no


Chapter 16 


ထန်းပိုင်က ထောက်လှမ်းရေးလက်နက်သုတေသနဌာန၏ အိုမီဂါသန့်စင်ခန်းထဲတွင် ထိုင်နေရင်း  

“သန့်ရှင်းရေးစက်‌ရုပ်တွေက မိလ္လာရေဆိုးကို ဘယ်လိုသန့်စင်ကြလဲဆိုတာ လူတွေကတကယ်သိချင်နေကြတာ”  

ဟုသူကိုယ်တိုင်ပြင်ဆင်ထားသည့် စက်ရုပ်လေးကို ချစ်စရာအပြုံးဖြင့်ကြည့်နေသည်။   


ထို့နောက်သူက မှော်‌ငွေဆွဲကြိုးဖြင့် ပတ်ထားသည့်လက်ကိုအသုံးပြုကာ လျှပ်စီးအမြန်နှုန်းနဲ့ စက်ရုပ်ရဲ့ဖင်ပိုင်းတစ်နေရာရာကို ဖိလိုက်သည်။   


စက်ရုပ်ကလေး: ? 


လေထဲတွင် ဖင်ပိုင်းတင်နေသေးသော စက်ရုပ်လေးသည် တစ်ချက်တည်းဖြင့်ကွဲသွားပြီး “ဘန်း” ဆိုပြီးအသံထွက်ကာ မြေပြင်သို့ထိုးကျသွားသည်။   


ထန်းပိုင်က စိတ်လှုပ်ရှားစွာဖြင့် လက်များကိုပွတ်လိုက်ပြီး သူ့ခြေထောက်တွင်ဝတ်ဆင်ထားသည့် အပေါက်ပါသော ဖိနပ်မှ လုပ်ငန်းဆောင်ရွက်စရာကိရိယာများအားထုတ်လိုက်သည်။ သူသည် ပါလူးလူး (Palulu) အရုပ်တစ်ခုအား ပြုပြင်နေသကဲ့သို့ ပျော်ရွှင်စွာ စက်ရုပ်၏ပရိုဂရမ်ကို ပြင်ဆင်နေသည်။   


သုံးမိနစ်ကြာပြီးနောက် ထန်းပိုင်က သူ၏လက်များကို ဆေးကြောကာ ဆံပင်များကို ဖီးသင်လိုက်ပြီး သန့်စင်ခန်းထဲမှ လှပစွာထွက်လာလိုက်ပြီး ကြေကွဲစရာကောင်းလောက်အောင် ပြုပြင်ခံထားရသည့် သန့်ရှင်းရေးစက်ရုပ်ကလေးမှာတော့ သူ့နောက်တွင်ကျန်ခဲ့လေသည်။ထိုစက်ရုပ်တွေကို ဖက်ဒရေးရှင်းစစ်တက္ကသိုလ်သို့ ပို့ဆောင်မည်ဖြစ်သည်။ မပို့ဆောင်ခင်တွင် ထိုစက်ရုပ်များကို စူးစမ်းလေ့လာစိတ်ပြင်းပြနေသော စက်ပြင်ဆရာများ၏ရန်မှ ရှောင်ရှားရန်အတွက် ထိုစက်ရုပ်များတွင် Sအဆင့်အကာအကွယ်စနစ်တပ်ကာ မြှင့်တင်ထားတာဖြစ်သည်။  

ဒါပေမယ့် အခုအချိန်မှာတော့ ပုံမှန်မဟုတ်တော့တဲ့ စက်ရုပ်လေးတစ်ရုပ်ရှိနေပြီဆိုတာ ဘယ်သူမှ သတိမထားမိကြပါပေ။ 


တရားခံ ထန်းပိုင်သည် လက်နက်ဌာနမှ သူ၏အိတ်အ‌သေးလေးနဲ့ ထွက်ခွာလာစဉ် လမ်းတစ်ဝက်၌ပင် ဖက်‌ဒရေးရှင်းစစ်တက္ကသိုလ်ရှိ ဆရာကျောက်ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။ 


စာထဲတွင် ချင်းကျွင်က သူ့အားခွင့်လွှတ်ပေးဖို့မျှော်လင့်ကာ ပြုပြင်ပြောင်းလဲရန်ဆန္ဒရှိကြောင်း၊ ကျောင်းတွင်းအိုမီဂါကို အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းသား၏အရှုပ်တော်ပုံမှာ ပေါ်လာပြီး ကျောင်း၏ ပုံရိပ်ကို ညှိုးနွမ်းစေမည့် ကိစ္စမျိုး မဖြစ်စေလိုဘဲ တိတ်တဆိတ်ပြီးသွားစေလိုကြောင်းနှင့် ထန်းပိုင်ကိုလည်း သဘောထားကြီးပေးစေလိုကြောင်း ပြောထား‌လေသည်။ 


ထို့အပြင် ဆရာကျောက်ကလည်း ဤနည်းဖြင့်ဖြေရှင်းခြင်းသည် လူတိုင်း၏ ဂုဏ်သိက္ခာအတွက် ကောင်းမည်ဖြစ်ပြီး “ထန်းပိုင်က ချင်းကျွင်ကို ကျောင်းထွက်စေရန်အထိ ကြိမ်းမောင်းသည်” ဟူသော စကားများကို လိုချင်လိမ့်မည်မထင်ကြောင်း အကြောင်းပြချက်များပေးလေသည်။ 


လူ့အဖွဲ့အစည်းသည် အိုမီဂါများနဲ့ပတ်သက်ပြီးအလွန်တင်းကျပ်ကာ မည်မျှမှားယွင်းသော ကောလာဟလပင်ဖြစ်စေကာမူ "အပျက်"ဟု အမည်တွင်ပြီး စွန်းထင်းလိုက်မိသည်နှင့် ဘယ်လိုမှအဖက်ဆယ်ရနိုင်မည်မဟုတ်တော့ပေ။  


လူတွေကနောက်ကွယ်မှာ ယင်ကောင်တွေက အပြစ်ကင်းတဲ့ ဥတွေကို မကိုက်ဘူး၊ဥ‌က မကောင်းလို့ကိုက်တာလို့ ပြောကြလိမ့်မည်။ ချင်းကျွင်က ဘာလို့တခြားအိုမီဂါတွေကို အပျက်‌ ကောင် လို့ မခေါ်ဘဲ ထန်းပိုင်ကိုပဲ ခေါ်တာလဲလို့ သိချင်ကြလိမ့်မည်။ 


ထန်းပိုင်က မက်ဆေ့ခ်ျကို စိုက်ကြည့်ရင်း ညင်သာစွာ ပြုံးလိုက်သည်။ သူ့ရဲ့ ပြုံးနေတဲ့ ပယင်းရောင် မျက်လုံးတွေက စီးဆင်းနေတဲ့ ပျားရည်နဲ့ ဆင်တူပြီး အလွန်ကြည့်ကောင်းနေကာ "ဆရာကျောက် ခင်ဗျားပြောတာ မှန်ပါတယ်" ဟုပြန်ပြောလိုက်သည်။ 


သူက ခေါင်းကို နည်းနည်းညိတ်ပြီး တိုးတိုးလေးပြောလိုက်သည်။ 

"ဒါပေမယ့် ~ ကျွန်တော်နားမထောင်ဘူး ကျွန်တော်နားမထောင်ဘူး" 


"တိတ်တိတ်‌လေးတောင်းပန်တာက ဘယ်လိုလုပ်ပြည့်စုံမှာလဲ... အနည်းဆုံးတော့ တစ်ကျောင်းလုံး ရှေ့မှာ တောင်းပန်ရမယ်..ပြီးရင် တောင်းပန်တဲ့ဖြစ်စဉ်ကိုပါ အင်တာနက်တစ်ခုလုံးကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသင့်တယ်" 


"ကျွန်တော် တစ်ယောက်ထဲ ဘယ်လိုလုပ် တောင်းပန်တာခံနိုင်မှာလဲ... ချင်းကျွင်ကြောင့် နာကျင်ခဲ့ရတဲ့ အိုမီဂါကရော တောင်းပန်ခံရဖို့မလိုဘူးလား... ချင်းကျွင်ကြောင့် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို နင်းခြေခံခဲ့ရတဲ့ ကျောင်းသား ရှဲ့ရူဟန်ကလည်း တောင်းပန်ခံရဖို့ မလိုဘူးလား... ချင်းကျွင်ကြောင့် အနိုင်ကျင့်ခံခဲ့ရပြီး အထင်သေးခံခဲ့ရတဲ့ အရပ်သား ကျောင်းသားတွေကရော တောင်းပန်ခံဖို့ မလိုဘူးလား"  


နောက်ဆုံးမှာ သူကဆရာရဲ့ အတွေးအခေါ်နည်းလမ်းကိုသုံးပြီး ပြောလိုက်‌သည်။  


"မြန်မြန်တောင်းပန်လိုက်တာ ပိုကောင်းပါတယ်... ရာဇ၀တ်မှုတွေကို ကျူးလွန်တဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးတဲ့ကျောင်းလို့ခေါ်ခံရတာကို ကျောင်းကကြိုက်မယ်လို့ မထင်ဘူး...ဒါက ဆရာတွေရဲ့ အမှားမဟုတ်ဘူးဆိုရင်တောင် ရှေးလူကြီးတွေ ပြောခဲ့တဲ့အတိုင်းပဲ တပည့်မကောင်း ဆရာ့ခေါင်းလို့ ပြောခံနေရလိမ့်မယ်...” 


အမူအရာကင်းမဲ့စွာနဲ့ သူကပို့လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေတဲ့ ဆရာကျောက်ဆီက "အင်း" ဆိုတဲ့ စကားကို မြင်လိုက်ရသည်။



ငါ့ကို နောက်နေတာလား ထန်းပိုင်ကို တောင်းပန်ရမယ်ဆိုတာ မလုံလောက်သေးဘူး အဲဒီ ခွေးကောင်တွေကို တောင်းပန်ရမယ်တဲ့လား... 


သူတို့ရဲ့ နိမ့်ကျတဲ့သွေးကိုက အပြစ်ပဲ။ သူတို့ရဲ့ ရေမြောင်းနဲ့တူတဲ့သွေး၊ သူတို့ရဲ့ စက်ဆုပ်ရွံရှာမှုတွေ၊ ဆင်းရဲမွဲတေမှုတွေအားလုံးနဲ့ သူတို့ရဲ့ တန်ဖိုးမရှိမှုကို အစောကတည်းက နားလည်သင့်ပြီး သူတို့ကိုယ်သူတို့ပြန်ပြင်ဆင်ဖို့အတွက် အနိမ့်ဆုံးအလုပ်ကြမ်းမျိုးပဲလုပ်သင့်တယ်... အထူးသဖြင့် ရှဲ့ရူဟန်လိုမျိုး ဆင်းရဲသားရပ်ကွက်မှာ မွေးဖွားလာတဲ့ အပုပ်နံ့ထွက်သူတွေ... 


ဒါပေမယ့် ရှဲ့ရူဟန်က မရှက်မကြောက် ဖက်ဒရယ်စစ်တက္ကသိုလ်မှာ စာရင်းသွင်းပြီး စစ်ယူနီဖောင်းနဲ့ သူ့ရဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေပြီးတော့ တစ်နည်းနည်းနဲ့ အမှိုက်ကောင်ထန်းပိုင်ကို လူတိုင်းရှေ့မှာပဲ သူ့ကို အရှက်ရအောင် လုပ်ခိုင်းစေခဲ့တယ်... 


မယုံကြည်နိုင်ခြင်း၊ သိက္ခာကျခြင်း၊ မကျေနပ်ခြင်း...ခံစားချက်တွေ ရောနှောပြီး ချင်းကျွင်ရဲ့ မျက်နှာက ဒေါသတကြီး နီရဲလာကာ သူ အော်လိုက်သည်။ 


"မလုပ်နိုင်ဘူး!"  


သို့သော် ဗိုလ်လောင်းကျောင်းမှ ဆရာများက သူ့ကို အေးစက်စွာ ကြည့်နေကြသည်။ အရပ်သားကျောင်းသားသည် ချင်းကျွင်၏ အဆင့်အတန်းကို သတိထားကောင်းထားနိုင်သော်လည်း လူလတ်တန်းစားမိသားစုကတော့ ထိုဆရာများကို ခြိမ်းခြောက်ရန်မလုံလောက်ပါပေ။ 


ထို့အပြင် ချင်းကျွင် သည် ချင်းမိသားစု၏ အမွေဆက်ခံသူမဟုတ်ပါ။ 


ဆန့်ကျင်ဘက်အနေနှင့် ထန်းမိသားစု၏ ဒေါသကမှ စိုးရိမ်စရာ အကြောင်းရင်းတစ်ခုဖြစ်သည်။ အထူးသဖြင့် အင်ဂျင်နီယာဌာနရှိ ပါမောက္ခတစ်ဝက်နှင့် ဌာနရှိ ကျောင်းသားတစ်ဝက်ကို သင်ကြားပေးခဲ့သော အဘိုးထန်း၏ ဒေါသပင်ဖြစ်သည်။ 


ချင်းကျွင်က အင်ဂျင်နီယာကျောင်းသားဆိုပါက ထိုပါမောက္ခများမှာ ထန်းမိသားစု‌တောင် ဝင်ပါစရာမလိုဘဲ သူ့ကို ထောင်ထဲသို့ ပို့လိမ့်မည်။ 


ဆရာကျောက်က ချင်းကျွင်ကို စိုက်ကြည့်နေပြီး သူ့အကြည့်က အေးစက်နေကာ သူ့ရဲ့ အရှိန်အဝါက တင်းမာပြီး အေးစက်နေကာ စကားလုံးတစ်ခွန်းသာ ပြောလိုက်သည်။ 


"ဒါဆိုရင် ထောင်ထဲကို သွား” 


ဆရာကျောက်ရဲ့ အေးစက်ပြီး ခံစားချက်မဲ့တဲ့ မျက်လုံးတွေနှင့် သူ့နောက်က ဆရာတွေရဲ့ ဒေါသထွက်နေတဲ့ မျက်နှာတွေကို မြင်လိုက်ရပြီး "ထောင်" ဆိုတဲ့ စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ ရေခဲရေတစ်ခွက်လုံးကို ချင်းကျွင်အပေါ် သွန်းလောင်းလိုက်သလိုမျိုး ဖြစ်သွားပြီး သူ့ရဲ့ ဒေါသကို ချက်ချင်း ငြိမ်းသွားစေကာ ကြက်တစ်ကောင်လို ရပ်နေမိသည်။ 


မဟုတ်ဘူး...... 


ချင်းကျွင်က ရုတ်တရက် သတိဝင်လာပြီး သူ့ကိုယ်ထဲတွင် အေးစိမ့်သွားရသည်။ 


မဟုတ်ဘူး သူ ထောင်ထဲကို သွားလို့မဖြစ်ဘူး... 

သူက အရမ်းငယ်သေးတယ်... သူ့မှာ ကြီးမားတဲ့ အနာဂတ်တစ်ခု ရှိသေးတယ်.. ဒီခွေးကောင်တွေအတွက်ကြောင့်နဲ့ သူ့ကိုယ်သူ ဖျက်ဆီးလို့ မဖြစ်ဘူး... 


သူ့ခြေထောက်ဘေးမှာ ချထားသည့် လက်က တဖြည်းဖြည်း လက်သီးဆုပ်ဖြစ်သွားသည်။ လက်သည်းတွေက အသားထဲကို နစ်ဝင်သွားတဲ့အထိ တင်းကျပ်သွားသည်။ ချင်းကျွင်ရဲ့ မျက်လုံးတွေထဲမှာ ထောင်အကြောင်း တွေးမိတဲ့အခါ ကြောက်ရွံ့မှုနဲ့ နာကျင်မှုတွေ ထွက်လာလေသည်။ 


"ဆရာကျောက်... ခင်ဗျားကို ကြည့်ပါဦး.. စိတ်လည်းမရှည်ဘူး ...ကျောင်းသားတွေကိုတောင် မစည်းရုံးရသေးဘူး သူတို့ မလုပ်ချင်ဘူးဆိုတာကို ခင်ဗျား ဘယ်လိုသိလဲ..."  

လို့ ဆရာဝမ်က အခြေအနေကို‌ ပြောင်းဖို့ထွက်လာ၏။ သူက ချင်းကျွင်ရဲ့ ပခုံးကို ပုတ်ကာ 

"ကျောင်းသား ချင်းကျွင်... ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင်ကျောင်းသားသစ်တွေရဲ့ တရားဝင် စစ်သင်တန်းချိန် ဖြစ်နေတာပဲ ဌာနတစ်ခုစီက ကျောင်းသားသစ်တွေအတွက် တိုက်ရိုက်ထုတ်လွှင့်မှုလိုမျိုးရှိတယ်မဟုတ်ဘူးလား" 


"တစ်ခြားနေ့ကိုရွှေ့နေတာထက်စာရင် ဒီနေ့က ပိုကောင်းတယ်လို့ငါထင်တယ်... ဒီနေ့ပဲ လူတိုင်းကို တောင်းပန်လိုက်ရင်ကော"  


သူ့ရဲ့ အမူအရာက ကြင်နာပြီး ချင်းကျွင်အတွက် ကောင်းဖို့ကို စိတ်ထဲမှာ ထားထားသလိုမျိုး ဖြစ်နေပေမယ့် တကယ်တမ်းမှာတော့ သူက ချင်းကျွင်နဲ့ ပတ်သက်မှုကို ဖြတ်ပစ်လိုက်တာပင်ဖြစ်သည်။ 


သူက ချင်းမိသားစုဆီက ပိုက်ဆံယူပြီး ချင်းကျွင်ကို ဂရုစိုက်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အဲ့ပိုက်ဆံတွေက ချင်းကျွင်အတွက် ထန်းမိသားစုကိုစော်ကားဖို့ မတန်ပေ။ 


ချင်းကျွင်မှာ သူ့ပခုံးပေါ်က လက်မှရုန်းထွက်ဖို့ ခက်ခဲနေပြီး လက်မှာ အားကောင်းလွန်းသည့်အပြင် လေထဲကမမြင်နိုင်တဲ့ လေထုဖိအားကလည်း ချင်းကျွင်ရဲ့ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။ 


ထန်းမိသားစု၊ ထန်းပိုင်... 


ချင်းမိသားစုက ထန်းမိသားစုလောက် မကောင်းပေမယ့် ထန်းပိုင်က အလှပန်းအိုး အိုမီဂါတစ်ယောက်သာဖြစ်ပြီး သူ့ကို ဘာမှအန္တရာယ်မှ မဖြစ်နိုင်ဘူးလို့ သူထင်ခဲ့မိသည်။ 

သေလိုက်ပါတော့ကွာ... 


ချင်းကျွင်က အရှက်ကွဲမှုတွေနဲ့ ပြည့်နှက်နေသည့်အတွက် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ နောက်ဆုံးမှာမှ သူ့သွားတွေကြားထဲကနေ စကားလုံးတစ်လုံးကို ညှစ်ထုတ်လိုက်သည်။


ဆရာဝမ်က သက်ပြင်းချပြီး သူ့နဖူးပေါ်က ချွေးစက်လေးတွေကို လက်ဖဝါးနဲ့ သုတ်လိုက်ပြီး ဆရာကျောက်ဘက်ကို မျက်နှာလှည့်ပြီး ပြေလည်စေလိုသည့်ပုံစံနဲ့ ပြောသည်။ 


"သခင်လေးထန်းနဲ့ ကျွန်တော် ညှိနှိုင်းပါရစေ...ဆရာကျောက်က သခင်လေးထန်းကို ဒေါသထွက်အောင် လုပ်ခဲ့တာပဲလို့ ကျွန်တော်ထင်တယ် အဲလိုဖြစ်လို့မရဘူး..." 


ရှဲ့ရူဟန်က ကြမ်းတိုက်တံကို ကိုင်ပြီး အိမ်သာကြမ်းပြင်ကို တိုက်နေလေသည်။ ကျောင်းမှာ ကျောင်းသားသစ်တွေရဲ့ တရားဝင် စစ်သင်တန်းချိန် ရောက်နေပြီး ရိုးရာကျောင်းဝင်ခွင့် အခမ်းအနားကို မနက် ၉ နာရီမှာ ကျင်းပလေ့ရှိသည်။ 


သူက ဖက်ဒရေးရှင်းစစ်တက္ကသိုလ်ရဲ့ တရားဝင် တိုက်ရိုက်ထုတ်လွှင့်မှုကို နှိပ်ပြီး တိုက်ရိုက်ဖန်သားပြင်ကို ပရောဂျက်ရှင်မုဒ်အဖြစ်ပြောင်းကာ အမည်းရောင် တိုက်ရိုက်ထုတ်လွှင့်မှုပေါ်မှာ ဆက်တိုက်ပြနေတဲ့ ရေတွက်မှုကို ကြည့်နေ၏။ 


၅:၀၂


(တိုက်ရိုက်ထုတ်လွှင့်မှုစဖို့ အချိန်ရေတွက်နေတာပါ) 


"ငါးမိနစ်ပဲ ကျန်တော့တယ်... ရှဲ့ ရူဟန် မင်း ဒီမှာ ဘာလုပ်နေတာလဲ!"  


ခြေသံတွေ တဒုန်းဒုန်းနဲ့အတူ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ 


ရှဲ့ရူဟန်က မော့ကြည့်လိုက်ကာ ဆရာဝမ်က အိမ်သာထဲကို ပြေးဝင်လာပြီး သူတိုက်ထားတဲ့ ကြမ်းပြင်ပေါ်ကို နင်းသွားတာကို မြင်လိုက်ရ၏။ 


ရှဲ့ရူဟန်: "......?" 


မနေ့က သူ့ကို ရိုင်းစိုင်းခဲ့တဲ့ ဆရာဝမ်က နွေးထွေးတဲ့ နွေဦးလိုအပြုံးနဲ့ သူ့ကို ပြောလာသည်။ 


"ရှောင်ရှဲ့ မင်းကို တွေ့ပြီ...ကြမ်းပြင်တိုက်တာကို ရပ်လိုက်တော့ ...မင်း ဝင်ခွင့်ချိန်ကို လွတ်သွားတော့မယ် အခု ကစားကွင်းကို သွားကြရအောင်" 


ဆရာဝမ်က ရှဲ့ရူဟန်ရဲ့ လက်ထဲက ကြမ်းတိုက်တံကို ယူဖို့ ကြိုးစားရင်း ပြောပေမယ့်... ကြမ်းတိုက်တံက ရှဲ့ရူဟန်ရဲ့ လက်ထဲမှာ လုံခြုံစွာ ရှိနေပြီး လှုပ်တောင် မလှုပ်ပေ။ 


ဆရာဝမ်က မယုံကြည်နိုင်ပေမယ့် သူက ကြိုးစားပြီး အားပိုထည့်ဖို့ကြိုးစား‌သော်လည်း ရှဲ့ရူဟန်က ကြမ်းတိုက်တံကို ပို၍ ဆုပ်ကိုင်လိုက်ကာ အုတ်ကြွပ်တွေပေါ်မှာ ပွတ်တိုက်လိုက်တာကြောင့် ဆရာဝမ်က ချော်လဲလုနီးပါး ဖြစ်သွားရသည်။ 


"အံ့သြစရာပဲ မင်းက အားကောင်းတဲ့ ကလေးပါလား"  

ဟု ဆရာဝမ်က ထေ့ငေါ့ပြုံးပြုံးပြီး ပြောလာ၏။ 

  

"ဘာလို့ ကြမ်းပြင်ကို ဆက်တိုက်နေသေးတာလဲ... ဝင်ခွင့်အခမ်းအနား စတော့မယ်... ဒီလို အရေးကြီးတဲ့ အခမ်းအနားကို လက်လွတ်မခံနဲ့လေ" 


  

"ဆရာဝမ်...ကျောင်းက ကျွန်တော့်ကို ပေးထားတဲ့ ပြစ်ဒဏ်တာဝန်ကို မပြီးသေးတဲ့အတွက် ဝင်ခွင့်အခမ်းအနားကို တက်ရောက်လို့ မရပါဘူး..."  

  

ရှဲ့ရူဟန်က ခံစားချက်မဲ့စွာ ထပ်ပြောလာ၏ : "ဆရာဝမ် ပြောထားတာလေ..." 


"ဆရာက မင်းကို ပေးတဲ့ ပြစ်ဒဏ်ကို ရုပ်သိမ်းဖို့ ကျောင်းကို တောင်းဆိုထားပါတယ်..."  


ဆရာဝမ်က ခါးသီးစွာဖြင့် : "ဘာတွေဖြစ်ခဲ့လဲဆိုတာ ဆရာက နားမလည်ခဲ့ပဲ ချင်းကျွင်ရဲ့ လှည့်စားမှုကို ခံခဲ့ရတယ်..မင်းကို မှားအပြစ်တင်မိပြီး ကောင်းတဲ့ ကျောင်းသားတစ်ယောက်ကို ဆရာ မတရား ပြုမူခဲ့တယ်" 


"ဒီနေ့ ထန်းပိုင်က စောင့်ကြည့်ရေး ဗီဒီယိုကို ဆရာ့ကို ပြခဲ့တယ်... ချင်းကျွင်က အပြစ်မဲ့ အိုမီဂါကို ပထမဆုံး စော်ကားခဲ့ပြီးတော့ မင်းက အိုမီဂါရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အချိန်မီ ချင်းကျွင်ကို တားဆီးခဲ့တယ်..."  


ဆရာဝမ်က ဖြောင့်မတ်လှတဲ့ ကျောင်းသားရဲ့ ပခုံးကို ပုတ်ဖို့ ကြိုးစားပေမယ့် အဲဒီ့ မှောင်မိုက်တဲ့ ဖီးနစ်မျက်လုံးတွေကို မြင်ပြီးနောက် သူ့လက်က မသိစိတ်အရ ကြမ်းတိုက်တံပေါ်ကို ကျရောက်သွား၏။ 


ဒီတစ်ခါမှာ ကြမ်းတိုက်တံကိုယူဖို့အတွက် သူ့ကိုတားနေတဲ့လူ ဘယ်သူမှ မရှိတော့ပေ။ ဆရာဝမ်က ကြမ်းတိုက်တံကို အဆင်မပြေစွာ ကိုင်ပြီး ဆက်ပြောလိုက်၏။ 


"မင်းကို လျော်ကြေးပေးဖို့အတွက် ကျောင်းက မင်းကို အင်ဂျင်နီယာဌာနရဲ့ အဖွဲ့ခေါင်းဆောင် အဖြစ်ဂုဏ်ပြုပေးလိုက်တယ်.." 


ဝင်ခွင့်အခမ်းအနားအတွင်း စီတန်းလှည့်လည်မှုရဲ့ ရှေ့တန်းမှာရှိတဲ့ ခေါင်းဆောင်တွေက များသောအားဖြင့် သူတို့အတန်းထဲမှ အယ်လ်ဖာအဆင့် အမြင့်ဆုံး ကျောင်းသားနှစ်ယောက် ဖြစ်လေ့ရှိသည်။ 


အကောင်းဆုံး အယ်လ်ဖာများကသာ တန်းစီအဖွဲ့ရဲ့ ရှေ့တန်းမှာ ရပ်နိုင်သည်။ အကြောင်းကတော့ သူတို့ရဲ့ ဖိအားနဲ့ အဖွဲ့တစ်ခုလုံးကို တုန်လှုပ်စေရန်ဖြစ်သည်။ 


ပြီးတော့ ရှဲ့ရူဟန်က အဖွဲ့လိုက် ရွေးချယ်ခံရတဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်သည်။ ဆရာဝမ်က လျော်ကြေးလို့ပြောတာက တကယ်တမ်းမှာတော့ သူပိုင်တဲ့အရာတွေကို သူရဲ့ တရားဝင် ပိုင်ရှင်ဆီ ပြန်ပေးတာပဲဖြစ်သည်။ 


ရှဲ့ရူဟန်က နာရီကို တစ်ချက်ကြည့်ပြီး စတင်ဖို့ နှစ်မိနစ်ပဲ ကျန်တော့တာကို တွေ့လိုက်သည်။ သူကလက်ဆေးကန်ဆီ သွားကာ လက်သန့်ဆေးရည်ကိုသုံးပြီး သူ့လက်တွေကို ဂရုတစိုက် ဆေးကြောလိုက်သည်။ 


"မဆေးနဲ့တော့! မင်း အောက်ကိုဆင်းတော့ နောက်တောင်ကျသွားမလား မသိဘူး...." 


လေမှုတ်စက်အောက်က သူ့လက်တွေကို ဖယ်ပြီးတာနဲ့ အနက်ရောင် လက်အိတ်များကို ဝတ်ဆင်လိုက်သည်။ ရှဲ့ရူဟန်က ဆူညံနေတဲ့ ဆရာဝမ်ကို လျစ်လျူရှုပြီး ဖြတ်သွားကာ အိမ်သာပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီး သွေးအေးအေးနဲ့ပဲနံရံပေါ်ကိုတက်ကာ တတိယထပ် ပြတင်းပေါက်ကနေ ခုန်ချလိုက်လေသည်။


နွေဦးလေပြေက သူ့ဆံပင်တွေကိုတိုက်ခတ်သွားသည့်အတွက် သူ့ဆံပင်စများသည် လေထဲမှာလွင့်ပျံ‌နေကြကာ ရွှေအိုရောင်နေ့အလင်းရောင်က ရှည်လျားသော ခန္ဓာကိုယ်ရဲ့ ကျက်သရေရှိတဲ့ အရိပ်ကို အပြည့်အဝ ပုံဖော်ပေးနေသည်။ 


ကြမ်းတိုက်တံက သူ့လက်ထဲကနေ လွတ်ကျသွားပြီး ဆရာဝမ်က ကြောက်လန့်တကြား ရှေ့ကို ပြေးသွားကာပြတင်းပေါက်ကနေ အောက်ကို ငုံ့ကြည့်လိုက်မိသည်။ ခိုင်မာတဲ့ ကျားသစ်တစ်ကောင်လို မြက်ခင်းပေါ်ကို ပေါ့ပါးစွာ ဆင်းသက်လာတဲ့ သွယ်လျတဲ့ ပုံရိပ်ကို မြင်လိုက်ရသည့်အပြင် အထိအခိုက်မရှိဘဲ ထရပ်ကာ လူအုပ်ရဲ့တုန်လှုပ်ချောက်ချားတဲ့ အကြည့်တွေကြားမှာ အင်ဂျင်နီယာဌာနရဲ့ ရင်ပြင်ရှေ့ကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားနေတာကို မြင်လိုက်ရသည်။ 


ပြီးတော့ အဲဒီအချိန်မှာ ဖက်ဒရယ်စစ်တက္ကသိုလ် ဝက်ဘ်ဆိုက်ရဲ့ တ

ရားဝင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများက ရေတွက်တဲ့ နံပါတ်တွေသုညအဖြစ် ပြောင်းသွားတာကို မြင်လိုက်ရတော့သည်။ 


ဝင်ခွင့်အခမ်းအနား စတင်ပါပြီ။


______


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment