no


Chapter 10 


သူ၏ နှာခေါင်းကို ရှုံ့ရင်း ထန်းပိုင်က နူးညံ့စွာရှင်းပြလိုက်သည်။ 


"ခင်ဗျား နားလည်မှုလွဲနေပြီ ...သူက ကျွန်တော့်ရဲ့ သတို့သားလောင်းဆိုပေမယ့် သူကျွန်‌တော့်ကိုမကြိုက်ဘူး" 


ရှဲ့ရူဟန်နှင့် ကုထူနန်တို့၏ နားများသည် တစ်ပြိုင်နက်တည်း နိုးကြားလာသည်။ ထန်းပိုင်က အသံမြင့်မြင့်ဖြင့် ထပ်ပြောလာသည်။ 


"သူက သူ့မိဘတွေကို ကိုင်တွယ်ဖို့ ကျွန်တော့်ကို ဒိုင်းအဖြစ်သုံးနေတာ... သူကျွန်‌ေတာ့်ကိုလုံးဝမကြိုက်ဘူး သတို့သားလောင်းဆိုတာ ကျွန်တော်တို့မိဘတွေပြောကြတာပါ...တကယ်တော့ သူ ကျွန်တော့်ကို စိတ်ဝင်စားမှုမရှိဘူး” 


ရှဲ့ရူဟန်က ကုထူနန်၏ မျက်နှာအမူအရာကို ကြည့်ရန် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ထိုမျက်လုံးများသည် ထန်းပိုင်ကို နက်ရှိုင်းစွာ ငေးကြည့်နေသည့် မီးခိုးပြာရောင်မျက်လုံးများဖြစ်ပြီး မည်သို့ပင် ကြည့်ကြည့် ထန်းပိုင်ကို စိတ်ဝင်စားမှုမရှိဘူးလို့ မထင်ရပေ... 


ဟမ် မင်းတို့က သတို့သားလောင်းတွေဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာမရှိဘူးဆိုတဲ့ အချက်ကို မင်းက ကိုယ့်ကို ယုံကြည်စေချင်‌နေတာလား... 


ထန်းပိုင်က ကြောင်လေးလို ပူဆာလာသည်။  

"အစ်ကိုရှဲ့ ကျွန်တော့်ကို လျစ်လျူမရှုပါနဲ့ နော်...” 


ရှဲ့ရူဟန်: "......" 


ရှဲ့ရူဟန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကိုယ်သူ စိတ်မပျော့သွားရဘူးဟု ပြောနေသည်။ 


ပူဆာခြင်းက အသုံးဝင်မည်မဟုတ်။ လက်ဖက်စိမ်း၏ aegyoလုပ်ပြီး ချော့မြှူခြင်းက သူ့သည်းခံနိုင်စွမ်း၏ နောက်ဆုံးလိုင်းကို ပျက်စီးစေလိမ့်မည်။ ၎င်းက သကြားဖြင့် ဖုံးအုပ်ထားသော အဆိပ်သာဖြစ်သည်။ 

လက်ဖက်စိမ်းကိုငြင်းရမယ်!ကလေးလေးလိုဟန်ဆောင်နေတာကို ငြင်းရမယ်!  


ရှဲ့ရူဟန်က သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ၌ ခိုင်မာစွာ တည်ဆောက်ရန် ကြိုးစားနေသည်။ သူ၏ မျက်နှာပြင်သည် အေးဆေးတည်ငြိမ်နေပြီးသူ၏ မျက်လုံးများသည် အေးစက်ကာခံစားချက်ကင်းမဲ့နေသည်မှာ နံရံဆေးရေးပန်းချီကားတစ်ခုကဲ့သို့ လက်လှမ်းမမီနိုင်သလို ထိလည်းမထိတွေ့နိုင်ပေ။ 


သူသာ အံကြိတ်မ‌နေပါက ပိုပြီးတောင် ကြည့်ကောင်းဦးမည်ပင်။ 


ထန်းပိုင်ရဲ့ ကြည်လင်တောက်ရှင်းနေတဲ့ မျက်လုံးများနဲ့ရင်ဆိုင်လိုက်ရချိန်တွင်တော့ ရှဲ့ရူဟန်မှာ ပိုပြီးမရေမရာဖြစ်သွားရသည်။ ရှဲ့ရူဟန်က ထန်းပိုင်၏ ရိုးသားစင်ကြယ်သော ပန်းကလေးလိုမျက်နှာဖြူဖြူလေးကို ကြည့်နေမိပြန်သည်။ ဘယ်မှညာ ကြည့်လိုက်ပြီး ထန်းပိုင်၏ အဖြူရောင်ရှပ်အင်္ကျီအောက်မှ သွယ်လျပြီး ဖြောင့်စင်းနေသော ကိုယ်ခန္ဓာကို အထက်အောက် စုန်ဆန်ကြည့်နေမိသည်။သူ့စိတ်ထဲမှာ ထန်းပိုင်ကို လက်ဖက်စိမ်းအဖြစ် တွေးကြည့်လို့ကိုမရ။  


ရှဲ့ရူဟန်က စိတ်ရှုပ်မှူနှင့်အတူ သူ၏ မျက်လုံးများက နီရဲလာသည်။ 


ရှဲ့ရူဟန်က မကျေနပ်ချက်များဖြင့် ဝန်းရံနေသည်။ ထိုမကျေနပ်ချက်များကို စကားလုံးများအဖြစ်သာ ပြောင်းလဲနိုင်ပါက… 

မဖြစ်နိုင်တာ… ငါ့ရဲ့ အိပ်မက်ထဲက ချစ်ရသူက လက်ဖက်စိမ်း ဟုတ်တာလား မဟုတ်ဘူးလား... 


ထန်းပိုင်၏ ပယင်းရောင်မျက်လုံးများက သူ၏ စိတ်ဝိညာဉ်ကို ထွင်းဖောက်မြင်နိုင်သည်အထိ ကြည်လင်လှသည်။ ကုထူနန်က သူ့ကိုမချစ်ဘူးဟု သူကခိုင်ခိုင်မာမာ ပြောနေ...... နေဦး... 


ထန်းပိုင်က ကုထူနန် သူ့ကို မချစ်ကြောင်းသာ ပြောခဲ့သည်။ သူကိုယ်တိုင်က ကုထူနန်ကို လုံးဝမကြိုက်ဘူးဟု မပြောခဲ့ပေ။ 


သူပြောနေတာကို သေချာတွေးကြည့်ရင် 

"ကုထူနန်က ကျွန်တော့်ကိုမချစ်ဘူး၊ ဒါကြောင့် ကုထူနန်က ကျွန်တော့်ကိုကြိုက်တယ်လို့ မထင်ပါနဲ့" 


သာမန်လူတစ်ယောက်သာဆို "ငါကုထူနန်ကို လုံးဝမကြိုက်ဘူး" ဟု ပြောသင့်သည် မဟုတ်လား.. 


သူက ထန်းပိုင်ကိုကြိုက်တာ... ကုထူနန်ကိုမကြိုက်ဘူးလေ... ထန်းပိုင်က ကုထူနန် သူ့ကိုမချစ်ဘူးလို့ အလျင်အမြန်ရှင်းပြဖို့ လိုအပ်လို့လား... 


အံ့သြစရာပဲ ...... ဒါက အတော်ကို ကောင်းတဲ့ လှုပ်ရှားမှုတစ်ခုပဲ ...... 


ထန်းပိုင်က သူ ကုထူနန်ကို မချစ်ဘူးလို့ ပြောရင် ကုထူနန်၏ နှလုံးသားကို နာကျင်စေလိမ့်မည်။ ကုထူနန်ကသာ သူ့ကိုမချစ်ဘူးလို့ ပြောရင် သူက(ရှဲ့ရူဟန်) ကုထူနန်အပေါ်ကို အပြစ်ရှိစိတ်ဖြစ်လာစေမည်။ ပထမဆုံးအကြည့်မှာတင် ကုထူနန်နှင့် ထန်းပိုင်ကြားမှာ ဘာဆက်နွယ်မှုမှ မရှိဘူးလို့ ထင်လာလိမ့်မည်။ 

သူက ဒုတိယအဆင့်ကို ကျော်မြင်ပြီး ထန်းပိုင်ကို ပထမအဆင့်မှာပဲရှိတယ်ဟု ထင်ခဲ့သော်လည်း ထန်းပိုင်က ပဉ္စမအဆင့်‌လောက်မှာ ရှိနေသည်။ 


အရာအားလုံးကို တွေး‌တောပြီးနောက် ရှဲ့ရူဟန်က ထန်းပိုင်ကို ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ထန်းပိုင်လို အိုမီဂါအမျိုးအစားကို တကယ်ကြိုက်သော်လည်း ထန်းပိုင်တွင် သတို့သားလောင်း ရှိပြီးသားဖြစ်သည်။ 


စိတ်နာခြင်းက ငြင်းပယ်ဖို့ လုံလောက်အောင်ကို ပြည့်စုံသည်။ 


"မင်းရဲ့ သတို့သားလောင်း ဒီမှာရှိနေတာပဲ နောက်တစ်ခါကစပြီး ဘာဖြစ်ဖြစ် သူ့ဆီသွားပါ ကိုယ်တို့ ဆက်သွယ်ဖို့ မလိုတော့ဘူး" 


ရှဲ့ရူဟန်က ဒီလိုပြောနေတဲ့အချိန်တွင် သူ့မျက်လုံးတွေကို ထန်းပိုင်ဆီမှ လွှဲထားသည်။ ထန်းပိုင်၏ မျက်နှာကို မြင်ရင် ချက်ချင်း ပြန်အညံ့ခံလိုက်မိမှာကို ကြောက်နေမိသည်။


"အား ......?"  


ထန်းပိုင်က ငေးကြည့်နေမိပြီး သူ၏ မျက်လုံးများကို မြင်လိုက်ရသူအဖို့ နှလုံးသားကိုပင် နာကျင်စေနိုင်သည်။ ရှဲ့ရူဟန်က ထန်းပိုင်၏ မျက်နှာကို မကြည့်သော်လည်း ထန်းပိုင်၏ငိုသံကြောင့် သူ့ရဲ့ ငိုနေသော မျက်နှာကို မြင်ယောင်နေမိသည်။ 


ဒါဟာ ထန်းပိုင်၏ ပြဿနာကြောင့်ဖြစ်သော်လည်း ရှဲ့ရူဟန်က သူ့ကိုယ်သူ ကမ္ဘာ့အဆိုးဆုံး လူသားဖြစ်သည့်အလား အပြစ်ရှိသလို ခံစားနေရသည်။ 


"ခင်ဗျား ခင်ဗျား...ဒါကို ဘယ်လိုလုပ်နိုင်တာလဲ"  


ထန်းပိုင်က ငိုချင်လောက်အောင် စိတ်ညစ်နေမိသည်။ အယ်လ်ဖာတွေက အဝတ်အစားလိုဖြစ်ပြီး အိုမီဂါတွေက ညီအစ်မတွေလိုပဲဟု ဆိုကြသော်လည်း ရှဲ့ရူဟန်ကတော့ အယ်လ်ဖာကြောင့်နဲ့ ညီအစ်မဆက်ဆံရေးကို ချိုးဖျက်လိုက်တာလား... 


ရှဲ့ရူဟန်၏ နှလုံးသားက နာကျင်နေရသည်။  

"ညနေစောင်းနေပြီ ကိုယ်ပြန်‌တော့မယ်.."  


သူက ထန်းပိုင်၏ ငိုနေသော အသံကို နောက်ထပ်မကြားချင်တော့ပါ။ သူက အေးစက်သော မျက်နှာဖြင့် လှည့်ထွက်သွားသည်။ ထန်းပိုင်က စိတ်ပျက်လက်ပျက်ဖြစ်သွားရပြီး ရှဲ့ရူဟန်၏ လက်ကို လှမ်းဆွဲလိုက်သည်။ သို့သော် ရှဲ့ရူဟန်၏ လက်ချောင်းထိပ်များကိုသာ ဖမ်းမိလိုက်ပြီး မတော်တဆ သူ၏ အနက်ရောင် လက်အိတ်ကို ချွတ်မိသွားလေ၏။ 


အရိုးအဆစ်လှလှလေးတွေနဲ့ ကောင်းစွာဖွဲ့စည်းထားသော လက်တစ်စုံသည် သူ့ မျက်စိရှေ့တွင် ပေါ်လာသည်။ သို့သော် ထိုလက်တွင် ကြမ်းတမ်းသော မီးလောင်ဒဏ်ရာများ ရှိနေသည်။ 


ဖြူဖပ်ဖြူရော်အရေပြားပေါ်တွင် သစ်ခေါက်ကဲ့သို့သော အနာရွတ်များဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများက သူ၏ အရေပြားအရောင်ထက် ပိုမိုမည်းနက်ပြီး မညီညာသော အစွန်းများရှိသည်။ ထိုအမာရွတ်များက လက်ပေါ်တွင် တွားသွားနေသော ကင်းမြီးကောက်များကဲ့သို့ ဖြစ်နေ၏။ စိတ်အားငယ်သူများအတွက် မြင်ရသည်နှင့် ခန္ဓာကိုယ်တွင် မသက်မသာဖြစ်စေမည်ဖြစ်သည်။ 


ရှဲ့ရူဟန်က ထိုနေရာတွင် ရပ်နေပြီး ထန်းပိုင်ကို ပြန်လှည့်ကြည့်လိုက်သည်။ 


ထန်းပိုင်က ရှင်းရှင်းလင်းလင်း မပြောသော်လည်း ထိုအရာများကို ပထမဆုံးမြင်လိုက်ရသော အချိန်မှာတော့ ထန်းပိုင်ရဲ့ မျက်လုံးထဲတွင် အံ့အားသင့်မှုတို့ရှိ‌နေသည်။ ရှဲ့ရူဟန်က ထန်းပိုင်၏ သူ့အပေါ် စိတ်ဝင်စားမှု တစ်စိတ်တစ်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းမှုကြောင့် ဖြစ်သည်ကို သိသည်။ 


ဒါက အပြစ်ပြောစရာတော့မဟုတ်ပေ။ သူ၏ ထန်းပိုင်အပေါ် စိတ်ဝင်စားမှု အများစုသည်လည်း အပေါ်ယံ ရုပ်ပိုင်းဆိုင်ရာအရေပြားပေါ်တွင် အခြေခံထားသည်။ 


ပထမဆုံးအကြိမ်တွေ့ဆုံးခြင်းမှ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုသော အရာသည် တကယ်တော့ အပေါ်ယံ ရုပ်ရည်တွင် အခြေခံထားသော ချစ်ခြင်းမေတ္တာဖြစ်သည်။ 


ရှဲ့ရူဟန်မှာ ထန်းပိုင်က သူ့ကို ကြောက်ရွံ့သော၊ ရွံရှာသော၊ ကြောက်လန့်သော အကြည့်များကို ပြသလာမည်ဟု သူ၏ စိတ်ထဲတွင် တွေးမိနေ၏။ 


သို့သော် သူတို့မျက်လုံးချင်းဆုံသောအခါ ရှဲ့ရူဟန်က ထန်းပိုင်၏ မျက်လုံးများတွင် နူးညံ့သောအကြည့်ကို မြင်လိုက်ရသည်။ ထိုနူးညံ့သောအကြည့်က သူ၏ စိတ်ထဲရှိ အမှောင်ထုအားလုံးကို ငြိမ်းသတ်ပေးနိုင်သည်။ 


ရှဲ့ရူဟန်က တစ်ခဏတာ စိတ်ရှုပ်ထွေးသွားသည်။ သူက ထန်းပိုင်နှင့် ပထမဆုံးတွေ့ခဲ့တဲ့အချိန်တုန်းကလည်း ထန်းပိုင်က သူ့ကို ထိုနည်းတူ ကြည့်နေခဲ့သည်ကို ရုတ်တရက် သတိရလာမိသည်။ 


"တောင်းပန်ပါတယ် ကျွန်တော်......"  


ထန်းပိုင်က လက်အိတ်ကို ရှဲ့ရူဟန်ထံ ပြန်ပေးလိုက်သည်။ သူက နှစ်သိမ့်စကားပြောချင်သော်လည်း တစ်ချိန်တည်းတွင် ဘာပြောရမှန်း မသိတော့‌ပေ။ 


စာအုပ်ထဲတွင် ရှဲ့ရူဟန်က သူ၏ လက်ပေါ်ရှိ အမာရွတ်များကို ဖုံးကွယ်ရန် အမြဲတမ်း လက်အိတ်များ ဝတ်ဆင်ထားသည်ဟု ဖော်ပြထားပြီး အနာများ၏ အကြောင်းရင်းကို အတိုချုံးဖော်ပြထားသည်။ 


ရှဲ့ရူဟန် ငယ်စဉ်က ရက်ပေါင်းများစွာ ဆာလောင်နေခဲ့ရသောအခါ သူက စိတ်ပျက်လက်ပျက်ဖြစ်ပြီး မုန့်ဆိုင်မှ မုန့်ကို ခိုးယူရန် ကြိုးစားခဲ့သည်။ သို့သော် သူ၏ အတွေ့အကြုံမရှိမှုကြောင့် ဆိုင်ပိုင်ရှင်က ဖမ်းမိခဲ့သည်။ 


ဆိုင်ပိုင်ရှင်က အခြား "ကြွက်"(သူခိုး)များကိုပါ သတိပေးရန် နမူနာအဖြစ် ရှဲ့ရူဟန်ကို ချည်နှောင်ပြီး၊ လူအများရှေ့တွင် ရေနွေးပူဖြင့် လောင်းချခဲ့သည်။ 


ရှဲ့ရူဟန်က အစအဆုံး မငိုခဲ့တာ‌ကြောင့်သတိပေးချက်အဖြစ် နမူနာကို ပိုမိုကောင်းမွန်စွာ မလုပ်နိုင်ခဲ့ပေ။ 


ရေနွေးပူလောင်းခံရပြီးနောက် ရှဲ့ရူဟန်က သူ့ လက်များကို ဂရုမစိုက်ဘဲ ထားခဲ့သည်။ သူက အနာတို့ပြည့်နေသော လက်များဖြင့် အမှိုက်ပုံများကို ရှာဖွေနေခဲ့ရသည်။ ထို့ကြောင့် အနာများသည် ပိုမိုဆိုးရွားလာခဲ့သည်။ 


ထန်းပိုင် စာဖတ်နေစဉ်တုန်းက 

  "အိုး သူ့လက် အပူလောင်သွားတယ်" ဟုသာ နားလည်ခဲ့ပြီး ထိုအတွေးများက သူ၏ စိတ်ထဲတွင် အလင်းလိုမျိုးဖြတ်ပြေးသွားကာ ထို့နောက် ချက်ချင်းပျောက်ကွယ်သွားခဲ့၏။သို့သော် ထိုစကားလုံးများကို လက်တွေ့မြင်လိုက်ရချိန်မှာတော့ သူ ကျောက်တုံးတစ်တုံးလိုမျိုး စိတ်ထဲလေးလံလာရသည်။


ထန်းပိုင်က ချက်ပြုတ်နေစဉ် သူ၏ လက်ပေါ်တွင် ဆီပူစင်မိပြီး အနီရောင်အစက်လေးတစ်စက်ဖြစ်သွားပါက သူသည် ချက်ချင်း ပလာစတာရှာဖွေပြီး အမာရွတ်ဖြစ်မည်ကို စိုးရိမ်နေမိမည်ပင်။ 


အမာရွတ်များကို ဖယ်ရှားရန် အကောင်းဆုံးအချိန်သည် အနာဖေးများ ဖြစ်နေစဉ်ဖြစ်ပြီး ဤနှစ်များတွင် ရှဲ့ရူဟန်၏ လက်ပေါ်ရှိ အနာရွတ်များကို ဖယ်ရှားရန် ခက်ခဲလှသည်။ ခွဲစိတ်ကုသမှုမပြုလုပ်ပါက ထိုအရာများကို ဖယ်ရှားရန် မဖြစ်နိုင်ပါပေ။ 


ထန်းပိုင်က အမာရွတ်များကို ဖော်ထုတ်မိသည့်အတွက် အပြစ်ရှိသလို ခံစားရပြီး ရှဲ့ရူဟန်ကို လက်အိတ်ပြန်ပေးလိုက်သည်။ ထို့နောက် သူက ရှဲ့ရူဟန် နောက်သို့ လှည့်ထွက်သွားသည်ကို ကြည့်ရှုနေမိသည်။ 


Hover car သည် ညအမှောင်ထဲသို့ ပျောက်ကွယ်သွားသည်နှင့် ထန်းပိုင်က လေပူပျားကို မှုတ်ထုတ်လိုက်ပြီး သူ့နှာခေါင်းမှာ ချဉ်စူးစူးဖြစ်လာကာ ငိုချမိတော့မတတ်ပင်။ 


ဒါရိုက်တာ‌‌ဟွမ်က ထန်းပိုင်၏ ပုခုံးကို တဖြည်းဖြည်းပုတ်ပြီး 

"ရှောင်ထန်း ကမ္ဘာမြေကြီးအဆုံးမှာ ပေါက်တဲ့မြက်ဆိုတာမရှိဘူး... ရှောင်ကုကို ကြည့်ပါ သူက မင်းရဲ့ လုံခြုံရေးကို စိုးရိမ်နေတာ... တစ်ခါတည်း ဆက်သွယ်လိုက်တာနဲ့ သူချက်ချင်းလာတယ်...မင်း ရှောင်ကုကို မရှင်းပြချင်ဘူးလား" 


ထန်းပိုင်: "...... ဟင်?" 


"မင်းရဲ့ ခွင့်ပြုချက်စာရွက်ပေါ်က ရက်စွဲအတိုင်း မင်းရဲ့ ချိန်း‌တွေ့တဲ့နေရာကို သိခွင့်ရှိတယ်... မင်းဒီည ဘယ်သူနဲ့သွားတာလဲဘယ်ကိုသွားတာလဲ၊ ဘာလုပ်တာလဲ" 


ကုထူနန်က သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ လူတိုင်းက သူတို့ရဲ့light brain ကို အသုံးပြုပြီး အချက်အလက်များကို မှတ်သားကြသော ခေတ်တွင် စက္ကူ၊စာအုပ်ကို အသုံးပြုပြီး အချက်အလက်များကို မှတ်သားသူ နည်းပါးသည်။ 


ဒါရိုက်တာဟွမ်က ထန်းပိုင်ကို ပြောလာ၏။ 

“သဝန်တိုနေတာ၊သဝန်တိုနေတာ၊သဝန်တိုနေတာ” 

   


ထန်းပိုင်: "......" 


ထန်းပိုင်က ဤသည်မှာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်း နားလည်သည်။ သူက ရှဲ့ရူဟန်ကို အိုမီဂါဖြစ်ကြောင်း သိသော်လည်း အခြားသူများက မသိဘူးလေ... 


"ရှဲ့ရူဟန် နဲ့ “

ထန်းပိုင်က သက်ပြင်းချလိုက်သည်။  


“ဘာလုပ်လုပ် ဒါက ငါ့ကိစ္စပဲ မင်းကို အစီရင်ခံစာတင်ဖို့ မလိုဘူး ဟုတ်တယ်မလား..." 


ကုထူနန်က မျက်လွှာများကို ချပြီး စက္ကူပေါ်တွင် ရှဲ့ရူဟန်ဟူသော စာလုံးကို ရေးလိုက်သည်။ သူ၏ အသံက မတိုးမကျယ်ဖြင့်  

“ဘယ်ကိုသွားတာလဲ၊ ဘာလုပ်တာလဲ" 


"ကုထူနန် အခုကိစ္စ ငါမှားတယ်ထားဦး... ဒါပေမယ့် မင်းက ငါ့ကို အများကြီးညှဉ်းဆဲခဲ့တယ်...ငါပင်ပန်းနေပြီ၊မင်းနဲ့ ငါ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင် မလုပ်ချင်တော့ဘူး... နောက်တစ်ခါကစပြီး မင်းနဲ့ ငါ စေ့စပ်ထားတဲ့သသူတွေ မဟုတ်တော့ဘူး၊ ဟုတ်ပြီလား" 


ဒါရိုက်တာဟွမ်: "!!!" 


လိုချင်သော အဖြေကို မကြားရသောကြောင့် ကုထူနန်က မျက်လုံးများကို ပင့်ကြည့်လိုက်သည်။  


“ကောလိပ်ရဲ့ ဆရာတွေက မင်းကို ငါ့ဆီမှာ ယုံကြည်စွာ အပ်ထားခဲ့တယ်... မင်းဘာလုပ်လုပ် ငါမသိရင် ငါ မင်းအပေါ် တာဝန်မဲ့သလိုဖြစ်လိမ့်မယ်..." 


"တာဝန်" ဆိုသော စကားလုံးကို ကြားလိုက်ရသည်နှင့် ထန်းပိုင်က ဒီနေ့ အဖြေ ပေးကို‌ ပေးရမည်ကို သိလိုက်သည်။

ကုထူနန်က စည်းကမ်းပြင်းထန်ပြီး ဂရုတစိုက်ရှိကာ စည်းကမ်းတွေကို အလွန်တင်းကျပ်သူဖြစ်၏။ တာဝန်ဝတ္တရားပျက်ကွက်မှုက သူ့အဘိဓာန်တွင်မရှိ။ 


"ဆင်းရဲသားရပ်ကွက်ကို သွားတယ်..တစ်ခုခု မှားနေလို့လား” 


ထန်းပိုင်က နည်းနည်းလေး မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ဘောပင်ထိပ်သည် စက္ကူပေါ်တွင် ရပ်တန့်သွားပြီး မှင်အစက်တစ်ခု ဖြစ်‌ပေါ်သွားသည်။  


"ဘာလို့လဲ” 


ထန်းပိုင်က ပေါ့ပေါ့တန်တန် ပြောလိုက်သည်။  

"ဆင်းရဲသားရပ်ကွက်က ပစ္စည်းတွေကို ကြည့်ဖို့"  


သူအမှန်ပြောနေခြင်းပင်။ ပစ္စည်းတွေက နိုင်ငံမှာရောင်းချတာတွေနဲ့ အတူတူပဲဖြစ်သည်။ 


ဘောပင်၏ ထိပ်သည် စက္ကူပေါ်တွင် ငြိမ်နေပြီး မှင်အစက်သည် ပိုမိုကြီးမားလာသည်။ ကုထူနန်၏ အသံသည် အေးစက်ပြီး မာကျောနေသည်။  


"ငါ ဒီအကြောင်းပြချက်ကို လက်မခံဘူး" 


ထန်းပိုင်: "......" 


ကုထူနန်က စာလုံးတစ်လုံးချင်းစီ ပြောသည်။  

ငါ့ကို ယုံကြည်စေမယ့် အကြောင်းပြချက်တွေ ပေး” 


ဒါရိုက်တာ‌ဟွမ်ကလည်း ကူညီနေသည်။ 

"ရှောင်ထန်း စိတ်မညစ်ပါနဲ့ မင်းရဲ့ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုတယ်... ရှောင်ကုတစ်ယောက်ထဲမဟုတ်ဘူး ကျောင်းကလည်း သိဖို့လိုတယ်...” 


ထန်းပိုင်က တကယ့်ကို ပင်ပန်းနေပြီး ဒါရိုက်တာဟွမ်၏ ရှည်လျားသော ဟောပြောချက်ကို နာရီပေါင်းများစွာ နားမထောင်ချင်။ ထို့ကြောင့် သူက မျက်နှာသေဖြင့် ပြောလိုက်သည်။  


"ငါ ဝတ္ထုရေးဖို့ သွားတာ" 


ကုထူနန်က မေးသည်။  

“ဘယ်လိုဝတ္ထုလဲ" 


ထန်းပိုင်က လူကြီးလေးလို နှာ‌ခေါင်းရှုံ့လိုက်သည်။  


"ဆင်းရဲသားရပ်ကွက်က အိုမီဂါတစ်ယောက်အကြောင်း ဝတ္ထု... ငါ လက်တွေ့ကျချင်လို့ အချက်အလက်ယူဖို့ သွားတာ ဒါဆို ရှင်းပြီလားငါ သွားလို့ရပြီလား”


ဤစကားများကို ပြောပြီးနောက် ကုထူနန်၏ ဘောပင်သည် စက္ကူပေါ်တွင် အဓိပ္ပာယ်မရှိသော မှင်အစက်တစ်ခုဖြစ်သွားသည်။ 


ထန်းပိုင်က နောက်ပြန်မကြည့်ဘဲ လမ်းလျှောက်ထွက်သွားသည်။ ဒါရိုက်တာဟွမ်က ကုထူနန်ကို ရှင်းပြရန် မြန်မြန်ပြေးလာသည်။ 


"အိုး ရှောင်ကု စိတ်မထဲထားပါနဲ့ ရှောင်ထန်းက ဒီနေ့ ပင်ပန်းနေတာကြောင့် ဒီလို စိတ်တိုပြီး ပြောတာပါ တကယ်တော့ သူက မင်းကို စိတ်ထဲမှာ ကြိုက်နေတာ ......" 


"ဟုတ်တယ်” 


ဒါရိုက်တာဟွမ်က ရှည်လျားသော ဟောပြောချက်ကို စတင်ရန် စဉ်းစားနေစဉ် ရုတ်တရက် ရပ်တန့်သွားသည်။ သူက ကုထူနန်ကို မယုံကြည်နိုင်တဲ့ပုံစံနဲ့ ကြည့်နေမိသည်။ 


“ကျွန်‌တော် သိပါတယ် သူက ကျွန်တော့်ကိုကြိုက်တယ်ဆိုတာ”  


ကုမိသားစု၏ အခက်ထန်ဆုံး၊ နှင်းခဲကဲ့သို့ အေးစက်သော အထက်တန်းစား အယ်လ်ဖာက တစ်လုံးတည်း ပြောလာသည်။ 


လမ်းတစ်ဝက်တွင် ထန်းပိုင်က နှာချေလိုက်ပြီး နှာခေါ

င်းဖျားကို ပန်းရောင်ဖြစ်သည်ထိ ပွတ်လိုက်သည်။ သူ၏light brainပေါ်တွင် သူ့အဖိုးထံမှ ဆက်သွယ်မှုတစ်ခုကို တွေ့လိုက်ရသည်။ 


[ထန်းထန်း မင်း ဒီနေ့ ဘာလို့ ဆင်းရဲသားရပ်ကွက်ကို မသိတဲ့ အယ်လ်ဖာနဲ့ သွားခဲ့တာလဲ]



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment