no

Ads_900_2
Your Rating
Alternative
C
Author(s)
TianHuaFang
Artist(s)
NA
Genre(s)
Translator
Noveldominion
Release
2020
Status
ongoing
0 comments
28 user maked bookmark

Summary


                            Why are the protagonist Gong and Shou fighting because of me
                        

                            ထန်းပိုင်က ချမ်းသာ‌ကြွယ်ဝသော မိသားစုတွင် မွေးဖွားလာခဲ့သည်။သူ့ခန္ဓာကိုယ်မှာ နူးညံ့သွယ်လျပြီး သူက အလိုလိုက်ခံထားရ၍ပျက်စီးနေသော သခင်လေးကဲ့သို့ နေထိုင်ရတာကို သဘောကျ၏။ သူ့မိသားစုက ရွေးချယ်စရာအများအပြားထဲမှ သူ့အတွက် ချောမောပြီးချမ်းသာသော သတို့သားလောင်းကို ရှာပေးခဲ့သည်။ သို့သော် ထို‌စေ့စပ်သူမှာ အမှီအခိုကင်းကာ သန်မာပြီး ဤစီးပွားရေးအရ လက်ထပ်ခြင်းကို ခံနိုင်ရည်အပြည့်ရှိမည့် အိုမီဂါကိုသာ သဘောကျသည်။ 

တစ်နေ့မှာတော့ ထန်းပိုင်၏ ဦးနှောက်တွင် တစ်ခုခုဖြစ်သွားပြီးနောက် သူက စာအုပ်တစ်အုပ်ထဲတွင် ရှင်သန်နေခြင်းကို ယုံကြည်ရန် ဖြစ်လာခဲ့သည်။ သူက အမြှောက်စာဇာတ်ကောင်shouလေးဖြစ်ပြီး သူ့ရဲ့ စေ့စပ်သူကတော့ ဇာတ်လိုက်gongဖြစ်သည်။ ဇာတ်လိုက်shouဖြစ်တဲ့ ရှဲ့ရူဟန်မှာ အယ်လ်ဖာအဖြစ် ဟန်ဆောင်ထားသော အမှီအခိုကင်း၊ သန်မာလှသော အိုမီဂါတစ်ဦးပင်ဖြစ်သည်။ အနာဂတ်တွင် သူက မာရှယ်တစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး အိုမီဂါတွေရဲ့ အလင်းရောင်လည်း ဖြစ်လာမည်ပင်။

သူ အရမ်းကို ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး လုပ်ထားရတဲ့ အချစ်တွေအပြည့်နဲ့ ထမင်းဘူးတွေကို သူ့စေ့စပ်ထားသူက ကြည့်တောင်မကြည့်ဘဲ ငြင်းလိုက်တာက အံ့ဩစရာမရှိတော့ပါဘူး! ဘေးကို လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ထန်းပိုင်၏ မျက်လုံးတွေက နီရဲလာရတော့သည်။ရှဲ့ရူဟန်က အရသာဆိုးရွားသော လေ့ကျင့်ရေးအစားအစာများကို စားနေသည်ကို သူမြင်လိုက်ရ၏။ အိုမီဂါတွေရဲ့ အနာဂတ်အလင်းရောင်လေးက ဘယ်လိုလုပ်ပြီး ဒီလို ဝက်တွေကိုကျွေးသလို ဆိုးရွားလွန်းတဲ့ အစာတွေကို စားနိုင်ရတာလဲ?

ထန်းပိုင်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။
"ဒါက ငါကိုယ်တိုင်လုပ်ထားတာတွေပါ ။ ငါတို့အိုမီဂါတွေက ငါတို့ရဲ့ အစားအသောက်နဲ့ ငါတို့ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ် ~"

ရှဲ့ရူဟန်: ........?

ထန်းပိုင်ကို ပထမဆုံး စတွေ့လိုက်တဲ့အချိန်က ရှဲ့ရူဟန်မှာ ထိုအိုမီဂါလေးက ငိုနေတဲ့အချိန်တောင်မှ သူ့စိတ်ကူး‌တွေထဲက အိုမီဂါ၏ပုံစံနှင့်တူနေဆဲပင်ဖြစ်သည်။ ထန်းပိုင်က ဖြူစင်တယ်၊နူးညံ့တယ်၊လှပတယ်၊ချစ်ဖို့ကောင်းတယ် ဆိုပေမယ့် သူ့မှာ စေ့စပ်ထားသူရှိနေပြီဖြစ်သည်။

ရှဲ့ရူဟန်က ပူဆွေးသောကရောက်နေရင်း ပြောမိသည် : "ငါ တတိယလူမဖြစ်ချင်ဘူး "

ထန်းပိုင်က အလွန်လှုပ်ရှားသွားရသည်။ ရှဲ့ရူဟန်က သူနဲ့ ညီအစ်မကောင်းတွေဖြစ်သွားကြပြီဖြစ်ပြီး သူ့ဆီကလူကို ခိုးသွားမှာမဟုတ်ဘူးဟု တွေးလိုက်မိသည်။ ပြောတာကြားဖူးတာကတော့ အယ်ဖာတွေက(အိုမီဂါတွေအတွက်)အဝတ်အစားနှင့် တူတယ်ဆိုလျှင် ညီအစ်မကောင်းတွေကတော့ လက်တွေ ၊ခြေထောက်တွေနှင့်တူတယ်ဟု ပြောကြသည်။ စိတ်မပူပါနဲ့...ငါ သေချာပေါက် မင်းကို ဂရုစိုက်ပေးမှာပါ!

ရှဲ့ရူဟန် : .........

မကြာမီတွင် ရှဲ့ရူဟန်က ကောလဟာလတစ်ခု ကြားလိုက်ရသည်။ ထန်းပိုင်၏ စေ့စပ်ထားသူမှာ ထန်းပိုင်ကို မုန်းနေသည်။ သို့သော် သူ့မိဘတွေကို မငြင်းဆန်နိုင်တာမို့ ထန်းပိုင်ကို နေရာတိုင်းမှာ အခက်အခဲဖြစ်အောင် ဖန်တီးရုံသာ တတ်နိုင်သည်တဲ့လေ ။ 

ရှဲ့ရူဟန် : သူက ငါ့ရဲ့ စိတ်ကူးအိပ်မက်တွေထဲက ငါ့လက်တွေနဲ့ ဆုပ်ကိုင်ထားချင်မိတဲ့ အိုမီဂါပဲ ! မင်းက သူ့ကို တန်ဖိုးမထားဘူး!ဟုတ်လား? အမှိုက်ကောင် !

ရှဲ့ရူဟန် :ဒါက လူတစ်ယောက်ကို ခိုးယူရုံပဲမဟုတ်လား? တကယ် ချိုမြိန်တာပဲ...

ထန်းပိုင်က ထိတ်လန့်စရာတစ်ခုကို တွေ့လိုက်ရသည် : ဘာလို့များ အဓိက ဇာတ်လိုက် Gongနဲ့ Shouက ငါ့အတွက် တိုက်ခိုက်နေကြတာလဲ? 

ထန်းပိုင် : အိုး သူတို့က အချစ်နဲ့အမုန်း ဆက်ဆံရေးတစ်ခုရှိနေတာပဲဖြစ်ရမယ် !


____________________
                        

Lastest Manga Update


Chapter1 04,May,2025
Chapter2 04,May,2025
Chapter3 04,May,2025
Chapter4 04,May,2025
Chapter5 04,May,2025
Chapter6 04,May,2025
Chapter7 04,May,2025
Chapter8 05,May,2025
Chapter9 05,May,2025
Chapter10 05,May,2025
Chapter11 05,May,2025
Chapter12 05,May,2025
Chapter13 05,May,2025
Chapter14 05,May,2025
Chapter15 05,May,2025
Chapter16 05,May,2025
Chapter17 05,May,2025
Chapter18 05,May,2025
Chapter19 05,May,2025
Chapter20 05,May,2025
Chapter21 05,May,2025
Chapter22 09,May,2025
Chapter23 09,May,2025
Chapter24 09,May,2025
Chapter25 10,May,2025
Chapter26 10,May,2025
Chapter27 10,May,2025
Chapter28 10,May,2025
Chapter29 10,May,2025
Chapter30 10,May,2025
Chapter31 30,June,2025
Chapter32 13,July,2025
Chapter33 13,July,2025
Chapter34 04,September,2025
Chapter35 04,September,2025
Chapter36 04,September,2025
Chapter37 04,September,2025
Chapter38 04,September,2025
Chapter39 04,September,2025
Chapter40 04,September,2025

Manga DISCUSSION


Leave A Reply

you must Login or register to post a comment