no
Chapter 11
အဖွဲ့ချုပ်အတွင်း၌ အဘိုးထန်းက လေးနက်သောမျက်နှာထားဖြင့် ရှဲ့ရူဟန်၏ ဖိုင်ကိုဖွင့်လိုက်ပြီး ဖိုင်၏ ပထမစာမျက်နှာတွင် ဓာတ်ပုံပါသော ID ကတ်တစ်ခုပါရှိသည်။
ထိုခန့်ညားပြီး နက်မှောင်သောမျက်လုံးများနှင့် လူငယ်လေးက ကင်မရာကို တည့်တည့်ကြည့်နေသည်။ သူ၏ဆံပင်ကို ခေါင်းနောက်ဘက်တွင် သေသေသပ်သပ်ဖြီးထားပြီး မျက်ခုံးများကမြင့်မားကာ ပါးလွှာသောနှုတ်ခမ်းများသည်လည်း ကော့ညွှတ်နေသည်။ ထိုင်နေပုံမှာ ဖြောင့်ဖြောင့်တန်းတန်း ထိုင်နေပုံပေါ်သော်လည်း လျော့တိလျော့ရဲ ပုံသဏ္ဍာန်ကိုတော့ ဖုံးကွယ်မထားနိုင်ပေ။ လူကြီးများ၏စကားအရဆိုလျှင် မရိုးသားသောပုံစံဖြစ်နေသည်။
ရှဲ့ရူဟန်က ဆင်းရဲသားရပ်ကွက်မှ မိဘမဲ့တစ်ဦးဖြစ်ပြီး သူ၏ဖခင် ရှဲ့ရှောင်သည် မြေအောက်ပြိုင်ကွင်းတွင် နာမည်ကြီး မက်ချာ ကစားသမားတစ်ဦးဖြစ်ကာ လွန်ခဲ့သော ၁၅ နှစ်က ပြိုင်ပွဲတစ်ခုတွင် သေဆုံးခဲ့သည်။
သူ၏မိခင်က အနီရောင်ဧရိယာမှအိုမီဂါတစ်ဦးဖြစ်ပြီး ရှဲ့ရှောင် သေဆုံးပြီးနောက် မကြာမီမှာပဲ ရောဂါကြောင့် သေဆုံးခဲ့သည်။
ငါးနှစ်သားအရွယ်တွင် ရှဲ့ရူဟန်က မိဘများ၏အကာအကွယ်ကို ဆုံးရှုံးခဲ့ရပြီး လမ်းပေါ်က,ကလေးဘဝသို့ ရောက်ရှိခဲ့သည်။သူ့အသက် ဆယ့်လေးနှစ်အရွယ်မှာတော့ ဘီတာအဖြစ်မှ အယ်လ်ဖာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မြေအောက်ပြိုင်ပွဲလောကသို့ဝင်ရောက်ခဲ့သည်ပြီး သူ၏ကုဒ်အမည်မှာ Rat ဖြစ်၏။ သူ့အသက်ဆယ့်ရှစ်အရွယ်မှာပဲ သူက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီး အသက် နှစ်ဆယ်အရွယ်တွင်တော့ ဖက်ဒရယ်စစ်တက္ကသိုလ်သို့ဝင်ရောက်နိုင်ခဲ့သည်။
သူ့မျက်လုံးများက အောက်သို့ဆက်ကြည့်လိုက်ရာ ပြိုင်ပွဲဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများပေါ်တွင် ရပ်တန့်သွားသည်။
ရှဲ့ရူဟန်၏ အနိုင်ရနှုန်းသည် အလွန်မြင့်မားပြီးမြေအောက်ပြိုင်ပွဲ ပြိုင်ဆိုင်မှုများတွင် သူက အနိုင်ရနိုင်ချေ ၉၇% အထိရှိသည်။
တိုက်ခိုက်မှု ကာကွယ်မှုနှင့် နေရာချထားမှုဆိုင်ရာတို့တွင် သူ၏ကစားပုံက အလွန်တည်ငြိမ်ပြီး မည်သည့်အားနည်းချက်မျှ မရှိသော ရှားပါးသောတိုက်ခိုက်မှုစွမ်းရည်ရှိသူဖြစ်သည်။
သူ၏တိုက်ခိုက်မှုပုံစံတွင် အားနည်းချက်ရှိပါကထိုအားနည်းချက်မှာ -
သူ၏နည်းဗျူဟာများက အလွန်အဆိပ်ပြင်းပြီး ဘာကိုမှချန်မထားတတ်ခြင်းပင်...
Presenter က Rat ၏ ပထမပြိုင်ပွဲကို ဥပမာပေးထားသည်။
မြေအောက်ပြိုင်ကွင်း၏စည်းမျဉ်းမှာ အနိုင်ရသူက သူ့ပြိုင်ဘက်ရဲ့ ပိုင်ဆိုင်မှု၏ ဆယ်ပုံတစ်ပုံကို ရယူနိုင်ပြီး ပြိုင်ပွဲအတွင်း ပြိုင်ဘက်သေဆုံးပါက အနိုင်ရသူသည် ပြိုင်ဘက်ရဲ့ ပိုင်ဆိုင်မှု၏ တစ်ဝက်ကို ရယူနိုင်သည်။
ပုံမှန်အားဖြင့် ပြိုင်ဘက်များက သူတို့ရှုံးမည်ဆိုတာ သိလိုက်ရရင် ပွဲကို ရပ်တန့်ရန်ရွေးချယ်လို့ရသည်။ သူသာ သူ့အရှုံးကို လက်ခံလိုက်ပါက ပြိုင်ပွဲကို ရပ်တန့်လိုက်ပြီး ဆက်လက်ကစားရန်မလိုတော့ပေ။
ရှဲ့ရူဟန်၏ ပထမပြိုင်ပွဲတွင် သူ၏ပြိုင်ဘက်က လက်လျှော့ရန် အချိန်မရခဲ့ဘဲ ရှဲ့ရူဟန်၏ လှုပ်ရှားမှု တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့သည်။
ထိုသတ်ဖြတ်မှုက အလွန်ဆုံးဖြတ်ချက်ခိုင်မာလွန်းပြီး လုံးဝ ပထမဆုံးအကြိမ် မဟုတ်သလိုပင်။
ပထမပြိုင်ပွဲမှစ၍ ယခုအချိန်ထိ ရှဲ့ရူဟန်၏ ပြိုင်ဘက်များအားလုံးအပေါ် သူ၏သဘောထားမှာ သတ်ဖြတ်နိုင်ပါက သတ်လိုက်မည်ဖြစ်ပြီး အလွန်အေးစက်သော စိတ်ထားရှိသူဖြစ်သည်။
ဤစာမျက်နှာတွင် ခွဲခြမ်းစိတ်ဖြာမှုက အဆုံးသတ်သွားပြီး ပြိုင်ပွဲ၏ဓာတ်ပုံတစ်ပုံပါရှိသည်။ အသက် ၁၄ နှစ်အရွယ် ရှဲ့ရူဟန်က အိုမီဂါတစ်ဦးလိုမျိုး လှပနေကာ သူ၏ခန္ဓာကိုယ်ပုံစံသည် အလွန်ထူးခြား၍ ပြတ်သားခိုင်မာတဲ့အကြည့်များရှိသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဓာတ်ပုံကောင်းတစ်ခုလို့ပြောနိုင်သော်လည်း ထိုဓာတ်ပုံကအထင်ကြီးစရာမရှိပေ။သူ့ရုပ်ရည်က ဘယ်လောက်ကြည့်ကောင်းပါစေ သူတည်ရှိနေတဲ့နေရာက အထင်ကြီးဖို့အတွက်မလုံလောက်ခဲ့။
သူက အရပ်ရှည်ရှည်အယ်လ်ဖာ၏ရင်ဘတ်ပေါ်တွင် ဒူးထောက်နေပြီးသူ၏လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားကာ ထိုဓားသည် အခြားသူ၏လည်ပင်းထဲသို့ နက်ရှိုင်းစွာစိုက်ဝင်နေပြီး သွေးများကလည်း သူ၏မျက်နှာ၏တစ်ဝက်ကို ပက်ဖျန်းထားသည်။
ထိုသွေးများက သူ၏ဖြူဖပ်ဖြူရော်မျက်နှာကို တောက်ပသောအရောင်ဖြင့် ဆေးခြယ်ထားသည်။
ထိုပုံစံက သွေးစွန်းနေသော နှင်းဆီပန်းတစ်ပွင့်နှင့် တူလှ၏။
မှတ်ချက်: အလွန်ထူးချွန် ငယ်ရွယ်သော်လည်း အလွန်အေးစက်ပြီး အသက်ကို ဂရုမစိုက်သောကြောင့် လက်နက်စမ်းသပ်သူအဖြစ် အကြံမပြုလိုပါ...
အဘိုးထန်းက ဖိုင်ကိုချထားပြီး ထန်းပိုင်ထံမှ စာတစ်စောင်ကို ကြည့်ရှုလိုက်သည်။
[ဟုတ်ပါတယ်...ရှဲ့ရူဟန်က ကျွန်တော့်သူငယ်ချင်းအသစ်ပါ သူက အေးစက်ပုံပေါ်ပေမယ့် စိတ်ထဲမှာတော့ အရမ်းနူးညံ့တဲ့ သူတစ်ယောက်ပါနော် ~]
အဘိုးထန်း: "......"
အဘိုးထန်းက နှလုံးဆေးများကို ရှာဖွေလိုက်ပြီး သူ့ပုံစံက နှလုံးရောဂါဖောက်နေပုံ ပေါ်သည်။
သူ၏အဖိုးက သူ ဆင်းရဲသားရပ်ကွက်သို့ သွားရောက်ခဲ့ကြောင်း သိရှိမှုကို ထန်းပိုင်က အံ့အားသင့်ခြင်းမရှိပေ။ သူက ကုထူနန်သည် သူ့အကြောင်းကို သူ့အဖိုးထံ သတင်းပို့ခဲ့ကြောင်း သိလိုက်တာမို့ ထန်းပိုင်ကိုယ်တိုင်ကလည်း သူ့အဖိုးထံ ထိုအကြောင်းကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိ။
ခဏအကြာတွင် သူ၏အဖိုးထံမှ အကြောင်းပြန်စာတစ်စောင်ကို ရရှိခဲ့သည်။
[မှော်ငွေသတ္တုကို အချိန်နဲ့နေရာ ကူးပြောင်းခြင်းဆိုင်ရာ လက္ခဏာတွေကို စမ်းသပ်စစ်ဆေးလို့ပြီးခဲ့တာက တစ်ယောက်ပဲရှိသေးတယ်... မှော်ငွေသတ္တုရဲ့ အဲ့လက္ခဏာတွေကို စမ်းသပ်ဖို့လိုနေတုန်းပဲ]
ထန်းပိုင်က ထိုသူ့အကြောင်းကို သူ့အဖိုး ယခင်က ပြောတာကို ကြားဖူးသည်။ ထိုလူက အယ်လ်ဇိုင်းမား ရောဂါခံစားနေရသူဖြစ်ပြီး အချိန်နှင့်နေရာ ကူးပြောင်းခြင်းဆိုင်ရာ လက္ခဏာများရှိတဲ့ မှော်ငွေသတ္တုနဲ့ စမ်းသပ်လိုက်ပြီးနောက်မှာ သူက အတိတ်ကာလများတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ရှင်းလင်းစွာ မှတ်မိလာခဲ့သည်။
ထန်းပိုင်က အတွေးနယ်ချဲ့နေစဉ် ဆက်သွယ်မှုတစ်ခုက သူ၏အတွေးကို ဖြတ်သွားခဲ့သည်။
[ထန်းထန်း စိတ်လှုပ်ရှားတာနဲ့ အလှအပကို ရှာဖွေတာက လူ့သဘာဝမှန်း အဘိုးသိပါတယ်... ကုထူနန်က ပျင်းရိပြီး ရှေးရိုးစွဲလို့ သူ့အသွင်အပြင်ကို မင်းမကြိုက်ရင် အဘိုး မင်းအတွက် အခြားတစ်ယောက်ကို ရွေးချယ်ပေးပါ့မယ်...ဒါပေမဲ့ မင်းကိုယ်တိုင်တော့ အယ်လ်ဖာ ကို မရှာရဘူး......]
ထန်းပိုင်: "???"
အဘိုးထန်းကို ရှဲ့ရူဟန်နှင့် သူ၏ဆက်ဆံရေးက စစ်မှန်သော ချစ်ခင်မှုသာဖြစ်ကြောင်း သူ အာမခံပြီးနောက် အဘိုးထန်း၏ ငြီးငြူနေမှုကို ရပ်တန့်စေလိုက်သည်။
ထန်းပိုင်က ဆိုဖာပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ လဲလျောင်းနေတာမို့ သူ၏အခန်းဖော် ထုံးမန်က မေးလာသည်။
"ဘာဖြစ်နေတာလဲ? ပြန်လာတည်းက စိတ်ညစ်နေတဲ့ပုံနဲ့"
"ငါမင်းကို မေးခွန်းတစ်ခုမေးမယ်.. မင်းက အိုမီဂါ သူငယ်ချင်းအသစ်တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ထားတယ်... မင်းကြိုက်နေတဲ့ အယ်လ်ဖာက အဲ့သူငယ်ချင်းအသစ်နဲ့ အတူရှိနေတယ်ဆိုရင် မင်းဘယ်လိုတုံ့ပြန်မလဲ..."
"စိတ်ပျက်သွားလိမ့်မယ်"
ထုံးမန်က သူ၏ခံစားချက်ကို ဖော်ပြရင်း
"ငါထင်တာက ငါ့ရဲ့ပုံမှန်စိတ်နဲ့ ငါ့မျက်နှာကို ထိန်းထားနိုင်မှာမဟုတ်ဘူး... ဒါ့အပြင် ငါကြိုက်နှစ်သက်တဲ့ အယ်လ်ဖာ နဲ့လည်း စကားပြောနိုင်မှာမဟုတ်ဘူး..."
ထန်းပိုင်က နှလုံးကွဲကြေသွားသလိုခံစားရသည်။
"ဒါဆို မင်းသူငယ်ချင်းအသစ်က သူနဲ့ မင်းကြိုက်နေတဲ့ အယ်လ်ဖာနဲ့က အတုအယောင်စုံတွဲဖြစ်ပြီးတော့ သူကမင်းကြောင့်ချက်ချင်းပဲ အဲ့ဆက်ဆံရေးကို ဖျက်သိမ်းလိုက်တယ်ဆိုရင်ရော မင်းဘယ်လိုတုံ့ပြန်မလဲ..."
ထုံးမန်က ခဏစဉ်းစားပြီးနောက်
"ဒါကလည်း စိတ်မသက်မသာဖြစ်စရာပဲ... ဘာအကြောင်းပြချက်နဲ့ပဲ အတုအယောင်စုံတွဲဖြစ်နေပါစေ ဘယ်သူကမှ အတုအယောင်ဆက်ဆံရေးရှိမှန်း မသိနိုင်ဘူး...ပြီးတော့ ငါ့အတွက်ဆိုပြီး အတုအယောင်ဆက်ဆံရေးကို ဖျက်သိမ်းလိုက်တာက ဒီသူငယ်ချင်းအသစ်က လက်ဖက်စိမ်း မဟုတ်ဘူးလား...."
"ဖြစ်နိုင်ချေအများဆုံးက လက်ဖက်စိမ်းလုပ်တာပဲ... ငါ့ကို သူတို့ကြားမှာ ဆက်ဆံရေးမရှိတော့ဘူးလို့ ပြောပြီး ငါကြိုက်နှစ်သက်တဲ့ အယ်လ်ဖာဆီမှာ ငါ့အကြောင်းကို မကောင်းပြောမယ်.... ငါ့ကြောင့် သူတို့ဆက်ဆံရေးကို ဖျက်သိမ်းလိုက်ရတယ်လို့ ပြောမယ်..."
ထုံးမန်က ခြုံငုံပြောလိုက်သည်။
"တော်တော်ဆိုးတာပဲ"
ထန်းပိုင်: "......"
ထန်းပိုင်က အရာရာတိုင်းသည် ပိုမိုမှောင်မိုက်လာနေသည်ဟု တွေးနေမိသည်။ မူရင်းဇာတ်လမ်းတွင် သူနှင့်လက်ထပ်မည့်သူသည် သူ့အတွက် အကာအကွယ်တစ်ခုသာဖြစ်သည်။ ရှဲ့ရူဟန်သည်လည်း ကုထူနန်နှင့် စတွေ့တုန်းက နက်ရှိုင်းသောခံစားချက်များမရှိပေ။ ထန်းပိုင်ပါဝင်တဲ့အခန်းသည် ရှဲ့ရူဟန်ကို စိတ်အားငယ်စေရန်နှင့် ဇာတ်လိုက်နှစ်ယောက်၏ဆက်ဆံရေးကို မြှင့်တင်ရန်ဖြစ်သည်။
ဥပမာ ကုထူနန်က အလွန်ကောင်းသော အယ်လ်ဖာ ဖြစ်သော်လည်း သူက လွတ်လပ်စွာ ချစ်ခင်နိုင်ခြင်းမရှိဘဲ မိသားစုမှသဘောတူတဲ့ သူမကြိုက်တဲ့ အိုမီဂါနှင့် အတူနေရန် ဖိအားပေးခံရတာမျိုး...
ဥပမာ ထိုအိုမီဂါ၏သဘောထားမှာ ကုထူနန်အပေါ် မကောင်းသောကြောင့် ကုထူနန် သည်းမခံနိုင်တာမျိုး...
သနားစရာကောင်းတဲ့ ကုထူနန်ပါလား + 1
ထန်းပိုင်: "..............."
ထားလိုက်တော့...ရှဲ့ရူဟန်၏စိတ်ထဲမှာ ငါ့ကို ဂရုမထားတတ်တဲ့ အိုမီဂါလို့ ထင်မြင်နေရင်တော့ ကုထူနန်နဲ့ ငါ့ကြား ဘာမှမရှိကြောင်း ရှဲ့ရူဟန် ကို ပြောပြရမယ်!
စာသားများကို ရှည်လျားစွာရိုက်ထည့်ပြီးနောက် ထန်းပိုင်က ပို့လိုက်သည့်အခါတွင်လည်း တုန်လှုပ်နေမိသည်။ ပို့ပြီးနောက် ရှဲ့ရူဟန်၏ အကြောင်းပြန်စာကို မဖတ်ရဲဘဲ
'ဒီအိုမီဂါက မာစတာအဆင့်မက်ချာ ပြုလုပ်သူ' ကိုသာစတင်ရေးသားလိုက်သည်။
ကြယ်တာရာခေတ်တွင် အကျော်ကြားဆုံးဝတ္ထုဆိုဒ်မှာ LuJiang ဖြစ်ပြီး ချစ်ခြင်းမေတ္တာဇာတ်လမ်းများ၊ ချိုမြိန်သော၊ ညှင်းပန်းနှိပ်စက်သော၊ ငယ်ရွယ်စဉ်ကတည်းက ချစ်ခြင်းမေတ္တာ၊ အာဏာရှိသောစသည်ဖြင့် ဝတ္ထုမျိုးစုံပါဝင်သည်။ သို့သော် အိုမီဂါက သူ၏အလုပ်ကိုသာ အာရုံစိုက်သည့်အမျိုးအစားတော့မရှိပေ။
အလုပ်?
အိုမီဂါ၏ အလုပ်က အယ်လ်ဖာကို ချစ်ခြင်းမေတ္တာဖြင့် သိမ်းပိုက်ဖို့ဟုတ်ဘူးလား...
ထန်းပိုင်၏ ယခင်အတွေးအခေါ်သည် ဤအမှားထဲသို့ ကျရောက်ခဲ့သော်လည်း သူက "ဒီအိုမီဂါက မာရှယ်တစ်ဦး" ကို ဖတ်ပြီးနောက် သူ၏အတွေးအခေါ်တို့ ပြောင်းလဲသွားခဲ့သည်။ ချစ်ခြင်းမေတ္တာလား... အိုမီဂါ အလင်းရောင်လေးက ချစ်ခြင်းမေတ္တာကို မလိုအပ်ဘူး!
ထန်းပိုင်က ဇာတ်လိုက်ကို မက်ချာတည်ဆောက်သူ အဖြစ် သတ်မှတ်လိုက်ပြီး ယနေ့ဆင်းရဲသားရပ်ကွက်သို့ သွားရောက်ခဲ့စဉ်က မြင်တွေ့ခဲ့သော အရာများနှင့် ခံစားချက်များကို ပေါင်းစပ်ကာ စိတ်အားထက်သန်စွာ စာရေးရန် စတင်လိုက်သည်။ မကြာမီ သူသည် ပထမအခန်းကို ပြီးမြောက်သွားသည်။
စာသားတွေကတော့... ထန်းပိုင်က စိတ်ရှုပ်ထွေးနေသည်။ ထို့ကြောင့် သူသည် 'ဒီအိုမီဂါက မာရှယ်တစ်ဦး' မှ ရှဲ့ရူဟန်၏ စကားပြောများကို ကူးယူထားသည်။
ထို့နောက် သူက ဆောင်းပါးကို ဖန်တီးပြီးအခန်းများကို ပို့လိုက်သည်။ ထပ်မံထင်ရှားစေရန် ထန်းပိုင်က သူ့ကိုယ်သူ မဲပေးစာရင်းတွင် ထိပ်ဆုံးရောက်ဖို့ ငွေကိုဖြုန်းဖို့ မတွန့်တိုခဲ့။
ထိုအချိန်တွင် ရှဲ့ရူဟန်က ထန်းပိုင် ထံမှ စာတစ်စောင်ကို ဖတ်နေသည်။
ရှဲ့ရူဟန်က "ကုထူနန်နဲ့ ကျွန်တော်က လွတ်လွတ်လပ်လပ် ချစ်ခင်နိုင်တဲ့ ဆက်ဆံရေးမဟုတ်ဘူး... ကုထူနန်က မိသားစု က သတ်မှတ်ထားတဲ့ လက်ထပ်ရမယ့်သူသက်သက်ပဲ ... ကျွန်တော်တို့ကြားမှာ အရင်ကရော အခုရော နောက်ရော တခြား ဆက်ဆံရေးမရှိဘူး"
ဟူသော စာသားကို ဖတ်ရှုပြီးနောက် သူ၏လက်သီးကို ဆုပ်လိုက်မိသည်။
ထန်းပိုင်က ချစ်စရာကောင်းသော အိုမီဂါ ဖြစ်သော်လည်း သူက လွတ်လပ်စွာ ချစ်ခင်နိုင်ခြင်းမရှိဘဲ မိသားစု၏စီစဉ်မှုအတိုင်း သူမကြိုက်သော အယ်လ်ဖာနှင့် အတူနေရန် ဖိအားပေးခံရသည်... သနားစရာကောင်းတဲ့ ထန်းပိုင်ပဲ!
"ကုထူနန်က ကျွန်တော့်လို အိုမီဂါမျိုးကို မကြိုက်ဘူး...သူက ကျွန်တော့်ကို စိတ်တိုစရာကောင်းပြီး အတုအယောင်ဆန်တယ်လို့ ထင်ထားတာကြောင့် သူ့မျက်လုံးထဲကိုမထည့်တာ"
ဟူသော စာသားကို ဖတ်ရှုပြီးနောက်သူ၏လက်သီးကို ပိုမိုဆုပ်လိုက်မိသည်။
ကုထူန်က ထန်းပိုင် ကို မကြိုက်ဘူးလား...
အဲ့ဒါက ကောင်းတာလား ဆိုးတာလားတောင် သူ မသိတော့ဘူး...
ရှဲ့ရူဟန်က macaroonကို ကောက်ယူပြီး တစ်ကိုက်ကိုက်ကာ ထန်းပိုင်ကို မည်သို့ စာပြန်ရမည်ကို မသိတော့ပေ။
ဤစာသားများမှာ ထန်းပိုင်၏စကားများသာဖြစ်ပြီး တကယ်ဟုတ်မဟုတ် သူသေချာမသိ။
အယ်လ်ဖာတစ်ဦးအနေဖြင့် ရှဲ့ရူဟန်က အိုမီဂါ တစ်ဦးထက် အယ်လ်ဖာ၏ စိတ်နေစိတ်ထားကို ပိုမိုနားလည်နိုင်ပြီး ကုထူနန်၏ ယနေ့ညနေက တုံ့ပြန်မှုသည် ထန်းပိုင်အပေါ် ဘာမှမခံစားရသည့်ပုံမပေါ်ပေ။
ဒါက လက်ဖက်စိမ်းရဲ့ နည်းဗျူဟာတစ်ခုပဲဖြစ်နေမလား? နောက်ဆုံးမှာတော့ ရှဲ့ရူဟန်က သံသယများဖြင့် ပြည့်နှက်နေပုံနှင့်
"ကိုယ်သိပြီ"ဟု စာ ပြန်လိုက်သည်။
သူ့စိတ်အနှောင့်အယှက်ဖြစ်မှုကို ဖြေရှင်းရန် ရှဲ့ရူဟန်က ယနေ့မှ ရှာဖွေတွေ့ရှိခဲ့သော ဝတ္ထုဆိုဒ်တစ်ခုကို ဖွင့်လိုက်သည်။
ဝင်ရောက်ကြည့်ရှုပြီးနောက် ထိုဝတ္ထုဆိုဒ်၌
'အိုမီဂါ အလင်းရောင်လေးသည် ချစ်ခြင်းမေတ္တာကို မလိုအပ်ပါ' က 'ချစ်ခြင်းမေတ္တာမရှိ အလုပ်မှာပဲအာရုံစိုက်ပါ' စာရေးဆရာထံ အာကာသယာဉ် ၃၀၀ ကို ပေးပို့ခဲ့သည်" ဟု ကြေညာနေသည်။
(Xixi's note-ဒါကjjwxcတို့မှာauthorကိုsupportချင်ရင်ဝယ်ပြီးပို့ပေးရတာတွေပါ။ရေမြှုပ်မိုင်းတို့၊မြေမြှုပ်မိုင်းတို့၊ဒုံးကျည်တို့ပါ။တန်ဖိုးကလည်း အစားစားရှိတယ်ရယ်)
ရှဲ့ရူဟန်က ထိုဝတ္ထုကို ဖွင့်လိုက်ပြီးနောက် ရင်းနှီးသောခေါင်းစဉ်ကို တွေ့ရှိလိုက်သည်။ ဒီဝတ္ထုက ထန်းပိုင် ရေးမယ့် ဝတ္ထုမဟုတ်ဘူးလား...
ရှဲ့ရူဟန်က စိတ်လှုပ်ရှားစွာဖြင့် စာသားကို ဖတ်ရှုလိုက်သည်။
ကျွင်းထုံးချန်က သူသေပြီးသွားရင် ဖြစ်လာမယ့်ကြယ်ဟာ သူ့ဘဝက ပုန်ကန်တတ်ပြီး သမားရိုးကျမဖြစ်ခဲ့ကာ သူဟာ သာမာန်နဲ့ ကွဲထွက်နေပြီး မဖြစ်နိုင်တာတွေမလုပ်နိုင်တာတွေထဲမှာ နက်ရှိုင်းစွာ ပိတ်မိနေခဲ့သလိုမျိုး ...သူသေပြီးရင်ဖြစ်လာမယ့်ကြယ်က သေးငယ်ပြီး ခပ်ဝေးဝေးမှာရှိကာ တိမ်မည်းတွေကြားထဲမှာပဲ ပိတ်မိနေလိမ့်မယ်လို့ သူက ထင်ခဲ့သည်။
ကျွင်ထုံချန်းက သူကိုယ်တိုင်တည်ဆောက်ထားသော မက်ချာကို မေးခွန်းထုတ်လိုက်သည်၊
"ငါ အဲ့လိုနေ့ကို မြင်တွေ့နိုင်ပါ့မလား..."
မက်ချာက ပြန်ဖြေသည်။
"ဟုတ်ကဲ့ သခင် မြင်တွေ့ရမှာပါ"
ဤစာသားသည် ကျွင်ထုံးချန်၏ စိတ်ကူးနှင့် ရည်မှန်းချက်များကို ဖော်ပြထားသည်။ သူက မဖြစ်နိုင်ဟုထင်ရသော အိပ်မက်များကို လိုက်စားနေသူဖြစ်ပြီး သူ၏မက်ချာက သူ့အတွက် အနာဂတ်ကို မျှော်လင့်ချက်ဖြင့် ဖြေကြားပေးနေသည်။
ထို့နောက် ရှဲ့ရူဟန်က စာများကို ထပ်မံဖတ်ရှုလိုက်ပြီး မဖော်ပြနိုင်သော စိတ်ခံစားမှုများ သူ့ရင်ထဲမှာ ဖြစ်ပေါ်လာရသည်။ စာဖတ်သူနှင့် စာသားများက သဟဇာတဖြစ်သည်ဟု ဆိုကြသော်လည်း သူသည် ယခင်က ဤမျှပြင်းထန်သော သဟဇာတဖြစ်မှုကို မခံစားခဲ့ရဖူးပါ။ ထိုအရာက အခြားအချိန်ကာလတစ်ခုတွင် သူနှင့် ပုံစံတူ လူတစ်ယောက်က သူ၏အမည်မသိ စိတ်ခံစားမှုများကို ဖော်ပြနေသည်ဟု သူ ခံစားနေရသည်။
ဘာကြောင့် ဒီလောက် စိတ်လှုပ်ရှားစရာကောင်းနေရတာလဲ...
ဖြစ်နိုင်တာက...... ထန်းပိုင်က ငါ့အိပ်မက်ထဲက ချစ်သူသာမက ငါ့ရဲ့soul mateလည်း ဖြစ်နေနိုင်တာလား...
ရှဲ့ရူဟန်က နောက်စာသားကို ဖွင့်လိုက်သည်။ ပထမအခန်းတွင် ဇာတ်ကောင်ကို မိတ်ဆက်ထားသည်။ ထိုဇာတ်ကောင်က မိဘများသေဆုံးပြီးနောက် သူ၏ဖခင်ကျန်ရစ်ခဲ့သော စက်ပစ္စည်းစာအုပ်များကို နေ့စဉ်လေ့လာနေသော beta တစ်ဦးဖြစ်သည်။ သူက စက်ပစ္စည်းများကို အလွန်စိတ်ဝင်စားပြီးအမှိုက်ပုံထဲတွင် အစားအစာရှာဖွေနေစဉ်တောင်မှ စက်ပစ္စည်းများအကြောင်းကို ပြောဆိုနေသည်။
ထို့နောက် ဇာတ်ကောင်က အသက် ၁၆ နှစ်တွင် မတော်တဆ အိုမီဂါ အဖြစ်သို့ ပြောင်းလဲသွားပြီး ဆင်းရဲသားရပ်ကွက်ထဲမှ လူဆိုးတစ်ဦးက သူ့ကို အိုမီဂါ အဖြစ် သိရှိသွားကာ မုဒိမ်းကျင့်ရန် ကြံစည်နေသည့် အခန်းဖြင့် အဆုံးသတ်ထားသည်။
ဤသည်မှာ ပထမအခန်း၏အဆုံးဖြစ်ပြီး မဲပေးစာရင်း၏ နာမည်ကျော်ကြားမှုကြောင့် စာဖတ်သူအသစ်များ ဝင်ရောက်လာပြီး တက်ကြွစွာ မှတ်ချက်ပေးနေကြသည်:
[ဒါက အားပြင်းတဲ့ဇာတ်ကောင်လား... ဒီလူဆိုးက သိပ်အားမပြင်းဘူးထင်တယ်... နောက်အခန်းမှာ ပေါ်လာမယ့်သူကမှ လူဆိုးဖြစ်မယ်ထင်တယ်!]
[တရားမျှတပြီး ခန့်ညားတဲ့ ဖက်ဒရယ်ရဲမှူးတစ်ဦးက ကယ်တင်မယ်ဆိုရင် ပိုခံစားရကောင်းမယ်...]
[ငါ့ရဲ့ စာဖတ်တာများတဲ့အတွေ့အကြုံအရဇာတ်လိုက်က အရည်အချင်းပြည့်ဝတဲ့ အယ်လ်ဖာဆီကနေ ရှာဖွေတွေ့ရှိခံရတဲ့ တန်ဖိုးရှိတဲ့ အိုမီဂါတစ်ယောက် ဖြစ်မယ်ထင်တယ်...]
[မက်ချာတည်ဆောက်သူအလုပ်ကလည်း အရမ်းကို အားကျစရာကောင်းတယ်! အာဟ ငါမက်ချာဆရာတွေကို အရမ်းသ ဘောကျတယ်... ဒါပေမယ့် မက်ချာ cpဆိုတာက ဘာလဲဟ ! Gongက စက်ရုပ်လား]
[ဒါက စိတ်ဝင်စားစရာကောင်းတယ်....ဆင်းရဲသားရပ်ကွက်ထဲမှာ အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး ရှိတယ်ဆိုတာ တကယ်ပဲလား]
[..... မင်းတို့တွေ သတိမထားမိဘူးလား... စာရေးသူက ဇာတ်လိုက်က သူကိုယ်တိုင်လုပ်ထားတဲ့ mini-blaster(ဖောက်ခွဲရေးပစ္စည်းအသေးစား)ကို သူ့လက်ထဲကထုတ်လိုက်တယ်လို့ ရေးထားတယ်]
ရှဲ့ရူ
ဟန်က ခဏတာတိတ်ဆိတ်နေပြီးမှ ဤမှတ်ချက်ကို ရေးလိုက်သည်။
စာဖတ်သူတစ်ဦးက ချက်ချင်းစာပြန်လာသည်။
[ဟားဟား ငါမြင်တယ်... ဒါပေမယ့် ဘာဖြစ်လဲ ဇာတ်လိုက်က ဒီအယ်လ်ဖာ ကို ဖောက်ခွဲမှာမို့လို့လား]
_____
There is No Eng Version