no

အခန်း(၄)



ရှဲ့ရူဟန်၏မျက်ခုံးရိုးမှာ မတ်စောက်တဲ့ပုံသဏ္ဍာန် မျက်ခုံးမျိုးဖြစ်ပြီး အခုတော့ သူ့ရှိရင်းစွဲ  မျက်ခုံးထက်  ပို၍ပင် မြင့်တက်ကာ အေးစက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သောအခါတွင်တော့ လူတွေကို အကြောင်းအရင်းမရှိ စိတ်လေးလံသွားစေ၏။သို့‌သော် ရှဲ့ရူဟန်က အလွန်လှပစွာလည်း မွေးဖွားလာခဲ့သည်ပင်။ ဖန်အုပ်စုရဲ့ ပြောစကားအရ ရှဲ့ရူဟန်က သူ့မျက်လုံးလေး‌တွေကို လှိမ့်လိုက်ရင်တောင်  ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်တဲ့အထိ လှပသည်ဟု တင်စားကြ၏။ 


ထို့အပြင် အိုမီဂါအလင်းရောင်၏ ရောင်၀ါသည် တောက်ပလွန်းလှသည်။ ရှဲ့ရူဟန်က အပြင်ပန်းမှာ အေးတိအေးစက်နိုင်ပေမဲ့ အတွင်းစိတ်ထဲမှာတော နွေးထွေးတဲ့သူတစ်‌ယောက်ဆိုတာကို ထန်းပိုင် သိ၏။အဲ့ဒါကြောင့် သူစိတ်ထဲမှာ ရှဲ့ရူဟန်ကို ကြောက်လန့်မနေပေ။ ဒါပေမဲ့လည်း ရှဲ့ရူဟန်ရဲ့  အလှအပကြောင့် သူ့နှလုံးသားလေးက လှုတ်ခတ်နေရပြီး တခြားတစ်ဖက်မှာလည်း ထန်းပိုင်က ထိုသူသည် အမှန်တကယ်ကို ရှဲ့ရူဟန်ဖြစ်ကြောင်း သိလိုက်ရတာမို့ တုန်လှုပ်နေရပြန်သည်။


မြေအောက်လောကရှိ ပြိုင်ပွဲများသည် ရက်စက်ကြမ်းကြုတ်ပြီး သွေးထွက်သံယိုများ မြင်တွေ့ရတာကြောင့် အခြားသော ပုံမှန်ပြိုင်ပွဲများနှင့် ကွာခြားသည်။ ဒီစာအုပ်အကြောင်း သူ့ ဦးနှောက်ထဲမှာ ပေါ်မလာခင်ကဆိုရင် ဆင်းရဲသားရပ်ကွက်တွေမှာ ဆောက်လုပ်ထားတဲ့ မြေအောက်ကွင်းတွေအကြောင်း၊မက်ချာ‌racer Ratအကြောင်း ကို သူတစ်ခါမှ မကြားဖူးခဲ့ပေ။ မက်ချာပြိုင်ပွဲအကြောင်းဆို ပိုတောင်ဆိုးသေးသည်။ 


စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်များသည် သူ့ရှေ့မှာရပ်နေတဲ့လူနှင့် ထပ်တူကျနေသည်။ ဒါက သိပ္ပံနည်းလမ်းမကျဘူးဆိုပေမဲ့ ထန်းပိုင်ကတော့ ၎င်းအချက်အလက်တွေကို ယုံကြည်ရလိမ့်မည်။ သူက ၀တ္ထုထဲက လူတစ်‌ယောက် ဖြစ်နေပြီး သူ့ရှေ့မှာ အဲ့ဒီ့စာအုပ်ရဲ့ အဓိက ဇာတ်လိုက်တစ်ယောက်ဖြစ်သော အသက်အငယ်ဆုံး မာရှယ်တစ်ဖြစ်လည်း အဖွဲ့ချုပ်ရဲ့ နာမည်ကြီး အိုမီဂါအလင်းရောင်က ထိုင်နေသည်။

သူတကယ်ကို အံ့အားသင့်သွားသည်။ ဘုရားရေ၊ တစ်ကယ်မိုက်တဲ့ လျှို့၀ှက်ချက်ကြီးပဲ...!!!


ထန်းပိုင်၏ မျက်ဆံများက တုန်လှုပ်နေပြီး ဆံနွယ်ကောက်ကောက်လေးများကလည်း လှုပ်ရမ်းနေသည်။ ကတုန်ကယင် ဖြစ်‌နေသော လက်များက ထမင်းဘူးကို ကိုင်ထားပြီး လက်ချောင်းထိပ်လေးနဲ့ အဖွင့်ခလုတ်ကို မတော်တဆ ထိမိလိုက်သောအခါ အလိုအလျောက်ပွင့်သွားပြီး အတွင်းထဲရှိ စားချင်စဖွယ်တို့နှင့် ပြည့်နှက်နေတဲ့ ပန်းကန်က ပေါ်ထွက်လာတော့သည်။ 


ထမင်းဖြူပေါ်တွင် အသဲပုံ ပုံစံ ကြက်ဥပြုတ်လေး တင်ထားပြီး ဘေးမှာတော့ အဆီအရမ်းမများတဲ့ ဝက်သားစွပ်ပြုတ်ရှိနေပြီး စိမ်းစိုနေသော ပန်းမုန်လာစိမ်းနှင့် မွှေးကြိုင်လှသည့် ပုစွန်တို့ကိုလည်း ထည့်ထားသည်။ 


အလှပန်းအိုး‌လေးများအကယ်ဒမီတွင် တတိယတန်းစားကျောင်းသားတစ်ဦးအနေဖြင့် ထန်းပိုင်သည် ကောင်းကောင်းမွန်မွန် ချက်ပြုတ်တတ်ပြီး သူ၏ဟင်းလျာများကို မကြာခဏဆိုသလို အလွန်ကောင်းမွန်သော ထုတ်ကုန်များအဖြစ် အတန်းထဲတွင် သတ်မှတ်ခံရသည်။ အတန်းသားတစ်ဦးစီက ဇွန်းသေးသေးလေးမျှသာ မြည်းစမ်းခွင့်ရကြသည်။ 


ကုထူနန်ကို နေ့လယ်စာထမင်းဘူးပေးပို့ခြင်းကလည်း ဆရာမ၏အကြံဉာဏ်တစ်ခုပင်ဖြစ်သည်။  ထန်းပိုင်ရဲ့ အချက်အပြုတ် သင်ကြားပေးတဲ့ဆရာမက "အယ်လ်ဖာကို အနိုင်ယူနိုင်မဲ့နည်းလမ်းက သူ့အစာအိမ်ကို အရင်ဆုံး အောင်နိုင်ဖို့ပင်ဖြစ်သည်" ဟူသော အယူအဆကို ခိုင်မာစွာ ယုံကြည်သူဖြစ်သည်။ သူသဘောအကျရဆုံးတပည့်လေးဆီတွင် စေ့စပ်ထားသူရှိသည်ကို သိရှိသွားပြီးနောက် ဆရာမက ထန်းပိုင်ရဲ့ ဟင်းလျာတွေကို သူ့စေ့စပ်ထားသူအတွက် ဦးစားပေးကျွေးသင့်သည်ဟု ဆုံးဖြတ်ပေးလိုက်သည်။


သို့ရာတွင် ဆရာမက သူ့လှည့်ကွက်ကို လွဲချော်သွားတာကတော့ နှမြောစရာပင်။  ကုထူနန်က ထန်းပိုင် အကောင်းဆုံးလုပ်ခဲ့တဲ့အိမ်စာ(ထမင်းဘူးလေး)ကို စမ်းမြည်းကြည့်တာထက် ကန်တင်းက လေ့ကျင့်ရေး အစားအသောက်‌တွေ သွားစားရမှာကို ပိုကြိုက်သည်လေ... 


စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့တစ်ခုက ပတ်ဝန်းကျင်မှာ ပျံ့လွင့်လာခဲ့သည်။ ထန်းပိုင်က မသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် မျက်လုံးများကို ပင့်ကြည့်လိုက်ရာ ရှဲ့ရှုဟန်၏လည်ပင်းမှ Adam apple ကိုမြင်လိုက်ရသည်။ 


ရှဲ့ရူဟန်၏လည်ပင်းသည် ဆွဲဆောင်မှုရှိပြီး သူ၏အသားအရေကလည်း ဖြူ‌စွတ်နေတာကြောင့် ထန်းပိုင်ကို အံ့သြသွားစေသည်။ 

ရှဲ့ရူဟန်က အနက်ရောင်လည်ပင်းပတ်နဲ့ဆိုရင် ကြည့်ကောင်းလောက်သည်။ 


ထန်းပိုင်သည် အပြင်ထွက်သည့်အခါတွင် သူ့ဂလင်းများကို ကာကွယ်နိုင်သည့် လည်ပင်းပတ်ကို ဝတ်ဆင်ထားတတ်သော်လည်း သူ့တွင် ဆန်းပြားသောပုံစံများသာရှိသည်။ ထို့ကြောင့် ရှဲ့ရူဟန်အတွက် ရိုးရိုးရှင်းရှင်း အနက်ရောင်လည်ပင်းပတ်တစ်ခု ဝယ်ပေးဖို့ရန် သူစိတ်အားထက်သန်နေမိ တော့သည်။  

ရှဲ့ရူဟန်က သူ၏အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ရန် များစွာအနစ်နာခံခဲ့ရပြီး လည်ပင်းပတ်ကဲ့သို့သော အခြေခံကျသည့် အိုမီဂါအဆင်တန်ဆာကိုပင် မ၀တ်ဆင်နိုင်ခဲ့ပေ။ 

(လည်ပင်းပတ်ဆိုတာက ဆွဲကြိုးလိုမဟုတ်ပဲ လည်ပင်းနဲ့ကွက်တိကွာ အခုခေတ်ကောင်မလေးတွေအလှပတ်ကြတာမျိုး)


ဘယ်အိုမီဂါကများ အလှအပကို မနှစ်သက်လို့လဲ? ရှဲ့ရူဟန်၏နှလုံးသားကလည်း လက်ဝတ်ရတနာတွေနဲ့ ဝတ်စုံလှလှလေးတွေကို ၀တ်ပြီး အိုမီဂါညီအစ်မ‌တွေနဲ့အတူတူ နေ့ခင်းဘက်လက်ဖက်ရည်သောက်ဖို့ တောင့်တနေမှာပဲ။

ထန်းပိုင်သည် ရှဲ့ရူဟန်ကို ဂရုဏာသက်စွာ ကြည့်လိုက်သည်။ 

ရှဲ့ရူဟန် : "......?" 


မျက်ရည်တွေကျထားတဲ့ ဒီမျက်လုံးတွေက ကြောက်ရွံ့နေပုံမပေါ်ဘူး ဒါပေမဲ့.အဲ့ဒီအစား...နူးညံ့နေတယ် ........ သနားနေတာလား?။ 

...... မဟုတ်သေးပါဘူး..?  သနားတာ?


သူ့ရဲ့ ပယင်း‌ရောင်မျက်ဆံများက အလွန်နူးညံ့‌နေသည်။ ရှဲ့ရူဟန်က ဒီအမည်မသိခံစားချက်ရဲ့ အဓိပ္ပာယ်ကို နာမလည်ပေမဲ့လည်း အဲ့ဒီထဲမှာ အငြိုးထားနေခြင်းမျိုး လုံးဝရှိမနေပေ။ 

သူ့နှလုံးသားထဲမှာရှိတဲ့ ရန်လိုမှုအားလုံးကို ပြေလျော့စေနိုင်လောက်တဲ့ နူးညံ့သိမ်မွေ့တဲ့ မျက်လုံးမျိုးနဲ့ သူ့ကို ဘယ်သူကမှ မကြည့်ဖူးချေ။ 


ထန်းပိုင်က သူ့ကို ညင်သာစွာ ကြည့်နေတာကို မြင်လိုက်ရပြီးနောက် သူ့ရှေ့က လေ့ကျင့်ရေးအစားအစာကို ကြည့်နေသည်ကို ထပ်မြင်လိုက်ရသည်။  

ထိုပယင်းမျက်ဝန်းတွေရဲ့ မေတ္တာတရားတွေက ပိုပြီးတောင်ပျော့ပျောင်းသွားသေးတယ်!!! ဒီတစ်ခါကျတော့ မိခင်တစ်ယောက်ရဲ့ဂရုဏာသက်ခြင်းမျိုး...!!။ 


စာအုပ်ထဲရှိ ရှဲ့ရူဟန်သည် သူ့ဘဝနှောင်းပိုင်းမှာ အစာအိမ်ပြဿနာကို ခံစားခဲ့ရပြီး နာမည်ကြီးတဲ့ဆရာဝန်များကို ရှာဖွေခဲ့သော်လည်း မကုသနိုင်ခဲ့ပေ။ ထိုဇာတ်လမ်းကို တွေးတောမိရင်း ထန်းပိုင်၏နှလုံးသားလေးမှာ နာကျင်သွားခဲ့သည်။ 


အနာဂါတ်၏ အိုမီဂါအလင်း‌ရောင်လေးသည် ဝက်စာကဲ့သို့သော ဒီဆိုးရွားသည့်ဟင်းလျာမျိုးကို ဘယ်လိုလုပ်စားနိုင်ပါ့မလဲ...

ထန်းပိုင်က ထမင်းဗူးလေးကို လက်နှစ်ဖက်နှင့် ကိုင်လိုက်ပြီး ရှဲ့ရူဟန်ရှေ့မှာ ရှက်ရှက်ဖြင့် ထားလိုက်ကာ "ဒါကို ငါကိုယ်တိုင်ချက်ထားတာပါ... ငါတို့လို အိုမီဂါတွေက  ခန္ဓာကိုယ်အချိုးအစားကို ထိန်းဖို့ အစားအသောက်တွေကို ဂရုစိုက်သင့်တယ်လေ" 


ရှဲ့ရူဟန်: "......?”


ရှဲ့ရူဟန်က ထန်းပိုင်ရဲ့ မျက်လုံးများ၏ ဆိုလိုရင်းကို စဉ်းစားနေခဲ့သော်လည်း ထန်းပိုင်ပြောတဲ့ စကားလုံးတွေက ပိုပြီးတော့တောင် မမျှော်လင့်ထားတဲ့ အကြောင်းအရာတွေ ဖြစ်နေမယ်လို့ မထင်ထားခဲ့ပေ။


သူ့ကို နေ့လယ်စာထမင်းဘူး ပေးတာလား..ဒီလိုအကြောင်းအရာမျိုးက သူဘယ်တုန်းကမှ မမျှော်လင့်ထားသည့်အရာပင်။ ရှဲ့ရူဟန်၏ ခန့်ညားတဲ့ မျက်နှာမှာ ရှားရှားပါးပါး စိတ်ရှုပ်ထွေးနေပြီး ထန်းပိုင်၏  စကားတို့ကို ဆန်းစစ်နေခဲ့သည်။ ဒီအိုမီဂါက သူ့ကိုယ်သူ စာနာတတ်ပြီး အချက်အပြုတ်တော်တဲ့သူဖြစ်ကြာင်း ပြသချင်နေတာများလား...


စစ်သင်တန်းကျောင်းမတက်ခင်တွင် ရှဲ့ရူဟန်က ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်ခဲ့ပြီး သူနှင့် အများဆုံးပတ်သက်ခဲ့သူများမှာ အနီရောင်ဧရိယာရှိ အိုမီဂါများပင်ဖြစ်သည်။ အဲဒီအိုမီဂါတွေက သူ့ကို ပြုံးပြပြီး ဆေးလိပ်မီးညှိခိုင်းတာမျိုး၊ Heatဝင်နေတဲ့အချိန် သူ့လက်ထဲကို အခန်းကတ် ထည့်ပေးတာမျိုး၊ ဒါမှမဟုတ် သောက်စရာ ဝယ်ပေးတာမျိုးပဲ လုပ်လေ့ရှိကြသည်။ ဘယ်အိုမီဂါကမှ ထမင်းတစ်နပ်ကျွေးပြီး မျက်နှာသာပေးခံရအောင် မလုပ်ဖူးပေ။


ရှဲ့ရူဟန် အတွေးလွန်နေတာကို မြင်လိုက်ရတော့  ထန်းပိုင်က မျက်တောင်ခတ်လိုက်ပြီး သူ့စကားထဲမှာ ဟာကွက်တွေရှိနေတာကို သဘောပေါက်သွားသည်.. ဒါကို ငါကိုယ်တိုင်ချက်ထားတာလေ ငါတို့လို အိုမီဂါတွေက ခန္ဓာကိုယ် အချိုးအစားကို ထိန်းဖို့ အစားအသောက်တွေကို ဂရုစိုက်သင့်တယ်..အိုး.. ကျွန်တော်တို့လို အိုမီဂါတဲ့လား


ထန်းပိုင် : "!"


Ahhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhh! ဒီလိုအရေးကြီးတဲ့ လျှို့ဝှက်ချက်ကို သူဘယ်လိုတောင် ထုတ်ပြောလိုက်မိတာတုန်း!?

သူ့စကားကြောင့် တောက်ပနေတဲ့ အိုမီဂါလေးရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းသာ ပျက်စီးသွားခဲ့မယ်ဆိုရင် သူက တစ်သက်လုံး အပြစ်ရှိစိတ်နဲ့ နေသွားရလိမ့်မယ်မဟုတ်လား !!?


ထန်းပိုင်၏ နှင်းကဲ့သို့ဖြူစွတ်နေတဲ့ အသားအရေက နီမြန်းလာကာ နှာသီးဖျား၊ နားရွက်ထိပ်ဖျားများနှင့် မေးစေ့တို့မှာ ပန်းရောင်သန်းလာတော့သည်။ စိုးရိမ်ထိတ်လန့်ခြင်းကြောင့် သူ၏ မျက်လုံးများပင် နီရဲလာသည်။ အခုန်မြန်နေတဲ့ ရင်ဘတ်ကိုဖိကာ အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားရင်း.. အယ်လ်ဖာတွေကလည်း အစားအသောက်တွေကို သေချာဂရုစိုက်ဖို့လိုအပ်တယ်လေ... ဟု ပြန်ပြင်ပြောလိုက်လေသည်။

အဲဒီအချိန်မှာ ထန်းပိုင်က  ချစ်ရသူရှေ့တွင် စကားကို အမြီးအမောက်တည့်အောင် မပြောနိုင်သော အိုမီဂါလေးတစ်ဦးကဲ့သို့ ပြုမူနေလေသည်။


ရှဲ့ရူဟန်က ဖီးနစ်မျက်လုံးများဖြင့် “ရှက်နေသည့်" ထန်းပိုင်ကို စိုက်ကြည့်ရင်း နူးညံ့ညင်သာသော အသံဖြင့် ရယ်မောလိုက်သည်။

မြေအောက်ခန်းအတွင်းမှ ပရိသတ်အများစုမှာ အကျင့်စာရိတ္တကောင်းပြီး ကရုဏာတရားရှိသောအထက်တန်းစား မှူးမတ်များဖြစ်ကြသော်လည်း ရှေးရိုးဆန်သူများဖြစ်ကြသည့်အပြင် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများမှရသည့် စိတ်ကျေနပ်မှုများကိုစွဲလမ်းနေခဲ့ကြသည်။ 


ရှဲ့ရှုဟန်က ဒီလိုသွေးထွက်သံယိုပွဲတွေကို ဘယ်လိုအိုမီဂါမျိုးကမှ စိတ်မဝင်စားနိုင်ဟု ထင်ခဲ့သည်။ အထူးသဖြင့် အပြင်ပန်းမှာ ဖြူစင်ပြီး အပြစ်ကင်းတဲ့ ပုံစံမျိုးနဲ့ ငိုနေချိန်မှာတောင် ပုလဲလုံးလေးအတိုင်း ချစ်စဖွယ် ဖြစ်နေတတ်တဲ့ ဒီလိုအိုမီဂါလိုမျိုးပေါ့...


ဒီအိုမီဂါက ပွဲကိုကြည့်ရင်း မျက်ရည်ကျနေပေမဲ့ အော်ဟစ်အားပေးနေခဲ့တာများလား... သွေးတွေမြင်ရတဲ့အခါကျရင် သူ့ရဲ့ မျက်လုံးတွေကို အုပ်ထားပေမဲ့ လက်ချောင်းတွေကြားကနေ မျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေနဲ့ စိတ်လှုပ်ရှားပြီး ကြည့်နေခဲ့တာများလား...


စူးရှသောအကြည့်တစ်ခုက ထန်းပိုင်၏ အတွင်းစိတ်ကို လှည့်ပတ် ကြည့်ရှုနေကာ နီမြန်းသောပါးပြင်များ.. အနည်းငယ်ဟနေသောနှုတ်ခမ်းများနှင့် အားနည်းသွယ်လျ သော ခါးတို့ကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားနေခဲ့သည်။

ရုပ်ရည်ကိုကြည့်ရုံနဲ့ အတွင်းစိတ်ကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းလမ်းကိုလည်း သူ(ရှဲ့ရူဟန်)သိချင်မိ၏။


ထန်းပိုင်မှာ ရာဇဝတ်သားတစ်ဦးက ရဲအရာရှိတစ်ဦး၏ စစ်ဆေးမေးမြန်းခံနေရသလိုမျိုး ရှဲ့ရူဟန်၏ စူးရှသောအကြ ကြည့်ကို  သတိပြုလိုက်မိပြီး သူ့ရင်ဘတ်ထဲတွင် နှလုံးသားလေးက ခုန်ပေါက်နေပြီး ရှဲ့ရူဟန် ရယ်နေရတဲ့ အကြောင်းအရင်းကို သိချင်မိသွားလေသည်။


ဒါပေမယ့် ဒီလိုအချိန်မျိုးမှာ သူကဘာလုပ်နိုင်မှာလဲ။ အကယ်လို့ သူက ရှဲ့ရူဟန်ကို “ကျွန်တော်တို့က ဝတ္ထုစာအုပ်ထဲမှာ ရှိနေကြတာ၊ ခင်ဗျားက ဒီဝတ္ထုရဲ့ အဓိက ဇာတ်ကောင်ပဲ” လို့ သွားပြောရင် သူ့ကို စိတ်ရောဂါသည်အဖြစ် သတ်မှတ်လိုက်မှာ မဟုတ်ဘူးလား ?...

ထန်းပိုင်က စိတ်လှုပ်ရှားစွာနဲ့ နှုတ်ခမ်းကို စုပ်သပ်လိုက်သောအခါ ပါးပြင်ဘေးရှိ ပါးချိုင့်ခွက်လေးက ပေါ်လာလေသည်။


ရှဲ့ရူဟန်က တစ်ကိုယ်လုံးတွင် ချစ်စရာကောင်းမှုများဖြင့် ပြည့်နှက်နေသော အိုမီဂါလေးကို ကြည့်ရှုနေလိုက်သည်။ ကံမကောင်းစွာနဲ့ပဲ သူက သူစိမ်းတစ်ယောက်ပေးသော အစားအစာကို စားမှာမဟုတ်ပေ။ ထိုသူစိမ်းက သူ့အသွင်အပြင်နဲ့လိုက်ဖက်သော အိုမီဂါလေးတစ်ဦးဖြစ်နေပြီး သူရဲ့အမာခံပရိတ်သတ်ဆိုရင်တောင်မှ သူ မစားပေ။


"ဒီထမင်းဘူးက အစကတည်းက ကိုယ့်ကိုပေးဖို့ ရည်ရွယ်ပြီး လုပ်ထားတာ  မဟုတ်ဘူးနဲ့တူတယ်နော်?" 

ရှဲ့ရူဟန်က ပြုံးပြရင်း ထမင်းဘူးကို ထန်းပိုင်ရှေ့သို့ ပြန်တွန်းပေးလိုက်ပြီး မေးလိုက်သည် 


ဒီအရာအားလုံးကို ဘယ်လိုရှင်းပြရမလဲဆိုတာကို အပြင်းအထန်ကြိုးစားပြီးတွေးနေခဲ့သည်။ ထန်းပိုင်က သူ့အတွေးထဲတွင် စက္ကန့်အနည်းငယ်မျှ အကွက်ကျကျ စဉ်းစားပြီးနောက်မှာတော့ သူအမူအရာက ဘယ်လိုတောင် မသင့်လျော်လဲဆိုတာကို သိသွားရ၏။


ကုထူနန် မလိုချင်တဲ့ ထမင်းဘူးကို ရှဲ့ရူဟန်ကို ပေးတယ်ဆိုတာက ဘယ်လိုရှိုးပွဲကြီးလဲ? အနာဂတ် အိုမီဂါအလင်းရောင်မှာက သူ့ကိုယ်ပိုင်ထမင်းဘူး ရှိသင့်တယ်လေ...

သာမန်ဟင်းချက်သင်တန်းမှာပဲ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တဲ့ အဆင့်အတန်းမျိုးက ရှဲ့ရူဟန်နှင့် မထိုက်တန်ပေ။


စဉ်းစားကြည့်လိုက်မှပဲ စာအုပ်ထဲက ရှဲ့ရူဟန်စားတဲ့အစားအစာတွေက ဘယ်တုန်းကမှ အရမ်းအရသာရှိပုံမပေါ်ပေ။

ဖက်ဒရယ်စစ်တက္ကသိုလ်တွင် အစပိုင်း၌ လူသစ် အများစုသည် ကန်တင်းရှိ အစားအစာများက စားရခက်လွန်းသည်ဟု ညည်းညူခဲ့ကြသေ သော်လည်း ရှဲ့ရူဟန်ကမူ ထမင်းတစ်ပန်းကန်လုံးကို မျက်နှာမပျက်ဘဲ နှစ်ကြိမ် သို သုံးကြိမ်လောက် ကုန်အောင် စားခဲ့သည်။


ရှဲဘရူဟန်အတွက် အရေးကြီးဆုံးက သူ့ဗိုက်ပြည့်သွားဖို့သာ။ အရသာဆိုတာက အပိုပစ္စည်းတစ်ခုသာ ဖြစ်သည်။ သူငယ်ငယ်တုန်းက မကြာခဏဆိုသလို စားစရာ မလုံလောက်ခဲ့တာကြောင့် အမှိုက်ပုံးတွေမှာတောင် အစားအသောက်ရှာခဲ့ရသည်။ နောက်ပိုင်းမှာတော့ ရှဲ့ရူဟန်ဟာ ရန်သူကိုသတ်ဖို့ပဲ အာရုံစိုက်နေရတဲ့အတွက် အားဖြည့်ဆေးရည်သောက်ဖို့ မေ့သွားခဲ့သောကြောင့် အစာအိမ်ရောဂါ ရလာခဲ့ခြင်းဖြစ်သည်။


အိုး... ကောင်းကောင်းမွန်မွန် မစားသောက်နိုင်တဲ့အထိကို ငါတို့ရဲ့ အိုမီဂါအလင်းရောင်လေးက အရမ်းခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ..


ထန်းပိုင်၏ မျက်လုံးများက ပူနေပြီး သူ့ပယင်းမျက်ဆံများသည် ချက်ချင်း မျက်ရည်များပြည့်လျှံလာတော့သည်။ သို့ရာတွင် မျက်ရည်ပူဖောင်းနှစ်စက်ကို ထိန်းထားပြီး ရှဲ့ရူဟန်ကို ကြည့်လိုက်ပြီး   သူ့အသံမှာ ရှိုက်ကြီးတငင်ဖြင့် ကိုယ့်ကိုကိုယ် ကဲ့ရဲ့ရှုတ်ချလိုက်မိသည်။

"တောင်းပန်ပါတယ် နောက်တစ်ခါကျရင် သေချာပေါက် ခင်ဗျားအတွက် အရသာရှိတာလေးတွေ ချက်ပေးပါ့မယ်"


ရှဲ့ရူဟန် : ".


ချောမောလှပသော အိုမီဂါလေးသည် သူ့ရှေ့တွင်ထပ်ပြီး ညည်းတွားနေပုံမှာ နှစ်သိမ့်မှုပေးရန် အသနားခံနေသလိုပင်... တကယ်ကို...။


ဂရုဏာသက်စရာပဲ..


ထန်းပိုင်က တုန်လှုပ်သွားသည်။ သူ့ရဲ့ အိုမီဂါအလင်းရာင်လေးက ဂရုစိုက်မခံရဘူးဆိုတဲ့အတွေးက သူကို သိပ်မပျော်ရွှင်စေပေ။

အကောင်းစားအစားအသောက်တွေစားဖို့ မလိုအပ်ဘူး...အဝတ်အစားကောင်းတွေ ဝတ်ဖို့ မလိုအပ်ဘူးဆိုပေမယ့်လည်း အခြေခံအကျဆုံးဖြစ်တဲ့ အိုမီဂါတွေအတွက် အာဟာရဖြည့်စွက်စာတွေ၊ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေ၊ အတွင်းခံတွေနဲ့ ဘာတွေကို စီစဉ်ထားသင့်သလဲဆိုတာတွေလေ ဟုတ်တယ်မလား၊ ဒါတွေကို ပြင်ဆင်ဖို့ သူ့ကို ဘယ်သူကမှ လာမကူညီကြဘူးလား.. အာ.. ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီ....


သူ့မှာ တာဝန်တစ်ခုခုရှိလို့ ဒီကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကို သိနေရတာများလား?သူ့ရဲ့ အိုမီဂါအလင်းရောင်က ကမ္ဘာကြီးဆီက ဂရုစိုက်မခံရတာကြောင့် ရှဲ့ရူဟန် ကို ကောင်းကောင်း ဂရုစိုက်ပေးပြီး ပျော်ပျော်ရွှင် နေနိုင်အောင် ကမ္ဘာ ကမ္ဘာကြီးက သူ့ကို တာဝန်ပေးလိုက်တာများလား...

ဒီလိုတွေးလိုက်မိတာနဲ့ သူ့စိတ်က တိမ်ကင်းစင်တဲ့ ကောင်းကင်လို ကြည်လင်လာလေသည်။


ထန်းပိုင်၏ မျက်ရည်ဝိုင်းနေသော မျက်ဝန်းများသည် ရုတ်တရက်တောက်ပလာကာ သူ၏နှလုံးသားသည် ရင်ခုန်စိတ်လှုပ်ရှားလာပြီး ရှဲ့ရူဟန်ကို စူးစူးစိုက်စိုက်ကြည့်ကာ မျှော်လင့်ချက်များပြည့်နေသော အသံဖြင့်


"ခင်ဗျားရဲ့ တစ်နေ့သုံးနပ်စာကို ကျွန်တော်တာဝန်ယူလို့ရမလားဟင်.."


ထန်းပိုင်က တခြားကိစ္စတွေမှာ အများကြီး မကူညီနိုင်ပေမယ့် သူ့အစားအသောက်စားပုံကိုတော့ သေချာပေါက် အဆင့်မြှင့်ပေးနိုင်သည်။


ဒါ့အပြင် ထန်းပိုင်၏ စယ်ရီမိုနီရယ်အကယ်ဒမီ နှင့် ဖက်ဒရယ်စစ်တက္ကသိုလ်သည် တူညီသောလမ်းပေါ်တွင် တည်ရှိနေသောကြောင့် ရှဲ့ရူဟန်အား တစ်နေ့လျှင် ထမင်းသုံးနပ် ပို့ပေးနိုင်ပြီး သူသာ ကောင်းကောင်းမွန်မွန်စားပါက သူ့စိတ်အခြေအနေ ပိုမိုကောင်းမွန်လာမည်မှာ သေချာသည်။


သူ၏ လုပ်ရပ်များက အိုမီဂါအလင်းရောင်ကို နွေးထွေးစေကာ အိုမီဂါတန်းတူအခွင့်အရေးအတွက် အထောက်အကူဖြစ်စေလိမ့်မည်။ ထို့ကြောင့် ထန်းပိုင်သည် စိတ်အားထက်သန်လာကာ သူ့လက်အိတ်များကို စွပ်၍ မီးဖိုချောင်သို့ ဝင်ရန် မစောင့်နိုင်တော့ပေ။


ရှဲရူဟန် : "....?"


ပြောနေတဲ့ခေါင်းစဉ်က ရုတ်တရက်ကြီး ဒီအကြောင်းအရာကို ဘယ်လိုလုပ်လမ်းလွဲသွားတာလဲ?


ရှဲ့ရူဟန်က သူတစ်စုံတစ်ခု လွဲချော်သွားသည်ဟု သံသယဝင်မိသွားကာ စိတ်ရှုပ်ထွေးမှုတစ်ခုက သူ့မျက်ဝန်းများထဲတွင် ထပ်မံပေါ်ပေါက်လာပြန်သည်။ ဒီအိုမီဂါလေး၏ ဦးနှောက်ထဲမှာ တစ်ကယ်ပဲ ဘာတွေရှိနေတာလဲ?အယ်လ်ဖာကို ကျီစယ်စနောက်နေချင်တယ်ဆိုရင်လည်း တစ်ဆင့်ပြီးတစ်ဆင့် လှမ်းသင့်သည်လေ။ ဒါပေမဲ့ ဒီအိုမီ အိုမီဂါလေးက  ဘယ်လိုတောင် စိတ်အား ထက်သန်ပြီး သန်ပြီး အထိန်းအကွပ်မရှိဖြစ်နေရသလဲ...


ရှဲ့ရူဟန်ရဲ့ ထူးဆန်းတဲ့အမူအရာကိုမြင်တော့ ထန်းပိုင်က ခေါင်းလေးငုံ့ကာ ခဏမျှစဉ်းစားပြီး သူ့ကမ်းလှမ်းချက်သည် နှစ်သက်စရာမကောင်းသေးကြောင်း တွေးမိကာ ထမင်းဘူးထဲမှ ဝက်သားပြုတ်တစ်ပိုင်းကို ကို ကောက်ယူပြီး သူ့အချက်အပြုတ်က ဘယ်လောက်ကောင်းလဲဆိုတာ သိစေရန် ပြင်ဆင်လိုက်သည်။


သူက ဝက်သားပြုတ်နံ့ကို နက်နက်ရှိုင်းရှိုင်းရှူရှိုက်လိုက်ရင်း နှာတံလေးက တွန့်သွားကာ ထန်းပိုင်သည် သူ ပြုတ်ထားသော ဝက်သားကို ကိုက်လိုက်သည် ။


အသားသည် နူးညံနေပြီး ဖြတ်ထားသောအပိုင်းတစ်ခုစီသည် ပဲငံပြာရည်တို့ဖြင့် ရွှဲရွှဲစိုနေသည်၊ ဆီလည်းရွှဲမနေသည့်အပြင် တိုဟူးကဲ့သို့ နူးညံ့နေသည်၊ ထန်းပိုင်သည် နူးညံ့အိထွေးသည့် အရသာကို ပျော်ရွှင်စွာ ခံစားနေပြီးနောက် ပါးစပ်ကိုဟရန် မထိန်းနိုင်တော့ပေ။


သရုပ်ဆောင်မှုအချို့ ပါဝင်နေသော်လည်း ထန်းပိုင်က သူ၏ လက်ရာသည် အလွန်ကောင်းမွန်သည်ဟုလည်း ခံစားရသည်။


သူက လက်မထောင်ပြပြီး "ကျွန်တော့်အချက်အပြုတ်တွေက အရမ်းအရသာရှိတာနော်!" ဟု ပြောလေသည်။


ထိုသို့ပြောပြီးနောက် သူသည် အစားအစာကို ထပ်ယူ၍ ပျော်ရွှင်စွာစားလိုက်သည်။ သူ၏ စားသောက်နေပုံက  တစ်ကယ်ကို မျက်စိကျစရာပင်။ နှင်းဆီပွင့်ချပ်ကဲ့သို့ နီဆွေးနေသော နှုတ်ခမ်းများဖြင့် ဝါးနေသည့်ကြားမှ ဖြူဖွေးနေသော သွားတန်းလေးများက လှစ်ခနဲ့ပေါ်ထွက်လာတတ်ပြန်ပြီး မျက်ဝန်းတို့ထဲတွင်လည်း ကျေနပ်နေသော ခံစားချက်တို့ဖြင့် ချိုမြိန်လွန်းလှနေသည်။

ကြည့်နေရုံလေးနဲ့တင် တော်တော်အရသာရှိနေပြီ။


ဘယ်လိုကြည့်ကြည့် အရသာရှိမဲ့ပုံပဲ။

ရှဲ့ရူဟန်က တံတွေးမြိုချလိုက်ပြီး အမူအရာမပျက်စေဘဲ သူ့ဘာသာ တွေးလိုက်လေသည်။

"ဟုတ်တယ် ... ဒီအိုမီဂါက အရမ်းအရသာရှိမဲ့ပုံပဲ၊ အိုး မဟုတ်သေးဘူး ဒီထမင်းကလည်း အရမ်းလှတယ်..."


ရှဲ့ရူဟန်၏ မျက်ဝန်းများက တောက်လောင်နေပြီး လည်ပင်းရှိ adams appleလေးက လှုတ်ခတ်နေတာကို မြင်လိုက်ရတော့ ထန်းပိုင်သည် ရှဲ့ရူဟန်က လောဘကြီးနေကြောင်း ချက်ချင်းသိလိုက်သည်။ သူချက်တဲ့ဟင်းက အရမ်းအရသာရှိတာလေ၊ ဘယ်သူက အဲ့လိုမဖြစ်ဘဲနေမှာလဲ!


သို့သော် ရှဲ့ရူဟန်ရဲ့ စားချင်နေပေမဲ့ တွန့်ဆုတ်နေတဲ့ အမူအရာက ထန်းပိုင်ကို စိတ်ပူစေသည်။ ထမင်းသုံးနပ်လုပ်ပေးမယ်လို့ ဆွဲဆောင်တာက မလုံလောက်သေးဘူးဆိုရင် ရှဲ့ရူဟန်ကို ကူညီဖို့ သူလုပ်နိုင်တဲ့

တခြားအရာတွေ ရှိလား?

....

ရှိတာပဲ !


ရုတ်တရက် သူ့ခေါင်းလေးထဲမှာ အတွေးတစ်ချက်လက်သွားသည်။


သူက ရှဲ့ရူဟန်ကို ကျင့်ဝတ်တွေကိုလည်း သင်ကြားပေးနိုင်တယ်လေ။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment