no


Chapter 14 


ကုထူနန်တစ်ယောက် သူ့ကို ကြည့်နေတဲ့ ဒေါသမျက်ဝန်းတွေထဲက စိတ်ရှူပ်မှုတွေကို မြင်လိုက်ရတဲ့အခါမှာ သူ့နှလုံးသားထဲမှာရှိနေသေးတဲ့ ဒေါသတွေက အပေါက်ငယ် တစ်ခုအဖြစ် ပြောင်းသွားပြီး ကြောက်စိတ်တွေ ဝင်လာကာ သူ မသေချာမရေရာတဲ့ပုံစံနဲ့ ပြောလိုက်မိသည်။ 


“ ရှဲ့ရူဟန်က ချင်းကျွင်ကို ရိုက်ခဲ့တဲ့ အဓိက,က သူ့ရဲ့ မျိုးရိုးအစစ်ကို အနှိမ်ခံရတာကြောင့်ပဲ” 


“ မင်း သေချာသိသင့်တယ်.. သေချာသင်ကြားပေးခံရတဲ့သူ‌ တွေရဲ့ အပြုအမူ၊ကောင်းကောင်းဝတ်စား၊ ကောင်းကောင်း ကျွေးမွေးခံရပြီး.. ဂုဏ်ရှိမှုနဲ့ မရှိမှုတွေကို မင်းသေချာ သတိထားသင့်တယ်.. ပြီးတော့ ဆင်းရဲပြီး ထိန်းကျောင်းလို့မရတာက ဘာကိုဆိုလိုတာလဲ ဆိုတာကိုပါ သတိထားသင့်တယ်...” 


“သူက အောက်ခြေက လာတဲ့သူတစ်ယောက် အဆင့်အတန်းမြင့်တဲ့သူတွေကို မုန်းတယ်.. သူ လိုချင်တာကို ရဖို့ဆို သူ့မှာ မလုပ်နိုင်တာ ဘာမှမရှိဘူး” 


ကုထူနန် အဓိပ္ပါယ်ပါစွာ ပြောလိုက်သည်။ 


“ ငါ စိုးရိမ်တာက သူ့ရဲ့စိတ်ထဲမှာ မင်းက နင်းခြေပစ်ခံရမဲ့ တည်ရှိမှုတစ်ခု ဖြစ်နေမှာကိုပဲ” 


ထန်းပိုင်က ကုထူနန်ကို ခံစားချက်မဲ့စွာ ကြည့်လိုက်လေသည်။ သူ့ရဲ့မျက်လုံးတွေက ကုထူနန် မျှော်လင့်ထားတာနဲ့ မတူညီစွာ ရန်စခံလိုက်ရတဲ့အတွက် တုန်လှုပ်မသွားဘဲ အေးစက်စက် ဖြစ်နေခဲ့သည်။ 


မီးတောက်သဖွယ် ထိုမျက်ဝန်းများက ဈေးကြီးတဲ့ ကျောက်မျက်ရတနာလိုပဲ.. အေးစက်ပြီး အနည်းငယ် ထူးဆန်းနေခဲ့သည်။ 


ပုံမှန်လိုမျိုး သူ့ရဲ့မေးကို မပင့်ထားဘဲ.. ခန္ဓာကိုယ်က ဘယ်လိုမှ ဟန်ဖို့,မနေကာ နောက်ကျောက ဖြောင့်တန်းနေခဲ့သည်။ သူ့ရဲ့ အမူအကျင့်နဲ့အညီ အအေးစက်ဆုံး အသံနဲ့ ပြန်ပြောလိုက်တာက... 

“ မကောင်းဆိုးဝါးတွေကို မှတ်ယူကြတဲ့ ပုံစံက ရယ်စရာပဲနော်.. ဆင်းရဲတဲ့ မကောင်းဆိုးဝါးက ရှင်သန်ဖို့အတွက် မကောင်းဆိုးဝါး ဆန်ရတယ်.. အာဏာရှိတဲ့ မကောင်းဆိုးဝါးတွေက သူတို့ရဲ့ လိုအင်တွေ ပြည့်ဝဖို့၊ဒေါသတွေ ပုံချဖို့ မကောင်းဆိုးဝါး ဆန်ကြတယ်.. ကွာသွားတာဆိုလို့ အာဏာရှိတဲ့ မကောင်းဆိုးဝါးတွေက သူတို့ရဲ့ ပြစ်မှုတွေကို သူတော်ကောင်းယောင်ဆောင်ပြီး ကာထားနိုင်တာလေး တစ်ခုပဲ” 


ထန်းပိုင်က စကားကို အသံထိန်းချုပ်ပြီး မပြောဘဲ ခပ်မာမာပြောလိုက်တဲ့အခါ သူ့ရဲ့အသံက အရမ်းကို နားထောင်ကောင်းမှန်းကို ကုထူနန် ပထမဆုံး သဘောပေါက်သွားခဲ့သည်။ အဲ့ဒါက ကျောက်စိမ်းတုံးလေး ညပ်မိလို့ ထွက်လာတဲ့ အသံလိုပဲ ခပ်ဆတ်ဆတ် ဖြစ်နေခဲ့သည်။ 


“ကုထူနန် ခင်ဗျား…” 


ဒါက အဓိကဇာတ်ကောင်ရဲ့ တိုက်ခိုက်မှုများလား... 


ထန်းပိုင် ပြောနေရင်း ရပ်လိုက်သည်။ သူ့ရဲ့ မျက်ခုံးတွေက တွန့်ချိုးနေကာ ဝမ်းနည်းနေတဲ့ မျက်လုံးများနဲ့ သူ့ရဲ့မျက်နှာက အရမ်းကိုနူးညံ့နေခဲ့သည်။ ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်နှာပြင်မှာ အလိုမကျဟန် မျက်မှောင် ကုတ်နေတာလေးက ရင်ခုန်ဖွယ် ဖြစ်နေတော့သည်။ 


“ ခင်ဗျား အဲ့လို မဖြစ်သင့်ဘူး” 


“ ခင်ဗျား ဘယ်လိုပဲ အားနွဲ့တဲ့အိုမီဂါတွေကို သဘောမကျလို့ သူတို့ကို အသုံးမဝင်တဲ့ အလှပန်းအိုးသက်သက်လို့ပဲ မြင်တယ်ဆိုဆို... အဲ့ဒီအကြောင်းပြချက်ကြောင့်နဲ့ အိုမီဂါအားလုံးကို မမုန်းနေသင့်ဘူး.. အိုမီဂါ တစ်ယောက်ကို နှုတ်နဲ့ စော်ကားနေတာကို မြင်တဲ့အခါမှာ ခင်ဗျား ဒေါသထွက်သင့်တာ.. မစာနာပေးနိုင်ရင်တောင်” 


ခင်ဗျား အခု အပြစ်ပေးခံရတဲ့ ရှဲ့ရူဟန်ကို သနားသွားစေရမယ်... ချင်းကျွင်လုပ်ခဲ့တာက အရမ်းလွန်တယ်လို့ မြင်သွားအောင် လုပ်ပစ်မယ်.. ခင်ဗျား ကုမိသားစုရဲ့အာဏာကို သုံးပြီး ရှဲ့ရူဟန် အပြစ်ပေးခံရတာကို လျော့ကျအောင် ကူကို ကူညီပေးရလိမ့်မယ်.. 


“ ဆင်းရဲသားတွေက ပျင်းရိ၊ခိုးဝှက်တတ်ပြီး နှောက်ယှက်တတ်လို့ ခင်ဗျား မကြိုက်လို့ရပါတယ်.. ဒါပေမဲ့ ချင်းကျွင်လို အထက်တန်းလွှာတွေနဲ့ တူသွားလို့ မဖြစ်ဘူးလေ.. ဆင်းရဲသားတွေရဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်က လူသားတွေရဲ့ မကောင်းစိတ်ကို ကြီးထွားအောင် လုပ်ပေးနိုင်တာ မှန်ပေမဲ့ အဲ့ဒီလို ပတ်ဝန်းကျင်မျိုးမှာပဲ လူသားတွေက ဘယ်လောက်တောင် စိတ်ရင်းကောင်းတွေ ဖြစ်လာနိုင်လဲဆိုတာ ခင်ဗျား သိပါတယ်” 


ခင်ဗျားလည်း ရှဲ့ရူဟန်ရဲ့ အလင်းမှာ ဆွဲဆောင်ခံရပြီး သူ့ကိုနားလည်လာပြီး.. ထောက်ပံ့ပေးလာပြီး.. သူနဲ့အတူ ဒီကြမ်းတမ်းတဲ့ လူမှူပတ်ဝန်းကျင်ကြီးကို ပြောင်းလဲပေးမှာပဲ။ 


ခင်ဗျားက ဒီဝတ္ထုရဲ့ အဓိကဇာတ်လိုက် တစ်ယောက်ပဲဆိုပေမဲ့.. ပြစ်ချက်တွေလည်း အများကြီး ရှိတယ်ဆိုပေမဲ့.. အနည်းဆုံးတော့ အဲ့ဒီအကျင့်မကောင်းတဲ့ အယ်လ်ဖာတွေလို မဟုတ်ဘဲ ခင်ဗျားရဲ့ မကောင်းတဲ့အကျင့်တွေကို ရှဲ့ရူဟန်ကို ကြိုက်လာတာနဲ့အမျှ နည်းနည်းချင်း ပြင်ဆင်လာချင်စိတ်ရှိတာမို့လို့ ခင်ဗျားက နောက်ဆုံးမှာ အိုမီဂါ အလင်းတန်းလေးနဲ့ ထိုက်တန်ရုံလေး ဖြစ်ခဲ့ရတာလေ... 


ဒါပေမဲ့.. ဒါပေမဲ့ အခု ခင်ဗျားက ဘာလို့ ဒီလိုဖြစ်နေရတာလဲ... 

ရှဲ့ရူဟန်ရဲ့ မကောင်းကြောင်းတွေ ဘာလို့ ပြောနေရတာလဲ... 


ရှဲ့ရူဟန်က တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး.အိုမီဂါဖြစ်ပြီး သူက ကမ္ဘာပေါ်က အကောင်းဆုံးသော အရာတွေနဲ့ ထိုက်တန်တဲ့သူပဲ။


ခင်ဗျားကတော့ မတန်ဘူး... 


“ ကုထူနန် ခင်ဗျား ကျွန်တော့်ကို တစ်ကယ် စိတ်ပျက်စေတာပဲ” 


ထန်းပိုင် ဖျော့တော့ တိုးလျစွာ ပြောလိုက်သည်။ သူ့ရဲ့ အသံက အရမ်းကို တိုးနေသလို မျက်လုံးတွေကလဲ ဝမ်းနည်းနေဟန်မို့ သူ့ရဲ့ပုံစံက ထငိုတော့မလို ဖြစ်နေခဲ့သည်။ 


ကုထူနန် နေရာမှာတင် အေးခဲ သွားတော့သည်။ 

ဒီတော့ သူက ထန်းပိုင်ရဲ့စိတ်ထဲမှာ အဲ့လို လူစားလား.. 


အစားအစာတွေလည်း လာချခဲ့ပြီး သရက်သီးအုန်းနို့ မစ်ရှိတ်လေးဟာ ထန်းပိုင်ရဲ့ လက်ထဲကို ရောက်လာခဲ့သည်။ 


“ ဆောရီး ကျွန်တော့်က သရက်သီးနဲ့ ဓာတ်မတည့်သလို အနံ့ရရင်လဲ မသက်မသာ ဖြစ်တတ်တာမို့ ခင်ဗျားနဲ့ အတူမစားပေးတော့ဘူး” 


ထန်းပိုင် မတ်တပ်ရပ်ပြီး ထွက်သွားခဲ့သည်။ 


ကုထူနန် ထိုနေရာမှာပဲ တောင့်ခဲစွာ ထိုင်နေခဲ့သည်။ သူကြာမြင့်စွာ ထိုင်နေစဥ်မှာ မှတ်ဉာဏ်များစွာက သူ့ရဲ့ခေါင်းထဲကို ပြန်ပေါ်လာခဲ့သည်။ 


သူ့ရဲ့ ဒိတ်မှာ နုနုလှလှ အိုမီဂါလေးက ထိုသို့ပြောခဲ့ဖူးတာကို သူရုတ်တရက် အမှတ်ရသွားခဲ့သည်။ 


“ ဆောရီး ကျွန်တော် သရက်သီးနဲ့ ဓာတ်မတည့်လို့ စားလို့မရဘူး” 


သူ အဲ့ဒီအချိန်တုန်းက ဘာတွေ တွေးနေခဲ့တာလဲ... 


အယ်လ်ဖာတစ်ယောက်ရဲ့ ခေါင်းထဲကို မတူညီတဲ့ မှတ်ဉာဏ်တွေ ဝင်ရောက်လာခဲ့ပြီး သူ စိတ်မရှည်စွာ တွေးမိသွားသည်.. အိုမီဂါ တစ်ယောက်ကို သူ ဘယ်လို စိတ်တိုစရာတွေ လုပ်ခဲ့မိတာလဲ.. 


ထန်းပိုင် စားသောက်ဆိုင်ရဲ့ အပြင်ကို ရောက်တာနဲ့ သူအရင်က အလုပ်လုပ်ဖူးတဲ့ ဘီတာရှေ့နေကို ဆက်သွယ်လိုက်သည်။  


လူမှူပတ်ဝန်းကျင် တစ်ခုလုံးမှာ အိုမီဂါတွေက အဖိနှိပ်ခံရပြီး အမြဲစွန့်စားမှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုပေမဲ့.. အဲ့ဒီ လူမှုပတ်ဝန်းကျင်ထဲက အလ်ဖာများကတော့.. အိုမီဂါတွေရဲ့ အခွင့်အရေးကို အလေးထားပြီး အိုမီဂါတွေကို အနိုင်ကျင့်တာကို ခွင့်မပြုပါဘူး ဆိုပြီး အသံကောင်းဟစ်ပြီး သူတို့စိတ်ကြိုက် စော်ကားပြောဆိုနေခဲ့ကြသည်။ အထက်တန်းစား အိုမီဂါကိုတောင်မှ စော်ကားပြောဆိုကြသည်။ 


ဒါပေါ့.. အလယ်တန်းစား အိုမီဂါနဲ့ အနိမ့်စားအိုမီဂါတွေဆိုရင် ပို၍ကွဲပြားစွာ ဆက်ဆံခံရသည်။ တစ်ချို့ အယ်လ်ဖာတွေဆိုရင် အလယ်တန်းအိုမီဂါတစ်ယောက်ကို မုဒိန်းကျင့်တာက အဆင့်မြင့် အိုမီဂါ တစ်ယောက်ကို ဆဲဆိုတာလောက်တောင် ပြစ်ဒဏ်မခံရဘူးဆိုပြီး တိတ်တဆိတ် ပြောကြလေ့ရှိသည်။ 


ထန်းပိုင်လိုမျိုး ငွေကြေး၊ အချိန်၊ အာဏာနဲ့၊ ရန်လိုမှု ရှိတဲ့ အိုမီဂါတစ်ယောက်နဲ့ အဲ့လိုလူမျိုးနဲ့ ရင်ဆိုင်ရလို့ကတော့ ထန်းပိုင်သာ နေရာတင် သူ့ကို စော်ကားပြောဆိုခဲ့သူကို တစ်စဆီ ဆွဲမဖြဲခဲ့ရရင် သူ့ရဲ့ စိတ်လွတ်သွားလောက်မည်။ 


ထန်းပိုင်က ရှဲ့ရူဟန်ကို မတော်တဆမှု အကြောင်း ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ်တောင် ကိစ္စဖြစ်စဥ်ကို မေးမြန်းဖို့ ရှဲ့ရူဟန်နဲ့ရှေ့နေ တွေ့ဖို့လိုအုံးမှာပဲဆိုတော့... 


ထိုအချိန်မှာ အမှိုက်ခြင်းကို ရှင်းလင်းနေတဲ့ ရှဲ့ရူဟန်က လက်အိတ်စွတ်ထားကာ အမှိုက်အိတ်ကို မျက်နှာတစ်ချက် မပြောင်းဘဲ မ,လိုက်သည်။ 


ဒီအပြစ်ဒဏ်ကြောင့်ပဲ စစ်တက္ကသိုလ်ရဲ့ သန့်စင်ခန်းတွေက နာရီဝက်တစ်ကြိမ် သန့်ရှင်းရေး လုပ်ရတယ်ဆိုတာကို သူ သိသွားခဲ့သည်။ အမှိုက်ခြင်းတွေက အလွတ်ဖြစ်နေရပြီး ကြမ်းပြင်တွေကိုလဲ သုတ်ထားရပြီး.. အနံ့ပျောက်ဆေးကော အမွှေးနံ့ဆေးရည်ကိုပါ ဖြန်းရသေးသည်။ ဒီလိုမှ သန့်စင်ခန်းက လုံးဝ အနံ့ပြောင်နေမှာ ဖြစ်သည်။ 


ဒါပေမဲ့ အခုလိုမျိုး သူ့ကိုယ်ပေါ်မှာ အနံ့‌တွေရှိ၊ မရှိကိုတောင် မတွေးမိပေမယ့် သူ ထန်းပိုင်ကို သွားတွေ့တဲ့ အချိန်မှာ အနံ့ရမှာ စိုးရိမ်လို့ ရေပါချိုးသွားခဲ့သည်။ 


“ ယိုး ငါတို့ရဲ့ ရှဲ့ကျောင်းသားလေးက သန့်ရှင်းရေးကို သေချာ လုပ်ထားတာပဲ... ဘွဲ့ရပြီးရင် သန့်ရှင်းရေးလုပ်ဖို့ ကျောင်းမှာပဲနေရင်ရော” 


အမှိုက်အိတ်ကို ချည်နေလိုက်ရင်း ရှဲ့ရူဟန် ဂရုမစိုက်ခဲ့ပေ။ 


ကောလိပ်နဲ့တက္ကသိုလ်မှာ သန့်စင်ခန်းတွေကို သန့်ရှင်းရေး လုပ်တာက ဆင်းရဲသားတွေကြား အရမ်းကို ခေတ်စားတဲ့ အလုပ်ဖြစ်သည်။ လွယ်ကူပြီး သက်သာတဲ့အလုပ်မို့ အားလုံး လုပ်ချင်ကြသည်။  


ဆင်းရဲသား အများစုက လုံခြုံမှုနည်းတဲ့ မိုင်းတွင်းတွေမှာ ထမင်းတစ်နပ်ပဲ စားပြီး အသုံးစရိတ်အတွက်တောင် မကာမိတဲ့ မလောက်မငှ လစာလေးနဲ့ ညဆိုလည်း မြေပြင်ပေါ်မှာ ဒီတိုင်းအိပ်ရပြီး ကလေးတွေရဲ့ ကျောင်းစရိတ်ရအောင် ခန္ဓာကိုယ်ကို ပေးဆပ်ပြီး အလုပ် လုပ်ကြရသည်။ 


ထိုဆင်းရဲသားတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေ အတွက် အကောင်းဆုံး လုပ်ပေးနိုင်တာက ကျောင်းလို့ခေါ်တဲ့ နေရာကို ပို့ပေးပြီး စာတတ်စေကာ မြို့ကို သွားပြီး အလုပ်လုပ်နိုင်အောင်လို့ လမ်းဖြတ်ခ စုဆောင်းပေးနိုင်ရုံပဲ ရှိသည်။ 


သန့်ရှင်းရေး၊ ကလေးထိန်း၊ အိမ်ဖော်၊ စားပွဲထိုး.. စတာတွေက သက်သာတဲ့ အလုပ်တွေ ဖြစ်သည်။ 


“ အဆင့်မြင့် အိမ်တစ်အိမ်မှာ အလုပ်သွားလုပ်! အဆင့်မြင့်တွေရဲ့ အိမ်ကလှတယ်.. ပန်းခြံကြီးတွေရှိပြီး ရေပန်းတွေနဲ့ အိမ်သာတွေဆိုရင် အိမ်က အခန်းထက်တောင် မွှေးသေးတယ်.. ပြီးတော့ အိမ်ကြီးရှင်တွေက အခန်းတစ်ခန်းပါ ပေးလိမ့်မယ်.. အစေခံတွေအတွက် အခန်းဆိုလား ခေါ်တာပဲ”


အဆင့်မြင့်စံအိမ်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုများကို ပြေပြစ်တဲ့ စကားလုံးများနဲ့ ထိုစာမတတ်တဲ့ အမျိုးသမီးကြီးက မဖော်ပြနိုင်ခဲ့ပေ။ ထိုအချိန်တုန်းက သူမက အရမ်းကို နေမကောင်း ဖြစ်နေခဲ့တာဖြစ်ပြီး အစေခံတစ်ယောက် ဖြစ်ရခြင်းရဲ့ ကောင်းကြောင်းတွေကို ပြောပြနေချိန်မှာ သူမရဲ့ မျက်နှာဟာ ဖျားနာမှုအရှိန်နဲ့ နီနေခဲ့သည်။ 


“ အိမ်ကြီးရှင်ကို ကောင်းကောင်း ပြုစုပေးနိုင်ရင် အိမ်တော်ထိန်း ဖြစ်လာလိမ့်မယ်။ အဲ့လိုဆို အလင်း..အလင်း.. ဘာလို့ခေါ်ပါလိမ့် ထားပါ.. မင်းရဲ့ ဘိုးဘေးတွေအတွက် အလင်းတန်းလိုမျိုး ဂုဏ်ရှိစေလိမ့်မယ်!” 


သူမက စကားပြောရင်း အရမ်းစိတ်လှုပ်ရှားနေတာမို့ ချောင်းဆိုးမိပြီး သွေးတွေပါ ပါလာခဲ့သည်။ 


ရှဲ့ရူဟန် သုတ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ သွေးတွေက အရမ်းများနေတာမို့ သူ မသုတ်ပေးနိုင်ခဲ့ဘူး။ 


အဲ့ဒီနောက်မှာ သူမ သေဆုံးသွားခဲ့သည်။ 


သူမက ရှဲ့ရူဟန်အတွက် ‘လမ်းဖြတ်ခ’ ချန်သွားပေးခဲ့သည်။ ထိုအချိန်တုန်းက သူ့အတွက် အရမ်းကို များပြားတဲ့ ငွေပမာဏပဲ။ အဲ့ဒီ ပိုက်ဆံနဲ့ သူ ဆင်းရဲသားရပ်ကွက်က ထွက်ပြီး မြို့တံတိုင်း တစ်ဖက်က မြို့ထဲမှာ သူကြိုက်တာကို လုပ်လို့ရသည်။ တောင်းစားတာ ဖြစ်ဖြစ်ပေါ့။ 


ဒါပေမဲ့ သူ မသုံးခဲ့ဘူး။  


ထိုပိုက်ဆံနဲ့ သူ့ရဲ့ အမေကိုပဲ မြေမြုပ်ပေးခဲ့သည်။ 


“ အလုပ်လုပ်ပြီး ငိုင်နေတာလား?” 


ချင်းကျွင် ကြမ်းပြင်ပေါ်ကို နင်းလိုက်ကာ ရန်စမှုအပြည့်နဲ့ ရှဲ့ရူဟန်ကို ပြောလိုက်သည် 


“ ဒီမှာညစ်ပတ်သွားပြီ.. သန့်သွားအောင် လျှာနဲ့ လျက်လိုက်” 


အနက်ရောင် ဖီးနစ်မျက်လုံးများက ချင်းကျွင်ကို တိတ်တဆိတ် စိုက်ကြည့်လာခဲ့သည်။ ဘာစိတ်ခံစားချက်ကိုမှ မမြင်နေရဘဲ သတိရှိရှိ တည်ငြိမ်မှု အပြည့်နဲ့ ကြည့်နေခဲ့သည်။ 


ပြောရရင်.. အလောင်းကောင်ကို ကြည့်နေသလိုမျိုး.. 


ထိုအကြည့်အောက်မှာ သူ့ရဲ့ ဆုတ်ကိုင်ခံရဖူးသော လည်ပင်းက နာကျင်လာပြီး အကွာအဝေး တစ်ခုကနေတင်ကို ရှဲ့ရူဟန်ကြောင့် ရုန်းကန်ခဲ့ရတဲ့ မှတ်ဉာဏ်ကို ပြန်မြင်ယောင်မိကာ သူ့ရဲ့ လည်ပင်းက တုန်ယင်သွားပြီး ခန္ဒာကိုယ်က မထိန်းနိုင်စွာနဲ့ ကြောက်ရွံ့မှုကို ပြသလာခဲ့သည်။ 


ချင်းကျွင်ရဲ့ပုံစံက အမြှီးတက်နင်းခံ လိုက်ရတဲ့ ကြောင်တစ်ကောင်လိုမျိုး မျက်နှာကိုမဲ့ပြီး အံကြိတ်လိုက်ကာ 


“ လျက်လိုက်.. ငါပြောသလို လုပ်လိုက်စမ်း!” 


ဘာတွေကြောက်နေရမှာလဲ... သူက ဆင်းရဲသားတွေထဲက အနံထွက်ပြီးပုပ်နေတဲ့ကောင် တစ်ကောင်ပဲကို.. သူ့ထက်သန်မာပြီး သတ်နိုင်တော့ကော ဘာဖြစ်သလဲ နေ့တစ်နေ့ ဆုံးတာနဲ့ မင်းက အိမ်သာတွေကို သန့်ရှင်းရေး လုပ်နေရမှာပဲလေ! 


“ဒင်းဒေါင်”  


မက်ဆေ့သံ ထွက်လာခဲ့သည်။ 


ရှဲ့ရူဟန်က ချင်းကျွင်ကို လျစ်လျူရှုလိုက်ပြီး ထန်းပိုင်ဆီက မက်ဆေ့ကို ကြည့်ဖို့ ဖုန်းဖွင့်လိုက်သည်။  


အရင်ဦးဆုံး ထန်းပိုင်က ရှဲ့ရူဟန်ကို ဘာလို့ ဖြစ်ခဲ့တာလဲ၊မပြောပြတာလဲ မေးထားခဲ့ပြီးနောက်မှာ စိတ်ဆိုးနေတဲ့ လေသံနဲ့ သူ့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ရှေ့နေရှာထားပြီးပြီနှင့် ချင်းကျွင်ရဲ့ အသားကို မလှီးရမချင်း စိတ်မပြေဘူးလို့ ပြောထားခဲ့ကာ… နောက်ဆုံးမှာတော့ ချစ်စဖွယ်ကောင်းစွာ သူက ရှဲ့ရူဟန်နဲ့အတူ သန့်ရှင်းရေး ကူလုပ်လိုကြောင်း ပြောထားခဲ့သည်။ 


စကားသံက ချစ်စရာကောင်းမှုကနေ ကြောက်စရာကောင်းမှုကို လိုက်လျောညီထွေ ဖြစ်စွာ ပြောင်းနေခဲ့သည်။ 


“ အစ်ကိုရှဲ့ မကြောက်နဲ့.. ကျွန်တော် ဒီတစ်ခေါက် ကာကွယ်ပေးမယ် ဟုတ်ပြီလား ချင်းကျွင်ရဲ့ ခေါင်းကို ဖြုတ်ပစ်နိုင်မလား ကြည့်တာပေါ့!” 


ထန်းပိုင်ရဲ့ ဆူဆဲတဲ့ စကားတွေကို ကြည့်ပြီးနောက်မှာ သူ့ကိုတုံ့ဆိုင်းမှုမရှိ အမြဲခုခံပြီး ကာကွယ်ပေးခဲ့တဲ့ မိဘနှစ်ပါး အသက်ရှိစဥ် ကာလကိုတောင် သူ ပြန်မြင်ယောင် သွားခဲ့သည်။ 


…. 


ချင်းကျွင်ကို မကျေနပ်ကြောင်း စာစီစာကုံး တစ်သီတစ်တန်းကြီး ပို့ပြီးမှ ထန်းပိုင် နောင်တ ရနေခဲ့သည်။ သူ ဘယ်လိုလုပ်ပြီး အိုမီဂါ အလင်းတန်းလေးရှေ့မှာ ပေါက်ကွဲခဲ့ရတာလဲ! 


ချင်းကျွင်ကို ဆဲတာက ကိစ္စမရှိပေမဲ့ သူ့ရဲ့ ချစ်စဖွယ် ကောင်းပြီး နူးညံ့တဲ့ အိုမီဂါပုံရိပ်လေးတော့ ပျက်ဆီးရပါပြီ! 


မျက်ရည်များနဲ့ ထန်းပိုင်တစ်ယောက် သူ့ရဲ့ ပုံရိပ်လေးကို ပြန်တည်ဆောက်ဖို့ ရှဲ့ရူဟန်ရဲ့ အပြစ်ပေးခံရတာကို ကူညီပေးမယ် ပြောခဲ့ပေမဲ့ သူ့ရဲ့ ကူညီလိုစိတ်လေးကို ရှဲ့ရူဟန်က ငြင်းပစ်ခဲ့သည်။ 


ရှဲ့ရူဟန်က ရှေ့နေနဲ့ အချိန်ခဏကြာ စကားပြောခဲ့ပြီး ချင်းကျွင်ပြောခဲ့တဲ့ ဆဲဆိုစကားတွေကို ရှေ့နေက မှတ်တမ်းတင် ပြီးတဲ့အခါမှာ ထန်းပိုင်ကို ပြလိုက်လေသည်။ မက်ချာ ပုံစံတူဖန်တီးခြင်းနဲ့ ခြယ်သခြင်း အနုပညာ ဆိုတဲ့ စာအုပ်ထူကြီးကို ဖတ်နေတဲ့ ထန်းပိုင်: “......” 


သူ အပြုံးတစ်ခုနဲ့ လက်ခလယ် ထောင်ကာ ချိုသာစွာ ပြောလိုက်သည်။  


“ သောက်ရူးကောင်” 


…… 


သူ့ရဲ့ လည်ပင်းကို ဆေးလိမ်းနေတဲ့ ချင်းကျွင်တစ်ယောက် ပြင်းထန်စွာ နှာချေမိပြီးနောက် မှန်ထဲကတစ်ဆင့် သူ့လည်ပင်းက အမာရွတ်ကြီးကို စိုက်ကြည့်မိချိန်မှာ မနေ့က ရှဲ့ရူဟန်ကြောင့် ရခဲ့တဲ့ စော်ကားခံရမှုကို ပြန်တွေးမိသွားခဲ့သည်။


ရှဲ့ရူဟန် အိမ်သာတွေကို တစ်လသန့်ရှင်းရေး လုပ်ရတယ်ဆိုတာနဲ့တင် တော်တော်ကျေနပ်နေပြီ! 


ချင်းကျွင်ရဲ့ ကလဲ့စားချေမဲ့ စိတ်ကူးထဲမှာ ရုတ်တရက် အလင်းတန်းတစ်ခု ဖြစ်ပြေးသွ

ားခဲ့သည်။သို့ပေမယ့် သူ့ရဲ့ လည်ပင်းကို ပွတ်သတ်နေရင်းနဲ့ ဝင်လာတဲ့ မက်ဆေ့ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ ရှေ့နေဆီက စာပို့ထားတာကို တွေ့လိုက်ရသည်။ 


ချင်းကျွင်: “.....?!”


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment