no

ထန်းပိုင်က စာအုပ်ထဲက ဇာတ်ကွက်ကို မှတ်မိသည်။ ကျင့်ဝတ်နှင့် ပတ်သတ်သည့် စာမေးပွဲမှာ  ရှဲ့ရူဟန်၏ ချို့ယွင်းချက် ဖြစ်သည်။ သူက သာမန် ကျင့်ဝတ်သင်ဆရာများကို သင်ကြားပေးဖို့ အကူအညီတောင်းခဲ့ပြီး သင်ယူခဲ့‌သော်လည်း ကုထူနန်၏ နံဘေးဝန်းကျင်မှ မွေးရာပါ အရည်အချင်းရှိသည့် မင်းမျိုးမင်းနွယ်များနှင့် နှိုင်းယှဉ်ခံခဲ့ရသည်။


အမှန်တော့ ကျင့်ဝတ်ထုံးတမ်း ဘာသာရပ်၏ တည်ရှိမှုသည် သာမန်ကျောင်းသားများကို အကြီးအကဲများမဖြစ်စေဖို့ရာ တားဆီးရန်သာဖြစ်သည်။ မင်းမျိုးမင်းနွယ်များသည် သာမန်လူများ၏ လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားနေခဲ့ကြပြီး မြင့်မြတ်သောပါရမီရှင် ရှဲ့ရူဟန်ပေါ်ပေါက်မလာခဲ့ပါက သာမန်လူများ အကြီးအကဲဖြစ်လာရန်မှာ လုံးဝမဖြစ်နိုင်ပါပေ။


ဒါပေမယ့် ထန်းပိုင်ကတော့ မတူပေ။ သူက ဇာတ်ကြောင်းကိုသိပြီး ဝတ္ထုထဲက စမ်းသပ်ချက်ကိုလည်းသိထားသည်။သူသာ စမ်းသပ်ခံရမယ့် ကျင့်ဝတ်အကြောင်းအရာတွေကို စာရင်းပြုစုပြီး ရှဲ့ရူဟန်ကို အဲ့ဒီအပိုင်းတွေကို လေ့ကျင့်ခိုင်းလိုက်မယ်ဆိုရင် အဲဒါက ပြေလည်သွားမှာ မဟုတ်လား...


သူက ရှဲ့ရူဟန်ကို အနိုင်ရစေချင်ရုံသာမက စာအုပ်ထဲကလိုမျိုး သေးငယ်တဲ့အောင်ပွဲမျိုးတင်မဟုတ်ဘဲ ရှဲ့ရူဟန်က ကုထူနန်ကိုတောင် လှည့်ကြည့်စရာမလိုလောက်အောင် ကြီးကြီးကျယ်ကျယ် အနိုင်ရစေချင်တာပင်။

ဟမ့်!!! ငါ့မိသားစုဝင် အိုမီဂါအလင်းရောင်လေးက တစ်ယောက်တည်းလည်း လှပနေနိုင်တာပဲ!! ချစ်မိသွားတာက ဘာတွေများ အကျိုးရလဒ်ရှိနိုင်မှာမို့လို့လဲ!!


ထွန်းပိုင်၏ မျက်ဝန်းများက တောက်ပလာပြီး အရာအားလုံးကိုပင် အရည်ပျော်သွားစေနိုင်သည့် ထိုမျက်လုံးများက ရှဲ့ရှုဟန်ကို စေ့စေ့ကြည့်ကာ...

"ခင်ဗျားရဲ့ ထမင်းဘူးကို ကျွန်တော်ပြင်ဆင်ပေးရုံတင်မကဘူး...ခင်ဗျားရဲ့ ကျင့်ဝတ်တွေ ကိုလည်း ကျွန်တော် သင်ပေးနိုင်တယ်” လို့ တိတ်တဆိတ်ပြောလိုက်သည်။


ထန်းပိုင်သည် စစ်ရေးလျှို့ဝှက်ချက်အချို့ကို ဆွေးနွေးနေသကဲ့သို့ စကားပြောနေချိန်တွင် သူ၏ပါးစပ်ပေါ်တွင် လက်သေးသေးလေးကို အုပ်ထားလေသည်။

ဒါပေမယ့် ထန်းပိုင်၏စိတ်ထဲမှာတော့ ဒီအကြောင်းအရာက ကမ္ဘာပေါ်ရှိ မည်သည့် စစ်ရေးလျှို့ဝှက်ချက်များထက်မဆို ပိုအရေးကြီးသည်။ သူ့ကြိုးစားအားထုတ်မှုမှာ ဒီကမ္ဘာကြီး၏ အဓိကဇာတ်ဆောင်ကို ကူညီပေးနေခြင်းပင်။ ဇာတ်လိုက်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် သူက  ကူညီပေးနေတာမို့  မိနစ်အနည်းငယ်အတွင်းမှာပဲ ကမ္ဘာကြီးရဲ့ ဦးတည်ရာကို အကျိုးသက်ရောက်စေလိမ့်မယ်... အို‌ခေ ?


ရှဲ့ရူဟန်က ထန်းပိုင်၏ သူ့ပါးစပ်ကို လက်သေးသေးလေးဖြင့် အုပ်ထားသည့်ပုံလေးကြောင့် အရမ်းသဘောကျသွားရပြီး အသက်ပြင်းပြင်းရှုကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။


စစ်သင်တန်းကျောင်းတွင် အကြီးအကဲနေရာအတွက် ယှဉ်ပြိုင်ချင်သည်ဆိုသည့်အချက်မှာ လျှို့ဝှက်ချက်မဟုတ်သော်လည်း ကျောင်းသား မဟုတ်သော ထန်းပိုင်က သူ့အကြောင်းကို ရှင်းရှင်းလင်းလင်းသိနေပြီး မကြာသေးခင်ကသူက ကျင့်ဝတ်ဆရာတစ်ဦး လိုအပ်နေတယ်ဆိုတဲ့အကြောင်းကိုပါ သိနေခဲ့သည်။ 


သူက ငါ့ကို အတော်လေး သဘောကျနေပုံရပြီးတော့ ငါ့ကို လိုက်ဖို့ အိမ်စာတွေလည်း လုပ်ခဲ့တာပဲ...

ရှဲ့ရူဟန်က ထိုသို့ တွေးလိုက်မိသည်။


ရှဲ့ရူဟန်၏ ကနဦးရည်ရွယ်ချက်မှာ သူ၏carrerအတွက် ဦးစွာကြိုးစားရန်ဖြစ်ပြီး သူ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းအောင်မြင်ပြီးနောက်တွင်တော့ အချစ်ကိုရှာမည်ဟု ဆုံးဖြတ်ထားသော်လည်း သူက စည်းကမ်းတင်းကျပ်တဲ့လူမဟုတ်တာမို့ အချစ်က သူ့တံခါးနားထိအမှန်တကယ်ရောက်လာမှတော့ ဘယ်သူကများ လှည့်မကြည့်ဘဲ နေနိုင်မှာလဲ...


အထူးသဖြင့် သူရဲ့သဘောကျမှုအားလုံးနှင့် ကိုက်ညီနေတဲ့ အိုမီဂါလေးကို ငြင်းပယ်နေတာမျိုးပေါ့။


ရှဲ့ရူဟန်၏ တည်တည်ငြိမ်ငြိမ် အမူအရာအား စိတ်အားထက်သန်စွာ ခံစားလိုက်ပြီးနောက် ထန်းပိုင်၏ အကြည့်များသည် ပို၍ပင် စူးရှလာပြီး နှလုံးသားထဲတွင် ရူးသွပ်စွာ အော်ဟစ်နေလေသည် ။


ညီအစ်မကောင်းလေးရေ ငါ့ကို အမြန်ကြည့်ပါဟ!!။ ထမင်းချက်တတ်အောင် သင်ပေးပြီး ဒရာမာတွေပါ ချိုးတတ်တဲ့ ငါ့လို့ အိုမီဂါလေးကို မင်းလိုချင်တယ်ဆိုရင်..၊ မင်းလိုချင်တယ်ဆိုရင်လေ.. အခု ငါ့ကိုယ်ပိုင်ထမင်းဘူးလေးကို အိမ်ထဲကို သယ်သွားနိုင်တော့မယ်!!

(Omega အချင်းချင်းမို့ ညီအမလို့သုံးထားတာပါ)


မှန်ပြတင်းပေါက်မှနေရောင်ခြည်က ထန်းပိုင်၏ဆံပင်ကောက်ကောက်ကို ရွှေရောင်အစွန်းလေးဖြင့် တောက်ပြောင်စေကာ သနားစရာကောင်းပြီး တောင်းဆိုနေသည့် ထိုအကြည့်က  "မွေးစားစေချင်သည်" ဟူသည့် ဆိုင်းဘုတ်ပါသော ကြောင်ကလေးကိုပင် ရှဲ့ရူဟန်အား အမှတ်ရသွားစေ၏။ 


ဒါဟာ ထင်ယောင်ထင်မှားမဟုတ်ဘူးဆိုရင်... ဒီအိုမီဂါနားကနေ နို့နံ့သင်းနေသော ရနံ့လေးကို သူတကယ် အနံ့ရလိုက်သည်။


သူ့စိတ်အတွင်းထဲက သားရဲက တဖြည်းဖြည်း... တဖြည်းဖြည်းချင်း သူ့မျက်နှာဖုံးကို ဖုံးအုပ်လာပြီးနောက်မှာ ချစ်စဖွယ်ကောင်းတဲ့ အလင်းရောင်လှိုင်းတွေ ရိုက်ခတ်ခံလိုက်ရတာမို့ မြေပြင်ပေါ်သို့ ခွပ်ကနဲ လွတ်ကျသွားရ၏။ 


ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ကျဉ်းမြောင်းနေသော ဖီးနစ်မျက်လုံးများသည် အပျော်သဘောဆောင်သောအပြုံးမျိုးလေး ရုတ်တရက် ဖြစ်‌ပေါ်လာပြီး ထိုအပြုံးကြောင့်ပင်  ရှဲ့ရူဟန်၏ မျက်လုံးအဆုံးက မျက်ရည်ခံမှဲ့...မျက်လုံးထောင့်များနှင့် မျက်ခုံးမွေးများသည် လူတွေကို " ညှို့ယူခြင်း" ဆိုသည်စကားလုံးထက်ကို ပိုကာ ရိုးရိုးလေးနဲ့သတ်လိုက်သည်နှင့်ပင်တူ၏။ 

"ကောင်းပြီ"  ဟုသူကပြောလိုက်လေသည်။


ရှဲ့ရူဟန်နှင့် ထန်းပိုင်တို့ အချိန်ကောင်းလေးရနေတာကို ကြည့်ရင်း ကုထူနန်၏ မျက်နှာမှာ အလွန်ကို မှုန်မှိုင်းလာတော့သည်။ကုန်ကုန်ပြောရရင် ဘယ်လို အယ်လ်ဖာမျိုးကများ သူ့သတို့သားလောင်းက သူ့ကို ဦးထုတ်စိမ်းဆောင်း(ဖောက်ဖြန်ခံရ)နေတာကို ရွှင်ရွှင်လန်းလန်း လက်ခံနိုင်မှာတဲ့လဲ။


ရှဲ့ရူဟန်က ကုထူနန်နှင့် ထန်းပိုင်တို့ရဲ့ ဆက်ဆံရေးကို မသိထားတာကြောင့် ကုထူနန်ကို မှုန်ဝါးဝါးသာကြည့်နေမိသည်။

ဒီအယ်လ်ဖာက ငါ့ကိုစူးစူးဝါးဝါးကြည့်နေတာပဲ...


ရှဲ့ရူဟန်က သူ့အကြည့်ကို သက်သောင့်သက်သာပဲ ပြန်ရုတ်သိမ်းလိုက်ပြီး ထန်းပိုင်၏ နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်မျက်နှာလေးကို စူးစမ်းနေသည်။ အယ်လ်ဖာတစ်ယောက် နှင့် တခြားအယ်လ်ဖာ တစ်ယောက်ဟူသည် မွေးရာပါပင် အချင်းချင်း ဆန့်ကျင်နေကြပြီး လိင်တူအချင်းချင်း၏ မျက်နှာသွင်ပြင်အချိုးအစားကို အသိအမှတ်ပြုရန် မလွယ်ကူပေ။


ရှဲ့ရူဟန်က ထန်းပိုင်၏ အလှအပ၊ ကလေးဆန်သော အသံလေးနှင့် ချိုမြိန်ပြီး ကောင်းမွန်သော အမူအကျင့်လေးတွေကို သဘောကျမိ၏။

ဘယ်လို အယ်လ်ဖာမျိုးပဲဖြစ်ဖြစ် မေးကြည့်လိုက်…ဒီလိုမျိုး စံထားလောက်စရာ အိုမီဂါလေးကို ငြင်းဆန်နိုင်မှာတဲ့လား?

ဘယ်လိုပဲဖြစ်ဖြစ် ရှဲ့ရူဟန်ကတော့ မငြင်းနိုင်ပေ။


“ကျွန်‌တော် ကောင်းကောင်းမွန်မွန် ချက်ပြုတ်ပေးပြီး ကျင့်ဝတ်တွေကိုလည်း ခင်ဗျားကို သေသေချာချာ သင်ပေးမှာပါ” 

ထန်းပိုင်က တစ်ချက်လွှတ်အမိန့်ကို ထုတ်ပြန်ဖို့ စိတ်အားထက်သန်နေလေသည်။ သူ့ရဲ့မျက်ဝန်းတွေက ရိုးသားပြီး သူ့အသံကလည်း ခိုင်မာနေသည်…ဒါ့အပြင် သူ့ရဲ့ လေးနက်တဲ့အသွင်အပြင်က အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ရှဲ့ရူဟန်ရဲ့ နှလုံးသားလေး မငြိမ်မသက်ဖြစ်လာတော့၏။


ရှဲ့ရူဟန်က အနည်းငယ် နောက်ပြောင်နေသည့် လေသံဖြင့် ကျီစယ်လိုက်သည်။

“မင်း ဒီလိုတွေ လုပ်ပေးဖို့မလိုတာတောင် ဘာလို့ငါ့အပေါ် အရမ်းကောင်းပေးနေတာလဲ”

ထိုသူ့အသံကို ကြားလိုက်ရချင်းမှာပဲ ထန်းပိုင်၏ခေါင်းပေါ်မှ ဆံပင်များပင်ထောင်သွားသည်။


လာလိုက်စမ်းပါ…အကယ်လို့ ဒီဟာက ကစားပွဲတစ်ခုသာ ဖြစ်နေမယ်ဆိုရင် ဒီဟာက ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ ဂုဏ်သတင်းကို တိုးတက်စေတဲ့ အမေးအဖြေတွေပဲ ဖြစ်ရမယ်။


သူသာကောင်းကောင်းဖြေရင် ရှဲ့ရူဟန်ရဲ့ သူ့အပေါ် နှစ်သက်မှုကို တိုးလာစေနိုင်သည်။သူ့ အဖြေကသာ လုံလုံလောက်လောက်မကောင်းဘူးဆိုရင် ပလတ်စတစ်လိုညီအမပဲ ဖြစ်လာနိုင်လိမ့်မယ်... သနားစရာကောင်းအောင် ဖြေရင်တော့ ညီငယ်လေးတစ်ယောက် ဖြစ်ဖို့ လုံလောက်နိုင်ပါသေးတယ်လေ...!


အခုလို အချိန်မျိုးမှာသွားပြီး… 

“ခင်ဗျား ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်သင့်တယ်၊ AO တန်းတူညီမျှအခွင့်အရေးအတွက် ခင်ဗျားနဲ့အတူ လက်တွဲလုပ်ဆောင်ချင်မိတယ်”

ဆိုတဲ့ ကြီးကြီးမားမား အကြောင်းပြချက်တွေကို သွားမပြောနိုင်ပါ‌ပေ။ ပြီးတော့ ရှဲ့ရူဟန်နဲ့ သူနဲ့က ဆွေမျိုးတွေလည်းမဟုတ်တာမို့ ရှဲ့ရူဟန်လိုမျိုး သတိကြီးတဲ့သူက သူ့ကိုယုံမှာမဟုတ်ပါ‌။ရလာတဲ့အဖြေကလည်း သူလိုချင်တဲ့အရာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေမှာ မလွဲဧကန်ပင်။


ထန်းပိုင်က ရှဲ့ရူဟန်ရဲ့ ရှုထောင့်ကနေ စဉ်းစားဖို့အတွက် သူ့ဦးနှောက်လေးကို ပြင်းပြင်းထန်ထန် အလုပ်ပေးနေတော့သည်။ 

အယ်လ်ဖာတစ်ယောက်အဖြစ် ဟန်ဆောင်ထားတဲ့ အိုမီဂါဖြစ်သည့်အားလျော်စွာ စာအုပ်ထဲက ရှဲ့ရူဟန်ရဲ့ ဘေးနားက လူ‌တွေနဲ့ အတန်းဖော်တွေအားလုံးဟာ အယ်လ်ဖာတွေ၊ စစ်ရေးအကြံပေးတွေ ဖြစ်ကြသည်။ ထိုသူတွေက မရေမတွက်နိုင်တဲ့ အရံ‌ဇာတ်ကောင်‌ ကောင်းလေးတွေဖြစ်ကြပြီး ရှဲ့ရူဟန်နဲ့ အတူတူသင်ယူကြသည်။ ၎င်းတို့ရဲ့နေရာကို အစားထိုးဖို့ဆိုရင် သူက တစ်မူခူးခြားနေမှပဲဖြစ်နိုင်လိမ့်မည်။


သူ့(ထန်းပိုင်)နေရာကိုလည်း စဉ်းစားကြည့်ရဦးမယ်…

ရှဲ့ရူဟန်မှာ အယ်လ်ဖာ သူငယ်ချင်းတွေ ရှားသလားဆိုရင် မရှားပါပေ။

သူ့မှာမရှိတာက အိုမီဂါညီအမကောင်းတွေသာပင်…


ဒါပေမဲ့ စာအုပ်ထဲမှာ ရှဲ့ရူဟန်က ဘာလို့ အိုမီဂါတွေနဲ့ သူငယ်ချင်းမဖွဲ့ခဲ့ရတာလဲ…ဘာကြောင့်လဲဆိုရင် ရှဲ့ရူဟန်က အားနည်းပြီး မှီခိုစရာလူလိုအပ်နေတဲ့ အိုမီဂါမျိုးတွေကို စိတ်မရှည်တတ်လို့ပင်ဖြစ်သည်။


စာအုပ်ထဲက ရှဲ့ရူဟန်က အလွန်မာနကြီးတဲ့သူဖြစ်သည်။ သူက အယ်လ်ဖာတွေကိုတောင် လှည့်ကြည့်တတ်တဲ့သူမျိုး မဟုတ်ပေ။ ရှဲ့ရူဟန်နဲ့ သူငယ်ချင်းဖြစ်ချင်ရင်တော့ သူ့ဆီက ခွင့်ပြုချက်ရအောင် အရင်ကြိုးစားရတော့မည်ဖြစ်၏။


ဒါပေမဲ့ ရှဲ့ရူဟန်ဆီက ခွင့်ပြုချက်ရအောင် ဘယ်လိုလုပ်ရမလဲ…?

သိပြီ…!!


ထန်းပိုင်က သူ့ရဲ့ လက်သေးသေးလေးကို စိတ်လှုပ်ရှားစွာ ဆန့်ထုတ်ပြီး ရှဲ့ရူဟန်ကို တစ်ခုခုပြောစရာရှိကြောင်း ပြသလိုက်သည်။

“တကယ်တော့ ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုရှိတယ်..ဒါပေမဲ့ အဲ့ဒါက ဒီနေရာမှာ ပြောလို့ အဆင်မပြေဘူး။ ကျွန်တော်တို့ဆက်သွယ်ဖို့‌ တစ်ခုခုအပ်ကြရအောင်လေ..ပြီးကျမှ အသေးစိတ်ဆွေး‌နွေးကြရအောင်” 


မြန်မြန်သာလက်ခံလိုက်စမ်းပါ ဒါက မင်းရဲ့အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာဖို့အတွက် genius plan ပဲ


ထန်းပိုင်က အချိန်တော်တော်ကြာအောင် တွေတာနေပုံရပေမဲ့ လက်တွေ့မှာတော့ သူအကုန်တွေးပြီးတဲ့အချိန်က ခဏတာမျှသာဖြစ်သည်။ ရှဲ့ရူဟန်အတွက်ကတော့ ဒီမြင်ကွင်းလေးက ကွဲပြားနေခဲ့သည်…


အိုမီဂါအလှ‌လေးက သူ့ရဲ့ မရှင်းမလင်း စကားတွေကိုကြားပြီး အနည်းငယ်တုံ့‌ဆိုင်းနေခဲ့သည်။ သို့သော်လည်း ရဲရင့်စွာဖြင့် ပထမခြေလှမ်းကို စတင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့သည်။ သူ့ကိုရှက်ရွံ့စွာစိုက်ကြည့်၍ နှုတ်ခမ်းလေးကိုအသာဖိပြီးနောက် အသံချိုချို မျက်ဝန်းတောက်တောက်လေးနဲ့ သူ့ကိုမေးလာတာက ဆယ်သွယ်ဖို့ နည်းလမ်းတဲ့လား…

ရှဲ့ရူဟန်ရဲ့ နှလုံးသားလေး ခုန်ပေါက်လာခဲ့သည်။


နှင်းလိုဖြူဖွေး‌နေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ လက်အိတ်အနက်ရောင် ဝတ်ထားတဲ့ လက်ချောင်းသွယ်တို့က အချင်းချင်း ထိမိသွားသည်။ နှင်းဆီပွင့်သဏ္ဍာန် လက်စွပ်နှင့် ဆူးသဏ္ဍာန် လက်စွပ်တို့ အတူရှိနေပုံက ထူးဆန်းစွာ ပနံသင့်လှသည်။


"Dingdong~” သူငယ်ချင်းထည့်သွင်းမှု အောင်မြင်ကြောင်း မက်‌ဆေ့ခ်ျ ဝင်လာခဲ့သည်။


ထန်းပိုင်က ပျော်ရွှင်စွာဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်၏။ သူ့မျက်ဝန်းလေးများက ပျော်ရွှင်မှုကြောင့် လခြမ်းသဏ္ဍာန် ကွေးညွှတ်သွားသည်။ နေ့လည်စာဘူးကိုသယ်ပြီး လက်ကိုဝှေ့ယမ်း၍ ရှဲ့ရူဟန်ကို နှုတ်ဆက်လိုက်သည်။

“နောက်ကျမှ အွန်လိုင်းမှာ စကားပြောကြရအောင်”


ရှဲ့ရူဟန်၏ နှုတ်ခမ်းစွန်းများက တွန့်ကွေးသွားပြီး ထန်းပိုင်ကို ခေါင်းညိတ်ပြလိုက်သည်။


ဇာတ်လိုက်က ခေါင်းညိတ်ပြတာကို မြင်တော့ ထန်းပိုင်ရဲ့ စိတ်အခြေအနေကပိုကောင်းလာ၏။ ရှဲ့ရူဟန်ရဲ့ သူငယ်ချင်းကောင်းဖြစ်ရဖို့ သူမစောင့်နိုင်တော့ပေ။ သူ့အိုမီဂါအလင်းရောင်လေးရဲ့ ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပေးပြီး သူ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုလည်း ပံ့ပိုးပေးရမည်ဖြစ်သည်။


ထန်းပိုင်က ပျော်ရွှင်စွာနဲ့ ခေါင်းကို ပြန်လှည့်လိုက်တဲ့အချိန် လောင်ကျွမ်းလုမတတ် မည်းမှောင်နေတဲ့ ကုထူနန်ရဲ့ မျက်နှာကို မြင်လိုက်ရပြီး သူ့အပြုံးလေးက တစ်မဟုတ်ချင်းဆိုသလို သူ့မျက်နှာပေါ်ကနေ ပျောက်ကွယ်သွားရတော့၏။


“ဘာလို့ ရှဲ့ရူဟန်ကို သူငယ်ချင်းအပ်ပြီး သူနဲ့တူတူ ထမင်းစားတာလဲ?” 

ကုထူနန်ရဲ့ မျက်နှာက‌မှုန်မှိုင်း‌နေကာ စိတ်ပေါက်ပေါက်နဲ့ အသံနိမ့်ပြီး မေးလိုက်သည်။


သူက သူနဲ့စေ့စပ်ထားသူကို မနှစ်သက်ဘူးဆိုပေမဲ့ အဲ့ဒါက တခြားတစ်ယောက်က သူပိုင်တဲ့ပစ္စည်းကို လုယူတာကို ငြိမ်နေမယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။


အခုလေးတင် ထန်းပိုင်က ရှဲ့ရူဟန်နဲ့ ပြုံးပျော်နေတာကို ပြန်တွေးမိလိုက်တော့ သူ့ရဲ့မီးခိုးပြာရောင်မျက်ဝန်းထဲမှာ စိတ်ဓာတ်ကျတဲ့ အရိပ်အယောင်တွေ ပေါ်လာတော့၏။


ဒါပေမဲ့ ထန်းပိုင်က ကုထူနန်ကိုလုံးဝမကြောက်ပေ ။ သူက သွေးဆာပြီးရက်စက်တဲ့ ခြင်္သေ့ရှေ့‌ရောက်နေတာတောင် အကြောက်အလန့်မရှိတဲ့ ကြောင်ကလေးနှင့်တူ၏။


ဟမ့်…ငါကမကြာခင်မှာ ကြီးမြတ်တဲ့အလှပိုင်ရှင် အဓိကဇာတ်လိုက်အိုမီဂါနဲ့သူငယ်ချင်းဖြစ်လာတော့မှာ ရိုရိုသေသေပြောစမ်းပါ…


ထန်းပိုင်က ရင်ဘတ်ကိုဖိ၍ မျက်နှာတည်တည်နဲ့ ပြောလိုက်သည်။

“မျက်စိအစာကျွေးတယ်ဆိုတာကို မင်းသိလား...သူကကြည့်ကောင်းတယ်လို့ထင်တဲ့အတွက် သူနဲ့အတူညစာစားတယ် အဲ့တော့ဘာဖြစ်လဲ ငါတူတူစားချင်တဲ့လူနဲ့ စားဖို့ အခွင့်အရေးတောင် ငါ့မှာမရှိဘူးလား…”


ထန်းပိုင်ရဲ့ သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိနေတဲ့ ပုံစံကြောင့် ကုထူနန်ပင်လျှင် ခဏလောက် ကြောင်အသွားရ၏။ ထန်းပိုင်က ခေါင်းကိုမော်ထားပြီး မကျေနပ်တဲ့ အကြည့်တွေနဲ့ သူ့ကိုကြည့်နေတာကို မြင်လိုက်ရသည်။ သူ့မှာ အမြီးသာရှိရင် ‌ငှက်မွှေးလိုမျိုး ကောင်းကင်ထိအောင် တလူလူတက်နေမှာ အသေအချာပဲ။

(ပြောချင်တာက ကြောင်လေးတွေ ပါပီလေးတွေ စိတ်ဆိုးပြီး မာန်ဖီနေရင် အမြီးလေးတွေထောင်နေတတ်တာမျိုးကို ပြောတာပါ)


ကုထူနန်က တစ်စုံတစ်ခုမူမမှန်တာကို သတိထားမိလိုက်သည်။

တကယ်လို့ ထန်းပိုင်က ရှဲ့ရူဟန်ကို စိတ်ဝင်စားနေတာဆိုရင် သူ့ရှေ့မှာ ရှဲ့ရူဟန်နဲ့ ပေါ်တင်တွဲပြမှာမဟုတ်ဘူး။ အခုတော့ သူက သူဦးထုပ်စိမ်းဆောင်းပေးနေတာကို ကုထူနန် မမြင်လိုက်မှာကိုပဲ စိုးရိမ်နေပုံနဲ့လေ….

ပြီးတော့ သူ့ဆီက ‌စစ်ဆေးမေးမြန်းခံနေရတာတောင် ထန်းပိုင်ကအပြစ်ရှိပုံမပေါ်ဘဲ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားပြနေသေး၏။

ပြန်တွေးကြည့်လိုက်ရင် ဒီမူမမှန်တဲ့ အရာအားလုံးက သူ ထန်းပိုင်ရဲ့ နေ့လည်စာထမင်းဘူးကို ငြင်းလိုက်တဲ့ အချိန်က စဖြစ်တာ…


ကုထူနန်က ထန်းပိုင် ပြင်ဆင်ထားတဲ့ ထမင်းဘူးကို အစောပိုင်းကတည်းက တွေ့လိုက်မိသည်။ ထိုအရာကို ပြင်ဆင်ဖို့ သူတော်တော် ကြိုးစားအားထုတ်ထားပုံပင်။ ကြက်ဥတွေကိုတောင် ချစ်စဖွယ် အသဲပုံ ပုံစံလေးတွေဖြစ်အောင်လုပ်ထားသေးသည်

သူ ကတော့ အဲ့လိုထမင်းဘူးကို ကြည့်တောင်မကြည့်ပဲ ငြင်းလိုက်မိသည်လေ…

ဒါဖြစ်နိုင်တယ်…


ထန်းပိုင်က သူ့ရဲ့ကြင်နာမှုတွေ အညှာအတာကင်းမဲ့စွာ ငြင်းခံလိုက်ရတာကို လက်မခံနိုင်လို့ သူ့‌နောက်ကျောကို တိတ်တဆိတ် ဓားနဲ့ထိုးပြီး ကလဲ့စားချေဖို့ စီစဉ်ခဲ့တာလား…?

ထန်းပိုင်ရဲ့ ကြောင်လိုစရိုက်အရ ဒီလို ကလေးဆန်ဆန် ကလဲ့စားချေတဲ့ နည်းလမ်းမျိုးကို ပြုလုပ်တာက တကယ်ကိုဖြစ်နိုင်၏။


ဒီလိုဆို အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ…ထန်းပိုင်က ရှဲ့ရူဟန်ရဲ့အကြောင်းကို သူ့ကို တမင်တကာမေးတယ်… ပြီးတော့ သူ့ရှေ့မှာပဲ ရှဲ့ရူဟန်နဲ့ တမင်တကာ ရယ်ရယ်မောမော စကားပြောပြန်တယ်… ဒါ့အပြင် ရှဲ့ရူဟန်နဲ့ ဆက်သွယ်ဖို့ အချက်အလက်တွေကိုလည်း သူ့ရှေ့မှာပဲ တမင်တကာ လဲလှယ်ခဲ့တယ်…

အရာအားလုံးက သူ့ကိုမနာလိုဝန်တိုဖြစ်အောင် လုပ်နေတာပဲ…


ကုထူနန်က ဉာဏ်အလင်းပွင့်ပြီးတဲ့နောက် စိတ်လှုပ်ရှားသွား၏။ပျံ့လွင့်နေတဲ့ အတွေးတွေကို စုစည်းလိုက်ပြီး ခဏအကြာ သူက ပြောလိုက်သည်။

“နောက်တစ်ခါ မင်းထမင်းဘူး ပြင်ဆင်လာရင် ငါစားပါ့မယ်”

ထန်းပိုင်:.....!!!??

ထန်းပိုင်က စိတ်လျှော့လိုက်ရင်း

“ငါကမင်းကို မျက်နှာသာပေးဦးမယ် ထင်နေတာလား.. သနားရာပဲ”


ဒီအရူးက ဘာတွေတွေးနေတာလဲ… နောက်တစ်ခါဟုတ်လား.. ထမင်းဘူးဟုတ်လား… ငါ့လို ဉာဏ်ကြီးရှင် တစ်ယောက် ချက်ပေးတဲ့ ထမင်းဘူးကို နောက်တစ်ခါ စားနိုင်ဦးမယ်လို့ ထင်နေတာလား…

ဆုတောင်းလေ… မဖြစ်နိုင်တာတွေ…


ထန်းပိုင်က သူ့ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေတာကို ကုထူနန်တွေ့လိုက်ရသည်။ ထိုသူ၏ ပယင်းရောင်မျက်ဝန်းများသည် စိတ်ခံစားမှု အတက်အကျ မျိုးစုံကို မြင်နိုင်လောက်သည်အထိ အလွန်ပေါ့ပါးနေသည်။


သူ့သဘောဆန္ဒကို ကြားပြီးတဲ့နောက်မှာတော့ ထိုကြည်လင်နေသော မျက်ဝန်းများသည် မှုန်မှိုင်းသွားကာ ခပ်ထေ့ထေ့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။ ‘ငါကတော့ မင်းကို စောက်ဂရုမစိုက်ဘူး’ ဆိုတဲ့ ပုံစံနဲ့ မျက်နှာကို မော်ကာ ဂုဏ်ယူစွာဖြင့် ထွက်သွားတော့သည်။


ကုထူနန်က ခဏတာ တောင့်ခဲသွားသည်။ ကြောင်လက်သည်းဖြင့် ကုတ်ခြစ်ခံလိုက်ရသလို ယားယံမှုလေးက သူ့နှလုံးသားထဲတွင် ပေါ်ထွက်လာရ၏။ ထန်းပိုင်… ဒါကဘာလဲ…သူကောင်းကောင်းမွန်မွန်လက်ခံပေးနေတာကို ငြင်းလိုက်တာလား…!!??


တခြားတစ်ဖက်မှာတော့ ထန်းပိုင်က သစ်ပင်ရိပ်‌အောက်တွင်ရပ်ကာ သူရိုက်ထားသောစာကို ရှဲ့ရူဟန်ဆီမပို့်ခင် သေချာပြန်စစ်ဆေးနေသည်။ အဖြတ်အတောက် အထားအသို ချောမွေ့ပြီး စာလုံးပေါင်းမှားနေတာတွေ မရှိကြောင်း သေချာမှ send ခလုတ်ကို နှိပ်လိုက်သည်။


မင်္ဂလာပါ အကိုရှဲ့…ကျွန်တော်ကထန်းပိုင်ပါ ကျွန်တော်က အကိုတို့ကျောင်းဘေးက Ceremonial college အချက်အပြုတ်ဌာနက လူသစ်ပါ…အကိုကတော့ ကျွန်တော့်ကို မသိလောက်ပါဘူး…ဒါပေမဲ့ ကျွန်တော်က အကို့ကို တအားလေးစားတာ…ဘာလို့ဆို အကိုက ကျွန်တော်တွေ့ဖူးသမျှထဲမှာ အထူးခြားဆုံးလူမို့လို့ပါ..အကိုက သန်မာတယ်…တစ်ချိန်တည်းမှာပဲ နူးညံ့သိမ်မွေ့နေပြန်တယ်.. ဒီတစ်ခါတော့ အကို့ကို မေးစရာတစ်ခုရှိနေတာနဲ့ အကို့အချိန်ကို လုလိုက်မိပါတယ်…အနှောက်အယှက်ဖြစ်သွားစေ‌ရင်တော့ တောင်းပန်ပါတယ်နော်…။


ကျွန်တော်ထင်တာ ဒီလူအဖွဲ့အစည်းက အိုမီဂါတွေအတွက် ကန့်သတ်ထားတာတွေများလွန်းတယ်…အိုမီဂါတွေက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ရွေးချယ်စရာတွေ အများကြီးရှိသင့်တယ်…ထမင်းဟင်းချက်ပြုတ်တဲ့ အိမ်ရှင်မတစ်ယောက်လို ခြေချုပ်မိမနေသင့်ဘူးလေ… သူတို့သာ ဆန္ဒရှိမယ်ဆိုရင် မက်ချာတိုက်ခိုက်‌ရေးသမားတို့ မက်ချာထုတ်လုပ်သူတို့တောင် ဖြစ်လာနိုင်ပါတယ်… ဒါပေမဲ့ စိတ်မကောင်းစရာက ဒီနေ့ခေတ် လူအဖွဲ့အစည်းက အိုမီဂါတွေမှာ ဒီလိုမျိုး ဆန့်ကျင်ရမယ်၊ ပုံစံခွက်ထဲက‌နေ ဖောက်ထွက်ရမယ်ဆိုတဲ့ အတွေးမျိုးက ရှိမနေပြန်ဘူး…။


ဒီလိုမျိုး အိုမီဂါတွေရဲ့ အတွေးအခေါ်တွေကို ပုံစံခွက်ထဲကနေ ဖောက်ထွက်စေနုင်ဖို့ “ဒီအိုမီဂါက မာစတာအဆင့် မက်ချာထုတ်လုပ်သူ” ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်တော်ရေးချင်မိတယ်… ဇာတ်လိုက်က ဆင်းရဲသားရပ်ကွက်တခုမှာ မွေးဖွားလာတယ်.. လွတ်လပ်မှုကို မြတ်နိုးပြီး ကိုယ်တိုင်တိုးတက်ချင်စိတ်ရှိတယ်… အမှီအခိုကင်းပြီး အယ်လ်ဖာအဖြစ်ဟန်ဆောင်ထားတဲ့ အိုမီဂါတစ်ယောက်… သူက ဖက်ဒရယ် စစ်တက္ကသိုလ်ရဲ့ မက်ချာထုတ်လုပ်ရေးဌာနကို ဝင်ရောက်နိုင်ခဲ့ပြီး အယ်လ်ဖာတွေကို ကျော်ဖြတ်ကာ မာစတာအဆင့် မက်ချာထုတ်လုပ်သူတစ်ယောက် ဖြစ်လာခဲ့တယ်… အဲ့လိုမျိုး စိတ်ခွန်အားတွေကို လှုံ့ဆော်ပေးနိုင်တဲ့ ဇာတ်လမ်းမျိုးလေ…။


ဒီ‌ဆောင်းပါရေးဖို့အတွက် အကိုရှဲ့ကို အကူအညီတောင်းချင်တာကလေ ဆင်းရဲသားရပ်ကွက်နဲ့ မြေအောက်ကွင်းတွေဆီကို အချက်အလက်တွေစုဆောင်းဖို့ ကျွန်တော့်ကို ခေါ်သွားပေးနိုင်မလား…

အပြန်အလှန်အနေနဲ့ အကို့အတွက် အစားအသောက်နဲ့ ကျင့်ဝတ်တွေသင်ပေးဖို့ တာဝန်ယူပါ့မယ် …!! [Cute.jpg]


ဒါကတော့ ထန်းပိုင်ရဲ့ မက်ဆေ့ခ်ျထဲက အကြောင်း‌အရာတွေပင်ဖြစ်သည်။




There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment