no

Chapter 18 

 

ချင်းကျွင်က မျက်နှာညှိုးငယ်စွာဖြင့် စင်ပေါ်သို့တက်လာသည်။ သူက ထန်းပိုင်ကို ဒေါသတကြီးဖြင့်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲရှိ မုန်းတီးမှုအရောင်မှာ အရည်များအဖြစ်စီးကျလုနီးပါး ပြင်းထန်လှသည်။ 

 

"တောင်းပန်ပါတယ်" 

 သူက ဤစကားကို အသံတိုးတိုးဖြင့် အံကြိတ်ပြောပြီး မိုက်ခရိုဖုန်းကို အလျင်အမြန်ချကာ ထွက်သွားရန်ပြင်ဆင်လိုက်သည်။ 

မမျှော်လင့်ဘဲ ပရိသတ်ထဲတွင်ရှိသော ထန်းပိုင်သည် သူ၏အသံချဲ့စက်ကိုမြှောက်ကာ ချင်းကျွင်ထွက်သွားသည့်ဘက်သို့ လည်ချောင်းရှင်းပြီး နက်ရှိုင်းသောဒေါသသံဖြင့် 

 

 "ဒီလောက်ပဲလား ဒါပဲလား!" ဟု‌အော်ပြောလိုက်သည်။ 

 

ကြည်လင်ပြတ်သားသည့် အသံသည် စစ်ဘက်သုံးမိုက်ခရိုဖုန်းမှတစ်ဆင့် ကျောင်းဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လူတိုင်း၏မျက်လုံးများသည် အားပေးအဖွဲ့ဆီသို့ အာရုံစိုက်လိုက်ကြသည်။ ဒေါသဖြစ်နေတဲ့ပုံစံနဲ့ ခေါင်းစောင်းရင်း စိုက်ကြည့်နေသော အိုမီဂါလေးကို လူများကကြောင်ကြည့်နေကြ၏။ 

 

သူ့နောက်က အိုမီဂါလေးများကလည်း အချင်းချင်းကြည့်လျက် စိတ်ဓာတ်များကိုစုစည်းပြီး စပီကာလေးဘေးသို့ရောက်လာကြကာ  

 

"ဒီလောက်ပဲလား! ဒါပဲလား?!" ဟုအော်ဟစ်ကြသည်။ 

ကြည်လင်ပြတ်သားသော ကြွေးကြော်သံများသည် တိုတောင်းသော်လည်း အားကောင်းပြီး တစ်ညီတည်းရှိသည်။ 

 

အိုမီဂါလေးတွေ အော်ပြီးတဲ့နောက်မှာ သူတို့ရဲ့ခေါင်းလေးတွေငုံ့ပြီး စင်အောက်ကို ကြည့်လိုက်ကြမိသည့်အခါ သူတို့တွေအတွက် အပြစ်တင်သည့် ဒါမှမဟုတ် မထီမဲ့မြင်ပြုတဲ့ မျက်လုံးတွေကို မြင်ရမယ်လို့ ထင်ခဲ့ပေမယ့် စင်ပေါ်မှာကနေ အယ်လ်ဖာတွေရဲ့ တုံးအအမျက်နှာတွေဟာ ကြောင်တောင်တောင်ကြီးဖြစ်နေကြတာကို တွေ့လိုက်ရလေသည်။ 

 

အယ်လ်ဖာအုပ်စုကြီးတစ်ခုလုံး အံ့အားသင့်တုန်လှုပ်နေကြသည်။ 

 

ချင်းကျွင်လည်း အံ့အားသင့်တုန်လှုပ်နေသည်။ 

 

"မင်းရဲ့ ပေါ့ပျက်ပျက်ပုံစံအပြင် မင်းဘာမှားလဲဆိုတာကိုတောင် မင်းနားမလည်သေးဘူး... အဲ့ဒါကြောင့် မင်းရဲ့အပေါစားတောင်းပန်မှုကို ငါမလိုချင်ဘူး"  

ထန်းပိုင်က ခေါင်းမော့ထားပြီး မျက်လုံးတောက်တောက်များဖြင့် ကြည့်ကာ မထီမဲ့မြင်ပြုတဲ့အမူအရာနဲ့ ပြောလိုက်ပေမယ့် မျက်ခုံးကြားမှာတော့ ခေါင်းမာတဲ့ စိတ်ဓာတ်တစ်ခုက ထင်ဟပ်နေသည်။ 

သူက သူ့ရဲ့အသံချဲ့စက်ကိုမြှောက်ပြီး အော်လိုက်၏။ 

 

 "ဒီကောင်ဘာလုပ်ခဲ့လဲဆိုတာ မင်းတို့အားလုံးသိကြမယ်လို့ ငါထင်တယ်.. သူ့ရဲ့စကားနဲ့အပြုအမူတွေက အိုမီဂါတွေရဲ့သိက္ခာကို ညှိုးနွမ်းစေတယ်ပြီးတော့ မင်းက သာမန်ကျောင်းသားတွေကို အမြဲတမ်းဖိနှိပ်တယ်..မင်းရဲ့အပြုအမူနဲ့ပုံစံကလည်းဆိုးသွမ်းတယ်..မင်းက အိုမီဂါအားလုံးနဲ့ ကျောင်းသားတွေအားလုံးကို တောင်းပန်ဖို့လိုတယ်!" 

 

ထန်းပိုင်နောက်ကွယ်မှာ ပုန်းနေတဲ့ ထုံးမန်က ခဏလောက် ကြောင်အသွားသည်။ မည်သည့်ဂုဏ်အဆင့်အတန်းနောက်ခံကိုမှ ဂရုမစိုက်ဘဲ ခါးထောက်ကာရပ်နေတဲ့ ထန်းပိုင်ရဲ့ပုံရိပ်က သူ့စိတ်ထဲပေါ်လာပြီး ထန်းပိုင်က သူတို့ကို ခုနကပြောခဲ့တဲ့စကားတွေကလည်း သူ့စိတ်ထဲ ပေါ်လာခဲ့၏။ 

 

 [ "ကိုယ့်ကိုကိုယ်လိမ်လည်ပြီး အဖိနှိပ်ခံအဖြစ်ဆက်နေမှပဲ မင်းတို့ အထင်သေးခံရမှာ... မင်းတို့ ခေါင်းကိုမော့၊ရင်ကိုကော့ပြီး ငါ့စကားကို မားမားမတ်မတ် ထောက်ခံပေးကြ.. မင်းတို့ကြိုက်ရင် ကြိုက်တယ်..မုန်းရင် မုန်းတယ်ပဲ..ငါတို့စိတ်ထဲရှိသလို ငါတို့မပြောနိုင်ကြဘူးလား...” ] 

 

“ငါတို့အိုမီဂါတွေ အယ်လ်ဖာတွေဆီက အထင်သေးခံရတာကိုမုန်းလားဖြေကြ!" 

 

လူတွေက မျက်ခုံးပင့်ပြီး မေးစေ့မော့ထားတဲ့ လူငယ်လေးကို မြင်ကြရသည်။ သူက သူ့မျက်နှာကို မရှက်မကြောက်နဲ့ ရန်လိုစွာ ပြသနေသည်။ ဒီမဆင်ခြင်နိုင်ပြီး မနှစ်မြို့စရာ ကောင်းတဲ့အမူအရာက ဆန့်ကျင်ဘက်အနေနဲ့ သွားတွေနဲ့လက်သည်းတွေထုတ်ပြ‌နေတဲ့ ကြောင်ကလေးနဲ့သာတူနေသည်။ 

 

"အရမ်းကြည့်ကောင်းတာပဲ" 

ဒီအတွေးက လူအများအပြားရဲ့စိတ်ထဲမှာ ပေါ်လာကြသည်။ 

 

ဒါ့အပြင် သူပြောတာတွေက လုံးဝကျိုးကြောင်း ဆီလျော်လေသည်။ ကျောင်းသားတွေထဲက ချင်းကျွင်ရဲ့ အနိုင်ကျင့်ခံခဲ့ရတဲ့ ကျောင်းသားတွေက တီးတိုးပြောဆိုလာကြပြီး ထန်းပိုင်ကို အားပေးဖို့ ပြေးထွက်လာကြသည်။ 

 

ချင်းကျွင်၏ မျက်နှာသည် နီလိုက်ဖြူလိုက်၊ ဖြူလိုက်မည်းလိုက်၊ မှောက်ကျသွားသော ဆေးဗန်းထက်ပင် ပို၍ စိတ်လှုပ်ရှားစရာကောင်းနေသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အပြောထက်ထက် အိုမီဂါကို စိုက်ကြည့်နေလိုက်သည်။ 

"သေလိုက်ပါတော့ကွာ..တကယ်လို့ ဂုဏ်သိက္ခာအတွက်သာ မဟုတ်ရင် ထန်းပိုင်က သူ့ကိုယ်သူ ငါကကြမ်းတမ်းရက်စက်တဲ့ အိုမီဂါပဲလို့ ပြောလောက်တယ်..." 

ပရိသတ်များဖြင့်အုံကြွနေသော လူအုပ်ကြီးထဲတွင်.. အထူးသဖြင့် မက်ချာစနစ်ရှေ့တွင် ရှိနေသော ရှဲ့ရူဟန်ကို ကြည့်မိရင်း ချင်းကျွင်၏ မျက်လုံးများက မုန်းတီးမှုကို မထိန်းနိုင်တော့အောင်ဖြစ်လာသည်။ သူက ခက်ခဲစွာဖြင့် ပြောလိုက်သည်။ 

 

"မနေ့ညက ကျွန်တော့် ဆရာတစ်ယောက်ကိုပြောခဲ့တဲ့ စကားအမှားတစ်ခု‌ကြောင့် ကျင့်ဝတ်အတန်းမှ..အတန်းသားထန်းပိုင်နဲ့ မက်ချာဌာနမှ ကျောင်းသားရှဲ့ရူဟန်တို့ကို ထိခိုက်စေခဲ့တဲ့အတွက် ဒီနေရာမှနေပြီးတော့ ကျွန်တော် တောင်းပန်ပါတယ်"


 "အော် မင်းပြောချင်တာက မင်းစော်ကားခဲ့တဲ့ ကျန်တဲ့ အိုမီဂါတွေအတွက်က တောင်းပန်ဖို့ မလိုဘူးလို့လား... မင်းအနိုင်ကျင့်ခဲ့တဲ့ ကျန်တဲ့ သာမန်ကျောင်းသားတွေအတွက်ရော တောင်းပန်ဖို့ မလိုဘူးလို့လား?!" 

 

ကြည်လင်သောမျက်လုံးများဖြင့် လူငယ်လေးသည် အဖြူအမည်းကမ္ဘာကို မြင်နိုင်စွမ်းရှိပုံရသည်။ သူသည် ကောင်းစွာ ကာကွယ်ခံထားရပြီး စင်ကြယ်ဖြူစင်ကာ အပြစ်အနာအဆာကင်းသောကြောင့် အနည်းငယ်မျှသောမတရားမှုကိုပင်သည်းမခံနိုင်ပေ။ 

 

ပို၍ရှားပါးသည်မှာ သာမန်လူများကို မထီမဲ့မြင်ပြုသော မျိုးရိုးမြင့်သူများနှင့် မတူဘဲ ထန်းပိုင်တွင် လူတန်းစားခွဲခြားမှုဟူ၍ မရှိခဲ့ပေ။ သူ့ကမ္ဘာသည် ပန်းများ၊ ကျောက်မျက်ရတနာများ၊ အချိုပွဲများနှင့် နို့ရနံ့လေးများစသည့်လူကို စွဲလန်းစေသော နွေးထွေးမှုနှင့် အလှတရားများဖြင့် ပြည့်နှက်နေသည်။ 

(T/N ချစ်စရာကောင်းပြီးထက်လည်းထက်မြက်တာကိုပြောချင်တာနော်) 

[ကလေးလေးက ငါ့ကို အရမ်းဆွဲဆောင်နေတာ၊ ငိုချင်လောက်အောင် ချစ်တယ်] 

 

[ချင်းကျွင်က ငါတို့ အထက်တန်းကျောင်းက ကျောင်းသားဟောင်းပါ.. အထက်တန်းကျောင်းတုန်းက သူက အိုမီဂါတွေရဲ့ခံစားချက်တွေကို ကစားပြီး သူတို့က ဘယ်တစ်ယောက်လည်းဆိုတာကိုတောင် မမှတ်မိဘူး..ကျောင်းမှာသူ့ကို ပြဿနာရှာတဲ့အိုမီဂါကိုလည်း သူ့မိဘတွေကနေ ကျောင်းထုတ်ခိုင်းဖို့လုပ်ခိုင်းခဲ့တာ..ဒီလိုနေ့မျိုး သူ့မှာ ရှိလာမယ်လို့ မထင်ခဲ့ဘူး...] 

 

[ငါ့ဘဝမှာ ချင်းကျွင်ကို တိုက်ခိုက်နေတာ တကယ်မြင်ရမယ်လို့ ထင်မထားဘူး.. ချင်းမိသားစုက သတ္တုတွင်းလုပ်ငန်းကြောင့် ချမ်းသာလာပြီး ဖက်ဒရေးရှင်းနဲ့ မိတ်ဆွေဖွဲ့ခဲ့တာမဟုတ်ဘူးလား..ချင်းမိသားစုဆီက မျက်နှာကို မလိုချင်တဲ့သူ မရှိဘူးလို့ ထင်ခဲ့တာ] 

 

[ချင်းကျွင်ရဲ့မျက်နှာက မည်းလာတယ်] 

 

ချင်းကျွင်က သွားကြိတ်ထားပြီး သူ့မျက်လုံးတွေက မီးတောက်လုမတတ် ပြင်းထန်ကာ ထန်းပိုင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ 

 

သို့သော် ထန်းပိုင်သည် လုံးဝမကြောက်ပေ။ သူက သူ့လက်ကလေးများကိုပင် လျင်မြန်စွာ ပုတ်သလိုလုပ်လိုက်သေးသောကြောင့် သူ့နောက်က ထပ်ခါတလဲလဲပြောသူများက ထပ်မံအော်ဟစ်ကြသည်။ 

 "မလိုဘူးလား? မလိုဘူးလား!" 

သူ့ကိုယ်ပိုင် နောက်ခံတေးဂီတဖြစ်သည့် လုထုကို ယူဆောင်လာသောထန်းပိုင်သည် ချင်းကျွင်ကို ချိုသာစွာ ပြုံးပြသည်။ 

 

မင်းလေလုံးထွားနိုင်သေးလား.... 

ငါ့ရဲ့ အိုမီဂါအလင်းရောင်က အတန်းစားနိမ့်ကျတယ်လို့ မင်းထင်နေတာမဟုတ်ဘူးလား.. 

မင်းက အိုမီဂါနဲ့ သာမန်ကျောင်းသားတွေကို အထင်သေးတာ မဟုတ်ဘူးလား... 

လာခဲ့.. ဒူးမထောက်ဘဲ ဆက်နေရဲသေးလား.. 

 

 

ကြီးမားသော အရှက်တကွဲ အကျိုးနည်းမှုသည် သူ့ခန္ဓာကိုယ်နှင့် စိတ်ကို လွှမ်းခြုံသွားသောကြောင့် ချင်းကျွင်က လက်သီးများကို တင်းတင်းဆုပ်ထားပြီး၊ ရိုင်းစိုင်းသော စကားလုံးများစွာသည် သူ့နှုတ်ခမ်းဝသို့ တက်လာသည်။ 

သို့သော် သူမပြောနိုင်ပေ။ 

အဘယ့်ကြောင့်ဆိုသော် အနှီအိုမီဂါသည် ထန်းမိသားစု၏ တစ်ဦးတည်းသောသား၊အချစ်ခံရဆုံး မြေးဖြစ်နေသည်သာမက ကုမိသားစု၏ မြေး၏ စေ့စပ်ထားသော သတို့သားလောင်းဖြစ်သည်။ သူ့ကိုတစ်ခုခုလုပ်ချင်လျှင် ထန်းနှင့် ကုမိသားစု၏ ဒေါသကို ခံရမည်။ 

 

သူ့အဖေမှာ ခုနက သူ့ကို အော်ဟစ်ဆူငေါက်ထားခဲ့သည်။ 

 

 "မင်းကိုယ်မင်း ဘာထင်နေတာလဲ..ထန်းပိုင်ကို ရန်စဖို့ သတ္တိရှိတာလား! ဗိုလ်ချုပ်ကုက ဒီကိစ္စကြောင့် ငါတို့ ချင်းမိသားစုရဲ့ ကြယ်တာရာလမ်းကြောင်းကို ဖြတ်တောက်လိုက်တာ မင်းသိလား! ငတုံးကောင်!" 

 

 "ငါ့ကြောင့် ထိခိုက်ခဲ့ရတဲ့ လူတိုင်းကိုလည်း တောင်းပန်ချင်ပါတယ်" 

 

အုံကြွနေသောပရိတ်သတ် လူအုပ်ကြီးကို ကြည့်ရင်း အထူးသဖြင့် မက်ချာမေဂျာ ကိုယ်စားပြုစစ်တပ်ရှေ့တွင်ရပ်နေသောရှဲ့ရူဟန်ကို ကြည့်ရင်း၊ သူ့မျက်လုံးများမှမကျေနပ်မှုများကို မထိန်းနိုင်တော့ပေ။ 

 

ချင်းကျွင်ကို ဤလူများအား တောင်းပန်ခိုင်းခြင်းသည် သူ့ကို သတ်ခြင်းထက်ပင် ပို၍ မသက်မသာဖြစ်စေနိုင်သည်။ သူ့အမူအရာမှာ မဲ့ရွဲ့သွားပြီး နောက်ဆုံးတွင်အချိန်အတော်ကြာသွားပြီးမှ အရှက်နည်းစွာဖြင့် "တောင်းပန်ပါတယ်" ပြောလာခဲ့လေသည်။ 

 

ထန်းပိုင်သည် စာတမ်းကိုဖတ်နေစဉ်အတွင်း အမြဲမြင်ချင်ခဲ့သော ဤပုံရိပ်သည် နောက်ဆုံးတွင်ဖြစ်လာခဲ့သည်။ သူ့၏ အိုမီဂါအလင်းရောင်လေးသည် ဆင်းရဲသားရပ်ကွက်တွင် မွေးဖွားလာသောကြောင့် ကျောင်းတွင် မတရားဆက်ဆံခံခဲ့ရကာ နောက်ဆုံးတွင်တော့ သူထိုက်တန်သော တောင်းပန်မှုကို ရရှိခဲ့ပြီဖြစ်သည်။



ထန်းပိုင်သည် သူ၏အသံချဲ့စက်ကိုမြှောက်ပြီး အဝေးမှ ရှဲ့ရူဟန်ကိုကြည့်လိုက်သည်။ သူ၏နှလုံးသားလေးသည် ချဉ်သွားပြီး သူ၏မျက်လုံးများကလည်း နူးညံ့သွားသည်။ သူက ညင်သာစွာ မေးလိုက်သည်။ 

 

"ကျောင်းသား ရှဲ့ရူဟန်ရောဘာပြောချင်ပါသေးလဲ" 

 

ရှဲ့ရူဟန်သည် တောက်ပသော နေရောင်အောက်တွင် နေကိုဆန့်ကျင်၍ ရပ်နေသော ထန်းပိုင်ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသောအခါ သူမြင်သည်မှာ တောက်ပနေသော ထန်းပိုင်တစ်ဦးတည်းသာဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးမှ တီးတိုးပြောဆိုသံများသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေပြီး လူတိုင်းကထန်းပိုင်အကြောင်းကို ပြောနေကြသည်။ 

 

"ဒီအိုမီဂါကို ထန်းပိုင် လို့ခေါ်တာလား?" 

"သူက အရမ်းချစ်ဖို့ကောင်းတာပဲ..ငါ သူ့ကို ချစ်မိသွားပြီထင်တယ်" 

 

"သူကလည်း မျိုးရိုးမြင့်သူတစ်ယောက်ပဲ..ငါတို့ သာမန်လူတွေအတွက် စကားပြောပေးမယ့် မျိုးရိုးမြင့်သူတွေလည်း ရှိသေးတာပဲ" 

 

"ဒီလောက် အားကောင်းတဲ့ အိုမီဂါကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ" 

 

စိန်စီထားသော အသံချဲ့စက်သည် ပျံသန်းမှုစနစ်တစ်ခုတပ်ဆင်ထားပြီး ရှဲ့ရူဟန်ထံသို့‌ ရောက်သွားသည်။ သူက စပီကာကိုယူလိုက်သည့်အခါ မျက်လုံးပေါင်းများစွာက သူ့အပေါ် ကျရောက်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် ရှဲ့ရူဟန်၏နှလုံးသားထဲတွင် ရန်လိုမှုများမရှိတော့ပေ၊ အကြောင်းမှာတော့ ထောင်ပေါင်းများစွာသော မျက်လုံးများထဲတွင် ထန်းပိုင်၏ မျက်လုံးတစ်စုံ ပါဝင်နေကြောင်းကို သူသိသောကြောင့်ဖြစ်သည်။ 

ဆံပင်နက်နက် မျက်ဆံနက်နက်နှင့် အရပ်ရှည်ရှည် စစ်ဘက်အကယ်ဒမီကျောင်းသားသည် တည်တည်ကြည်ကြည်ရှိကာ ရုပ်ရည်ချောမောသည်။ သူက ရိုကျိုးခြင်းလည်းမရှိ၊ မောက်မာခြင်းလည်းမရှိဘဲ ပြောလိုက်သည် ။ 

 

"ချင်းကျွင်..မင်းက သာမန်ကျောင်းသားတွေကို အောက်တန်းစားလို့ခေါ်ပြီး ငါတို့နဲ့ ကျောင်းတူတူမနေချင်ဘူး..ဒါပေမယ့် ငါတို့ ဖက်ဒရေးရှင်းကို တည်ထောင်ဖို့အတွက် အာဇာနည်ဘယ်နှစ်ယောက်က သွေးချွေးတွေ စွန့်လွှတ်ခဲ့လဲဆိုတာ မင်းသိလား ဒီနေ့ သာမန်လူတွေ ကျောင်းတက်ခွင့်ရဖို့အတွက် အနစ်နာခံခဲ့တာ မင်းသိလား" 

နက်မှောင်သောဖီးနစ်မျက်လုံးများဖြင့် ချင်းကျွင်ကို စိုက်ကြည့်ရင်း ရှဲ့ရူဟန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် ။ 

 

"ငါတို့က တခြားသူတွေထက် မနိမ့်ကျဘူး...ငါတို့က ဖက်ဒရေးရှင်းရဲ့ လှံနဲ့ဒိုင်းဖြစ်ပြီး ပြည်သူတွေနဲ့ ဖက်ဒရေးရှင်းကို ကာကွယ်ပေးမယ့်သူတွေပဲ" 

 

 

 

"ဘုန်း၊ ဘုန်း၊ ဘုန်း" 

 

၎င်းက တည်ငြိမ်သော နှလုံးခုန်သံနှင့်တူလှသည်။ 

 

ထိုယဉ်ကျေးမှု၏ အဓိပ္ပါယ်ကို စာကြောင်းတစ်ကြောင်းဖြင့် အကျဉ်းချုပ်နိုင်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်၏သစ္စာအားလုံးကို ကျွန်ုပ်၏နှလုံးသားဖြင့် ပေးအပ်လိုပါသည်ဟုပြောခြင်းပင်ဖြစ်သည်။ 

စိတ်လှုပ်ရှားဖွယ်ရာအပြုမူနှင့်အတူ ပေါင်းစပ်ထားသော စိတ်အားထက်သန်စရာမိန့်ခွန်းများကြောင့် တက်ရောက်လာသော စစ်ဘက်အကယ်ဒမီ‌ကျောင်းသားများသည် ရင်ထဲ၌ထိမိသွားပြီး စစ်ပွဲဗုံများကို တီးနေသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ရင်ဘတ်ကို ပုတ်လိုက်ကြ၏။ 

 

ချင်းကျွင်၏စော်ကားမှုကို ခံခဲ့ရသူများ ဒါမှမဟုတ် တစ်ခါမျှ ဒီအပြုအမူအား မတွေ့ဖူးသော သာမန်ကျောင်းသားများသည်လည်း ပါဝင်လာကြသည်။ 

 

တစ်ဦး၊ နှစ်ဦး၊ ဆယ်ဦး၊ တစ်ထောင် 

 

ချင်းကျွင်က မထီမဲ့မြင်ပြုခဲ့သော ထိုသူများကို ရှဲ့ရူဟန်ကစုစည်းခဲ့သည့်အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေသော အဆင့်မြင့်စစ်ဘက်အရာရှိများပင် သူတို့ကို ကြည့်ရှုရတော့သည်။ ထိတ်လန့်နေပြီဖြစ်သော ချင်းကျွင်အကြောင်းကတော့ ပြောစရာပင်မလိုဝောာ့။ 

 

စည်းလုံးညီညွတ်သော သာမန်ကျောင်းသားများကို ကြည့်ရင်း ချင်းကျွင်သည် သွေးမရှိတော့သလို သူ့နှုတ်ခမ်းများအပေါ်အောက် ရွေ့လျားနေသော်လည်း မည်သည့်ဆင်ခြေမှ မပြောနိုင်တော့ပေ။ 

 

မြင်ကွင်းသည် ထိန်းချုပ်မရတော့ပေ။ သူသည် စိတ်ရင်းမှန်ဖြင့် ထပ်မံတောင်းပန်ခြင်းမရှိလျှင် ထန်းပိုင်က သူ့အကြမ်းဖက်ခဲါသော အိုမီဂါ၏အဖြစ်အပျက်ကို ထုတ်ဖော်ပြသသောအခါ သူ တကယ်ကို ပြီးဆုံးသွားလိမ့်မည်။ 

 

မျက်လုံးများအားလုံး၏အောက်တွင် ချင်းကျွင်သည် နောက်ဆုံးတွင် ခေါင်းကို ငိုက်စိုက်ချလိုက်ပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်သည် 

"ကျွန်ဝောာ် အိုမီဂါနှင့် သာမန်ကျောင်းသားများကို စော်ကားခဲ့မိတဲ့အတွက် ဒီနေရာကနေပဲတောင်းပန်ပါရစေ" 

 

ပြောပြီးနောက် သူသည် တိတ်ဆိတ်စွာ ကိုင်းညွှတ်လိုက်ပြီး လက်ချောင်းများကို စုစည်းကာ မျက်ခုံးကြားတွင် ထားလိုက်သည်။ 

 

အဘယ့်ကြောင့်ဆိုသော် ဤယဉ်ကျေးမှု၏ အဓိပ္ပါယ်မှာ ဘုရားသခင်၊ ကျွန်ုပ်၏အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ မဟုတ်ပါက ကျွန်ုပ်ကို စွန့်ပစ်တော်မူပါဟုပြောလိုက်ခြင်းပင်ဖြစ်သည်။


ဒီမယုံနိုင်လောက်အောင် မာနကြီးလှတဲ့ အယ်လ်ဖာက ဒီတစ်ခါတော့ တကယ်ကို ခေါင်းငုံ့လိုက်ပြီဖြစ်၏။ 

 

ဒါပေမယ့် ချင်းကျွင်ရဲ့ တိုက်ခိုက်လိုမှုစိတ်ဓာတ်ကို ဖျက်ဆီးခဲ့တဲ့ရှဲ့ရူဟန် ကတော့ တည်ငြိမ်ပြီး အေးဆေးတည်ငြိမ်စွာ ရှိနေဆဲဖြစ်သည်။ 

 

ဘယ်အယ်လ်ဖာက စပြီးလက်ခုပ်တီးခဲ့လဲတော့ မသိကြသော်လည်း စစ်ဘက်အကယ်ဒမီကျောင်းသားများက‌တော့ လက်ခုပ်သံမှာ ပိုပိုပြီး ပါဝင်လာကြပြီးဖြစ်သည်။ တစ်ချို့က “စောက်ရမ်းလန်းတဲ့ရှဲ့‌ကော”လို့ အော်ကြပြီး တချို့က “ရှဲ့ကော ခေါင်းဆောင်ဖြစ်ပါစေ”ဟုလို့ အော်နေကြသည်။ 

ထန်းပိုင်က သူ့ရဲ့ပါးလေးတွေကို လက်ထဲမှာ ကိုင်ထားရင်း ရှဲ့ရူဟန်ကို စိုက်ကြည့်နေမိသည်။ သူ၏နှလုံးသားက နူးညံ့နေပြီး ရှက်ရွံ့ခြင်းလည်းမရှိတော့ပေ။ 

"ငါတို့ရဲ့ အိုမီဂါ အလင်းရောင်နဲ့ ထိုက်တန်လိုက်တာ..တကယ်ကို အရမ်းချောတာပဲ!" 

 

စိတ်လှုပ်ရှားစွာနဲ့ပဲ သူက ပန်းခြင်းထဲက နှင်းဆီပွင့်လေးတွေကို စင်ပေါ် အကုန်ဖြန့်ကာကြဲလိုက်‌ပြီးနောက် များပြားသာယာလှပတဲ့ နှင်းဆီမိုးလေးတွေက တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းကာ အယ်လ်ဖာအများအပြားပေါ်ကို သွန်းဖြိုးနေလေသည်။ 

 

ရှဲ့ရူဟန်က ခေါင်းမော့ပြီး ထန်းပိုင်ကို တိတ်တဆိတ် ကြည့်လိုက်လေသည်။ သူ‌၏မျက်လုံးများက လူငယ်လေးရဲ့ တောက်ပပြီး လှုပ်ရှားနေတဲ့ အရှိန်အဝါအလင်းရောင်ကို တပ်မက်စွာနဲ့ပဲစိုက်ကြည့်နေမိသည်။ ထိုပယင်းရောင်မျက်လုံးတွေရဲ့ တောက်ပနေတဲ့ အလင်းရောင်က မည်သည့်ကျောက်မျက်ရတနာထက်မဆို ပိုပြီး တောက်ပလေသည်။ 

ထိုကောင်လေးသည် သူ့အတွက်သာ တောက်ပပေးနေတဲ့ ကျောက်မျက်လေးတစ်လုံးပဲဖြစ်ပေသည်။ 

 

ကုထူနန်က ရှဲ့ရူဟန်ဘေးမှာ ရပ်နေပြီး မီးခိုးပြာရောင် မျက်လုံးများနဲ့ စင်ပေါ်က အိုမီဂါကို စိုက်ကြည့်နေမိသည်။ ထိုအိုမီဂါသည် ယုံကြည်မှုရှိရှိဖြင့် လွတ်လပ်ကာ တက်ကြွပြီး အေးဆေးတည်ငြိမ်စွာပဲ လှပလွန်းသည်။ သူက အနှီအိုမီဂါရဲ့ ပုံပန်းသဏ္ဍာန်ကိုသဘောကျမိသည်။ 

သူ့ကိုချစ်ခဲ့ဖူးတဲ့ အိုမီဂါက နောက်ဆုံးတော့ သူတကယ်သဘောကျတဲ့ ပုံစံအဖြစ် ပြောင်းလဲသွားခဲ့‌‌သော်လည်း တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားကလည်း ကြေကွဲနေခဲ့ရသည်။ 

 

သူ့မျက်လုံးအောက်မှာ တမ်းတမှုနဲ့ နောင်တရဲ့ အစအနလေးတစ်ခု ပေါ်လာလေ၏။ ကူထူနန်က ပထမဆုံးအကြိမ် ခါးသီးတဲ့ အရသာကို ခံစားလိုက်မိသည်။သူ့ကို အရမ်းချစ်ခဲ့တဲ့ အိုမီဂါကို တခြား အယ်လ်ဖာတစ်ယောက်ဘေးကို ဘယ်လိုများ တွန်းပို့နိုင်ခဲ့ရတာလဲ... 

 

ထန်းပိုင်က ရှဲ့ရူဟန်ကို ပန်းပွင့်လေးတစ်ပွင့်လို ပြုံးပြနေသည်ကို မြင်တော့ ကူထူနန်ရဲ့ ဘေးဘက်သို့တွဲလောင်းကျနေတဲ့ သူ့လက်က ဖြည်းဖြည်းချင်း တင်းကျပ်လာလေသည်။ 

"ချင်းကျွင်က သူ့အမှားတွေကို နက်နက်ရှိုင်းရှိုင်း သိသွားပုံပဲ.. ကျောင်းသားအားလုံးက သတိပေးချက်တစ်ခုအနေနဲ့ သင်ယူနိုင်မယ်လို့ မျှော်လင့်မိပါတယ်..သင်ယူကြရုံတင်မကဘဲ အိုမီဂါများကိုလည်း လေးစားကြရပါမယ်" 

ဟု ကျောင်းအုပ်ကြီးမှညင်သာစွာ ပြောကာကိစ္စကို အဆုံးသတ်လိုက်သည်။ 

 

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ ချင်းကျွင်ရဲ့အမေက သက်ပြင်းချလိုက်သည်။ သူမပျော်နိုင်ခင်မှာ "ဘုန်း" ဆိုတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။ ချင်းကျွင်ရဲ့အ‌ဖေက တည်ငြိမ်တဲ့မျက်နှာထားနဲ့ပဲ ခွက်ကို ရိုက်ခွဲပစ်လိုက်သည်။ 

 

"ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား ကျောင်းအုပ်ကြီးက ဒီဖြစ်ရပ်ကပြီးသွားပါပြီလို့ ကြေညာထားပြီးပြီလေ ဘာလို့ ဒီလောက် ဒေါသထွက်နေရသေးတာလဲ" 

ချင်းကျွင်ရဲ့အမေက ညည်းညူပြီး သူ့ရင်ဘတ်ကိုထုလိုက်သည်။ 

 

 

"မပြောနဲ့တော့..ရှောင်ကျွင်ကို ကိုင်တွယ်ခွင့်က ထန်းမိသားစုလက်ထဲမှာ ရှိတယ်..သူတို့လိုချင်တဲ့အချိန်တိုင်း စာရင်းဟောင်းကို ပြန်လှန်ပြီးပြဿနာရှာနိုင်တာ.. သူတို့ ရဲတိုင်မှာကို တားနိုင်မှာလား...ဟမ်?! ထန်းမိသားစုနဲ့ ကုမိသားစုကို ထပ်ပြီးကျိန်ဆဲပါစေဦး ဒါက အလွယ်တကူ ကျော်လွှားနိုင်မယ်လို့ ထင်မနေနဲ့!" 

 

"ဘယ်သွားမလို့လဲ" 

 

ငိုဖို့ပဲသိတဲ့ သူ့ဇနီးကို ပြန်ကြည့်ပြီး ချင်းကျွင်အဖေက အေးစက်စွာ ပြောလိုက်၏။ 

"ဘယ်ကို သွားရမှာလဲ မင်းရဲ့ သားမိုက်အတွက် အရှုပ်တွေကို ရှင်းဖို့ပေါ့!" 

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ကျောင်းအုပ်ကြီးရဲ့ မိန့်ခွန်းက ဆက်လက်ပြီးပြောဆဲပင်။ 

 "မင်းတို့ကို တကယ်ပဲ အားကျမိပါတယ်..ငါတို့ရဲ့ဝင်ခွင့်အခမ်းအနားတုန်းကဆိုရင် အိုမီဂါလေးတွေကအားမပေးခဲ့ဘူး.. အကယ်၍သာရှိခဲ့ရင် ငါပထမနေရာရနိုင်ခဲ့‌လောက်မှာ" 

 

 ကျောင်းအုပ်ကြီးက တက်ကြွပြီးယုံကြည်မှုရှိရှိနဲ့ လူငယ်အိုမီဂါများကို ကြည့်ပြီး မငြိမ်မသက်ဖြစ်ကာ စိတ်အားထက်သန်နေတဲ့ အယ်လ်ဖာကျောင်းသားတွေကို ကြည့်ရင်း မပြုံးဘဲ မနေနိုင်။ 

"ကိုယ့်အပြုအမူကိုထိန်းကြ ကလေးတွေ..အားပေးဖို့လာတဲ့ အိုမီဂါတွေက ငါ့ကို လှောင်အောင် မလုပ်ကြနဲ့!" 

ပရိသတ်ထဲက စစ်ဘက်အကယ်ဒမီကျောင်းသားတွေရဲ့ အသံတွေကို ကြားနေရပြီး ကျောင်းအုပ်ကြီးရဲ့မျက်လုံးတွေမှာ အပြုံးတွေ စွန်းထင်းနေလေသည်။

"မင်းတို့တွေကိုတကယ်ပဲ အားကျတယ်.. အကောင်းဆုံးအရွယ်မှ

ာ မင်းတို့ရဲ့ နှလုံးသားကို တစ်သက်တာလှုပ်ရှားစေမယ့် အိုမီဂါကို တွေ့နိုင်သေးတယ်..." 

 

"လှပမှုကိုပြန်မရနိုင်ခဲ့ရင်တောင် မင်းတို့ရဲ့ ငယ်ဘဝကိုပြန်‌အောက်‌မေ့ကြတဲ့အခါ အံ့သြစရာကောင်းခဲ့တဲ့ နှစ်တွေကိုပြန်မှတ်မိနိုင်ကြမှာပါ..."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment