင်းရဲသားရပ်ကွက်ကို ဖြတ်သန်းသွားခဲ့သည်။ ပြတင်းပေါက်မှ မြင်ရသော မြင်ကွင်းသည် မြို့ကြီးများ၏ လမ်းများမှတဆင့် ဆင်းရဲသားရပ်ကွက်၏ ညစ်ပတ်ဟောင်းနွမ်းနေသော မြင်ကွင်းသို့ ပြောင်းလဲသွားခဲ့သည်။

ငှက်အုပ်များသည် မီးခိုးရင့်ရောင် အိမ်များပေါ်၌ ပျံဝဲနေပြီး လမ်းဘေးတစ်လျှောက်တွင် အမှိုက်များကို မြင်တွေ့နေရသည်။ အမှိုက်အိတ်ကို ရှာဖွေနေသော လူတစ်ယောက်သည် လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။


ထန်းပိုင်က ပြတင်းပေါက်ကနေ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး သူ၏ လက်ဖဝါးများကို ကားပြတင်းပေါက်ပေါ်တွင် ဖိထားလိုက်သည်။ သူ၏ ပျားရည်ရောင်မျက်လုံးများ၌ ဆင်းရဲသားရပ်ကွက်၏ နိမ့်ကျသော မြင်ကွင်းက ရောင်ပြန်ဟပ်နေသည်။

"ဒါက ဆင်းရဲသားရပ်ကွက်လား..."


ဆင်းရဲသားရပ်ကွက်နှင့် မြို့တော်ကို မြင့်မားသော တံတိုင်းတစ်ခုဖြင့် ခြားထားသည်။ ဆင်းရဲသားရပ်ကွက်အကြောင်းကို အင်တာနက်နှင့် စိတ်ဝင်စားဖွယ် ဝတ္ထုများမှသာမက လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် အလုပ်လုပ်နေသော လူများထံမှလည်း သိရှိနိုင်သည်။ ထိုလူများထဲမှ အချို့သည် ဆင်းရဲသားရပ်ကွက်မှ လာကြပြီး "တံတိုင်း" ကို ဖြတ်ကျော်ကာ မြို့တော်တွင် အလုပ်လုပ်ရန် နည်းလမ်းများ ရှာဖွေကြသည်။

သန့်ရှင်းရေးဝန်ထမ်း၊ အမှိုက်ပုံတွင် အလုပ်လုပ်သူများ၊ မြင်းလှည်းမောင်းသူများနှင့် အလားတူ အလုပ်များအတွက် ယေဘုယျအားဖြင့် ဆင်းရဲသားရပ်ကွက်မှ လူများကို ငှားရမ်းကြသည်။


အခြားအလုပ်များကတော့ ဆင်းရဲသားရပ်ကွက်မှ လူများကို ငှားရမ်းရန် ရှောင်ကြဉ်ကြသည်။ သူတို့ကို ဈေးပေါပေါဖြင့် ငှားရမ်းနိုင်သော်လည်း သူတို့သည် လက်မသန့်ရှင်းသူများ၊ အရည်အချင်းမပြည့်မီသူများနှင့် ပျင်းရိသောသူများဟု ယူဆထားကြခြင်း‌ကြောင့်ဖြစ်သည်။

ဒါပေမယ့် သူတို့သာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက သူတို့၏ အားသာချက်များဖြင့် ထိုအမြင်များကို ချိုးဖျက်နိုင်သည်။ ရှဲ့ရူဟန်ကဲ့သို့သော ဘဝမျိုးကို မရနိုင်သော်လည်း ဟိုတယ်တွင် စားပွဲထိုးနှင့် စားဖိုမှူးအဖြစ် သို့မဟုတ် ချမ်းသာသောမိသားစုတွင် အစေခံအဖြစ် အလုပ်လုပ်ရန် မခက်ခဲပါပေ။


ထန်းပိုင်က ဆင်းရဲသားရပ်ကွက်မှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကဲ့သို့ ညစ်ပတ်ပြီး ပျက်စီးနေသည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုအခါတွင် ထိုသို့မဟုတ်ပါပေ။


ရှဲ့ရူဟန်က ထန်းပိုင် စိတ်ရှုပ်ထွေးနေတာကို မြင်တော့ ရှင်းပြလိုက်သည်။ 

"ဒါက တကယ့် ဆင်းရဲသားရပ်ကွက် မဟုတ်ဘူး၊ ဒါက ဆင်းရဲသားရပ်ကွက်ရဲ့ အပြင်ဘက်ပိုင်းဖြစ်ပြီးတော့ တံတိုင်းနဲ့ အနီးဆုံး‌လေ ..ဒီနေရာမှာ နေထိုင်သူအများစုက မြို့တော်မှာ လုံ့လစိုက်ပြီး အလုပ်လုပ်မယ်ဆိုရင် မြို့ထဲမှာ အိမ်တစ်လုံးဝယ်ပြီး ဒီကထွက်သွားလို့ရတယ်။"


အင်တာနက်တွင် ဤနေရာကို ဆင်းရဲသားရပ်ကွက်ဟု ရည်ညွှန်းကြသော်လည်း စိတ်ဝင်စားဖွယ်ပင်။ ဝတ္ထုတွင် အသေးစိတ် အချက်အလက်များ မပါရှိသဖြင့် ထန်းပိုင်က ဆင်းရဲသားရပ်ကွက်တွင် အတွင်းပိုင်းနှင့် အပြင်ပိုင်း ခွဲခြားထားသည်ကို ယခုမှ ပထမဆုံးအကြိမ် သိရှိခဲ့ရခြင်းဖြစ်၏။


ထန်းပိုင်က ရှဲ့ရူဟန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး "ဒါဆို တကယ့် ဆင်းရဲသားရပ်ကွက်က ဘယ်လိုမျိုးလဲ...ကျွန်တော် အတွင်းပိုင်းကို ဝင်ကြည့်လို့ရမလား...." ဟု မေးလိုက်သည်။


"အဲဒီနေရာက အန္တရာယ်များတယ်၊ မင်းလို အိုမီဂါ တစ်ယောက်အတွက် မသင့်တော်ဘူး... ဖြစ်နိုင်တာက မင်းရဲ့ နားရွက်နားကို ဖြတ်ပျံသွားလောက်မယ့် ကျည်ဆန်တစ်ချောင်းကို မင်း ကြုံတွေ့ရနိုင်တယ်.."


မင်းလို အိုမီဂါ တစ်ယောက်အတွက် မသင့်တော်ဘူးတဲ့လား?

ထန်းပိုင်က အိုမီဂါအလင်းရောင်၏ စွမ်းအားကို စဉ်းစားမိသည်နှင့် သူ၏ ခေါင်းကို ရှက်ရွံ့စွာ ငုံ့ချလိုက်သည်။

ထူထဲကော့ညွှတ်တဲ့ မျက်တောင်များကို မျက်လွှာချလိုက်ချိန် သူ၏ မျက်လုံးများတစ်ဝိုက် စိုစွတ်နေပုံမှာ နူးညံ့ပြီး ချစ်စရာကောင်းနေသည်။သူ့ပုံစံက နောက်တစ်ခဏတွင် ငိုကြွေးမည့်ပုံပေါ်နေ၏။

သို့သော် ထိုမျက်လုံးများမှာ အိုမီဂါလေး၏ ကြီးမားဝိုင်းစက်ကာ စိုစွတ်နေသော မူပိုင်မျက်လုံးများသာ ဖြစ်သည်။


ရှဲ့ရူဟန်: "......!"

ထန်းပိုင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်တုန်းက ငိုကြွေး‌နေတဲ့ အိုမီဂါလေးရဲ့ မြင်ကွင်းမှာ သူ့ မှတ်ဉာဏ်ထဲတွင် ရှိနေဆဲဖြစ်သည်။


"ပစ္စည်းအတွက်သာ ဆိုရင် အပြင်ဘက်ပိုင်းက လုံလောက်ပါပြီ" 

သူ့စိတ်တွေယောက်ယက်ခတ်နေပေမယ့် သူ စကားပြောလိုက်သည့်အခါတွင်တော့ ပေါ့ပါးသွားခဲ့သည်။

"ကိုယ် ဒီမှာရှိနေသ‌ရွေ့ မင်းကို ဘယ်သူမှ နာကျင်‌အောင်မလုပ်စေရဘူး..."


ဤစကားကို အခြားသူတစ်ယောက်ကသာ ပြောခဲ့လျှင် ထန်းပိုင်က ထိုသူကို မောက်မာပြီး ကိုယ့်ကိုကိုယ်အထင်ကြီးနေတယ်လို့ ထင်မှတ်မည်ဖြစ်သော်လည်း ဤစကားကို အိုမီဂါ အလင်းရောင်က ပြောခဲ့ခြင်းဖြစ်သည်။

စာအုပ်ထဲတွင် ဖော်ပြထားသော ရှဲ့ရူဟန် သည် ထိုကဲ့သို့သော ကတိများကို မည်သည့်အခါမျှ ပြောလေ့မရှိ။ သူ၏ ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များအပေါ် သူ့ စိတ်ထားမှာ အမြဲတမ်း "ငါနှင့် မသက်ဆိုင်" ဟူသော သဘောထားဖြင့် ရှိနေခဲ့သည်။


ထန်းပိုင်က သူ၏ မျက်နှာကို မော်လိုက်ပြီး ရှဲ့ရူဟန်ကို ကြယ်တာရာများပြည့်နှက်‌နေသကဲ့သို့ မျက်လုံးများဖြင့် ကြည့်လိုက်ကာ သူ၏ ချိုမြိန်သော အသံဖြင့် ယုံကြည်မှုပြည့်ဝစွာ ပြောလိုက်သည်။ "

ကျွန်တော်သိတယ်၊ အကိုရှဲ့က ကျွန်တော့်ကို ကာကွယ်ပေးမယ်ဆိုတာ ~ ကျွန်တော်လည်း ကောင်းကောင်းမွန်မွန်နဲ့နေပြီး အကိုရှဲ့ကို အနှောင့်အယှက် မပေးဘူး!"


အစ်ကို...ငါ့ကို ကြည့်!ဒီမှာ ကောင်းကောင်းကြီး ရပ်တည်နေပြီ!


ရှဲ့ရူဟန်က သာမန်အယ်လ်ဖာ တစ်ယောက်ဖြစ်ပြီးတော့ သူ့စိတ်ကူးအိပ်မက်ထဲမှ သူ့ချစ်သူ၏ သူ့ကို အားကျနေသော မျက်လုံးများကို လက်ခံချင်ခဲ့၏။ယခုတွင် ထန်းပိုင် ကို မငိုစေရန် သဘောတူလိုက်ခြင်းမှတဆင့် သူ့သဘောကျရတဲ့ အိုမီဂါအား အယ်လ်ဖာရဲ့ စွမ်းအားကို ပြသလိုက်သလိုဖြစ်သွားခဲ့သည်။


ထန်းပိုင်က သူ၏ light brainကိုထိကာ ဆင်းရဲသားရပ်ကွက်၏ အပြင်ဘက်ပိုင်းမှ ပစ္စည်းများကို မှတ်တမ်းတင်ရန် သူ၏ notepad ကို ဖွင့်လိုက်သည်။ ဗီဒီ

ယိုလုပ်ဆောင်ချက်ကိုလည်း ဖွင့်ထားလိုက်သည်။


"ဒီနေရာမှာ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်လို့ရတယ်...ဒါပေမယ့် အတွင်းပိုင်းကို ရောက်သွားရင်တော့ မရိုက်ရဘူး..."


ဆင်းရဲသားရပ်ကွက်၏ အတွင်းပိုင်း၌ ညစ်ညမ်းမှုများ၊ အနီရောင်ဧရိယာ၊ မြေအောက်တိုက်ပွဲနှင့် မှောင်ခိုဈေးကွက်တို့ကို ဖုံးကွယ်ထားသည်။ ဤနေရာများသည် အသံကျယ်ကျယ် ပြောဆိုရန် မသင့်တော်သော နေရာများဖြစ်ကြသည်။


လက်ရှိအချိန်တွင် ဆင်းရဲသားရပ်ကွက်၏ အင်အားစုများနှင့် ဖက်ဒရယ်အစိုးရကြားတွင် နူးညံ့သော ဟန်ချက်ညီမှုကို ထိန်းသိမ်းထားသည်။ သို့သော် အင်တာနက်ပေါ်တွင် ဓာတ်ပုံနှင့် ဗီဒီယိုများ ပျံ့နှံ့သွားပါက လူထုထောက်ခံမှုကို ဆွဲဆောင်နိုင်ပြီး ဖက်ဒရယ်အစိုးရသည် ဖက်ဒရယ်ရဲများကို စေလွှတ်ကာ ဖြေရှင်းရန် လုပ်ဆောင်လိမ့်မည်။ ထိုအခါတွင် စွန့်လွှတ်ရမည့် အကျိုးစီးပွားများ ရှိလာမည်ဖြစ်သည်။


ထန်းပိုင်၏ ရှုပ်ထွေးနေသော မျက်နှာကို မြင်ရသည်နှင့် ရှဲ့ရူဟန်က ရှင်းပြလိုက်သည်။

"ဓာတ်ပုံရိုက်တာကို ဖမ်းမိရင် မင်းကို သတ်ပစ်နိုင်တယ်..."

ဖော်ထုတ်သူများကို ဖက်ဒရယ်ရဲများ ရောက်လာပြီး ဖြေရှင်းရန် လုပ်ဆောင်ချိန်မတိုင်မီ ဆင်းရဲသားရပ်ကွက်၏ အင်အားစုများက ပထမဆုံး ဖြေရှင်းလိမ့်မည်ပင်။


အရင်က ခိုးဝင်ကာ လုပ်ဆောင်ခဲ့သူများကြောင့် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို လူထုကသိရှိသွားပြီးနောက် ဤကဲ့သို့သော ပြောလို့မ‌ကောင်း သည့် စည်းမျဉ်းများကို ချိုးဖောက်ရန် ကြိုးစားသူများ နည်းပါးသွားခဲ့သည်။


ထန်းပိုင်က သူ၏ ဗီဒီယိုလုပ်ဆောင်ချက်ကို ပိတ်လိုက်ပြီး ပြတင်းပေါက်မှ မြင်ကွင်းသည် တဖြည်းဖြည်း ပိုမိုကြမ်းတမ်းလာသည်ကို ကြည့်ရှုနေသည်။ အထူးသဖြင့် အိမ်များသည် သိသာထင်ရှားစွာ ပြောင်းလဲလာ၏။ အပြင်ဘက်ပိုင်းရှိ အိမ်များသည် လှပခြင်းမရှိသော်လည်း အနည်းဆုံးတော့ ပုံမှန်အိမ်များဖြစ်ပြီး သံမဏိနှင့် ကွန်ကရစ်ဖြင့် တည်ဆောက်ထားသည်။


hover car သည် အတွင်းပိုင်းသို့ ဦးတည်သွားသည်နှင့်အမျှ ကွန်ကရစ်အိမ်များသည် သစ်သားဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် အိမ်ကလေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ပိုပြီးအတွင်းပိုင်းသို့ ရောက်သွားသည်နှင့်အမျှ အိမ်ကလေးများသည် ပျက်စီးနေသော တဲများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထန်းပိုင် သည် သစ်သားသေတ္တာများနှင့် ကတ်ထူပြားများထဲတွင် နေထိုင်နေသော ပိန်လှီနေသည့် ကလေးများကို မြင်တွေ့လိုက်ရသည်။


"ဒါက သူတို့ရဲ့ 'အိမ်' လား" 

ထန်းပိုင် မယုံကြည်နိုင်ဖွယ် ပြောလိုက်မိသည်။


"မုန်တိုင်းကျလာရင် ဘယ်လိုလုပ်ကြမှာလဲ? ဒီ 'အိမ်' က လေမုန်တိုင်းကျလာရင် လေနဲ့ မိုးကို ကာကွယ်နိုင်မှာလား?"


"လေမုန်တိုင်းကျလာရင် မြေကြီးပေါ်မှာ အိပ်ကြရတယ်"

ရှဲ့ရူဟန်က အေးစက်လှသော အမှန်တရားကို ပြောပြလိုက်သည်။


ဆင်းရဲသားရပ်ကွက်၏ အတွင်းပိုင်းတွင် နေထိုင်သူများစွာသည် သူတို့၏ ဘဝတစ်လျှောက်လုံး အပြင်ဘက်သို့ မထွက်ဖူးကြ။ အိမ်တစ်လုံးမှလည်း ပိုင်ဆိုင်ခြင်းမရှိပေမဲ့ ကံကောင်းစွာဖြင့် အသက်ရှင်နေကြသည်။

မြေပြင်မှ နှစ်မီတာအမြင့်တွင် hover car သည် ကတ်ထူပြားအိမ်တစ်လုံးကို ဖြတ်သန်းသွားသည်။ ပိန်လှီနေသော ကလေးတစ်ယောက်သည် သူတို့ကို ငေးကြည့်နေ၏။ သူ၏ မည်းနက်သော မျက်လုံးများသည် စူးစမ်းလိုစိတ်ကြောင့် အရောင်တောက်နေသည်။


ထန်းပိုင်က စာအုပ်ထဲတွင် ဖော်ပြထားသော ရှဲ့ရူဟန် ၏ ကလေးဘဝ အကြောင်းကို သတိရလိုက်သည်။

"လူအုပ်ကြားထဲမှ သရဲတစ်ကောင်ကဲ့သို့ ဖြူဆွတ်နေတဲ့ မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက သူ့မျက်နှာကို တိတ်တဆိတ်မော့ပြီး အပေါ်မှhover car ကို ကြည့်နေခဲ့သည်။ ကားနောက်မီးမှ အလင်းရောင်သည် သူ၏ ဖီးနစ်မျက်လုံးများထဲ ထိုးဖောက်ဝင်ရောက်လာသည်။ ထိုအလင်းရောင်ကြောင့် သူ့မျက်ဝန်းတို့မှာ ကြီးမားသော အနက်ရောင်ပုလဲများကဲ့သို့ ထွန်းလင်းနေခဲ့သည်...."


ရှဲ့ရူဟန်မှာ မြေအောက်တိုက်ပွဲ၌ မက်ချာမောင်းသူ ဖြစ်မလာခင်က ကြာမြင့်စွာ လှည့်လည်သွားလာနေခဲ့ရသည်။ ဆင်းရဲသားရပ်ကွက်ရှိ စိတ်ဓာတ်ကျနေသော လူများနှင့် မတူဘဲ၊ အပြင်ဘက်ကမ္ဘာကို စူးစမ်းလိုစိတ်ရှိသော ကလေးများနှင့် မတူဘဲ၊ ငယ်ရွယ်သော ရှဲ့ရူဟန်က hover car ကို သူ၏ အပေါ်မှ မောင်းနှင်သွားသည်ကို မြင်လိုက်ရသည်နှင့် သူစဉ်းစားမိသည်မှာ ......

မကြာခင်မှာ သူက ဒီအရာအားလုံးကို ရွှံ့ထဲသို့ နင်းချေပစ်လိုက်မယ်...

ပုန်ကန်ဖို့အတွက်မွေးဖွားလာတာဖြစ်ပြီးတော့ ဒီထက်ဘာမှမပိုဘူး...


"ဒါက 'အမှိုက်လမ်း'...ဒီနေရာမှာ နာမကျန်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ မိဘမဲ့ကလေးတွေ၊ မသန်စွမ်းတွေ၊ မူးယစ်ဆေးစွဲနေတဲ့သူတွေ စတဲ့ ဆင်းရဲသားရပ်ကွက်ရဲ့ အောက်ခြေလူတန်းစားတွေ နေထိုင်ကြတယ်..." 


ရှဲ့ရူဟန်၏ အသံသည် သံမဏိကဲ့သို့ အေးစက်ပြီး တင်းမာနေသည်။


ထန်းပိုင်က အမှိုက်ပုံကို ရှာဖွေနေသော လူများကို ကြည့်ရှုနေပြီး သူ၏ နှုတ်ခမ်းအောက်ကို ညင်သာစွာ ကိုက်လိုက်သည်။ ညစ်ပတ်ပြီး အနံ့ဆိုးသော၊ ပိုးမွှားများပါဝင်သော အမှိုက်များကို သူ၏ ခွေးတောင် အနံ့မခံချင်ပါပေ။

စာအုပ်ထဲတွင် အတိုချုံးဖော်ပြထားသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ထန်းပိုင်က တုန်လှုပ်သွားခဲ့သည်။

"ဒါကို စားရင် သူတို့ နာမကျန်းဖြစ်မှာလား..."


"ဖြစ်တယ်..ဒါပေမယ့် အမှိုက်မစားနိုင်သူတွေက အားလုံး သေသွားပြီ...အခုအသက်ရှင်နေတဲ့သူတွေက အမှိုက်ကို စားနိုင်ပြီး ကောင်းကောင်းစားတဲ့သူတွေ..." 

ရှဲ့ရူဟန်က ကြမ်းတမ်းသော အမှန်တရားကို အေးဆေးစွာ ပြောလိုက်သည်။


"စားလို့ရတဲ့ အမှိုက်ကို ရွေးချယ်တာကလည်း ကျွမ်းကျင်မှုတစ်ခုပဲ၊ အစားအစာကျန်တာတွေကို ရွေးထုတ်ပြီး အပူချိန်မြင့်မြင့်နဲ့ အရသာမှုန့်တွေ ထည့်ပြီး ပြန်လည်ပြုပြင်တာလေ ......" 

တစ်ခုခုကို သတိရ‌မိသွားသောကြောင့် သူမျက်မှောင်ကျုံ့လိုက်ကာ သူ့ကို ထန်းပိုင် ပေးခဲ့သော အချိုပွဲအိတ်ထဲမှ matcha အရသာရှိသော macaron တစ်ခုကို ရွေးထုတ်လိုက်သည်။


သူ၏ လက်အိတ်များကြောင့် ဤနူးညံ့သော အရာလေး၏ အထိအတွေ့ကို အပြည့်အဝ မရနိုင်သော်လည်း အနည်းငယ် ပြောင်လက်နေသော အစိမ်းရင့်ရောင်နှင့် ကိတ်မုန့်၏ ကိုယ်ထည်ပတ်လည်ရှိ ဇာကဲ့သို့ လှပသော အပေါက်များကို မြင်ရုံနှင်ပင် အရသာရှိပုံပေါ်နေသည်။


သူက သူ့ရဲ့ ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ် ဟလိုက်ပြီး သကြားဓာတ်များ‌သော အချိုပွဲကို တစ်ကိုက်တည်း မျိုချလိုက်သည်။ အလွန်ချိုမြိန်သော အရသာသည် သူ၏ မှတ်ဉာဏ်ထဲရှိ အစားအစာ၏ အရသာကို လုံးဝ ဖုံးကွယ်သွားစေသည်။


ရှဲ့ရူဟန် က "မဆိုးပါဘူး" ဟု မှတ်ချက်ပြုလိုက်သည်။ သူ၏ နီရဲနေသော လျှာက သူ၏ ဖြူဖွေးသော သွားများမှ အစားအစာ၏ ကျန်ရှိနေသော အကြွင်းအကျန်များကို လျက်လိုက်မိသည်။


ဟမ်? ရှဲ့ရူဟန်ကလည်း အချိုကြိုက်သူတစ်ယောက် ဖြစ်နေတာလား...

ထန်းပိုင်က ရှဲ့ရူဟန်၏ မျက်နှာအမူအရာကို သေသေချာချာ ကြည့်ရှုနေပြီး သူ၏ မျက်နှာတွင် မည်သည့် မနှစ်မြို့ဖွယ် အမူအရာမျှ မရှိကြောင်း သေချာသွားသည်နှင့် ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဒါဆို နောက်တစ်ခါ ဒီထက် ချိုတဲ့ အချိုပွဲလေး လုပ်ပေးမယ်~"


ညနေဆည်းဆာသည် ထန်းပိုင်၏ ကိုယ်ပေါ်သို့ ကားပြတင်းပေါက်မှတစ်ဆင့် ရွှေရောင်အနားသတ်ဖြင့် ထိုးဖောက်ဝင်ရောက်လာသည်။ ဤအလင်းရောင်သည် မြင်ကွင်းထဲမှာရှိတဲ့ အခြားအရာများနှင့် မကိုက်ညီလှပေ။


ရှဲ့ရူဟန်က သွားစွယ်ဖြင့် လျှာကိုဖိကိုက်ထားရင်း ထန်းပိုင်ကို တည်ငြိမ်စွာ ကြည့်နေမိသည်။ထို့နောက် ရုတ်တရက် နောက်တစ်ခု ထပ်စားချင်စိတ် ဖြစ်လာသည်။ ဤသည်မှာ သူ ကြာမြင့်စွာ မခံစားခဲ့ရသော ဆာလောင်မှုဖြစ်ပြီး သူ၏ ကလေးဘဝတစ်လျှောက်လုံး ရှိနေခဲ့သော ဆာလောင်မှုဖြစ်သည်။


ရှဲ့ရူဟန်က ကလေးဘဝတွင် ကြာမြင့်စွာ ဆာလောင်ခဲ့ဖူးသည်။ ဆင်းရဲသားရပ်ကွက်ရှိ ကလေးများသည် အမြဲတမ်း အစာငတ်နေကြသည်။

ထိုအချိန်က သူသည် သူ၏ ခန္ဓာကိုယ်အတွင်းတွင် ကြွက်တစ်ကောင် နေထိုင်နေသည်ဟု အမြဲခံစားနေရသည်။ ထိုကြွက်သည် သူ၏ ခန္ဓာကိုယ်ကို ဆာလောင်မှုဖြင့် ကိုက်ဖြတ်နေခဲ့၏။


ကြာမြင့်စွာ ဆာလောင်မှုသည် လူတစ်ယောက်ကို ရူးသွပ်စေနိုင်သည်။ ဆာလောင်မှုကြောင့် ရူးသွပ်နေသော ကလေးများသည် ရှက်ကြောက်မှု မရှိတော့ပေ။ သူတို့က ရေမြောင်းထဲရှိ ကြွက်များကဲ့သို့ အမှိုက်ပုံများကို အစာ ရှာဖွေနေကြသည်။ သို့သော် အမှိုက်ပုံထဲတွင် စားလို့ရသော အသားစများ၊ မှိုတက်နေသော ပေါင်မုန့်များကို ရှာဖွေရန် မလွယ်ကူပါပေ။

ကြွက်များ ဆာလောင်လွန်းသောအခါ သူတို့ထက် အင်အားကြီးသော သားကောင်ကို မျက်နှာနီလာသည်အထိ တိုက်ခိုက်ကြသည်။


ထိုအချိန်တွင် နှစ်ရက်ကြာ ဆာလောင်နေခဲ့တဲ့ ရှဲ့ရူဟန်က ဆိုင်မှ တစ်စုံတစ်ခုကိုခိုးယူချင်ခဲ့မိသည်။ သူသည် ဖန်သားမှတစ်ဆင့် ကြောင်တစ်ကောင်ကို မြင်ခဲ့ရသည်။ ထိုကြောင်သည် နာမည်ကြီး မျိုးစိတ်တစ်ခုဖြစ်မှန်း သူမသိခဲ့ပေ။ ထိုကြောင်တွင် နှင်းဆီဖြူရောင် အမွှေးများနှင့် နူးညံ့သော အသားအ‌ရေရှိသည်။ သူ၏ လည်ပင်းတွင် ဖဲကြိုးတစ်ခု ပတ်ထားသည်။

တစ်ချိန်တည်းမှာပဲ သူဟာ ဖန်သားပြင်ထဲတွင် သူ၏ ကိုယ်ပိုင်ပုံရိပ်ကို မြင်လိုက်ရသည်။

ဒီနှစ်ခုကို နှိုင်းယှဉ်လိုက်ရင်တောင် အားသာချက်နှင့် အားနည်းချက်များကို တွေ့ရှိနိုင်၏။

ကြောင်တစ်ကောင်က သူ့ထက် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်သည်။ဤအသိသည် ရှဲ့ရူဟန်၏ အတွင်းစိတ်ထဲရှိ ကြွက်ကို နောက်တစ်ကြိမ် လှုပ်ရှားစေခဲ့သည်။ သူ၏ အတွင်းပိုင်း၌ တစ်ခုပြီးတစ်ခုကို ကိုက်ဖြတ်နေပြီး ဘယ်သူမှ မမြင်နိုင်သည့် အပျက်သ‌ဘောဆောင်သော စိတ်ခံစားမှုများ သူ့ထံတွင် ဖြစ်လာခဲ့၏။


ရှဲ့ရူဟန်က ထိုအချိန်တုန်းက သူ သိက္ခာမဲ့လွန်းတယ်လို့ ခံစားခဲ့ရ၏။ သို့သော် ယခုအခါတွင် ကြောင်ကလေးနဲ့တူလှသော သူ့ရှေ့မှာရှိတဲ့ အိုမီဂါကို ကြည့်ရှုနေစဉ်

သူဟာ သူ့သဘာဝကိုက ဒီလိုပုံစံရှိတဲ့ လူကိုရော၊အရာဝတ္ထုတွေကိုပါ လိုလားမှုနှင့် စွဲလမ်းမှုရှိကြောင်း သိရှိလိုက်ရသည်။

အရမ်းကို ဆာလောင်တယ် ......


________



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment